← Chapters

အခန်း (၂၆၉၇-၂၆၉၈)

Vol. 270 Ch. 2697-2698

အခန်း (၂၆၉၇-၂၆၉၈)

Vol. 270 Ch. 2697-2698

အခန်း (၂၆၉၇) - သွားကြစို့၊ သွားကြစို့

​ဆွေ့ထျန်းဟွမ် နှင့် အခြားသူများမှာမူ ဤသို့သော အခြေအနေမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ကြပေ။ ထူးဆန်းသော အမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် လက်ဆုပ်လက်ကိုင်ပြု၍ ဂုဏ်ပြုစကားများ အသီးသီး ဆိုလိုက်ကြသည်။

​ချင်မျိုးနွယ်စုဝင်များ၏ မျက်နှာများမှာမူ ပို၍ပင် မည်းမှောင်သွားရသည်။ ချင်ကွမ်းလွမ်၏ နောက်ကွယ်တွင် ရှိနေကြသော ဘိုးဘေးအဆင့် အကြီးအကဲများနှင့် လူကြီးများမှာ အချင်းချင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ သူတို့၏ မျက်ဝန်းအောက်ခြေတွင် နက်ရှိုင်းသော စိုးရိမ်ပူပန်မှု အရိပ်အယောင်များကို မြင်တွေ့လိုက်ရသည်။

​တစ်ဦးမှာ မျိုးနွယ်စုကြီးတစ်ခုဖြစ်သည့် လောဘကြီးသော နတ်ဆိုးမျိုးနွယ်စုမှဖြစ်ပြီး ယခု ဝိညာဉ်မျိုးနွယ်စု ဖြစ်လာသူဖြစ်သည်။ တစ်ဦးမှာလည်း မျိုးနွယ်စုကြီးတစ်ခုဖြစ်သည့် အသက်ကိုးသက် နဂါးမျိုးနွယ်စုမှဖြစ်ပြီး ယခု ဝိညာဉ်မျိုးနွယ်စု ဖြစ်လာသူဖြစ်သည်။ ထိုနှစ်ဦးအပြင် ယနေ့ရောက်ရှိလာသော အခြားမျိုးနွယ်စုကြီးများမှ ထူးချွန်သူ ရာကျော်ကို မဆိုထားနှင့်ဦးတော့။

​"ဖန်ရွှေရဲ့ သဘောထားဟာ ကျုပ်တို့ရဲ့ သဘောထားပဲ။"

​ဆွေထျန်းဟွမ် က ချင်ကွမ်းလွမ်ကို ကြည့်ကာ ပြုံးရွှင်စွာ လက်ဆုပ်လက်ကိုင်ပြု၍ ပြောလိုက်သည်။

​"ချင်အကြီးအကဲ၊ ကျွန်တော်က ယန်တန်းမျိုးနွယ်စုကနေ ဆင်းသက်လာပေမဲ့ ငယ်စဉ်ကတည်းက ဘဝအစပြုခဲ့တာ အလွန် ခက်ခဲခဲ့ပါတယ်။ ဒီအဆင့်ထိ ရောက်ဖို့ဆိုတာ မလွယ်ကူခဲ့ဘူး။ ဒါကြောင့် မျိုးနွယ်စုအတွင်းမှာ အချင်းချင်း အမြတ်ထုတ်တတ်တဲ့ သဘောသဘာဝကို ကျွန်တော် နားလည်ပါတယ်။ ဒီလိုကိစ္စမျိုးကို ဖန့်သူတော်စင်ဘိုးဘေးရဲ့ ခေါင်းပေါ်ကို ရောက်မလာစေတာ အကောင်းဆုံးပါပဲ။ အကယ်၍ မင်းတို့ ချင်မျိုးနွယ်စုကသာ ဒီအတိုင်း ဆက်ပြီး မိုက်မဲနေမယ်ဆိုရင်တော့ ကျုပ် ဆွေ့ထျန်းဟွမ် အနေနဲ့ ယန်တန်းမျိုးနွယ်စုကနေ ခွဲထွက်ပြီး ရှန်းဟုန်မျိုးနွယ်စုထဲမှာ လူသားတစ်ယောက်အနေနဲ့ပဲ ရပ်တည်လိုက်တော့မယ်။"

​ဖူယာယာကလည်း -

"သူ့သဘောထားက ကျွန်မရဲ့ သဘောထားပဲ။"

​ရှန်ရှိုယွမ်က -

"သူတို့သဘောထားက ကျွန်တော့်သဘောထားပါပဲ။"

​လဲ့လဲ့က -

"ရှင်တို့ ကျွန်မတို့ရဲ့ သဘောထားကို နားလည်ကြတယ်မလား။"

​နေရာတွင် ရှိနေသော အခြားမျိုးနွယ်စုများမှ ထူးချွန်သူ ရာကျော်တို့ကလည်း တစ်ဦးပြီးတစ်ဦး ၎င်းတို့၏ သဘောထားကို ထုတ်ဖော်ပြောဆိုလိုက်ကြသည်။ သူတို့ထဲတွင် အချို့မှာ မျိုးနွယ်စုကြီးများမှ သက်ရှိထင်ရှားရှိနေသော ဘိုးဘေးအဆင့် ပုဂ္ဂိုလ်များပင် ပါဝင်သည်။

​ထိုက်ဟောင်ဟွမ်းယောင်က ခပ်အေးအေး ပြုံးကာ ပြောလိုက်သည်။

​"အသက်အရွယ်နဲ့ ပြောရရင် ငါက မင်းတို့ လူသားမျိုးနွယ်စုထက်တောင် အသက်ကြီးသေးတယ်။"

​ချင်ကွမ်းလွမ်တို့၏ မျက်နှာမှာ ချက်ချင်းပင် ပြောင်းလဲသွားသည်။ ထိုစကားကို သူတို့ နားလည်လိုက်သည်။ တစ်ဖက်လူ၏ အသက်အရွယ်မှာ လူသားမျိုးနွယ်စုမှ သူတော်စင် တစ်ဦးဦးထက် ပိုကြီးသည်ဟု ဆိုလိုခြင်းမဟုတ်၊ လူသားမျိုးနွယ်စု တစ်ခုလုံးထက်ပင် သက်တမ်းပိုရှည်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထိုသူတို့၏ ခေတ်ကာလတွင် လူသားတို့မှာ ကျွန်အဆင့်ပင် ရောက်ရှိခဲ့ခြင်း ရှိမရှိ မသေချာသေးပေ။

​"ဖန့်သူတော်စင်ဘိုးဘေးက ကောင်းကင်အရှင်သခင်တွေရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မယ့်သူပဲ။"

​"ငါကတော့ သူ့ဆီကနေပဲ ငါ့မိဘတွေကို ရှာပေးဖို့ မျှော်လင့်ထားတာ။"

​"ဒါကြောင့် မင်းတို့က သူ့ကို ထိခိုက်အောင် လုပ်မယ်ဆိုရင် ငါ ကောင်းကင်အရှင်သခင် အဆင့်ကို တက်လှမ်းတဲ့အခါ ရှီးမျိုးနွယ်စုနဲ့ မင်းတို့ လူသားမျိုးနွယ်စု တိုက်ပွဲတစ်ခု ဖြစ်လာနိုင်တယ်။"

​ထိုက်ဟောင်ဟွမ်းယောင်က ခပ်အေးအေး ပြုံးကာ ဆက်ပြောသည်။

​"ငါတို့ရဲ့ သဘောထားက ဒီမှာပဲ ရှိတယ်။ မင်းတို့ ဘယ်လို ရွေးချယ်မလဲဆိုတာ မင်းတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါ။ ဒီနေ့ ချင်ဟော်ဆွေ့ ကိုယ်တိုင် ရှေ့မှာ ရှိနေရင်တောင် ငါ့သဘောထားက ဒီအတိုင်းပဲ။"

​ချင်ကွမ်းလွမ်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး မျက်နှာတွင် အတင်းအကျပ် အပြုံးတစ်ခုကို ဖန်တီးကာ လက်ဆုပ်လက်ကိုင်ပြု၍ ပြောလိုက်သည်။

​"ကျွန်တော်တို့ မျိုးနွယ်စုရဲ့ ဖန့်ချန်ကိစ္စကို အခုလို ထူးချွန်တဲ့သူတွေက ဂရုစိုက်ပေးတာဟာ လူသားမျိုးနွယ်စုအတွက် ဂုဏ်ရှိစရာပါပဲ။ ဒီအတွက် ဖန့်ချန်ကိုယ်စား ကျေးဇူးတင်ပါတယ်။ အားလုံး စိုးရိမ်နေကြတဲ့ ကိစ္စတွေက အမှန်တကယ် ဖြစ်လာမှာ မဟုတ်ပါဘူး။ ရှန်းဟုန်မျိုးနွယ်စုဟာ လူသားမျိုးနွယ်စုရဲ့ သစ္စာဖောက်တွေ ဖြစ်ခဲ့ပေမဲ့ အခု သူတို့က အသက်ပြန်ရှင်ပြီး ပြန်လည်ဝင်စားလာကြပါပြီ။ ဒါကလည်း လူသားမျိုးနွယ်စုရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲဆိုတာ လူသားမျိုးနွယ်စုရဲ့ အတွင်းရေးကိစ္စပါ။ မိတ်ဆွေတို့အနေနဲ့ ဒီထက်ပိုပြီး ဝင်မစွက်ဖက်ကြရင် မကောင်းပေဘူးလား။"

​"ငါကြားတာတော့ ချင်ဝူဆန့် ဆိုတာ မင်းသားမဟုတ်လား။ ရှန်းဟုန်တွေ ဘာလို့ ပြန်ဝင်စားလာနိုင်လဲဆိုတာ ငါ ကောင်းကောင်း သိထားပြီးသား။ မင်းတို့က ဖန့်ချန်ကို တိုက်ခိုက်ချင်ရင် အရင်ဆုံး ချင်ဝူဆန့်ကို အရေးယူရမှာ မဟုတ်ဘူးလား။ အဲ့ဒီသူပဲ ရှန်းဟုန်တွေ ပြန်ဝင်စားဖို့ ဦးဆောင်ခဲ့တာ မဟုတ်လား။"

​ဖန်ရွှေက ရယ်မောကာ စနောက်ပြောဆိုလိုက်သည်။ ချင်ကွမ်းလွမ်၏ မျက်နှာမှာ စိမ်းဖန့်သွားတော့သည်။

​"ထားလိုက်ပါတော့။"

​ချင်ကွမ်းလွမ်က ဖန်ရွှေ၏ စကားကို မကြားယောင် ပြုလိုက်ပြီး ဟင်းလင်းပြင်ထဲရှိ အတွင်းကမ္ဘာနယ်မြေများကို လှမ်းကြည့်ကာ ပြောလိုက်သည်။

​"မိတ်ဆွေတို့၊ ချင်းမင်မှာ ဥပဒေရှိတယ်။ မျိုးနွယ်စုအတွင်းရေးကို မျိုးနွယ်စုအတွင်းမှာပဲ ဖြေရှင်းကြပါစို့။ မိတ်ဆွေတို့ အခုလို လုပ်နေတာကတော့..."

​"ငါတို့ရဲ့ တပည့်တွေက ဒီနေရာကို လာလည်ချင်ကြလို့ လမ်းကြုံအဖြစ် ပို့ပေးလိုက်တာပါ။"

​"ချင်ကွမ်းလွမ်၊ မင်းက မကြိုဆိုချင်ဘူးလား။"

​အတွင်းကမ္ဘာနယ်မြေ တစ်ခုထဲမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ ဧည့်သည်တစ်ဦး၏ အပြုအမူမျိုး လုံးဝ မဟုတ်ပေ။ ချင်မျိုးနွယ်စုဝင်များမှာ စိတ်ထဲမှ အမျက်ဒေါသ ထွက်နေကြသည်။

​ချင်ကွမ်းလွမ်က အသက်ကို တစ်ဖန် ပြင်းပြင်း ရှူသွင်းလိုက်ပြန်သည်။

​"ဧည့်သည်အနေနဲ့ လာမယ်ဆိုရင်တော့ ကျွန်တော်တို့ ကြိုဆိုပါတယ်၊ ဒါပေမဲ့..."

​"ဒါပေမဲ့ မင်းကို သတိပေးချင်တာတစ်ခု ရှိတယ်၊ မင်းရဲ့ လက်အောက်ငယ်သားတွေရဲ့ ပါးစပ်ကို ထိန်းချုပ်ထားပါ။"

​"ဖန့်ချန်ဆိုတာ ဘယ်သူလဲဆိုတာ မင်းတို့ အခုထိ ကောင်းကောင်း မသိသေးဘူးလား။"

​နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာပြီး ထိုအသံတွင် အခြားသူ၏ ဘေးဒုက္ခကို ပျော်နေသည့်သဘော သက်ရောက်နေသည်။

​"ဖန့်ချန်က စစ်ဆေးရေးဌာနရဲ့ အကြီးအကဲ၊ သူတော်စင်ဘိုးဘေး စီမံကိန်းကို စတင်သူဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ဒီရာထူးတွေ ရှိနေရင်တောင် အသက်သေဆုံးမှုကနေ လွတ်မြောက်နိုင်ပေမဲ့ အတွင်းရေးကိစ္စတွေကိုတော့ အရေးယူရမှာပဲ။"

​ချင်ကွမ်းလွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

​"နောက်ထပ် ရာထူးတစ်ခု ရှိသေးတယ်၊ မင်းတို့ မသိသေးတဲ့ ရာထူးပေါ့။"

​"အင်း... မင်းတို့ရဲ့ ဟော်ဆွေ့ ဘိုးဘေးကြီးကတော့ သိမှာပါ။ ဒါပေမဲ့ မင်းတို့ကို ပြောပြဖို့ အချိန်မရှိသေးတာ ဖြစ်မယ်။"

​"ဒါဆို ငါပဲ သူ့အစား ပြောပြပေးလိုက်တော့မယ်။"

​"ဘာရာထူး ကျန်သေးလို့လဲ။"

​ချင်မျိုးနွယ်စု သူတော်စင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းထဲတွင် သံသယများ ပြည့်နှက်နေသည်။

​"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဖန့်ချန်ဟာ ကြိုတင်ရွေးချယ်ခံရပြီး စစ်ဆေးရေးဌာနရဲ့ ဌာနခွဲသုံးခု၊ ရုံးခွဲကိုးခုထဲက တစ်ခုဖြစ်တဲ့ ဖမ်းဆီးရေးဌာနကို ဝင်ရောက်ခဲ့တယ်။"

​"ဖမ်းဆီးရေးဌာနရဲ့ လက်ထောက်အရာရှိ ဖြစ်လာခဲ့တယ်။"

​"ဒီလို ရာထူးမျိုးနဲ့ဆိုရင် သူနဲ့ပတ်သက်တဲ့ ကိစ္စတွေဟာ တစ်ဦးတစ်ယောက်ရဲ့ ကိစ္စ မဟုတ်တော့ဘူး။ အရေးယူချင်တယ်ဆိုရင်တော့ သမာဓိခုံရုံးကို တက်ပြီး ဆုံးဖြတ်ခိုင်းကြပါ။"

​"ဒီနေ့ ငါတို့ လာတာဟာ မင်းတို့အတွက် အကောင်းဆုံးဖြစ်အောင် သတိပေးဖို့ပဲ။ အကယ်၍ မင်းတို့ လက်အောက်က တန်ဖိုးမရှိတဲ့ ကောင်တွေက လျှို့ဝှက်တိုက်ခိုက်ပြီး ဖမ်းဆီးရေးဌာနရဲ့ လက်ထောက်အရာရှိကို အနည်းငယ်လေးတောင် ထိခိုက်မိရင် မင်းတို့ မိသားစုတစ်ခုလုံးကို ဖျက်ဆီးပစ်တာက အပြစ်အနည်းငယ်ပဲ ရှိသေးတယ်။ အဲ့ဒီအချိန်ကျရင် သူပုန်ထမှုနဲ့ အပြစ်ပေးခံရပြီး အိမ်တော်တစ်ခုလုံး ကွပ်မျက်ခံရတာမျိုးတောင် ဖြစ်သွားနိုင်တယ်။"

​ထိုစကားကို ကြားလိုက်ရသည့်အခါ ဆွေ့ထျန်းဟွမ် နှင့် အခြားသူများပင် အံ့အားသင့်သွားကြသည်။ ဤသတင်းကို သူတို့ မသိသေးကြချေ။

​"သိထားရင် ဒီလောက်ဝေးဝေး လာစရာ မလိုဘူး၊ အချိန်ကုန်တာပဲ..."

​ဖန်ရွှေက သူဘာသာ သူ ရေရွတ်လိုက်သည်။ ထို့နောက် ရှန်ထင်ဖန်း၏ မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ သူက ပုတ်လိုက်သည်။

​"ဘာဖြစ်တာလဲ၊ ဖန့်သူတော်စင်ဘိုးဘေးက ငါတို့ရဲ့ မင်္ဂလာပွဲကို စီစဉ်ပေးမယ့်သူပဲ၊ သူ လက်ထောက်အရာရှိ ဖြစ်သွားတာ မင်း မပျော်ဘူးလား။"

​"ကျွန်မ နောက်တစ်ခါ သူ့ကို ထပ်တိုက်ဦးမယ်။"

​ရှန်ထင်ဖန်းက တွေဝေသွားပြီး လက်သီးလေးကို တင်းတင်းဆုပ်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

​"အေးပါ၊ တိုက်လေ၊ မင်း သူ့ကို မနိုင်မှန်း သိပေမဲ့ မင်းရဲ့ ခေါင်းမာတဲ့ စိတ်ထားကတော့ တကယ်ကို ချစ်စရာ ကောင်းပါတယ်။"

​ဖန်ရွှေက တဟီးဟီးရယ်ကာ ပြောလိုက်သည်။

​ခွပ်... ခွပ်... ခွပ်...

​ပတ်ဝန်းကျင်မှ လူများစွာက မျက်လုံးများ လှန်ပြလိုက်ကြသည်။ ထို့နောက် ဆွေ့ထျန်းဟွမ် တို့သည် ထိုနှစ်ဦးကို အရေးမစိုက်တော့ဘဲ ချင်ကွမ်းလွမ်တို့ဘက်သို့ ကြည့်လိုက်ကြသည်။ မျှော်လင့်ထားသည့်အတိုင်းပင် သူတို့၏ မျက်နှာများမှာ ထိတ်လန့်တုန်လှုပ်ခြင်း၊ မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေသည်။

​"လက်ထောက်အရာရှိဆိုတာ သာမန်လူမဟုတ်သလို၊ သူတော်စင်ဘိုးဘေး စီမံကိန်း စတင်သူဆိုတဲ့ ရာထူးနဲ့လည်း နှိုင်းယှဉ်လို့ မရဘူး။"

​"ဒါဟာ ချင်းမင် အထက်ပိုင်းက အသိအမှတ်ပြုထားတဲ့သူပဲ။ ဒီလိုအဆင့်ရှိတဲ့သူကို တိုက်ခိုက်ချင်တယ်ဆိုရင် လုပ်ထုံးလုပ်နည်းတွေက အလွန် ရှုပ်ထွေးတယ်။ ဟော်ဆွေ့တောင်မှ အခု သူ့ကို မထိရဲတော့ဘူး။"

​"သွားကြစို့၊ သွားကြစို့။"

​မကြာမီပင် ထိုနေရာရှိ ထူးချွန်သူများအားလုံးသည် ၎င်းတို့၏ အကြီးအကဲများ၏ အတွင်းကမ္ဘာနယ်မြေထဲသို့ ပြန်ဝင်သွားကြပြီး ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားကြသည်။

​သူတို့ ထွက်ခွာသွားပြီး ကြာမြင့်ချိန်အထိ ချင်ကွမ်းလွမ်တို့မှာ သတိပြန်မဝင်သေးဘဲ နေရာတွင်ပင် ငေးမောရပ်နေကြသည်။

​"ဘယ်အချိန်ကတည်းက... ရှန်းဟုန်ရဲ့ သားသမီးတွေက ဒီလောက်ထိ ကိုင်တွယ်ရခက်သွားတာလဲ။"

​မျိုးနွယ်စု အကြီးအကဲတစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။

​"ကျွန်တော်တို့ လူသားမျိုးနွယ်စုဟာ ဒီလောက်အထိ ကြိုးစားလာခဲ့တာတောင် လူငယ်မျိုးဆက်ထဲမှာ ဒီလိုအဆင့်ထိ ရောက်နိုင်တဲ့သူ မရှိသေးဘူး။ သူတို့နောက်ကွယ်မှာ တစ်စုံတစ်ယောက်က ကူညီပေးနေပုံပဲ။"

​ချင်ကွမ်းလွမ်က ရုတ်တရက် ထိုအကြီးအကဲကို ကြည့်လိုက်ပြီးနောက် စဉ်းစားခန်း ဝင်သွားကာ တည်ငြိမ်စွာ ပြောလိုက်သည်။

​"ငါ ရှန်းဟုန်မျိုးနွယ်စုနဲ့ ပတ်သက်တဲ့ အချက်အလက်အားလုံး လိုချင်တယ်။ လူသားမျိုးနွယ်စုတွေ ကျွန်အဖြစ်ကနေ လွတ်မြောက်လာတဲ့အချိန်က အချက်အလက် အသေးစိတ်အထိ အကုန်လုံး ရှာပေးပါ "

​ထိုနေရာရှိ ဘိုးဘေးအဆင့် အကြီးအကဲများနှင့် လူကြီးများမှာ တုန်လှုပ်သွားကြပြီး ချင်ကွမ်းလွမ် ဘာကို ရည်ရွယ်နေမှန်း ခန့်မှန်းမိလိုက်ကြသည်။

​"အကြီးအကဲ၊ အဲ့ဒီအချက်အလက်တွေကနေတစ်ဆင့် ရှန်းဟုန်မျိုးနွယ်စုနောက်ကွယ်မှာ ဘယ်သူ ကူညီပေးနေလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာချင်တာလား။"

​အကြီးအကဲတစ်ဦးက ပြောလိုက်သည်။

"ကျွန်တော် ချက်ချင်းပဲ လူလွှတ်ပြီး စုစည်းခိုင်းလိုက်ပါ့မယ်။"

​"မလိုတော့ဘူး။"

​ရုတ်တရက် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ သူတော်စင်များအားလုံး ထိတ်လန့်သွားပြီး အမြန်ဆုံး အရိုအသေ ပေးလိုက်ကြသည်။

​"ဟော်ဆွေ့ ဘိုးဘေးကြီးကို အရိုအသေပြုပါတယ် "

​အခန်း (၂၆၉၈) - ကောင်းကင်အရှင်သခင်တွေ တောင်မှ သူ့ရဲ့ အသက်စွမ်းအင်ကို ရှာမတွေ့နိုင်ကြဘူး

​နေရာတွင် ရှိနေသော ချင်မျိုးနွယ်စုဝင်များမှာ ဟော်ဆွေ့ ဘိုးဘေးကြီး ကိုယ်တိုင် ရောက်ရှိလာလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ကြပေ။ သူတို့၏ စိတ်ထဲတွင် ဖြစ်ပေါ်နေသော မကျေနပ်မှုနှင့် မခံမရပ်နိုင်ခြင်းတို့မှာ မျက်နှာအမူအရာတွင် ချက်ချင်း ပေါ်လွင်သွားတော့သည်။

​"ဘိုးဘေးကြီး၊ ခုနကလေ..."

​ချင်ကွမ်းလွမ်၏ မျက်လုံးများမှာ နီရဲလာသည်။

​ဟော်ဆွေ့ ဘိုးဘေးကြီးက တည်ငြိမ်စွာပင် ပြောလိုက်သည်။

​"ခုနက ဖြစ်ပျက်ခဲ့တာတွေကို ငါ အကုန်ကြည့်နေတာပဲ။"

​"..."

​"ဘာလဲ ငါ့လို သက်ကြီးဝါကြီး တစ်ယောက်က သူတို့ကို ကိုယ်တိုင် ကိုယ်ကျ ထွက်မောင်းပေးရဦးမလို့လား။ အဲ့ဒါဆိုရင်တော့ ငါတို့ လူသားမျိုးနွယ်စုက တကယ်ပဲ ရယ်စရာ ဖြစ်သွားတော့မှာပေါ့။"

​ဟော်ဆွေ့ ဘိုးဘေးကြီးက အေးစက်စက် လေသံဖြင့် ဆက်ပြောသည်။

​"မင်း စုံစမ်းချင်နေတဲ့ ကိစ္စတွေကလည်း စုံစမ်းဖို့ မလိုတော့ပါဘူး၊ ငါ ဒီနှစ်တွေအတွင်းမှာပဲ ရှင်းရှင်းလင်းလင်း သိထားပြီးသားပါ။"

​"ရှန်းဟုန်ရဲ့ နောက်ကွယ်က ဆက်ဆံရေးတွေက အနည်းငယ် ရှုပ်ထွေးတယ်။ ပုံမှန်ဆိုရင်တော့ သူတို့က စည်းမျဉ်းအချို့ကို ထောက်ထားပြီး ပေါ်မလာကြတာ ဖြစ်နိုင်ပေမဲ့ အခုအချိန်က အရင်အချိန်တွေနဲ့ မတူတော့ဘူး။"

​"အလွန်အဆင့်မြင့်မား ကောင်းကင်အရှင်သခင် အချို့က ငါ့ကို စိတ်ထားကြည်ကြည်လင်လင် ထားဖို့ မှာကြားထားတယ်။"

​"ဘာ..."

​ချင်ကွမ်းလွမ်တို့မှာ အံ့အားသင့်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ထိုစကား၏ နောက်ကွယ်တွင် ဝှက်ထားသော အဓိပ္ပာယ်မှာ ရှန်းဟုန်မျိုးနွယ်စုကို ဆက်ပြီး အရေးမယူပါနဲ့တော့ ဟု ပြောလိုက်ခြင်း မဟုတ်ပါလော။

​"ဖန့်ချန်ဆိုတဲ့ ကောင်လေး..."

​ဟော်ဆွေ့ ဘိုးဘေးကြီး၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် ကော့ညွှတ်သွားပြီး မျက်ဝန်းထဲတွင် ပြုံးရိပ်တစ်ခု ပေါ်လာသည်။

​"သူ့မှာ တကယ်ကို အရည်အချင်း ရှိသားပဲ၊ နှစ်ထောင်ဂဏန်း အနည်းငယ်အတွင်းမှာပဲ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလာတာ အခုလို အဆင့်ထိ ရောက်လာခဲ့တာပေါ့လေ ။"

​"အသက်စွမ်းအင် အလယ်အဆင့်နဲ့တင် ကောင်းကင်ငါးပါး က ကောင်းကင်အရှင်သခင် အားလုံးကို အတော်လေး ကြောက်ရွံ့သွားအောင် လုပ်နိုင်ခဲ့တယ်။"

​"ဘိုးဘေးကြီး၊ ဖန့်ချန်ကို မထိတာပဲ ဖြစ်ဖြစ်၊ ဒါပေမဲ့ တခြား ရှန်းဟုန်ရဲ့ သားသမီးတွေကိုတော့..."

​ချင်ကွမ်းလွမ်၏ မျက်ဝန်းထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

​"တကယ်တော့ သူတော်စင်ဘိုးဘေး စီမံကိန်းပဲဖြစ်ဖြစ်၊ ဆန်းနယဲ့အဆင့် ထဲကနေ ကျင့်စဥ်ကျောက်တိုင်တွေကို ထုတ်ယူနိုင်တာပဲဖြစ်ဖြစ်၊ အဲ့ဒါတွေက ကောင်းကင် ငါးပါးက ကောင်းကင်အရှင်သခင်တွေ ဖန့်ချန်ကို တကယ်တန်ဖိုးထားရတဲ့ အကြောင်းရင်းတွေ မဟုတ်ဘူး။"

​"သူ့ရဲ့ အသက်စွမ်းအင် ကြောင့်ပဲ ။"

​ဟော်ဆွေ့ ဘိုးဘေးကြီးသည် နောက်သို့လှည့်ကာ ထွက်ခွာသွားသည်။ သူ၏ ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း လိမ်ဖဲ့သွားပြီးနောက် ပျောက်ကွယ်သွားလေသည်။ သို့သော် လေထုထဲတွင် စကားတစ်ခွန်း ကျန်ရစ်ခဲ့သည်။

​"ကောင်းကင်အရှင်သခင်တွေတောင်မှ သူ့ရဲ့ အသက်စွမ်းအင်ကို ရှာမတွေ့နိုင်ကြဘူး။"

​"..."

​နေရာတွင် ရှိနေသော ချင်မျိုးနွယ်စုမှ သူတော်စင်များ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်ခြင်း အရိပ်အယောင်များ ပေါ်ပေါက်လာသည်။

​ထိုကောင်းကင်အရှင်သခင်တွေ တောင်မှ ဖန့်ချန်၏ အသက်စွမ်းအင်ကို ရှာမတွေ့နိုင်ဘူးလား။

​ဒါ... ဖြစ်နိုင်ပါ့မလား

​မျိုးနွယ်စု အကြီးအကဲများ၊ ဘိုးဘေးအဆင့် အကြီးအကဲများနှင့် တိုက်ရိုက်တပည့်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ အသက်စွမ်းအင် ဆိုသည်မှာ လွန်စွာ နက်နဲလှပြီး အသွင်အမျိုးမျိုး ပြောင်းလဲနိုင်ကာ အငွေ့အသက်များစွာဖြင့် နေရာအနှံ့ ပုန်းကွယ်နိုင်သည် ဆိုသော်လည်း ထိုကောင်းကင်အရှင်သခင်များအတွက် သူတော်စင်တစ်ဦး၏ အသက်စွမ်းအင်ကို ရှာဖွေရသည်မှာ တကယ်ပဲ ခက်ခဲလွန်းလှသလား။

​တန်ဖိုးတစ်ခုခုကို ပေးဆပ်ဖို့သာ ဝန်မလေးဘူးဆိုရင် အသက်စွမ်းအင်ကို ချိတ်ဆက်ရှာဖွေနိုင်မည့် နည်းလမ်းပေါင်း ရာကျော် သို့မဟုတ် ထိုထက်ပိုသော နည်းလမ်းများ ရှိနေနိုင်သည် မဟုတ်ပါလော။

​ကောင်းကင်အရှင်သခင် တစ်ဦးတောင်မှ ဤသို့ ပြောလိုက်ပြီဆိုလျှင် ကောင်းကင်အရှင်သခင် အချို့... ကိုယ်တိုင် စမ်းသပ်ကြည့်ပြီးသွားပြီ ဖြစ်ကြောင်း အလားအလာ အလွန်များသည်။

​"ဖန့်ချန်ရဲ့ အသက်စွမ်းအင်ကို ရှာမတွေ့နိုင်ဘူးဆိုရင် သူ့ကို ယင်လောကကို ပို့လို့မရဘူး၊ သူ့ကို အပြတ်အသတ် ဖိနှိပ်လို့ မရဘူး။"

​"ဒီအတိုင်း ဆက်သွားမယ်ဆိုရင် သူ့ရဲ့ အရည်အချင်းနဲ့ သူက ကောင်းကင်အရှင်သခင် အဆင့်ကို တက်လှမ်းနိုင်မှာ သေချာတယ်။"

​"တကယ်လို့သာ အဲ့ဒီအချိန်ထိ ရောက်သွားရင်..."

​ချင်ကွမ်းလွမ်မှာ ကျောရိုးတစ်လျှောက် အေးစက်သွားသည်ကို ခံစားလိုက်ရသည်။ ချင်မျိုးနွယ်စုဝင်များ၏ စိတ်ထဲတွင်လည်း ကြီးမားသော လှိုင်းလုံးကြီးများ ရိုက်ခတ်သွားသည်။ သူတို့သည် ကောင်းကင် ငါးပါးအနေဖြင့် ဖန့်ချန်ကို မထိရဲခြင်းမှာ ဖန့်ချန်သည် ကျင့်စဥ်ကျောက်တိုင်များကို ထုတ်ယူနိုင်စွမ်းရှိခြင်းကြောင့်ဟု အမြဲတမ်း ထင်မှတ်ထားခဲ့ကြသည်။

ဖန့်ချန်က သူတော်စင်ဘိုးဘေး စီမံကိန်းကို စတင်ခဲ့ပြီး ကောင်းကင်ငါးပါးရှိ ထူးချွန်သူများနှင့် ဘိုးဘေးအဆင့် ပုဂ္ဂိုလ်များကို စုစည်းထားနိုင်ခြင်းကြောင့်ဟု ထင်ခဲ့ကြသည်။

​ဖန့်ချန်၏ နောက်ကွယ်တွင် စစ်ဆေးရေးဌာနမှ အရာရှိ (၁၁၂) ဦး ရပ်တည်နေခြင်းကြောင့်ဟု ထင်ခဲ့ကြသည်။

​"သူ့ရဲ့ အသက်စွမ်းအင်ကြောင့် ကောင်းကင် ငါးပါးက အသီးသီး သူ့ကို ကြောက်ရွံ့နေကြတာလို့ တစ်ခါမှ မတွေးမိခဲ့ဘူး..."

​ချင်ကွမ်းလွမ်က တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဒါကြောင့်ပဲ၊ ဒါကြောင့်ပဲ၊ ဒါကြောင့်ပဲ သူ့မှာ အဲ့ဒီလို စွမ်းရည်ရှိနေပေမဲ့ ဘယ်အင်အားစုကမှ သူ့ကို တောင်းဆိုတာမျိုး မလုပ်ခဲ့ကြတာ..."

​မျိုးနွယ်စု အကြီးအကဲများနှင့် ဘိုးဘေးအဆင့် ပုဂ္ဂိုလ်များမှာ ကောင်းကောင်း နားလည်သွားကြသည်။ ချင်ကွမ်းလွမ် ပြောသော စွမ်းရည်မှာ ကျင့်စဥ်ကျောက်တိုင်များကို ထုတ်ယူနိုင်စွမ်း ဖြစ်သည်။ လက်ရှိတွင် နိဗ္ဗာန်တားမြစ်နယ်မြေထဲသို့ ကမ္ဘာကြီး အဆင့် အောက် သူတော်စင်များသာ ဝင်ရောက်နိုင်ပြီး သူတို့ရရှိသော ကျင့်စဉ်များမှာ အပြင်သို့ ပေါက်ကြားသွားလျှင် အသုံးမဝင်ပေ။ ၎င်းမှာ သူတော်စင်ကျမ်းစာနှင့် တူညီသည်။ ထိုကျင့်စဉ်ကို နားလည်သဘောပေါက်ရန်မှာ ဖန့်ချန်ယူဆောင်လာသော ကျင့်စဥ်ကျောက်တိုင်များပေါ်တွင်သာ မူတည်သည်။ သို့သော် ကျောက်တိုင်တစ်ခုလျှင် သူတော်စင် တစ်ဦးသာ လေ့လာနိုင်သည်။

​"ကြည့်ရတာ ငါတို့ ဖန့်ချန်ကို တကယ်ပဲ မထိနိုင်တော့ဘူး၊ သူ့ကို ဒေါသထွက်အောင်တောင် မလုပ်သင့်ဘူး။"

​"သူက ကျင့်စဥ်ကျောက်တိုင် ကိစ္စကို အချိန်မရွေး သုံးပြီး ငါတို့ လူသားမျိုးနွယ်စုကို အရှက်ခွဲနိုင်တယ်၊ ဟော်ဆွေ့ ဘိုးဘေးကြီးကိုလည်း ဒုက္ခပေးနိုင်တယ်။"

​အကြီးအကဲတစ်ဦးက သက်ပြင်းချလိုက်ပြီးနောက် ဘေးရှိလူများကို မှာကြားလိုက်သည်။

​"အမိန့်ထုတ်လိုက်ပါ၊ ငါတို့မျိုးနွယ်စုက ကျောင်းသားတွေ ဖန့်ချန်ကို နောက်တစ်ခါ မစော်ကားကြပါစေနဲ့၊ အထူးသဖြင့် ရွှေဟွေး ကျောင်းတော်ဘက်ကို သေချာ မှာကြားထားပါ။ ဖန့်ချန်နဲ့ တွေ့ရင်..."

​ခဏတာ တိတ်ဆိတ်သွားသည်။

​"အကြီးကဲ တစ်ယောက်နဲ့ တွေ့သလိုပဲ လေးလေးစားစား ဆက်ဆံကြပါ။ သူက ရှန်းဟုန်ရဲ့ အရှင်သခင်ပဲ၊ မျိုးဆက်အရဆိုရင် ငါတို့ထက် ပိုကြီးတယ်။"

​ချင်မျိုးနွယ်စု၏ ဘိုးဘေးအိမ်တော်တွင် တိတ်ဆိတ်သွားပြီးနောက် အကြီးအကဲများမှာလည်း အသီးသီး မှာကြားမှုများ ပြုလုပ်ကြတော့သည်။ ချင်ကွမ်းလွမ်မှာ မကျေနပ်သော်လည်း ယခုအခါတွင်မူ အခြေအနေအရ လက်ခံလိုက်ရတော့သည်။

​...

​ဟင်းလင်းပြင် (၁၇)လွှာ နယ်မြေ။

​ရှူလုံ ကောင်းကင်အရှင်သခင်မှာ ကောင်းကင် မှော်ပညာ ယဇ်ပလ္လင်၏ အနီးအနားတွင် ရပ်နေပြီး မျက်လုံးကို မှိတ်ကာ အိပ်ငိုက်နေသယောင် ရှိနေသည်။

​ရုတ်တရက် သူ့အနီးအနားတွင် ထူထဲသော မြူခိုးဖြူများ ပေါ်ထွက်လာသည်။ မသိလိုက်မသိသာပင် လူတစ်ရာကျော်၏ အရိပ်များ ပေါ်လာသည်။

​"ရှူလုံ၊ အဲ့ဒီကောင်လေးက ကောင်းကင် မှော်ညာ ယဇ်ပလ္လင်ထဲမှာလား။"

​အသံအက်အက်ဖြင့် မေးမြန်းလိုက်သည်။ ရှူလုံ ကောင်းကင်အရှင်သခင်၏ ရှေ့တွင် ကိုယ်ခန္ဓာ ကိုင်းညွှတ်နေသော အဘွားအိုတစ်ဦး ရပ်နေသည်။ အဘွားအို၏ နောက်တွင်မူ အေးစက်စက် အမူအရာရှိသော အမျိုးသမီးတစ်ဦး ရပ်နေသည်။

​"ပိုင်ဇီရွှန်း၊ မင်းတို့ ဒီကို ဘာလာလုပ်တာလဲ။"

​ရှူလုံ ကောင်းကင်အရှင်သခင်က အဘွားအို၏ မေးခွန်းကို ပြန်မဖြေပေ။

​"ငါ့ရဲ့ မွေးစားသမီးက တစ်ချက်လောက် လာကြည့်ချင်လို့လေ။ အဲ့ဒီကောင်လေးက ရှန်းဟုန်မျိုးနွယ်စုကမှန်း ပေါ်လွင်သွားပြီ၊ ထပ်ပြီး ဖုံးကွယ်ထားဖို့လည်း အဓိပ္ပာယ် မရှိတော့ဘူး။"

​အဘွားအိုက ပြုံးစိစိဖြင့် ပြောလိုက်သည်။

​ရှူလုံ ကောင်းကင်အရှင်သခင်က အဘွားအိုဘေးရှိ အမျိုးသမီးကို ကြည့်လိုက်သည်။

​"ပိုင်ဇီဝမ်ချင် သူက နောက်ထပ် နှစ်နှစ်ဆယ်ကျော်လောက်မှ ထွက်လာမှာ၊ မင်း ဒီမှာ ထွက်လာတဲ့အထိ စောင့်နေမှာလား။"

​"စောင့်မှာပါ။ လက်ရှိ ရှန်းဟုန်ရဲ့ အရှင်သခင်က ပေါ်လာပြီဆိုတော့ ကျွန်မ ကိုယ်တိုင် တစ်ချက်လောက် တွေ့ချင်တယ်။"

​ပိုင်ဇီဝမ်ချင်က ခေါင်းညိတ်လိုက်သည်။

​"ရပါတယ်၊ ဒါဆိုလည်း ဒီမှာပဲ စောင့်နေကြပါ။ ဒီနေရာက စစ်ဆေးရေးဌာနရဲ့ ကောင်းကင်မှော်ပညာ လျှိုဝှက်နယ်မြေ ဖြစ်တဲ့အတွက် တခြား ဝိညာဉ်မျိုးနွယ်စု သူတော်စင်တွေကတော့ ဒီမှာ ဆက်မနေကြပါနဲ့တော့။"

​ရှူလုံ ကောင်းကင်အရှင်သခင်က တည်ငြိမ်စွာ ပြောလိုက်သည်။

​"မင်းကိုယ်တိုင်က ဝိညာဉ်မျိုးနွယ်စု ဖြစ်တာကို မေ့နေတာလား၊ နဂါးမျိုးနွယ်စုလို့ ထင်နေတာလား။"

​ပိုင်ဇီရွှန်းက တဟီးဟီး ရယ်မောလိုက်ပြီး ပိုင်ဇီဝမ်ချင်ကို ခေါင်းညိတ်ကာ အခြားသူတော်စင်များကို ခေါ်၍ ထူထဲသော မြူခိုးများထဲသို့ ပျောက်ကွယ်သွားတော့သည်။

​ယခုအခါ ထိုနေရာတွင် ရှူလုံ ကောင်းကင်အရှင်သခင်သာ ကျန်ရစ်ခဲ့သည်။ သူက ဘာမျှ ထပ်မပြောတော့သလို ပိုင်ဇီဝမ်ချင်မှာလည်း အေးစက်စက်ပင် ဖြစ်နေသည့်အတွက် ထိုနေရာသည် တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။

​...

​ဖန့်ချန်မှာ အပြင်ဘက်တွင် အချိန်မည်မျှ ကုန်လွန်သွားသည်ကို မသိတော့ပေ။

​သူသည် နီရဲသော ကပ်ဘေးဝိဇ္ဇာမျက်လုံး၏ နတ်ဘုရားစွမ်ူအားများကို ဆက်လက် ခုခံနေရင်းမှ -

​အလွန်နက်ရှိုင်းစွာ ပုန်းကွယ်နေသော နတ်ဘုရားစွမ်းအားများမှာလည်း တစ်ခုပြီးတစ်ခု ပေါ်ထွက်လာကြသော်လည်း ဖန့်ချန်၏ ခန္ဓာကိုယ်ထဲသို့ မဝင်ရောက်နိုင်သေးပေ။

​"ဘာမှ ထူးခြားမှု မရှိသေးပါလား၊ ငါ့ကို မကြိုက်တာ ဖြစ်မှာပါ။"

​ဖန့်ချန်က ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ဟင်းလင်းပြင် တစ်နေရာကို ကြည့်ကာ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

​မည်သို့ပင်ဆိုစေကာမူ သူသည် လက်ရှိတွင် ကျဲနယဲ့ အဆင့်နိမ့် သာ ရှိသေးသည်။ နီရဲသော ကပ်ဘေးဝိဇ္ဇာမျက်လုံးမှာ မျက်လုံးကိုးပါးပညာ၏ တစ်ခုဖြစ်ပြီး အနက်ရှိုင်းဆုံးတွင် ပုန်းကွယ်နေသော စွမ်းအားမှာ အလွန်ပင် ပြင်းထန်လှသည်။ အဆင့်နိမ့်သူကို မကြိုက်သည်မှာလည်း ထုံးစံပင်။

​"ဒါဆိုရင်လည်း ဒုတိယ အကောင်းဆုံးကိုပဲ ရွေးရတော့မှာပေါ့၊ လက်ခံနိုင်တဲ့ အတိုင်းအတာပါပဲ။"

​ထိုသို့ တွေးတောနေစဉ် ဖန့်ချန်၏ စိတ်အာရုံမှာ ခဏတာ ဝေဝါးသွားသည်။

​သူ့မျက်လုံးထဲတွင် တောက်ပသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

​နောက်တစ်ခဏတွင်...

​နက်ရှိုင်းစွာ ပုန်းကွယ်နေသော မျက်ဝန်းစုံမှာ ရုတ်တရက် ပွင့်လာသည်။

​ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများမှာ အရပ်မျက်နှာ အသီးသီးသို့ ပြန့်နှံ့သွားသည်။

​ပတ်ဝန်းကျင်ရှိ အခြားသော နတ်ဘုရားစွမ်းအားများမှာ ထိုစွမ်းအားကြောင့် ကြောက်ရွံ့တုန်လှုပ်နေကြသည်။

​ထို့နောက် အလွန်ပြင်းထန်လှသော ပညာရပ်အနှစ်သာရ တစ်ခုသည် မုန်တိုင်းကြီးတစ်ခုကဲ့သို့ ဖန့်ချန်ဆီသို့ အရှိန်အဟုန်ဖြင့် လှိုင်းထန်စွာ တိုးဝင်လာတော့သည်။

All Chapters