← Chapters

အခန်း ၃၇၂

Vol. 38 Ch. 372

အခန်း ၃၇၂

Vol. 38 Ch. 372

အခန်း (၃၇၂) လူမိုက်ပေါက်စများ

ပိုင်ကျဲ့သည် ရွံရှာဖွယ်ကောင်းပြီး ကောက်ကျစ်သော အပြုံးတစ်ခုကို ဖော်ဆောင်ထားသည့် စက်ပြင်သမားကို ကြည့်၍ လီလန်အား ဘေးသို့ တိတ်တဆိတ် ဆွဲခေါ်သွားလေသည်။

သူမက အသံကို နှိမ့်၍ ပြောလိုက်၏။

"လီလန်... ဒီလူက နင့်ကို လူအလို့ သဘောထားနေတာလားမသိဘူး..."

"နင့်စက်ဘီးက တာယာပေါက်ရုံလေးကို ဖာလိုက်ရင် ရနေပြီလေ... အတွင်းကျွတ်ရော အပြင်တာယာပါ အသစ်လဲမယ်ဆိုတာက ပိုက်ဆံဖြုန်းတီးရာ မကျဘူးလား..."

လီလန်က တိုးညှင်းစွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"အစ်မတောင် ပိုက်ဆံဖြုန်းတီးတာကို သိနေသေးတာပဲ... တစ်ခါတလေတော့လည်း အစ်မက သိပ်မအလှပါဘူး..."

"ဟွန့်... ငါက နင် အလိမ်ခံရမှာစိုးလို့ စိတ်ပူပေးနေတာကို ငါ့ကို အနေတယ်လို့ ပြောသေးတယ်... နင့်ကို စကားမပြောတော့ဘူး..."

ပိုင်ကျဲ့က အေးစက်စွာ နှာခေါင်းရှုံ့၍ မျက်နှာလွှဲသွားလေသည်။

လီလန်က သူတို့နှစ်ယောက်သာ ကြားနိုင်သော အသံဖြင့် ပြောလိုက်၏။

"ဒီဆိုင်က ကျွန်တော့်ကို သားကောင်ကြီးတစ်ကောင်လို သဘောထားပြီး ခေါင်းပုံဖြတ်ချင်နေတာ... ပွဲကောင်းကြည့်ရအောင် ခဏစောင့်ကြည့်နေလိုက်..."

သားကောင်ကြီး ဟုတ်လား။ ငါးမန်းကြီးသာ ဖြစ်လိမ့်မည်။

စက်ပြင်သမား ပြောလိုက်သော စကားအနည်းငယ်နှင့် သူ၏မျက်နှာပေါ်ရှိ သေးငယ်သော လှုပ်ရှားမှုများအပြင် ယခင်ဖောက်သည်များလည်း တာယာပေါက်နေကြသည်ဟူသော အချက်များကြောင့်ပင် ဖြစ်သည်။

မြို့ပြင် ကီလိုမီတာ သုံးထောင်ခန့်အကွာ လမ်းဆုံလမ်းခွတွင် သံမှိုများ ကြဲချခဲ့သော တရားခံမှာ ဤစက်ပြင်သမားဖြစ်ကြောင်း လီလန် ရာနှုန်းပြည့် သေချာနေခဲ့ပြီဖြစ်၏။

"နောက်ဆုံးတော့ တရားခံအစစ်ကို တွေ့ပြီပေါ့..."

လီလန်၏ မျက်နှာမှာ မှောင်မိုက်သွားပြီး လှောင်ပြောင်ပြုံးရယ်လိုက်သည်။

ပိုင်ကျဲ့သည် ထိုစကားကို ကြားသောအခါ လီလန် သဘောပေါက်သွားပြီဖြစ်ကြောင်း နားလည်လိုက်သဖြင့် ဘေးတွင် ရပ်နေကာ စကားဆက်မပြောတော့ပေ။

ဆိုင်ထဲတွင်မူ စက်ပြင်သမားသည် တံခါးဝတွင် ရပ်ကာ တိုးတိုးတိတ်တိတ် စကားပြောနေကြသော အမျိုးသားနှင့် အမျိုးသမီးကို မြင်သောအခါ ငွေထပ်ပေးရန် ဆွေးနွေးနေကြသည်ဟု ထင်မှတ်သွားလေသည်။

သူက ချက်ချင်းပင် ဖားယားသော အပြုံးတစ်ခုကို ဖန်တီး၍ ယဉ်ကျေးချိုသာစွာ ပြောလိုက်၏။

"ရဲဘော်... ဆုံးဖြတ်ပြီးပြီလား..."

"ဆုံးဖြတ်ပြီးရင်တော့ ပိုက်ဆံရှင်းပေးပါ... ဒီမှာ ကျသင့်ငွေစာရင်း..."

စက်ပြင်သမားက စာရွက်တစ်ရွက်ကို ကမ်းပေးလိုက်သည်။

အဖြူရောင်စက္ကူပေါ်တွင် အမည်းရောင် လက်ဗွေရာအချို့ ရှိနေပြီး စက်ပြင်သမား၏ လက်များမှာ အမည်းရောင် စက်ဆီများ ပေကျံနေ၏။

လီလန်သည် ခေါင်းငုံ့၍ စာရင်းကို တစ်ချက်ကြည့်လိုက်သည်။

အတွင်းကျွတ် ယွမ်နှစ်ဆယ်။

အပြင်တာယာ ယွမ်လေးဆယ်။

စုစုပေါင်း ယွမ်ခြောက်ဆယ်။

"ကျွတ်စ် ကျွတ်စ်... အတွင်းကျွတ်နဲ့ အပြင်တာယာလေးအတွက် ယွမ်ခြောက်ဆယ်တောင် တောင်းရဲတယ်ပေါ့..."

လီလန်က လှောင်ပြောင်ပြုံးရယ်လိုက်သည်။

သူ ဈေးအပြည့်ပေး၍ ဝယ်ထားသော ထာဝရတံဆိပ် စက်ဘီးပင်လျှင် ယွမ်နှစ်ရာခြောက်ယွမ်သာ ကျသင့်ခဲ့သည်။ အတွင်းကျွတ်နှင့် အပြင်တာယာ လဲလှယ်ခြင်းက စက်ဘီးတန်ဖိုး၏ သုံးပုံတစ်ပုံခန့် ကုန်ကျနေလေသည်။

ဤစက်ပြင်သမားက သူ့ကို သားကောင်ကြီးဟု ထင်မှတ်ကာ ဗြောင်ကျကျပင် ခေါင်းပုံဖြတ်ရန် ကြိုးစားနေခြင်း ဖြစ်၏။

"ရဲဘော်... တခြားပြဿနာမရှိရင် ပိုက်ဆံရှင်းပေးပါ... ပိုက်ဆံရှင်းပြီးတာနဲ့ မူလအတွင်းကျွတ်နဲ့ အပြင်တာယာကို ယူပြီး စက်ဘီးကို ပြင်ပေးပါ့မယ်..."

စက်ပြင်သမားက အမြန်ပြောလိုက်သည်။

လီလန် စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှ လူတစ်ယောက် ဆိုင်ထဲသို့ ပြေးဝင်လာလေသည်။

"တတိယခေါင်းဆောင်..."

လီလန်က ခေါင်းလှည့်ကြည့်လိုက်သည်။

"မင်းက..."

ထိုလူမှာ အလွန် ရိုသေလေးစားစွာဖြင့် လီလန်ကို ခါးညွှတ်အရိုအသေပေးလေသည်။

"မင်းက ဘယ်သူလဲ..."

"တတိယခေါင်းဆောင်... ကျွန်တော့်နာမည်က ရှောင်နျူးပါ... ဟိုနေ့က ခေါင်းဆောင်ပိုင်နဲ့ ဒုခေါင်းဆောင်ပိုင်တို့နဲ့အတူ ခင်ဗျား အရက်သောက်တုန်းက ကျွန်တော်လည်း အဲ့ဒီမှာရှိနေပြီး အရက်တောင် ငှဲ့ပေးခဲ့သေးတယ်လေ..."

"ဪ... မင်းကိုး..."

လီလန်က ခေါင်းညိတ်လိုက်သည်။

ဤပိုင်ဟူဂိုဏ်းသားကို အရင်က မြင်ဖူးခဲ့ကြောင်း သူ မှတ်မိသွား၏။

သူ၏ဘေးတွင်မူ ပိုင်ကျဲ့သည် သူစိမ်းဖြစ်သူက လီလန်အား ခေါ်ဝေါ်လိုက်သည့် အမည်နာမကို ကြားသောအခါ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် ရှုပ်ထွေးမှုများ ပြည့်နှက်သွားတော့သည်။

တတိယခေါင်းဆောင် ဟုတ်လား။

ဤသည်က ဘယ်လို အခေါ်အဝေါ်မျိုးလဲ။

ဤလူငယ်ရဲဘော်က ဘယ်သူလဲ။ ပြီးတော့ လီလန်ကရော သူ့ကို သိနေတာလား။

ချင်းယန် စက်ဘီးပြင်ဆိုင်မှ စက်ပြင်သမားနှင့် တပည့်များမှာမူ ရှောင်နျူးက သူတို့ရှေ့ရှိ သားကောင်ကြီးအား တတိယခေါင်းဆောင်ဟု ခေါ်လိုက်သည်ကို ကြားလိုက်ရချိန်တွင် အားလုံး၏ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်ကို မည်သူမျှ သတိမထားမိလိုက်ကြပေ။

"တ... တတိယ... တတိယခေါင်းဆောင်..."

ခေါင်းဆောင်စက်ပြင်သမား၏ နှုတ်ခမ်းများမှာ အနည်းငယ် တုန်ယင်နေပြီး သွားများပင် ရိုက်ခတ်နေတော့သည်။

သူတို့သည်လည်း ဂိုဏ်းသားများဖြစ်ကြရာ ဂိုဏ်းစကားများကို မည်သို့လျှင် နားမလည်ဘဲ နေမည်နည်း။

တတိယခေါင်းဆောင်ဆိုသည်မှာ ဂိုဏ်းတစ်ခုရှိ နံပါတ်သုံး အဆင့်ရှိသူကို ဆိုလိုခြင်း ဖြစ်သည်။

တတိယအာဏာပိုင်ပင်ဖြစ်၏။

"တတိယခေါင်းဆောင်... ပိုင်ရှန်းမြို့နယ်ကို ဘာလို့ ရောက်လာတာလဲ... ဟေးရွှေမြို့နယ်ကို ဘာလို့ မသွားတာလဲ... ခေါင်းဆောင်ပိုင်နဲ့ ဒုခေါင်းဆောင်ပိုင်တို့က ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက ခင်ဗျားအကြောင်းကို ပြောနေကြသေးတယ်..."

"နွေဦးရာသီဆိုတော့ အလုပ်များနေလို့ပါ... ခဏနေရင်တော့ ဂိုဏ်းကို တစ်ခေါက်သွားလိုက်ပါဦးမယ်..."

လီလန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

ရှောင်နျူးထံမှ ဟေးရွှေမြို့နယ်ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ စက်ပြင်သမား၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားလေသည်။

"ဟေးရွှေမြို့နယ်က ဂိုဏ်းတဲ့လား..."

"အဲ့ဒါက ပိုင်ဟူဂိုဏ်း မဟုတ်ဘူးလား..."

သူ၏ စိတ်ထဲတွင် ကစဉ့်ကလျား ဖြစ်သွားပြီး ယုံကြည်နိုင်လောက်အောင်ပင် ထိတ်လန့်သွားတော့သည်။ သူသည် ပိုင်ဟူဂိုဏ်း၏ တတိယအာဏာပိုင်ကို ဝက်တစ်ကောင်ပမာ ခေါင်းပုံဖြတ်ရန် တကယ်ကြီး ကြိုးစားခဲ့မိလေပြီ။

"ဒုက္ခပါပဲ... ဒီတစ်ကြိမ်တော့ တကယ့်ကို ဒုက္ခလှလှတွေ့ပြီ..."

စက်ပြင်သမားသည် ထာဝရတံဆိပ် စက်ဘီး၏ နောက်ဘီးကို လှမ်းကြည့်ရင်း ငိုယိုတော့မည့်အလား ဖြစ်နေသည်။

ဤတစ်ကြိမ်တွင်မူ သူ တကယ် ပြဿနာရှာမိသွားပြီဖြစ်သည်။ သံမှိုအနည်းငယ်ကို ကြဲချလိုက်ရုံဖြင့် သူ လုံးဝ မပြစ်မှားသင့်သော ဩဇာကြီးမားသူတစ်ဦး၏ တာယာကို သွားရောက်ဖောက်မိသကဲ့သို့ ဖြစ်သွားလေပြီ။

"ကောင်းပါပြီ... အဲ့ဒါဆိုရင်လည်း ခေါင်းဆောင်ပိုင်ကို နောက်မှ ကျွန်တော် ပြောလိုက်ပါ့မယ်..."

ရှောင်နျူးက ခေါင်းညိတ်လိုက်သည်။

"မင်းက ဟေးရွှေမြို့နယ်မှာ မနေဘဲ ပိုင်ရှန်းမြို့နယ်ကို ဘာလာလုပ်တာလဲ ကောင်လေးရဲ့..."

လီလန်က ရှောင်နျူးကို ကြည့်လိုက်သည်။

"တတိယခေါင်းဆောင်... ဒါက ခင်ဗျားကို ကျေးဇူးတင်ရမှာပဲ... ခင်ဗျားကျေးဇူးကြောင့် ကျွန်တော်တို့ ပိုင်ဟူဂိုဏ်းနဲ့ ချင်းလုံဂိုဏ်းက အခုဆိုရင် ညီအစ်ကိုကောင်းတွေ ဖြစ်နေကြပြီလေ... ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကလည်း တကယ့်ကို ခိုင်မာလွန်းတယ်... ချင်းလုံဂိုဏ်းက ကျန်းချင်းလုံဆိုရင် ဆေးထက်ဝင်အပင်တွေ အရောင်းအဝယ်အပြင် တခြားစီးပွားရေးလုပ်ငန်းတွေမှာပါ ကျွန်တော်တို့ကို အစုရှယ်ယာတွေ ပေးထားသေးတယ်... ခေါင်းဆောင်ပိုင်က ပိုင်ရှန်းမြို့နယ်မှာ စက်ပြင်ဆိုင်တစ်ဆိုင်ဖွင့်ပြီး ကျွန်တော့်ကို တာဝန်ခံအဖြစ် ခန့်ထားတာပါ..."

ရှောင်နျူးက ခါးညွှတ် အရိုအသေပေးကာ လီလန်ကို လေးစားအားကျသော အမူအရာဖြင့် ကြည့်ရင်း ပြောလိုက်သည်။

သူ အဆက်မပြတ် ပြောဆိုနေသော ချင်းလုံဂိုဏ်းဆိုသည့် စကားလုံးများက စက်ပြင်သမား၏ နှလုံးသားကို တစ်ချက်ခုန်သွားစေခဲ့သည်။

"ဒီကောင်လေးက ချင်းလုံဂိုဏ်းရဲ့ ခေါင်းဆောင် ကျန်းချင်းလုံကိုပါ သိနေတာလား..."

စက်ပြင်သမားက ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။

ပိုင်ရှန်းမြို့နယ်ဆိုသည်မှာ ချင်းလုံဂိုဏ်း၏ နယ်မြေဖြစ်သည်။ မြို့နယ်တစ်ခုလုံးမှာ သူတို့၏ လွှမ်းမိုးမှုအောက်တွင် ရှိသည်။ သူတို့၏ ပုဆိန်ဂိုဏ်းမှာ ပိုင်ရှန်းမြို့နယ်အတွင်း၌ ခြေသံလုံလုံဖြင့်သာ သွားလာနိုင်လေသည်။

သူတို့ကို သွားရောက်ရန်စရန် မည်သူမျှ မဝံ့ရဲကြပေ။ ပိုင်ရှန်းမြို့နယ်၏ ခေါင်းဆောင်ကို မည်သူက သွားရောက်ရန်စရဲမည်နည်း။

သူတို့ တာ့ချင်းယန် ပုဆိန်ဂိုဏ်း၏ ခေါင်းဆောင်ပင်လျှင် ကျန်းချင်းလုံရှေ့၌ ရိုသေလေးစားစွာ ပြုံးပြရမည်ဖြစ်ပြီး သူ့ကို သွားရောက်ရန်စရန် လုံးဝ မဝံ့ရဲပေ။

ထိုလူမှာ အရှေ့ပိုင်းပြည်နယ်သုံးခုမှ တောင်ပိုင်းအထိ စီးပွားရေးလုပ်ငန်းများကို ချဲ့ထွင်ထားနိုင်သော ရက်စက်ကြမ်းကြုတ်သူ တစ်ဦးပင် ဖြစ်၏။

"စက်ပြင်ဆိုင် ဟုတ်လား..."

ထိုစကားကို ကြားသောအခါ လီလန်က အံ့ဩသွားလေသည်။

"ငါတို့ ပိုင်ဟူဂိုဏ်းက ပိုင်ရှန်းမြို့နယ်မှာ စက်ပြင်ဆိုင် ဖွင့်ထားတာလား..."

"ဟုတ်တယ်... လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ ဖွင့်တာ... ဒုခေါင်းဆောင်ပိုင်က ဖွင့်ပွဲအခမ်းအနားကိုတက်ဖို့ ခင်ဗျားဆီ လူလွှတ်ပြီး ဖိတ်ခိုင်းသေးတယ်... ဒါပေမဲ့ ခင်ဗျားအဖေက ခင်ဗျား အိမ်မှာမရှိဘူး၊ တောင်ပေါ်မှာ အမဲလိုက်သွားတယ်လို့ ပြောလိုက်တယ်လေ..."

ရှောင်နျူးက ခေါင်းညိတ်လိုက်သည်။

*ငါ့ကို ဖွင့်ပွဲတက်ဖို့ ဖိတ်တယ် ဟုတ်လား ဒါဆိုရင် အဲ့စက်ပြင်ဆိုင်က တော်တော်လေး ကြီးမားရမယ်*

လီလန်က တွေးနေလိုက်သည်။

"တတိယခေါင်းဆောင်... ခင်ဗျားက ချင်းလုံဂိုဏ်းရဲ့ ဒုခေါင်းဆောင်လည်း ဖြစ်တယ်ဆိုတာ ဒုခေါင်းဆောင်ပိုင် ပြောပြလို့ ကျွန်တော် ကြားထားပါတယ်... ခင်ဗျားတို့ရဲ့ ချင်းလုံဂိုဏ်းကလည်း ပိုင်ရှန်းမြို့နယ်မှာ စက်ပြင်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်လေ... အဲ့ဒီဆိုင်က ကျွန်တော်တို့ ပိုင်ဟူဂိုဏ်းရဲ့ဆိုင်ထက်တောင် ပိုကြီးသေးတယ်..."

ရှောင်နျူးက ဆက်လက် ရှင်းပြလိုက်သည်။

"ပြီးပြီ... အခုတော့ တကယ် ပြီးသွားပြီ..."

ဤလူငယ်မှာ ချင်းလုံဂိုဏ်း၏ ဒုခေါင်းဆောင်လည်း ဖြစ်နေကြောင်းကို ကြားလိုက်ရချိန်တွင် စက်ပြင်သမားသည် ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ နားထဲတွင် မြေမြှုပ်မိုင်းကြီး ပေါက်ကွဲသွားသကဲ့သို့ အူထွက်သွားတော့သည်။

သူ၏ ပတ်ဝန်းကျင်တစ်ခုလုံး ချာချာလည်သွားလေသည်။ အကယ်၍သာ သူ စက်ဘီးကို ကိုင်မထားမိပါက လဲကျသတိမေ့သွားမည်မှာ ကြာလှပြီဖြစ်၏။

"ဪ... ချင်းလုံဂိုဏ်းမှာလည်း စက်ပြင်ဆိုင် ရှိတယ်ပေါ့..."

လီလန်က ခေါင်းညိတ်လိုက်သည်။

"ငါက ဂိုဏ်းထဲကို ဝင်လာတာ သိပ်မကြာသေးတော့ ဂိုဏ်းရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို သိပ်မရင်းနှီးသေးဘူး..."

လီလန်က ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်သည်။

ရှောင်နျူးသည် လီလန်၏ ဘေးရှိ ထာဝရတံဆိပ် စက်ဘီးကို တစ်ချက်ကြည့်လိုက်ရာ နောက်ဘီး တာယာပေါက်နေသည်ကို သတိထားမိသွားသည်။

သူက ချက်ချင်းပင် တက်ကြွစွာ ပြောလိုက်၏။

"တတိယခေါင်းဆောင်... ခင်ဗျားရဲ့ စက်ဘီး တာယာပေါက်နေတာ မဟုတ်လား..."

"ကျွန်တော့်ဆိုင်ကို လာခဲ့ပါလား... ကျွန်တော် ပြင်ပေးပါ့မယ်..."

"စိတ်မပူပါနဲ့... ခင်ဗျားအတွက် အကောင်းဆုံး ပစ္စည်းတွေကို သုံးပြီး စက်ဘီးကို သေချာပေါက် ပြင်ပေးပါ့မယ်..."

ရှောင်နျူးသည် ပိုင်ဟူဂိုဏ်း၏ တတိယခေါင်းဆောင်ဖြစ်သော လီလန်အား အသည်းအသန် ဖားယားကာ အလိုလိုက်ရန် ကြိုးစားနေလေသည်။

ယခုအခါ လီလန်မှာ ပိုင်ဟူဂိုဏ်းတွင် မျက်နှာပန်းပွင့်နေသူဖြစ်ပြီး ခေါင်းဆောင်ပိုင်နှင့် ဒုခေါင်းဆောင်ပိုင်တို့ပင်လျှင် သူ့ကို အလိုလိုက်နေရသည်။

ရှောင်နျူးသည် ဂိုဏ်းထဲတွင် လေးငါးနှစ်ခန့် ရှိနေပြီဖြစ်ပြီး အောက်ခြေသိမ်းမှသည် ခေါင်းဆောင်ငယ်လေးအဖြစ် ရောက်ရှိလာသူဖြစ်ရာ ဤမျှလောက်တော့ ကြိုတင်မြင်နိုင်စွမ်း ရှိလေသည်။

လတ်တလောတွင် ဂိုဏ်းထဲ၌ ဩဇာအာဏာအရှိဆုံးသူမှာ ဤတတိယခေါင်းဆောင်ပင်ဖြစ်၏။

တတိယခေါင်းဆောင်ကိုသာ သေချာဝန်ဆောင်မှု ပေးနိုင်ပါက ရှောင်နျူးသည် ဂိုဏ်းထဲတွင် အလျင်အမြန် နေရာရလာပြီး အမြင့်သို့ တက်လှမ်းနိုင်မည် မဟုတ်ပါလော။

"ဪ... မင်းက ငါ့ကို ပြင်ပေးချင်တာလား..."

လီလန်က ခေါင်းလှည့်ကာ ဖြူဖပ်ဖြူရော်ဖြစ်နေသော စက်ပြင်သမားကို တစ်ချက်ကြည့်လိုက်သည်။

"မလိုပါဘူး... ဒီစက်ပြင်သမားက ငါ့ကို ပြင်ပေးဖို့ သဘောတူထားပြီးသားပါ..."

"စက်ပြင်သမား... ငါပြောတာ မှန်တယ်မလား..."

All Chapters