← Chapters

အခန်း ၁၄၂

Vol. 10 Ch. 142

အခန်း ၁၄၂

Vol. 10 Ch. 142

အခန်း (၁၄၂) ညအိပ်ပျက်ခံပြီး ကျင့်ကြံတာက ပိုစွမ်းလာနိုင်တယ် ဟုတ်လား ငါ မယုံဘူး

သူရဲကောင်းတိုင်း အလှမယ်ရဲ့ ထောင်ချောက်ကို မလွတ်ကင်းနိုင်ဘူးလား

ကျန်းမန် ဒီစကားကို ကြားလိုက်ရတဲ့ အချိန်မှာ အနည်းငယ် အံ့ဩသွားခဲ့လေသည်။

"ဟုတ်တယ် မင်းကို စောင့်ကြည့်နေတဲ့ သူတွေ အများကြီး ရှိလိမ့်မယ် သူတို့ အားလုံးက မင်းကို သူတို့လူ ဖြစ်စေချင်ကြတာ ဒီနေရာမှာ ဘယ်သူမှ အတင်းအကျပ် မလုပ်ရဲပေမယ့် နူးညံ့တဲ့ နည်းလမ်းတွေကတော့ အများကြီး ရှိတယ်"

ကျိုးပုဖန်က စေတနာဖြင့် သတိပေးလိုက်လေသည်။

ကျန်းမန် အနည်းငယ် စဉ်းစားပြီးနောက် မေးလိုက်လေသည်။

"ဒါဆို ကုန်ဈေးနှုန်း တွေကော တက်လာနိုင်လား"

ထိုစကားကို ကြားသော် ကျိုးပုဖန် ကြောင်အမ်းသွားခဲ့လေသည်။

အရမ်း လှတဲ့ မိန်းကလေးတွေက ဘယ်လို လုပ်မလဲ ဆိုတာကို မေးသင့်တာ မဟုတ်ဘူးလား။

ဘာလို့ ကုန်ဈေးနှုန်း အကြောင်း သွားမေးနေရတာလဲ။

ဒီ ကုန်ဈေးနှုန်း ဆိုတာက ဘာကို ရည်ညွှန်းတာလဲ။

ကျန်းမန်က ဆေးလုံးတွေ အကြောင်းကို ပြောတာ ဖြစ်ကြောင်း ဖြေလိုက်လေသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူက ဒီလို ပစ္စည်းတွေကို လိုအပ်နေတာကိုး။

ကျိုးပုဖန်ရဲ့ အဖြေကလည်း အရမ်း ရိုးရှင်းပါတယ် မတက်နိုင်ဘူး တဲ့။

နေရာ သေးသေးလေး တွေမှာပဲ ကုန်ဈေးနှုန်း တွေက အလွယ်တကူ တက်လေ့ရှိတာ ဂိုဏ်းမှာတော့ ဆေးလုံးတွေ လိုအပ်ချက် မရှိပါဘူး။

အထောက်အကူပြု ကျင့်စဉ် တွေက အများကြီးပဲ ဂိုဏ်း တစ်ခုလုံးကို လှုပ်ခတ်သွားစေမယ့် ကိစ္စကြီး တစ်ခုခု မဖြစ်မချင်းပေါ့။

မဟုတ်ရင် ကျင့်ကြံဖို့ သုံးတဲ့ ဆေးလုံးတွေရဲ့ ဈေးနှုန်းက အတည်ငြိမ်ဆုံးပါပဲ။

ဒါက ဂိုဏ်းရဲ့ အခြေခံ အုတ်မြစ် တည်ငြိမ်မှုကို ကိုယ်စားပြုနေတာပါ။

တကယ်လို့ ဈေးနှုန်း အတက်အကျ ဖြစ်လာတယ် ဆိုရင် ငွေကြေး ဖောင်းပွမှု မဟုတ်ရင် ကိစ္စကြီး တစ်ခုခု ဖြစ်တော့မှာမို့လို့ပါပဲ။

ကျန်းမန် သက်ပြင်းချလိုက်လေသည်။

ဒါဆိုရင် ဘာမှ မဖြစ်နိုင်ပါဘူး။

"မင်း အရမ်း လှတဲ့ မိန်းကလေးတွေကို မစိုးရိမ်ဘူးလား"

ကျိုးပုဖန် မနေနိုင်ဘဲ ဝင်မေးလိုက်လေသည်။

ကျန်းမန်က တစ်ဖက်လူကို ကြည့်ကာ အမှန်အတိုင်း ပြောပြလိုက်လေသည်။

"သာမန် မိန်းမလှလေးတွေပါပဲ ငါ့မိန်းမ ရှေ့မှာဆိုရင် သူတို့ ခေါင်းတောင် မမော့ရဲဘူး"

ထိုစကားကို ကြားမှသာ ကျိုးပုဖန် စိတ်အေးသွားခဲ့လေသည်။

သို့သော် ခေါင်းညိတ်လိုက်သည့် အခိုက်အတန့်တွင် သူ ကြောင်အမ်းသွားခဲ့လေသည်။

"မင်းရဲ့ မိန်းမလား"

"ဘာဖြစ်လို့လဲ"

ကျန်းမန်က တစ်ဖက်လူကို ကြည့်ကာ အမှန်အတိုင်း ပြောပြလိုက်လေသည်။

"ငါ အိမ်ထောင်ကျတာ ကြာပြီလေ"

ကျိုးပုဖန် အံ့ဩသွားခဲ့လေသည်။

ကျန်းမန်က သူတို့ကို ခေါ်သွားပြီး တစ်ယောက်တည်း နဲ့ လူတိုင်းကို စိန်ခေါ်လိုက်တဲ့ အချိန်တုန်းကထက် ပိုပြီး အံ့ဩသွားခဲ့လေသည်။

ကျန်းမန်မှာ မိန်းမရှိနေပြီလား။

ဘယ်လို လူမျိုးလဲ။

"မင်း ဒီလောက် စွမ်းနေတာ မိန်းမ ရှိနေလို့များလား"

ကျိုးပုဖန်က မေးလိုက်လေသည်။

ပါရမီ ကောင်းတဲ့ ဆင်းရဲသားတွေ အများကြီး ရှိပါတယ် ဒီလို လူမျိုးတွေက အများအားဖြင့် အရင်းအမြစ် နောက်ခံ မရှိတတ်ကြပါဘူး။

လိုအပ်တဲ့ အရာတွေက အရမ်း များတယ် နောက်ခံ ဆိုတဲ့ စကားလုံး နှစ်လုံးက ဝိညာဉ်ကျောက်တုံး တွေနဲ့ ရှင်းပြလို့ ရတဲ့ အရာ မဟုတ်ဘူး။

သိုင်းပညာရပ် လမ်းညွှန်မှု၊ ကျင့်စဉ် နားလည်မှု၊ ကျင့်ကြံရေး နည်းလမ်း တွေက လူတွေကို လမ်းလွဲ နည်းသွားအောင် လုပ်ပေးနိုင်တယ်။

ကျန်းမန် ဘယ်လောက်ပဲ ပါရမီ ကောင်းကောင်း ဒါတွေကို လိုအပ်ပါတယ် ဒါဆိုရင် ဒါတွေကို ဘယ်ကနေ ရမှာလဲ။

ဒီလို ကြည့်ရရင် သူ့ရဲ့ မိန်းမဆီက သေချာပေါက် ဖြစ်ရမယ်။

ကျန်းမန် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ရှင်းပြဖို့ ပြင်လိုက်ချိန်မှာပဲ ကျိုးပုဖန်က သူ့ကို ဖြတ်ပြောလိုက်လေသည်။

"တချို့ ကိစ္စတွေက ပြောရ ခက်တယ် ဆိုတာ ငါ သိတယ် ပြောဖို့လည်း မသင့်တော်ဘူး ဆိုတာကိုပေါ့ မင်း ပြောစရာ မလိုပါဘူး"

ကျိုးပုဖန်က ချက်ချင်း ပြောလိုက်လေသည်။

"ငါ လာတာ ဒီကိစ္စကို သတိပေးဖို့ပါပဲ အချိန်လည်း လင့်နေပြီ ငါ ပြန်ပြီး ကျင့်ကြံရဦးမယ်"

ထို့နောက် ကျိုးပုဖန် ထွက်ခွာသွားခဲ့လေသည်။

ကျန်းမန်က နွားဝါကြီးကို ကြည့်ကာ ပြောလိုက်လေသည်။

"အဝါကြီး သူ တစ်ခုခု ကို အထင်လွဲသွားပြီလား"

"အထင်လွဲသွားတာလား"

နွားဝါကြီးက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်လေသည်။

"ငါ့ရဲ့ ကြိုးစားမှုတွေ အားလုံးက တခြားလူ တစ်ယောက်ရဲ့ အလုပ်တွေ ဖြစ်သွားပြီလို့ ငါ ခံစားရတယ်"

ကျန်းမန်က အနည်းငယ် သက်ပြင်းချကာ ပြောလိုက်လေသည်။

"မုန့်ချဲ့ဝေ့လည်း ဘာမှ လုပ်မပေးခဲ့ပါဘူး"

"မင်းရဲ့ သတိကို ပြန်လည် နိုးကြားလာအောင် လုပ်ပေးခဲ့တာလေ ဘာမှ မလုပ်ပေးဘူးလား"

နွားဝါကြီးက တိုးတိုးလေး ညည်းတွားလိုက်လေသည်။

ကျန်းမန် ခေါင်းခါပြလိုက်လေသည်။ သန်ဘက်ခါ ဆိုရင် စက်တင်ဘာလ တစ်ရက်နေ့ ရောက်ပြီ။

ချန်ချီဝမ်တို့လည်း လာတော့မှာ။

ဒီတစ်ခေါက်တော့ တကယ်ကို ဝိညာဉ်ကျောက်တုံး မရှိတော့ဘူး။

ကံကောင်းတာက ပထမနေ့ မှာ အရင်းအမြစ် တွေ သွားထုတ်လို့ ရတယ်။

အားလုံး ပေါင်းလိုက်ရင် တစ်သောင်းတော့ ရှိပါသေးတယ်။

အတိုး ရှင်းဖို့ လောက်တဲ့ ဝိညာဉ်ကျောက်တုံး တွေတော့ ရှိပါသေးတယ် အရင်တစ်ခေါက်က တစ်နှစ် ငှားထားတာ နှစ်ဝက် နေမှ အတိုး တစ်ခါ ပေးရမှာလေ။

နည်းနည်းတော့ ပေါ့ပါးသွားတယ်။

အခုကတော့ အခြေခံတည်ဆောက်ခြင်း ပြီးပြည့်စုံတဲ့အဆင့် ကို တက်လှမ်းနိုင်ဖို့ နည်းလမ်း ရှာရမယ် ပြီးရင် သတ္တမမြောက် ခြံဝင်းကို တက်လှမ်းတဲ့ အချိန်ကျရင် ပထမ ဒုတိယ တတိယ ခြံဝင်း တွေကို တိုက်ရိုက် စိန်ခေါ်ဖို့ နည်းလမ်း ရှာရမယ်။

လိုချင်တဲ့ လျှို့ဝှက် သိုင်းပညာရပ်ကို ရယူမယ် ပြီးရင် ရွှေတန် အင်မော်တယ် ဘိုးဘေး ဖြစ်လာဖို့ နည်းလမ်း ရှာရမယ်။

အသက် နှစ်ဆယ့်သုံး နှစ်ဆယ့်လေး အရွယ် ဘိုးဘေး လေ။

ကျင့်ကြံဖို့ မစတင်ရသေးခင်မှာပဲ ကျန်းမန်က အနက်ရောင် ဝတ်ရုံ ဝတ်ဆင်ထားတဲ့ မိန်းကလေး တစ်ယောက် သူ့ရဲ့ ခြံဝင်း အရှေ့ကို ရောက်လာတာကို တွေ့လိုက်ရလေသည်။

သူမ က ပတ်ဝန်းကျင်ကို သတိထား ကြည့်ရှုနေပြီး ဘယ်သူမှ မရှိတာ သေချာမှ သက်ပြင်းချလိုက်လေသည်။

ခေါင်းစွပ်ကို ချလိုက်တဲ့ အချိန်ကျမှ ယွီစီနီယာမမ ဖြစ်နေမှန်း ကျန်းမန် သိလိုက်ရလေသည်။

"စီနီယာမမ ဒါက"

ကျန်းမန်က အနက်ရောင် ဝတ်ရုံ ကို လက်ညှိုးထိုးကာ မေးလိုက်လေသည်။

"ဘာမှ မဖြစ်ဘူး မင်း ကျေးဇူးကြောင့်ပဲလေ"

ယွီဝမ်ယီ ခေါင်းခါကာ သက်ပြင်းချလိုက်လေသည်။

"ငါ က ခန္ဓာကိုယ် အားနည်းတော့ မခံနိုင်လို့"

ကျန်းမန် တိတ်ဆိတ်သွားခဲ့လေသည်။

နားမလည်ဘူး……

"ဒါက မင်းအတွက် ငါ ဆရာ့ဆီကနေ တောင်းလာတဲ့ လေ့ကျင့်ရေး လျှို့ဝှက်နယ်မြေလေ ဒါက ပါရမီရှင်တွေအတွက် မဟုတ်ဘူး အခြေခံတည်ဆောက်ခြင်း နောက်ပိုင်း ခြံဝင်း နဲ့ အတွင်းဂိုဏ်း နောက်ပိုင်း ခြံဝင်းက လူတွေအတွက်ပဲ"

"ငါ ကြိုပြီး လျှောက်ထားလိုက်လို့ တော်သေးတယ် မဟုတ်ရင် မင်းရဲ့ အဆင့်သတ်မှတ်ချက် ထွက်လာတာနဲ့ လျှောက်လို့ ရမှာ မဟုတ်တော့ဘူး"

ယွီဝမ်ယီက အလျင်စလို ပြောလိုက်လေသည်။

"ဒီ လျှို့ဝှက်နယ်မြေက မင်းရဲ့ လက်တွေ့ တိုက်ခိုက်မှု အတွက် တော်တော် အကျိုးရှိတယ် လုံလောက်တဲ့ အတွေ့အကြုံ တွေကို ရစေနိုင်တယ် အရေးအကြီးဆုံးကတော့ လက်တွေ့ တိုက်ခိုက်မှု ကနေ တစ်ဆင့် ခန္ဓာကိုယ် စွမ်းအား ကို ခံစားရစေပြီး နောက်ပိုင်း စွမ်းအား တွေ ပေါင်းစပ်တဲ့ အခါ ကြီးမားတဲ့ အကျိုးကျေးဇူး တွေ ရစေနိုင်တယ်"

"ဘယ်လိုပဲဖြစ်ဖြစ် မင်း မကြာခင်မှာ အဆင့်မြင့်အဆင့် ကျင့်စဉ် အကုန်လုံးကို ရတော့မှာပဲလေ"

"အသားကျအောင် လေ့ကျင့်ရမယ့် အချိန်က ပထမ ဒုတိယ တတိယ ခြံဝင်းက လူတွေနဲ့ ယှဉ်လို့ မရဘူး"

"နောက်တစ်ခုက ဒီ လျှို့ဝှက်နယ်မြေမှာ ကျင့်စဉ် အရင်းအမြစ် တွေ မရှိဘူး ဝိညာဉ်ကျောက်တုံး အရင်းအမြစ်တွေပဲ ရှိတယ်"

"စက်တင်ဘာလ တစ်ရက်နေ့ နေ့လယ် ကျရင် လျှို့ဝှက်နယ်မြေ ပွင့်လိမ့်မယ်"

ထို့နောက် ယွီဝမ်ယီက ဤတစ်ခေါက်သည် အဖွဲ့ခေါင်းဆောင် ဖြစ်ပြီး တာဝန် ကြီးမားကြောင်း အသိပေးလိုက်လေသည်။

ထို့အပြင် ဝင်သွားသူများမှာ နှစ်ပတ်လည် ပထမ ရဖူးသော ပါရမီရှင်များ မဟုတ်သော်လည်း တစ်ယောက်ချင်းစီမှာ တိုက်ပွဲ အတွေ့အကြုံ များစွာ ရှိပြီး မိမိကိုယ်ကို ကောင်းစွာ လေ့ကျင့်ထားသူများ ချည်းသာ ဖြစ်လေသည်။

အလွန် သတိထားရမည် ဖြစ်လေသည်။

ထို့နောက် ယွီစီနီယာမမ သည် အလျင်အမြန် ထွက်ခွာသွားပြန်လေသည်။

ကျန်းမန် မှာ ကြိုတင် ငွေထုတ်ယူရန်ပင် စကားမစနိုင်ခဲ့ဘဲ မေးချင်သော မေးခွန်းများကိုလည်း မမေးနိုင်ခဲ့ချေ။

"ဒီလောက်တောင် အလျင်လိုနေတာလား"

ကျန်းမန် နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။

ဒါပေမယ့် ထွက်သွားရင် လည်း ထွက်သွားတာပေါ့။

သူ သံ တံဆိပ်ပြားကို ကိုင်ကာ ထူးဆန်းနေသည်ဟု ခံစားလိုက်ရလေသည်။

"ဒါက ဘာပစ္စည်းလဲ လေ့ကျင့်ရေး လျှို့ဝှက်နယ်မြေလား ပါရမီရှင်တွေ သွားလို့ မရဘူး လား"

ကျန်းမန် နွားဝါကြီးကို မေးကြည့်လိုက်လေသည်။

ရရှိသော အဖြေမှာ အလွန် ရိုးရှင်းလေသည် အင်မော်တယ် ဂိုဏ်း၏ ကြီးမားသော အုပ်ချုပ်မှု အောက်တွင် အန္တရာယ် ရှိသော နေရာ အချို့ကို နှင်ထုတ်ခြင်း သို့မဟုတ် တံဆိပ်ခတ်၍ စောင့်ကြည့်ခြင်း များ ပြုလုပ်ထားလေသည်။

"ကြီးမားတဲ့ အုပ်ချုပ်မှု အောက်က တည်ငြိမ်မှု ဆိုတာ သေချာပေါက် တန်ဖိုး နည်းနည်းတော့ ပေးဆပ်ရတာပေါ့"

"လေ့ကျင့်ရေး ဆိုတာ အကြမ်းဖျင်း အားဖြင့် ဒီလို နေရာမျိုး ကို ပြောတာပဲ"

ကျန်းမန် အတော်လေး သိချင်စိတ် ဖြစ်သွားခဲ့လေသည်။

"အရမ်း အန္တရာယ် များလား"

"အန္တရာယ် မများပါဘူး ဒါပေမယ့် မိစ္ဆာတွေ ရှိတတ်တယ်"

နွားဝါကြီးက ဖြေကြားလိုက်လေသည်။

ကျန်းမန် အံ့ဩသွားခဲ့လေသည်။

"အဝါကြီးလည်း ဒီလို နေရာတွေကနေ လာတာလား"

နွားဝါကြီး အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းခါပြလိုက်လေသည်။

ထို့နောက် ကျန်းမန်က ထိုနေရာများ၏ အခြေအနေ ကို ထပ်မေးကြည့်လေသည်။

ရရှိသော အဖြေမှာ အလွန် ရိုးရှင်းလေသည်။

အင်မော်တယ် ဂိုဏ်း၏ ကြီးမားသော အုပ်ချုပ်မှု အောက်တွင် သူ့ကို သေတွင်းထဲ တိုက်ရိုက် ပို့လွှတ်မည် မဟုတ်ချေ။

သို့သော် အတိုင်းအတာ တစ်ခု အထိတော့ အန္တရာယ် ရှိနိုင်လေသည်။

အကြမ်းဖျင်း သိရှိပြီးနောက် ကျန်းမန် က မေးခွန်း တစ်ခု ထပ်မေးလိုက်လေသည်။

"အဲဒီဘက်မှာ အထူး အရာ တစ်ခုခု ရော ရှိလား"

နွားဝါကြီး မဖြေခဲ့ပါချေ အကြောင်းရင်းမှာ အလွန် ရိုးရှင်းလေသည်။

ကျန်းမန် သွားမည့် နေရာကို သူ ကိုယ်တိုင်ပင် မသိသောကြောင့် ပင် ဖြစ်လေသည်။

သေချာပေါက် မည်သည့် အဖြေကိုမျှ ပေးနိုင်မည် မဟုတ်ချေ။

သို့သော် ထိုကဲ့သို့သော နေရာမျိုးတွင် သူ၏ စွမ်းအားကို ဂိုဏ်း မှ သတိထားမိမည် မဟုတ်ကြောင်း ပြောခဲ့လေသည်။

ကျန်းမန်၏ ကိုယ်ပေါ်တွင် တစ်ခုခု ချန်ထားပေးနိုင်လေသည်။

လုံခြုံရေးကို အာမခံချက် ပေးရန်ပင် ဖြစ်လေသည်။

ကျန်းမန် ချက်ချင်းပင် စီနီယာ ကို ကျေးဇူးတင်စကား ပြောလိုက်လေသည်။

နွားဝါကြီးက ကျန်းမန် ကို တည်ငြိမ်စွာ တစ်ချက် ကြည့်ပြီး ပြောလိုက်လေသည်။

"မင်း မိန်းမရဲ့ စွမ်းအားကလည်း အဲဒီအထိ ရောက်လာနိုင်ခြေ ရှိတယ်"

ကျန်းမန် ကြောင်အမ်းသွားခဲ့သည် အဲဒါက တကယ်တော့ သတင်းကောင်း မဟုတ်ဘူး။

ဒီအတွက် ကျန်းမန်လည်း ဂရုမစိုက်ပါဘူး နွားဝါကြီးက နည်းလမ်း ရှာပါလိမ့်မယ်။

သူကတော့ ဘာမှ မတတ်နိုင်ပါဘူး။

လေ့ကျင့်ရေး လျှို့ဝှက်နယ်မြေကိုတော့ သူ မျှော်လင့်နေပါသေးတယ် ဘာလို့လဲဆိုတော့ ဝိညာဉ်ကျောက်တုံးတွေ ရှိလို့ပါ။

နှစ်ရက် အကြာ…..

စက်တင်ဘာလ တစ်ရက်နေ့…..

ကျန်းမန်သည် မည်သည့် အလွန် လှပသော မိန်းကလေး မျှ အနားကပ်လာသည်ကို မတွေ့ရချေ။

ကျိုးပုဖန်၏ သတင်း အတိအကျ မှန်ကန်မှု ရှိမရှိ ကိုလည်း မသိရချေ။

ချစ်ရွှေတောင်ထွတ်…..

ကျန်းမန် မနက်စောစောကတည်းက ရောက်လာခဲ့လေသည်။

နေ့လယ်ပိုင်း တွင် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရမည် ဖြစ်ရာ စောစော မလာပါက အချိန် မလောက်မည် စိုး၍ ပင် ဖြစ်လေသည်။

ဤအချိန်တွင် ဖက်တီးလေး တို့ ဆိုင် စဖွင့်ကာစ သာ ရှိသေးလေသည်။

ကျန်းမန်ကို မြင်သောအခါ သူတို့ နှစ်ယောက်လုံး ကြောင်အမ်းသွားကြလေသည်။

"အစ်ကိုကျန်း ဘာလို့ ဒီလောက် စောစော ရောက်လာတာလဲ"

ဖက်တီးလေးက ပါးစပ်ထဲတွင် အမဲသားခြောက် တစ်ဖတ် ကို ကိုက်ထားရင်း အံ့ဩစွာ မေးလိုက်လေသည်။

ခန္ဓာကိုယ် အရွယ်အစားကတော့ သိပ်မပြောင်းလဲပါဘူး မျက်ကွင်းညို တာလေး နည်းနည်း ပိုနက်လာတာပဲ ရှိပါတယ်။

နောက်ဆုံးတွင် ကျန်းမန်၏ အကြည့်များ သည် အမဲသားခြောက် အပေါ်သို့ ကျရောက်သွားခဲ့လေသည်။

လူဆိုး သူဌေးသားလေး…..

ကိုယ်က အသား မစားရတာ တော်တော် ကြာနေပြီ။

ကျင့်ကြံတဲ့ အချိန်မှာ သွေးအားကို အလျဉ်းသင့်သလို ဖြည့်တင်းရင်း ကြမ်းတမ်းတဲ့ ဆန် နဲ့ ပေါက်စီ လေး နည်းနည်း စားရုံပါပဲ။

အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်းအဆင့် ရောက်နေတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်က ပေါက်စီကိုပဲ ကိုက်စားနေရသေးတယ် ဆိုတာ စဉ်းစားကြည့်လို့တောင် မရဘူး။

"အစ်ကိုကျန်း အခုမှ ကင်ထားတဲ့ အမဲခြောက်လေ မြည်းကြည့်ပါဦး"

ဖက်တီးလေးက ကျန်းမန် ကို အမဲခြောက် တစ်ချောင်း ကမ်းပေးလိုက်လေသည်။

ကျန်းမန် အမဲခြောက်ကို လှမ်းယူလိုက်ပြီး ဖက်တီးလေးက တကယ်ကို သူငယ်ချင်းကောင်း ပါပဲ လို့ သက်ပြင်းချလိုက်လေသည်။

"ချန်ချီဝမ်တို့ မရောက်လာကြသေးဘူးလား"

သူက မေးလိုက်လေသည်။

ဖက်တီးလေးက ဝိညာဉ်ဆေးပင်များကို သယ်ဆောင်ရင်း ပြန်ဖြေလိုက်လေသည်။

"သူတို့ ခဏနေရင် ရောက်လာကြလိမ့်မယ်"

ကျန်းမန်သည် ဤရက်ပိုင်း အတွင်း ဝိညာဉ်ဆေးပင် များနှင့် ပတ်သက်၍ အလျဉ်းသင့်သလို လေ့လာဖြစ်ခဲ့လေသည်။

ဖက်တီးလေး စီထားသော နေရာများကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်လေသည်။

"ကန်လင်း မြက်နဲ့ ဆီယွင် နွယ်ပင် တို့ရဲ့ ဆေးစွမ်းက မကိုက်ညီဘူး ဆန့်ကျင်ဘက် ဖြစ်တတ်တယ် ပြီးတော့ အဆိပ် နည်းနည်းလေး ထွက်လာဖို့ လွယ်တယ်"

"အဲဒါတွေကို အတူတူ ထားလို့ မရဘူး"

ကျန်းမန်၏ စကားကို ကြားသော် ဖက်တီးလေးသည် ဝိညာဉ်ဆေးပင် နှစ်မျိုးကို ချက်ချင်း ခွဲထားလိုက်လေသည်။

"ကန်လင်း မြက် နဲ့ ရွှေကျင်းပန်း ရဲ့ ဆေးစွမ်းက ကိုက်ညီတယ် ဝိညာဉ်စွမ်းအင် ကို ရေဓာတ် ပေါင်းထည့်ပေးနိုင်ပြီး ပတ်ဝန်းကျင်က ဝိညာဉ်ဆေးပင်တွေ ကြီးထွားဖို့ အကျိုးရှိတယ် ပြီးတော့ အစီအစဉ် အနေအထား အကောင်းအဆိုး အရ ကြည့်ရင် မင်း အခုလို လုပ်ထားတာ လုံးဝ အဓိပ္ပာယ် မရှိဘူး ဒီလို လုပ်"

ကျန်းမန်က ပြောရင်း ဖက်တီးလေးက ပြန်သယ်လေသည်။

လော်ရွှမ်မှာ အံ့ဩစွာ ကြည့်နေပြီး ကျန်းမန် ပြောသမျှကို အမြန် မှတ်သားနေလေသည်။

စိတ်လှုပ်ရှားစရာ ကောင်းသော အပိုင်းသို့ ရောက်သောအခါ ကျန်းမန် ကိုယ်တိုင် ဖက်တီးလေး ကို ကူညီ၍ ဝိညာဉ်ဆေးပင်များကို ရွှေ့ပြောင်းပေးလိုက်လေသည်။

နောက်ဆုံးတွင် ဝိညာဉ်ဆေးပင်များ အားလုံးကို နေရာချထားပြီးစီးသွားခဲ့လေသည်။

"နောက်ပိုင်း မင်း ဒီအတိုင်းပဲ ထားလိုက် ပိုနေတာတွေကို ဒီဘက် ကွက်လပ်မှာ သွားထား"

ကျန်းမန်က လက်ကို ခါလိုက်ပြီး ပြောလိုက်လေသည်။

"ဝိညာဉ်စွမ်းအင်တွေတောင် ပိုပြီး ပြည့်နှက်လာပြီ"

လော်ရွှမ်လည်း ခံစားမိလိုက်သည်။ ဝိညာဉ်စွမ်းအင်များ တကယ်ပင် အနည်းငယ် ပိုမို ပြည့်နှက်လာလေသည်။

သူမ ဂိုဏ်းထဲ ရောက်နေတာ နှစ်နှစ် ရှိပြီ ဆိုတော့ ဒီကိစ္စတွေကို သဘာဝကျကျ နားလည်ပါတယ်။

ဒါက ဆေးပညာ နဲ့ အစီအရင် ပေါင်းစပ်ထားတာပါ။

ပုံမှန် အချိန်ဆိုရင် သူတို့လို လူမျိုးတွေက ဒီလို လူမျိုးတွေ နဲ့ အဆက်အသွယ် မရနိုင်ဘူး ဒီလို ဖြစ်အောင် လုပ်ဖို့ ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ဘူး။

"အစ်ကိုကျန်း တကယ်ကို တော်တာပဲ"

ဖက်တီးလေး က အံ့ဩတကြီး ပြောလိုက်လေသည်။

"ဒါကြောင့် မရီး က အစ်ကို့ကို ယူတာကိုး"

ဒီစကားက နားထောင်လို့ ကောင်းပေမယ့် သူမ က သဘောတူလို့ ယူတာ မဟုတ်ပါဘူး။

အဝါကြီး ရဲ့ လှည့်စားမှုကို ခံလိုက်ရတာလေ။

သေချာပေါက် ငါလည်း နစ်နာသူ တစ်ယောက်ပါပဲဟ။

သူတို့ သုံးယောက် ထဲမှာ သူက အသနားစရာ အကောင်းဆုံး ပါပဲ ဘာလို့လဲဆိုတော့ ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားက သူ့ကို အမြဲတမ်း နောက်က လိုက်နေလို့လေ။

အလွယ်တကူ သေသွားနိုင်တယ်။

သိပ်မကြာခင်မှာပဲ ချန်ချီဝမ်တို့ ရောက်လာကြလေသည်။

စုန့်ချင့်က ဝမ်းသာအားရ ဖြင့် ပြောလိုက်လေသည်။

"သခင်လေး ကျွန်တော် ယွင်ချန်ဌာနခွဲ ကိုယ်ရံတော် ဖြစ်သွားပြီ"

ဖက်တီးလေး အနည်းငယ် အံ့ဩသွားပြီး လော်ရွှမ်တောင် မနေနိုင်ဘဲ လှည့်ကြည့်လာခဲ့လေသည်။

"မင်း ငါ့အဖေ အတွက် အလုပ်လုပ်ပေးနေတာ မဟုတ်ဘူးလား" ဖက်တီးလေးက မေးလိုက်လေသည်။

"နှစ်ဖက်လုံး လုပ်တယ်"

စုန့်ချင့် က ပြောလိုက်လေသည်။

"ဒါက အန္တရာယ် များတယ် မဟုတ်လား"

ဖက်တီးလေး က ထပ်ပြောလိုက်လေသည်။

"ကျွန်တော်လို နောက်ခံ မျိုး နဲ့ ဒီလို အလုပ် တွေ အများကြီး လုပ်ရတာ လုံလောက်တဲ့ ဝိညာဉ်ကျောက်တုံး တွေ ရဖို့ အရမ်း ကောင်းနေပါပြီ အန္တရာယ်ကလည်း အဲဒီလောက် မများပါဘူး ကျွန်တော် ချီသန့်စင်ခြင်း အဆင့်ခြောက် ဖြစ်နေပြီ ဆိုတော့ မနည်း တာဝန် ယူနိုင်ပါတယ်"

စုန့်ချင့်က ပြုံးလျက် ပြောလိုက်လေသည်။

"ဒါပေမယ့် သခင်လေး ကတော့ သတိထားရမယ် သခင်လေး ထပ်မကြိုးစားရင် နောက်ပိုင်း အိမ်ရာ တွေကို ထိန်းထားနိုင်မှာ မဟုတ်ဘူး"

"ဒါပေမယ့် ကျွန်တော် အခုလေးတင် ဝင်သွားတော့ တကယ်ကို အခက်အခဲ တွေ တွေ့ရတယ်"

"အရင်တုန်းက အကြောင်းတွေ ပြန်မပြောချင်တော့ဘူး"

ထို့နောက် ဖက်တီးလေးက အမဲသားခြောက်များကို ပေးလိုက်ပြီး ကျန်းမန် တို့ အနည်းငယ် ထိုင်ကာ စုန့်ချင့်၏ အတိတ် အကြောင်း ပြောပြသည်ကို နားထောင်နေကြလေသည်။

သူတို့ စကားပြောနေစဉ်မှာပဲ ရုတ်တရက် လူတစ်ယောက် က လက်ဖက်ရည် လာချပေးလေသည်။

သူတို့ အားလုံး လှည့်ကြည့်လိုက်ရာ လော်ရွှမ် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အားလုံး ပြိုင်တူ မတ်တပ်ရပ်လိုက်ကြလေသည်။

ကျန်းမန် တစ်ယောက်တည်း သာ ထိုင်နေသေးသည်။

"မိန်းကလေးလော်ရွှမ် ဘာလုပ်တာလဲ"

ဖက်တီးလေး အရမ်း ကြောက်သွားခဲ့သည်။

ချန်ချီဝမ် နှင့် စုန့်ချင့် တို့က ပိုလို့တောင် ကြောက်သွားကြသေးသည်။

သူတို့ အမြဲတမ်း ခံစားရသည်မှာ လော်ရွှမ် နှင့် သူတို့သည် အဆင့်အတန်း တစ်ခုတည်း မဟုတ်ဘူး ဟူ၍ ပင် ဖြစ်သည်။

လော်ရွှမ်က အဲဒီလို အထက်တန်းစား အမျိုးသမီးမျိုး ဖြစ်သင့်တာပါ။

သူတို့လို သာမန် လူတွေ နဲ့ မတူဘူး။

ကျန်းမန် အခွင့်အရေး ယူပြီး အမဲသားခြောက် နည်းနည်း ထပ်စားလိုက်သည်။

နောက်တစ်ခါ ဘယ်တော့ စားရမလဲ မသိဘူးလေ။

ဘာလို့လဲဆိုတော့ နေ့လယ် ကျရင် လျှို့ဝှက်နယ်မြေထဲ သွားရတော့မှာ ဆေးလုံး တွေ စားပြီး ကျင့်ကြံရမယ့် အပြင် သွေးအားတွေကိုလည်း ဖြည့်တင်းရဦးမှာ။

လော်ရွှမ်က အားနေလို့ အလွယ်တကူ ဖျော်ပေးလိုက်တာပါ လို့သာ ပြောလိုက်သည်။

ထို့နောက် ထွက်သွားခဲ့လေသည်။

ဖက်တီးလေး သက်ပြင်းချလိုက်ပြီးနောက် ညည်းတွားပြန်သည်။

လော်ရွှမ်ရဲ့ စောင့်ကြည့်တာကို အမြဲတမ်း ခံနေရတော့ ဘာလုပ်လုပ် အဆင်မပြေဘူး အဖေ သိသွားဖို့ လွယ်တယ်တဲ့။

အပြင် ရောက်လာတာတောင် လွတ်လပ်ခွင့် မရှိဘူးတဲ့။

ကျန်းမန်ကတော့ ဖက်တီးလေး လုံလောက်အောင် မဆင်းရဲသေးဘူး လို့ ထင်ပါတယ်။

ထို့နောက် ဖက်တီးလေးက စုန့်ချင့် ကို ဘာလို့ ယွင်ချန်ဌာနခွဲ ကိုယ်ရံတော် သွားလုပ်တာလဲ လို့ မေးလိုက်လေသည်။

စုန့်ချင့် က ချန်ချီဝမ် ထောက်ခံပေးတာလို့ ပြောပြလေသည်၊ ချန်ချီဝမ်က ကိုယ်ရံတော် အလုပ် ကနေ နှုတ်ထွက်လိုက်ပြီတဲ့။

ကျန်းမန် နှင့် ဖက်တီးလေးတို့က ချန်ချီဝမ် ကို ကြည့်လိုက်ကြလေသည်။

ဤအချိန်တွင် ချန်ချီဝမ် က ဂိုဏ်း တံဆိပ်ပြား ကို ထုတ်ပြလိုက်လေသည်။

"အခု ငါ က ဂိုဏ်း ရဲ့ စာပို့သမား တစ်ယောက် ဖြစ်သွားပြီ"

သူ ချီသန့်စင်ခြင်း အဆင့်ကိုး ကို ရောက်သွားပြီး ဂိုဏ်း ၏ စာပို့ အလုပ်တွင် အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့လေသည်။

ဖက်တီးလေး အံ့ဩသွားခဲ့လေသည်။

ဒါက သူနဲ့ အဆင့်အတန်း တူတူ ဖြစ်သွားပြီပေါ့။

သူတို့ ကောင်း မိသားစုက ဒီလောက် ကြိုးစားထားတာတောင် သူ့ကို ဒီကို ပဲ ပို့နိုင်ခဲ့တာလေ။

ဂုဏ်ပြုတဲ့ အနေနဲ့ ဖက်တီးလေးက အသား နည်းနည်း ထပ်ယူလာခဲ့လေသည်။

အရင်တုန်းက အများကြီး စားရင်တောင် အကြည့်ခံရတယ် ယွင်ချန်ဌာနခွဲ လောက်တောင် လွတ်လပ်ခွင့် မရှိဘူး လို့လည်း ပြောလိုက်သေးတယ်။

သူက အစွမ်းထက်ချင်တယ် အိမ်ကနေ ခွဲထွက်ချင်တယ်တဲ့။

လူတိုင်း တိတ်ဆိတ်သွားကြလေသည်။

ထို့နောက် ကျန်းမန်သည် စုန့်ချင့် နှင့် ချန်ချီဝမ် တို့ကို နှစ်ဝက် အတိုး ပေးလိုက်လေသည်။

စုန့်ချင့် တစ်ထောင်၊ ချန်ချီဝမ် ခုနစ်ရာ့ငါးဆယ်။

စုန့်ချင့် ဒီတစ်ခေါက် ဝိညာဉ်ကျောက်တုံး မပေးခဲ့ဘူး သူ က အခုမှ ယွင်ချန်ဌာနခွဲ ကိုယ်ရံတော် ဖြစ်လာတာ ဆိုတော့ သူ့ကိုယ်သူ မြှင့်တင်ဖို့ လိုနေတယ်လေ။

ချန်ချီဝမ်လည်း ဂိုဏ်းထဲကို အခုမှ ဝင်လာတာ ဆိုတော့ သဘာဝကျကျ ဝိညာဉ်ကျောက်တုံး တွေ လိုအပ်မှာပေါ့။

ကျန်းမန် အခု လောလောဆယ် ဆေးလုံးတွေ ဝယ်ပြီး အဆင့်မြှင့်တင် ဖို့ မလောသေးဘူး။

ထို့နောက် ကျန်းမန်က သူတို့ကို ညဘယ်လို အိပ်ပျက်ခံ ရမလဲ ဆိုတာကို ပြောပြလိုက်လေသည်။

ကျင့်ကြံရေး နဲ့ ပတ်သက်ပြီးတော့ အဝါကြီးက စာအုပ် တွေ ရေးပေးထားပြီးသား ဆိုတော့ ကိုယ်တိုင် သင်ပေးနေစရာ မလိုဘူး။

ထို့အပြင် ကျန်းမန် က ဖက်တီးလေး နှင့် ချန်ချီဝမ် တို့ကို အစကနေ ပြန်ကျင့်ကြံလို့ ရပြီ လို့ ပြောလိုက်လေသည်။

အခြေခံတည်ဆောက်ခြင်းကို ရောက်ဖို့ မျှော်လင့်ချက် ရှိပါတယ်။

ထွက်ခွာမည့် အချိန်တွင် ဖက်တီးလေး က ခိုးကြောင်ခိုးဝှက် ဖြင့် ကျန်းမန်ကို သွေးအားဖြည့် ဆေးလုံး ငါးဆယ် ပေးလိုက်လေသည်။

ဒါက ဒီရက်ပိုင်း အတွင်း သူ မသုံးဘဲ ကျန်နေတာတွေ ဖြစ်သည်။

သူ က တမင်တကာ ပိုတောင်းထားပြီး မသုံးဘဲ စုထားတာ တဲ့။

ကျန်းမန် သက်ပြင်းချလိုက်သည်။

သူငယ်ချင်းကောင်းပါပဲကွာ…..

ဒါပေမယ့် ငါက မင်း အိမ်ပြန်ပြီး ဇိမ်ခံနေတာကို မကြည့်ရက်သေးဘူး။

ကျန်းမန် ထွက်သွားပြီးနောက် ကောင်းရုံ နှင့် လိုလုတို့ ရောက်လာကြလေသည်။

ကောင်းရုံက ဖက်တီးလေး ကို ရှာပြီး ကျန်းမန် အကြောင်း မေးလိုက်လေသည်။

ဖက်တီးလေး က အမှန်အတိုင်း ပြောပြလိုက်သည်၊

သူက အခုလေးတင် ပြန်သွားတာ

တစ်ခဏအတွင်းမှာပင် ကောင်းရုံ အနည်းငယ် စိတ်မကောင်း ဖြစ်သွားခဲ့လေသည်။

လိုလု ကတော့ အနည်းငယ် ရှက်ရွံ့စွာ ဖြင့် လိုရွှမ် ကို ကြည့်ကာ မေးလိုက်လေသည်။

"နင် ဝိညာဉ်ကျောက်တုံးတွေ ကျန်းမန် ကို ချေးလိုက်သေးလား"

လော်ရွှမ် ခေါင်းခါပြလိုက်လေသည်။

မချေးလိုက်ပါဘူး။

တစ်ဖက်လူ ရဲ့ စကား ကို နားထောင်လို့တော့ မဟုတ်ပါဘူး။

ကျန်းမန် အခု လောလောဆယ် ဝိညာဉ်ကျောက်တုံး တွေကို အလျင်စလို သုံးဖို့ လိုနေတဲ့ ပုံစံ မပေါ်လို့ပါ။

တကယ်လို့ လောနေရင် ဖက်တီးလေး က လာပြီး ချေးမှာပါ။

လော်လု ကြားလိုက်တော့ တခြား တစ်မျိုး ခံစားရတယ်၊ သူမက လော်ရွှမ် ဟာ သူမ ရဲ့ စကား ကို နားထောင်ပြီး မချေးတာ လို့ ထင်သွားတယ်။

"တကယ်တော့ ချေးလို့ ရပါတယ် နင် ဘယ်လောက် ချေးချင်လဲ ဆိုတာ ချေးလို့ ရတယ်"

လော်လု နောင်တရနေလေသည်။

ထိုစကားကို ကြားသော် လော်ရွှမ် အနည်းငယ် အံ့ဩသွားခဲ့လေသည်။

"ဘာကိစ္စ ဖြစ်လို့လဲ"

အရင်က ရှောင်ဖယ်နေခဲ့တဲ့ ဝမ်းကွဲအစ်မက ဘာလို့ ဒီလောက်တောင် နောင်တရနေရတာလဲ ဆိုတာကို သေချာပေါက် ပြောပြဖို့ လိုတယ်။

လော်လုက အမှန်အတိုင်း ပြောပြလိုက်လေသည်။

"တောင်ထွတ်ခုနစ်ခု အဆင့်သတ်မှတ်ချက် ထွက်လာပြီ"

ကျန်းမန်၏ တိုက်ပွဲ ရလဒ် ကို ကြားသောအခါ လော်ရွှမ်တွင် မျက်နှာ အမူအရာ များစွာ မရှိခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် သူတို့ အားလုံး ဤကဲ့သို့သော ကိစ္စမျိုး ကို ကြုံတွေ့ဖူးသောကြောင့် ပင် ဖြစ်လေသည်။

တစ်ယောက်တည်း နဲ့ ယွင်ချန်ဌာနခွဲ တစ်ခုလုံးကို အနိုင်ယူခဲ့တာလေ။

အခု နေရာလေး တစ်ခု ပြောင်းသွားတာ ပါပဲ။

လော်လုက ကျန်းမန်မှာ ကျင့်ကြံရေး နည်းလမ်း တွေ ရှိလား လို့ မေးလိုက်လေသည်။

လော်ရွှမ် အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်လေသည်။

"ညအိပ်ပျက်ခံတာ ရော ပါလား"

"ညအိပ်ပျက်ခံတာလား"

လော်လု အနည်းငယ် အံ့ဩသွားခဲ့လေသည်။

ညအိပ်ပျက်ခံ ပြီး ကျင့်ကြံတာ စိတ်အာရုံ ကို ထိခိုက်စေတယ် မဟုတ်လား။

ဒါ မပါလောက်ပါဘူးနော်။

သို့သော်လည်း ထိုနေ့ ညအိပ်ပျက်ခံပြီး ကျင့်ကြံသည့်ကိစ္စ သည် အပြင်ဂိုဏ်း တောင်ထွတ်ခုနစ်ခု လုံးသို့ ပျံ့နှံ့သွားခဲ့လေပြီ။

လူတိုင်း က ယွန်းရှာတောင်ထွတ် အဋ္ဌမမြောက် ခြံဝင်းဟာ ညအိပ်ပျက်ခံ ပြီး ကျင့်ကြံနေကြတယ် ဆိုတာကို သိသွားကြတယ်။

ဒါပေမယ့် ညအိပ်ပျက်ခံ ပြီး ကျင့်ကြံတာ က ဘာလို့ ပထမ ရနိုင်ရတာလဲ ဆိုတာကိုတော့ သူတို့ နားမလည်ကြဘူး။

ယုတ္တိအရ ဆိုရင် စိတ်အာရုံ ထိခိုက်နေလောက်ပြီ လေ။

ထို့နောက် သူတို့ သည် အဋ္ဌမမြောက် ခြံဝင်း ၏ အဆင့်သတ်မှတ်ချက် ကို ပြန်လည် စစ်ဆေးကြည့်လိုက်ကြလေသည်။

ဒီလို မကြည့်ရသေးခင်မှာ မသိပေမယ့် ကြည့်လိုက်တော့ လန့်သွားကြတယ်။

ပထမ၊ ယွန်းရှာတောင်ထွတ် ကျန်းမန်

တတိယ၊ ယွန်းရှာတောင်ထွတ် ကျိုးပုဖန်

အဋ္ဌမ၊ ယွန်းရှာတောင်ထွတ် လင်းချင်းရှန်

နဝမ၊ ယွန်းရှာတောင်ထွတ် ကျောက်ယောင်ယောင်

ဆယ့်သုံး၊ ယွန်းရှာတောင်ထွတ် ဝေ့ပေ့ချွမ်

ထိပ်ဆုံး ဆယ့်ငါး နေရာ မှာ၊ ယွန်းရှာတောင်ထွတ် အဋ္ဌမမြောက် ခြံဝင်း က ငါးနေရာ တောင် ယူထားတယ်လား။

ထိပ်ဆုံး ဆယ်နေရာမှာ လေးနေရာလား။

တစ်ခဏအတွင်းမှာပင် သတ္တမမြောက် အဋ္ဌမမြောက် နဝမမြောက် ခြံဝင်း များ အားလုံး ဆူညံသွားကြလေသည်။

ဒါ မယုတ္တိတန်ဘူး။

ယွန်းရှာတောင်ထွတ်က ချမ်းသာတဲ့ သူ အနည်းဆုံးလေ ဘာလို့ အဆင့်သတ်မှတ်ချက် က ဒီလောက်တောင် ကောင်းနေရတာလဲ။

ပြဿနာ ရှိတယ်၊ သေချာပေါက် ပြဿနာ ရှိတယ်။

တချို့ ရင်းနှီးမြှုပ်နှံသူ တွေကလည်း ချက်ချင်း လှုပ်ရှားလာကြတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက် ကိစ္စ အတွက် တစ်ယောက်ယောက် ကတော့ တာဝန်ယူရမှာပဲ။

ပထမဆုံး ထိခိုက်မယ့် သူကတော့ ယွန်းရှာတောင်ထွတ် အဋ္ဌမမြောက် ခြံဝင်း ရဲ့ သင်ကြားရေး ဆရာမ ပဲ။

ယန်ရိချိုးပင် ဖြစ်လေသည်။

All Chapters