← Chapters

အခန်း ၃၈၆

Vol. 39 Ch. 386

အခန်း ၃၈၆

Vol. 39 Ch. 386

အခန်း (၃၈၆) မိဖုရားကြီးကို စော်ကားခြင်း... ကျန်းချဲ့၏ အကျင့်စာရိတ္တ

"ဒိုင်း..."

အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။

စားပွဲပေါ်ရှိ ဖန်ခွက်ကို မိဖုရားကြီး ရွှီပိုင်ဟယ်က မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပစ်ပေါက်လိုက်ရာ သူမ၏ မျက်နှာပေါ်တွင် ဒေါသနှင့် အံ့ဩမှုများ ရောယှက်နေလေသည်။

"ရဲတင်းလိုက်တာ... တကယ်ကို ရဲတင်းလွန်းတယ်..."

"ဒီလောက်တောင် ရိုင်းစိုင်းရသလား... ငါကိုယ်တော်မကို ဒီလို ပြန်ပြီး အာခံရဲတယ်ပေါ့လေ..."

"ငါကိုယ်တော်မ ကိုယ်တိုင် ဧကရာဇ်မင်းဆီ သွားပြီး သူ့အပြစ်တွေကို တိုင်တန်းမယ်..."

ကျန်းချဲ့၏ စကားများက မိဖုရားကြီး ရွှီပိုင်ဟယ်ကို ဒေါသအထွတ်အထိပ်သို့ ရောက်သွားစေခဲ့သည်။ ကျန်းချဲ့တွင် ဒေါသမာန်မာနရှိကြောင်း သူမသိထားသော်လည်း တစ်ဖက်လူက ဤမျှလောက်အထိ ရဲတင်းနေလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။

သူမကို မျက်နှာချင်းဆိုင် အာခံရုံသာမက ဤကဲ့သို့ ရိုင်းစိုင်းသော စကားများကိုပါ ပြောဆိုဝံ့သည်တဲ့လား။

သူမက မိဖုရားကြီးလေ။

ယနေ့လောကတွင် အဆင့်အတန်းအမြင့်မားဆုံးသော အမျိုးသမီးပင်ဖြစ်သည်။

"မိဖုရားကြီး ဒေါသကို လျှော့ပါဦး... ဒေါသကို လျှော့ပါဦး..."

ဒေါသထွက်နေသော မိဖုရားကြီး ရွှီပိုင်ဟယ်က ကျန်းချဲ့ကို မခြိမ်းခြောက်နိုင်ခဲ့သော်လည်း ဘေးနားရှိ အစေခံမိန်းကလေးများကိုမူ အကြီးအကျယ် ထိတ်လန့်သွားစေခဲ့သည်။ ချက်ချင်းပင် မြေပြင်ပေါ်၌ ဒူးထောက်ကာ တုန်ရီနေသော အသံဖြင့် တောင်းပန်လိုက်ကြသည်။

"လူတွေ... ဧကရာဇ်မင်းဆီကို သွားမယ်... ဒီကောင်ရဲ့ အပြစ်တွေကို ငါကိုယ်တော်မ ကိုယ်တိုင် သွားပြီး တိုင်တန်းမယ်..."

မိဖုရားကြီး ရွှီပိုင်ဟယ်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေသည်။

"မိဖုရားကြီး... မဖြစ်ပါဘူး... မဖြစ်ပါဘူး..."

အစေခံမိန်းကလေးက အလျင်အမြန်ပင် တားဆီးလိုက်လေသည်။

"ဘာလို့ မဖြစ်ရမှာလဲ..."

"မိဖုရားကြီး... ဒီကိစ္စက ကွမ်ကျွင်းနယ်စားက မိဖုရားကြီးကို စော်ကားတာ မှန်ပေမဲ့... တကယ်လို့များ ပြဿနာကြီးသွားမယ်ဆိုရင် ဖြေရှင်းရ ခက်သွားပါလိမ့်မယ်... ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စက တတိယ မင်းသားကြောင့် အစပြုခဲ့တာလေ... ကျန်းချဲ့ဘက်ကလည်း ပြန်ပြီး ရှင်းပြစရာ အကြောင်းပြချက်တွေ ရှိနေနိုင်ပါတယ်... ပြီးတော့... ပြီးတော့ အခု မြောက်ပိုင်းလူရိုင်း သံတမန်တွေက မြို့တော်ကို ရောက်နေပြီလေ... ကျန်းချဲ့က တော်ဝင်နန်းတော်ရဲ့ မျက်နှာစာဖြစ်နေတယ်... အရှင်မင်းကြီး သိသွားရင်တောင်မှ အများဆုံး စကားလေး နည်းနည်းပါးပါး ဆူပူရုံလောက်ပဲ ရှိမှာပါ... ဒါပေမဲ့ မိဖုရားကြီးရဲ့ ဂုဏ်သိက္ခာကျတော့ အကြီးအကျယ် ထိခိုက်သွားလိမ့်မယ်... ဒါ့အပြင် ကွမ်ကျွင်းနယ်စားရဲ့ နောက်ကွယ်မှာ ခေါက်ရှန်းနတ်မင်းကြီး ရှိနေတယ်လေ... မိဖုရားကြီးက ခေါက်ရှန်းနတ်မင်းကြီးနဲ့ ထိပ်တိုက် ရင်ဆိုင်နေတယ်လို့ တခြား မှူးမတ်တွေ သိသွားရင်... တတိယ မင်းသား အပေါ်မှာ အများကြီး သက်ရောက်မှု ရှိသွားနိုင်တယ်..."

ဒူးထောက်နေသော အစေခံမိန်းကလေးက ဤကိစ္စ၏ အကျိုးအပြစ်များကို အလျင်အမြန်ပင် ရှင်းပြလိုက်လေသည်။

သူမ၏ စကားအဆုံးတွင် မိဖုရားကြီး ရွှီပိုင်ဟယ်လည်း နေရာတွင်ပင် ရပ်တန့်သွားပြီး ရင်ထဲရှိ ဒေါသများမှာလည်း လျင်မြန်စွာ လျော့ပါးသွားခဲ့လေသည်။ သို့သော် မျက်နှာပေါ်ရှိ ဒေါသအရိပ်အယောင်များကတော့ လုံးဝ ပျောက်ကွယ်သွားခြင်း မရှိဘဲ မကျေမနပ်ဖြစ်နေသော အမူအရာဖြင့် စကားဆိုလိုက်သည်။

"ငါကိုယ်တော်မက ဒီလူကို တကယ်ပဲ ဘာမှလုပ်လို့ မရတော့ဘူးလား..."

မိဖုရားကြီးဖြစ်လာပြီးကတည်းက သူမ ဤကဲ့သို့သော စော်ကားမှုကို တစ်ခါမှ မခံခဲ့ရဖူးပေ။

အရာရှိတစ်ယောက်က ဤမျှလောက်အထိ ရိုင်းစိုင်းရဲသည်တဲ့လား။

အကယ်၍ ရွှီမိသားစု၏ အဓိက အင်အားစုများသာ မြို့တော်တွင် ရှိနေမည်ဆိုပါက ဤကဲ့သို့ အစော်ကားခံရမည် မဟုတ်ပေ။

"မိဖုရားကြီး... ကျန်းချဲ့ကို အပြစ်ပေးချင်တယ်ဆိုရင်တောင်မှ မြောက်ပိုင်းလူရိုင်း သံတမန်တွေ ပြန်သွားတဲ့အချိန် အထိတော့ စောင့်သင့်ပါတယ်... အဲ့ဒီလိုမှ မဟုတ်ရင် ကွမ်ကျွင်းနယ်စားကို ဘာမှလုပ်လို့ ရမှာမဟုတ်ပါဘူး..."

မိဖုရားကြီး ရွှီပိုင်ဟယ်၏ မျက်နှာထားမှာ မည်းမှောင်နေပြီး ဒေါသများကို ပေါက်ကွဲထုတ်ပစ်ချင်နေသော်လည်း အစေခံမိန်းကလေး၏ စကားများက မှန်ကန်နေကြောင်း သူမသိရှိထားလေသည်။ အကယ်၍ ယခုအချိန်တွင်သာ ဒေါသထွက်ပြီး လုပ်ချင်ရာလုပ်မည်ဆိုပါက ကျန်းချဲ့ကို ဘာမှထိခိုက်နိုင်မည်မဟုတ်ဘဲ ကျီချန်ရှန်းကိုသာ ထိခိုက်သွားစေပေလိမ့်မည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူမက သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်လေသည်။

"တစ်နေ့ကျရင်တော့ ကျန်းချဲ့ကို ထိုက်တန်တဲ့ ပြစ်ဒဏ်ပေးရမယ်..."

"မင်းက တကယ်ကို ရဲတင်းတာပဲ... ဧကရာဇ်မင်းရဲ့ မိန်းမကိုတောင် အာခံရဲတယ်... ဘယ်လိုပဲဖြစ်ဖြစ် သူက မိဖုရားကြီးလေ..." ပြန်လာသည့် လမ်းတွင် တိတ်ဆိတ်နေသော ချီရွှယ်မိစ္ဆာသခင် လုချန်ဖုန်းက ရုတ်တရက် စကားပြောလာလေသည်။

ကျန်းချဲ့ မြို့တော်သို့ ရောက်ရှိလာပြီးကတည်းက လုချန်ဖုန်းသည် အသံတိတ်နေခဲ့လေသည်။ အထူးသဖြင့် ဧကရာဇ်မင်းနှင့် ခေါက်ရှန်းနတ်မင်းကြီးတို့ကို တွေ့ဆုံချိန်တွင် မည်သည့် လှုပ်ရှားမှုမျှ မလုပ်ဝံ့ခဲ့ချေ။

"လူတွေက ကျုပ်ကို လေးစားရင် ကျုပ်ကလည်း ပြန်ပြီး လေးစားမှာပဲ... လူတွေက ကျုပ်ကို စော်ကားရင် ကျုပ်ကလည်း သူ့ရဲ့ မိသားစု တစ်ခုလုံးကို မျိုးဖြုတ်ပစ်မှာပဲ... စီနီယာက ကျုပ်ရဲ့ စရိုက်ကို မသိသေးလို့လား... ကျီချန်ရှန်း သားအမိ အပေါ် ကျုပ် အများကြီး သည်းခံပေးခဲ့ပြီးပါပြီ... ဒါပေမဲ့ သူတို့က အခွင့်ကောင်းယူပြီး အနိုင်ကျင့်ချင်နေတာလေ... ဒီလိုဆိုမှတော့ ဘာဖြစ်လို့ ထပ်ပြီး သည်းခံနေရဦးမှာလဲ... သူတို့က ကျုပ်ရဲ့ အရှိန်အဝါကို အသုံးချပြီး သူတို့ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ချင်နေတာ... သူတို့က အဲ့ဒီလောက် တန်ဖိုးရှိလို့လား..."

ကျန်းချဲ့သည် မွေးရာပါကတည်းက ဒေါသမာန်မာန ကြီးမားသူတစ်ယောက်ဖြစ်ပြီး မည်သူ့ကိုမျှ ကြောက်ရွံ့ခြင်းမရှိပေ။ မဟုတ်ပါက ယခင်က နင်ဝမ် ၏ ဇနီးကို ခြိမ်းခြောက်ပြီး တောင်ပိုင်းယွဲ့ မိဖုရားကို အကျပ်ကိုင်ခဲ့မည် မဟုတ်ပေ။

ဧကရာဇ်မင်းနှင့် ရင်ဆိုင်ရချိန်တွင်ပင် သူ၏ ကိုယ်ပိုင် အကြံအစည်များ ရှိနေသေးလေသည်။

နန်းတွင်းထဲတွင် အချိန်အကြာကြီး နေထိုင်လာခဲ့သော အမျိုးသမီးတစ်ယောက်နှင့် အရည်အချင်း သိပ်မရှိသော မင်းသားတစ်ပါးကိုတော့ ပို၍ပင် ဂရုစိုက်နေစရာ မလိုတော့ပေ။

"ဒါဆို မင်း နောက်ထပ် ဘာဆက်လုပ်မလဲ..."

"မိဖုရားကြီးကိုတော့ လောလောဆယ် ဘာမှလုပ်လို့ မရသေးပေမဲ့ ကျီချန်ရှန်းကတော့ မသေချာဘူး... ကျီချန်ရှန်း အိမ်ရှေ့စံ နေရာကို ယှဉ်ပြိုင်ခွင့် ဆုံးရှုံးသွားမယ့် အပြစ်တစ်ခုခုကို ရှာတွေ့နိုင်သရွေ့ ဒီနေ့ သူတို့ လုပ်ခဲ့တဲ့ လုပ်ရပ်တွေ အတွက် နောင်တရသွားအောင် လုပ်ပေးလို့ ရတယ်..."

"သူတို့က အရမ်းကြီး မထက်မြက်ဘူး ဆိုပေမဲ့ တုံးတော့မတုံးဘူး... သူတို့ရဲ့ အပြစ်အထောက်အထားကို ရှာတွေ့ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပဲ..."

ကျန်းချဲ့က အေးစက်စက် ပြုံးလိုက်လေသည်။

"အပြစ်မရှိရင်လည်း ကိုယ်တိုင် ဖန်တီးပေးလို့ ရတာပဲလေ... သူတို့ တိတ်တဆိတ် လုပ်နေတဲ့ ကိစ္စတွေ အားလုံးက တကယ်ပဲ သန့်ရှင်းနေတယ်လို့ ကျုပ်တော့ မယုံဘူး..."

"အပြစ်အထောက်အထားကို ရသွားပြီဆိုရင်ကော... မင်းက ဧကရာဇ်မင်းရဲ့ မိန်းမကို အရသာခံချင်လို့များလား..."

ကျန်းချဲ့၏ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေးသွားလေသည်။

"ချီရွှယ်... ဒီနယ်စားရဲ့ အကျင့်စာရိတ္တကို မင်း မယုံဘူးလား..."

ချီရွှယ်မိစ္ဆာသခင် - "ဟီးဟီးဟီးဟီးဟီး..."

ကျန်းချဲ့ နန်းတော်မှ ထွက်ခွာသွားပြီးနောက် အရာအားလုံးကို သဘောပေါက်သွားသော မိဖုရားကြီး ရွှီပိုင်ဟယ်သည် ကျီချန်ရှန်းထံသို့ အလျင်အမြန် သတင်းစကားပါးလိုက်လေသည်။ ကျန်းချဲ့ကို ဆွဲဆောင်စည်းရုံးရန် မအောင်မြင်ခဲ့ကြောင်းနှင့် ထိုကိစ္စ၏ နောက်ဆက်တွဲ ဂယက်များကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းရန် အကြောင်းကြားလိုက်ခြင်း ဖြစ်သည်။

ဤသတင်းကို ကြားပြီးနောက် ကျီချန်ရှန်း အနည်းငယ် စိတ်ပျက်သွားရလေသည်။ မယ်တော်ကိုယ်တိုင် ဝင်ပါမည်ဆိုလျှင် ကျန်းချဲ့ သေချာပေါက် အလျှော့ပေးကာ သူ့ကို ထောက်ခံလာလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း ရလဒ်အနေဖြင့် ဆွဲဆောင်စည်းရုံး၍ မရခဲ့ရုံသာမက ကျန်းချဲ့နှင့် ကြီးမားသော ရန်ငြိုးတစ်ခုကိုပါ တည်ဆောက်မိသလို ဖြစ်သွားခဲ့လေသည်။

သို့သော် စိတ်ပျက်နေရုံဖြင့် မပြီးသေးပေ။ လက်ရှိ အခြေအနေကို သူ ကောင်းစွာ နားလည်ထားပြီး ယခင် ညစာစားပွဲ ကိစ္စသည် အပြင်လူများ၏ ကောလာဟလသာ ဖြစ်ကြောင်း၊ အမှန်တကယ်တော့ သူသည် ကွမ်ကျွင်းနယ်စားကို ညစာစားပွဲ ဖိတ်ကြားခဲ့ခြင်း မရှိဘဲ တစ်ဖက်လူမှာလည်း တိုက်ပွဲအတွက် ပြင်ဆင်နေရသဖြင့် မည်သည့်ပွဲကိုမျှ တက်ရောက်နိုင်မည် မဟုတ်ကြောင်း သတင်းလွှင့်လိုက်လေသည်။

သို့သော် သူ၏ ဤရှင်းလင်းချက်ကို အခြားသော မင်းသားများက အားနည်းချက်အဖြစ် ချက်ချင်း သဘောပေါက်သွားကြလေသည်။ သူတစ်ပါး ဒုက္ခရောက်သည်ကို အခွင့်ကောင်းယူလိုသော အခြား မင်းသားများသည် ဤကိစ္စကို အစွမ်းကုန် တွန်းအားပေးလိုက်ကြလေသည်။

မြို့တော်အတွင်း ကောလာဟလများ ထွက်ပေါ်လာခဲ့လေသည်။ ကျီချန်ရှန်းသည် ကျန်းချဲ့ကို ညစာစားပွဲ ဖိတ်ကြားရန် မအောင်မြင်သဖြင့် ဒေါသထွက်ကာ အခြားသော နည်းလမ်းများဖြင့် ကျန်းချဲ့ကို အကျပ်ကိုင်ရန် ကြိုးစားခဲ့သော်လည်း ကျန်းချဲ့က သူ၏ မင်းသားအဆင့်အတန်းကို လုံးဝ ဂရုမစိုက်ဘဲ ပွဲတက်ရန် ငြင်းဆန်ခဲ့ကြောင်း သတင်းများ ပျံ့နှံ့သွားခဲ့လေသည်။

အင်အားစု အသီးသီး၏ နောက်ကွယ်မှ တွန်းအားပေးမှုကြောင့် တစ်ရက်အတွင်းမှာပင် ဤသတင်းက မြို့တော်တစ်ခုလုံး ပွက်လောညံသွားခဲ့လေသည်။

သေချာသည်ကတော့ ဤကိစ္စများသည် သီးသန့် အသိုင်းအဝိုင်းတစ်ခုအတွင်း၌သာ ပျံ့နှံ့နေခြင်းဖြစ်ပြီး သာမန်ပြည်သူလူထုကတော့ သိရှိနိုင်မည် မဟုတ်ပေ။ သို့သော် အချို့သော အရာရှိများ၏ ရင်ထဲတွင်တော့ ကျီချန်ရှန်းအပေါ် အထင်ကြီးလေးစားမှုများ အကြီးအကျယ် လျော့ကျသွားခဲ့လေသည်။

ဤကိစ္စကြောင့် သူ၏ နာမည်ဂုဏ်သတင်း အကြီးအကျယ် ထိခိုက်သွားခဲ့ရပြီး ဒေါသထွက်နေသော်လည်း ဘာမှလုပ်၍မရနိုင်ပေ။

သူ၏ ညီအစ်ကိုများကိုသာ ဒေါသတကြီးဖြင့် ကျိန်ဆဲနေရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။

သို့သော် လူတိုင်းကို အံ့အားသင့်စေခဲ့သော အကြီးမားဆုံး သတင်းမှာ မြောက်ပိုင်းလူရိုင်း သံတမန်များ မြို့တော်သို့ ရောက်ရှိလာသည့် သတင်းပင်ဖြစ်သည်။ လွန်ခဲ့သော တစ်လခန့်ကတည်းက မြောက်ပိုင်းလူရိုင်း သံတမန်များ မြို့တော်သို့ လာရောက်မည့် သတင်းများ မြို့တော်အတွင်း ပျံ့နှံ့နေခဲ့လေသည်။

အချိန်တွေ ကုန်ဆုံးလာသည်နှင့်အမျှ ပြင်ပမှ သတင်းများ ဆက်တိုက် ရောက်ရှိလာခဲ့လေသည်။ မြောက်ပိုင်းလူရိုင်း မင်းသားလေး ဇာကူမုသည် အလယ်ပိုင်းဒေသရှိ အစွမ်းထက်သူများကို ဆက်တိုက် အနိုင်ယူနေကြောင်း၊ ယိုးကျိုးနယ်စပ်မှစ၍ အလယ်ပိုင်းဒေသ အလယ်ဗဟိုအထိ သူသည် လမ်းတစ်လျှောက်လုံး တိုက်ခိုက်လာခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ဓမ္မရုပ်တုအဆင့် မဟုတ်သော မည်သူ့ကိုမဆို ဇာကူမုက စိန်ခေါ်တိုက်ခိုက်ခဲ့လေသည်။ ယခုအချိန်တွင်တော့ ဇာကူမုဆိုသည့် နာမည်က လူတိုင်းသိနေသည့် နာမည်တစ်ခု ဖြစ်နေလေပြီ။

မြောက်ပိုင်းလူရိုင်း မင်းသားလေး မြို့တော်သို့ ရောက်ရှိလာခြင်းမှာ ရည်ရွယ်ချက် မကောင်းကြောင်း လူတိုင်း သိရှိထားကြလေသည်။

အမှန်တကယ်တော့ တော်ဝင်နန်းတော်အတွင်း၌ အစွမ်းထက်သော ဓမ္မရုပ်တုအဆင့် မဟာသိုင်းသခင်များ မရှိသည်မဟုတ်ပေ။ အချို့သော ဝါရင့် သိုင်းပညာရှင်ကြီးများ၏ စွမ်းအားမှာလည်း မနည်းလှပေ။ နှစ်ပေါင်းရာချီသော အခြေခံအုတ်မြစ်များဖြင့် အဆင့်ကျော်လွန်၍ တိုက်ခိုက်နိုင်သူများပင် ရှိနေလေသည်။

သို့သော် သတင်းများ၏ တွန်းအားပေးမှုအောက်တွင် ဇာကူမုသည် လူငယ် မဟာသိုင်းသခင် တစ်ယောက်အဖြစ် ပုံဖော်ခံထားရလေသည်။ အကယ်၍ အလယ်ပိုင်းဒေသ၏ တော်ဝင်နန်းတော်က ဝါရင့် မဟာသိုင်းသခင်ကြီး တစ်ယောက်ကို စေလွှတ်လိုက်မည်ဆိုပါက အနိုင်ရရှိခဲ့လျှင်တောင်မှ မျက်နှာပန်းလှမည် မဟုတ်ပေ။

အလယ်ပိုင်းဒေသက မြောက်ပိုင်းလူရိုင်းများထက် ပိုမို အစွမ်းထက်ကြောင်း သက်သေပြလိုပါက အဆင့်အတန်းတူ လူငယ် ပါရမီရှင်များကိုသာ စေလွှတ်ရမည် ဖြစ်လေသည်။

ဤအချက်က အနည်းငယ် ကလေးဆန်သည်ဟု ထင်ရသော်လည်း ၎င်းသည် ထိပ်တန်း အင်အားစုများအတွက်သာ ဖြစ်သည်။ သာမန် သိုင်းပညာရှင်များနှင့် ပြည်သူလူထုအတွက်မူ အဆင့်အတန်းတူ လူငယ် ပါရမီရှင်တစ်ယောက်က ဇာကူမုကို အနိုင်ယူနိုင်ခြင်းသည် အလွန် ကြီးမားသော အဓိပ္ပာယ် ရှိလေသည်။

ထို့ကြောင့်ပင် ကျန်းချဲ့ မြို့တော်သို့ ရောက်ရှိလာရခြင်း ဖြစ်လေသည်။

လုကျဲ့ယွင်မှာ ယခင်က သိုင်းစာရင်းတွင် ပါဝင်ခဲ့ဖူးသော ထိပ်တန်း ပါရမီရှင်တစ်ယောက် ဖြစ်သော်လည်း လူအများ၏ အမြင်တွင် နံပါတ်တစ် နေရာကို ရယူထားသော ကျန်းချဲ့သာလျှင် အစစ်အမှန် အားကိုးရမည့်သူ ဖြစ်လေသည်။

မကြာမီ ရောက်ရှိလာတော့မည့် ဤတိုက်ပွဲက လူအများအပြား၏ အာရုံစိုက်မှုကို ရရှိနေလေသည်။

မြို့တော်အတွင်း၌လည်း အကြီးအကျယ် လှိုင်းဂယက်များ ထနေလေသည်။

တာ့ကျိုး ယွမ်ခန်း ဆယ့်သုံးနှစ်၊ ပထမလ ဒုတိယရက်နေ့၊ ညီလာခံကြီး။

ကျန်းချဲ့သည် တတိယအဆင့် အရာရှိဝတ်စုံကို ဆင်မြန်းကာ အလယ်ပိုင်းဒေသ တော်ဝင်နန်းတော်၏ အာဏာဗဟိုချက်ဖြစ်သော ဖုန်းထျန်းနန်းဆောင် အတွင်းသို့ ပထမဆုံးအကြိမ် တရားဝင် ခြေချလိုက်လေသည်။

မြို့တော်အတွင်းရှိ မှူးမတ်အရာရှိများအားလုံး နန်းဆောင်အတွင်းသို့ အသီးသီး ဝင်ရောက်လာကြပြီး ကျန်းချဲ့သည် ချန်ချင်းဖန်၏ နောက်မှလိုက်ကာ ခေါက်ရှန်းနတ်မင်းကြီးနှင့်အတူ ဖုန်းထျန်းနန်းဆောင် အတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။

ခမ်းနားထည်ဝါလှသော နန်းဆောင်ကြီးကို ကြည့်ရင်း ကျန်းချဲ့အနေဖြင့် တော်ဝင်နန်းတော်၏ အာဏာဗဟိုချက် ဟုသာ မှတ်ချက်ချနိုင်တော့သည်။

ကျောက်စိမ်းများဖြင့် ခင်းကျင်းထားသော ကြမ်းပြင်၊ ဝိညာဉ်သစ်သားများဖြင့် ပြုလုပ်ထားသော တိုင်လုံးကြီးများ။ နဂါးနှင့် ဖီးနစ်ရုပ်များ ထွင်းထုထားပြီး နတ်ဘုရား အမှတ်အသားများ နေရာအနှံ့ ရှိနေလေသည်။ သာမန် မွေးရာပါအဆင့် သိုင်းပညာရှင်များ အနေဖြင့် အစွမ်းကုန် တိုက်ခိုက်မည် ဆိုလျှင်တောင်မှ ဖုန်းထျန်းနန်းဆောင် အတွင်း၌ မည်သည့် အရာကိုမျှ ဖျက်ဆီးနိုင်မည် မဟုတ်ပေ။ အထက်ရှိ နဂါးပလ္လင်မှာလည်း အလွန် ခမ်းနားထည်ဝါပြီး ရွှေရောင်များ တောက်ပနေလေသည်။

"ဒီရက်ပိုင်း တွေမှာ မင်း မြို့တော် ထဲမှာ တော်တော်လေး နာမည် ကြီးနေတာပဲ..."

ချန်ချင်းဖန်က ကျန်းချဲ့နှင့် တီးတိုး စကားပြောနေပြီး သူ၏ လေသံထဲတွင် အနည်းငယ် နောက်ပြောင်လိုသော အဓိပ္ပာယ် ပါဝင်နေလေသည်။

ယခု ကျန်းချဲ့၏ အခြေအနေကို သူ ကောင်းကောင်း သိရှိနေကြောင်း ထင်ရှားလှပေသည်။

"ကိုယ်လည်း မတတ်နိုင်ဘူးလေ အနက်ရောင်ရုံးတော် မှာ ထိုင်နေရင်း ပြဿနာ တွေက ကိုယ့်ဆီ အလိုလို ရောက်လာတာ..."

ကျန်းချဲ့က ခေါင်းရမ်းလိုက်ပြီး မျက်နှာပေါ်တွင် မတတ်နိုင်သည့် အမူအရာ ပေါ်လွင်နေလေသည်။

"မင်း ညစာစားပွဲ ကို မသွားတာ မှန်တယ် ကျီချန်ရှန်း က အမြင် ကျဉ်းမြောင်းပြီး အလုပ်လုပ်တာ သိပ်မကောင်းဘူး ကြီးမားတဲ့ အပြောင်းအလဲ သာ မရှိဘူး ဆိုရင် အိမ်ရှေ့စံ နေရာကို ရဖို့ အခွင့်အရေး အရမ်း နည်းတယ် သူ့အတွက် မင်း အနေနဲ့ ခြေကုန်လက်ပမ်း ကျခံပြီး အကူအညီ ပေးနေစရာ မလိုဘူး..."

ချန်ချင်းဖန် က ဆက်ပြောလိုက်လေသည်။

သူသည် ကျန်းချဲ့ကဲ့သို့သော ပြိုင်ဘက်ကင်း ပါရမီရှင်ကို ရှာဖွေတွေ့ရှိပြီးနောက် ခေါက်ရှန်းနတ်မင်းကြီး ကျီချန်တောက်က သူ့ကို မြို့တော်သို့ ခေါ်ယူကာ အနက်ရောင်ရုံးတော် ဌာနချုပ်၏ အလယ်အလတ် နတ်မင်းကြီး အဖြစ် ခန့်အပ်ခဲ့လေသည်။ ရာထူးအဆင့်အတန်း မပြောင်းလဲသော်လည်း အာဏာကတော့ အများကြီး တိုးလာခဲ့လေသည်။

ဌာနချုပ်၏ နတ်မင်းကြီးတစ်ပါးသည် အခြားပြည်နယ်များရှိ နတ်မင်းကြီးများထက် အများကြီး ပိုမို အင်အားကြီးမားပေသည်။

တစ်ချိန်တည်းမှာပင် အနက်ရောင်ရုံးတော်၏ ဩဇာအာဏာ အကြီးမားဆုံးသော သူများထဲမှ တစ်ယောက်အနေဖြင့် သူ၏ သတင်းကွန်ရက်မှာလည်း အလွန် ကြီးမားလှပြီး မြို့တော်တစ်ခုလုံးကို လွှမ်းခြုံထားလေသည်။ မြို့တော်အတွင်းရှိ အခြေအနေ ပြောင်းလဲမှုများကို အချိန်နှင့်အမျှ သိရှိနေလေသည်။

ထို့ကြောင့်ပင် ယခင်က ကျန်းချဲ့ကို မင်းသားများ၏ အိမ်ရှေ့စံ လုပွဲတွင် မပါဝင်ရန် သတိပေးခဲ့ခြင်း ဖြစ်လေသည်။

"တမန်တော်ကြီး ပြောတာ မှန်ပါတယ် ဒါပေမဲ့ အခုတော့... သူတို့ သားအမိ နဲ့ ရန်ငြိုး ဖွဲ့မိသွားပြီ..."

"ဘာဖြစ်လို့လဲ..."

"မနေ့က..."

ကျန်းချဲ့သည် ဖုန်းဟယ်နန်းဆောင်တွင် ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းရုံး ရှင်းပြလိုက်လေသည်။ သေချာသည်ကတော့ သူ၏ မာနထောင်လွှားမှုများကိုတော့ ချန်လှပ်ထားခဲ့ပြီး သူ့ကိုယ်သူ အပြစ်ကင်းစင်သူ တစ်ယောက်အဖြစ် ပုံဖော်လိုက်လေသည်။

"စိတ်ချပါ နတ်မင်းကြီး ရှိနေသရွေ့ မိဖုရားကြီး က မင်းကို ဘာမှ လုပ်လို့ မရပါဘူး..."

ချန်ချင်းဖန် ၏ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေးသွားလေသည်။

သို့သော် သူ၏ မျက်နှာထားမှာ လျင်မြန်စွာပင် ပြန်လည် တည်ငြိမ်သွားလေသည်။ အကြောင်းမှာ အရှေ့ရှိ ကျီချန်တောက်က သူ့ကို တစ်ချက် လှမ်းကြည့်လိုက်သောကြောင့် ပင်ဖြစ်သည်။ ကျန်းချဲ့သည်လည်း အလျင်အမြန်ပင် တည်ငြိမ်စွာ နေလိုက်ပြီး ဆက်လက် စကားမပြောတော့ချေ။

အချိန်အနည်းငယ် အကြာတွင်။

ဧကရာဇ်မင်း ညီလာခံ သို့ ကြွလာလေသည်။

အနီးကပ် အစေခံ လီချန်ကျုံး ၏ စူးရှသော အသံက ဖုန်းထျန်းနန်းဆောင် တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ဖြူရော်သော မျက်နှာနှင့် ပိန်ပါးသော ခန္ဓာကိုယ်ပိုင်ရှင် ယွမ်ခန်းဧကရာဇ်သည် ဘေးပေါက်မှ ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။

အရာအားလုံးမှာ ယခင်အတိုင်းပင် ဘာမှ ပြောင်းလဲခြင်း မရှိပေ။

ကျန်းချဲ့သည်လည်း မှူးမတ်အရာရှိများနှင့်အတူ ဧကရာဇ်မင်းကို အရိုအသေပေးလိုက်လေသည်။

"မှူးမတ်တို့ ထကြပါ..."

ယွမ်ခန်းဧကရာဇ် ၏ တည်ငြိမ်သော အသံက ပဲ့တင်ထပ်သွားလေသည်။

ထို့နောက် လီချန်ကျုံးက ဆက်ပြောလိုက်လေသည်။

"လျှောက်တင်စရာ ရှိရင် လျှောက်တင်ပါ... မရှိရင် ညီလာခံ ပြီးပါပြီ..."

လုပ်ငန်းစဉ် စတင်သည်နှင့်တပြိုင်နက် မှူးမတ်များသည် ကြိုတင် စီစဉ်ထားသည့်အလား တစ်ယောက်ပြီး တစ်ယောက် လျှောက်တင်လွှာများ တင်သွင်းကြလေသည်။ တစ်နေရာတွင် မိုးခေါင်ရေရှား ဖြစ်နေကြောင်း၊ အခြားတစ်နေရာတွင် ချင်းထျန်းဂိုဏ်းက ပုန်ကန်နေကြောင်း များကို လျှောက်တင်ကြလေသည်။

သို့မဟုတ် သိုင်းပညာရှင်များ တိုက်ခိုက်မှုကြောင့် မြို့တစ်မြို့ ပျက်စီးသွားကြောင်း များကို လျှောက်တင်ကြလေသည်။

ဤအရာများကိုသာ ကြည့်မည်ဆိုလျှင် တာ့ကျိုးနိုင်ငံတော်ကြီးသည် နောက်ဆုံးအချိန်သို့ ရောက်ရှိနေပြီဟု ထင်မှတ်ရပေလိမ့်မည်။ သို့သော် မည်သည့် မှူးမတ်၏ မျက်နှာပေါ်တွင်မှ ကြောက်ရွံ့ထိတ်လန့်နေသည့် အမူအရာမျိုး မရှိဘဲ ကြိုတင် ခန့်မှန်းထားပြီးသား ဖြစ်သည့်အလား ပင်ဖြစ်သည်။

အထက်ရှိ ဧကရာဇ်မင်းကလည်း အမိန့်တော်များကို ဆက်တိုက် ထုတ်ပြန်နေပြီး ဘေးနားရှိ အရာရှိအချို့ကတော့ မျက်လုံးမှိတ်ကာ အနားယူနေကြလေသည်။ ဤမြင်ကွင်းက ကျန်းချဲ့ကို အလွန် ပျင်းရိသွားစေပြီး ဤညီလာခံကြီးသည် ဟန်ပြသက်သက်သာ ဖြစ်ကြောင်း ခံစားမိလေသည်။

အာဏာ၏ အလယ်ဗဟိုချက်က ဖုန်းထျန်းနန်းဆောင် တွင် လုံးဝ မရှိဘဲ အခြားတစ်နေရာတွင် ရှိနေမည်ဟု သူ ခန့်မှန်းလိုက်လေသည်။

"အရှင်မင်းကြီး... မြောက်ပိုင်းလူရိုင်း သံတမန် တွေ မနေ့က မြို့တော် ကို ရောက်လာ ပါပြီ... အရှင်မင်းကြီး ကို ဝင်တွေ့ ဖို့ တောင်းဆို ထားပြီး အခု ဖုန်းထျန်းနန်းဆောင် ရဲ့ အပြင်ဘက် မှာ စောင့်နေ ကြပါတယ်..."

မှူးမတ် အများစု လျှောက်တင်ပြီးနောက်တွင်တော့ နောက်ဆုံး၌ ထုံးတမ်းစဉ်လာဌာနမှ အရာရှိ အလှည့် ရောက်လာခဲ့လေသည်။

"ခေါ်လိုက်..."

ယွမ်ခန်းဧကရာဇ် က စကားတစ်ခွန်းတည်းကိုသာ ဖြည်းညင်းစွာ ပြောလိုက်လေသည်။

ဘေးနားရှိ လီချန်ကျုံးက အလျင်အမြန်ပင် အသံကျယ်ကျယ်ဖြင့် အော်လိုက်လေသည်။

"နိုင်ငံခြား သံတမန် တွေ ဝင်လာ ခဲ့ပါ..."

"နိုင်ငံခြား သံတမန် တွေ ဝင်လာ ခဲ့ပါ..."

အသံများက တစ်ဆင့်ပြီး တစ်ဆင့် ဆက်တိုက် ထွက်ပေါ်လာပြီး ဖုန်းထျန်းနန်းဆောင် မှ အဝေးကြီးအထိ ပျံ့နှံ့သွားလေသည်။

အချိန်အနည်းငယ် အကြာတွင် လူတစ်စု ဖုန်းထျန်းနန်းဆောင် အတွင်းသို့ ဝင်ရောက်လာကြလေသည်။ အရှေ့ဆုံးတွင် ရှိနေသူမှာ ထုံးတမ်းစဉ်လာဌာနမှ ဒုတိယဝန်ကြီး ဖြစ်ပြီး သူ့နောက်တွင်တော့ ထူးဆန်းသော ဝတ်စားဆင်ယင်မှုများဖြင့် လူသုံးယောက် ပါလာလေသည်။ သူတို့၏ ရုပ်ရည်နှင့် ဝတ်စားဆင်ယင်မှုများမှာ အလယ်ပိုင်းဒေသမှ သိုင်းပညာရှင်များနှင့် လုံးဝ ကွဲပြားခြားနားနေလေသည်။

"ရွှေရောင် မြင့်မြတ်သော တော်ဝင် နန်းတော်... ကောင်းကင် ဧကရာဇ် ရဲ့ စတုတ္ထ မင်းသား ဇာကူမု... အလယ်ပိုင်း ဒေသ ရဲ့ ဧကရာဇ်မင်း ကို အရိုအသေ ပေးပါတယ်..."

"ရွှေရောင် မြင့်မြတ်သော တော်ဝင် နန်းတော် ရဲ့ ယဇ်ပုရောဟိတ် ဆုဖုန်း... အလယ်ပိုင်း ဒေသ ရဲ့ ဧကရာဇ်မင်း ကို အရိုအသေ ပေးပါတယ်..."

"ရွှေရောင် မြင့်မြတ်သော တော်ဝင် နန်းတော်... ကောင်းကင် ဧကရာဇ် ရဲ့ စစ်သူကြီး လီမူကျန်း... ဧကရာဇ်မင်း ကို အရိုအသေ ပေးပါတယ်..."

လူသုံးယောက်လုံး ညာဘက်လက်သီးကို ရင်ဘတ်ပေါ်တင်ကာ အထက်ရှိ ဧကရာဇ်မင်းကို အရိုအသေ ပေးလိုက်ကြလေသည်။

သူတို့ ပြောသော ရွှေရောင် မြင့်မြတ်သော တော်ဝင်နန်းတော် ဆိုသည်မှာ အလယ်ပိုင်းဒေသ၏ မြောက်ဘက်တွင် အခြေချနေထိုင်သော အင်အားကြီး နိုင်ငံတော်ကြီး ဖြစ်သည်။ အလယ်ပိုင်းဒေသကို တာ့ကျိုး နိုင်ငံတော်က အုပ်စိုးထားသကဲ့သို့ ရွှေရောင် မြင့်မြတ်သော တော်ဝင်နန်းတော် သည်လည်း မြက်ခင်းပြင် တစ်ခုလုံးကို အုပ်စိုးထားသော နိုင်ငံတော်ကြီး ဖြစ်လေသည်။

မင်းဆက်အဆက်ဆက်မှ ဧကရာဇ်များကို ကောင်းကင်ဧကရာဇ် ဟု ခေါ်ဆိုကြလေသည်။

"ထကြပါ..."

"ဧကရာဇ်မင်း ကို ကျေးဇူးတင်ပါတယ်..."

"မြောက်ပိုင်းလူရိုင်း သံတမန် တွေ ခရီးပန်း လာမှာပဲ... အလယ်ပိုင်း ဒေသ ထဲ ဝင်လာပြီး အခုလို တွေ့ဆုံ ဖို့ အလောတကြီး တောင်းဆို ရတဲ့ အကြောင်းရင်း ကို သိပါရစေ..."

"ဇာကူမု က ကောင်းကင် ဧကရာဇ် ရဲ့ အမိန့်တော် အတိုင်း... အလယ်ပိုင်း ဒေသ ရဲ့ ဧကရာဇ်မင်း နဲ့ ရန်ငြိုး တွေကို ဖြေရှင်း ပြီး စစ်ပွဲ တွေကို ရပ်တန့် ချင်ပါတယ်... အလယ်ပိုင်း ဒေသ နဲ့ မြက်ခင်းပြင် ကြားမှာ ကုန်သွယ် မှုတွေ လုပ်ပြီး ညီအစ်ကို နိုင်ငံ တွေ အဖြစ် ပူးပေါင်း ချင်ပါတယ်..."

ဤစကားကို ကြားလိုက်ရသည်နှင့် ဖုန်းထျန်းနန်းဆောင် အတွင်း၌ အကြီးအကျယ် ဆူညံသွားခဲ့လေသည်။

ရန်ငြိုးတွေကို ဖြေရှင်းပြီး ညီအစ်ကိုနိုင်ငံတွေ အဖြစ် ပူးပေါင်းမယ် ဟုတ်လား။

သူတို့ နားကြားမှားတာများလား။

အလယ်ပိုင်းဒေသနှင့် မြက်ခင်းပြင်တို့ အကြား စစ်မီးလျှံများ တောက်လောင်နေခဲ့သည်မှာ အနှစ်တစ်ထောင် ကျော်နေပြီဖြစ်ပြီး တစ်ခါမှ ရပ်တန့်သွားခြင်း မရှိခဲ့ပေ။ နှစ်ဖက်စလုံး အခြေအနေ အလွန် ဆိုးရွားနေချိန်မှ လွဲ၍ ရန်ငြိုးများကို ဖြေရှင်းလေ့ မရှိခဲ့ပေ။

ယခုအခါ မြက်ခင်းပြင်ဘက်က အသာစီးရနေသည်မှာ ရှင်းလင်းနေပြီး လွန်ခဲ့သော နှစ်တစ်ရာ အတွင်း အလယ်ပိုင်းဒေသ၏ မြောက်ပိုင်း နယ်မြေ ထောင်နှင့်ချီ၍ သိမ်းပိုက်ထားပြီး ဖြစ်သည်။ ဘာကြောင့် ရုတ်တရက်ကြီး စစ်ရပ်ချင်ရတာလဲ။

ယွမ်ခန်းဧကရာဇ် ၏ မျက်ဝန်းများ အနည်းငယ် လှုပ်ရှားသွားလေသည်။ ဤမတိုင်မီက မြောက်ပိုင်းလူရိုင်း သံတမန်များ ဤနေရာသို့ လာရောက်ရခြင်းမှာ ရန်ငြိုးများကို ဖြေရှင်းရန် ဖြစ်ကြောင်း သူ လုံးဝ မသိရှိခဲ့ပေ။ ယခင်နှစ်များကဲ့သို့ သံတမန်များ အပြန်အလှန် လာရောက်တွေ့ဆုံခြင်း သက်သက်သာ ဖြစ်မည်ဟု ထင်မှတ်ထားခဲ့သည်။

အကယ်၍ စစ်ပွဲများကိုသာ ရပ်တန့်နိုင်မည်ဆိုပါက အလယ်ပိုင်းဒေသအတွင်းရှိ ပြဿနာများကို ဖြေရှင်းရန် သူ၏ အာရုံများကို အပြည့်အဝ စိုက်ထုတ်နိုင်မည် ဖြစ်သည်။ ဤကိစ္စက တော်ဝင်နန်းတော်အတွက် အလွန် အကျိုးရှိလေသည်။

မှူးမတ်များ အံ့အားသင့်နေကြသော်လည်း မျက်လုံးမှိတ်ကာ အနားယူနေသော ကျီချန်တောက် ကတော့ အလွန် တည်ငြိမ်နေလေသည်။ သူက ဖြည်းညင်းစွာ စကားဆိုလိုက်သည်။

"ညီအစ်ကို နိုင်ငံ တွေ ဖြစ်လာ ပြီ ဆိုမှတော့... ဘယ်သူ က အစ်ကို... ဘယ်သူ က ညီ လဲ..."

ဆုဖုန်းယဇ်ပုရောဟိတ် ကြီးက ကျီချန်တောက် ကို တစ်ချက် ကြည့်လိုက်လေသည်။ အလယ်ပိုင်းဒေသ၏ ခေါက်ရှန်းနတ်မင်းကြီး အကြောင်းကို သူ အမြဲတမ်း ကြားဖူးနေခဲ့ပြီး ဖြစ်သည်။ အနည်းငယ် အရိုအသေ ပေးလိုက်ပြီးနောက် ပြန်ပြောလိုက်လေသည်။

"ရွှေရောင် မြင့်မြတ်သော တော်ဝင် နန်းတော် က အလယ်ပိုင်း ဒေသ ရဲ့ တော်ဝင်နန်းတော် ထက် ပိုပြီး အင်အား ကြီးမား တဲ့ အတွက်... တော်ဝင် နန်းတော် က အစ်ကို... အလယ်ပိုင်း ဒေသ က ညီ ဖြစ်သင့် ပါတယ်…”

All Chapters