← Chapters

အခန်း ၃၇၉

Vol. 38 Ch. 379

အခန်း ၃၇၉

Vol. 38 Ch. 379

အခန်း (၃၇၉) ကုန်စည်ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမအသင်း၊ နိုင်လွန်ခြေအိတ်ရှည်များ

လီလန်သည် ပိုင်ကျဲ့နှင့်အတူ ကုန်စည်ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမအသင်းသို့ လိုက်ပါသွားလေသည်။

သူတို့ ဝင်ဝင်ချင်းပင် အရောင်းစာရေးမတစ်ဦးက နွေးထွေးစွာ ဆီးကြိုနှုတ်ဆက်လေသည်။

"ရဲဘော် မင်္ဂလာပါ ဘာများဝယ်ချင်လို့လဲ..."

ပိုင်ကျဲ့သည် သမဝါယမအသင်းအတွင်း တစ်ပတ်လှည့်ပတ်ကြည့်ရှုပြီးနောက် ကောင်တာဆီသို့ လျှောက်လာခဲ့သည်။

"အတွင်းခံနှစ်စုံ၊ နိုင်လွန်ခြေအိတ်ရှည် သုံးစုံ၊ ကျဲ့ဖန့်ဖိနပ် နှစ်ရံနဲ့ သားရေဖိနပ်အသေး တစ်ရံ ဝယ်ချင်ပါတယ်..."

ပိုင်ကျဲ့သည် ပစ္စည်းစာရင်းများကို စားသောက်ဆိုင်မီနူးတစ်ခုပမာ တစ်ခုပြီးတစ်ခု တရစပ် ရွတ်ဆိုပြလိုက်ရာ သမဝါယမအသင်းရှိ အရောင်းစာရေးမများမှာ အံ့သြမှင်သက်သွားကြတော့သည်။

ပိုင်ကျဲ့ စကားဆုံးသွားပြီးနောက် အရောင်းစာရေးမမှာ သတ္တိမွေး၍ မေးလိုက်ရလေသည်။

"ရဲဘော် ဒါတွေအကုန်လုံး ယူမှာလား..."

"အကုန်လုံးပဲ..."

ပိုင်ကျဲ့က ခေါင်းညိတ်ပြလိုက်သည်။

အရောင်းစာရေးမမှာ ထူးဆန်းသော မျက်နှာထားဖြင့် ပိုင်ကျဲ့ကို ကြည့်လိုက် လီလန်ကို အကဲခတ်လိုက် လုပ်နေတော့သည်။

"ပစ္စည်းတွေသာ ပြင်ဆင်ပေးပါ ပိုက်ဆံက ပြဿနာမရှိပါဘူး..."

လီလန်သည် အရောင်းစာရေးမလေးကို ယဉ်ကျေးစွာ ပြုံးပြရင်း ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ အရောင်းစာရေးမ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် ချက်ချင်းပင် ဝင်းလက်သွားပြီး ဖောက်သည်ကြီးတစ်ဦး ရောက်လာမှန်း သိလိုက်သဖြင့် ပစ္စည်းများကို ကပျာကယာ သွားရောက်ပြင်ဆင်ပေးတော့သည်။

ဤပစ္စည်းများထဲတွင် ပိုင်ကျဲ့၏ ကိုယ်ပိုင်အဝတ်အစားများ၊ ဖိနပ်များနှင့် အသားအရေထိန်းသိမ်းမှု ပစ္စည်းများအပြင် လီလန်၏ မိသားစုအတွက် နေ့စဉ်သုံးပစ္စည်းများလည်း ပါဝင်လေသည်။

လီလန်သည် ကိုယ်တိုင်ရွေးချယ်ရမည်ကို ပျင်းရိနေသဖြင့် ထိုတာဝန်ကို ပိုင်ကျဲ့ထံသို့ လွှဲအပ်ကာ သူမကိုသာ ဝယ်ခိုင်းလိုက်ခြင်း ဖြစ်သည်။

သူကမူ သမဝါယမအသင်းအတွင်း ရည်ရွယ်ချက်မရှိဘဲ ဟိုဟိုဒီဒီ လမ်းလျှောက်နေခဲ့သည်။

ပိုင်ရှန်းမြို့နယ်၏ ကုန်စည်ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမအသင်းမှာ မကြီးမားလှသော်လည်း အဝတ်အစားနှင့် ဖိနပ်များမှအစ ဆားနှင့် မီးခြစ်များအဆုံး ကုန်ပစ္စည်းများ စုံလင်စွာရှိလေသည်။

"ရဲဘော် ဒါက ရှင်လိုချင်တဲ့ နိုင်လွန်ခြေအိတ်ရှည် သုံးစုံပါ..."

ထိုအချိန်တွင် အရောင်းစာရေးမသည် အသားရောင် ခြေအိတ်ရှည် သုံးစုံကို ယူဆောင်လာပြီး ပိုင်ကျဲ့ထံ ကမ်းပေးလိုက်သည်။

လီလန် လှည့်ကြည့်လိုက်ရာ ထိုအသားရောင် ခြေအိတ်ရှည် သုံးစုံကို အမှတ်မထင် မြင်တွေ့လိုက်ရပြီး သူ၏ မျက်လုံးများ အရောင်လက်သွားတော့သည်။

"ဒါက ငါ့အရင်ဘဝတုန်းက အသားရောင် ခြေအိတ်ရှည်တွေ မဟုတ်လား..."

ခြေအိတ်ရှည်များဆိုသည်မှာ အမျိုးသားများကို အဖမ်းစားနိုင်ဆုံးသော အမျိုးသမီးသုံးပစ္စည်းများပင် ဖြစ်သည်။

သွယ်လျရှည်လျားသော ခြေတံများပေါ်တွင် ဇာအနားကွပ်ထားသည့် ခြေအိတ်ရှည်များကို ဝတ်ဆင်ထားပါက အနက်၊ အဖြူ၊ အသားရောင် သို့မဟုတ် မီးခိုးရောင် မည်သည့်အရောင်ပင်ဖြစ်စေ ထူးခြားသော ဆွဲဆောင်မှုတစ်ခုကို ပိုင်ဆိုင်ထားမြဲဖြစ်သည်။

ပိုင်ကျဲ့၏ ခြေတံများမှာ မူလကတည်းက ရှည်လျားဖြောင့်တန်းနေပြီး အပိုအဆီများ လုံးဝမရှိရာ ဤအသားရောင် နိုင်လွန်ခြေအိတ်ရှည်များကို ဝတ်ဆင်လိုက်ပါက ပို၍ပင် ရမ္မက်ဆန်ကာ ဆွဲဆောင်မှုရှိလာမည်မှာ သေချာလှသည်။

"အစ်မပိုင်ကျဲ့က ဘယ်လိုဝတ်စားဆင်ယင်ရမလဲဆိုတာ သိတာပဲ..."

"ဒါကောင်းတယ် ဒါကောင်းတယ်..."

"ခဏနေရင် ကန်းပေါ်မှာ ဝတ်စမ်းကြည့်ခိုင်းရမယ်..."

သားရေဖိနပ်အသေးကို စမ်းသပ်ဝတ်ဆင်နေသော ပိုင်ကျဲ့မှာမူ လီလန်၏ တွေးတောနေသော အတွေးလေးများကို သတိမပြုမိခဲ့ပေ။

"ဒီဖိနပ်က နည်းနည်းကြီးနေတယ် ပိုသေးတဲ့ ဆိုဒ်လေး လဲပေးပါဦး..."

"လီလန် ဒီကျဲ့ဖန့်ဖိနပ်တွေကို စီးမကြည့်တော့ဘူးလား..."

ပိုင်ကျဲ့က လီလန်ကို လှမ်းခေါ်လိုက်သည်။

"မစီးကြည့်တော့ပါဘူး ကျွန်တော်က ဆိုဒ် ၄၃ စီးတာဆိုတော့ ဆိုဒ်မှန်ရင် ရပါပြီ..."

လီလန်က ခေါင်းခါပြလိုက်သည်။

သမဝါယမအသင်းတွင် ကျဲ့ဖန့်ဖိနပ်များမှာ အလွန်အတွေ့ရများသော ပစ္စည်းများဖြစ်သည်။ နောက်ပိုင်း တောင်ပေါ်သို့ အမဲလိုက်ထွက်သည့်အခါ ဝတ်ဆင်ရန်အတွက် သူက ပိုင်ကျဲ့ကို တစ်ရံဝယ်ခိုင်းခဲ့ခြင်းဖြစ်သည်။ အိမ်တွင် အဟောင်းနှစ်ရံ ရှိသော်လည်း မကြာခဏ အမဲလိုက်ထွက်ရသဖြင့် စုတ်ပြဲနေပြီ ဖြစ်သည်။

ယခု သမဝါယမအသင်းသို့ ရောက်နေပြီး သူ့အိတ်ကပ်ထဲတွင်လည်း ငွေရှိနေသောကြောင့် နှစ်ရံလောက် ဝယ်ထားလိုက်ခြင်းက ပိုကောင်းပေမည်။

အရောင်းစာရေးမက ပစ္စည်းများကို အမြန်ပြင်ဆင်ပေးလိုက်ပြီး

"ရဲဘော် ကျေးဇူးပြု၍ ဒီနေရာမှာ ငွေလာရှင်းပေးပါ..."

ထို့နောက် လီလန်သည် ကောင်တာသို့ သွားရောက်ကာ ငွေနှင့် လက်မှတ်များကို ထုတ်၍ ရှင်းလိုက်လေသည်။

ဖိနပ်များ၊ ခြေအိတ်ရှည်များနှင့် အဝတ်အစားများ ဝယ်ယူရန် ဖိနပ်လက်မှတ်နှင့် အထည်လက်မှတ်များ လိုအပ်ပေသည်။ ဆပ်ပြာနှင့် သွားတိုက်ဆေးကဲ့သို့သော နေ့စဉ်သုံးပစ္စည်းများအတွက်လည်း လက်မှတ်များ လိုအပ်လေသည်။

ဤတစ်ကြိမ် ဈေးဝယ်ထွက်ခြင်းက ပြီးခဲ့သည့် နှစ်သစ်ကူးကာလတွင် လီလန်ဖွင့်ဖောက်ခဲ့သော လက်ဆောင်ထုတ်ကြီးမှ ရရှိထားသည့် လက်မှတ်အားလုံးကို ကုန်စင်သွားစေခဲ့သည်။

လက်မှတ်များအပြင် လီလန်က ငွေဆယ့်ငါးယွမ်ကိုလည်း ပေးချေခဲ့ရသည်။

ဤပစ္စည်းများထဲတွင် ဈေးအကြီးဆုံးမှာ ပိုင်ကျဲ့၏ သားရေဖိနပ်အသေး၊ စကတ်တစ်စုံနှင့် အသားအရေထိန်းသိမ်းမှု ပစ္စည်းများဖြစ်ပြီး ယင်းတို့မှာ ရှန်ဟိုင်းထုတ် ကုန်ပစ္စည်းများ ဖြစ်ကြသည်။ လီလန်သည် ၎င်းတို့၏ ကုန်အမှတ်တံဆိပ်ကို သေချာမကြည့်ခဲ့ပေ။

"တကယ်ပါပဲ မိန်းမသုံးပစ္စည်းတွေက ဈေးအကြီးဆုံးပဲ..."

"ဘာဖြစ်လို့လဲ ငါက နင့်ပိုက်ဆံတွေ အများကြီး သုံးပစ်လိုက်လို့ နှမြောနေတာလား..."

ပိုင်ကျဲ့က လီလန်၏ အတွေးများကို ဖတ်မိသွားပုံရသည်။

"လုံးဝမဟုတ်ပါဘူး မြို့ကိုလာဖို့ဆိုတာ မလွယ်လို့ သုံးသင့်တာကို သုံးရမှာပေါ့ ပိုက်ဆံဆိုတာ ကုန်သွားရင် ပြန်ရှာလို့ရပါတယ်..."

လီလန်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

သူသည် သမိုင်းတစ်လျှောက်တွင် အမျိုးသမီးများမှာ ငွေကြေးအသုံးအဖြုန်းအကြီးဆုံးနှင့် လက်အဖွာဆုံးသူများ ဖြစ်တတ်ကြောင်းကိုသာ သက်ပြင်းချနေမိခြင်းဖြစ်သည်။ သူ၏ အရင်ဘဝက အရင်းရှင်များမှာ ဤအချက်ကို အခွင့်ကောင်းယူ၍ နတ်သမီးများနေ့(အမျိုးသမီးများနေ့)၊ ဆောင်းဦးရာသီ၏ ပထမဆုံး နို့လက်ဖက်ရည်ခွက်နှင့် အဖြူရောင်ချစ်သူများနေ့ကဲ့သို့သော ပွဲတော်အမျိုးမျိုးကို ဖန်တီးကာ အမျိုးသားများ၏ ပိုက်ဆံအိတ်ထဲမှ ငွေများကို ထုတ်ယူ၍ အမျိုးသမီးများအတွက် လက်ဆောင်အမျိုးမျိုး ဝယ်ယူစေရန် နည်းလမ်းရှာဖွေခဲ့ကြသည်။

အမည်ခံ အခမ်းအနားဆန်မှုနှင့် ပွဲတော်အငွေ့အသက်တို့အတွက် ရဲဘော်အမျိုးသားများမှာ သူတို့၏ ပိုက်ဆံအိတ်များ ပြောင်သလင်းခါကာ အလွန်အမင်း ဒုက္ခရောက်ခဲ့ကြရသည်။

ဟိုပွဲတော်၊ ဒီပွဲတော်ဖြင့် တစ်နှစ်ပတ်လုံး နီးပါး လစဉ်လတိုင်းမှာ ပွဲတော်ရက်များ ဖြစ်နေခဲ့သည်။

သို့သော် ဘဝတွင် ထိုမျှလောက် အခမ်းအနားဆန်မှုတွေ တကယ်လိုအပ်ပါသလားဆိုသည်မှာ စဉ်းစားစရာပင် ဖြစ်သည်။

ရိုးရှင်းပြီး သာမန်နေထိုင်ခြင်းကသာ ဘဝ၏ ပုံမှန်အခြေအနေတစ်ရပ် ဖြစ်ပေသည်။

"စိတ်မပူပါနဲ့ နောက်မှ ငါနင့်ကို သေချာပြန်ပြီး ပြုစုပေးပါ့မယ်..."

ပိုင်ကျဲ့က လီလန်၏ နား နားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။

"ဒါဆိုရင် အဲဒီအသားရောင် ခြေအိတ်ရှည်တွေကို ဝတ်ဖို့ မမေ့နဲ့နော်..."

"ခြေအိတ်ရှည် ဟုတ်လား ဘာအသားရောင် ခြေအိတ်ရှည်လဲ..."

ပိုင်ကျဲ့သည် သူ၏စကားကြောင့် အနည်းငယ် လန့်သွားခဲ့သည်။

"ခုနက နိုင်လွန်ခြေအိတ်ရှည်တွေကို ပြောတာပါ..."

လီလန်က ရှင်းပြလိုက်သည်။

"ဪ အဲဒါတွေလား..."

ပိုင်ကျဲ့သည် လီလန်ကို အံ့သြသွားသည့် အရိပ်အယောင်ဖြင့် ကြည့်လိုက်သည်။

"ဘာလို့ ငါ့ကို ခြေအိတ်ရှည်တွေ ဝတ်စေချင်ရတာလဲ..."

"အဲ့ဒါတွေ ဂရုမစိုက်ပါနဲ့ နောက်မှသာ ဝတ်ပြပါ..."

လီလန်က ကောက်ကျစ်သော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

"မင်း စကတ်တိုတစ်ခုလည်း ဝယ်ခဲ့တယ် မဟုတ်လား အဲဒါလေးပါ ယူလာခဲ့ပြီး သားရေဖိနပ်အသေးလေးကိုပါ စီးထားလိုက်ဦး လှလှလေး ပြင်ဆင်ထားနော်..."

"စာရေးမလေး တခြားလှတဲ့ အဝတ်အစားတွေ ရှိသေးလား ရေမွှေးရော ရှိလား..."

အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် ပိုင်ကျဲ့သည် လှည့်စားခံလိုက်ရသကဲ့သို့ အနည်းငယ် ခံစားလိုက်ရသည်။

လီလန်သည် သူမအတွက် အဝတ်အစားများ ဝယ်ပေးရန် ငွေကုန်ကြေးကျ ခံနေသည်မှာ ရှင်းလင်းနေသော်လည်း ထိုအဝတ်အစားများနှင့် ဖိနပ်များမှာ လီလန်၏ အကျိုးအတွက် ဝယ်ယူထားသည်ဟုသာ သူမ ခံစားနေရလေသည်။

"ဒီလူဆိုးကတော့ တစ်ရက်လေးတောင် အတည်မပေါက်ဘူး..."

ပိုင်ကျဲ့က မတတ်နိုင်သည့်ဟန်ဖြင့် တွေးလိုက်သည်။

"ထားလိုက်ပါတော့လေ သူက လမ်းမှာတောင် အဲဒီကိစ္စတွေကို ပြောရဲသေးတာပဲ ဒါတွေက ဘာမှမဟုတ်ပါဘူး..."

မြို့သို့မလာခင် လမ်းမှာဖြစ်ခဲ့သည့် ကိစ္စများကို ပြန်အမှတ်ရသွားသောအခါ ပိုင်ကျဲ့မှာ ရှက်သွေးဖြာသွားတော့သည်။

အရောင်းစာရေးမလေးသည် အမျိုးသားနှင့် အမျိုးသမီးမှာ လက်ထပ်ခါစ ဇနီးမောင်နှံဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ပြုံးကာ ပြောလိုက်သည်။

"ရဲဘော် ရှင့်ယောကျာ်းက ရှင့်အပေါ် တကယ်ကောင်းတာပဲ..."

"ရှင့်ကို အဝတ်အစားတွေ ဖိနပ်တွေ ဝယ်ပေးဖို့ ဒီလောက်တောင် ငွေအများကြီး သုံးရက်တယ်ဆိုတော့ ကျွန်မ ကြည့်ရင်းနဲ့တောင် အားကျလာပြီ..."

"ဟုတ်ပါရဲ့ ကျွန်မလည်း အားကျမိတယ်..."

"ရှင့်ယောကျာ်းက အရပ်လည်းရှည်၊ မျက်ခုံးမွေးထူထူ မျက်လုံးဝိုင်းဝိုင်းနဲ့၊ ပြောပါဦး ရှင်တို့နှစ်ယောက် ဘယ်လိုတွေ့ခဲ့ကြတာလဲ..."

သမဝါယမအသင်းအတွင်း လူအများအပြား မရှိဘဲ ပိုင်ကျဲ့၊ လီလန်နှင့် အခြားဖောက်သည် အနည်းငယ်သာ ရှိသည်။ သူတို့ အားလပ်ချိန်ရသွားသောအခါ အရောင်းစာရေးမလေးများသည် စုရုံးရောက်ရှိလာကြပြီး ပိုင်ကျဲ့နှင့် စကားစမြည် ပြောဆိုကြတော့သည်။

"ကျွန်မတို့က ငယ်ငယ်လေးကတည်းက သိခဲ့ကြတာပါ..."

"ဪ ဒါဆို ငယ်သူငယ်ချင်းတွေပေါ့..."

"တကယ့်ကို အားကျစရာကောင်းလိုက်တာ..."

အရောင်းစာရေးမလေးက အားကျသည့်ဟန်ဖြင့် ပြောလိုက်သည်။

"တော်ပါတော့ ကျွန်တော်တို့ ပြန်ကြမယ်..."

လီလန်က ထုပ်ပိုးထားသော အဝတ်အစားများနှင့် ဖိနပ်များကို ကိုင်ထားရင်း ပိုင်ကျဲ့ကို လှမ်းခေါ်လိုက်သည်။

"အင်းပါ.."

ပိုင်ကျဲ့က အရောင်းစာရေးမလေးများကို နှုတ်ဆက်လိုက်ပြီး သူတို့၏ အားကျနေသော အကြည့်များအောက်တွင် လီလန်၏ လက်မောင်းကို ချိတ်ကာ သမဝါယမအသင်းမှ ထွက်ခွာလာခဲ့သည်။

"အရည်အချင်းရှိတဲ့ ယောကျာ်းနဲ့ လှပတဲ့ မိန်းမ တကယ့်ကို အားကျစရာကောင်းလိုက်တာ..."

သမဝါယမအသင်းမှ ထွက်လာပြီးနောက် လီလန်သည် မြောက်မြားစွာသော အိတ်များနှင့် ထုပ်ပိုးထားသည်များကို ကြည့်ကာ ဒုက္ခရောက်သလို ခံစားလိုက်ရသည်။

"ခဏနေရင် ကျွန်တော်တို့ ကောက်နှံတွေ ဟင်းသီးဟင်းရွက်တွေနဲ့ အသားတွေ ဝယ်ရဦးမယ် သမဝါယမအသင်းမှာ ဒီလောက် အများကြီး ဝယ်လိုက်မိတော့ အကုန်လုံး သယ်သွားဖို့က ခက်ခဲလိမ့်မယ်..."

သူတို့တွင် စက်ဘီးနှစ်စီး ရှိသော်လည်း ခြင်းတောင်းများမပါဘဲ နောက်ခန်းထိုင်ခုံများသာ ရှိလေသည်။

ပစ္စည်းများကို နောက်ခန်းထိုင်ခုံများနှင့် စက်ဘီးလက်ကိုင်များပေါ်တွင် တင်လျှင်တောင်မှ ဤမျှများပြားသော ပစ္စည်းများကို သယ်ဆောင်ရန် လုံလောက်မည် မဟုတ်ပေ။

"ငါတို့ နည်းနည်းလောက် လျှော့ဝယ်လိုက်ရင်ရော..."

ပိုင်ကျဲ့က တွေဝေစွာဖြင့် မေးလိုက်သည်။

"မဖြစ်ဘူးလေ ဒီနေရာကိုလာဖို့က မလွယ်တော့ ငါတို့ ပိုဝယ်သင့်တာပေါ့..."

"ထားလိုက်ပါ ဒီပစ္စည်းတွေကို သွားပို့ပေးဖို့ တစ်ယောက်ယောက်ကို ရှာလိုက်ရအောင်..."

သူ့နောက်တွင် ညီအစ်ကိုငယ် တစ်အုပ်စုလုံး ရှိနေသည်ဖြစ်ရာ သူတို့ကို အသုံးမချလျှင် နှမြောစရာကောင်းပေလိမ့်မည်။

All Chapters