← Chapters

အခန်း ၁၅၉

Vol. 10 Ch. 159

အခန်း ၁၅၉

Vol. 10 Ch. 159

အခန်း ၁၅၉ မင်းမိန်းမကိုပဲ ဝေဖန်ခိုင်းလိုက်

အစ်မယွီက သူမ အဆင်ပြေတယ်လို့ ပြောတယ်။

ဒါဆိုရင်တော့ သိပ်ကြီးကျယ်တဲ့ ကိစ္စ မရှိလောက်ဘူး၊ အလွန်ဆုံး နည်းနည်းလောက် ဒုက္ခရောက်ရုံပေါ့။

ကျန်းမန်လည်း ဆက်ပြီး မစိုးရိမ်တော့ဘူး။

ကိုယ်တိုင်ကလည်း အင်အားနည်းသေးတော့ သူမကို မကူညီနိုင်ဘူးလေ။

လုပ်နိုင်တာကတော့ နာမည်ကြီးလာအောင် ကြိုးစားပြီး သူမကို ဂုဏ်တက်အောင် လုပ်ပေးဖို့ပဲ။

သူမက ပြိုင်ဘက်ကင်း ပါရမီရှင်ကို ရင်းနှီးမြှုပ်နှံထားတယ်ဆိုတာ လူတွေ သိသွားအောင်ပေါ့။

ထို့နောက် ကျန်းမန်က ကြိုတင်ငွေ ထုတ်ယူမည့် ကိစ္စကို ပြောလိုက်သည်။

နောက်လာမည့် သုံးလအတွက်…..

ဧပြီ၊ မေ၊ ဇွန်….

အစ်မရှက ခေါင်းငြိမ့်ပြပြီး ပြဿနာမရှိကြောင်း ပြောလိုက်သည်။

ဒီလိုဆိုရင်တော့ ကျန်းမန်မှာ ဝိညာဉ်ကျောက်တုံး ရှစ်သောင်းနီးပါး ရှိသွားပြီ၊ ဆရာ့ဆီကဟာနဲ့ ပေါင်းလိုက်ရင် ကိုးသောင်းပေါ့။

ဒီတစ်ခါတော့ အခြေခံတည်ဆောက်ခြင်း ပြီးပြည့်စုံတဲ့အဆင့် ကို သေချာပေါက် ရောက်နိုင်ပြီ။

ကျင့်ကြံမှု တစ်ခုတည်း မဟုတ်ဘူး၊ ခန္ဓာကိုယ်၊ စိတ်အာရုံ အားလုံး ပြီးပြည့်စုံသွားမှာ။

ကျန်တာကတော့ ကျင့်စဉ်တွေကို လုယူဖို့ပဲ၊ လမ်းစဉ်တစ်ခုတည်းက ကျင့်စဉ်တွေ ပြည့်စုံသွားရင် စွမ်းအားတွေကို ပေါင်းစပ်လို့ ရပြီ။

အခြေခံတည်ဆောက်ခြင်းရဲ့ အကောင်းဆုံး အခြေအနေကို ရောက်သွားပြီး နောက်ဆုံးကျရင် အဆင့်တက်လှမ်းဖို့ နည်းလမ်းပဲ။

ဒါကိုတော့ အခုထိ မထိတွေ့ရသေးဘူး။

"ညီမလေးယွီက မင်းတို့ကို ပြီးခဲ့တဲ့ သုံးလက ဘယ်တွေသွားခဲ့လဲလို့ မေးခိုင်းလိုက်တယ်"

ရှာကျင့်က မေးလိုက်သည်။

ကျန်းမန် သတိပြန်ဝင်လာပြီး အမှန်အတိုင်း ပြောပြလိုက်သည်။

ရှာကျင့် က ခေါင်းငြိမ့်ပြလိုက်သည်။

"ဒါဆို မင်း အကျိုးအမြတ် သွားရှာတုန်းက လူနှစ်ယောက်နဲ့ တွေ့ခဲ့တာပေါ့ သူတို့နာမည် ဘယ်လိုခေါ်လဲဆိုတာ မင်း သိလား"

ကျန်းမန်က ခေါင်းငြိမ့်ပြပြီး ဖြေလိုက်သည်။

"စကားပြောရင်းနဲ့ ကြားခဲ့ရတာပဲ တစ်ယောက်က ကျိရိဖေး၊ နောက်တစ်ယောက်က ချင်းရီဟန် လို့ ခေါ်တယ်"

"ပထမတစ်ယောက်က ငါတို့ ဂိုဏ်းကပဲ ဒုတိယတစ်ယောက်ကတော့ ချန်ချင်ဂိုဏ်းက"

ထို့နောက် ရှာကျင့်က နှုတ်ဆက်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။

အစကတည်းက သူမက အကွာအဝေး တစ်ခုကို ထိန်းသိမ်းထားခဲ့သည်။

ဘာလို့လဲဆိုတော့ ယွီဝမ်ရိက သူမကို အမြဲတမ်း သတိပေးနေလို့ပဲ။

ကျန်းမန်ရဲ့ နောက်ကွယ်မှာ အစွမ်းထက်တဲ့ အမျိုးသမီး ကျင့်ကြံသူ တစ်ယောက် ရှိတယ်ဆိုတာကို သူမ အခိုင်အမာ ယုံကြည်နေသည်။

မဟုတ်ရင် ဒီလောက် ဆင်းရဲတဲ့ပုံစံနဲ့ ဘယ်လိုလုပ်ပြီး ဒီလောက် တောက်ပနေမှာလဲ။

သေချာပေါက် မိန်းမကို အားကိုးစားနေတာပဲ ဖြစ်ရမယ်။

မထွက်ခွာမီ ရှာကျင့်က သိချင်စိတ်ဖြင့် ကျန်းမန်တွင် မိန်းမ ရှိမရှိ မေးလိုက်သည်။

ကျန်းမန်က ခေါင်းငြိမ့်ပြပြီး သေချာပေါက် မိန်းမ ရှိကြောင်း အဖြေပေးလိုက်သည်။

နတ်သမီးလေး တစ်ပါးပါ။

ထိုအခါမှ ရှာကျင့် လည်း ထွက်သွားတော့သည်။

တစ်ဖက်လူက သေချာပေါက် ပြောနေတာဆိုတော့ လိမ်ပြောနေတဲ့ပုံ မပေါ်ဘူး။

ဒါပေမယ့် သူမ စုံစမ်းထားတဲ့ သတင်းအရတော့ ကျန်းမန်မှာ တစ်ခါမှ မိန်းမ မရှိခဲ့ဖူးဘူး။

သူ့ရဲ့ နေထိုင်မှု ဘဝအစအနတွေကို ကြည့်ရင်လည်း သက်ဆိုင်တဲ့ အဖြေမျိုး မတွေ့ရဘူး။

တချို့ မိသားစုတွေက ကျန်းမန်မှာ မိန်းမ မရှိဘူးလို့ ထင်ပြီး လှုပ်ရှားမှုတွေတောင် စတင်နေကြပြီ။

သေချာတာပေါ့ အများစုကတော့ စောင့်ကြည့်နေကြတုန်းပဲ။

အခြေခံတည်ဆောက်ခြင်း အဆင့်လေးဆိုတော့ သူတို့ အရမ်းကြီး အာရုံစိုက်နေစရာ မလိုသေးဘူး။

ဒါကြောင့် သိပ်ပြီး ပြဿနာကြီးတဲ့ ကိစ္စတော့ မဟုတ်ဘူး။

ဒါပေမယ့် ကျန်းမန်သာ ရွှေအမြုတေ အောင်မြင်စွာ ဖွဲ့စည်းနိုင်ရင်တော့ ပြဿနာ ရှိလာလိမ့်မယ်။

သူမက စေတနာဖြင့် တစ်ခွန်း သတိပေးခဲ့သေးသည်။

တစ်ဖက်လူကတော့ ဂရုမစိုက်ပါဘူး။

ညီမလေးယွီ ကတော့...

အမှောင်ထဲမှာ လုပ်ကြံခံလိုက်ရတယ်။

ထိခိုက်လုနီးပါးပဲ…..

ဒါကြောင့် သူမက ဥပဒေထိန်းသိမ်းရေး ခန်းမ မှာ သွားနေနေတာပေါ့။

ဘာအကြောင်းပြချက်လဲဆိုတာကိုတော့ သူမ မသိဘူး ဒါပေမယ့် အောင်မြင်စွာ ဝင်သွားနိုင်ခဲ့တယ်။

အချုပ်ခန်းထဲမှာ အရသာရှိရှိ စားသောက်နေတဲ့ ယွီဝမ်ရိကို ကြည့်ပြီး ရှာကျင့်က ခံစားချက်ဖြင့် ပြောလိုက်သည်။

"ဒီလောက်ထိ ဖြစ်ရသလား"

"နင်က ကျန်းမန်ရဲ့ ရင်းနှီးမြှုပ်နှံသူ မလုပ်ဖူးတော့ အဲဒီ အန္တရာယ်ရှိတဲ့ ခံစားချက်ကို မသိပါဘူး လူအများကြီးက ငါ့ကို အာရုံစိုက်ပြီး ရိုက်နေကြတာ"

ယွီဝမ်ရိ က ပြောလိုက်သည်။

"ရင်းနှီးမြှုပ်နှံသူ တစ်ယောက်ဆိုတာ တကယ်တော့ အရမ်းကို ထည်ဝါရမယ့်သူလို့ ငါလည်း ထင်ခဲ့တာပဲ"

"နောက်ဆုံးကျတော့ ဒီလောက်တောင် ဒုက္ခရောက်ရမယ်လို့ မထင်ထားဘူး"

"သူက တကယ်ပဲ လူတိုင်းကို ရန်စရဲတာပဲ"

"သူက အပြင်ဂိုဏ်းမှာဆိုတော့ အဲဒီလူတွေက မလှုပ်ရှားရဲကြဘူး"

"ဒေါသထွက်ရင် ငါ့အပေါ်ပဲ လာပုံချကြတယ်"

"ငါက ဘာတတ်နိုင်မှာလဲ"

အပြင်ဂိုဏ်းမှာ မဆင်မခြင် တိုက်ခိုက်ခွင့် မရှိဘူး ပြိုင်ပွဲကြီးတွေမှာပဲ တိုက်ခိုက်ခွင့် ရှိတယ် ဒါပေမယ့် တိုက်ခိုက်တဲ့ သူတွေကလည်း အဆင့်တူတွေချည်းပဲလေ။

ရွှေအမြုတေ အဆင့်က ဘယ်လိုမှ ဝင်ပါလို့ မရဘူး။

ဒါကြောင့် အခြေခံတည်ဆောက်ခြင်း အဆင့်တစ်ယောက်ကို ဆုံးမဖို့ဆိုတာ မလွယ်ကူဘူး။

ထို့အပြင် လိုအပ်ချက်လည်း မရှိပေ။

အင်မော်တယ် ဂိုဏ်း၏ အုပ်ချုပ်မှုတွင် အတင်းကျပ်ဆုံး စောင့်ကြည့်ခံရသည်မှာ ချီသန့်စင်ခြင်း နှင့် အခြေခံတည်ဆောက်ခြင်း အဆင့်များ ဖြစ်သည်။

အပြင်ဂိုဏ်းက အများဆုံးဖြစ်ပြီး ယွင်ချန်ဌာနခွဲက ဒုတိယ ဖြစ်သည်။

ယွင်ချန်ဌာနခွဲက အရမ်းများပြီး ကျယ်ပြန့်လွန်းတော့ တစ်စုတစ်စည်းတည်း ကြီးကြပ်ဖို့ ခက်ခဲတယ်။

အပြင်ဂိုဏ်းကတော့ ဒီလောက်လေးပဲ ရှိတာဆိုတော့ ထိန်းချုပ်ရတာ အရမ်းလွယ်တယ်။

အတွင်းဂိုဏ်း ရောက်မှ နည်းနည်း ဖြေလျှော့ပေးတာ……

ရှာကျင့်က မတတ်နိုင်စွာ ခေါင်းခါလိုက်ပြီး မေးလိုက်သည်။

"ပြီးတော့ရော နင် ဘာလုပ်မလို့လဲ"

"မကြာသေးခင်က အင်မော်တယ် စံအိမ်တော် ရှိတယ်ဆိုတာ ကြားတယ် မဟုတ်လား ငါ သူ့ကို အဲဒီထဲ ပို့နိုင်မလားလို့ ကြည့်ချင်တယ်"

ယွီဝမ်ရိက အလေးအနက် ပြောလိုက်သည်။

"ပြဿနာတွေ ဖြစ်လာနိုင်ပေမယ့် ငါ ဒီမှာ ပုန်းနေရင်တော့ မကြောက်ဘူး"

"ရင်းနှီးမြှုပ်နှံမှု လောကမှာ ငါ့ရဲ့ ပုံရိပ် မရှိတော့ပေမယ့် ငါ့ရဲ့ ဂန္ထဝင် ဇာတ်လမ်းတွေကတော့ နေရာတိုင်းမှာ ရှိနေမှာ သေချာတယ်"

ရှာကျင့် -

"..."

အင်မော်တယ် စံအိမ်တော်က ရွှေအမြုတေ အဆင့်မှ ဝင်လို့ရတာ မဟုတ်ရင် ဘာလို့ ရွှေအမြုတေ အဆင့်တွေချည်းပဲ ပြိုင်ပွဲဝင်ရမှာလဲ။

သူသာ အရမ်းစောပြီး ရွှေအမြုတေ ဖွဲ့စည်းလိုက်ရင် ပြဿနာ ပိုကြီးသွားမှာ။

ဒါပေမယ့် သတ္တမမြောက် ခြံဝင်းငယ်မှာဆိုရင် ပထမ ခြံဝင်းငယ် ရောက်ဖို့ ခြောက်နှစ် လိုသေးတယ်။

အာရုံစိုက်မှုတွေ အများကြီး လျော့ကျသွားလိမ့်မယ်။

——

ချစ်ရွှေတောင်ထွတ်

ခြံဝင်းငယ် တစ်ခုအတွင်း

အသက် နှစ်ဆယ်ကျော်ခန့်ရှိသော အမျိုးသမီးတစ်ဦးသည် ဘေးတွင် ရပ်လျက် ခြံဝင်းထဲရှိ အမျိုးသမီးတစ်ဦး ဝင်္ကပါ ချထားသည်ကို ကြည့်နေခဲ့သည်။

အချိန်အတော်ကြာပြီးနောက် ထိုအမျိုးသမီးက သူမ၏ အစီအစဉ်များကို အဆုံးသတ်လိုက်ပြီး နောက်ရှိလူကို ကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမမြောက် ခြံဝင်းငယ်တွေရဲ့ စာမေးပွဲအတွက် သေချာ မပြင်ဆင်တော့ဘူးလား"

"ဒီနှစ်က နောက်ဆုံးနှစ်ပဲ မင်းအတွက် သက်ဆိုင်ရာ အဆင့်ကို ရဖို့ သိပ်မခက်ပါဘူး"

"ဒါဆိုရင် လျှို့ဝှက်ကျင့်စဉ် အထက်ပိုင်းနဲ့ အလယ်ပိုင်း နှစ်ခုလုံးကို ရပြီပေါ့"

မုန်ရှောင်ရှောင်က အနည်းငယ် တွေဝေသွားပြီး သူမရှေ့ရှိ အစ်မဖြစ်သူကို ကြည့်ကာ မေးလိုက်သည်။

"ကျွန်မ ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းငယ်တွေကို သွားရင် လျှို့ဝှက်သိုင်း ရနိုင်ခြေ ရှိလား"

"ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းငယ် ဟုတ်လား"

နူးညံ့သိမ်မွေ့သော အသွင်အပြင်ရှိသည့် အမျိုးသမီးက သူမရှေ့ရှိ လူကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။

"ယွန်းရှာတောင်ထွတ်က ကျန်းမန်ကို အတုခိုးမလို့လား"

"သူ့ပါရမီက မင်းထက် မညံ့ဘူး ပြီးတော့ ညမအိပ်ဘဲ ကျင့်ကြံသေးတယ် စာမေးပွဲ မတိုင်ခင်လောက်မှာ အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်ကို တက်လှမ်းနိုင်လောက်တယ် မင်းက ခန္ဓာကိုယ်နဲ့ စိတ်အာရုံ အဆင့်ကို စွန့်လွှတ်လိုက်ရင် အလွန်ဆုံး အခြေခံတည်ဆောက်ခြင်း နောက်ပိုင်းအဆင့်ပဲ ရှိမှာ"

"နောက်ပိုင်းအဆင့်က ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းငယ်တွေမှာဆိုရင် ဘာမှမဟုတ်တော့ဘူး"

"အခုမှ အခြေခံတည်ဆောက်ခြင်း နောက်ပိုင်းအဆင့်ကို ဝင်ခါစဖြစ်တဲ့ မင်းက အဆင့်တစ်ထောင် ကျော်လောက်မှာပဲ နေရမှာ"

"မင်းမှာ အခွင့်အရေး ရှိမယ်လို့ ထင်လား"

ဝေ့ချူယောင် က သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။

"မင်း မကျေနပ်ဘူးဆိုတာကို ငါ သိပါတယ် ဒါပေမယ့် မင်းရဲ့ မကျေနပ်မှုကို နေရာမှားပြီး သုံးနေတယ် အခြေခံတည်ဆောက်ခြင်း ဆိုတာ မင်းအတွက် ကြားကာလတစ်ခုပဲ ဒီဖြစ်စဉ်မှာ ညမအိပ်တဲ့လူ တစ်ယောက်နဲ့ သွားယှဉ်နေစရာ မလိုပါဘူး"

"သူ ညမအိပ်တာက မင်းထက် ကျင့်ကြံချိန် သုံးပုံတစ်ပုံ ပိုများသွားတာနဲ့ အတူတူပဲ"

"ဒါက ယှဉ်လို့မရဘူးလေ"

"သူက ကျင့်ကြံချိန်ကို ရလိုက်ပေမယ့် စိတ်အာရုံမှာ ပြဿနာတွေ ဖြစ်လာမှာ"

"ဆုံးရှုံးမှုနဲ့ ရရှိမှုဆိုတာ ဒွန်တွဲနေတာပဲ"

"ဒါက သူ့ရဲ့ လက်ရှိ တောက်ပမှုကို ပုံဖော်ပေးခဲ့တာ"

"ဒါပေမယ့် အခြေခံတည်ဆောက်ခြင်းက အစပဲ ရှိသေးတယ် နောက်ပိုင်းကို အေးအေးဆေးဆေး လျှောက်လှမ်းနိုင်ဖို့က အရေးအကြီးဆုံးပဲ"

"သူနဲ့ သွားယှဉ်နေစရာ မလိုဘူး"

"လျှို့ဝှက်သိုင်းကို အမြန်ဆုံး ရဖို့ကမှ လောလောဆယ် အရေးအကြီးဆုံးပဲ"

"ပြီးတော့ သူ ညမအိပ်ဘဲ ကျင့်ကြံရင်တောင် ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းငယ်က လူတွေက သူ့ကို သိပ်ဂရုစိုက်မှာ မဟုတ်ဘူး"

"ဘာလို့လဲဆိုတော့ ပထမနဲ့ ဒုတိယ ခြံဝင်းငယ်က လူတွေက အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်ကို ရောက်နေတာ ကြာလှပြီလေ"

"သူ ဘာအကျိုးအမြတ်မှ ရမှာ မဟုတ်ဘူး"

"အဲဒီအချိန်ကျရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ထိခိုက်တာက အသေးအမွှားလေးပဲ လျှို့ဝှက်သိုင်းနဲ့ လုံးဝ လွဲချော်သွားမှာကမှ ကိစ္စကြီးပဲ"

"သူ အရမ်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်လွန်းပြီး အရမ်းလည်း မာနကြီးတယ်"

"တည်ငြိမ်မှု မရှိဘူး"

ဝေ့ချူယောင် က ဘေးတွင် ထိုင်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"တကယ်တော့ ကောင်းတဲ့ကိစ္စပါပဲ သူက စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမမြောက် ခြံဝင်းငယ်တွေကို ကျော်သွားတော့ မင်းတို့အတွက် ဖိအားတွေ အများကြီး လျော့သွားတာပေါ့"

"အခု သူက အရမ်းကို တောက်ပနေတော့ သူ့ရဲ့ အရှိန်အဝါကို ရှောင်ပေးရမှာပေါ့"

ထိုစကားကို ကြားသောအခါ မုန်ရှောင်ရှောင်က ခေါင်းငုံ့ကာ ခံစားချက်ဖြင့် ပြောလိုက်သည်။

"သူ့ရဲ့ အရှိန်အဝါကို ရှောင်ပေးရလိမ့်မယ်လို့ မထင်ထားမိဘူး"

"သူက စိတ်အာရုံ ထိခိုက်ခံပြီး ညမအိပ်ဘဲ ကျင့်ကြံတာဆိုတော့ သဘာဝကျကျ ရှောင်ပေးရမှာပေါ့ ဒါပေမယ့် သူ ငါ့ကို တွေ့ရင်တော့ ငါ့ရဲ့ အရှိန်အဝါကို ရှောင်ပေးရမှာပဲ"

ဝေ့ချူယောင် က ပြုံးလျက် ပြောလိုက်သည်။

"သူက အရမ်း ငယ်လွန်းသေးတယ် ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းငယ်တွေကို ရောက်လာတဲ့အခါ သူ့ရဲ့ အရှိန်အဝါက ဒီနေရာမှာ သာမန်ပဲဆိုတာကို သူ တွေ့လာရလိမ့်မယ်"

"လူအများစုရဲ့ အရှိန်အဝါကို ရှောင်ပေးရလိမ့်မယ်"

"ဒါတင်မကသေးဘူး မင်း ပထမ ခြံဝင်းငယ်ကို ရောက်သွားတဲ့အခါ သူ့ရဲ့ တောက်ပမှုက အရင်ကလောက် မတောက်ပတော့ဘူးဆိုတာကို မင်း တွေ့လာရလိမ့်မယ်"

"အခု သူက သူ့ကိုယ်သူ ကြိုတင် လောင်ကျွမ်းလိုက်တာပဲ နောက်နှစ်နှစ်ဆိုရင် အထွတ်အထိပ်ကို ရောက်သွားပြီး နောက်ပိုင်းကျရင် စိတ်အာရုံ ထိခိုက်မှုရဲ့ အားနည်းမှုကို သူ ခံစားလာရလိမ့်မယ်"

တစ်ခဏရပ်ပြီးနောက် ဝေ့ချူယောင် က ဆက်ပြောသည်။

"ဒါ့အပြင် ဓားပျံစီးတာကိုလည်း အချိန်ရရင် သင်ထားဦး ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းငယ်တွေ ရောက်ရင် ဓားပျံစီးတာကို သုံးရလိမ့်မယ် ပြိုင်ပွဲနယ်ပယ်က အရမ်းကြီးတော့ ဓားပျံစီးတာ မရှိရင် အရမ်း ဒုက္ခရောက်လိမ့်မယ်"

"ကျန်းမန်လို ညမအိပ်တဲ့သူက ကျင့်ကြံမှု တိုးတက်ဖို့ကိုပဲ အာရုံစိုက်နေတော့ မှော်ပညာရပ်တွေက အားနည်းချက် ဖြစ်နိုင်တယ်"

"ဒါပေမယ့် မင်းလည်း သူ့ကို အထင်သေးလို့ မရသလို ပေါ့ဆလို့လည်း မရဘူး"

"ဘာလို့လဲဆိုတော့ ပထမ ခြံဝင်းငယ် မရောက်ခင်အထိ သူက အစွမ်းအထက်ဆုံးပဲ ဖြစ်နေဦးမှာ"

"ဒါပေမယ့် ပထမ ခြံဝင်းငယ် ရောက်သွားရင်တော့ သူ့အသံကို တဖြည်းဖြည်း မကြားရတော့ဘူး"

"သူ့ကိုတောင် ထပ်တွေ့ရတော့မှာ မဟုတ်ဘူး"

"ဒါက ပေးဆပ်ရတဲ့ တန်ဖိုးပဲ"

မုန်ရှောင်ရှောင်က နားလည်ကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။

ထို့နောက် ပြန်သွားပြီး ကျင့်ကြံလေတော့သည်။

ဝေ့ချူယောင်က ထွက်သွားသော လူကို ကြည့်ကာ ခံစားချက်ဖြင့် ပြောလိုက်သည်။

"ကြည့်ရတာ ပြိုင်ပွဲကြီး ရောက်ရင် ကျန်းမန်ရဲ့ မာနကို နည်းနည်းလောက် နှိမ်ပေးမှ ရမယ် မဟုတ်ရင် ဒီကောင်မလေးက အမြဲတမ်း အတုခိုးချင်နေလိမ့်မယ်"

လူငယ်တွေက မာနကြီးတတ်ကြတယ်၊ တခြားလူတွေ လုပ်နိုင်ရင် သူမလည်း လုပ်နိုင်တယ်လို့ ထင်တတ်ကြတယ်။

စိတ်အာရုံကို တည်ငြိမ်အောင် မထားနိုင်ဘူး။

ဒါပေမယ့် စမ်းသပ်မှု တစ်ခုလည်း ဖြစ်ပါတယ်၊ ဒီလို ကိစ္စသေးသေးလေးကတောင် စိတ်အာရုံကို ထိခိုက်စေတယ်ဆိုရင် ဝေးဝေးသွားဖို့ ခက်လိမ့်မယ်။

ဒါပေမယ့် ကျော်ဖြတ်နိုင်ပြီဆိုရင်တော့ အနာဂတ်လမ်းက ပိုလျှောက်ရလွယ်သွားလိမ့်မယ်။

ထို့နောက် သူမက ဆေးဖော်စပ်ရေးကျောင်း သို့ သွားကာ ဆေးဆရာများကို ပြဿနာအချို့ သွားမေးရန် ထွက်လာခဲ့သည်။

ဒါပေမယ့် ဝင်သွားတာနဲ့ ဆေးဆရာတချို့က ဆရာဟယ်ကို ဝိုင်းပြီး စကားပြောနေကြတာကို ကြားလိုက်ရတယ်။

"ဂုဏ်ယူပါတယ် ဆရာဟယ် ဒီလို တပည့်မျိုး ရထားတာ သတ္တမမြောက် ခြံဝင်းငယ်ကနေ ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းငယ်တွေရဲ့ နှစ်ပတ်လည် စာမေးပွဲကို သွားပြိုင်ရဲတာ ဆယ်စုနှစ်တွေအတွင်း တစ်ခါမှ မမြင်ဖူးဘူး ပါရမီက တကယ့်ကို ထူးချွန်လွန်းတယ်"

"ဆရာကောင်းမှ တပည့်ကောင်း ထွက်တာပေါ့ ဆရာဟယ်ရဲ့ ဒီတပည့်က ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းငယ်တွေမှာ သေချာပေါက် တောက်ပလာမှာပါ"

"ဟုတ်တယ် ဆရာဟယ်က လူရွေးတော်တယ် ဆေးဖော်စပ်တဲ့ ပညာရပ်ကလည်း သာမန်မဟုတ်ဘူး"

"စာမေးပွဲပြီးသွားရင် ဆရာဟယ်က ဆေးဖော်စပ်ရေးကျောင်းမှာ နာမည်ကြီးလာပြီး လူတွေရဲ့ ချီးကျူးမှုကို ခံရမှာ သေချာတယ် တကယ်ကို အားကျစရာပဲ"

ထို့နောက် ဟယ်ချန်ဖုန်းက မျက်နှာပျက်ပျက်ဖြင့် ထွက်သွားခဲ့သည်။

ဝေ့ချူယောင် က အမျိုးသမီး ဆေးဆရာ တစ်ဦးကို ရှာတွေ့သွားပြီး လေးစားစွာဖြင့် "ဆရာ" ဟု ခေါ်လိုက်သည်။

အမျိုးသမီး ဆေးဆရာက ပြုံးလျက် မေးလိုက်သည်။

"ချူယောင် ဘာပြဿနာ ရှိလို့လဲ"

"ဆရာက ကျန်းမန်ကို အရမ်း သဘောကျနေတာလား"

ဝေ့ချူယောင် က သိချင်စိတ်ဖြင့် မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ အမျိုးသမီး ဆေးဆရာက ရယ်မောလိုက်ပြီး ဝေ့ချူယောင် ကို ခေါ်ကာ ထွက်လာခဲ့သည်၊ အပြင်ရောက်မှ သူမက ပြောလိုက်သည်။

"ဒီကျန်းမန်ဆိုတဲ့ ကောင်လေးကို ငါတို့ ကြားဖူးတာ ကြာလှပြီ မူလက သူ့ကို ဆရာမော့ က သဘောကျထားတာ ဒါပေမယ့် သူက ဆင်းရဲလွန်းလို့ တပည့် မခံနိုင်ခဲ့ဘူး နောက်တော့ သူ့ကို ဆရာဟယ်က ကောက်သွားတာပဲ"

"သူက ဆေးလည်း မဖော်စပ်ဘူး အမြဲတမ်း လျှော့ဈေး ဆေးလုံးတွေကိုပဲ ဝယ်နေတာ"

"အဲဒီတုန်းက သူ့ရဲ့ ဆေးဖော်စပ်မှုက တိုးတက်မှု မရှိဘူး အဆင့်သတ်မှတ်ချက်ကလည်း ပျောက်သွားတယ်"

"ဆရာဟယ်ကို ငါတို့က တော်တော်ကြာအောင် လှောင်ပြောင်ခဲ့ကြတယ်"

"ပြီးတော့ သူက ရုတ်တရက် တတိယ ခြံဝင်းငယ်ရဲ့ ပထမနေရာ ဖြစ်လာတော့ လှောင်ပြောင်ခဲ့တဲ့ လူတွေက မျက်နှာပျက်ရတာပေါ့"

"အခု သူ့တပည့်က ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းငယ်တွေရဲ့ စာမေးပွဲကို ဝင်မယ်ဆိုတော့ ငါတို့က သဘာဝကျကျ ချီးကျူးပေးရမှာပေါ့"

ဝေ့ချူယောင် က မျက်မှောင်ကုတ်လိုက်သည်။

"တိုက်ရိုက် ဆက်စပ်မှု ရှိလို့လား"

"ကျန်းမန် ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းငယ်တွေမှာ တောက်ပလာမယ်လို့ မင်း ထင်လို့လား"

အမျိုးသမီး ဆေးဆရာက မေးလိုက်သည်။

ဝေ့ချူယောင် က ခေါင်းခါလိုက်သည်။

"ခက်တယ်"

"အဲဒါပဲလေ ငါတို့က ပိုချီးကျူးလေ သူက ပိုပြီး နားမထောင်ချင်လေပဲ ဘာလို့လဲဆိုတော့ သူ့တပည့်က ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းငယ်တွေမှာ သေချာပေါက် အခက်တွေ့မှာကိုး တကယ်လို့ အခက်တွေ့သွားရင် ငါတို့က ဒီလိုတွေ ချီးကျူးထားတော့ သူ အပြင်တောင် ထွက်ရဲတော့မှာ မဟုတ်ဘူး အဆိုးဆုံး အခြေအနေအနေနဲ့ တကယ်ပဲ တောက်ပလာခဲ့ရင်လည်း ငါတို့က ချီးကျူးထားတာဆိုတော့ မျက်နှာပျက်စရာ မရှိပါဘူး အဲဒီအစား ငါ အရင်ကတည်းက ပြောသားပဲ ဒီလိုဖြစ်မယ်ဆိုတာ ဆရာဟယ်လည်း ငါတို့ဆီကနေ အပျော်လာရှာလို့ မရတော့ဘူးလေ"

အမျိုးသမီး ဆေးဆရာက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

ဒီဆေးဆရာတွေက တော်တော်လေး ဆိုးသွမ်းတယ်လို့ ဝေ့ချူယောင် ခံစားလိုက်ရတယ်။

ဆေးဆရာတွေက ဆေးဖော်စပ်တာကလွဲရင် တခြား ဘာအလုပ်မှ မလုပ်ကြဘူး။

အခြားတစ်ဖက်တွင် အခန်းသို့ ပြန်ရောက်သော ဟယ်ချန်ဖုန်းက စားပွဲကို အပြင်းအထန် ထုလိုက်သည်။

နာကျင်စွာဖြင့် အော်လိုက်သည်။

"ချီးမွမ်းပြီး သတ်ခံလိုက်ရပြီ"

————

ယခုအချိန်တွင် ကျန်းမန်က အခြားအရာများကို အများကြီး မစဉ်းစားသလို အခြားသူများက သူ့ကို သဘောကျသည် ဖြစ်စေ မကျသည် ဖြစ်စေ ဂရုမစိုက်ပေ။

ကျင့်ကြံဖို့ကိုပဲ အာရုံစိုက်နေခဲ့သည်။

ပထမ၊ ဒုတိယ၊ တတိယ ခြံဝင်းငယ်များ၏ စာမေးပွဲတွင် အကောင်းဆုံး အခြေအနေဖြင့် ပါဝင်နိုင်ရန် ဖြစ်သည်။

အဆင့်ငါးဆယ် ဆိုတာ လွယ်လွယ်လေး ဝင်လို့ရတာ မဟုတ်ဘူး။

ယခု မတ်လ အလယ်ပိုင်းဆိုတော့ ဩဂုတ်လ အလယ်ပိုင်းအထိ ငါးလသာ လိုတော့သည်။

ငါးလ အချိန်အတွင်း ကျင့်ကြံမှုကို အမြင့်ဆုံးအထိ မြှင့်တင်ရမည်ဖြစ်ပြီး အဆင့်မြင့် ကျင့်စဉ်များကို ဆက်လက် ကျင့်ကြံရဦးမည် ဖြစ်သည်။

ဥပမာ ခရမ်းရောင်တိမ်တိုက် အလင်းတန်း၊ မီးခိုးငွေ့ နိဒါန်း..

ဓားကြီးသိုင်း ကိုတော့ နောက်ဆုံးမှ ထားလို့ရတယ်။

ဘာလို့လဲဆိုတော့ သုံးဖို့ အခွင့်အရေး သိပ်မရှိလို့ပါ။

တစ်ခါ သုံးလိုက်ရင် ဝိညာဉ်ဓား ပွန်းပဲ့မှု အရမ်း များသွားမယ်။

မတန်ဘူး။

အရင်ဆုံး ဝယ်ရမှာက မြေဓာတ်ဆေးလုံးပဲ။

ကျင့်ကြံမှု နောက်ဆုံး ဘူးသီး ပွင့်လာပေမယ့် အထဲမှာ ဘာမှ မရှိသေးဘူး ဝိညာဉ်စွမ်းအင် ပမာဏက အမြင့်ဆုံးကို မရောက်သေးဘူး။

အရင်ဆုံး အလုံးသုံးဆယ် ယူလိုက်မယ်။

အများဆုံး ပမာဏပဲ။

ဝိညာဉ်ကျောက်တုံး နှစ်သောင်းလေးထောင် လျော့သွားတယ်။

ငါးသောင်းခုနစ်ထောင် ကျန်သေးတယ်။

ထို့နောက် ခန္ဓာကိုယ်ကို မြှင့်တင်ရန် မူလအခြေခံဆေးလုံး အလုံးငါးဆယ်

ဝိညာဉ်ကျောက်တုံး နှစ်သောင်းခုနစ်ထောင် လျော့သွားတယ်။

သုံးသောင်း ကျန်သေးတယ်။

အဆင့်မြင့် ကျင့်စဉ်ရဲ့ အကူအညီ မရှိဘဲ ခန္ဓာကိုယ်ကို သန့်စင်လို့ မရတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆေးလုံးတွေက အများဆုံးပဲ အလုံးငါးဆယ်က ခန္ဓာကိုယ် အဆင့်ရှစ် ဘူးသီးကို ပြည့်အောင် လုပ်ပေးနိုင်မလား ဆိုတာတောင် ပြောရခက်တယ်။

နဝမမြောက် ဘူးသီးကို ဖွင့်ဖို့ဆိုတာကတော့ ပိုတောင် ဝေးသေးတယ်။

နောက်ရက်တွေမှာ ကျန်းမန်က အရင်ဆုံး မြေဓာတ်ဆေးလုံး စားပြီး ကျင့်ကြံမှုကို သန့်စင်တယ်၊ ပြီးတော့ မူလအခြေခံဆေးလုံး စားပြီး ခန္ဓာကိုယ်ကို မြှင့်တင်တယ်။

မတ်လ ဆယ့်ငါးရက်နေ့

မြေဓာတ်ဆေးလုံး ငါးလုံး လျော့သွားပြီး မူလအခြေခံဆေးလုံး ခုနစ်လုံး လျော့သွားတယ်။

မတ်လ နှစ်ဆယ့်ငါးရက်နေ့

မြေဓာတ်ဆေးလုံး ဆယ့်ငါးလုံး လျော့သွားပြီး မူလအခြေခံဆေးလုံး နှစ်ဆယ့်ငါးလုံး လျော့သွားတယ်။

ဧပြီလ ဆယ်ရက်နေ့

မြေဓာတ်ဆေးလုံး အားလုံး ကုန်ခမ်းသွားပြီး ကျင့်ကြံမှု ပဉ္စမမြောက် ဘူးသီးက ခုနစ်ဆယ်ရာခိုင်နှုန်း ပြည့်သွားတယ်။

ခန္ဓာကိုယ် အဋ္ဌမမြောက် ဘူးသီးက ရှစ်ဆယ်ရာခိုင်နှုန်း ပြည့်သွားတယ်။

မျှော်လင့်ထားတာထက် ပိုပြီး ခက်ခဲတယ်။

ထို့နောက် ကျန်းမန်က မြေဓာတ်ဆေးလုံး ဆယ်လုံး၊ မူလအခြေခံဆေးလုံး အလုံးသုံးဆယ် ထပ်ဝယ်လိုက်သည်။

ဝိညာဉ်ကျောက်တုံး ခြောက်ထောင် ကျန်သေးတယ်။

ထို့နောက် ကျန်းမန် ဆက်လက် ကျင့်ကြံလေတော့သည်။

ဧပြီလ ဆယ့်ငါးရက်နေ့

မြေဓာတ်ဆေးလုံး သုံးလုံး လျော့သွားပြီး မူလအခြေခံဆေးလုံး ဆယ်လုံး လျော့သွားတယ်။

ဧပြီလ နှစ်ဆယ်ရက်နေ့

မြေဓာတ်ဆေးလုံး ခြောက်လုံး လျော့သွားပြီး မူလအခြေခံဆေးလုံး အလုံးနှစ်ဆယ် လျော့သွားကာ အဆင့်စတင် တက်လှမ်းခဲ့တယ်။

ဧပြီလ နှစ်ဆယ့်သုံးရက်နေ့

နောက်ဆုံး မူလအခြေခံဆေးလုံး ဆယ်လုံး ကုန်ခမ်းသွားချိန်တွင် သူ၏ ခန္ဓာကိုယ်မှ လေးလံသော အသံများ ထွက်ပေါ်လာခဲ့သည်။

ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ခြေရာများ ကျန်ရစ်နေခဲ့သည်။

ခန္ဓာကိုယ် အဆင့်ကိုး

မေလ တစ်ရက်နေ့ မြေဓာတ်ဆေးလုံး ကုန်ခမ်းသွားတယ်။

ကျင့်ကြံမှု ပဉ္စမမြောက် ဘူးသီးက အောင်မြင်စွာ ပြည့်သွားခဲ့တယ်။

ဒါက ခန္ဓာကိုယ်နဲ့ စိတ်အာရုံ နှစ်ခုစလုံးက အဆင့်ကိုး ဖြစ်နေလို့ ကျင့်ကြံမှုအပေါ် အထောက်အကူ ပြုသွားတာကြောင့်ပဲ မဟုတ်ရင် နောက်ထပ် ရက်အနည်းငယ် လိုဦးမယ်။

ထိုသို့ဖြင့် ကျန်းမန်က မြက်စားနေသော နွားဝါကြီးကို ကြည့်ကာ မေးလိုက်သည်။

"အဝါကြီး အခု ငါ့ကျင့်ကြံမှုက ဘယ်လိုနေလဲ"

နွားဝါကြီးက ခေါင်းတောင် မဖော်ဘဲ ပြောလိုက်သည်။

"ကျင့်ကြံမှု သက်သက်ကိုပဲ ကြည့်ရင် မင်း အဆင့်ငါးဆယ် အတွင်း မဝင်နိုင်ဘူး"

ကျန်းမန်က ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်သည်။

ကျင့်ကြံမှု သက်သက်ကိုပဲ ကြည့်ရင် အဆင့်ငါးဆယ် အတွင်း တကယ်ပဲ မဝင်နိုင်ဘူး။

အခု သူက ခန္ဓာကိုယ်ရော စိတ်အာရုံပါ အဆင့်ကိုး ဖြစ်နေပြီ ဆိုပေမယ့် နဝမမြောက် ဘူးသီးက အလွတ်ကြီးပဲ ရှိသေးတယ်။

ပြည့်သွားမှ အခြေခံတည်ဆောက်ခြင်း ပြီးပြည့်စုံတဲ့အဆင့် ဖြစ်မှာ။

ဒါပေမယ့် အချိန်မမီတော့ဘူး၊ ဆေးလုံးလည်း မရှိတော့ဘူး။

ဒါပေမယ့် သုံးလကျော် အချိန်ရသေးတယ် နေ့တိုင်း စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်ကို သန့်စင်ရဦးမယ်ဆိုတော့ စိတ်အာရုံ ပြီးပြည့်စုံတဲ့အဆင့် ရောက်ဖို့ကတော့ ဖြစ်နိုင်ပါတယ်။

ခန္ဓာကိုယ်ကတော့ နည်းနည်း လိုသွားလိမ့်မယ်။

ခန္ဓာကိုယ်ကို တစ်ခါမှ သန့်စင်တာမျိုး မလုပ်ဖူးဘူးဆိုတော့ အားနည်းချက်လို့ ပြောလို့ရတယ်။

ကံကောင်းတာက စစ်မှန်သော သိုင်းပညာရပ်က နည်းနည်းလောက် ဖြည့်ဆည်းပေးထားလို့ပါ။

အဲဒီနောက် အဆင့်မြင့် ကျင့်စဉ်တွေကို မြှင့်တင်ဖို့ပဲ ရှိတော့တယ်။

သုံးလကျော် အချိန်အတွင်း အဆင့်မြင့် ကျင့်စဉ် နှစ်ခုကို အနိုင်နိုင် သင်ယူနိုင်ပါလိမ့်မယ်။

ဒါပေမယ့် အဆင့်မြင့် ကျင့်စဉ် သုံးခု ရှိတယ်လေ ဓားကြီးသိုင်း ကိုတော့ အရင်ဆုံး လက်လွှတ်လိုက်ရတော့မှာပဲ။

ဘာလို့လဲဆိုတော့ သုံးဖို့ အခွင့်အရေး သိပ်မရှိလို့ပါ။

တစ်ခါသုံးလိုက်တာနဲ့ ဝိညာဉ်ဓား ပွန်းပဲ့မှုက အရမ်း ကြီးသွားမယ်။

မတန်ဘူး။

"အဝါကြီး ဒီလို အခြေအနေမျိုး ငါ ပထမဆုံးအကြိမ် ကြုံဖူးတာပဲ အဆင့်မြင့် ကျင့်စဉ်တွေကို သင်ယူဖို့ အချိန်မမီဘူး ဖြစ်နေတယ် ငါ ကြိုးစားအားထုတ်မှု မလုံလောက်လို့လား"

ကျန်းမန်က နွားဝါကြီးကို ကြည့်ကာ ပြောလိုက်သည်။

နွားဝါကြီးက ခေါင်းငုံ့ပြီး မြက်စားနေရင်း ဖြေလိုက်သည်။

"မေလ ရောက်ပြီလေ ကျီးကန်းတံတား ပွင့်ဖို့ နောက်ထပ် နှစ်လပဲ လိုတော့တယ် မင်း မိန်းမကိုသာ သွားပြောလိုက်ပါ"

"မင်း ကြိုးစားမှု မလုံလောက်ဘူးလား ဆိုတာကို သူ့ကိုပဲ ဝေဖန်ခိုင်းလိုက်"

ကျန်းမန် အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

"မကောင်းပါဘူး"

နွားဝါကြီးက မြက်စားနေပြီး ထပ်ပြီး မတုံ့ပြန်တော့ပေ။

ကျန်းမန် ကျင့်ကြံမှုကို ပြန်စရန် ပြင်ဆင်နေစဉ်မှာပင် ကောင်းရုံ ရောက်လာခဲ့သည်။

သူ့နောက်တွင် အမျိုးသမီးတစ်ဦး ပါလာခဲ့သည်။

သာမန် အဝတ်အစားများ ဝတ်ဆင်ထားသော်လည်း မျက်နှာပေါက် အချိုးကျပြီး အသားအရေ ဖြူဖွေးနေသည်။

ကျန်းမန် အနည်းငယ် အံ့သြသွားသည်။

"သခင်လေးကောင်း ကျွန်တော့်ကို လာရှာတာလား"

ကောင်းရုံက အနေရခက်စွာဖြင့် ပြောလိုက်သည်။

"မင်းဆီမှာ အဖွဲ့ဝင် ပြည့်ပြီလားလို့ လာမေးတာ ဒုတိယ ခြံဝင်းငယ်က ပါရမီရှင် အစ်မ စုချင်းယာက ငါတို့အဖွဲ့ထဲ ဝင်ချင်လို့တဲ့"

ယခုအချိန်တွင် စုချင်းယာက ကျန်းမန် ရှေ့သို့ ရောက်လာပြီး ကျက်သရေရှိစွာဖြင့် မာနမကြီးဘဲ မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်ပြီးနောက် ပြောလိုက်သည်။

"မောင်လေးဆီမှာ လူမပြည့်သေးရင် အစ်မက သင့်တော်မယ်လို့ ထင်ပါတယ်"

ကျန်းမန်က ကောင်းရုံကို ကြည့်ကာ ပြောလိုက်သည်။

"သခင်လေးကောင်း သဘောတူရင် ရပါပြီ"

ဘာပဲဖြစ်ဖြစ် ဝိညာဉ်ကျောက်တုံး ယူထားပြီးပြီဆိုတော့ တစ်ဖက်လူက လူထည့်ချင်ရင် ထည့်ပေါ့ သူ့မှာလည်း ရွေးစရာ လူမှ မရှိတာ။

ထိုစကားကို ကြားသောအခါ ကောင်းရုံ အံ့သြသွားပြီး မယုံနိုင်အောင် ဖြစ်သွားသည်၊ ကျန်းမန်က သူ့ကို အရမ်း မျက်နှာသာပေးတာပဲ။

ဖန်ယုံ ပြောတာ မှန်တယ်၊ ဒါက အရောင်းအဝယ်ထဲမှာ သံယောဇဉ် ပါနေလို့ပဲ။

အကုန်လုံးက ဖက်တီးလေးရဲ့ သံယောဇဉ်ကြောင့်ပဲ။

နောက်ပိုင်း ဖက်တီးလေးကို ပိုပြီး ဂရုစိုက်ရမယ်။

အရင်တုန်းကလိုမျိုး ဆက်ပြီး မလုပ်သင့်တော့ဘူး။

ဒီဝိညာဉ်ကျောက်တုံး သုံးသောင်း သုံးရတာ တကယ်ကို တန်တာပဲ။

All Chapters