← Chapters

အခန်း ၅၇၇

Vol. 39 Ch. 577

အခန်း ၅၇၇

Vol. 39 Ch. 577

အခန်း (၅၇၇) လက်ထပ်ကြစို့

ဤသိုင်းလောကတွင် ထူးဆန်းသော လမ်းစဉ် တစ်ခု ရှိပေသည်။ ၎င်းမှာ အမည်ကျော် သိုင်းပညာရှင်များကို စိန်ခေါ်ခြင်းပင်။

လူတစ်ယောက်သည် နာမည်ကျော် သိုင်းဆရာ တစ်ဦးအား စိန်ခေါ်ပြီးနောက် အကွက်အနည်းငယ်အတွင်း အနိုင်ယူနိုင်ခဲ့ပါက ထိုသူသည် သိုင်းလောက၌ ချက်ချင်းပင် နာမည်ကျော်ကြားသွားတော့၏။ ထို့အတူ ယခင်က မည်သူမည်ဝါမှန်း မသိရသော လူများမှာလည်း အခြားသော သိုင်းဆရာ တစ်ဦးကို စိန်ခေါ်ခြင်းဖြင့် သူတို့၏ ဂုဏ်သတင်းကို အရပ်မျက်နှာအနှံ့ ကျော်ဇောစေခဲ့ကြသည်။

သို့ရာတွင် ထိုလမ်းစဉ်ကို လျှောက်လှမ်းနိုင်သူများသည် များသောအားဖြင့် သူတို့ကိုယ်တိုင်ပင် အံ့မခန်းသော အရည်အချင်းများကို ပိုင်ဆိုင်ထားကြရသည်။ တစ်နည်းအားဖြင့် နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့သော ပြိုင်ဘက်ကင်း သိုင်းပညာများ ရှိထားသူများ ဖြစ်ရမည်။ သို့မဟုတ်ပါကလည်း သီးခြားနေထိုင်သော သိုင်းပညာရှင်ကြီးတစ်ဦး၏ ဆက်ခံသူများ ဖြစ်နေတတ်ပြီး ဤအခွင့်အရေးကို အသုံးချကာ နာမည်ဖော်ကြခြင်း ဖြစ်၏။

သို့သော် ဤအချက်ကြောင့်ပင် စိတ်ကူးယဉ် အိပ်မက်မက်နေသော လူတစ်စုလည်း ပေါ်ထွက်လာခဲ့သည်။ ထိုလူများသည် သာမန် သိုင်းပညာလောက်သာ ရှိသော်ငြားလည်း မိမိကိုယ်ကိုမူ အထူးအဆန်းဟု ထင်မှတ်နေကြသူများပင်။ သိုင်းပညာကို ရက်အနည်းငယ်လောက် လေ့ကျင့်ရုံဖြင့် သူတို့ကိုယ်သူတို့ ပြိုင်ဘက်ကင်းဟု ယူဆကာ နာမည်ကျော်များကို လိုက်လံစိန်ခေါ်ရန်သာ အမြဲ တွေးတောနေတတ်ကြ၏။

ကြင်နာတတ်သော သိုင်းပညာရှင်နှင့် တွေ့ပါက အပြင်းအထန် အရိုက်ခံရရုံဖြင့် အသက်ချမ်းသာရာ ရနိုင်သော်လည်း သူတို့မှာမူ နောင်ဆယ်နှစ်၊ အနှစ်နှစ်ဆယ်အတွင်း ပြန်လာခဲ့မည်ဟု ကြုံးဝါးကာ စကားနာများ ချန်ထားရစ်တတ်ကြသေးသည်။ အကယ်၍ ရက်စက်သူနှင့် တွေ့ပါကမူ တိုက်ပွဲအတွင်း အသတ်ခံရပြီး လူသေအလောင်းပုံထဲသို့သာ ရောက်ရှိသွားပေလိမ့်မည်။ ထိုသို့ ဖြစ်နေပါစေဦး... ဤကြီးကျယ်သော လမ်းစဉ်ကို လျှောက်လှမ်းရန် ကြိုးစားသူများကမူ အမြဲတစေ ရှိနေခဲ့သည်။

အကြိမ်ပေါင်း ရာနှင့်ချီ၍ သေရမည်ဆိုလျှင်ပင် သူတို့တွင် နောင်တ ရှိကြမည် မဟုတ်ချေ။ ကြည့်ရသည်မှာ အတော်လေး သူရဲကောင်းဆန်သည်ဟု ထင်ရသော်လည်း အမှန်စင်စစ်မှာမူ...

အတိတ်တွင် ဆုမိုသည် ထိုကဲ့သို့သော လူမျိုးများနှင့် တွေ့ရခဲလှ၏။ အကြောင်းမှာ သူ၏ ဂုဏ်သတင်းမှာ ယခုလောက်အထိ မကြီးမားသေးသောကြောင့်ပင်။ သို့သော် ယခုအခါ 'တုန်းဟွမ်၏ အတော်ဆုံး သိုင်းပညာရှင်' ဟူသော အမည်မှာ လူသိများလာပြီ ဖြစ်ရာ ဘာမှ နားမလည်သော လူမိုက်အချို့က သူ့ကို လာရောက်စိန်ခေါ်ကြမည်မှာ ရှောင်လွှဲ၍ မရနိုင်တော့ချေ။

ဤကိစ္စနှင့် ပတ်သက်၍ ယန်ရှောင်ယွင်မှာ စောစောကတည်းက ကြိုတင် တွက်ဆထားပြီး ဖြစ်သည်။ ယနေ့ည ခမ်းနားသော ဧည့်ခံပွဲကြီးတွင် လျူမို အနေဖြင့် သေရည်များကို အလွန်အမင်း မသောက်ရန် သူမက မှာကြားထားခဲ့၏။ ကျန်းရှောင်ရှောင် မှာမူ စားစရာများကိုသာ စိတ်ဝင်စားသူ ဖြစ်သည်။ ထို့ကြောင့် ဤနှစ်ဦးမှာ ယနေ့ည အာမခံဌာနအတွင်း၌ အသင့်စောင့်ဆိုင်းနေကြပြီး ညအမှောင်ကို အကာအကွယ်ယူကာ မည်သည့် အူကြောင်ကြောင်ကောင်ကများ လာရောက် အရိုက်ခံမလဲဆိုသည်ကို အကဲခတ်နေကြခြင်း ဖြစ်၏။

“နင့်ရဲ့ ဂုဏ်သတင်းက တစ်နေ့တခြား ကြီးမားလာတာနဲ့အမျှ ဇီယန် အာမခံဌာန ကလည်း အရင်လို မိသားစုငယ်လေး တစ်ခု မဟုတ်တော့ဘူး ရှောင်မို... နောင်ကျရင် နင် အရာရာတိုင်းကို ကိုယ်တိုင် ဖြေရှင်းနေလို့ မဖြစ်တော့ဘူးလေ...”

“လျူမို ရဲ့ သိုင်းပညာက ထူးကဲလှသလို သူ ကိုင်တဲ့ ခရမ်းရွှေရောင် တူကြီး တစ်စုံကလည်း အစွမ်းထက်တယ်... ရှောင်ရှောင် ရဲ့ ခွန်အားဆိုတာလည်း သာမန်လူတွေ ခန့်မှန်းလို့ရတဲ့ အရာမျိုး မဟုတ်ဘူး... သူတို့ လက်ပါရင်လည်း အသက်မသေအောင် ထိန်းလုပ်ဖို့ ငါ မှာထားပါတယ်... ငါတို့က တံခါးဖွင့်ပြီး စီးပွားရေး လုပ်နေတာဆိုတော့ လူတွေကို အသေအကြေ ရန်ငြိုးဖွဲ့လို့ မဖြစ်ဘူးလေ... ဒါပေမဲ့ ဒီနှစ်ယောက်က နင့်အတွက် အခြေအနေတွေကို ကိုင်တွယ်ပေးနေမယ် ဆိုရင်တော့ နင့်မှာ အများကြီး သက်သာသွားမှာပါ”

ယန်ရှောင်ယွင်က အသာအယာ ရယ်မောရင်း ဆက်ပြောလိုက်၏။

“နင် ဒီနေ့မှ ပြန်ရောက်တာဆိုတော့ အစကတော့ ဒီပြဿနာတွေနဲ့ နင့်ကို အနှောင့်အယှက် မပေးချင်ပါဘူး... တကယ်လို့ နင် အရက်မူးသွားရင်လည်း ဒီည သေချာ အနားယူစေချင်တာ... တခြားကိစ္စတွေကိုတော့ မနက်ဖြန်မှ ပြောကြတာပေါ့... ဒါပေမဲ့ နင်က အရက်မူးချင်ယောင် ဆောင်နေလိမ့်မယ်လို့တော့ ငါ မထင်ထားခဲ့ဘူး”

ဤသို့ ပြောဆိုရင်း သူမသည် ဆုမိုကို တစ်ချက် လှမ်းကြည့်လိုက်ပြန်သည်။

“အစ်မယွင် ကတော့ အမြဲတမ်း အရာရာကို အစအဆုံး တွေးထားတာပဲနော်”

ဆုမိုက ခေါင်းညိတ်ကာ ချီးကျူးလိုက်၏။

“ဒါပေါ့...”

ယန်ရှောင်ယွင်က သူမ၏ မေးစေ့ကို အနည်းငယ် မော်ကာ ဂုဏ်ယူဟန် ဆောင်လိုက်သည်။

“ငါက ဒုတိယခေါင်းဆောင်ပဲလေ... ဒီလောက်တော့ ရှိမှာပေါ့”

ထိုသို့ပြောပြီးနောက် သူတို့နှစ်ဦးမှာ အကြည့်ချင်း ဆုံကာ တပြိုင်တည်း ရယ်မောလိုက်ကြတော့သည်။ ဆုမိုက သူမကို သူ၏ ရင်ခွင်ထဲသို့ အသာအယာ ဆွဲသွင်းကာ ဖက်ထားလိုက်၏။ ယန်ရှောင်ယွင်မှာလည်း သူ၏ ရင်ဘတ်ပေါ်သို့ ညင်သာစွာ မှီတွယ်လိုက်သည်။

“နင် ပြန်ရောက်လာတာ ကောင်းပါတယ်... အခုမှပဲ ငါ့မှာ အားကိုးရာ ရသွားသလို ခံစားရတော့တယ်”

ဆုမိုက ခေါင်းကို ညင်သာစွာ ညိတ်လိုက်သော်လည်း သူ၏ ရင်ထဲတွင်မူ အနည်းငယ် ရှုပ်ထွေးလှသော ခံစားချက်များ ရှိနေခဲ့၏။ နောက်ဆုံးတွင် သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စကားစလိုက်တော့သည်။

“အစ်မယွင်... ကျွန်တော် အစ်မကို ပြောပြစရာ ကိစ္စတချို့ ရှိတယ်”

“...ငါ သိပါတယ်... နင် လမ်းမှာ မျက်နှာ မသစ်ခဲ့ဘူး ဆိုတာ မဟုတ်လား”

ယန်ရှောင်ယွင်က သူ့ကို မော်ကြည့်လိုက်၏။

“ဒါက ဘာများ အရေးကြီးလို့လဲ... ဘာပဲဖြစ်ဖြစ် ငါက နင့်ရဲ့ ဇနီးလောင်းပဲလေ... ဒီလို စကားမျိုးတွေက တစ်ခါနှစ်ခါတော့ ငါ့ကို ရှက်အောင် လုပ်နိုင်ပေမဲ့ တစ်သက်လုံးတော့ ရှက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး”

“...”

ဆုမို တစ်ယောက် ပြောစရာ စကားမဲ့သွားရတော့သည်။ သူမ၏ စနောက်မှုကြောင့် သူ ပြင်ဆင်ထားသမျှ ခံစားချက်များမှာလည်း ပြိုလဲသွားခဲ့ရချေပြီ။

သူက သက်ပြင်းချလိုက်ရင်း...

“စစ်ထူလေး အကြောင်းပါ...”

“စစ်ထူလေး ဟုတ်လား”

ယန်ရှောင်ယွင်မှာ အံ့အားသင့်သွားပြီး သူ့ကို မော်ကြည့်လိုက်၏။

“စစ်ထူလေး ဘာဖြစ်လို့လဲ”

ဆုမိုသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ပြီးနောက် ယန်ရှောင်ယွင်အား အရာအားလုံးကို အစအဆုံး ပြောပြလိုက်တော့သည်။

အစပိုင်းတွင် တောင်ပေါ်စခန်း၌ စစ်ထူလေး တွင် 'ယင် ယန်သုံးပါး သွေးကြောခြောက်သွယ် ရောဂါ' စွဲကပ်နေကြောင်း သိရှိခဲ့ရပုံ။ ထို့နောက် သိုင်းလောကထဲတွင် အတူတူ လှည့်လည်ခဲ့စဉ်က ပုံမှန်အတိုင်းသာ ရှိခဲ့ပုံ။ လင်ယွဲ့နန်းတော် ၌ လမ်းခွဲခဲ့ကြပြီး ထျန်းချွီမြို့ ပြင်ပ၌ တစ်ဖန် ပြန်လည် ဆုံတွေ့ခဲ့ကြပုံ။

ကျိလေ နန်းတော် ၏ 'လေညှင်းတစ်ချက် ဆည်းဆာည' အတွင်း၌ စစ်ထူလေး ကို ကုသပေးနိုင်မည့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပုံ နှင့် ဝူဝမ်တောအုပ် ထဲတွင် သူမက တံဆိပ်ပြားလေး တစ်ခုကို ချန်ထားရစ်ခဲ့ပုံ... ဆုမိုသည် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်း မရှိဘဲ ပွင့်ပွင့်လင်းလင်း ပြောပြလိုက်၏။

သူသည် ယန်ရှောင်ယွင်နှင့် နက်ရှိုင်းသော သံယောဇဉ် ရှိသူ ဖြစ်ရာ ဤကဲ့သို့သော ကိစ္စရပ်များကို ရင်ထဲတွင် ဖုံးကွယ်ထားခြင်းမှာ သူမအပေါ် မတရားရာ ရောက်သည်ဟု သူ အမြဲ ခံစားနေရသောကြောင့်ပင်။ ထို့ပြင် လျှို့ဝှက်ချက် ဆိုသည်မှာလည်း တစ်သက်လုံး ဖုံးကွယ်ထား၍ မရနိုင်ချေ။ နောက်ဆုံးတွင် ရွှမ်ဟူစံအိမ် သို့ သူ သွားရမည် ဖြစ်စေ၊ သို့မဟုတ် စစ်ထူလေး က ဇီယန် အာမခံဌာန သို့ လာမည် ဖြစ်စေ... ယန်ရှောင်ယွင် အနေဖြင့် ဤအကြောင်းများကို သိရှိသွားမည်မှာ အသေအချာပင်။

သူမအား နောက်မှ သိရှိသွားစေပြီး အငိုက်မိသွားစေမည့်အစား သူကိုယ်တိုင်ပင် အမှန်တရားကို ဖွင့်ဟပြောဆိုခြင်းက အမြဲတမ်း ပိုမို ကောင်းမွန်ပေလိမ့်မည်။ ဇာတ်ကြောင်းကို ပြောပြပြီးသွားသောအခါ သူသည် ယန်ရှောင်ယွင်ကို အနည်းငယ် စိုးရိမ်စိတ်ဖြင့် ကြည့်လိုက်မိ၏။

သို့သော် ယန်ရှောင်ယွင်မှာ ပါးစပ်အဟောင်းသားဖြင့် မှင်သက်ကာ ငေးကြည့်နေသည်ကိုသာ တွေ့လိုက်ရသည်။ သူမသည် ဤသတင်းကြောင့် အမှန်တကယ်ပင် တုန်လှုပ်သွားပုံရ၏။ ဆုမို၏ ရင်ထဲတွင် ပို၍ပင် စိုးရိမ်ပူပန်မှုများ တိုးပွားလာတော့သည်။

ယန်ရှောင်ယွင်သည် မယားအများအပြား ယူသည့် ကိစ္စနှင့် ပတ်သက်၍ သူ့ကို အမြဲတစေ စနောက် ငြင်းခုံလေ့ ရှိသော်ငြားလည်း... 'ပြောတာထက် လုပ်ရတာ ပိုခက်တယ်' ဆိုသော စကား ရှိသည် မဟုတ်ပါလော။ ဆုမိုတွင် ထိုကဲ့သို့သော အတွေးမျိုး လုံးဝ မရှိခဲ့သော်လည်း ယခုကဲ့သို့ အမှန်တရားကို ဖွင့်ဟလိုက်သောအခါ ယန်ရှောင်ယွင် မည်သို့ တုံ့ပြန်မည်ကို သူ မသေချာတော့ချေ။

သူသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီး စကားအချို့ကို ထပ်မံ ဖြည့်စွက်ရန် ဟန်ပြင်လိုက်၏။ သို့သော် ထိုစဉ်မှာပင် ယန်ရှောင်ယွင်က အံ့အားသင့်စွာဖြင့် မေးခွန်းထုတ်လာတော့သည်။

“စစ်ထူလေး က... တကယ်တော့ မိန်းကလေး တစ်ယောက်လား”

“...ဟုတ်ပါတယ်”

ဆုမိုက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရင်း ခေါင်းညိတ်ပြလိုက်၏။ 'ဒါက အဓိက အချက်လား' ဟု သူ တွေးတောမိလိုက်သည်။

“သူက လှလား”

ယန်ရှောင်ယွင်က ထပ်မံ မေးမြန်းလိုက်ပြန်၏။

'ဒါက တကယ့်ကို အဓိက အချက် မဟုတ်ဘူး မဟုတ်လား...'

ထို့ပြင်... ဤမေးခွန်းက ထောင်ချောက်တစ်ခု ဖြစ်နေသည်မှာ သိသာလှပေသည်။

ဆုမိုမှာ အကျပ်အတည်းကြီး တစ်ခုနှင့် ရင်ဆိုင်လိုက်ရသလို ခံစားလိုက်ရ၏။ သူ မည်သို့ ဖြေကြားသင့်ပါသနည်း။ စစ်ထူလေး သည်လည်း တစ်ခါက သူ့ကို ဤမေးခွန်းမျိုးပင် မေးခဲ့ဖူးပြီး ထိုစဉ်က သူ၏ အဖြေမှာ 'ဟုတ်ကဲ့ လှပါတယ်' ဟူ၍ ဖြစ်သည်။

သို့သော် ယခု အခြေအနေမှာ ခြားနားသွားခဲ့ပြီ။ ယန်ရှောင်ယွင်က ဤသို့ မေးလာသောအခါ... အကယ်၍ သူက လှသည်ဟု ဖြေလိုက်မည် ဆိုပါက... မည်သို့သော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ပါသနည်း။

--

All Chapters