← Chapters

အခန်း ၅၇၃

Vol. 39 Ch. 573

အခန်း ၅၇၃

Vol. 39 Ch. 573

အခန်း (၅၇၃) အားလပ်ချိန်လေးကို ခိုးယူခြင်း (အပိုင်း ၃)

"နင့်ရဲ့ သတင်းက နင် ပြန်မရောက်ခင် အစောကြီးကတည်းက ကြိုရောက်နေတာ... အဲဒီတော့ နင့်ရဲ့ ခရီးစဉ်က သေချာပေါက် အန္တရာယ် များလိမ့်မယ် ဆိုတာကို ငါ သိလိုက်တယ်"

"မမျှော်လင့်ဘဲ.. ညသခင် ရဲ့ ကြံစည်မှုတွေနဲ့ ထိပ်တိုက် သွားတွေ့ရလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး"

"ကြည့်ရတာ ညသခင် က မြစ်ကြောင်း တစ်လျှောက်မှာ အကွက်ချ ကြံစည်နေတာ ကြာပြီပဲ... ဒါပေမဲ့ သူ့ရဲ့ ရည်ရွယ်ချက်က အဲဒီ နယ်မြေလောက်လေး တင်တော့ မကဘူး ထင်တယ်"

"အခြား ရည်ရွယ်ချက် တစ်ခုခုအတွက် သူက မြစ်ကြောင်း နယ်မြေကို အလိုရှိနေခဲ့တာပါ အစ်မယွင်"

ဆုမိုက အပြုံးလေးဖြင့် ပြန်လည် တုံ့ပြန်လိုက်၏။

"ဒီ သွားလာရေး အချက်အချာကျတဲ့ နေရာကို သူ ထိန်းချုပ်ချင်နေတာ... အကယ်၍ သူသာ အောင်မြင်သွားခဲ့ရင်၊ အနောက်တောင်ဘက် ဒေသက နောက်ပိုင်းမှာ အဆုံးမဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရတော့မှာ"

"အဲဒီလိုသာ ဆိုရင်... အနောက်တောင်ဘက် ဒေသက မတည်ငြိမ်နေလောက်တော့ဘူး"

ယန်ရှောင်ယွင်က မျက်မှောင်ကို အနည်းငယ် တွန့်လိုက်သည်။

"ညသခင် က တုန်းဟွမ် တစ်ခွင်လုံးကို ခြုံငုံပြီး တွေးနေတာပဲ"

"သူက မြစ်ကြောင်း တစ်လျှောက်မှာ အစီအစဉ်တွေ ဆွဲထားခဲ့ပေမဲ့ ငါတို့က အဲဒါတွေကို ဖျက်ဆီးပစ်လိုက်တယ်... အဲဒါကို အခွင့်ကောင်းယူပြီး 'အရှေ့ကို ရိုက်ချင်ယောင်ဆောင်ပြီး အနောက်ကို တိုက်မယ်' ဆိုတဲ့ ဗျူဟာကို သုံးလိုက်ပြန်တယ်... အပြင်ပန်းမှာတော့ လမ်းတွေကို ပြင်ဆင်နေသယောင် ဟန်ဆောင်ပြပြီး၊ အတွင်းမှာကျတော့ ချင်းရှို့ တောင်ပေါ်မြို့ ကနေ ချုံခို တိုက်ခိုက်ဖို့ တိတ်တဆိတ် ပြင်ဆင်နေခဲ့တယ်... နောက်ဆုံး ရည်ရွယ်ချက်ကတော့ ချီမေ တောအုပ် ကို ပစ်မှတ်ထားဖို့ပေါ့"

"ပြီးတော့ စာတစ်စောင်နဲ့ ယူချွမ် ဂိုဏ်းချုပ် ကို ထျန်းချွီမြို့ ဆီကို မျှားခေါ်သွားပြီး နင်က သူ့ကို သတ်ပစ်လိုက်တယ်"

"သူ့ရဲ့ ကြံစည်မှုတွေကို ပြန်လည် သုံးသပ်ကြည့်ရင် ဒါတွေ အားလုံးက ကိစ္စတစ်ခုလုံး မဟုတ်သေးဘူး"

"အရင်က ကျွန်တော် ပြောပြဖူးတဲ့ ဝူရှန်းခန်းမ က ရန်ရှုံးဖေး ကို မှတ်မိသေးလား"

"ဒါပေါ့... မှတ်မိတာပေါ့"

ယန်ရှောင်ယွင်က ခေါင်းညိတ်ပြလိုက်၏။

"ဝမ်လျန် အိမ်တော် မှာတုန်းက ညသခင် ကို စမ်းသပ်ဖို့အတွက် ဒီကိစ္စကို ကျွန်တော် အသုံးပြုခဲ့တယ်လေ"

ဆုမိုက ထပ်မံ ပြုံးလိုက်ပြန်သည်။

"ညသခင် က ကျွန်တော့်ကို ချက်ချင်း မှတ်မိသွားတယ်... ကျွန်တော်က ရန်ရှုံးဖေး လုံးဝ မဟုတ်ဘူးဆိုတာကို သူ သိနေခဲ့တယ်"

"...တုန်းချန် နဲ့ ဝူရှန်းခန်းမ က မိုင်ပေါင်း ထောင်ချီ ကွာဝေးတာကို"

"ညသခင် မှာ သတင်းပေးတွေ ဘယ်လောက်ပဲ အများကြီး ရှိနေပါစေ... နင်က ရန်ရှုံးဖေး မဟုတ်ဘူး ဆိုတာကို မျက်စိတစ်မှိတ်အတွင်း သိသွားဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ"

ယန်ရှောင်ယွင်က သက်ပြင်းချလိုက်၏။

"ကြည့်ရတာ ရန်ရှုံးဖေး က ဝူရှန်းခန်းမ အတွင်းမှာ ညသခင် ထည့်ထားတဲ့ စစ်တုရင် ရုပ် တစ်ရုပ် ဖြစ်နေတာ သေချာတယ်... ဟယ် မိသားစု တည်းခိုခန်း က တာဝန်ခံဟယ် ကြုံတွေ့ခဲ့ရတဲ့ လူယုတ်မာတွေ ဆိုတာကလည်း ဒီကိစ္စကနေ မြစ်ဖျားခံလာတာပဲ ဖြစ်ရမယ်"

ဤနေရာအထိ ပြောဆိုပြီးနောက် ယန်ရှောင်ယွင်က ဆုမိုကို ရုတ်တရက် အကြည့်ပို့လိုက်သည်။

"ညသခင် က လော့ဖုန်း မဟာမိတ်အဖွဲ့ ကိုများ အကွက်ချ ကြံစည်နေတာလား"

"လော့ဖုန်း မဟာမိတ်အဖွဲ့ တစ်ခုတည်းတင် မဟုတ်ဘူး..."

ဆုမိုက သူမကို တည့်တည့် စိုက်ကြည့်လိုက်၏။

"သူက ဝူရှန်းခန်းမ ကို အရင်ဆုံး သိမ်းပိုက်ချင်နေတာ"

"...ဒါက ဝမ်ချန်ရှင်း နဲ့ ပတ်သက်တဲ့ အစီအစဉ်တွေနဲ့ ဆက်စပ်နေတာလား"

ယန်ရှောင်ယွင်က ဤအချက်ကို ချက်ချင်းပင် တွေးမိသွားတော့သည်။

ဆုမိုက ခေါင်းညိတ်လိုက်၏။

"အရင်က ဝမ်ချန်ရှင်း ကို ကျွန်တော် ပြောခဲ့တာတွေက တကယ်တော့ အဆိုးရွားဆုံး ဗျူဟာ တစ်ခုပဲ"

"အဆိုးရွားဆုံး ဗျူဟာ ဟုတ်လား"

ယန်ရှောင်ယွင် တစ်ယောက် အံ့အားသင့်သွားရသည်။ ဆုမိုက ဝမ်ချန်ရှင်း၏ ဇာစ်မြစ်နှင့် သူ့အပေါ် ညသခင်၏ ကြံစည်မှုများကို သူမအား ယခုလေးတင် ပြောပြထားပြီး ဖြစ်၏။

၎င်းမှာ မောင်နှမ အတုအယောင် ဆက်ဆံရေးကို အခိုင်အမာ သက်သေပြရန်သာ။

ထို့နောက် အတုအယောင် ဝမ်ချန်ရှင်း ကို ဤကိစ္စအား ဝန်ခံစေရန်...

ဤကဲ့သို့သော ကြံစည်မှုမျိုးက ဝူရှန်းခန်းမ တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်ပေသည်။

ထိုအရာက မည်သို့လုပ် အဆိုးရွားဆုံး ဗျူဟာ ဖြစ်နိုင်မည်နည်း။

သို့သော် သူမကို ငေးကြည့်နေသော ဆုမို၏ မျက်ဝန်းများထဲတွင် ထူးဆန်းသော အလင်းတန်း တစ်ခုကို တွေ့လိုက်ရ၏။

"အကယ်၍ ဝမ်ယွီထန် က ဝမ်ချန်ရှင်း ရဲ့ အဖေအရင်း တကယ် ဖြစ်နေခဲ့ရင်ကော"

"..."

ယန်ရှောင်ယွင် တစ်ယောက် မှင်သက်သွားတော့သည်။

"အကယ်၍ အဲဒါက တကယ်သာ မှန်နေခဲ့ရင်..."

နောက်တစ်ခဏတွင် သူမ၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွား၏။

"နင် ဆိုလိုချင်တာက"

"ဒီကိစ္စက တကယ်သာ မှန်နေခဲ့ရင် သေချာပေါက် ထုတ်ဖော် ကြေညာမှာ မဟုတ်ဘူး"

"အကယ်၍ ကျွန်တော်သာ ညသခင် နေရာမှာ ဆိုရင်... ဒီအချက်ကို လုံးဝ ထိန်းချုပ်ထားပြီး တိုက်ခိုက်စရာ မလိုဘဲ အောင်ပွဲခံနိုင်လိမ့်မယ်"

"ရန်ရှုံးဖေး ကို အသုံးပြုပြီး ဒီသတင်းကို ဝမ်ယွီထန် ဆီကို ပို့လိုက်ရုံပဲ... ဝမ်ယွီထန် အနေနဲ့ ဒီကိစ္စကို လူသိရှင်ကြား မဖြစ်စေချင်ဘူး ဆိုရင် ညသခင် ရဲ့ အမိန့်တွေကို နာခံရတော့မှာပဲလေ"

"အစ်မယွင် ဘယ်လိုထင်လဲ... ဝမ်ယွီထန် အနေနဲ့ ဘယ်လို ရွေးချယ်မှုမျိုးကို လုပ်လိမ့်မလဲ"

ယန်ရှောင်ယွင်မှာ အသက်ကိုပင် ပြင်းပြင်း မရှူရဲတော့ဘဲ သက်ပြင်းကိုသာ တိတ်တဆိတ် ချလိုက်မိတော့သည်။

"ဆယ်စုနှစ်တွေနဲ့ ချီပြီး အကွက်ချလာခဲ့တဲ့ အစီအစဉ် ဆိုတော့... ဒီလို ဖြစ်နိုင်ခြေမျိုး တကယ် ရှိနေတာပဲ"

"နင်.. အဲဒီတုန်းက ဒီအချက်ကို တွေးမိခဲ့ရက်နဲ့... ဝမ်ချန်ရှင်း ကို ဘာလို့ မပြောပြခဲ့တာလဲ"

"ကျွန်တော် ဘယ်လိုလုပ် ပြောရက်မှာလဲ"

ဆုမိုက သက်ပြင်းချလိုက်၏။

"အဲဒီအချိန်တုန်းက သူက သေဖို့ပဲ ဆုံးဖြတ်ထားခဲ့တာ... အကယ်၍ ကျွန်တော်သာ ဒီခန့်မှန်းချက်ကို မျှဝေခဲ့မယ် ဆိုရင် ဝူရှန်းခန်းမ ဆီကို ပြန်သွားဖို့ သူ့မှာ သတ္တိတွေ ကျန်ပါဦးမလား... ဒီအမှန်တရားက သူ့အတွက်တော့ အရမ်းကို ရင်နာစရာ ကောင်းလွန်းတယ်"

"ပြီးတော့... ကျွန်တော် ပြောခဲ့တာတွေက တကယ့် အမှန်တရားရော ဟုတ်ရဲ့လား"

"ဒါက ကျွန်တော့်ရဲ့ ရမ်းဆ ခန့်မှန်းချက် သက်သက်ပဲလေ... နောက်ဆုံး အမှန်တရားကို ကိုယ်စားပြုနေတာမှ မဟုတ်တာ"

"တကယ့် အဖြစ်မှန်က ကျွန်တော်တို့ စိတ်ကူးထားတာထက်တောင် ပိုပြီး ဆိုးရွားနိုင်သေးတယ်"

"ဒါကတော့..."

ယန်ရှောင်ယွင်က သက်ပြင်းချလိုက်ပြန်သည်။

"အခု ဝမ်ချန်ရှင်း က ဝူရှန်းခန်းမ ကို ရောက်နေပြီ ဆိုတော့... အကယ်၍ သူက ဝမ်ယွီထန် ရဲ့ သားအရင်း ဖြစ်နေတယ် ဆိုတာကို အတည်ပြုနိုင်ခဲ့ရင် ဘာဆက်လုပ်ရမလဲ"

"ဒီကိစ္စက အလွယ်တကူ စုံစမ်းလို့ ရမှာ မဟုတ်ဘူး"

ဆုမိုက ပြန်လည် ဖြေကြားလိုက်၏။

"ဒါ့အပြင် ကျွန်တော် ကိုယ်တိုင် ဝူရှန်းခန်းမ ဆီကို တစ်ခေါက်လောက် သွားမှ ရလိမ့်မယ်... အာ မဟုတ်ဘူး... ကျွန်တော်တို့ နှစ်ယောက်လုံး သွားဖို့ လိုတယ်"

စကားဆုံးသည်နှင့် သူက ယန်ရှောင်ယွင်၏ လက်ကလေးကို ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

"ဇီယန် အာမခံဌာန က ကိစ္စတွေလည်း အခုလောလောဆယ်တော့ တည်ငြိမ်သွားလောက်ပါပြီ... အစ်မယွင် ကို အိမ်မှာ ထားခဲ့ပြီး သိုင်းလောက ထဲမှာ ကျွန်တော် တစ်ယောက်တည်း ဆက်ပြီး လှည့်လည် မသွားချင်တော့ဘူး"

ဆုမို၏ ဤကဲ့သို့သော လှိုက်လှဲသည့် ခံစားချက်မျိုးကို မြင်ရခဲလှပေရာ ယန်ရှောင်ယွင်၏ နှလုံးသားလေးမှာ ပီတိများဖြင့် ပြည့်လျှံသွားတော့၏။ သို့သော် နောက်တစ်ခဏတွင် သူမ၏ မျက်ဝန်းများက အရောင်လက်သွားသည်။

"ဝူရှန်းခန်းမ ဆီကို နင် ရုတ်တရက်ကြီး သွားချင်လာတာက... ရွှီလု ရဲ့ စာကြောင့် များလား"

"အတိအကျပဲ"

ထို့နောက် ဆုမိုသည် ယန်ရီဇီ၏ စာထဲတွင် ပါဝင်သော အကြောင်းအရာများကို ယန်ရှောင်ယွင်အား အစအဆုံး ပြန်လည် ပြောပြလိုက်သည်။

ယန်ရှောင်ယွင်က ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်၏။

"ကြည့်ရတာ ငါတို့ အာမခံဌာန ထဲမှာ အချိန်ဆွဲ မနေသင့်တော့ဘူး ထင်တယ်... ဒါပေမဲ့... ဒါပေမဲ့ ဒီလောက် ဝေးတဲ့ ခရီးကြီးကနေ ပြန်လာတာကို... နင် ခဏလေးတော့ အနားယူသင့်တယ် မဟုတ်လား"

"အချိန်ဆွဲနေလို့ မရတော့ဘူး အစ်မယွင်"

ဆုမိုက သက်ပြင်းချလိုက်သည်။

"ဦးလေးယန် က အဲဒီမှာ စောင့်နေတာ အရမ်း ကြာနေပြီလေ... သူ့ကို ကျွန်တော် ဘယ်လိုလုပ် ဆက်ပြီး စောင့်ခိုင်းထားရက်မှာလဲ... ပြီးတော့ ဒီကိစ္စတွေ အားလုံးက သေချာတဲ့ အဖြေတစ်ခု မရသေးဘူး ဆိုရင်... ကျွန်တော် ဘယ်လိုလုပ် စိတ်အေးလက်အေး အနားယူနိုင်မှာလဲ"

"အဖေ့ ကို နောက်ထပ် နှစ်ရက်လောက် ထပ်စောင့်ခိုင်းလိုက်ရင်ရော"

ယန်ရှောင်ယွင်က မျက်လုံးများကို မှေးကာ စဉ်းစားဟန်ဖြင့် ပြောလိုက်၏။

"အဒေါ်လင်း နဲ့ တခြားသူတွေလည်း အဲဒီမှာ ရှိနေတာပဲ... သူ့ကို အလွယ်တကူနဲ့တော့ အမှားလုပ်ခွင့် ပေးမှာ မဟုတ်ပါဘူး... အထူးသဖြင့် ဒီလောက် အချိန်တွေ ကြာနေမှတော့လေ"

"အကယ်၍ ခင်ဗျားအဖေ က သူ့ရဲ့ အနွေးထည်လေးမှာ အပေါက် ဖြစ်နေပြီ ဆိုတာကိုသာ သိသွားရင် ကျွန်တော်နဲ့ ရန်သူတွေ ဖြစ်ကုန်မှာပေါ့"

ဆုမိုက ခါးသီးသော အပြုံးဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။ ထို့နောက် ကောင်းကင်ကို မော်ကြည့်ကာ ဆက်ပြောလိုက်၏။

"အချိန်လည်း လင့်နေပြီ... တံခါးဝမှာ အချိန်အကြာကြီး ရပ်နေလို့ မဖြစ်တော့ဘူး... အခြေအနေ မဟန်ဘူး ဆိုရင် နောက်ပေါက်ကနေပဲ တိတ်တိတ်လေး ဝင်သွားကြတာပေါ့"

"ကောင်းပြီလေ"

ယန်ရှောင်ယွင်က ချက်ချင်းပင် ခေါင်းညိတ် သဘောတူလိုက်၏။ ဆုမို ပြောသမျှကို သူမက အမြဲတမ်း နားထောင်လေ့ ရှိသည် မဟုတ်ပါလော။

ထို့နောက် သူမက ဆုမိုကို ခေါ်ဆောင်ကာ အာမခံဌာန ဆီသို့ ပြန်လာခဲ့ကြသည်။

သို့သော် လမ်းခရီးတွင် အာမခံဌာန သို့ အလျင်စလို သွားနေရင်း ယန်ရှောင်ယွင်က စကားစလာ၏။

"ထျန်းချွီမြို့ မှာ နင် နာမည်ရသွားပြီး ကတည်းက အာမခံဌာန ဆီကို အလုပ်တွေက ဆီးနှင်းပွင့်တွေလို အဆက်မပြတ် ရောက်လာတော့တာပဲ"

"အဲဒီအထဲမှာ ဝူရှန်းခန်းမ ဆီကို သွားရမယ့် အလုပ်တွေလည်း အများကြီး ပါတယ်... ဒါပေမဲ့ ငါတို့က အဲဒီ လမ်းကြောင်းကို အရင်က တစ်ခါမှ မသွားဖူးတော့ အကုန်လုံးကို ခေတ္တ ဆိုင်းငံ့ထားလိုက်ရတယ်"

"ဝူရှန်းခန်းမ ဆီကို တစ်ခေါက်သွားဖို့ အကြောင်းပြချက် တစ်ခုခု နင် စဉ်းစားထားပြီးပြီလား"

"သိပ်မလေးလံတဲ့ သင့်တော်မယ့် အာမခံ အလုပ်တစ်ခုကို ရှာလိုက်ပါ... ပေါ့ပေါ့ပါးပါးလေးနဲ့ သွားကြတာပေါ့"

"ပြီးတော့..."

ဆုမိုက အစောပိုင်းက သူ တွေးထားခဲ့သော အကြံအစည်များကို ယန်ရှောင်ယွင်အား အသေးစိတ် ပြန်လည် ရှင်းပြလိုက်သည်။

ဆုမို၏ စကားများ အားလုံးကို နားထောင်ပြီးနောက် ယန်ရှောင်ယွင်မှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားတော့၏။

"ဝမ်ချန်ရှင်း တစ်ယောက် အရင်ဘဝက ဘာအကုသိုလ်တွေများ လုပ်ခဲ့လို့လဲ မသိပါဘူး... ညသခင် ရဲ့ လှည့်စား ကြံစည်မှုတွေကြားထဲမှာ ဘဝတစ်ဝက်လောက် အသုံးချခံခဲ့ရပြီး... အခုလည်း နင့်ရဲ့ အသုံးချတာကို ခံရပြန်ပြီ"

ဆုမို တစ်ယောက် လန့်ဖျတ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စကို သူ အရင်က လုံးဝ မစဉ်းစားမိခဲ့သောကြောင့်ပင်။

ယန်ရှောင်ယွင်က သတိပေးလိုက်သောအခါမှ သူသည် ရယ်ချင်စိတ်နှင့်အတူ အကူအညီမဲ့မှုများကိုပါ ရောယှက် ခံစားလိုက်ရပြီး နောက်ဆုံးတွင်မူ ခေါင်းကိုသာ အသာအယာ ခါယမ်းလိုက်တော့၏။

"မတတ်နိုင်ဘူးလေ... သူက အရမ်း အသုံးဝင်နေတာကိုး”

--

All Chapters