← Chapters

အခန်း ၁၄၃

Vol. 10 Ch. 143

အခန်း ၁၄၃

Vol. 10 Ch. 143

အခန်း (၁၄၃) ဘာ…..တရားမဝင် ကျင့်ကြံတာ ဟုတ်လား

တိမ်လွှာများ အထက်တွင် လူတစ်ယောက် ဓားစီး၍ ပျံသန်းနေလေသည်။

အရှိန်မမြန်လှဘဲ တစ်ခါတစ်ရံ အောက်ဘက်ရှိ ရှုခင်းများကို ကြည့်ရှုလေ့ရှိလေသည်။

အချိန်မလောဘဲ စိတ်အေးလက်အေး ရှိနေချိန်သည် လူတို့ အပန်းပြေဆုံး အချိန် ပင် ဖြစ်လေသည်။

အထူးသဖြင့် အိမ်ပြန်ခါနီး အချိန်မျိုးတွင် ပို၍ပင် ဖြစ်လေသည်။

"ဒီအချိန်ဆိုရင် ဒီနှစ်ရဲ့ နှစ်ပတ်လည် စာမေးပွဲ ပြီးသွားလောက်ပြီ ကျန်းမန် ကတော့ သေချာပေါက် ပထမ ရမှာပဲ တခြားသူတွေကတော့ ဘယ်လို အဆင့်သတ်မှတ်ချက် ရမလဲ မသိဘူး"

ယန်ရိချိုးသည် ဓား၏ အမြင့်ကို ထိန်းချုပ်ရင်း တောင်တန်းများ၏ အလှအပကို ကြည့်ရှုနေလေသည်။

ဤအချိန်တွင် သူမ သည် အဆင့်သတ်မှတ်ချက် များကို တွက်ချက်ကြည့်နေမိလေသည်။

"အရင်က ပါရမီရှင် သုံးယောက် မရှိတော့ဘူး ဆိုတော့ ကျိုးပုဖန် က အနည်းဆုံး ထိပ်ဆုံး လေးနေရာ ထဲတော့ ဝင်နိုင်မှာပဲ ကျန်းမန်ကိုပါ ထည့်တွက်ရင် ထိပ်ဆုံး ငါးနေရာပေါ့ ဒါပေမယ့် သူ မကြာသေးခင်က အရင်းအမြစ်တွေ ပိုရထားတယ် ညအိပ်ပျက်ခံ ပြီး ကျင့်ကြံရတဲ့ အားစိုက်မှု ကလည်း မနည်းဘူး ဆိုတော့ ထိပ်ဆုံး သုံးနေရာ ဝင်ဖို့ အခွင့်အရေး ရှိလောက်တယ်"

"ကျောက်ယောင်ယောင်ကလည်း အရင်းအမြစ် တွေ တိုးလာတယ် အိပ်ရေးပျက် ခံပြီး ကျင့်ကြံနေတာပဲ ဆိုတော့ ယုတ္တိအရ ဆိုရင် ထိပ်ဆုံး ခုနစ်နေရာ ဝင်ဖို့ အခွင့်အရေး ရှိတယ် လင်းချင်းရှန် ကတော့ အရင်းအမြစ် တော်တော် ကွာသွားတယ် ဆိုတော့ ထိပ်ဆုံး ဆယ်နေရာ ကို မနည်း ဝင်နိုင်လောက်တယ်"

"ဝေ့ပေ့ချွမ် ကတော့ ထိပ်ဆုံး ဆယ့်ငါးနေရာ ဝင်နိုင်လောက်တယ် သူက ထိပ်ဆုံး ခုနစ်နေရာ ဝင်နိုင်တဲ့ အလားအလာ ရှိတဲ့ သူပဲ"

တွက်ကြည့်လိုက်တော့ ထိပ်ဆုံး ဆယ့်ငါးနေရာ မှာ ငါးယောက် တောင် သူမ သင်ပေးထားတဲ့ သူတွေ ဖြစ်နေတာကို တွေ့လိုက်ရလေသည်။

ထိပ်ဆုံး ဆယ်နေရာ လို့ တွက်ရင်တောင် အကြမ်းဖျင်း လေးယောက် လောက် ရှိတယ်။

တစ်ဝက် နီးပါး တောင် နေရာယူထားတာပဲ။

ဒီလို အောင်မြင်မှု မျိုးနဲ့ ဆိုရင် သူမ ပြန်ရောက်တဲ့ အခါ လက်ခံရမယ့် အရာက တစ်ခုတည်း ပဲ ရှိတယ်၊ အဲဒါက တခြား သင်ကြားရေး ဆရာတွေရဲ့ အံ့ဩ အားကျမှု တွေပဲ။

ဒီလို သင်ကြားရေး အောင်မြင်မှု မျိုးကို ယှဉ်နိုင်မယ့် သူ ရှားပါလိမ့်မယ်။

အနာဂတ် ကျင့်ကြံခြင်း လမ်းခရီး က ဖြောင့်ဖြူးနေတော့မှာပဲ။

တွေးလေ ယန်ရိချိုး ပိုပြီး စိတ်လှုပ်ရှားလေပင် ဖြစ်လေသည်။

တကယ်ကို လှပတဲ့ နှစ်တစ်နှစ်ပဲ။

အထူးသဖြင့် ကျန်းမန်ပေါ့၊ သူမ အတွက် လုံလောက်တဲ့ မျက်နှာပန်းလှမှု တွေကို သေချာပေါက် ယူဆောင်လာပေးမှာပါ။

တွေးနေဆဲမှာပင် ရုတ်တရက် သတင်းစကား တစ်ခု ရရှိလိုက်ရာ နေရာမှာတင် ရပ်ပြီး ဂိုဏ်းမှ လူများ လာရောက်မည်ကို စောင့်ဆိုင်းရန် အကြောင်းကြားလာလေသည်။

ဒါက ယန်ရိချိုးကို အံ့ဩသွားစေတယ်၊ ဘာ အကြောင်းပြချက် မှ မရှိဘဲ ဂိုဏ်းက ဘာလို့ လာရှာရတာလဲ။

အချိန်အတော်ကြာပြီးနောက် အနက်ရောင် ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသား သုံးဦး ယန်ရိချိုး အရှေ့သို့ ရောက်ရှိလာခဲ့လေသည်။

"တရားခံစစ်ဆေးရေးဌာနက လူတွေလား"

ယန်ရိချိုး က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"ကျွန်မကို ဘာကိစ္စ ရှိလို့ လာရှာတာလဲ"

အင်မော်တယ် ဂိုဏ်း၏ ကြီးမားသော အုပ်ချုပ်မှု အောက်တွင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ ဂိုဏ်း တွင် တရားခံစစ်ဆေးရေးဌာနကို အသုံးပြုရမည့် ကိစ္စမျိုး အလွန် ရှားပါးလှပေသည်။

အင်မော်တယ် ဂိုဏ်း ၏ ကြီးမားသော အုပ်ချုပ်မှု ဆိုသော စကားလုံး လေးလုံး ကို မိမိ အသက် နှင့် လဲ၍ စမ်းသပ်လိုသူ မရှိသလောက် ပင် ဖြစ်လေသည်။

အားလုံးက ဂိုဏ်း ထဲသို့ ပုံမှန် ဝင်ရောက်ပြီး စာသင်ကြားကြရမည်။

ယွင်ချန်ဌာနခွဲ ဖြစ်စေ၊ အပြင်ဂိုဏ်း ဖြစ်စေ အလွှမ်းမိုးခံရဆုံး နေရာများ ပင် ဖြစ်လေသည်။

သေချာပေါက် လွှမ်းမိုးမှု ရှိသည်မှာ အသေအချာ ပင် ဖြစ်သော်လည်း ပုံမှန် အခြေအနေများထက် အများကြီး ပိုကောင်းမွန်လှပေသည်။

အထူးသဖြင့် အပြင်ဂိုဏ်းပင် ဖြစ်လေသည်။

သူမ သည် အပြင်ဂိုဏ်း တွင် စာသင်ကြားနေသည် ဖြစ်ရာ တရားခံစစ်ဆေးရေးဌာန မှ လူများကို တွေ့ရလေ့ မရှိချေ။

"ယန်ရိချိုး၊ အပြင်ဂိုဏ်း ယွန်းရှာတောင်ထွတ် အဋ္ဌမမြောက် ခြံဝင်းငယ် ရဲ့ သင်ကြားရေး ဆရာမ လား"

ခေါင်းဆောင် ဖြစ်သူ လူငယ်က မေးလိုက်လေသည်။

ယန်ရိချိုး ခေါင်းညိတ်လိုက်လေသည်။

"ဟုတ်ပါတယ်"

"ခင်ဗျား ရဲ့ ခွင့်ရက်ကို ပယ်ဖျက်လိုက်ပြီ၊ ကျွန်တော်တို့ နဲ့ လိုက်ခဲ့ပေးပါ"

ခေါင်းဆောင် ဖြစ်သူ အမျိုးသားက အကူအညီမဲ့စွာ ပြောလိုက်လေသည်။

"ဘာဖြစ်လို့လဲ"

ယန်ရိချိုးက ထိတ်လန့်ခြင်း မရှိဘဲ မေးလိုက်လေသည်။

"ဘယ် အကြောင်းပြချက် နဲ့ ကျွန်မကို ခေါ်သွားမှာလဲ ဆိုတာ သိချင်လို့ပါ"

"ခင်ဗျားတို့ ခြံဝင်းငယ်မှာ ညအိပ်ပျက်ခံ ပြီး ကျင့်ကြံနေတဲ့ ကိစ္စ ကို ခင်ဗျား သိလား"

ခေါင်းဆောင် ဖြစ်သူ အမျိုးသား က မေးလိုက်လေသည်။

ယန်ရိချိုး ခေါင်းညိတ်လိုက်လေသည်။

"ဒါက ဘာဖြစ်လို့လဲ"

ခေါင်းဆောင် ဖြစ်သူ အမျိုးသား က ရှင်းပြလိုက်လေသည်။

"ခင်ဗျား ဂိုဏ်း ရဲ့ စည်းမျဉ်း ကို ချိုးဖောက်တယ် ဆိုပြီး တိုင်ကြားခံထားရတယ်၊ ယွန်းရှာတောင်ထွတ် အဋ္ဌမမြောက် ခြံဝင်းငယ်ကို တရားမဝင် ကျင့်ကြံအောင် သင်ကြားပြသပေးတယ် တဲ့"

"တရားမဝင် ကျင့်ကြံတာ"

ယန်ရိချိုး တစ်ယောက်လုံး ကြောင်အမ်းသွားခဲ့လေသည်။

ပြီးတော့ သူမက သင်ကြားပြသပေးတာတဲ့လား။

"ကျွန်မကို နောက်နေတာ မဟုတ်ဘူးလား"

ယန်ရိချိုး မယုံနိုင်အောင် ဖြစ်သွားခဲ့လေသည်။

ခေါင်းဆောင် ဖြစ်သူ အမျိုးသားက ပြတ်သားစွာ ပြောလိုက်လေသည်။

"မဟုတ်ဘူး၊ ပြီးတော့ တိုင်ကြားတဲ့ သူက တစ်ယောက် နှစ်ယောက် မဟုတ်ဘူး လူ အရမ်း များလွန်းလို့ ခင်ဗျားကို ခေါ်သွားမှ ရတော့မှာ"

ယန်ရိချိုး၏ ခေါင်းထဲတွင် ဗလာကျင်းသွားခဲ့သည်၊ ညအိပ်ပျက်ခံတာလေးကို တရားမဝင် ကျင့်ကြံတယ် ဆိုပြီး တိုင်ကြားခံရလိမ့်မယ် လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။

"ညလေး အိပ်ပျက်ခံတာကို၊ အဲဒီလောက် အထိ ဖြစ်သွားတာလား"

သူမက မေးလိုက်လေသည်။

ခေါင်းဆောင် ဖြစ်သူ လူငယ်က စေတနာဖြင့် ပြောလိုက်လေသည်။

"ယုတ္တိအရ ဆိုရင်တော့ အဲဒီလောက် အထိ မဖြစ်သင့်ပါဘူး၊ ဒါပေမယ့် ဒီကိစ္စ က နည်းနည်း ကြီးသွားတယ် ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျား ပြန်လိုက်သွားရင် သိရမှာပါ"

ယန်ရိချိုး အတော်လေး သိချင်သွားသည်၊ တကယ်တော့ ဘာတွေ ဖြစ်သွားတာလဲ။

ညအိပ်ပျက်ခံ တာကို တရားမဝင် ဆိုတဲ့ အဆင့် အထိ ရောက်အောင် ဘာကိစ္စက လုပ်လိုက်တာလဲ။

သူမ ထပ်မေးသော်လည်း အဖြေ မရခဲ့ချေ။

ပျော်ပျော်ရွှင်ရွှင် နဲ့ အိမ်ပြန်ပြီး ဂိုဏ်း ကို ပြန်လာရင် တခြားလူတွေ ရဲ့ အားကျမှု ကို ခံယူရမယ် လို့ ထင်ထားခဲ့တာ၊ အခုတော့...

တရားမဝင် ကျင့်ကြံလို့ ဆိုပြီး အဖမ်းခံရပြီး ပြန်ပါသွားပြီ။

——

အခြား တစ်ဖက်တွင် ကျန်းမန် ၏ ကိစ္စ ကြောင့် ယွီဝမ်ယီ သည် အိမ်ထဲတွင်သာ ပုန်းနေရပြီး အပြင်မထွက်ရဲချေ။

ဒီတစ်ခေါက် အဋ္ဌမမြောက် ခြံဝင်း ရဲ့ အဆင့်သတ်မှတ်ချက် ကို ထုတ်ပြန်လိုက်ပေမယ့်...

ဖုံးကွယ်ထားတဲ့ အရာ တော်တော်များများကို ရယူလို့ မရတော့ဘူး။

ရင်းနှီးမြှုပ်နှံသူတွေ အတွက် ကတော့ အရှုံး ကြီးမားလှပါတယ်။

ရင်းနှီးမြှုပ်နှံထားတဲ့ သူတွေ ရဲ့ အရည်အချင်းက မမီလို့ ဆိုပေမယ့်…..

ဒါပေမယ့် ဘယ်သူကမှ ကိုယ့်ရဲ့ ရှုံးနိမ့်မှု ကို အေးအေးဆေးဆေး လက်ခံနိုင်မှာ မဟုတ်ဘူး။

လူတော်တော်များများ ကတော့ ဒီလို ထင်ကြမှာပါ၊ မင်း ပထမ ရရင်လည်း ရပေါ့၊ လူတိုင်း ရဲ့ အဆင့်သတ်မှတ်ချက်ကို ဖျောက်ဖျက်ပစ်စရာ မှ မလိုတာ။

အရာရာတိုင်း မှာ နေရာ နည်းနည်းတော့ ချန်ထားပေးသင့်တယ် လေ။

ယွီဝမ်ယီ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်လေသည်။

ဤအချိန်တွင် လူတစ်ယောက် ဆင်းသက်လာရာ လာသူမှာ ဟွိုင်ကျင့် နတ်သမီးပင် ဖြစ်လေသည်။

"ဆရာ"

ယွီဝမ်ယီ က ဝမ်းသာအားရ ဖြင့် ပြောလိုက်လေသည်။

"ဘယ်လို ရောက်လာတာလဲ"

"မင်း ရင်းနှီးမြှုပ်နှံထားတဲ့ လူက တကယ်ပဲ တစ်ယောက်တည်း နဲ့ သတ္တမမြောက်၊ အဋ္ဌမမြောက်၊ နဝမမြောက် ခြံဝင်း သုံးခုလုံး ကို အနိုင်ယူလိုက်တာလား"

ဟွိုင်ကျင့် နတ်သမီး က မေးလိုက်လေသည်။

"လုံးဝ အမှန်ပါ"

ယွီဝမ်ယီ မတ်တပ်ရပ်ကာ ခေါင်းညိတ်ပြလိုက်လေသည်။

"သူ လေ့ကျင့်ရေး လျှို့ဝှက်နယ်မြေ ထဲ မဝင်သင့်ဘူး"

ဟွိုင်ကျင့် နတ်သမီး က သက်ပြင်းချကာ ပြောလိုက်လေသည်။

"ပါရမီရှင်တွေ အဲဒီ နေရာကို ဝင်ခွင့် မပြုဘူး၊ အထူးသဖြင့် မင်း ရင်းနှီးမြှုပ်နှံထားတဲ့ လူလို ပါရမီရှင် မျိုးပေါ့"

"အဲဒါက ရေတွင်း တစ်တွင်း လိုပဲ၊ စိတ်ဓာတ် မရင့်ကျက်သေးတဲ့ ပါရမီရှင်တွေကို အလွယ်တကူ ပိတ်လှောင်ထားနိုင်တယ်"

"ပါရမီ ကောင်းလေလေ စိတ်အာရုံ ပိတ်လှောင်ခံရဖို့ လွယ်လေလေပဲ၊ အနာဂတ်မှာ တိုးတက်ဖို့ ခက်ခဲသွားလိမ့်မယ်"

ယွီဝမ်ယီကတော့ ဂရုမစိုက်ပါချေ။

"သူ ဝင်သွားရင် သိမှာပါ၊ တကယ်လို့ တကယ် မရဘူး ဆိုရင် သူ ကိုယ်တိုင် ထွက်လာမှာ သေချာပါတယ်"

"ငယ်ရွယ်တဲ့ ပါရမီရှင် တွေက မာနကြီးကြတယ်၊ အခြေအနေ ကို မကြည့်တတ်ကြဘူး"

ဟွိုင်ကျင့် နတ်သမီး က ခေါင်းခါကာ သက်ပြင်းချလိုက်လေသည်။

"ဆရာ က မင်းကြောင့် မကောင်းမှုမှာ ပါဝင်ကူညီမိသလို ဖြစ်သွားပြီ"

အစပိုင်း ကတည်းက သူမ တားဆီးချင်လို့ သတ်မှတ်ချက်တွေကို မြှင့်ထားခဲ့တာ။

ဘယ်သူ ထင်မှာလဲ၊ အဲဒီ ကျန်းမန်က တကယ်ပဲ အဲဒီလောက် ပါရမီရှင် ဖြစ်နေပြီး၊ သတ်မှတ်ချက် တွေ အားလုံးကို တိုက်ရိုက် ဖြည့်ဆည်းပေးလိုက်တာ။

ဝင်သွားတာကလည်း အရမ်း မြန်လွန်းတော့၊ သူမတောင် လူစားထိုး ဖို့ အချိန် မရလိုက်ဘူး။

ကောင်းတဲ့ မျိုးစေ့လေး တစ်ဝက်လောက် ပျက်စီးသွားလောက်ပြီ။

ထို့နောက် ဟွိုင်ကျင့် နတ်သမီးသည် နေရာမှာတင် ပျောက်ကွယ်သွားခဲ့လေသည်။

ယွီဝမ်ယီလည်း ဂရုမစိုက်ခဲ့ပါချေ။

သို့သော် မကြာမီမှာပင် တရားခံစစ်ဆေးရေးဌာန မှ လူများ သူမထံ ရောက်လာကြလေသည်။

ထိုအရာက ယွီဝမ်ယီ ကို ကြောင်အမ်းသွားစေခဲ့လေသည်။

တရားခံစစ်ဆေးရေးဌာန က သူမကို ဘာလာလုပ်တာလဲ။

ဆရာကြီးရှန်က သူမကို တိုင်လိုက်တာလား။

——

"လျှို့ဝှက်နယ်မြေက ရေတွင်း တစ်တွင်း နဲ့ တူတယ်၊ လူတွေရဲ့ စိတ် ကို ပိတ်လှောင်ထားပြီး ယုံကြည်ချက်တွေကို ဖြတ်တောက် ပစ်တတ်တယ်"

ကျန်းမန်သည် အပို့အဆောင် အစီအရင် ပေါ်တွင် ရပ်ကာ အံ့ဩနေလေသည်။

ရောက်ရောက်ချင်း မှာပဲ သူ ကျောက်တိုင် တစ်တိုင် ကို တွေ့လိုက်ရတယ်၊ အပေါ်မှာ ရေးထားတာက လျှို့ဝှက်နယ်မြေမှာ မိစ္ဆာနတ်ဘုရား ရဲ့ အကြွင်းအကျန် စွမ်းအား တွေ ရှိနေပြီး၊ စိတ်အာရုံ သော့ခလောက်တွေကို ချန်ထားခဲ့တယ်။

ဒီကို လာတဲ့ လူတွေ စိတ်ဓာတ် မခိုင်မာရင်၊ စိတ်ပိုင်းဆိုင်ရာ ဖိအား တွေကို မခံနိုင်ဘဲ ပြိုင်ဘက်ကင်း လမ်းစဉ်ကို ပိတ်လှောင်ခံရလိမ့်မယ်။

ထို့အပြင် အောက်ဘက်တွင် လူအချို့က စာလုံးများ ရေးထိုးထားသေးလေသည်။

"ငယ်ရွယ်ပြီး သွေးဆူ တာကြောင့် ရမ်းသမ်းပြီး မဝင်သွားပါနဲ့၊ နောင်တရလို့ ဆုံးမှာ မဟုတ်ဘူး"

ကျန်းမန် အပြင်ဘက်ကို ကြည့်လိုက်ရာ၊ ဒီနေရာက ဂူ တစ်ခု ဖြစ်နေတယ်၊ ဂူ အပြင်ဘက် ကို ရောက်သွားရင် ပြန်လှည့်ချင်ရင်တောင် ဆယ့်ငါးရက် စောင့်ရတော့မယ်။

ဒီမှာ ဘယ်လောက် ကြာကြာ နေရမလဲ ဆိုတာကို ကျန်းမန် မသေချာဘူး။

ဒါပေမယ့် ဆယ့်ငါးရက်ထက်တော့ မနည်းနိုင်ပါဘူး။

ထို့နောက် ကျန်းမန်သည် ဂူ အပြင်ဘက် သို့ လျှောက်ထွက်သွားခဲ့လေသည်။

ပါရမီရှင် ရဲ့ စိတ်အာရုံကို ပိတ်လှောင်တယ် ဆိုတာ ဘာလဲ။

ပါရမီရှင်ကို ပိတ်လှောင်တာက ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်တဲ့ သူနဲ့ ဘာဆိုင်လို့လဲ။

သူ က အစွမ်းထက်တဲ့ သူတွေကို လေးစားပါတယ်၊ ဒါပေမယ့် ဒီနေရာ က ယုံကြည်ချက် ကို ယှဉ်ပြိုင်တာလေ။

တကယ်လို့ ဒီအချိန်မှာ သူ နောက်ပြန်လှည့်လိုက်ရင်၊ ပြိုင်ဘက်ကင်း ပါရမီရှင် ရဲ့ အရှုံးမပေးတဲ့ ယုံကြည်ချက်က ဘယ်မှာ ရှိတော့မှာလဲ။

သွေးဆူတာလား။

ဒါက လူငယ်တွေရဲ့ သဘာဝ ပဲ။

မရှုံးနိမ့်ဘူး ဆိုတဲ့ ယုံကြည်ချက် ပဲ။

ဂူ ပေါက် မှ ထွက်လာသောအခါ ကျန်းမန် မျက်စိမှေးလိုက်လေသည်၊ ဒီနေရာ က နေရောင်ခြည် က တကယ်ကို စူးရှတာပဲ။

ဝူယွင်ဂိုဏ်း မှာ မြူခိုး တွေ အရမ်း ထူထပ်တော့၊ ဒီလောက် စူးရှတဲ့ နေရောင်ခြည် မျိုး မတွေ့ရသလောက် ပဲ။

ထို့နောက် သူ သည် အခြေအနေ ကို ရှင်းလင်းစွာ မြင်လိုက်ရလေသည်။

ဒီနေရာ က တောင်ကုန်းလေး တစ်ခု ဖြစ်ပြီး၊ ကောင်းကင်ယံ တွင် နေမင်းကြီး တောက်ပနေကာ တိမ်တစ်ကင်း မှ မရှိချေ။

တောင်ကုန်းလေး အနီးတစ်ဝိုက် တွင် စိမ်းလန်းမှု အနည်းငယ် ရှိသည်မှလွဲ၍ ပတ်ဝန်းကျင် တစ်ခုလုံး မှာ သဲကန္တာရ ကဲ့သို့ ခြောက်သွေ့နေလေသည်။

"ဂိုဏ်းက လူလား"

အသက် သုံးဆယ် ကျော် အရွယ်ခန့် ရှိသော အစောင့် တစ်ဦး က ကျန်းမန် ကို ယဉ်ကျေးစွာ မေးလိုက်လေသည်။

"တံဆိပ်ပြား ပါလား"

ကျန်းမန် တံဆိပ်ပြားကို ပေးလိုက်ရာ၊ တစ်ဖက်လူ စစ်ဆေးပြီးနောက် ပိုမို ရိုသေသွားလေသည်။

"အဖွဲ့ခေါင်းဆောင် မျိုးရိုးနာမည် ဘယ်လို ခေါ်ပါလဲ ခင်ဗျာ"

"ကျန်းမန်"

ကျန်းမန် က ပြန်ဖြေလိုက်လေသည်။

အစောင့် က ခေါင်းညိတ်လိုက်လေသည်။

"အဖွဲ့ခေါင်းဆောင်ကျန်း ကျွန်တော် နဲ့ လိုက်ခဲ့ပါ"

ကျန်းမန် နောက်မှ လိုက်သွားရာ၊ အရှေ့တွင် ဈေးတန်းလေး တစ်ခု ကို တွေ့လိုက်ရသဖြင့် အတော်လေး သိချင်စိတ် ဖြစ်သွားခဲ့လေသည်။

"ဒီ နေရာက ဘာလုပ်တဲ့ နေရာလဲ"

"အဖွဲ့ခေါင်းဆောင်ကျန်း ဝင်လာတုန်းက ဘယ်လို ခံစားရလဲ"

အစောင့် က မေးလိုက်လေသည်။

ကျန်းမန် ကောင်းကင် သို့ မော့ကြည့်ကာ ပြောလိုက်လေသည်။

"ပူတယ်"

ဒီနေရာက တကယ်ကို ပူတယ်၊ လူကို အနည်းငယ် နေမထိထိုင်မသာ ဖြစ်စေတယ်။

တက်ကြွမှုတွေ အားလုံးကို နေလှန်းခံလိုက်ရသလို ပဲ။

အစောင့် ခေါင်းညိတ်လိုက်ပြီး အသေးစိတ် ရှင်းပြလေသည်။

"ဟုတ်ပါတယ် ဒီနေရာက အစွန်းရောက် ရာသီဥတု တွေက သဘာဝအတိုင်း ဖြစ်နေတာ မဟုတ်ဘူး၊ ဒီနေရာ မှာ မိစ္ဆာနတ်ဘုရား တစ်ပါး ကျဆုံးခဲ့ဖူးတယ် လို့ ပြောကြတယ်၊ ဒါကြောင့် ပြောင်းလဲမှု တွေ အများကြီး ဖြစ်ပေါ်လာပြီး၊ အဲဒီ ပြောင်းလဲမှုတွေကနေ မိစ္ဆာသားရဲတွေ မွေးဖွားလာတာ"

"ဒီ မိစ္ဆာသားရဲတွေက အချင်းချင်း သတ်ဖြတ်ပြီး စားသောက်ကြတယ်"

"စားသောက်လေလေ ရာသီဥတု က ပိုပူလာလေလေပဲ"

"ဂိုဏ်း ရဲ့ မှတ်တမ်း တွေ အရ၊ စားသောက်မှုက ကန့်သတ်ချက် တစ်ခု အထိ ရောက်သွားရင်၊ အပူချိန် က အစွမ်းထက်တဲ့ ကျင့်ကြံသူတွေတောင် ရပ်တည်လို့ မရနိုင်တဲ့ အထိ ဖြစ်သွားပြီး၊ မိစ္ဆာနတ်ဘုရား က မိစ္ဆာသားရဲ တွေရဲ့ ခန္ဓာကိုယ် ထဲမှာ ပြန်လည် ရှင်သန်လာလိမ့်မယ် တဲ့"

"ဒါကြောင့် ကျွန်တော်တို့ လုပ်ရမယ့် အလုပ်က အပူချိန် က သတိပေး မျဉ်း တစ်ခုအထိ ရောက်လာရင်၊ အထဲက မိစ္ဆာသားရဲတွေကို ဝင်ရောက် သတ်ဖြတ်ပြီး ဒီ စားသောက်မှုတွေကို နှေးကွေးသွားအောင် လုပ်ရမှာ"

"သေချာပေါက် အရေးအကြီးဆုံးကတော့ အစွမ်းအထက်ဆုံး မိစ္ဆာသားရဲ ကို ရှာဖွေပြီး သတ်ဖြတ်ပစ်ဖို့ပဲ"

ကျန်းမန် ခေါင်းညိတ်လိုက်သည်၊ အကြမ်းဖျင်းတော့ နားလည်သွားပြီ။

ဒီနေရာ က လေ့ကျင့်ရေး ဆိုတာ မိစ္ဆာသားရဲတွေကို သတ်ဖြတ်ဖို့ပဲ၊ ကြည့်ရတာ အန္တရာယ် များမယ့် ပုံပဲ။

ဒီကို ဝင်လာတဲ့ လူတွေ က ဒီနေရာ မှာ စိတ်အာရုံ တွေကို ပိတ်လှောင်ခံရနိုင်တယ် ဆိုတဲ့ ကိစ္စ ကို သိကြရဲ့လား ဆိုတာကို ကျန်းမန် သိချင်သွားတယ်။

သူ လည်း မေးကြည့်လိုက်တယ်။

အစောင့် က ကျန်းမန် ကို ကြည့်တဲ့ အကြည့် က တော်တော်လေး ထူးဆန်းနေတယ်။

"ဝင်လာတဲ့ လူတွေ အများစု က ဘာအနာဂတ်မှ မရှိတော့တဲ့ သူတွေ၊ ဒါမှမဟုတ် ဂိုဏ်း ရဲ့ ကျင့်ကြံစရိတ်ကို မတတ်နိုင်တော့တဲ့ သူတွေ၊ တခြား လျှောက်စရာ လမ်းကောင်း ရှိရင် ဘယ်သူ က ဒီကို ဝင်လာမှာလဲ"

သူ က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"အဖွဲ့ခေါင်းဆောင်ကျန်း လည်း အဲဒီလို မဟုတ်ဘူးလား"

ကျန်းမန် ပြုံးရုံသာ ပြုံးနေပြီး ဘာမှ မဖြေခဲ့ချေ。

ဒီနေရာ အကြောင်း သေချာ အရင် လေ့လာပြီးမှ တခြား ကိစ္စတွေ ပြောတာပေါ့။

သေချာပေါက် သူက လမ်းဆုံးနေတာ မဟုတ်ပါဘူး။

သူ့ကို ပိတ်လှောင်ဖို့လား။

မဖြစ်နိုင်ဘူး။

ထို့နောက် ကျန်းမန်သည် ဈေးတန်းလေး၏ ပထမဆုံး အခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့လေသည်။

ဝင်သွားသည့် အခါတွင် ကျန်းမန် သည် လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး အရှေ့ရှိ သဲပုံစံငယ် ကို ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

ဒီနေရာ ရဲ့ မြေပုံ ဖြစ်လောက်တယ်။

"တာဝန်ခံကြီး၊ အဖွဲ့ခေါင်းဆောင် တစ်ယောက် ရောက်လာပါတယ်"

အစောင့် က သတင်းပို့လိုက်လေသည်။

ထို့နောက် ထွက်သွားခဲ့လေသည်။

လူလတ်ပိုင်း အရွယ် အမျိုးသားသည် သဲပုံစံငယ် ကို ကြည့်ကာ အချိန်အတော်ကြာ စဉ်းစားနေပြီး အသံ ကို မကြားလိုက်ပုံ ရလေသည်။

ကျန်းမန် လည်း ဂရုမစိုက်ဘဲ သဲပုံစံငယ် အရှေ့တွင် ရပ်ကာ စိုက်ကြည့်နေလိုက်လေသည်။

အပေါ်တွင် မိစ္ဆာသားရဲများ၏ အမှတ်အသား အချို့ နှင့် အလံ အမှတ်အသား အချို့ ရှိသော်လည်း အချို့သော မိစ္ဆာသားရဲများ စုဝေးရာ နေရာများတွင် အမှတ်အသား မရှိချေ။

"မင်းကို ဘယ်သူက နောက်ပေါက် ကနေ သွင်းပေးလိုက်တာလဲ"

လူလတ်ပိုင်း အရွယ် အမျိုးသား က ခေါင်းမမော့ဘဲ မေးလိုက်လေသည်။

ကျန်းမန် အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်လေသည်။

"စီနီယာမမ တစ်ယောက် ဖြစ်လောက်တယ်၊ ဒါပေမယ့် သူ ဘယ်သူ့ကို အကူအညီ တောင်းလိုက်လဲ ဆိုတာတော့ ကျွန်တော်လည်း မသိဘူး"

ထိုစကားကို ကြားသော် လူလတ်ပိုင်း အရွယ် အမျိုးသား က အနည်းငယ် အံ့ဩစွာ ခေါင်းမော့လာခဲ့လေသည်။

"မင်း က တော်တော် ရိုးသားတာပဲ၊ ဒါပေမယ့် အဖွဲ့ခေါင်းဆောင်က တာဝန် ယူရမယ် ဆိုတာကို မင်း နားလည်လား"

ကျန်းမန် က နှုတ်ဆက် ဂါရဝ ပြုလိုက်လေသည်။

"တာဝန်ခံကြီး လမ်းညွှန်ပေးပါ"

တာဝန်ခံက ကျန်းမန် ကို ပြုံးလျက် ကြည့်နေလေသည်။

ကျန်းမန် နားလည်သွားပြီး ဝိညာဉ်ကျောက်တုံး တစ်ရာကို ပေးလိုက်လေသည်။

"တော်တော်လေး ချမ်းသာတာပဲ"

တာဝန်ခံ က ကျန်းမန် ကို ဝိညာဉ်ကျောက်တုံး ငါးဆယ် ပြန်ပေးကာ ပြောလိုက်လေသည်။

"ဒီလောက်ဆို လုံလောက်ပြီ"

ကျန်းမန်က ဝိညာဉ်ကျောက်တုံး ကို ပြန်ယူလိုက်သည်၊ ပြန်ပေးတာကို ဒါ ပထမဆုံး အကြိမ် မြင်ဖူးတာပဲ။

"ဒီက အလံက အဖွဲ့ တစ်ဖွဲ့ ကို ကိုယ်စားပြုတယ်၊ အဖွဲ့ တစ်ဖွဲ့ မှာ လူ လေးယောက် ရှိတယ်၊ အဖွဲ့ခေါင်းဆောင် တစ်ယောက် နဲ့ အဖွဲ့ဝင် သုံးယောက်၊ အဖွဲ့ခေါင်းဆောင်က ဆုံးဖြတ်ချက် ချရမယ်"

"ပထမ အချက်၊ မင်းက အဖွဲ့ဝင်တွေကို မင်း ညွှန်ကြားတာကို နားထောင်အောင် လုပ်ရမယ်"

"ဒုတိယ အချက်၊ မင်းက သူတို့ နဲ့ ပူးပေါင်းပြီး အမဲလိုက်တာကို အောင်မြင်အောင် လုပ်ရမယ်"

"တတိယ အချက်၊ မိစ္ဆာဘုရင်ရဲ့ နေရာ ကို စုံစမ်းရမယ်"

"နောက်ဆုံး အချက်က ကျရှုံးလို့ ရပေမယ့် ဒုတိယ အချက်ကတော့ မဖြစ်မနေ အောင်မြင်ရမယ်"

"တကယ်လို့ ကျရှုံးသွားရင် ပြဿနာ တစ်ခုခု ဖြစ်နိုင်တယ် လို့ အဓိပ္ပာယ်ရတယ်၊ ငါတို့ လူ လွှတ်ပြီး သွားကြည့်ရမယ်၊ ဒါက လျော်ကြေး နည်းနည်း ပေးရမယ်"

"ဘယ်လိုပဲဖြစ်ဖြစ် လူ လွှတ်ရတာ ဝိညာဉ်ကျောက်တုံးတွေ ကုန်တယ် လေ"

"ရိုးရိုးလေး ပြောရရင်၊ တကယ်လို့ မင်း ကျရှုံးသွားရင်၊ နောက်ဆုံးတော့ တစ်ပြား မှ မရတဲ့ အပြင် မင်းရဲ့ အဖွဲ့ဝင်တွေကလည်း မင်းကို မကျေမနပ် ဖြစ်ကြလိမ့်မယ်"

"အဲဒီကျရင် နောက်ထပ် အဖွဲ့ ပြန်ဖွဲ့ဖို့ ဆိုတာ မလွယ်တော့ဘူး"

"ပထမ တစ်ကြိမ် ကတော့ ငါ တိုက်ရိုက် ခွဲဝေပေးမယ်၊ ဒုတိယ အကြိမ် ကစပြီး မင်း ကိုယ်တိုင် လူရှာရတော့မယ်"

"သေချာပေါက် ငါ ခွဲဝေပေးလို့ လည်း ရပါတယ်၊ ဒါပေမယ့် အန္တရာယ် တော့ ရှိတယ်"

"ငါလည်း အန္တရာယ် မယူချင်ဘူး"

"အရေးပေါ် အခြေအနေ ကလွဲလို့ပေါ့"

ကျန်းမန် အနည်းငယ် စဉ်းစားပြီးနောက် မေးလိုက်လေသည်။

"ဒါဆို ဒီက လူတွေက ဂိုဏ်း ရဲ့ လူတွေ လို့ သတ်မှတ်လို့ ရသေးလား"

"ရတယ်"

လူလတ်ပိုင်း အရွယ် တာဝန်ခံ က ခေါင်းညိတ်လိုက်လေသည်။

"ဒါပေမယ့် အားလုံးက အဆင့်တက် ဖို့ အရမ်း ခက်ခဲနေကြတယ်၊ ဒါပေမယ့် ဝိညာဉ်ကျောက်တုံး တွေ အများကြီး ရှာလို့ ရတယ်"

"သည်းခံပြီး နေသွားရင် အခွင့်အရေး ရလာနိုင်တယ်"

"မင်း ဒီလောက် ငယ်ငယ်ရွယ်ရွယ် နဲ့ ဝင်လာတာ၊ လူ တစ်ယောက်ယောက်ကို စော်ကားမိလို့လား"

"သူတို့ကို အားစိုက်ထုတ်ပြီး မင်းကို သေတွင်းထဲ နောက်ပေါက်ကနေ ပို့ခိုင်းရအောင်လေ"

ကျန်းမန် ကြောင်အမ်းသွားခဲ့လေသည်။

"အဲဒီလို ဖြစ်နေတာလား"

"မဟုတ်ရင် ဘယ်လို ဖြစ်ရမှာလဲ"

လူလတ်ပိုင်း အရွယ် တာဝန်ခံ က ပြုံးလျက် ပြောလိုက်လေသည်။

"ဒါပေမယ့် မင်း အရမ်း အများကြီး စဉ်းစားမနေပါနဲ့၊ မင်း ဒီလောက် ငယ်သေးတာ ပြန်သွားဖို့ လည်း လွယ်ပါတယ်၊ ကန့်သတ်ချက် သိပ်မရှိဘူး"

"ဒါပေမယ့် မင်း သိထားရမှာက ဒီနေရာ က ရေတွင်း တစ်တွင်း လိုပဲ"

"ဝင်လာတဲ့ လူတွေ က ဘယ်လောက်ပဲ မြန်မြန် ပြန်ထွက်သွားပါစေ၊ စိတ်ထဲမှာ သော့ခလောက် တစ်ခု ကျန်ခဲ့လိမ့်မယ်"

"ဒါက မိစ္ဆာနတ်ဘုရားရဲ့ နည်းလမ်းပဲ"

"သေချာပေါက် သော့ခလောက် တစ်ခု ရှိနေမှာလား"

ကျန်းမန် က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"ရှိမှာပါ ဒီ သော့ခလောက်က မင်း အဆင့်ကျော်ဖြတ် တဲ့ အခါ စိတ်ပိုင်းဆိုင်ရာ အဟန့်အတား တွေ ဖြစ်လာစေမယ်၊ အဟန့်အတားတွေ ပိုခိုင်မာလာစေမယ်၊ ဒါကြောင့် ရန်ငြိုး မရှိဘဲ ဘယ်သူ က မင်းကို နောက်ပေါက်ကနေ ဒီကို ပို့မှာလဲ"

တာဝန်ခံက ကျန်းမန် ကို လေးလေးနက်နက် ကြည့်ကာ ပြောလိုက်လေသည်။

ကျန်းမန် အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်လေသည်။

"ဒီ ရေတွင်းက ကျွန်တော့်ကို မပိတ်လှောင်နိုင်ဘူး ဆိုတာမျိုး ရော ဖြစ်နိုင်ခြေ ရှိလား"

ထိုစကားကို ကြားသော် တာဝန်ခံ က ရယ်မောလိုက်ပြီး ဘာမှ မဖြေဘဲ ပြောလိုက်လေသည်။

"ဒီလို စကားမျိုးတွေကို ငါ အကြိမ်ပေါင်းများစွာ ကြားဖူးတယ်"

ကျန်းမန် ခေါင်းညိတ်လိုက်ပြီး ထိုကိစ္စများကို ဆက်မပြောတော့ဘဲ ဝိညာဉ်ကျောက်တုံး အကြောင်းကို မေးလိုက်လေသည်။

"မိစ္ဆာသားရဲ နဲ့ သတင်း အချက်အလက် အပေါ် မူတည်ပြီး တွက်တယ်၊ တစ်ကောင် ကို ဝိညာဉ်ကျောက်တုံး ငါးရာ၊ ဘယ်လို ခွဲမလဲ ဆိုတာကတော့ မင်းတို့ အပိုင်းပဲ"

"အဖွဲ့ တစ်ဖွဲ့ က ပုံမှန်အားဖြင့် မိစ္ဆာသားရဲ ငါးဆယ်ကောင် လောက် သတ်နိုင်တယ်၊ အချိန် အားဖြင့် ဆယ်ရက်လောက် ကြာတယ်"

တာဝန်ခံ က ကျန်းမန် ကို ဆက်လက် ရှင်းပြလေသည်။

"တကယ်လို့ မိစ္ဆာဘုရင် ရဲ့ သတင်း ရှိရင်၊ သတင်း သက်သက် ဆိုရင် ဝိညာဉ်ကျောက်တုံး ငါးထောင်၊ နောက်ယောင်ခံ လိုက်နိုင်ရင် တစ်သောင်း၊ သတ်နိုင်ရင် ငါးသောင်း"

ကျန်းမန် ခေါင်းညိတ်လိုက်လေသည်။

ဆယ်ရက် ကို နှစ်သောင်းခွဲ၊ ပမာဏ အကြီးကြီးပဲ။

"ဘယ်တော့ ထွက်ရမလဲ"

သူက ချက်ချင်း မေးလိုက်လေသည်။

သေချာပေါက် အခက်အခဲကိုလည်း သိထားသင့်ပါတယ်။

ကံကောင်းတာက အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်းအဆင့်ဆိုရင် ပေါ့ဆ မနေဘူး ဆိုရင် အကုန် ရင်ဆိုင်နိုင်တယ်။

ထိုနေ့ နေ့လယ်ပိုင်းတွင် တာဝန်ခံသည် ကျန်းမန် အတွက် လူ သုံးယောက် ချထားပေးလိုက်လေသည်။

အားလုံး က အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်းအဆင့်တွေချည်းပါပဲ။

ကျန်းမန် ထွက်သွားသည်ကို ကြည့်ရင်း တာဝန်ခံ သည် ခေါင်းအနည်းငယ် ခါပြလိုက်လေသည်။

"လူငယ် သွေးဆူတဲ့ လူတစ်ယောက် နောက်ထပ် အလိမ်ခံရပြီး ဝင်လာပြန်ပြီ"

"တကယ့် ပါရမီရှင်တွေက ပိတ်လှောင်ခံရမှာ မဟုတ်ဘူး လို့ သူ့ကို ပြောထားလောက်တယ်"

"တကယ်လို့ အဲဒီလို သာ ဆိုရင် ဘာလို့ ပါရမီရှင်တွေက ဝင်ခွင့် လျှောက်လို့ တောင် မရတာလဲ ဆိုတာကို စဉ်းစားမကြည့်ဘူးလား"

ထို့နောက် သူ သည် အများကြီး ဆက်မတွေးတော့ချေ၊ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော ကိစ္စများ အများအပြား ရှိပြီး မြင်ဖန်များလာသောအခါ ထုံပေပေ ဖြစ်သွားသောကြောင့်ပင် ဖြစ်လေသည်။

ကျန်းမန် ၏ အဆုံးသတ်ကိုပင် သူ ကြိုတင် ခန့်မှန်းနိုင်လေသည်။

ဤတစ်ကြိမ် မိစ္ဆာသားရဲ အမဲလိုက်ရာတွင် အတွေ့အကြုံ မရှိခြင်း၊ ခေါင်းမာခြင်း တို့ကြောင့် နောက်ဆုံးတွင် အရှုံးပေါ်ကာ ပြန်လာရမည်။

ထို့နောက် ဆက်လက် စိန်ခေါ်သော်လည်း အလျင်စလို အောင်မြင်ချင်စိတ် ကြောင့် ဆက်တိုက် ကျရှုံးရမည်။

နောက်ဆုံးတွင် စိတ်ဓာတ်များ ပြေလျော့သွားပြီး ခက်ခက်ခဲခဲ ရှင်သန်ရသူ တစ်ဦး ဖြစ်လာမည်။

ကျင့်ကြံသူ ကြီး ဖြစ်လာမည့် အိပ်မက် များ မရှိတော့ဘဲ လက်ရှိ အသက်ရှင် ရပ်တည်ရေး အတွက်သာ အလုပ်လုပ်ရတော့မည်။

နောက်ဆုံးတွင် အတိတ် ကို ပြန်လည် တွေးတောမိသောအခါ လူငယ် ဘဝ ၏ သွေးဆူ ခဲ့မှု များကို နောင်တရကာ နှမြောတသမှု များဖြင့် ပြည့်နှက်နေရမည်။

————

ရှေးဟောင်း ခြံဝင်းငယ်

ချင်းတိုက်သည် အပြင်မှ ဝင်လာပြီး သခင်မလေး သစ်ပင်အောက်တွင် ရပ်ကာ သစ်ရွက်များ ကို မော့ကြည့်ရင်း ဘာတွေ တွေးနေမှန်း မသိသည်ကို တွေ့လိုက်ရလေသည်။

"သခင်မလေး၊ လူငယ် ပါရမီရှင်ဘက်က သတင်း ရောက်လာပြီ"

ချင်းတိုက် က တိုးတိုးလေး ပြောလိုက်လေသည်။

ထိုစကားကို ကြားသော် မုန့်ချဲ့ဝေ့ အနည်းငယ် အံ့ဩသွားပြီး ပြောလိုက်လေသည်။

"ပြိုင်ဘက်ကင်း ပါရမီရှင် ကံကြမ္မာဇယားကို ရှာတွေ့သွားပြီလား"

"အဲဒါတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ဝူယွင်ဂိုဏ်း မှာ ထူးထူးဆန်းဆန်း ကိစ္စ တချို့ ဖြစ်သွားတယ်"

ချင်းတိုက် က ပြုံးရွှင်စွာ ပြောလိုက်လေသည်။

"ဟိုဘက်မှာ လူတစ်ယောက်က ဦးဆောင်ပြီး ညအိပ်ပျက်ခံ ကျင့်ကြံကြတယ် တဲ့၊ ပြီးတော့ တခြားလူတွေရဲ့ အကျိုးစီးပွားကို နှောင့်ယှက်မိသွားလို့"

"တိုင်ကြားခံလိုက်ရတယ်"

"တရားမဝင် ကျင့်ကြံတယ် ဆိုပြီး ဝူယွင်ဂိုဏ်းကို ဖမ်းခိုင်းထားတယ်"

မုန့်ချဲ့ဝေ့၏ မျက်နှာ အမူအရာသည် တည်ငြိမ်နေပြီး ကုလားထိုင် ပေါ်တွင် ဝင်ထိုင်ကာ နှုတ်ခမ်း ို ဖွင့်၍ ပြောလိုက်လေသည်။

"အင်မော်တယ် ဂိုဏ်းရဲ့ ကြီးမားတဲ့ အုပ်ချုပ်မှု ပြီးနောက်မှာ၊ကျင့်ကြံရေး စနစ် က ပြောင်းလဲသွားတယ် ညအိပ်ပျက်ခံ ပြီး ကျင့်ကြံတာက တကယ်ပဲ အတိုင်းအတာ တစ်ခု အထိ ထိခိုက်မှု ရှိတယ်"

"ဒါဆို ညအိပ်ပျက်ခံ ပြီး ပထမ ရလာတဲ့ သူက ပါရမီရှင် လို့ သတ်မှတ်လို့ ရလား"

ချင်းတိုက်က မေးလိုက်လေသည်။

All Chapters