အခန်း ၈
Vol. 1 Ch. 8
အခန်း ၈ - အဖေနှင့်သား
လျူကျင်းတစ်ယောက် ရှောင်ဖန် ၏ အကယ်တင်ခံခဲ့ရသည်မှာ နှစ်ပတ်တိုင် ကြာခဲ့လေပြီ။
သူနှင့် ရှောင်ဖန်တို့ နောက်ဆုံး စကားပြောဆိုခဲ့ကြသည်မှာလည်း နှစ်ပတ်တိုင်ကြာ ခဲ့လေပြီဖြစ်သည်။
မဟုတ်သေးပေ၊ အတိအကျဆိုရလျင် သူတို့နှစ်ပတ်အကြာက စကားပြောဆိုခဲ့ကြသည်ဟု ဆိုခြင်းမှာပင် အရမ်းလွန်ရာကျပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ရှောင်ဖန်သည် လျူကျင်းအား လျစ်လျူရှုနိုင်သမျှ ရှုခဲ့ပြီး၊ နောက်ဆုံး၌ စကားတစ်ခွန်းသာ ပြောဆိုခဲ့သောကြောင့် ဖြစ်၏။
ထိုစကားမှာလည်း ယွန်းဟန်လက်မှ လျူကျင်းကို ကယ်တင်လိုက်ခြင်းသည် သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးကို မည်သို့မျှ ပြောင်းလဲသွားစေမည်မဟုတ်ကြောင်း အတည်ပြုပြောဆိုခြင်းမျှသာ ဖြစ်သည်။
ထိုအချိန်မှစ၍ လျူကျင်းသည် ရှောင်ဂိုဏ်းဝင်းအတွင်း၌ ရှောင်ဖန်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် တွေ့ဆုံခဲ့ရသော်လည်း မည်သို့ ချဉ်းကပ်ရမည်ကိုမူ ဝေခွဲမရ ဖြစ်နေခဲ့သည်။
ရှောင်ဂိုဏ်း၏ သခင်လေးဖြစ်သော ရှောင်ဖန်သည် သူ့အတွက်မူ အမြဲတမ်း ဝေးကွာလွန်းလှသော တည်ရှိမှုတစ်ခုသာ ဖြစ်၏။ ယခုကဲ့သို့သော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပြီးနောက်တွင်တော့ သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ပိုမိုရှုပ်ထွေးလာပြီဟု လျူကျင်း ခံစားမိနေသည်။
လျူကျင်း မှတ်မိသလောက်ဆိုလျှင် ရှောင်ဖန်အတွက်မူ သူသည် အနှောင့်အယှက်တစ်ခုသာသာ ဖြစ်ခဲ့သည်။ ထိုကောင်လေးသည် သူ့အကြောင်းနှင့် အဖေဖြစ်သူအကြောင်း သူ့စိတ်ထဲတွင် မည်သို့ ထင်မြင်သည်ကို တစ်ခါမျှ လျှို့ဝှက်မထားခဲ့ပေ။ လျူကျင်း ရှောင်ဂိုဏ်းတွင် သိုင်းပညာ စတင်လေ့ကျင့်ပြီးနောက်ပိုင်းတွင်ပင်၊ ရှောင်ဖန်က သူ့အား ဂိုဏ်း၏ တရားဝင်ဂိုဏ်းသားတစ်ဦးအဖြစ် မည်သည့်အခါမျှ အသိအမှတ်ပြုမည်မဟုတ်ကြောင်း မျက်နှာချင်းဆိုင် ဒဲ့ပြောဆိုခဲ့ဖူးသည်။
သို့သော်လည်း မထင်မှတ်စွာပင် ရှောင်ဖန်သည် သူ့အတွက် အလွန်ဆိုးရွားသွားနိုင်မည့် အခြေအနေတစ်ခုမှ သူ့ကို ကယ်တင်ပေးခဲ့သည်။ အဆိုးဆုံးအနေဖြင့်ဆိုလျှင် သူ ထိုနေရာတွင်ပင် အသက်ဆုံးရှုံးသွားနိုင်ပေသည်။
ရှောင်ဖန်သည် လူအများရှေ့မှောက်တွင် သူ့အား ရှောင်ဂိုဏ်းဝင်တစ်ဦးဖြစ်ကြောင်း လူအများ မြင်သာအောင် ပြောဆိုခဲ့သည်အထိ လုပ်ဆောင်ပေးခဲ့သည်။
လျူကျင်းသည် ရှောင်ဖန်အား ထိုသို့ လုပ်ဆောင်ရန် မည်သည့်အရာက တွန်းအားပေးခဲ့သလဲဆိုသည်ကို နားမလည်နိုင်သော်လည်း၊ ထိုဖြစ်ရပ်မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့ကြောင်းကိုမူ သူလက်ခံလိုက်ရသည်။
သူ ထိုအခြေအနေကြီးကို မကြိုက်သော်လည်း လက်မခံချင် ၍မရပေ။ လက်ရှိတွင် သူသည် ရှောင်ဖန်အား ပြန်ပေးဆပ်ရမည့်ကျေးဇူးကြွေး တစ်ခု တင် ရှိနေပြီဖြစ်သည် ။ ဤမျှ သူနှင့် မျက်နှာကြောမတည့်သည့် သူတယောက်က သူ့အား ကူညီခဲ့သည်ကို ပြန် တွေးကြည့်ပါက... ရှက်စရာကောင်းသည်ဟု ခံစားရသည်။
"အာရုံစိုက်စမ်း…"
သူ့အဖေထံမှ ထွက်ပေါ်လာသော စကားသံကြောင့် သူအတွေးလွန်နေရာမှ အသိစိတ် ပြန်ဝင်လာကာ ဆေးကျင့်စဥ်သင်ခန်းစာများဆီသို့ အာရုံပြန်ရောက်သွားတော့သည်။
လျူကျင်း၏ ရှေ့တွင်မူ သူ၏ ကျင့်စဉ်စွမ်းအားဖြင့် သန့်စင်နေသော ဆေးမြစ်ငါးမျိုးမှာ လွင့်မျောနေသည်။ ၎င်းမှာ လျူကျင်း၏ အဖေ စတင်သင်ကြားပေးခဲ့သည့်အချိန်မှစ၍ သူ အမြဲတမ်း ပြုလုပ်နေကျ ရိုးရှင်းသော လေ့ကျင့်ခန်းတစ်ခု ဖြစ်၏။ ဆေး ဖော်စပ်ရာတွင် ပါဝင်သော ကုန်ကြမ်း ပစ္စည်းများကို သန့်စင်ခြင်းမှာ သမားတော်တစ်ဦးအတွက် အရေးကြီးသော ကျွမ်းကျင်မှုတစ်ခု ဖြစ်သည်။ ပါဝင်ပစ္စည်းများကို စနစ်တကျ သန့်စင်ပြီးသည်နှင့် ၎င်းတို့၏ ဂုဏ်သတ္တိများမှာ ပိုမိုကောင်းမွန်လာလိမ့်မည်။
သမားတော်နှစ်ဦးသည် ဆေးဝါးတစ်ခု ဖော်စပ်ရန်အတွက် ပါဝင်ပစ္စည်းများကို အတူတူ အသုံးပြုနိုင်သော်လည်း၊ သန့်စင်ထားသော ပါဝင်ပစ္စည်းများဖြင့် ဖော်စပ်ထားသည့် ဆေးဝါးမှာ သန့်စင်ခြင်းမရှိသော ပါဝင်ပစ္စည်းများဖြင့် ဖော်စပ်ထားသည့် ဆေးဝါးထက် ပိုမိုကောင်းမွန်သော ရလဒ်များကို ပြသနိုင်ပေလိမ့်မည်။
ပါဝင်ပစ္စည်းတစ်ခုစီတိုင်းမှာ ထူးခြားပြီး စနစ်တကျ သန့်စင်နိုင်ရန်အတွက် အာရုံစူးစိုက်မှုနှင့် စိတ်တည်ငြိမ်မှုတို့ လိုအပ်ပေသည်။ လျူကျင်းသည် ပါဝင်ပစ္စည်းများကို တစ်မျိုးချင်းစီ သန့်စင်ခြင်းဖြင့် စတင်လေ့လာခဲ့သည်။ ပထမဆုံးအကြိမ်တုန်းကဆိုလျှင် သူ တစ်နာရီကျော်ကြာအောင် အချိန်ယူခဲ့ရသည်။ ထိုအချိန်မှစ၍ သူ အလွန်ပင် တိုးတက်လာခဲ့ပြီမှာ အမှန်ပင် ဖြစ်သည် ။ လွန်ခဲ့သော နှစ်နှစ်က လျူကျင်းသည် ပါဝင်ပစ္စည်းနှစ်မျိုးကို တစ်ချိန်တည်းမှာပင် အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။ လက်ရှိအချိန်တွင်တော့ ငါးမျိုးမှာ သူ၏ အမြင့်ဆုံးကန့်သတ်ချက် ဖြစ်နေသည်။
အဖေဖြစ်သူ၏ အဆိုအရ အရည်အချင်းပြည့်ဝသော သမားတော်တပါးသည် ဆေးကုန်ကြမ်း ပစ္စည်း မည်မျှပင် များပြားစေကာမူ အသက်ရှူတစ်ချက်အတွင်းမှာပင် သန့်စင်နိုင်သည်ဟု ဆိုသော်လည်း၊ လျူကျင်းမှာမူ ထိုအဆင့်သို့ ရောက်ရှိရန် အလှမ်းဝေးနေသေးသည်။
ပျမ်းမျှအားဖြင့် လျူကျင်းသည် ပါဝင်ပစ္စည်းငါးမျိုးကို အသက်ရှူကြိမ် ခြောက်ဆယ်အတွင်း သန့်စင်နိုင်သည်။ သူ၏ အကောင်းဆုံးစွမ်းဆောင်ရည်မှာမူ အသက်ရှူကြိမ် လေးဆယ်မျှသာ ရှိသည်။ သူ၏ အသက်အရွယ်နှင့် ယှဉ်လျှင် ၎င်းမှာ အံ့ဩစရာကောင်းလောက်အောင် ထူးခြားလှပေသည်။ သို့သော်လည်း လျူကျင်းမှာ ၎င်းအချက်ကို မသိရှိပေ။ သူသည် အဖေဖြစ်သူ ရံဖန်ရံခါ ပြောပြလေ့ရှိသော သမားတော်များ၏ စံနှုန်းများနှင့်သာ မိမိကိုယ်ကိုယ် နှိုင်းယှဉ်နေမိသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် သမားတော်တစ်ဦး ဖြစ်လာရန် အပြင်းအထန် ကြိုးစားလေ့ကျင့်ရန်လိုနေသေးသည်။ သို့ဖြစ်လေရာ လေ့ကျင့်ခန်းပြုလုပ်နေစဉ်တွင် စိတ်လွင့်စင်သွားခြင်းကို လုံးဝရှောင်ရှားရမည်လည်း ဖြစ်သည်။ အကယ်၍သာ အဖေဖြစ်သူက သူ့ကို လှမ်းမခေါ်ခဲ့ပါက၊ ကျင့်စဉ်ကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားကာ ဆေးကုန်ကြမ်းများ ပျက်စီးသွားနိုင်ဖွယ် ရှိနေခဲ့သည်။ ထိုကဲ့သို့သော ရလဒ်မျိုး ဖြစ်ပေါ်လာခြင်းကို သူကိုယ့်သူ လုံးဝ ခွင့်မပြုနိုင်ပေ။
ပါဝင်ပစ္စည်းများကို သန့်စင်ရန်အတွက် ချီစွမ်းအင်ကို အသုံးပြုရန် မလိုအပ်ပေ။ အမှန်စင်စစ်၊ သူ့အဖေသည် လျူကျင်းအား မသင်ကြားပေးမီကပင် နှစ်ပေါင်းများစွာ ချီစွမ်းအင်ကို အသုံးမပြုဘဲ ပါဝင်ပစ္စည်းများကို သန့်စင်နိုင်ခဲ့သည်။ သို့သော်လည်း ထိုအခြားသော နည်းလမ်းများသည် ရလဒ်နှင့် အမြန်နှုန်းပိုင်းတွင် ချီစွမ်းအင်နှင့် ယှဉ်နိုင်မည်မဟုတ်ချေ။
ထို့ကြောင့်ပင် လျူကျင်းသည် ထိုနည်းလမ်းကို အသုံးပြုနိုင်သည့်အချိန်မှစ၍ ဆေးခန်းအတွင်း၌ သန့်စင်ထားသော ပါဝင်ပစ္စည်းများ လုံလောက်စွာရှိနေစေရန်အတွက် အသက်ရှူတစ်ချက်ချင်းစီတိုင်း၌ တာဝန်ယူ လုပ်ဆောင်ပေးနေခဲ့သည်။
"ကျွန်တော် တောင်းပန်ပါတယ် အဖေ"
လျူကျင်းသည် လုပ်ငန်းစဉ်ကို ပြန်လည်ထိန်းချုပ်နိုင်သွားချိန်တွင် ပြောလိုက်သည်။
"ကျွန်တော်အတွေးလွန်သွားတာပါ အဖေ ..၊ နောက်ဒီလို ထပ်မဖြစ်စေရပါဘူး .."
ထိုစကားအပြီးတွင် သူ ဘာမျှ ထပ်မပြောတော့ပေ၊ အကြောင်းမှာ ပါဝင်ပစ္စည်းများကို သန့်စင်ခြင်း မပြီးဆုံးသေးသောကြောင့် ဖြစ်သည်။ အသက်ရှူကြိမ် တစ်ကြိမ်မှ ငါးကြိမ် ဖြစ်လာပြီး၊ ငါးကြိမ်မှ အကြိမ်နှစ်ဆယ်အထိ ရောက်ရှိလာသည်။ အသက်ရှူကြိမ် ငါးဆယ်မြောက်တွင် လျူကျင်းသည် ပါဝင်ပစ္စည်းများကို သန့်စင်ပြီးစီးသွားကာ နောက်တစ်စုံအတွက် စတင်လုပ်ဆောင်သည်။
လျူကျင်းသည် ဤလုပ်ငန်းစဉ်ကို စုစုပေါင်း ကိုးဆယ့်ကိုးကြိမ်တိုင်တိုင် ပြုလုပ်ခဲ့သည်။ လုပ်ဆောင်နေစဉ် တစ်လျှောက်လုံးတွင် သူ့အဖေသည် သေချာစောင့်ကြည့်ပေးလျက်ရှိသည် ။ အဖေ၏ အကဲခတ်နေသော အကြည့်အောက်၌ သူသည် တိတ်ဆိတ်စွာဖြင့်သာ အာရုံစိုက်လုပ်ဆောင်နေခဲ့သည်။ လျူကျင်း လုပ်ဆောင်ပြီးစီးချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ ချွေးစက်လေးများဖြင့် စိုစွတ်နေခဲ့ပြီး မိုးကောင်းကင်မှာလည်း မှောင်မိုက်သွားခဲ့ပြီ ဖြစ်သည်။
ဤတစ်ကြိမ်တွင် သူ အမြန်ဆုံး သန့်စင်နိုင်ခဲ့သည့် အချိန်မှာ အသက်ရှူကြိမ် လေးဆယ့်ရှစ်ကြိမ် ဖြစ်သည်။
လျူကျင်း မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်သော အသက်ရှူကြိမ် လေးဆယ်မှာ ဤလအစပိုင်းတွင် ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ သူသည် ထိုအမှတ်ကို တစ်ကြိမ်သာ ထပ်မံရရှိခဲ့ပြီး နောက်တစ်ကြိမ်မျှ ထပ်မံကျော်လွန်နိုင်ခြင်း မရှိသေးပေ။
"အဖေ..." လျူကျင်း နောက်ဆုံးတွင် စကားဆိုလိုက်သည်။
"ကျွန်တော် ဘယ်နေရာမှာ လွဲနေတာလဲ …"
"မင်းမေးခွန်းက မပြည့်စုံဘူးကွ…" ဟု လျူကျိန်းကူက ပြန်လည်ဖြေကြားသည်။
"တကယ်လို့ မင်းသာ တစ်ခုခု မှားယွင်းနေမယ်ဆိုရင် ဒီ ဆေးဖက်ဝင်ကုန်ကြမ်း သန့်စင်တဲ့ လုပ်ငန်းစဉ်က အလုပ်ဖြစ်မှာ မဟုတ်သလို ပါဝင်ပစ္စည်းတွေလည်း အကုန် ပျက်စီးကုန်မှာပဲ။အခု မင်း လိုချင်နေတာက ပိုမြန်ချင်တာ ..၊ ၊ ဒါပေမဲ့ အဲဒီအပိုင်းအတွက်တော့ အဖေ မင်းကို ကူညီပေးနိုင်မှာ မဟုတ်ဘူး"
သူ့အဖေက အဘယ်ကြောင့် မကူညီနိုင်ရသနည်းဆိုသည်ကို ပြောမပြချေ။ ထိုသို့ မကူညီနိူင်ရသည့်အကြောင်းရင်းကို လည်း သူတို့ နှစ်ဦး လုံး စိတ်ထဲမှ အလိုအလျောက်န ားလည်ပြီးသားဖြစ်သည် ။ အကြောင်းမူ သူ့အဖေ၏ ချီစွမ်းအင်ကို အသုံးပြုနိုင်စွမ်းမှာ ပျက်စီးသွားခဲ့ပြီး ဖြစ်သည်။
သို့ဖြစ်လေရာ လျူကျင်း အနေဖြင့် သူ့ ချီစွမ်းအင်ကို မည်သို့ ထိန်းကျောင်းနေသည်ကို ခံစားသိရှိနိုင်ရန်မှာ ခက်ခဲနေသည်။ သူ့အဖေအနေနှင့်လည်း လျူကျင်းအား မည်သို့ ပိုမိုကောင်းမွန်အောင် ပြုလုပ်ရမည်ကို ပြောပြပေးနိုင်ရန် နည်းလမ်းမရှိပေ။ လျူကျိန်းကူအနေဖြင့် သူ့သားဖြစ်သူအား ပါဝင်ပစ္စည်းများ သန့်စင်နည်းကို အစောဆုံး သင်ကြားပေးနိုင်ခဲ့သည်မှာပင် အတော်လေး အခြေအနေကောင်းနေသည်ဟု ဆိုရမည်။ သူ့ သက်တမ်းတလျှောက်ရရှိသော ဆေးပညာရပ်ဆိုင်ရာ ဗဟုသုတနှင့် သားဖြစ်သူ၏ ပါရမီဓာတ်ခံကြောင့်လည်း ဤမျှအထိ တိုးတက်လာခြင်းဖြစ်သည် ။
"သိပ်လဲ စိတ်မလောပါနဲ့ သား ရာ ..၊ မင်း အတွေ့အကြုံတွေ ရလာပီးရင် မင်းရဲ့ အရှိန်နဲ့ ထိန်းချုပ်နိုင်စွမ်းက သဘာဝအတိုင်းပဲ တိုးတက်လာလိမ့်မယ်" ဟု အဖေဖြစ်သူက ဖြည့်စွက် ပြောကြားလိုက်သည်။
"တကယ်တော့ ဒီလအစပိုင်းကတည်းက မင်းတော်တော်တိုးတက်နေဘီကွ …"
"ဒါက ကျွန်တော် ဂုဏ်ယူစရာ မဟုတ်ပါဘူး အဖေရာ။ အဘိုးအိုက လမ်းခင်းပေးခဲ့လို့သာ ကျွန်တော့်ရဲ့ ကျင့်ကြံသန့်စင်မှုက ပိုပြီး ချောမွေ့လွယ်ကူသွားခဲ့တာ..."
လျူကျင်းတစ်ယောက် မဝန်ခံချင်သော်လည်း ထိုသို့ ပင် ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ရသည်။ အဘိုးအိုကျန်း၏ အကူအညီသာ မရရှိခဲ့ပါက သူသည် ယခင်စံချိန်ဟောင်းဖြစ်သော အသက်ရှူကြိမ် ခြောက်ဆယ်တွင်သာ ပိတ်မိနေဦးမည် ဖြစ်သည်။
ထိုစကားကြောင့် အဖေဖြစ်သူက သူ့အား စူးစူးရဲရဲ စိုက်ကြည့်လိုက်ရာ လျူကျင်းတစ်ယောက် ချီစွမ်းအင်ကြောင့်မဟုတ်ဘဲ အခြားအကြောင်းရင်းကြောင့် ထိုနေရာ၌တင် ကြောက်ဒူးတုန်ကာ တောင့်ခဲသွားရသည်။ မိမိနှင့် အဖေဖြစ်သူတို့ နှစ်ဦးစလုံး ပိုင်ဆိုင်ထားသည့် နီရဲသောမျက်ဝန်းများသည် မည်မျှပင် ခြောက်ခြားဖွယ်ကောင်းကြောင်းကို သူ တစ်ခဏချင်းပင် သဘောပေါက်သွားတော့သည်။
"ဆရာသခင်က မင်းရဲ့လမ်းကြောင်းကို လမ်းညွှန်ပေးခဲ့တာပေါ့" ဟု လျူကျိန်းကူက ပြောလိုက်သည်။
သူဖခင်၏အသံသည် ပုံမှန်အတိုင်း တည်ငြိမ်လျက်ရှိသည်မှာ မူ သံသယဖြစ်ဖွယ် မရှိချေ။
"ဟုတ်ပါတယ် အဖေ" ဟု လျူကျင်း ခေါင်းညိတ်ဝန်ခံလိုက်သည်။ မိမိအဖေအပေါ် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားလိုစိတ် သူ၌ မရှိပေ။
"သမားတော်ကြီး လုပ်ပေးခဲ့တာက မသင့်တော်လို့လားဟင်"
"သင့်တော်တယ် မသင့်တော်ဘူးဆိုတာက သူ့လိုလူမျိုးအဖို့တော့ အရေးမပါပါဘူး" ဟု အဖေဖြစ်သူက နှာခေါင်းရှုံ့ကာ မထီမဲ့မြင် ဆိုလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ဆရာသခင်က ထက်မြက်တဲ့သူတစ်ယောက် ဖြစ်သလို မင်းကို နစ်နာအောင်လုပ်မယ့်သူလည်း မဟုတ်ဘူး။ သူ မင်းရဲ့လမ်းကြောင်းတွေကို ဘာပဲလုပ်ပေးခဲ့လုပ်ပေးခဲ့ မင်းအတွက် အကျိုးရှိမှာပဲလို့ ငါယုံကြည်တယ်။ ဒါပေမဲ့... ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဆရာသခင် မင်းကို ဘာလုပ်ပေးခဲ့လဲဆိုတာ ဘယ်သူ့ကိုမှ စိုးစဉ်းမျှ မဟရဘူး..ကြားလား"
လျူကျင်းတစ်ယောက် ပါးစပ်အဟောင်းသားနှင့် မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်မိသည်။
"အဲဒီလောက်အထိတောင် လျှို့ဝှက်ဖို့အရေးကြီးလို့လား အဖေ"
"သား... လူတစ်ယောက်ရဲ့ သွေးလေကြောလမ်းကြောင်းတွေကို လက်ဖျောက်တစ်ချက်တီးအတွင်း ပွင့်သွားအောင်၊ ဒါမှမဟုတ် ပိတ်သွားအောင် လုပ်နိုင်တဲ့သူမျိုး ဒီမြို့တော်မှာ ဘယ်နှစ်ယောက်လောက် ရှိမယ်လို့ ထင်သလဲ"
လျူကျင်း ထိုမေးခွန်းကို အချိန်အနည်းငယ်မျှ အလေးအနက် စဉ်းစားလိုက်သည်။ အမှန်တော့ လူတစ်ယောက်၏ သွေးလေကြောများကို ဤမျှ လွယ်ကူလျင်မြန်စွာ ပိတ်နိုင်ဖွင့်နိုင်စွမ်းရှိသူမျိုး လောကတွင် ရှိသည်ဟု သူတစ်ခါမျှ မကြားဖူးချေ။ သို့သော် သူသည် အရှေ့ဘက်ဆိပ်ကမ်းမြို့တော် လေး၏ အပြင်ဘက် ကမ္ဘာကြီးအကြောင်းကို များများစားစား သိရှိသူမဟုတ်ပေ။
"သိပ်မရှိလောက်ဘူး ထင်တယ်" ဟု သူက တုံ့ဆိုင်းဆိုင်းဖြင့် ခန့်မှန်းလိုက်သည်။
"မရှိရုံတင်မကဘူး... ဟူး မင်းကတော့ အဲဒီလိုလူမျိုးတွေကို အထင်ကြီးရကောင်းမှန်း မသိဘူးကိုး …" ဟု အဖေဖြစ်သူက လေသံအေးအေးဖြင့် ပြန်လည်ခြေပလိုက်သည်။
"သွေးလေကြော လမ်းကြောင်းတစ်ခုတည်းကိုပဲ ဒီလိုမျိုး ပွင့်သွားအောင် လုပ်နိုင်တာ ဘယ်လောက်ထက်မြက်ပီးအရည်အချင်းရှိတဲ့ ပါရမီရှင် လဲ ဆိုတာ မင်းနားမလည်ဘူးလား ..၊ ဒီလို အစွမ်းမျိုးကို လူအများစုဟာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မြင်ဖူးကြမှာ မဟုတ်ဘူး။ အင်အားကြီး ဂိုဏ်းတွေနဲ့ မျိုးနွယ်စုကြီးတွေဟာ အဲဒီလိုလူမျိုးကို သူတို့အပိုင်ရဖို့အတွက် အသက်ပေးပြီးတော့တောင် လုယူကြလိမ့်မယ်။ အခု... ဆရာသခင်က လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲက သွေးလေကြောတွေနဲ့ အချက်အချာကျတဲ့ အကုသိုလ်အမှတ်တွေအားလုံးကို မျက်တောင်တစ်ခတ်အတွင်း ပွင့်သွားအောင် လုပ်ပေးနိုင်ခဲ့တာ။ အဖေ ဘာကို ဆိုလိုချင်လဲဆိုတာ သား သဘောပေါက်ရဲ့လား"
လျူကျင်း ဤတကြိမ်တွင်မူ သေချာ သဘောပေါက်နားလည်လိုက်သည်။ ထိုသို့ ပြောလိုက်သောအခါတွင် သက်ရောက်လာမည့် အကျိုးဆက်များမှာ ထင်ရှားလွန်းလှသဖြင့် လွဲချော်ရန် မဖြစ်နိုင်ပေ။ ငယ်ရွယ်သော အရွယ်ဖြစ်သော်လည်း လျူကျင်းသည် မိသားစုကြီးများနှင့် ဂိုဏ်းများအတွက် ပိုမိုမြင့်မားသော ကျင့်ကြံမှုအဆင့်များသို့ ရောက်ရှိစေမည့် အရင်းအမြစ်များကို စုဆောင်းခြင်းမှာ မည်မျှ အရေးကြီးကြောင်း ကောင်းစွာ နားလည်ထား၏။ သူ့အဖေဖြစ်သူ၏ ဆရာသခင်မှာ အစွမ်းထက်ရုံတင်မကဘဲ သူနှင့်ပတ်သက်ပြီး စစ်ပွဲများပင် ဖြစ်ပွားနိုင်လောက်သူတစ်ဦး ဖြစ်သည်။
"ဒါဆို... သူ့ ဒဏ်ရာတွေကဘယ်က ရလာတာလဲ မသိဘူးနော် ..၊ အဖေပြောသလို သူ့ကို အပိုင်သိမ်းချင်တဲ့လူတစု ရှိနေပီး ဒဏ်ရာတွေကရော ဒီလိုကိစ္စတွေနဲ့ ဆက်စပ်နေတာလား" ဟု လျူကျင်းက ခဏအကြာတွင် မေးလိုက်သည်။
ဧကရာဇ်နယ်ပယ်အဆင့်သို့ ရောက်ရှိနေသည့် တန်ခိုးရှင်တစ်ဦးက ဘာ့ကြောင့် မိမိအဆင့်အတန်းကို ဖုံးကွယ်ပြီး သူတို့လို သာမန်အိမ်လေးထဲမှာ လာရောက်နေထိုင်နေရသနည်း။ မိမိအဖေ၏ ဆရာသခင်က ဘာ့ကြောင့် လူသူပြတ်လပ်သည့်နေရာတွင် သေလုမြောပါး ဖြစ်နေရသနည်း။ သူနှင့် ရှောင်နန်တို့ မတွေ့ဆုံမီကပင် အဘယ်ကြောင့် ဆေးဘက်ဝင်ပစ္စည်းတစ်မျိုးကို အသည်းအသန် ရှာဖွေနေခဲ့ရသနည်း။ ရှုပ်ထွေးနေသော အဖြစ်အပျက် အစအနများသည် ၎င်း၏စိတ်ထဲတွင် နောက်ဆုံး၌ ကွင်းဆက်တစ်ခုလို တစ်ခုနှင့်တစ်ခု အချိတ်အဆက် မိသွားတော့သည်။
"ဒါက မင်းဝင်မစွက်ဖက်သင့်တဲ့ ကိစ္စပဲ"
ဟု အဖေဖြစ်သူက ပြတ်ပြတ်သားသား တုံ့ပြန်လိုက်သည်။ သူ၏လေသံမှာ အမိန့်ဆန်လွန်းသဖြင့် လျူကျင်းလည်း ထိုမေးခွန်းကို ဆက်မမေးရဲတော့ဘဲ နှုတ်ဆိတ်သွားခဲ့ရသည်။
"သူက အဖေကို အဲဒီလို အစွမ်းမျိုးတွေ သင်ပေးခဲ့တာလားဟင်" ဟု လျူကျင်းက မေးခွန်းပြောင်း၍ မေးလိုက်သည်။
"ဆရာသခင်က သူတတ်သမျှ ပညာမှန်သမျှကို အဖေ့ကို အကုန်သင်ပေးခဲ့တာ" ဟု အဖေဖြစ်သူက ဆိုသည်။ ထိုစကားသည် တိုက်ရိုက်အဖြေတစ်ခု မဟုတ်သော်လည်း ငြင်းဆိုခြင်းမရှိသည်မှာ ထင်ရှားလှပေသည်။
"ဆရာသခင်က... ဆရာသခင်က တကယ့်ကို ထက်မြက်လွန်းတဲ့သူပါ။ ဒီဧကရာဇ်နိူင်ငံတခွင်လုံး မှာ သူလောက် အစွမ်းထက်တဲ့သူ မရှိဘူးဆိုတာကိုတော့ အဖေ အသေအချာ ပြောရဲတယ်။ သူ့ရဲ့ သင်ကြားပြသမှုတွေကြောင့် အဖေ အများကြီး ပညာရခဲ့တယ်"
အဖေဖြစ်သူသည် ခဏမျှ စကားစဖြတ်လိုက်သည်။ သူ၏မျက်နှာထက်တွင် တစ်ခါမျှမတွေ့ဖူးသော အမူအရာတစ်ခု ဖြတ်သန်းသွားပြီးနောက် ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရသည်။
"သား အနေနဲ့ သူ့ဆီကနေ သင်ယူရမယ့် ပညာတွေ အများကြီး ရှိသေးတယ်"
ယခုတစ်ကြိမ်တွင်မူ လျူကျင်းတစ်ယောက် ဘာစကားမျှ ဆက်မပြောနိုင်တော့ဘဲ ဆွံ့အသွားရသည်။ အဖေဖြစ်သူ ပြောလိုက်သည့် စကား၏ နက်နဲလှသော အဓိပ္ပာယ်ကို တွေးတောမိလိုက်သည့် ခဏ၌ သူ့အတွက် အချိန်ကာလကြီးတစ်ခုလုံးပင် ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
"ကျွန်တော်... သူ့ရဲ့ကမ်းလှမ်းချက်ကို လက်ခံသင့်တယ်လို့ အဖေ ထင်သလားဟင်" ဟု သူက နောက်ဆုံးတွင် မေးမြန်းလိုက်သည်။
လွန်ခဲ့သော နှစ်ပတ်က ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များမှာ မိမိ၏ အင်အားမဲ့မှုကို ပြန်လည်သတိပေးလိုက်သလို ဖြစ်ခဲ့သည်မှာ အမှန်ပင်။ ထိုမှတ်ဉာဏ်ဆိုးကို ပြန်တွေးမိတိုင်း လျူကျင်းတစ်ယောက် မခံချင်စိတ်ဖြင့် သွားကို တင်းတင်းကြိတ်ထားမိသည်။ အဘိုးအိုကျန်း၏ တပည့်အဖြစ် ခံယူခြင်းက မိမိ၏ ကျင့်ကြံခြင်းခရီးလမ်းကို အရှိန်အဟုန်ဖြင့် တိုးတက်စေမည်ကို သူ ကောင်းကောင်းသိသည်။ အကယ်၍သာ မိမိ၏ အားနည်းချက်များကို ဖယ်ရှားပြီး ပိုမိုသန်မာလာလိုပါက ထိုကမ်းလှမ်းချက်ကို လက်ခံရုံမှတစ်ပါး အခြားလမ်းမရှိချေ။
သို့သော်ငြား... သူ့အဖေသည် သူ၏ ပထမဆုံးသော ဆရာသခင်လည်း ဖြစ်နေပြန်သည်။ မိမိက ခွန်အားအနည်းငယ် ရရှိရုံမျှဖြင့် အဖေဖြစ်သူကို စွန့်ခွာပြီး အခြားတစ်ယောက်ထံ တပည့်ခံရန်အတွက်မူ စိတ်ထဲတွင် လွန်စွာ ဝေခွဲမရ ဖြစ်နေမိတော့သည်။
"ဆရာသခင်က... ဆရာသခင်က တကယ့်ကို အံ့မခန်းစွမ်းလှတဲ့သူပါ။ ဒီတိုင်းပြည်တခွင်မှာ သူအတော်ဆုံးဆိုတာ သံသယဖြစ်စရာ မလိုသလို၊ လောကကြီးတစ်ခုလုံးမှာလည်း သူ့ကို ယှဉ်နိုင်မယ့်သူ မရှိဘူးလို့ ငါ ရဲရဲဝံ့ဝံ့ ပြောရဲတယ်။ ငါဟာ သူ့ရဲ့ သွန်သင်ပြသမှုတွေဆီကနေ အဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေ ရရှိခဲ့တာပေါ့"
အဖေဖြစ်သူသည် ထိုသို့ပြောပြီးနောက် ခဏမျှ နှုတ်ဆိတ်သွားသည်။ သူ၏မျက်နှာထက်တွင် တစ်ခါမျှမမြင်ဖူးသော နက်နဲသည့် အမူအရာတစ်ခု ဖြတ်သန်းသွားပြီးနောက်... ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပုံရ၏။
"သားအနေနဲ့... သူ့ဆီကနေ သင်ယူရမယ့် ပညာတွေ အများကြီး ရှိနေလိမ့်ဦးမယ်"
ယခုတစ်ကြိမ်တွင်တော့ လျူကျင်းတစ်ယောက် ဘာစကားမျှ ဆက်မပြောနိုင်တော့ဘဲ ဆွံ့အသွားရသည်။ အဖေဖြစ်သူ ပြောလိုက်သည့် စကား၏ အဓိပ္ပာယ်သက်ရောက်မှု မည်မျှကြီးမားကြောင်းကို တွေးတောရင်း သူ့အတွက် အချိန်ကာလကြီးတစ်ခုလုံးပင် ရပ်တန့်သွားသယောင် ရှိတော့သည်။
"အဖေက... သူပေးတဲ့ ကမ်းလှမ်းချက်ကို ကျွန်တော် လက်ခံသင့်တယ်လို့ ထင်လို့လားဟင်" ဟု သူက နောက်ဆုံးတွင် မေးမြန်းလိုက်သည်။
လွန်ခဲ့သော နှစ်ပတ်က ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များမှာ မိမိကိုယ်ကိုယ် အားမလိုအားမရဖြစ်ရသည့် ခံစားချက်ကို ပြန်လည်နိုးကြွလာစေခဲ့သည်မှာ အမှန်ပင်။ ထိုမှတ်ဉာဏ်ဆိုးကို ပြန်တွေးမိတိုင်း လျူကျင်းတစ်ယောက် မခံချင်စိတ်ဖြင့် သွားကို တင်းတင်းကြိတ်ထားမိသည်။ အဘိုးအိုကျန်း၏ တပည့်အဖြစ် ခံယူခြင်းက မိမိ၏ ကျင့်ကြံခြင်းလမ်းစဉ်ကို ပိုမိုတိုးတက်စေမည်ကို သူ ကောင်းကောင်းသိသည်။ အကယ်၍သာ မိမိ၏ အားနည်းချက်များကို ဖယ်ရှားပြီး ပိုမိုသန်မာလာလိုပါက ထိုကမ်းလှမ်းချက်ကို လက်ခံရုံမှတစ်ပါး အခြားလမ်းမရှိချေ။
သို့သော်ငြား... သူ့အဖေသည် သူ၏ ပထမဆုံးသော ဆရာသခင်လည်း ဖြစ်နေပြန်သည်။ ခွန်အားအနည်းငယ် ရရှိရုံမျှဖြင့် မိမိအပေါ် ကျေးဇူးကြီးမားလှသည့် အဖေကို စွန့်ခွာသွားရန်မဖြစ်နိုင်ပါ။ ထိုကဲ့သို့သော အတွေးမျိုးမှာ စိတ်ကူးထဲ၌ပင် အပြစ်တစ်ခုလို ခံစားရစေကာ တွေးကြည့်ရန်ပင် မထိုက်တန်လှချေ။
"အဖေတစ်ယောက်အနေနဲ့ ဆိုရင်တော့... ငါ့သား ဒီထက်ပိုပြီး တော်နေဖို့ သိပ်မလိုပါဘူး" ဟု လျူကျိန်းကူက နွေးထွေးစွာ ဝန်ခံလိုက်သည်။
"ဆရာသခင် မင်းကို ပေးအပ်မယ့် ပညာရပ်တွေမှာ ဘေးအန္တရာယ်တွေ အများကြီး ရှိနေလိမ့်မယ်။ အဲဒီပညာတွေက မင်းအတွက် အဆုံးမရှိတဲ့ ဘေးဒုက္ခတွေကို ဆောင်ကြဉ်းလာလိမ့်မယ်ဆိုတာ ငါ သံသယမရှိဘူး။ ဒါပေမဲ့... သမားတော်တစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဒီထက်ပိုပြီး ဂုဏ်ယူစရာကောင်းတာ ဘာမှမရှိတော့ဘူး။ ဆရာသခင်ရဲ့ လမ်းညွှန်မှုအောက်မှာ မင်းဟာ ထိပ်တန်းကျင့်ကြံသူတစ်ယောက် ဖြစ်လာမှာကို ငါ လုံးဝယုံကြည်တယ်။ ငါ့ရဲ့လက်အောက်မှာသာ ဆက်ရှိနေရင်တော့ မင်းရဲ့အရည်အချင်းတွေက တဖြည်းဖြည်း မှေးမှိန်သွားဖို့ပဲ ရှိတော့တယ်။ နေ့ရက်တွေ ကုန်ဆုံးလာတာနဲ့အမျှ မင်းကို လမ်းညွှန်ပေးနိုင်တဲ့ ငါ့ရဲ့အစွမ်းအစတွေက ကုန်ခမ်းလာနေပြီလေ..."
"နေဦး …အဖေပြောတာအဆုံးထိနားထောင် ..မငြင်းနဲ့ဦး..."
လျူကျင်းတစ်ယောက် ကန့်ကွက်စကား ဆိုရန် ပြင်လိုက်မိသော်လည်း ထိုမတိုင်မီမှာပင် အဖေဖြစ်သူက လက်ကာပြ၍ ကြိုတင်တားမြစ်လိုက်တော့သည်။
"ဒါဟာ ငြင်းပယ်လို့မရတဲ့ အရှိတရားပဲဆိုတာ အဖေတို့နှစ်ယောက်စလုံး သိပါတယ် သား။ မင်း တိုးတက်လာလေလေ... အဖေ့ အနေနဲ့ ဖေးမကူညီပေးနိုင်တာ နည်းပါးသွားလေလေပဲ။ အဖေမင်းကို သင်ပေးစရာ ပညာတွေ အများကြီး ကျန်သေးတာတော့ အမှန်ပါပဲ။ ဒါပေမဲ့... အဖေ့ သွန်သင်မှုအောက်မှာပဲ ဆက်ရှိနေရင် မင်းရဲ့ ပါရမီတွေ အများကြီး လေလွင့်ဆုံးရှုံးနေရလိမ့်မယ်။ မင်းသာ ဒီတစ်လအတွင်း ဆရာသခင်ရဲ့ လမ်းညွှန်မှုအောက်မှာ ရှိနေခဲ့ရင် ဆေးတစ်အိုးစီတိုင်းကို အသက်ရှူကြိမ် သုံးဆယ်အတွင်း ကွက်တိ သန့်စင်ပြီးစီးနိုင်မှာ အသေအချာပဲ။ အဲဒီအချက်အတွက်တော့ အဖေ့ စိတ်ထဲမှာ ဘာသံသယမှ မရှိဘူး"
ထိုစကားကို ကြားရသောအခါ လျူကျင်းတစ်ယောက် မည်သည့်စကားမျှ ပြန်မပြောနိုင်တော့ဘဲ ဆွံ့အသွားခဲ့ရချေတော့သည်။ သူသည် အဖေ၏စကားကို ရင်ထဲက သဘောမတူချင်သော်ငြားလည်း... ရှေ့မှောက်ရှိ မျက်ဝါးထင်ထင် တွေ့နေရသော လက်တွေ့အရှိတရားကို ငြင်းဆန်ရန် ခွန်အားမရှိတော့ပါချေ။
"ဘာပဲပြောပြော... သားစိတ်ကြိုက်ဆုံးဖြတ်ပါ သားဘဝအတွက် သားရွေးချယ်မှုက အခရာကျပါတယ်" ဟု လျူကျန့်ကော် က ခပ်အေးအေး ဆိုသည်။
"ဆရာသခင်ရဲ့ လမ်းညွှန်မှုအောက်မှာ ပညာသင်ယူမလား၊ မသင်ယူဘူးလားဆိုတာကို ကိုယ်တိုင်ကိုယ်ကျ ဆုံးဖြတ်နိုင်ခွင့်ရှိတာ မင်းတစ်ယောက်တည်းပဲ ရှိတယ်"
လျူကျင်း ခဏတာ နှုတ်ဆိတ်သွားသည်။ သူသည် ကယောက်ကယက်ဖြစ်နေသော စိတ်အစုံကို တည်ငြိမ်သွားစေရန် အသက်ကို ဝဝရှူသွင်းလိုက်တော့သည်။
"ကျွန်တော် လက်ခံပါ့မယ်..." ဟု လျူကျင်းက နောက်ဆုံးတွင် ပြန်လည်ဖြေကြားလိုက်သည်။
သူ၏လေသံ၌ သံသယဖြစ်ခြင်း သို့မဟုတ် တွန့်ဆုတ်နေခြင်းဟူ၍ စိုးစဉ်းမျှ မရှိတော့ချေ။
သူ့အတွက်မူ... မိမိ၏အဖေသည် အမြဲတမ်း အကြီးမြတ်ဆုံးသောသူ၊ အလေးစားရဆုံးသောသူ ဖြစ်နေဦးမည်သာ။ ထိုအမှန်တရားက မည်သည့်အခါမျှ ပြောင်းလဲသွားမည်မဟုတ်။ ခွန်အားအစွမ်းကို လိုချင်တပ်မက်သည့် လောဘစိတ်က သူ၏ဆုံးဖြတ်ချက်ကို မောင်းနှင်နေခြင်း မဟုတ်ပေ။
'သမားတော်တစ်ယောက်အနေနဲ့ ဆိုရင်တော့... ဒီထက်ပိုပြီး ဂုဏ်ယူစရာကောင်းတာ ဘာမှမရှိတော့ဘူး'
အဖေဖြစ်သူ ပြောခဲ့သော ထိုစကားတစ်ခွန်းတည်းနှင့်တင် သူ့အတွက် လုံလောက်လှပေပြီ။ လျူကျင်းသည် အဖေဖြစ်သူ ဂုဏ်ယူဝင့်ကြွားနိုင်စေရန်အတွက် အစွမ်းကုန် ကြိုးစားသွားမည်ဟု ရင်ထဲ၌ သန္နိဋ္ဌာန်ချလိုက်သည်။
နောက်တစ်နေ့ ရောက်သောအခါတွင်မူ... လျူကျင်းတစ်ယောက် အဘိုးအိုကျန်း၏ တပည့်အရင်းအဖြစ် တရားဝင် ခံယူဖြစ်ခဲ့တော့သည်။