← Chapters

အခန်း ၁၄၄

Vol. 10 Ch. 144

အခန်း ၁၄၄

Vol. 10 Ch. 144

အခန်း (၁၄၄) မင်း ပြိုင်ဘက်ကင်း ပါရမီရှင်ကို မြင်ဖူးလား

ညအိပ်ပျက်ခံပြီး ရလာတဲ့ ပထမနေရာကို ပါရမီရှင်လို့ သတ်မှတ်လို့ ရလား

ဒီမေးခွန်းက မုန့်ချဲ့ဝေ့ကို စဉ်းစားမနေစေဘဲ ဘယ်လို ကျင့်ကြံမှုအဆင့်လဲ ဆိုတာကိုပဲ မေးလိုက်လေသည်။

ရရှိသော အဖြေမှာ အခြေခံတည်ဆောက်ခြင်းပင် ဖြစ်လေသည်။

"အခြေခံတည်ဆောက်ခြင်း"

မုန့်ချဲ့ဝေ့သည် လက်ဖက်ရည်ခွက်ကို ကိုင်ကာ တည်ငြိမ်စွာ ပြောလိုက်လေသည်။

"မင်းတို့ ဘယ်တုန်းက ဒီလောက်တောင် အားနေရတာလဲ အခြေခံတည်ဆောက်ခြင်း အဆင့် ညအိပ်ပျက်ခံတာကိုတောင် ဂရုစိုက်နေရသေးတယ်"

ချင်းတိုက်က ပြုံးလျက် ပြောလိုက်လေသည်။

"မျိုးဆက်သစ် ပါရမီရှင်တွေဆီက ရောက်လာတဲ့ သတင်းလေ အရင်က ဂရုစိုက်သင့်တဲ့ ပါရမီရှင် တချို့ ရှိတယ်ဆိုတာ မဟုတ်လား"

"အဲဒီ ပါရမီရှင်တွေထဲက တစ်ယောက်က ဦးဆောင်ပြီး ညအိပ်ပျက်ခံ ကျင့်ကြံနေတာတဲ့"

"ပြီးတော့ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်လိုလုပ် အိပ်ပျော်နိုင်မှာလဲတဲ့"

မုန့်ချဲ့ဝေ့ ရေအေး သောက်ရင်း ပြောလိုက်လေသည်။

"ပြီးတော့ကော"

ချင်းတိုက်က လက်ဖက်ရည် ငှဲ့ပေးရင်း ရှင်းပြလိုက်လေသည်။

"ပြီးတော့ သူက ညအိပ်ပျက်ခံ ကျင့်ကြံပြီး ပထမနေရာ ရသွားတယ် အဲဒီတော့ သူ ဒီလို ညအိပ်ပျက်ခံတာက တစ်ရက်ကို တခြားသူတွေထက် အချိန် တစ်ဝက်လောက် ပိုပြီး ကျင့်ကြံလိုက်ရသလို ဖြစ်သွားတာပေါ့"

"နှစ်ရက်ဆိုရင် တခြားသူတွေ သုံးရက်နဲ့ ညီမျှတယ် နှစ်နှစ်ဆိုရင် သုံးနှစ်နဲ့ ညီမျှတယ်"

"အဋ္ဌမမြောက် ခြံဝင်းမှာ ရှိနေတုန်းက သတ္တမမြောက် ခြံဝင်းကို အနိုင်ယူသွားတယ်"

"ဒါပေမယ့် တခြားလူတွေက ညအိပ်ပျက်ခံခဲ့တာ မဟုတ်ဘူးလေ"

"ဒီလို အခြေအနေမျိုးမှာ ဒီ ပထမနေရာက သူတို့ထဲမှာ အစွမ်းအထက်ဆုံး ပါရမီရှင်လို့ သတ်မှတ်လို့ ရလား"

"တကယ်လို့ တခြားလူတွေကလည်း လိုက်ပြီး ညအိပ်ပျက်ခံကြမယ်ဆိုရင် သူက တခြား ပါရမီရှင်တွေလောက် မတော်တော့ဘူး မဟုတ်လား"

"ဒါကြောင့် ညအိပ်ပျက်ခံပြီး ရလာတဲ့ ပထမနေရာကို ပါရမီရှင်လို့ သတ်မှတ်လို့ ရလား"

မုန့်ချဲ့ဝေ့ မျက်ခုံး အနည်းငယ် ပင့်ကာ ချင်းတိုက်ကို ကြည့်ပြီး ပြောလိုက်လေသည်။

"မင်းတို့က တကယ်ကို အားနေကြတာပဲ"

"သခင်မလေး စိတ်ဝင်စားစရာ ကောင်းတယ်လို့ မထင်ဘူးလား"

ချင်းတိုက်က မေးလိုက်လေသည်။

ပြောရင်းနှင့် သူမ ဆက်ပြောလေသည်။

"အရင်တစ်ခေါက် စာရင်းထဲမှာ လူတစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့် တက်တာ အရမ်း မြန်နေတယ်ဆိုတာကို ငါတို့ တွေ့ခဲ့တယ် မဟုတ်လား"

"ပြီးတော့ အထူး ဂရုစိုက်ဖို့ လိုတယ်လို့တောင် ထင်ခဲ့သေးတယ်လေ"

"အဲဒါက ဟို ကျန်းမန်ပဲ"

"တကယ်တော့ ညအိပ်ပျက်ခံပြီး ရလာတာကိုး"

"အခု သူတို့က ဒီလူကို ပါရမီရှင်လို့ သတ်မှတ်လို့ ရမရ ဆိုတာကို ဆွေးနွေးနေကြပြီ"

မုန့်ချဲ့ဝေ့ တိတ်တဆိတ် နားထောင်နေပြီး ကိုယ့်ဘာသာ ရေ ဆက်သောက်နေလိုက်လေသည်။

အချိန်အတော်ကြာသည်အထိ စကားမပြောခဲ့ချေ။

ထိုအကြောင်းအရာကို သိပ်ပြီး စိတ်မဝင်စားသည့် ပုံစံပင် ဖြစ်လေသည်။

ထို့နောက်မှသာ ပြောလိုက်လေသည်။

"ဂိုဏ်းတွေက အခြေခံတည်ဆောက်ခြင်း အဆင့် ညအိပ်ပျက်ခံတာကို ဂရုစိုက်မှာ မဟုတ်ဘူး"

ထိုစကားကို ကြားသော် ချင်းတိုက်က လှပစွာ ပြုံးလိုက်လေသည်။

"ဒီတစ်ခေါက်တော့ ဝူယွင်ဂိုဏ်းက တကယ်ပဲ ဂရုစိုက်လိုက်တယ် အဓိကကတော့ ကိစ္စတစ်ခု ဖြစ်သွားလို့ ဒီ ကျန်းမန်က လူတိုင်းကို ရိုက်နှက်လိုက်တော့ လူတော်တော်များများကို ဒေါသထွက်စေခဲ့တယ် နောက်ကွယ်မှာ ပုန်းနေတဲ့ လူတချို့က သူ့ကို ဘာမှ လုပ်လို့ မရတော့ သူ့ကို သင်ပေးတဲ့သူ သူ့ကို ရင်းနှီးမြှုပ်နှံထားတဲ့သူတွေကို တိုင်ကြားလိုက်ကြတယ်"

"ဒီလူက တော်တော်လေး ဇာတ်လမ်းဆန်တယ်"

"အခု မျိုးနွယ်စုက ဒီ ညအိပ်ပျက်ခံ ပါရမီရှင်ကို တော်တော်လေး ဂရုစိုက်နေကြတယ်"

"သူ ရွှေအမြုတေ တည်ဆောက်နိုင်မလား ဆိုတာကို စောင့်ကြည့်ဖို့ပေါ့"

"တခြား ပါရမီရှင်တွေက စွမ်းတယ်ဆိုပေမယ့် လျှောက်တဲ့ လမ်းက အရင် ပါရမီရှင်တွေနဲ့ သိပ်မကွာဘူးလေ"

"ဇာတ်လမ်းဆန်မှု မလုံလောက်ဘူး"

မုန့်ချဲ့ဝေ့ လက်ဖက်ရည်ခွက်ကို ချကာ မေးလိုက်လေသည်။

"အပြင်က လူတွေက ဘယ်လို ထင်ကြလဲ"

"တချို့လူတွေကတော့ အရင်းအမြစ်တွေ ရဖို့ ခက်ခဲတယ် ဒါပေမယ့် ညအိပ်ပျက်ခံတာကိုတော့ လူတိုင်း လုပ်နိုင်တယ်ဆိုတော့ ဒါက အားသာချက်လို့ မသတ်မှတ်နိုင်ဘူးတဲ့ အများဆုံး နှစ်နှစ် သုံးနှစ်လောက်ပဲ အားသာချက် ရှိမှာ ဒါပေမယ့် နောက်လူတွေက ညအိပ်ပျက်ခံတာကို လိုက်လုပ်လာပြီး အားသာချက်က သူ့ထက် ပိုများလာရင် သူက ပါရမီရှင် မဟုတ်တော့ဘူးတဲ့"

ချင်းတိုက်က သခင်မလေးကို ရေငှဲ့ပေးပြီးနောက် ဆက်ပြောလေသည်။

"ဒါပေမယ့် တချို့လူတွေကကျတော့ ညအိပ်ပျက်ခံတာက စိတ်အာရုံကို ထိခိုက်စေတယ် ဒါက အင်မော်တယ်ဂိုဏ်းရဲ့ ကြီးမားတဲ့ အုပ်ချုပ်မှု ပြီးနောက်မှာ သတ်မှတ်ထားတာ အလကား စကား မဟုတ်ဘူး ဒါပေမယ့် သူက နှစ်ပေါင်းများစွာ ညအိပ်ပျက်ခံနေတာတောင် စိတ်အာရုံကို မထိခိုက်စေရုံသာမက တခြားလူတွေကိုပါ ညအိပ်ပျက်ခံ ကျင့်ကြံတဲ့ လမ်းကြောင်းပေါ် ခေါ်ဆောင်သွားနိုင်ခဲ့တယ်တဲ့"

"ဘယ်သူမှ မလုပ်ရဲတာကို လုပ်ရဲတယ် အင်မော်တယ်ဂိုဏ်းရဲ့ စည်းမျဉ်းတွေကို ဖြိုဖျက်ပြီး ကျင့်ကြံခြင်း လမ်းကြောင်း အသစ်ကို ဖွင့်လှစ်နိုင်ခဲ့တယ်လေ"

"သူက ပါရမီရှင် မဟုတ်ရင် ဘယ်သူက ပါရမီရှင် ဖြစ်မှာလဲ"

"သေချာပေါက် တချို့လူတွေကတော့ အခု ညအိပ်ပျက်ခံလို့ ဘာမှ မဖြစ်ပေမယ့် နောက်ပိုင်း အဆင့်တက်ဖို့ နည်းလမ်းတွေကို သင်ယူတဲ့ အခါကျရင် စိတ်နှောင့်ယှက်မှုတွေ ဝင်လာလိမ့်မယ်လို့ ထင်ကြတယ်"

"ပါရမီရှင်ရဲ့ လမ်းကြောင်းက ပြတ်တောက်သွားမှာပေါ့"

"အခြေခံတည်ဆောက်ခြင်းလို အဆင့်ငယ်လေးမှာ တခြားသူတွေထက် ခြေတစ်လှမ်း စောနိုင်ဖို့အတွက် ကိုယ့်ရဲ့ အနာဂတ်ကို ဖျက်ဆီးပစ်စရာ မလိုပါဘူးတဲ့"

"ကျင့်ကြံခြင်း လမ်းခရီးက ရှည်လျားတယ် အခြေခံတည်ဆောက်ခြင်းကို ခိုင်ခိုင်မာမာ လျှောက်နိုင်မှ ရမှာတဲ့"

မုန့်ချဲ့ဝေ့ လက်ဖက်ရည်ခွက်ထဲက လက်ဖက်ခြောက်များကို ကြည့်ကာ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့လေသည်။

"လက်ဖက်ခြောက် အသစ်လေ မခါးပါဘူး"

ချင်းတိုက်က ချက်ချင်း ပြောလိုက်လေသည်။

ထိုစကားကို ကြားသော် မုန့်ချဲ့ဝေ့က မြည်းစမ်းကြည့်လိုက်ပြီး နောက်ဆုံးတွင် လွှင့်ပစ်လိုက်လေသည်။

ချင်းတိုက် နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။

"ဒီတစ်ခါကော ဘာဖြစ်လို့လဲ"

"ပန်းတွေကို ရေလောင်းဖို့ အချိန်တန်ပြီလေ"

မုန့်ချဲ့ဝေ့က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည် ခဏရပ်ပြီးနောက် သူမက မေးလိုက်လေသည်။

"အင်မော်တယ်ဂိုဏ်းက မကြာသေးခင်က ဘာလှုပ်ရှားမှု ရှိလဲ"

ချင်းတိုက်က ဖြေကြားလိုက်လေသည်။

"လုပ်ထုံးလုပ်နည်းတွေ အတိုင်း သွားနေတုန်းပဲ အချိန် တော်တော် ယူရဦးမယ် ထင်တယ် ဒါပေမယ့် သခင်မလေးကိုတော့ သေချာပေါက် စောင့်ကြည့်ခံရလိမ့်မယ် ပြီးတော့ တခြား မိသားစု နှစ်ခုက လူတွေလည်း စောင့်ကြည့်ခံနေရတယ် သူတို့က တံခါးပိတ် ကျင့်ကြံနေတယ်လို့ ပြောရင် ပြော မဟုတ်ရင် အချိန် အတိုင်းအတာ တစ်ခုအထိ ပျောက်ကွယ်သွားကြတာ"

"အခု တစ်ယောက်က ဒဏ်ရာရထားပြီး နောက်တစ်ယောက်က အရှိန်အဝါတွေ အရမ်း မြင့်တက်နေတယ်"

"အားလုံးက သံသယ ဖြစ်ခံနေရတာပဲ"

"ပြီးတော့ အင်မော်တယ်ဂိုဏ်းက အတွင်းပိုင်းက မိစ္ဆာနတ်ဘုရားကို စတင် စုံစမ်းနေပြီ"

"အတွင်းပိုင်းက မိစ္ဆာနတ်ဘုရား ထွက်ပြေးသွားတာလည်း ဖြစ်နိုင်တယ် ဒါပေမယ့် ဒီ လုပ်ငန်းစဉ်က နည်းနည်း ကြာလိမ့်မယ်"

"ဒါက သခင်မလေး ရှာနေတဲ့ မိစ္ဆာနတ်ဘုရား ဟုတ်မဟုတ် ဆိုတာကို စုံစမ်းဖို့ အခွင့်ကောင်းပဲ"

မုန့်ချဲ့ဝေ့ မိမိဘာသာ ရေတစ်ခွက် ငှဲ့လိုက်ပြီး ဘာတွေ တွေးနေမှန်း မသိချေ။

ခြောက်သွေ့သော တောင်လမ်းပေါ်တွင်….

ကျန်းမန်သည် ပူပြင်းသော နေရောင်အောက်တွင် လမ်းလျှောက်နေလေသည်။

ဈေးတန်းလေးမှ ထွက်လာကတည်းက သူသည် ခရီးဆက်နေခဲ့ခြင်းပင် ဖြစ်လေသည်။

အတိအကျ ဘယ်ဘက်ကို သွားရမည်ကို သူ မသိသော်လည်း အတူတူ သွားသည့် သုံးယောက်က အတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်သဖြင့် လမ်းမှန်ကို အလွယ်တကူ ရှာတွေ့နိုင်ခဲ့ကြလေသည်။

သူတို့ သုံးယောက်ထဲတွင် အမျိုးသမီး တစ်ယောက်နှင့် အမျိုးသား နှစ်ယောက် ပါဝင်လေသည်။

အားလုံးက မျက်နှာကို ပိတ်စများဖြင့် ဖုံးအုပ်ထားကြပြီး လမ်းကြည့်ရန် မျက်လုံးလောက်သာ ဖော်ထားကြလေသည်။

သူတို့ ပြောသည်မှာ ၎င်းက ရိုးရှင်းသော မှော်လက်နက် တစ်မျိုး ဖြစ်ပြီး သူတို့ကို အေးမြစေသည် ဟူ၍ပင် ဖြစ်လေသည်။

ထို့ကြောင့် ကျန်းမန်လည်း သူတို့ မည်သို့ ရုပ်ရည်မျိုး ရှိသည်ကို သေချာ မမြင်ရချေ။

အမျိုးသား နှစ်ယောက်ထဲမှ တစ်ယောက်က အလွန် အရပ်ရှည်ပြီး နောက်တစ်ယောက်ကမူ အနည်းငယ် ပိန်ပါးကာ အမျိုးသမီးနှင့် သိပ်မကွာလှပေ။

"တာဝန်ခံက မင်းတို့ကို ငါ့စကား နားထောင်ဖို့ ပြောထားတယ်နော် စကား နားမထောင်ရင် အားနာမှာ မဟုတ်ဘူး"

ကျန်းမန်က ပြောလိုက်လေသည်။

တာဝန်ခံက ထိုသို့ ပြောခဲ့သည်မှာ အမှန်ပင် ဖြစ်သော်လည်း ယဉ်ကျေးမှုအရ ပြောခြင်းသာ ဖြစ်လေသည်။

သူက အသုံးဝင်မဝင် သိချင်၍ တစ်ခေါက် ထပ်ပြောကြည့်ခြင်းပင် ဖြစ်လေသည်။

သူတို့ သုံးယောက် အချင်းချင်း ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်ကြလေသည်။

"ငါတို့ မင်း စကားကို နားထောင်လို့ ရတယ် ဒါပေမယ့် အတွေ့အကြုံနဲ့ သက်ဆိုင်တဲ့ ကိစ္စ တချို့မှာတော့ မင်း သေချာ စဉ်းစားပေးဖို့ မျှော်လင့်တယ်"

ကျန်းမန်က သူတို့ သုံးယောက်မှာ စကားပြောရ လွယ်ကူသည်ဟု ခံစားလိုက်ရပြီး ခဏရပ်ကာ မေးလိုက်လေသည်။

"ပုံမှန် အဖွဲ့တွေက ဝိညာဉ်ကျောက်တုံးကို ဘယ်လို ခွဲကြလဲ အညီအမျှ ခွဲတာလား"

"အများအားဖြင့် ဘယ်သူ ပိုသတ်နိုင်လဲ ဆိုတာအပေါ် မူတည်ပြီး ခွဲတာပေါ့"

အရပ်ရှည်ရှည် အမျိုးသားက ပြောလိုက်လေသည်။

ထိုစကားကို ကြားသော် ကျန်းမန် သက်ပြင်းချလိုက်လေသည်။

ဒါဆို တော်သေးတာပေါ့။

ပိုလုပ်လေ ပိုရလေ ပဲလေ။

"သွားဖို့ အချိန် ဘယ်လောက် ကြာမလဲ"

ကျန်းမန်က မေးလိုက်လေသည်။

"အကြမ်းဖျင်း ညနေစောင်းလောက်မှ ရောက်မယ် နေ့ဘက်မှာ မိစ္ဆာသားရဲတွေရဲ့ စွမ်းအားက ညဘက်ထက် တစ်ဆလောက် ပိုများတယ် ငါတို့ရဲ့ သုံးစွဲမှုကလည်း တစ်ဝက်လောက် ပိုများတယ် ဒီလို အတက်အကျတွေ ရှိနေတော့ ကွာဟချက်က တော်တော် ကြီးတယ်"

အမျိုးသမီးက ပြောလိုက်လေသည်။

ကျန်းမန်ကတော့ ဤအရာများကို ဂရုမစိုက်လှပေ သို့သော် ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သဖြင့် အခြေအနေ အတိအကျကို မသိရသေးမီတွင် သူတို့၏ အတွေ့အကြုံများအတိုင်း အရင် လုပ်ဆောင်ခြင်းက အကောင်းဆုံးပင် ဖြစ်လေသည်။

အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် အမျိုးသမီးက သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"မင်း ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီကို ဘယ်လို ရောက်လာတာလဲ"

ကျန်းမန် ကြောင်အမ်းသွားပြီး ပြောလိုက်လေသည်။

"ဒီကို လေ့ကျင့်ရေး လုပ်ဖို့ လာတာလေ"

လေ့ကျင့်ရေး လုပ်ဖို့…….

သူတို့ သုံးယောက် အံ့ဩသွားကြလေသည်။

ဘယ်သူက လေ့ကျင့်ရေး လုပ်ဖို့ ဒီကို လာမှာလဲ။

အကယ်၍ လေ့ကျင့်ရေး သက်သက် ဆိုလျှင် အဘယ်ကြောင့် ဝိညာဉ်ကျောက်တုံးများ ဤမျှ အများကြီး ပေးမှာလဲ။

ဝိညာဉ်ကျောက်တုံး သုံးပြီး လာရလျှင်တောင် ပို၍ ယုတ္တိတန်ဦးမည် ဖြစ်လေသည်။

ထို့ကြောင့် သူတို့ သုံးယောက်စလုံး ချက်ချင်း အဖြေတစ်ခု ရလိုက်လေသည်။ ဒီလူ အလိမ်ခံလိုက်ရပြီ ဟူ၍ပင် ဖြစ်လေသည်။

အနည်းငယ် တွေဝေသွားပြီးနောက် အရပ်ရှည်ရှည် အမျိုးသားက မေးလိုက်လေသည်။

"မင်း လယ်စိုက်တတ်လား"

ကျန်းမန် နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။

"တတ်တယ်လေ ငါ အသက် ခြောက်နှစ်ကတည်းက လယ်စိုက်ခဲ့တာ"

သူတို့ သုံးယောက် ခေါင်းငုံ့ကာ တိတ်ဆိတ်သွားကြလေသည်။

အတိတ်ကို ပြန်လည် သတိရသွားပုံ ရလေသည်။

အရပ်ရှည်ရှည် အမျိုးသားက ခဏရပ်ပြီးနောက် ပြောလိုက်လေသည်။

"ခဏနေရင် တတ်နိုင်သမျှ မလှုပ်ရှားနဲ့ ငါတို့ကို ပေးလုပ်ပါ ဒီတစ်ခေါက် ပြီးရင် မင်း မြန်မြန် ထွက်သွားဖို့ လျှောက်ထားလိုက်"

"ဒီလိုဆိုရင် သက်ရောက်မှု သိပ်မရှိလောက်ဘူး"

"အခွင့်အရေး ရှိပါသေးတယ်"

ကျန်းမန်က သူတို့ အများကြီး တွေးနေသည်ဟု ခံစားလိုက်ရလေသည်။

သူက တကယ်ကို လေ့ကျင့်ရေး လုပ်ရန် လာခြင်းပင် ဖြစ်လေသည်။

အလျဉ်းသင့်သလို ဝိညာဉ်ကျောက်တုံးများကိုပါ ရှာဖွေခြင်း ဖြစ်လေသည်။

သို့သော် အများကြီး ရှင်းမပြတော့ချေ အဘယ်ကြောင့်ဆိုသော် မည်သူမျှ ယုံကြည်မည် မဟုတ်သောကြောင့်ပင် ဖြစ်လေသည်။

ဤနေရာက ပါရမီရှင်များ၏ စိတ်အာရုံကို ပိတ်လှောင်နိုင်သည် ဆိုသည်မှာ အားလုံး လက်ခံထားသော အမှန်တရားပင် ဖြစ်လေသည်။

သူက ဘာမှ မကြောက်ဘူးဟု ပြောလျှင် မည်သူမျှ ယုံကြည်မည် မဟုတ်ပေ။

ရှင်းပြရန်လည်း မလိုအပ်ပေ။

အဘယ်ကြောင့်ဆိုသော် သော့ခလောက် ဆိုသည်မှာ မြင်ရသော အရာမဟုတ်သဖြင့် မည်သို့ပင် ပြောစေကာမူ အမှန်တရားကို ထုတ်ပြ၍ မရနိုင်သောကြောင့် ပင် ဖြစ်လေသည်။

ထိုသို့ဆိုလျှင် ဤခရီးစဉ်၏ ရည်ရွယ်ချက်ကိုသာ အောင်မြင်အောင် လုပ်ဆောင်ရမည် ဖြစ်လေသည်။

ညနေစောင်းချိန်တွင် ကောင်းကင်၌ ကြယ်ပွင့်များစွာ ထွက်ပေါ်လာခဲ့လေသည်။

အလွန် တောက်ပလှပေသည်။

ထိုအရာက ကျန်းမန်ကို အနည်းငယ် အံ့ဩသွားစေပြီး ဤနေရာ၏ ညရှုခင်းက ယွန်းရှာတောင်ထွတ်ထက် အများကြီး ပိုလှပကြောင်း တွေးမိလေသည်။

မကြာမီမှာပင် သူတို့သည် ခရီးစဉ်သို့ ရောက်ရှိသွားကြလေသည် ဤနေရာက ကြီးမားသော တွင်းကြီးတစ်ခု ဖြစ်ပြီး ပတ်လည်တွင် ကျောက်တိုင်များ ထီးတည်း ရှိနေလေသည်။

"ရောက်ပြီ ဒါပေမယ့် နည်းနည်း ထပ်စောင့်ရဦးမယ် ဒါမှ အပြင်ထွက်နေတဲ့ မိစ္ဆာသားရဲတွေ ပြန်ရောက်လာမှာ"

အရပ်ရှည်ရှည် အမျိုးသားက ပြောလိုက်လေသည်။

ကျန်းမန်က ဘေးတွင် ရပ်ကာ မေးလိုက်လေသည်။

"ငါ ဒီမှာ ကျင့်ကြံနေရင် သတိထားမိခံရနိုင်လား"

ထိုစကားကို ကြားသော် သူတို့ သုံးယောက် ကြောင်အမ်းသွားကြလေသည်။

ကျန်းမန် ဤသို့သော စကားမျိုး ပြောလိမ့်မည်ဟု မထင်ထားခဲ့ပုံ ရလေသည်။

သို့သော် တကယ်ပင် အလွယ်တကူ သတိထားမိရန် ခက်ခဲလှပေသည်။

ထိုသို့ဆိုလျှင် ကျန်းမန်လည်း စိတ်အေးသွားလေသည်။

ထို့နောက် စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်ကို စတင် သန့်စင်တော့သည်။

အကြိမ် ရှစ်ဆယ် သန့်စင်ရန်က မပြီးသေးချေ။

သူတို့ သုံးယောက် အနားယူရင်း ကျန်းမန် ကျင့်ကြံနေသည်ကို ကြည့်နေကြလေသည်။ သို့သော် ကြည့်ရင်းကြည့်ရင်းဖြင့် အကြောင်းရင်းမရှိဘဲ ရှက်ရွံ့မှု တစ်မျိုးကို ခံစားလိုက်ရလေသည်။

သူတို့ကို ဆင်းရဲတာတောင် မကြိုးစားဘူး ညံ့တာတောင် မကြိုးစားဘူးဟု ပြောနေသကဲ့သို့ ပင် ဖြစ်လေသည်။

နောက်ဆုံးတွင် သူတို့ သုံးယောက်လုံး ဝမ်းနည်းသွားကြလေသည် သူတို့ မကြိုးစားခြင်း မဟုတ်ဘဲ ကြိုးစားလည်း အသုံးမဝင်တော့၍ပင် ဖြစ်လေသည်။

သူတို့၏ သာမန် ဖြစ်တည်မှုကို သူတို့ လက်ခံရတော့မည် ဖြစ်လေသည်။

သူတို့တွင် မိသားစု၏ စာချုပ်များ အနည်းနှင့်အများ ရှိနေကြပြီး ဝိညာဉ်ကျောက်တုံးများကို အဆက်မပြတ် ရှာဖွေနေရလေသည်။

နှစ်နာရီခန့် အကြာတွင်…..

ကောင်းကင်မှ ကြယ်ပွင့်များ ပိုမို တောက်ပလာပြီး ယခုအချိန်တွင် အပူချိန်လည်း ကျဆင်းသွားပြီ ဖြစ်လေသည်။

တွင်းကြီးထဲတွင်လည်း မိစ္ဆာသားရဲ တစ်စု ဝပ်နေကြလေသည်။

သူတို့ အရောင်မှာ ပတ်ဝန်းကျင်ရှိ ကျောက်တုံးများနှင့် အတော်လေး တူညီပြီး တစ်ခါတစ်ရံတွင် ခန္ဓာကိုယ်ထဲမှ မီးတောက်များ လက်ခနဲ ဖြစ်သွားတတ်လေသည်။

အရပ် တစ်လံခန့် မြင့်ပြီး ဧရာမ သားရဲကြီးများနှင့် တူလေသည်။

"အချိန် တန်ပြီ"

အရပ်ရှည်ရှည် အမျိုးသားက ကျန်းမန်ကို သတိပေးလိုက်လေသည်။

ဤအချိန်တွင်မှ ကျန်းမန် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ကျင့်ကြံမှုကို ရပ်တန့်လိုက်လေသည်။

သူက အောက်ဘက်ရှိ မိစ္ဆာသားရဲများကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"နှစ်ဆယ့်ခြောက်ကောင်လား တိုက်ရိုက် ဝင်တိုက်ရမှာလား"

သူတို့ သုံးယောက် လန့်သွားပြီး ချက်ချင်း ခေါင်းခါပြလိုက်ကြလေသည်။

အမျိုးသမီးက ပြောလိုက်လေသည်။

"တစ်ကောင်ချင်းစီ ဆွဲထုတ်ပြီးမှ သတ်ရမှာ ငါက ဆွဲထုတ်ဖို့ တာဝန်ယူမယ် မင်းတို့ ဘယ်သူ အရင် စစ်မှန်သော သိုင်းပညာကို ဖွင့်မလဲဆိုတာ တိုင်ပင်လိုက်ကြ"

ထို့နောက် သူမသည် အရှိန်အဝါကို ရုပ်သိမ်းကာ သွားရောက်ရန် ပြင်လိုက်လေသည်။

သို့သော် သွားရောက်သည့် အခိုက်အတန့်မှာပင် ကျန်းမန်သည် အန္တရာယ် ရှိသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရလေသည်။

အရှေ့က မိစ္ဆာသားရဲ တစ်ကောင်၏ ကိုယ်ပေါ်က မီးတောက်များက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေလေသည်။

ပုံမှန် မဟုတ်ချေ။

ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် အနေဖြင့် ဤသို့သော အကြောင်းရင်းမရှိသည့် အန္တရာယ် ခံစားချက်မျိုးက လုံးဝ အထင်အမြင် မှားခြင်း မဟုတ်ပေ။

သူ ခြေတစ်လှမ်း လှမ်းလိုက်ပြီး အမျိုးသမီး၏ အနားသို့ လျင်မြန်စွာ ရောက်ရှိသွားကာ လက်တစ်ဖက်ဖြင့် သူမ၏ ပခုံးကို ဆုပ်ကိုင်ပြီး အနောက်သို့ တိုက်ရိုက် လွှဲပစ်လိုက်လေသည်။

ရုတ်တရက် အလွှဲခံလိုက်ရသော အမျိုးသမီးမှာ လွင့်ထွက်သွားခဲ့လေသည်။

သူမ အနည်းငယ် အံ့ဩသွားသလို အနည်းငယ်လည်း ဒေါသထွက်သွားကာ းီအဖွဲ့ခေါင်းဆောင် အသစ်က ဘာဖြစ်နေတာလဲဟု တွေးမိလေသည်။

သို့သော် သူမ လေထဲတွင် ရှိနေစဉ်မှာပင် ရုတ်တရက် ဘုန်းခနဲ အသံ ထွက်ပေါ်လာခဲ့လေသည်။

ကြောက်မက်ဖွယ် ကောင်းသော ပေါက်ကွဲမှု အရှိန်က ပြေးဝင်လာခဲ့လေသည်။

ဘုန်း

သူမ အလျင်အမြန် ကာကွယ်လိုက်သော်လည်း ပေါက်ကွဲမှု အရှိန်က သူမ ထင်ထားသည်ထက် နည်းနေသဖြင့် ထိုတိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရမည် ဟုပင် ထင်ထားခဲ့လေသည်။

သို့သော် မြေကြီးပေါ်သို့ ကျရောက်သွားသည့် အချိန်တွင် အဖွဲ့ခေါင်းဆောင် အသစ်သည် သူမ၏ အရှေ့တွင် မားမားမတ်မတ် ရပ်ကာ ပေါက်ကွဲမှု အရှိန်ကို ကာကွယ်ပေးထားသည်ကို တွေ့လိုက်ရလေသည်။

ဤအချိန်တွင် ကျန်းမန်သည် ခြေလှမ်း အနည်းငယ် နောက်ဆုတ်သွားပြီး လက်ကို ခါလိုက်ရာ အနည်းငယ် နာကျင်နေလေသည်။

"အပြောင်းအလဲ ဖြစ်သွားပြီ"

အရပ်ရှည်ရှည် အမျိုးသားက ချက်ချင်း ပြောလိုက်လေသည်။

"ဒီနေရာမှာ ကြာကြာ နေလို့ မရတော့ဘူး"

သို့သော် အချိန် မမီတော့ချေ ခုနက ပေါက်ကွဲမှုကြောင့် တွင်းကြီးထဲရှိ မိစ္ဆာသားရဲများ အားလုံး နိုးထလာပြီး ကြည့်လာကြလေသည်။

၎င်းတို့ လျင်မြန်စွာ ရွေ့လျားလာပြီး ကျန်းမန် နောက်ရှိ လူသုံးယောက်ကို တိုက်ရိုက် တိုက်ခိုက်လာကြလေသည်။

အလယ်နေရာတွင်မူ အရပ် တစ်လံခွဲခန့် မြင့်သော မိစ္ဆာသားရဲ တစ်ကောင်သည် ကျန်းမန်ကို စိုက်ကြည့်နေလေသည်။

၎င်း၏ ကိုယ်ပေါ်တွင် မီးတောက်များ စီးဆင်းနေပြီး အခြားကောင်များနှင့် သိသိသာသာ ကွာခြားနေလေသည်။

"မိစ္ဆာဘုရင် သတင်းတွေ မှားနေပြီ ဒီမှာ မိစ္ဆာဘုရင် ရှိတယ် မြန်မြန် ပြေး"

အခြား ပိန်ပါးသော အမျိုးသား နောက်တစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။

ရွှီး

တစ်ခဏအတွင်းမှာပင် မိစ္ဆာဘုရင် လှုပ်ရှားလာပြီး ကျန်းမန်ဆီသို့ ပြေးဝင်လာခဲ့လေသည်။

ဘုန်း

ကျန်းမန် တိုက်ခိုက်လိုက်လေသည်။

ကောင်းကင် နှလုံးသား တံဆိပ်တုံး….

ဘုန်းခနဲ အသံနှင့်အတူ ကျန်းမန် နောက်သို့ လွင့်ထွက်သွားပြီး မိစ္ဆာဘုရင်လည်း ခြေတစ်လှမ်း နောက်ဆုတ်သွားခဲ့လေသည်။

မိစ္ဆာဘုရင် ဆက်လက် တိုက်ခိုက်လာသော်လည်း ကျန်းမန်က အားလုံးကို ရှောင်တိမ်းနိုင်ခဲ့လေသည်။

မီးခိုးငွေ့ ခြေဆင်း

အကြိမ်တိုင်းတွင် အနည်းငယ်မျှ လွဲချော်သွားခဲ့လေသည်။

မိစ္ဆာဘုရင်မှာ တိုက်လေလေ ပို၍ ဒေါသထွက်လာလေလေ ပင် ဖြစ်လေသည်။

ကျန်းမန်လည်း မျက်နှာချင်းဆိုင် မတိုက်ခိုက်ရဲချေ။

အတော်လေး အစွမ်းထက်နေသည်ဟု တွေးမိလေသည်။

ဤအချိန်တွင် အခြား လူသုံးယောက်မှာ မိစ္ဆာသားရဲ နှစ်ဆယ်ကျော်၏ ဝိုင်းရံ တိုက်ခိုက်ခြင်းကို ခံနေရပြီး ထွက်ပြေးရန် နေရာ လုံးဝ မရှိတော့ချေ။

သူတို့ အဆက်မပြတ် တိုက်ခိုက်နေကြသော်လည်း နဂါးကူး သိုင်း အရိပ်မဲ့ လက်ဝါး တို့ဖြင့် ၎င်းတို့ကို လုံးဝ မလှုပ်ရှားနိုင်အောင် မလုပ်နိုင်ကြချေ။

ပုံမှန်အချိန်တွင် တစ်ကောင်ချင်းစီ တိုက်ခိုက်ရလေ့ ရှိသော်လည်း ယခုကဲ့သို့ အကောင်ရေ အများအပြားဖြင့် ဆိုလျှင် လုံးဝ ယှဉ်နိုင်မည် မဟုတ်ချေ။

ဤအချိန်တွင် အားအနည်းဆုံး ဖြစ်သော ပိန်ပါးသော အမျိုးသားမှာ ဘုန်းခနဲ အသံနှင့်အတူ မိစ္ဆာသားရဲ တစ်ကောင်၏ ဝင်တိုက်ခြင်းကို ခံရကာ လွင့်ထွက်သွားခဲ့လေသည်။

ထိုအချိန်တွင် မိစ္ဆာသားရဲ ရောက်ရှိလာပြီး သူ့ကို တစ်ကိုက်တည်းဖြင့် မျိုချတော့မည် ဖြစ်လေသည်။

ကြောက်မက်ဖွယ် ကောင်းသော သွေးစွန်းနေသည့် ပါးစပ်ကြီးကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် ထိတ်လန့်သွားပြီး ရှောင်တိမ်းရန် ကြိုးစားသော်လည်း မလှုပ်ရှားနိုင်တော့ချေ။

တစ်ခဏအတွင်းမှာပင် သူသည် အတိတ်က အဖြစ်အပျက်များကို ပြန်လည် မြင်ယောင်လာခဲ့လေသည်။

ကြိုးစားမှု ကျရှုံးမှု ဝမ်းသာမှု ဝမ်းနည်းမှု…..

ရုပ်ရှင်ကား တစ်ကားလို မျက်စိရှေ့တွင် ပေါ်လာခဲ့လေသည်။

နောက်ဆုံးမှာတော့ မြက်မိုးအိမ်လေး တစ်လုံး ရှေ့တွင် ရပ်တန့်သွားခဲ့လေသည်။

မြက်မိုးအိမ်လေးကို ကြည့်ရင်း သူ့စိတ်ထဲတွင် ချက်ချင်းပင် နှမြောတသမှုတွေ ဖြစ်ပေါ်လာခဲ့လေသည်။

အိမ်မပြန်ရတာ တော်တော် ကြာပြီ။

အခုတော့ ပြန်လို့ မရတော့ဘူး။

သူ့ မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့သွားသည့် အရိပ်အယောင်များ ပေါ်လာခဲ့လေသည်။

သွားကြိတ်ပြီး နောက်ဆုံးတွင် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ရန် ဆုံးဖြတ်လိုက်လေသည်။

ခုနက စုဆောင်းထားသည့် ဝိညာဉ်စွမ်းအင် ဝှက်ထားခြင်းလေးဖြင့် ဖောက်ခွဲပစ်မည်။

စွမ်းအား အနည်းငယ် ပိုပြင်းမည် ဖြစ်လေသည်။

သို့သော် သူ ဆုံးဖြတ်ချက် ချလိုက်သည့် အချိန်မှာပင် ရုတ်တရက် ကောင်းကင်မှ လူရိပ်တစ်ခု ကျလာခဲ့လေသည်။

မိစ္ဆာသားရဲ၏ ခေါင်းပေါ်ကို ပြင်းပြင်းထန်ထန် နင်းချလိုက်လေသည်။

ဘုန်း

ဟနေသော သွေးစွန်းနေသည့် ပါးစပ်ကြီးက အမြင့်မှနေ ပြုတ်ကျလာပြီး ဘုန်းခနဲ မြေကြီးထဲ ဝင်သွားခဲ့လေသည်။

ယခု ထို လူရိပ်က မိစ္ဆာသားရဲ၏ ခေါင်းပေါ်တွင် ဆောင့်ကြောင့် ထိုင်နေပြီး ပိန်ပါးသော အမျိုးသားကို မျက်နှာချင်းဆိုင် ကြည့်ရင်း မေးလိုက်လေသည်။

"ဘာတွေ တွေးနေတာလဲ"

အမျိုးသား ကြောင်အမ်းသွားပြီး နောက်ဆုံးမှ ပြောလိုက်လေသည်။

"မြန်မြန် ပြေး မင်း သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

ထိုစကားကို ကြားသော် ကျန်းမန် ပြုံးလိုက်လေသည်။

"မင်း ပြိုင်ဘက်ကင်း ပါရမီရှင်ကို မြင်ဖူးလား"

အမျိုးသား အလိုအလျောက် ခေါင်းခါပြလိုက်ပြီး ထိတ်လန့်စွာဖြင့် ကျန်းမန်၏ အနောက်ဘက်ကို ကြည့်လိုက်ရာ အခြား မိစ္ဆာသားရဲ တစ်ကောင် ရောက်လာပြီ ဖြစ်လေသည်။

"ဒါဆို မင်း ကံကောင်းတာပဲ ဒီနေ့ တွေ့ရပြီလေ"

ပြောရင်းနှင့် ကျန်းမန် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်လေသည်။

သူ မတ်တပ်ရပ်လိုက်သည့် အခိုက်အတန့်တွင် ကိုယ်ပေါ်တွင် ရွှေရောင် အလင်းတန်းများ တောက်ပလာပြီး တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့လေသည်။

စစ်မှန်သော သိုင်းပညာ

နောက်တစ်စက္ကန့်တွင် ကျန်းမန် လှည့်ကာ အနောက်ဘက်သို့ လက်ဝါး တစ်ချက် ရိုက်ထုတ်လိုက်လေသည်။

လက်ဝါး ရိုက်ထုတ်လိုက်သည့် အခိုက်အတန့်တွင် ရွှေရောင် အလင်းတန်းများ အပြည့်အဝ ဖုံးလွှမ်းသွားခဲ့လေသည်။

အရိပ်မဲ့ လက်ဝါး တစ်ထောင်

ဘုန်း

ပြေးဝင်လာသော မိစ္ဆာသားရဲ၏ ခေါင်းမှာ တိုက်ရိုက် စောင်းသွားကာ လွင့်ထွက်သွားခဲ့လေသည်။

ထို့နောက် ကျန်းမန် ခြေတစ်ချက် နင်းလိုက်လေသည်။

ရေစီးကြမ်း သိုင်း

ဘုန်း

ခြေအောက်ရှိ မိစ္ဆာသားရဲမှာ နေရာမှာတင် ပေါက်ကွဲ ထွက်သွားခဲ့လေသည်။

ထို့နောက် သူ နဂါးကူး သိုင်းကို လည်ပတ်ကာ ပတ်လည်ကို တစ်ပတ် ပတ်လိုက်လေသည်။

မိစ္ဆာသားရဲများ အားလုံး လွင့်ထွက်သွားကြလေသည်။

လူသုံးယောက်ကို သူ့အလယ်တွင် ကာကွယ်ထားလိုက်လေသည်။

"စစ်မှန်သော သိုင်းပညာကို ဖွင့်ပြီး မိစ္ဆာသားရဲ တစ်ချို့ကို မြှူသွားလိုက် ကျန်တာတွေကို ငါ့ကို ထားခဲ့"

သူတို့ သုံးယောက် ကျောချင်းကပ် ရပ်လိုက်မှ သတိဝင်လာကြလေသည် ကျန်းမန်က တိုက်ခိုက်နေရင်းဖြင့် စစ်မှန်သော သိုင်းပညာကို မည်သို့ ဖွင့်လိုက်သည်ကို နားမလည်သော်လည်း ယခု ဒါတွေကို သေချာ စဉ်းစားနေရန် အချိန် မဟုတ်ချေ။

သူတို့ ဖွင့်သည့် အချိန်တွင်လည်း အနည်းငယ် စိုးရိမ်နေကြပြီး ကျန်းမန် မကာကွယ်နိုင်မည်ကို စိုးရိမ်နေကြလေသည်။

သို့သော် တကယ်ပင် မိစ္ဆာသားရဲ တစ်ကောင်မျှ သူတို့အနားကို ကပ်မလာနိုင်ခဲ့ချေ။

အချိန်အတော်ကြာပြီးနောက်……

သူတို့ သုံးယောက်၏ ကိုယ်ပေါ်တွင် ရွှေရောင် အလင်းတန်းများ တောက်ပလာခဲ့လေသည်။

ထိုသို့ဖြစ်သော် ပိန်ပါးသော အမျိုးသားက ချက်ချင်း ပြောလိုက်လေသည်။

"အဖွဲ့ခေါင်းဆောင် မြန်မြန် ပြေး"

ကျန်းမန် တည်ငြိမ်စွာ ပြောလိုက်လေသည်။

"မင်းတို့ အရင် သွားနှင့် ငါ မိစ္ဆာဘုရင်ကို နည်းနည်း အချိန်ဆွဲထားလိုက်မယ်"

ပိန်ပါးသော အမျိုးသား မျက်မှောင်ကြုတ်သွားသည် သူ ကိုယ်တိုင် ထွက်ပြေးရန် သိပ်မလိုလားလှပေ။

အဓိကမှာ….

အရှေ့က လူက ခုနက သူ့အသက်ကို ကယ်ထားခဲ့၍ ပင် ဖြစ်လေသည်။

နောက်ဆုံးတွင် သူလည်း ဆွဲခေါ်သွားခံလိုက်ရလေသည်။

ကျန်နေခဲ့လျှင်လည်း အနှောင့်အယှက် ဖြစ်ရုံသာ ရှိမည် ဖြစ်လေသည်။

သူတို့ သုံးယောက် ထွက်သွားပြီး မိစ္ဆာသားရဲ ခြောက်ကောင်ကို မြှူသွားသည်ကို ကြည့်ရင်း ကျန်းမန် သက်ပြင်းချလိုက်လေသည်။

"ခြောက်ကောင်တည်းလား တော်သေးတာပေါ့"

ထို့နောက် သူက ကျန်နေသည့် မိစ္ဆာဘုရင်နှင့် မိစ္ဆာသားရဲ ဆယ်ကောင်ကျော်ကို ကြည့်ပြီး ပြုံးလိုက်လေသည်။

"အားလုံး ငါ့ဟာတွေချည်းပဲ တစ်ကောင်ကို ငါးရာ မိစ္ဆာဘုရင်က ငါးသောင်း ခြောက်သောင်းတောင်"

"ဘယ်တုန်းက ဝိညာဉ်ကျောက်တုံးတွေ ဒီလောက် ရှာရလွယ်သွားတာလဲ"

အစပိုင်းတုန်းကတော့ တိုက်ရ ခက်သေးသည်။ ယခု စစ်မှန်သော သိုင်းပညာလည်း ဖွင့်ထားပြီဆိုတော့ မိစ္ဆာဘုရင်လည်း သေရမည်သာ ဖြစ်လေသည်။

တစ်ခုတည်းသော နှမြောစရာမှာ အစွမ်းထက်သော အဆင့်မြင့်အဆင့် သိုင်းပညာရပ် မရှိခြင်းပင် ဖြစ်လေသည်။

ကျန်းမန် ခြေတစ်လှမ်း လှမ်းလိုက်ပြီး ခြေတစ်ဖက်ဖြင့် မိစ္ဆာသားရဲ၏ ခေါင်းကို နင်းလိုက်လေသည်။

ရေစီးကြမ်း သိုင်း….

ဘုန်းခနဲ အသံနှင့်အတူ မိစ္ဆာသားရဲကို မြေကြီးထဲအထိ နင်းချလိုက်လေသည်။

ခန္ဓာကိုယ် ပေါက်ကွဲ ထွက်သွားလေသည်။

ထို့နောက် အရိပ်မဲ့ လက်ဝါး တစ်ထောင်ကို အသုံးပြု၍ လက်တစ်ဖက်တည်းဖြင့် မိစ္ဆာသားရဲကို ရိုက်ထုတ်လိုက်လေသည်။

ဘုန်း…..

မိစ္ဆာဘုရင် တိုက်ခိုက်လာလေသည်။

ကျန်းမန် မီးခိုးငွေ့ ခြေဆင်းဖြင့် ရှောင်တိမ်းလိုက်လေသည်။

ပြီးနောက် မိစ္ဆာသားရဲ၏ အရှေ့တွင် ပြန်ပေါ်လာပြီး လက်ဝါး တစ်ချက် ရိုက်ချလိုက်လေသည်။

တိမ်ကိုးလွှာ နဂါးနှိမ်နင်းရေး တံဆိပ်တုံး

ဘုန်း

မိစ္ဆာသားရဲ ပြင်းထန်စွာ ဒဏ်ရာရသွားလေသည်။

ကျန်းမန်လည်း အလျင်မလိုဘဲ နောက်တစ်ချက် ထပ်ရိုက်လိုက်လေသည်။

ထို့နောက် ကျန်းမန် မိစ္ဆာဘုရင်ကို ရှောင်တိမ်းရင်း တိုက်ခိုက်လေသည်။

မိစ္ဆာဘုရင်က ကျန်းမန်၏ ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားမည့် အချိန်ကို စောင့်နေပုံ ရလေသည်။

သို့သော် ကျန်းမန်၏ လှုပ်ရှားမှုများက ပိုမို မြန်လာပြီး အသတ်ခံရသည့် မိစ္ဆာသားရဲက ထက်ဝက်လောက်အထိ ရောက်လာသောအခါ မိစ္ဆာဘုရင်လည်း ကြောင်အမ်းသွားပုံ ရလေသည်။

ဤလူက အဘယ်ကြောင့် နည်းနည်းလေးမျှ အင်အား မကုန်ခမ်းရသနည်းဟု တွေးတောနေပုံ ရလေသည်။

တကယ်တော့ အင်အား ကုန်ခမ်းမှု ရှိလေသည်။

ကျင့်ကြံမှု ဘူးသီး တစ်ခု ကုန်သွားပြီ ဖြစ်လေသည်။

သန့်စင်ထားသော ဘူးသီး ဖြစ်နေ၍ တော်သေးသည် အင်အား ကုန်ခမ်းမှုကို ခံနိုင်ရည် ရှိလေသည်။

နံ့သာတိုင် တစ်တိုင်စာ အချိန်ခန့် အကြာတွင်…..

ကျန်းမန် ခြေတစ်ချက်ဖြင့် နောက်ဆုံး ကျန်နေသည့် မိစ္ဆာသားရဲကို မြေကြီးပေါ် နင်းချလိုက်ပြီး မိစ္ဆာဘုရင်နှင့် မျက်နှာချင်းဆိုင် ကြည့်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် မိစ္ဆာဘုရင်၏ ခန္ဓာကိုယ် အနက်ပိုင်းမှနေ၍ အကြည့်တစ်ခုက ကျန်းမန်၏ ရဲရင့်တက်ကြွစွာ တိုက်ခိုက်နေမှုကို စိတ်ဝင်စားသွားပုံ ရလေသည်။

ထို့နောက် ထိုအကြည့်က မိစ္ဆာဘုရင်ကို စတင် လွှဲပြောင်း ယူလိုက်ပြီး မိစ္ဆာဘုရင်၏ ခန္ဓာကိုယ်က ကွေးကောက်သွားကာ သေးငယ်သော လူပုံစံလေးတစ်ခု အဖြစ် ပြောင်းလဲသွားလေသည် မိန်းကလေးငယ်လေး တစ်ယောက်နှင့် တူလေသည်။

ကျန်းမန် အနည်းငယ် အံ့ဩသွားခဲ့လေသည်။

အပြောင်းအလဲများ ဖြစ်သွားသည်လားဟု တွေးမိလေသည်။

ဒါမှမဟုတ် မိစ္ဆာဘုရင်တွေ အားလုံးက ဒီလိုပဲလားဟု တွေးမိလေသည်။

ထားလိုက်တော့ မိစ္ဆာနတ်ဘုရားနှင့် ပတ်သက်နေလျှင် ကောင်းသောအရာ ဖြစ်နိုင်မည် မဟုတ်ဟု သူ တွေးလိုက်လေသည်။

အဝါကြီးတောင် စေတနာဖြင့် အမှား လုပ်မိပြီး ကိုယ့်ကို ဒုက္ခပေးခဲ့တာ ဒီနေရာမှ မိစ္ဆာဘုရင်က မိစ္ဆာနတ်ဘုရားနှင့် ပတ်သက်နေမှတော့ ပြောစရာတောင် မလိုတော့ချေ။

သတ်လိုက်လျှင် ရပြီ ဖြစ်လေသည်။

တစ်ချိန်တည်းမှာပင်…

ဈေးတန်းလေးမှ တာဝန်ခံသည် သဲပုံစံငယ် တုန်ခါနေသည်ကို ရုတ်တရက် တွေ့လိုက်ရလေသည်။

သူ အနည်းငယ် အံ့ဩသွားခဲ့လေသည်။

"မိစ္ဆာနတ်ဘုရားရဲ့ အရှိန်အဝါ ဖြစ်လောက်တယ်"

အနှစ် သုံးဆယ်အတွင်း ဒုတိယအကြိမ် ပေါ်လာခြင်းပင် ဖြစ်လေသည်။

မတုံ့ဆိုင်းရဲဘဲ ချက်ချင်း အထက်ကို တင်ပြလိုက်လေသည်။

All Chapters