← Chapters

အခန်း (၂၆၉၃-၂၆၉၄)

Vol. 270 Ch. 2693-2694

အခန်း (၂၆၉၃-၂၆၉၄)

Vol. 270 Ch. 2693-2694

အခန်း (၂၆၉၃) - ရှန်းဟုန်မျိုးနွယ်စုရဲ့ အရှင်သခင် ဖန့်ချန်၊ အားလုံးကို နှုတ်ဆက်လိုက်ပါတယ်

​ချင်ဝူဆန့် ပေါ်လာပြီးနောက်တွင် ဆရာအချို့နှင့် ကာကွယ်ရေးဆရာ အချို့လည်း တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။ သူတို့က အစပိုင်းတွင် လာရောက်သူမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိကြသေးသော်လည်း၊ လူသားကျောင်းဆောင်သို့ တာဝန်ခံအသစ် သုံးဦး ဆက်တိုက် ရောက်ရှိလာမည်ဖြစ်ပြီး ထိုသူတို့မှာလည်း ဟော်ဆွေ့မျိုးနွယ်စု မှဖြစ်ကြောင်း သိထားကြသည်။

​ချင်ဝူဆန့် ဖြစ်ကြောင်း မြင်လိုက်ကြသည့်အခါ၌မူ သူတို့မှာ အံ့ဩသွားကြသလို၊ လုံးဝကြီးလည်း အံ့ဩမနေကြပေ။ ချင်မျိုးနွယ်စုနှင့် အဆင်ပြေသည့် ဆရာအချို့မှာ ရှေ့သို့တိုးလာကာ နှုတ်ဆက်ကြသည်။ အခြားသော ဆရာအချို့မှာမူ နေရာတွင်ပင် ငြိမ်သက်စွာ ရပ်နေကြပြီး တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ဖလှယ်နေကြသည်။

​“အရင်က သူတို့ ယဲ့ထျန်းဂူ ကောင်းကင်အရှင် ဖန့်ချန်ကို ပြန်ပေးဆွဲသွားခဲ့တဲ့ကိစ္စကို အသုံးချပြီးကျောင်းတော်ထဲမှာ ကျောင်းတော်အုပ်ချုပ်သူဟောင်း ဆန့်ကျင်တဲ့ လှိုင်းလုံးတစ်ခု ဖန်တီးဖို့ ကြိုးစားခဲ့ကြတယ်။ ဟော်ဆွေ့မျိုးနွယ်စုက အဲဒီကိစ္စကြောင့်ပဲ ဆုံးရှုံးမှု မနည်းခဲ့ဘူး။”

​“ခုတော့ နှစ်အနည်းငယ်ပဲ ရှိသေးတယ်၊ ပြန်လာပြီး အကြမ်းဖက်ဖို့ ပြင်နေပြန်ပြီ။ ပြီးတော့ ရွှေဟွေးကျောင်းတော်ကို အရင်ကထက် ပိုပြီး အာရုံစိုက်လာတယ်။ ကြားရတာတော့ တာဝန်ခံအသစ် သုံးဦးစလုံးက ချင်မျိုးနွယ်စုရဲ့ တိုက်ရိုက်မျိုးဆက်တွေလို့ ဆိုတယ်။”

​“အာရုံမစိုက်လို့ ရပါ့မလား။ ဖန့်သူတော်စင်ဘိုးဘေးက ငါတို့ လူသားကျောင်း‌ဆောင်ထဲမှာ ရှိနေတာ။ ရှေးဟောင်းဘိုးဘေး ဆယ်ဂဏန်းလောက်လည်း လူသားကျောင်းဆောင်ထဲမှာပဲ ရှိနေကြတယ်။ ကာကွယ်ရေးဆရာ သုံးဦးလောက်ပဲ လွှတ်လိုက်တာကတောင် အတော်လေး ထိန်းထိန်းသိမ်းသိမ်း လုပ်ထားတာပါ၊ ဒါပေမဲ့ ချင်ဝူဆန့် ထောင်ကနေ အရင်လွတ်လာလိမ့်မယ်လို့တော့ ငါ မထင်ထားမိဘူး။”

​ထိုဆရာက ပြောရင်းဆိုရင်း မလှမ်းမကမ်းတွင် ရှိနေသော ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ အမူအရာမှာ အနည်းငယ် ထူးဆန်းနေသည်။

​ထိုအချိန်တွင် ချင်ဝူဆန့် မှာလည်း ရောက်ရှိလာသည့် ကာကွယ်ရေးဆရာများနှင့် ဆရာများကို နှုတ်ဆက်ပြီးနောက် နေရာတွင် ရှိနေသော ချင်မျိုးနွယ်စု ကျောင်းသားများကို ခေါင်းညိတ်ပြကာ အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ နောက်ဆုံးတွင် သူ၏ အကြည့်များမှာ ဖန့်ချန်ထံသို့ ရောက်ရှိသွားသည်။

​“ဖန့်ချန်၊ ငါတို့ မတွေ့တာလည်း အတော်ကြာပြီနော်။ ဒီနှစ်တွေအတွင်း အပြင်က သတင်းတွေကို ငါ အနည်းငယ် ကြားမိပါတယ်။ မင်း ဒီအဆင့်ထိ ရောက်လာလိမ့်မယ်လို့ လုံးဝ မထင်ထားမိခဲ့ဘူး။ လူငယ်မျိုးဆက်ထဲမှာတော့ မင်းက ထိပ်ဆုံးမှာ ရောက်နေပြီပဲ။”

​ဖန့်ချန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသော်လည်း ထိုစကားကို ဆက်မပြောတော့ဘဲ ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။

​“ချင်ဝူဆန့် ငါ မှတ်မိတာ မမှားဘူးဆိုရင် မင်း ထောင်ကျနေရဦးမှာ မဟုတ်လား။ ဒီတစ်ခါ ထောင်ကနေ လွတ်လာတာများ ဖြစ်နေမလား။”

​“ဖန့်ချန်၊ မင်း မောက်မာလှချည်လား ”

​“မင်းက ဘာအရည်အချင်းနဲ့ ဒီလိုစကားမျိုး ပြောရတာလဲ ”

​“ချင်ကာကွယ်ရေးဆရာ ကိုတောင် မေးခွန်းထုတ်ရဲတယ်ပေါ့ ”

​“အဆင့်အတန်းလေး နည်းနည်းရသွားတာနဲ့ ကိုယ့်အရည်အချင်းကိုယ် မသိတော့တာလား။ ဒါက လူသားကျောင်းဆောင်ပဲ ”

​နေရာတွင် ရှိနေသော ချင်မျိုးနွယ်စု ကျောင်းသားများမှာ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများတွင် မီးတောက်များ လောင်ကျွမ်းနေသည်။ စွမ်းအင်စုစည်းခြင်း ဖြစ်စေ၊ အသက်စွမ်းအင် ဖြစ်စေ၊ ကမ္ဘာတည်ဆောက်ခြင်း ဖြစ်စေ အားလုံးမှာ ဒေါသထွက်နေကြသည်။

​ဟော်ဆွေ့မျိုးနွယ်စုမှာ ချင်ဝူဆန့် ကိစ္စကြောင့် အချိန်အတော်ကြာ အဖိနှိပ်ခံခဲ့ရသည်။ ခုတော့ သူလည်း လွတ်လာပြီဖြစ်ရာ မျက်စိရှေ့က ဒီကောင်က ဘာလို့များ နာကျင်တဲ့အနာကို ထိတာလဲ။

​ချင်ဝူဆန့် ၏ မျက်နှာပေါ်က အပြုံးမှာလည်း ခဏတာ တောင့်တင်းသွားပြီးနောက် အေးဆေးစွာ ပြောသည်။

​“အထူးအကြောင်းပြချက်အချို့ကြောင့် ငါက ချင်းမင်အဆင့်မြင့် မဟာမိတ်အဖွဲ့အတွက် အကျိုးပြုခဲ့လို့ စောစော လွတ်မြောက်လာတာပဲ။ ပြီးတော့ အရင်တုန်းက ကိစ္စကလည်း သူတော်စင်တစ်ယောက်က ငါ့ကို ထောင်ချောက်ဆင်ခဲ့လို့ ဖြစ်တာ။ ငါ့အပေါ်မှာ အပြစ်တင်စရာ မရှိဘူး။ မင်းက အသက်စွမ်းအင် အလယ်ပိုင်း ပဲ ရှိသေးတော့ အချို့ကိစ္စတွေကို မသိသေးဘဲ မမေးမြန်းတာ ပိုကောင်းမယ်။”

​“ကျွန်တော်က အဆင့်(၆) စစ်ဆေးရေးဌာန အရာရှိ ပါ။”

​ဖန့်ချန်က ပြုံးလျက် ဆိုသည်။

​ထိုစကား ထွက်လာသည်နှင့် ဟော်ဆွေ့မျိုးနွယ်စု၏ ဆဲဆိုသံများမှာ ရုတ်တရက် ရပ်တန့်သွားပြီး သူတို့၏ အမူအရာများမှာ ပြောင်းလဲသွားသည်။

​တောက်

​သူတို့ ဒီအချက်ကို မေ့သွားကြတာပဲ

​ချင်ဝူဆန့်၏ အမူအရာလည်း တောင့်တင်းသွားသည်။

​ဖန့်ချန်က မျက်နှာကို အေးစက်စက် လုပ်လိုက်ပြီး -

​“ခင်ဗျားရဲ့ ထောင်လွတ်စာရွက်စာတမ်းကို ကျွန်တော့်ကို ပြပါ။ စစ်ဆေးရေးဌာနက တရားဝင် ခွင့်ပြုထားတာလား ကျွန်တော် စစ်ဆေးချင်တယ်။”

​ချင်မျိုးနွယ်စုနှင့် ရင်းနှီးသော ကာကွယ်ရေးဆရာအချို့မှာ တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။

​“ဒီကောင်လေးက တကယ်ကို လက်ရဲဇက်ရဲပဲ။”

​လူပင်းမှာ မျက်နှာပျက်လျက် ချင်ဝူဆန့်ကို ကြည့်လိုက်သည်။

​“ဒါပေမဲ့ သူက တကယ်ပဲ စစ်ဆေးရေးဌာနရဲ့ အရာရှိပဲ၊ စာရွက်စာတမ်းကို စစ်ဆေးဖို့ အခွင့်အာဏာ ရှိတယ်။ ဝူဆန့် မင်း သူ့ကို ပြလိုက်တာပဲ ကောင်းမယ်၊ သူ့လက်ထဲမှာ အားနည်းချက် မပြမိပါစေနဲ့။ ကရုဏာတောင်ဘက်က လူတွေကတော့ ငါတို့ ဟော်ဆွေ့မျိုးနွယ်စုနဲ့ တကယ်ကို ပတ်သက်မှုကို ဖြတ်တောက်တော့မှာပဲ။”

​လေဟာနယ်တွင်မူ ဇောင်ဟွမ်နှင့် ဖောင်ဟွေတို့မှာ လက်ပိုက်လျက် ထိုမြင်ကွင်းကို ငြိမ်သက်စွာ စောင့်ကြည့်နေသည်။ ဇောင်ဟွမ်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

​“ချင်ဝူဆန့် ဒီတစ်ခါ ပြန်လာတာ ငါတို့ဘက်က အနှောင့်အယှက်ပေးလိမ့်မယ်လို့ တွေးထားမိမှာပဲ၊ ဒါပေမဲ့ ငါတို့ ကရုဏာတောင်ရဲ့ မျိုးဆက်ငယ်ဆီကနေ အနှောင့်အယှက် စခံရလိမ့်မယ်လို့တော့ တစ်ခါမှ မတွေးမိရှာဘူး။”

​ဇောင်ဟွေက ပြုံးလျက် -

“သူ့မျက်နှာတော့ အပျက်ခံရတော့မှာပဲ။”

​ခဏတာ တိတ်ဆိတ်သွားပြီးနောက် ချင်ဝူဆန့်က ရုတ်တရက် ရယ်မောလိုက်ကာ ပစ္စည်းတစ်ခုကို ထုတ်ပေးလိုက်သည်။

​“ဒါက ငါ့ရဲ့ ထောင်လွတ်စာရွက်စာတမ်းပဲ၊ ဖန့်အရာရှိ ကြည့်လိုက်ပါ။”

​စာရွက်မှာ ဖန့်ချန်ရှေ့သို့ ရောက်လာသည်။ ဖန့်ချန်က လက်ဝါးထဲသို့ ဆွဲယူလိုက်ပြီး ဖြန့်ကြည့်လိုက်သည်။ အပေါ်တွင် စစ်ဆေးရေးဌာန၏ တံဆိပ်တုံး ပါရှိနေပြီး သူ့ကိုယ်ပေါ်ရှိ သမာဓိတံဆိပ်နှင့်လည်း စစ်ဆေးနိုင်သည့်အတွက် အတုမဟုတ်ကြောင်း သိလိုက်ရသည်။

​“တကယ်ပဲ အစစ်ပဲ၊ သူက စစ်ဆေးရေးဌာနကနေ စောပြီး လွတ်လာတာ၊ တရားဥပဒေဌာန ကနေ ခွင့်ပြုချက်ပေးထားတာပဲ။”

​ဖန့်ချန်က တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ စာရွက်ကို ချင်ဝူဆန့် ထံ ပြန်ပစ်ပေးလိုက်သည်။

​“စောပြီး လွတ်လာတယ်ဆိုပေမဲ့ လူသားကျောင်းဆောင် ထဲမှာတော့ စကားကို ဆင်ခြင်ပြောဆိုပါ။ ချင်းမင်ရဲ့ တရားဥပဒေတွေကို ထပ်မဖောက်ဖျက်ပါနဲ့။ နောက်တစ်ခါ ထပ်ဖြစ်ရင် စစ်ဆေးရေးဌာနက ပြင်းပြင်းထန်ထန် အရေးယူပါလိမ့်မယ်။”

​အသက်စွမ်းအင် အလယ်ပိုင်း သူတော်စင်တစ်ဦးက ဟော်ဆွေ့မျိုးနွယ်စု၏ ကောင်းကင်နိမိတ် သူတော်စင်ကို၊ အဲဒီထဲမှာမှ တိုက်ရိုက်မျိုးဆက်ကို ဒီလိုအမိန့်ပေး စကားပြောနေတာကို ကြည့်ပြီး နေရာရှိ ကျောင်းသားများမှာ အကြီးအကျယ် ရှက်ရွံ့သွားကြသည်။ သို့သော်လည်း ထိုအချိန်တွင် သူတို့မှာ ဘာမှ မပြောရဲ၊ ပြောလည်း မပြောနိုင်ပေ။

​စာရွက်ကို ပြန်ပေးပြီးနောက် ဖန့်ချန်မှာ ကရုဏာတောင်သို့ ပြန်သွားရန် ပြင်ဆင်လိုက်သည်။ ချင်ဝူဆန့်မှာ သူ၏ ကျောပြင်ကို ကြည့်ရင်း ရုတ်တရက် မေးလိုက်သည်။

​“ဖန့်ချန်၊ မင်းက ရှန်းဟုန်ကနေ ဆင်းသက်လာတာလား။”

​“……”

​လူသားကျောင်းဆောင်မှာ ရုတ်တရက် အလွန်တိတ်ဆိတ်သွားသည်။ အောက်တွင် ရှိနေသော ကျောင်းသားများမှာ တစ်ဦးကိုတစ်ဦး ကြောင်အစွာ ကြည့်လိုက်ကြသည်။ သူတို့ ‘ရှန်းဟုန်’ ဆိုတာကို သိကြသော်လည်း ထိုစကားလုံးကို ကြားရသည်မှာ အတော်ကြာပြီ ဖြစ်သည်။ ရှန်းဟုန်မှာ လူသားမျိုးနွယ်စု၏ အကြီးမားဆုံး သစ္စာဖောက်များ ဖြစ်သည်။ သူတို့မှာ ဟော်ဆွေ့မျိုးနွယ်စုက ပုရွက်ဆိတ်အသိုက်နယ်မြေထဲတွင် ရှန်းဟုန်၏ နောက်လိုက်များကို အမြဲတစေ ရှင်းလင်းနေသည်ကို သိကြသည်။ သို့သော် ထိုကိစ္စမှာ သူတို့နှင့် အလွန်ဝေးကွာလှသဖြင့် အချိန်ကြာလာသည်နှင့်အမျှ မေ့လျော့သွားကြသည်။ ချင်ဝူဆန့်က ဘာကြောင့် ဒီအကြောင်းကို ရုတ်တရက် ပြောလာရတာလဲ။

​လက်ရှိတွင် ကောင်းကင်ငါးပါး၏ အဆင့်တူ သူတော်စင်များတွင် အတော်ဆုံးဟု သတ်မှတ်ခံထားရသည့် ဖန့်ချန်က၊ သူတော်စင်ဘိုးဘေး စီမံကိန်း၏ ဖန့်သူတော်စင်ဘိုးဘေးက ဘယ်လိုလုပ် ရှန်းဟုန်မျိုးနွယ်စုမှ ဖြစ်နိုင်မှာလဲ။

​နေရာရှိ ကာကွယ်ရေးဆရာများနှင့် ဆရာအချို့သာလျှင် ချင်ဝူဆန့် ဘာကြောင့် ရွှေဟွေးကျောင်းတော်သို့ အပို့ခံခဲ့ရသည်ကို သိကြသည်။ ရှန်းဟုန်မျိုးနွယ်စုမှ များပြားလှသော နောက်လိုက်အချို့မှာ ချင်ဝူဆန့် ၏ အမှားကြောင့် ချင်းမင်နယ်မြေထဲသို့ ပြန်လည်ဝင်စားလာခဲ့ကြသည်။ ထိုအချက်မှာ လူသားမျိုးနွယ်စု၏ ထိပ်တန်းအဆင့်တွင် လျှို့ဝှက်ချက် မဟုတ်တော့ပေ။ အောက်ခြေတွင်သာ လျှို့ဝှက်ထားခြင်း ဖြစ်သည်။ အခြားမျိုးနွယ်စုများ၏ ထိပ်တန်းအဆင့်များပင်လျှင် သူတို့ထက် ပို၍ စောစွာ သိရှိထားကြသည်။

​ချင်ဝူဆန့် စကားပြောနေချိန်တွင် ဖန့်ချန်၏ ကျောပြင်ကို စိုက်ကြည့်နေသည်။ သူ၏ မျက်ဝန်းများတွင် မည်သည့် ခံစားချက်မျှ မတွေ့ရပေ။ ဖန့်ချန်မှာ ချင်ဝူဆန့် ထံသို့ လှည့်ကြည့်လိုက်ပြီး ပြုံးလျက် ဆိုသည်။

​“ဟုတ်တယ်၊ ငါက ရှန်းဟုန်ကနေ ဆင်းသက်လာတာ။ အရင်က မင်းတို့ နယ်မြေကိုးခု ကို တိုက်ခိုက်တုန်းက ငါ့နာမည်ကို မကြားဖူးဘူးလား။ အော် ဟုတ်သားပဲ၊ အဲဒီတုန်းက မင်းက အရမ်း မောက်မာနေတာကိုး။ နယ်မြေကိုးခုက သူတော်စင် တစ်ဦးတောင် မရှိဘူးဆိုပြီး မင်းတို့ အထင်သေးခဲ့ကြတယ်။ မင်းက နယ်မြေကိုးခု ကို ဖျက်ဆီးလိုက်ရလို့ ကျေနပ်နေခဲ့ပေမဲ့၊ ငါတို့က သေမင်းအထိ ရင်ဆိုင်ပြီး မင်းတို့လက်ကို ငှားပြီး ချင်းမင်နယ်မြေဆီ ပြန်လည်ဝင်စားလာခဲ့တာပဲ။ ရယ်စရာကောင်းလိုက်တာ၊ သနားစရာကောင်းလိုက်တာကွာ။”

​“……”

​နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ကျောင်းသားတိုင်း၏ မျက်နှာပေါ်တွင် မယုံနိုင်စရာ အမူအရာများ ပေါ်လာသည်။ မျက်စိရှေ့ကသူက လူသားမျိုးနွယ်စု သမိုင်းတစ်လျှောက် အကြီးမားဆုံး သစ္စာဖောက်၊ ရှန်းဟုန်မျိုးနွယ်စုမှ ဖြစ်နေတာလား။

​တစ်ခဏချင်းမှာပင် ထိုကျောင်းသားများ၏ စိတ်ထဲတွင် ခံစားချက်များ ရှုပ်ထွေးသွားသည်။

​“ဒီနေ့ လူများတယ်၊ ဆရာတွေနဲ့ ကာကွယ်ရေးဆရာတွေလည်း အများကြီး ရောက်လာကြတယ်။”

​“ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါရစေ။”

​“ရှန်းဟုန်ရဲ့ အရှင်သခင် ဖန့်ချန်၊ အားလုံးကို နှုတ်ဆက်လိုက်ပါတယ်။”

​ဖန့်ချန်မှာ ပြုံးလျက် လေးဘက်လေးတန်သို့ အရိုအသေပေးလိုက်ပြီးနောက် လေထဲတွင် ပေါ့ပါးစွာဖြင့် ထွက်ခွာသွားသည်။ ထိုအချိန်အတွင်း မည်သူမျှ တားဆီးရန် မဝံ့ရဲကြပေ။ တားဆီးရန်ပင် စိတ်ကူးမရှိကြဘဲ ဖြစ်နေကြသည်။

​ဖန့်ချန်မှာ ထိုအတိုင်း ထွက်ခွာသွားခဲ့ပြီး တိတ်ဆိတ်နေသော လူသား သူတော်စင်များကိုသာ ချန်ရစ်ခဲ့သည်။ ချင်ဝူဆန့်မှာ ဖန့်ချန်၏ ကျောပြင်ကို သေချာစိုက်ကြည့်နေပြီး သူ၏ မျက်နှာမှာ ပြောင်းလဲလျက် ရှိသည်။ ဖန့်ချန်၏ စကားတစ်ခွန်းစီတိုင်းမှာ ချင်ဝူဆန့်၏ ရင်ဘတ်ထဲသို့ ဓားချွန်များဖြင့် တစ်ချက်ပြီးတစ်ချက် ထိုးစိုက်နေသကဲ့သို့ ခံစားနေရသည်။

​အခန်း (၂၆၉၄) - ယင်ယန်ဝိညာဥ်မျက်လုံး ပေါ်ထွက်လာခြင်း

​ဇောင်ဟွမ်နှင့် ဇောင်ဟွေတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် အေးဆေးစွာ ပြုံးလိုက်ကာ လှည့်ထွက်သွားကြသည်။

​လူပင်းနှင့် အခြားသော ကာကွယ်ရေးဆရာများမှာ နောက်ဆုံးတွင် သတိပြန်ဝင်လာကြသည်။ လူပင်း၏ မျက်ဝန်းများတွင် ထိတ်လန့်မှု အရိပ်အယောင်များ ယှက်သန်းနေပြီး အသံကို တိုးလျော့ကာ -

​“ဝူဆန့်၊ သူက ရှန်းဟုန်မျိုးနွယ်စုရဲ့ အရှင်သခင်တဲ့လား ဒါဆို ငါတို့က...”

​ချင်ဝူဆန့်၏ ခံစားချက်များမှာ နောက်ဆုံးတွင် သူ၏ စိတ်အတွင်း၌ပင် အုပ်မိုးခံလိုက်ရပြီး အေးစက်စက်နှင့် တည်ငြိမ်သွားသည်။

​“ငါတို့က အခုချိန်မှာ သူ့ကို မထိနိုင်သေးဘူး။”

​စကားဆုံးသည်နှင့် သူသည် အတွင်းကမ္ဘာနယ်မြေကို မောင်းနှင်ကာ လေဟာနယ်အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။

​“ဟူး...”

​လူပင်းသည် သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး အခြားကာကွယ်ရေးဆရာများကို ပြောလိုက်သည်။

​“သူပြောတာ မှန်တယ်။ ငါတို့ အခုချိန်မှာ အဲဒီကောင်လေးကို တကယ်ကို မထိနိုင်ဘူး။ ရှန်းဟုန်မျိုးနွယ်စုက လူတွေ ပြန်လည်ဝင်စားလာပြီး ဒီလောက်အထိ ထူးချွန်တဲ့မျိုးဆက်သစ်တစ်ယောက် ထွက်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ သူက ဒီမျိုးနွယ်စုရဲ့ အရှင်သခင် ဖြစ်နေတာလည်း မဆန်းပါဘူး။ ငါတို့ ကြိုသိထားသင့်တာ၊ ကံဆိုးလိုက်တာ၊ တကယ်ကို ကံဆိုးတာပဲ...”

​ကျန်ရှိသော ကာကွယ်ရေးဆရာများလည်း သူပြောသော “ကံဆိုးသည်” ဆိုသည့်အဓိပ္ပာယ်ကို နားလည်ကြသည်။ အကယ်၍သာ အစောကတည်းက ခန့်မှန်းမိပြီး ထိုသူ၏ ဝိသေသကို အတည်ပြုနိုင်ခဲ့လျှင် အချိန်မီ ဝင်ရောက်စွက်ဖက်နိုင်မည် ဖြစ်ပြီး နောက်ပိုင်းကိစ္စများ ဖြစ်လာစရာ မလိုတော့ပေ။

​ယခုမူကား၊ တစ်ဖက်လူမှာ “သူတော်စင်ဘိုးဘေး စီမံကိန်း” ၏ ဖန့်သူတော်စင်ဘိုးဘေး ဖြစ်နေခြင်းတစ်ခုတည်းနှင့်ပင် ချင်မျိုးနွယ်စုအနေဖြင့် သူ့ကို မထိရဲတော့ပေ။ ထိုမျှမက သူ၏ နောက်ကွယ်တွင် စစ်ဆေးရေးဌာန ရှိနေသည်။ ထို့အပြင် ဆွေ့ရွှမ်လင် လည်း ရှိနေသေးသည်...။

​“တစ်နေ့နေ့မှာ သူ တကယ်ပဲ ကောင်းကင်အရှင်သခင် အဆင့်ကို ရောက်သွားရင်...”

​ရုတ်တရက်ပင် ကာကွယ်ရေးဆရာများအားလုံးမှာ ထိုအချက်ကို စဉ်းစားမိလိုက်ပြီး ရင်ဘတ်ထဲတွင် အသက်ရှူရ ကြပ်လာကာ အသက်ရှူမဝတော့သလို ခံစားလိုက်ရသည်။

​“သွားကြစို့။”

​ကာကွယ်ရေးဆရာများ လှည့်ထွက်သွားကြသည်။ နေရာတွင် ရှိနေသော ဆရာများမှာလည်း အမျိုးမျိုးသော အမူအရာများဖြင့် ထွက်ခွာသွားကြသည်။ “ကောင်းကင်ငါးပါး စစ်မြေပြင်” သို့ ဝင်ရောက်ရန် ပြင်ဆင်နေသော လူသားကျောင်းသားများသာ နေရာတွင် ကျန်ရစ်နေခဲ့သည်။

​“ဒီလောက်ပဲလား”

​ချိုင်စစ်ရှို့မှာ ဘေးနားရှိ တပည့်ချင်းများကို ထူးဆန်းစွာ ကြည့်လိုက်သည်။

​“ဖန့်သူတော်စင်ဘိုးဘေးက ရှန်းဟုန်မျိုးနွယ်စုရဲ့ အရှင်သခင်ဆိုတာကိုတောင် ထုတ်ဖော်ပြောလိုက်ပြီ၊ ဒါပေမဲ့...”

​“နောက်ပြီးရော ဘာလုပ်နိုင်ဦးမှာလဲ။”

​မိုရှဲ့က အေးစက်စက် ရယ်မောလိုက်သည်။

​“အခုချိန်မှာ လူသားမျိုးနွယ်စုက ဟော်ဆွေ့မျိုးနွယ်စုတစ်ခုတည်းရဲ့ လက်အောက်မှာ မဟုတ်တော့ဘူးလေ။”

​သူ ခဏရပ်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။

​“ဖန့်သူတော်စင်ဘိုးဘေးသာ အစကတည်းက ငါတို့ စွမ်းအားရှင် အဖွဲ့အစည်းအသင်း ထဲ ဝင်ခဲ့ရင် ကောင်းမှာ။”

​ချိုင်စစ်ရှို့တို့မှာ စွမ်းအားရှင် အဖွဲ့အစည်းအသင်း ၏ ရည်ရွယ်ချက်ကို ရုတ်တရက် သတိရသွားသည်။ ထိုအသင်း၏ ရည်ရွယ်ချက်မှာ ထိုမျိုးနွယ်စုကြီးများထံမှ မိမိတို့နှင့် ထိုက်တန်သော အရင်းအမြစ်များကို ပြန်လည်ရယူရန် မဟုတ်ပါလော။ တစ်နည်းအားဖြင့်ဆိုသော် ဂုဏ်သရေရှိလူကြီးမင်းများ အသင်းနှင့် ရှန်းဟုန်မျိုးနွယ်စုမှာ အနှစ်သာရအားဖြင့် အတူတူပင် ဖြစ်သည်။

​နေရာတွင် ရှိနေသော ချင်မျိုးနွယ်စု ကျောင်းသားများမှာလည်း တစ်ဦးကိုတစ်ဦး ကြောင်အစွာ ကြည့်နေကြသည်။ ကိစ္စရပ်များမှာ ထိုမျှလောက်ပင် ရိုးရှင်းစွာ ပြီးဆုံးသွားလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ နှစ်ပေါင်းများစွာအတွင်း ဟော်ဆွေ့မျိုးနွယ်စုသည် ပုရွက်ဆိတ်အသိုက်နယ်မြေတွင် ပုန်းခိုနေသော ရှန်းဟုန်မျိုးနွယ်စုမှ ကျန်ရစ်သူများကို အမြဲတစေ ရှင်းလင်းလာခဲ့ကြသည်။

​“အခု သူက ရှန်းဟုန်မျိုးနွယ်စုရဲ့ အရှင်သခင်လို့ ဝန်ခံလိုက်ပြီ၊ ဘာကြောင့်...”

​“ဘာကြောင့်ဖြစ်ရမှာလဲ၊ အဲဒီကောင်ရဲ့ အဆင့်အတန်းက အခုဆိုရင် ပြင်ပမျိုးနွယ်စုတွေနဲ့ပါ ဆက်စပ်နေပြီလေ။”

​“ကောင်းကင်ငါးပါးထဲမှာ ပြင်ပမျိုးနွယ်စုရဲ့ ကောင်းကင်အရှင်သခင်က သူ့ကို အကာအကွယ်ပေးထားတယ်။ ငါတို့ ဟော်ဆွေ့မျိုးနွယ်စုက သူ့ကို လုံးဝ မထိနိုင်ဘူး။ ဟော်ဆွေ့ ဘိုးဘေးကြီးက သမာဓိခုံရုံးမှာ ပိုမိုမြင့်မားတဲ့ စကားပြောပိုင်ခွင့် မရမချင်းတော့ သူ့ကို ထိန်းချုပ်ဖို့ ခက်လိမ့်မယ်။”

​ထိန်းချုပ်ရန် ဆိုသည်မှာ ရှင်းလင်းရန်ထက် ပိုမိုခက်ခဲသည်။ ထက်မြက်သော ဟော်ဆွေ့ကျောင်းသားအချို့မှာ ထိုအချက်ကို ပထမဆုံးအကြိမ်ပင် မြင်တွေ့လိုက်ရသည်။

​မကြာမီတွင် ကောင်းကင်ငါးပါး ခန်းမ ပွင့်လာပြီး ကျောင်းသားများမှာ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြသည်။ ရှန်းဟုန်မျိုးနွယ်စုနှင့် ပတ်သက်သော ကိစ္စရပ်မှာ ထိုမျှပင် ရိုးရှင်းအေးဆေးစွာဖြင့် ပြီးဆုံးသွားသလို ရှိသည်။

​…… ……

​ကရုဏာတောင်။

​ကျန်းတောက်ယွဲ့မှာ လေးစားသမှုဖြင့် လက်ဖက်ရည်တစ်ခွက်ကို ကိုင်ကာ ပင်မထိုင်ခုံတွင် ထိုင်နေသော ဒွမ်ချင်ရှန်းကို ကမ်းပေးလိုက်သည်။ ထိုလူအိုကြီးမှာ လက်ဖက်ရည်ကိုယူ၍ အနံ့ခံကြည့်ပြီးနောက် ဘေးသို့ ချလိုက်ကာ ခါးတွင် ချိတ်ထားသော ဘူးကြီးကို ဖွင့်၍ အရက်ကို အားရပါးရ မော့သောက်လိုက်သည်။ အရက်နံ့မှာ တစ်တောင်လုံးသို့ လွှမ်းခြုံသွားသည်။

​“အရက်ကမှ အရသာရှိတယ်။ နောက်တစ်ခါကျရင် အရက်ကောင်းကောင်းလေးတွေ ပြင်ထားပေးဦး၊ ဘိုးဘေးအတွက်လေ။”

​ဒွမ်ချင်ရှန်းက အေးဆေးစွာ ပြောသည်။

​ကျန်းတောက်ယွဲ့မှာ ခါးခါးသီးသီး ပြုံးလိုက်သည်။

​“တပည့် သိပါပြီ။”

​ထိုအချိန်တွင် ဖန့်ချန် တံခါးပြင်ပမှ ဝင်ရောက်လာသည်။ ကျန်းတောက်ယွဲ့သည် သူ့ကို မြင်သောအခါ ပြုံးပြလိုက်သည်။

​“ဒွမ်ဘိုးဘေး၊ အစ်ကိုကြီး။”

​ဖန့်ချန်မှာ ပြုံးလျက် အရိုအသေပေးလိုက်သည်။

​“မင်း ခုနကပဲ မင်းရဲ့ ရှန်းဟုန်မျိုးနွယ်စု အရှင်သခင်ဆိုတဲ့ အမှတ်အသားကို ထုတ်ပြလိုက်တယ်ပေါ့။”

​ဒွမ်ချင်ရှန်းက ရယ်မောလျက် -

​“ငါက ရှန်းဟုန်မျိုးနွယ်စုကို အလွန်အမင်း မုန်းတီးနေတယ်ဆိုရင်ကော မင်း မကြောက်ဘူးလား။”

​“ဘိုးဘေးက ဝိညာဉ်မျိုးနွယ်စုဝင် ဖြစ်နေပြီပဲ၊ လူသားမျိုးနွယ်စု ကိစ္စက ဘိုးဘေးနဲ့ ဘာဆိုင်လို့လဲ။”

​ဖန့်ချန်က ရယ်လျက် ဆိုသည်။

​“မင်းပြောတာလည်း မှန်သားပဲ။”

​ဒွမ်ချင်ရှန်း ခေါင်းညိတ်လိုက်သည်။

​“ဒါပေမဲ့ မင်း မသိတာတစ်ခု ရှိတယ်။ မင်းတို့ သေခြင်းထဲ အသက်ရှင်ခြင်းအထိ ရင်ဆိုင်ပြီး ပြန်လည်ဝင်စားလာတဲ့အချိန်မှာ ငါလည်း အားဖြည့်ပေးခဲ့တာပဲ။ ‘ယဲ့’ ကို ပြန်ရှာတွေ့ခဲ့တာက ငါ့လက်အောက်က ဝိညာဉ်ခေါ်ဆောင်သူတွေရဲ့ ကျေးဇူးကြောင့်လေ။”

​ဖန့်ချန်မှာ အနည်းငယ် ကြောင်သွားသည်။ သူ အနည်းငယ် ခန့်မှန်းမိသော်လည်း “ယဲ့” ကို ဒွမ်ချင်ရှန်းက ရှာတွေ့ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

​“သူ့လက်အောက်က ဝိညာဉ်ခေါ်ဆောင်သူတွေ... ဒွမ်ဘိုးဘေးက ဝိညာဉ်မျိုးနွယ်စုမှာ အဆင့်မြင့် ရာထူးတစ်ခုမှာ ရှိနေတာပဲ။”

​သူ တွေးလိုက်ပြီးနောက် တိုက်ရိုက်ပင် မေးလိုက်သည်။

​“ဒွမ်ဘိုးဘေး၊ ကျွန်တော့်ရဲ့ အကြီးအကဲတွေက ဟော်ဆွေ့ ဘိုးဘေး လက်ထဲမှာ ရှိနေသေးတယ်၊ ဒါက...”

​“အဲဒီ လူအိုကြီးတွေကို မင်း ဘာလို့ စိတ်ပူနေတာလဲ၊ သူတို့က ယန်နတ်ဘုရားစွမ်းအင်နဲ့မို့လို့ မသေဘူးလေ။”

​ဒွမ်ချင်ရှန်းက ခေါင်းခါလိုက်သည်။

​“ချင်းဟော်ဆွေ့က အတော်လေး ထူးချွန်တယ်။ ချင်းမင်နယ်မြေထဲမှာ ဆက်ဆံရေး အတော်ကျယ်ပြန့်တယ်။ သူ့နောက်ကွယ်မှာ သူ့ကို အားပေးတဲ့ ကောင်းကင်အရှင်သခင်ကြီးတွေ ရှိတယ်။ ဒါကြောင့် ဒီကိစ္စကို စိတ်မပူပါနဲ့။ မင်းရဲ့ ရှန်းဟုန်မျိုးနွယ်စု အရှင်သခင် ဝိသေသကတော့ အခုလို ပေါ်ထွက်လာတာ ဘာမှ မဖြစ်ဘူး။”

​သူ ခဏရပ်ပြီး ဖန့်ချန်ကို စိုက်ကြည့်သည်။

​“ရှန်းဟုန်မျိုးနွယ်စုရဲ့ အရှင်သခင်က မင်း ဖြစ်သင့်တာပေါ့။ ငါ ရောက်လာမယ်ဆိုတာ သိလို့ ဒီအခွင့်အရေးကို အသုံးချပြီး မင်းရဲ့ ဝိသေသကို ထုတ်ပြတာမလား။ ဘာပဲဖြစ်ဖြစ် ငါက အကုန် တာဝန်ယူပေးနိုင်မယ်လို့ ယုံကြည်ထားတာလေ။”

​ဖန့်ချန် သက်ပြင်းချလိုက်သည်။

​“ဒွမ်ဘိုးဘေး၊ အဲဒါ အကြောင်းရင်း အားလုံးတော့ မဟုတ်ပါဘူး။ အဓိကက ကျွန်တော် ဒီနှစ်တွေမှာ အတော်လေး အောင့်ထားရတာ ကြာပြီ။ ချင်ဝူဆန့်က ရုတ်တရက် ထောင်က ထွက်လာတော့ သူ့မျက်နှာကို ကြည့်ရတာ စိတ်မသက်မသာ ဖြစ်လို့ပါ။”

​“သူ့မျက်နှာကို ကြည့်ရတာ စိတ်မသက်မသာ ဖြစ်လို့”

​“ဟုတ်တယ်၊ စိတ်မသက်မသာ ဖြစ်လို့ပါ။”

​“ဒါပေမဲ့ အဲဒါလည်း ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး။ ချင်ဝူဆန့် ဒီတစ်ခါ ထောင်က စောလွတ်လာတာက စစ်ဆေးရေးဌာနရဲ့ ဆုံးဖြတ်ချက်ပဲ။ စာရွက်စာတမ်းအရ ချင်ဝူဆန့်က ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ရထားတယ်။ တကယ်တမ်းကျတော့ ချင်ဟော်ဆွေ့က ချင်းမင်နယ်မြေဆီကို လက်ဆောင်ကြီးတစ်ခု ပေးလိုက်လို့ပါ။”

​ဒွမ်ချင်ရှန်း၏ မျက်ဝန်းများတွင် လေးနက်သော အမူအရာ ပေါ်လာသည်။

​“သူက အတွင်းကမ္ဘာနယ်မြေတစ်ခုကို ရှာတွေ့ခဲ့တယ်၊ အဲဒီထဲမှာ ယင်ယန်ဝိညာဥ်ဆိုတဲ့ မျက်လုံးတစ်ခု ရှိတယ်။”

​“မျက်လုံး ကိုးခုထဲက တစ်ခုဖြစ်တဲ့ ယင်ယန်ဝိညာဥ်မျက်လုံး လား ”

​ဖန့်ချန်ချက်ချင်းပင် သဘောပေါက်သွားသည်။ ချင်ဝူဆန့် ဘာကြောင့် ထောင်ကနေ စောလွတ်လာရသလဲဆိုတာကို။ ဤသည်မှာ မျက်လုံးပညာရပ်ထဲမှ အဆင့်မြင့်ဆုံးသော ပညာရပ်တစ်ခု ဖြစ်သည်။

​“မင်းလည်း သတ်ဖြတ်ခြင်းခုနှစ်ပါး သူတော်စင် မျက်လုံးကို လေ့လာဖူးတော့ မျက်လုံးကိုးခုရဲ့ စွမ်းအားကို သိမှာပါ။ ဒါကြောင့် သူက ဒီအလုပ်ကို လုပ်ပြီး ယင်ယန်ဝိညာဥ်မျက်လုံး ကို ချင်ဝူဆန့်ရဲ့ နာမည်နဲ့ လှူလိုက်တာပေါ့။ ဒါကြောင့် ချင်ဝူဆန့်က လွတ်လာတာပါ။ ဒါ့အပြင် ဟော်ဆွေ့မျိုးနွယ်စုလည်း အကျိုးအမြတ် အများကြီး ရသွားတယ်။ အကယ်၍ ထူးခြားမှု မရှိရင် နောက်နှစ်ပေါင်းသုံးထောင်အတွင်း ချင်ဟော်ဆွေ့က ဒုတိယအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်။”

​ဒွမ်ချင်ရှန်း၏ မျက်ဝန်းများတွင် အေးစက်စက် အကြည့်များ ပေါ်လာသည်။

​“အဲဒီအချိန်ရောက်ရင် ဒီလူအိုကြီးကို တိုက်ခိုက်ရတာ ပိုခက်ခဲသွားလိမ့်မယ်။ မင်း အသင့်ပြင်ထားဖို့ ကောင်းတယ်။ ဒီနေ့ကစပြီး သူ့မျက်စိရှေ့မှာ ကျင့်ကြံရတော့မှာဆိုတော့ ပိုသတိထားပါ။”

​ဖန့်ချန်၏ မျက်နှာတွင် လေးနက်မှုများ ပေါ်လာသည်။

​“ဒါပေမဲ့ မင်းလည်း အရမ်းစိတ်ပူစရာ မလိုပါဘူး။ အပေါ်ကနေ မင်းကို အဆင့်မြင့် ပစ္စည်းတွေ ပေးထားပြီဆိုတော့ ချင်ဟော်ဆွေ့ မင်းကို လာမထိရဲတော့ဘူး။ သွားကြစို့၊ ဘိုးဘေးနဲ့အတူ တစ်နေရာ လိုက်ခဲ့ပါ။”

​ဒွမ်ချင်ရှန်း ထလိုက်သည်။

​“ဘိုးဘေး၊ ဘယ်သွားမလို့လဲ။”

​“စစ်ဆေးရေးဌာနရဲ့ နီရဲသော ကပ်ဘေးဝိဇ္ဇာမျက်လုံး ကို သွားလေ့လာကြမယ် ”

All Chapters