အခန်း ၆၉၁
Vol. 47 Ch. 691
အခန်း ( ၆၉၁ ) ရှေးဟောင်းနန်းတော်သို့ သွားရောက်ခြင်း။
အိမ်တစ်ခုလုံးတွင် လေထုက လေးလံနေသည်။
ပတ်ဝန်းကျင်မှ ဟွမ်ကျေးရွာ၏ ရွာသူရွာသားများသည်လည်း လက်မခံနိုင်ဘဲ ဝမ်းနည်းနေသည့်အမူအရာများ ရှိနေကြ၏။
သူတို့က ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ နန်းတော်စောင့် အဆက်အနွယ်များ ဖြစ်ကြသည်။
သူတို့၏ အဆက်အနွယ်များက ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် မြင့်မြတ်သောဘုန်းအသရေကို အတူတကွ မျှဝေခံစားခဲ့ရ၏။
ယခုမူကား၊ ဤမျှ ဝမ်းနည်းစရာကောင်းသော အဆုံးသတ်အချိန်ကို ရောက်ရှိလာခဲ့ပြီ။
နင်ချန်သည်လည်း လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
သူက အသက်ငယ်သေးသော်လည်း အကြောင်းရာများစွာကို သိပေသည်။
နင်သဲဖာသည် သူတို့ငယ်ငယ်လေးကတည်းက ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ဘုန်းတန်ခိုးကြီးခြင်းနှင့် ဂုဏ်သိက္ခာမြင့်မားသော သမိုင်းကြောင်းကို ပြောပြပေးခဲ့သည်။
သူ၏ ခန္ဓာကိုယ်ထဲတွင်လည်း ရှေးဟောင်းမြင့်မြတ်ခန္ဓာ သွေးများ ရှိ၏။
ထို့ကြောင့်ပင် သူ လုံးဝ လက်မခံချင်ခဲ့ပေ။
ရှောင်ရွယ်ရွယ်လည်း မျက်လုံးအိမ်တွင်းမှ မျက်ရည်များ စီးကျနေခဲ့သည်။
"သခင်လေး၊ ဒီလို သမိုင်းကြောင်းတွေ မင်းကို အသိပေးလိုက်ရတာ စိတ်မကောင်းပါဘူး"
နင်သဲဖာက တောင်းပန်လိုက်သည်။
နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်က လွန်စွာငယ်သေးသည်။
ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ လေးနက်သောအတိတ်ကို သူ ခံနိုင်ရည်မရှိသင့်သေးပေ။
"ခင်ဗျား စိတ်ပူစရာမလိုပါဘူး။ ဒါက ကျွန်တော်သိချင်နေတဲ့ အမှန်တရားပဲ"
ကျွင်းရှောင်ယောက်က အနည်းငယ်ပြုံးကာ ပြောလိုက်သည်။
ဤအတိတ်က ပြင်းထန်လွန်း၍ လူတိုင်း မထမ်းပိုးနိုင်ပေ။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်အတွက်တော့ ဤသည်က ဘာမှမဟုတ်ပါ။
မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဖြစ်သည်။
ကျွင်းရှောင်ယောက်၏ အဆင့်အတန်း၊ လွှမ်းမိုးမှုနှင့်အတူ...
ဤမြှုပ်နှံထားသော အမှန်တရားကို ဖော်ထုတ်ရန်မှာ အလွန်ခက်ခဲသည်မဟုတ်ပေ။
"ဒါနဲ့အဘိုး၊ ခင်ဗျား ရှေးဟောင်းနန်းတော်ရဲ့ တည်ရှိရာနေရာကို သိသင့်တယ် မဟုတ်လား"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ရှေးဟောင်းနန်းတော်ကို သူ သွားရဦးမည်။
လက်မှတ်ထိုးဝင်ခြင်း ဆုလာဘ်အတွက် မဟုတ်ပင်လျှင် ထိုနေရာသို့ သွားရဦးမည် ဖြစ်သည်။
"ဦးလေးတို့ နောက်တစ်ခါ သွားတွေ့နိုင်မှာလား"
နင်ချန်နှင့် ရှောင်ရွယ်ရွယ်တို့ နှစ်ယောက်စလုံး၏ မျက်လုံးများက တောက်ပလာသည်။
နင်သဲဖာ ခေါင်းညိတ်လိုက်၏။
"သိပါတယ်၊ ဒါပေမဲ့ မင်းက စန်းမိသားစုရဲ့လူကို သတ်လိုက်တယ်။ တကယ်လို့ သူတို့ မင်းကိုလာရှာရင်..."
နင်သဲဖာ၏ မျက်လုံးများက စိုးရိမ်မှုတို့ ပေါ်လာသည်။
ပါ့ရှင်း စန်းမိသားစုသည် အလွန်အင်အားကြီးပြီး အမြဲတမ်း အမြင့်ပိုင်းတွင် ရှိခဲ့သည်။
ယခုအချိန်တွင်၊ ကျွင်းရှောင်ယောက်က စန်းမိသားစုကို နှိုးဆွလိုက်သည့်အတွက် တစ်ခုခုဖြစ်မည်အား သူတို့ စိုးရိမ်နေကြလေသည်။
နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်၏ အထောက်အထားနှင့် နောက်ခံကို သူတို့ မသိခဲ့ကြပေ။
"စန်းမိသားစုက အားကောင်းလို့လား"
ကျွင်းရှောင်ယောက်က မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။
"စန်းမိသားစုမှာ ဒဏ္ဍာရီလာ အဓိပဓိ တန်ခိုးရှင်တွေ ရှိပါတယ်။ ငါတို့ ဘုရားကျောင်းစောင့်တွေမှာလည်း ရှိဖူးတယ်၊ ဒါပေမဲ့ အခုတော့..."
နင်သဲဖာက ရှက်ရွံ့ဟန်ဖြင့် သက်ပြင်းချကာ စကားရပ်လိုက်သည်။
တချိန်က အင်အားကြီးမားပြီး ထက်မြက်သော နန်းတော်မျိုးရိုးမှာ...
ယခုအခါ ပျက်စီးယိုယွင်းနေသော ရွာလေးတစ်ရွာမျှသာ ရှိတော့သည်။
ရွာတွင် လူဦးရေ တစ်ထောင်အောက်သာရှိပြီး သန်မာသူများလည်း မရှိပေ။
ထို့အပြင် ရှေးဟောင်းနန်းတော်အတွက်သာ မဟုတ်ပါက...
ဟွမ်ကျေးရွာသည်ပင် ပျောက်ကွယ်သွားလောက်ပြီ ဖြစ်သည်။
"ကိစ္စမရှိပါဘူး၊ အဲဒါက စန်းမိသားစုပဲလေ။ သူတို့လာဝံ့ရင် ဖျက်ဆီးခံရလိမ့်မယ်"
ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်သည်။
သို့ရာတွင်၊ ၎င်းက ကျွင်းရှောင်ယောက်၏ ပေါ့ပေါ့ပါးပါး မှတ်ချက်တစ်ခုမျှသာဖြစ်သော်လည်း...
နင်သဲဖာနှင့် ရွာသူရွာသားအားလုံးကို အံ့သြသွားစေခဲ့ပေသည်။
ဤရှေးဟောင်းမြင့်မြတ်ခန္ဓာလေးက အစွမ်းထက်ရုံသာမကဘဲ စန်းမိသားစုကို မကြောက်ရွံ့သော နောက်ခံသမိုင်းကြောင်းလည်း ရှိကောင်းရှိနိုင်သည်။
"အဘိုး၊ ကျေးဇူးပြုပြီး လမ်းပြပေးပါ"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ကျွင်းရှောင်ယောက်က စိတ်ပိုင်းဖြတ်ထားပုံရသောအခါ နင်သဲဖာလည်း ခေါင်းညိတ်ပြီး ဘာမျှမပြောတော့ပေ။
"အဘိုး၊ မြေးတို့လည်း သွားကြမယ်"
နင်ချန်နှင့် ရှောင်ရွယ်ရွယ်က ပြောလိုက်သည်။
နင်သဲဖာ ခေါင်းညိတ်လိုက်၏။
ထို့နောက်မှာတော့ နင်သဲဖာသည် နင်ချန်၊ ရှောင်ရွယ်ရွယ်၊ ကျွင်းရှောင်ယောက်နှင့် ထိုက်ယင်ကျောက်စိမ်းယုန်တို့ကို ရှေးဟောင်းနန်းတော်ဆီသို့ ခေါ်ဆောင်သွားတော့သည်။
ထွက်ခွာသွားသော ကျွင်းရှောင်ယောက်နှင့် အခြားသူများ၏ နောက်ကျောကိုကြည့်ကာ...
ဟွမ်ကျေးရွာမှ ရွာသူရွာသားတစ်စုလည်း အံ့အးသင့်မှု၊ စိုးရိမ်ပူပန်မှုတို့ဖြင့် ကျန်ခဲ့သည်။
အံ့အားသင့်မှုမှာ၊ နောက်ဆုံးတွင် ရှေးဟောင်းမြင့်မြတ်ခန္ဓာ အသစ်တစ်ဦးက ရှေးဟောင်းနန်းတော်သို့ ရောက်ရှိလာသောကြောင့် ဖြစ်သည်။
စိုးရိမ်ပူပန်မှုကတော့ ဤရှေးဟောင်းမြင့်မြတ်ခန္ဓာက ရှေးဟောင်းနန်းတော်နှင့် နန်းတော်စောင့်မျိုးနွယ်တို့၏ လက်ရှိအနေအထားကို ပြောင်းလဲနိုင်မလား ဆိုတာကိုပင်။
သူက ပါ့ရှင်း စန်းမိသားစုနှင့် ရင်ဆိုင်နိုင်ပါ့မလား။
တစ်ဖက်တွင် ရှေးဟောင်းနန်းတော်သို့ သွားရာလမ်း၌...
နင်သဲဖာက ကျွင်းရှောင်ယောက်ကို တစ်ခုခုပြောခဲ့သည်။
ဥပမာအားဖြင့် စန်းမိသားစုက ရှေးဟောင်းနန်းတော်ကို တားမြစ်နယ်မြေအဖြစ် စာရင်းသွင်းခဲ့သည်။
ထို့ကြောင့်ပင် ဟွမ်ကျေးရွာက ပြင်ပကမ္ဘာကြီးနှင့် တဖြည်းဖြည်း ဝေးကွာခဲ့လေသည်။
"ဟွမ်ကျေးရွာအတွက် နန်းတော်သခင်က အများကြီး ပေးဆပ်ခဲ့တယ်။ ဒါကြောင့် သခင်လေး တတ်စွမ်းသလောက် ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်"
နင်သဲဖာက တောင်းပန်လိုက်သည်။
"စိတ်မပူပါနဲ့ အဘိုး၊ ကျွန်တော်တို့အားလုံးက မြင့်မြတ်ခန္ဓာရဲ့ မျိုးရိုးတစ်ခုပဲလေ။ ဒါကြောင့် ကျွန်တော်တစ်ယောက်တည်း ထွက်ထိုင်နေမှာ မဟုတ်ပါဘူး"
ကျွင်းရှောင်ယောက်က ပြောလိုက်၏။
သူက ကြင်နာတတ်လွန်းသူမဟုတ်ဘဲ မသိသူတစ်ယောက်အတွက် ပြဿနာတက်ခံမည် မဟုတ်ပေ။
သို့ရာတွင် မြင့်မြတ်ခန္ဓာမျိုးရိုးမှ လူတစ်ယောက်အနေဖြင့် ကျွင်းရှောင်ယောက်က သဘာအတိုင်း လျစ်လျူရှုထားမည် မဟုတ်ပါ။
ကျွင်းရှောင်ယောက်၏စိတ်ထဲတွင် သေချာသော အစီအစဉ်တစ်ခုပင် ရှိနေပြီ ဖြစ်သည်။
သူသည် ရှေးဟောင်း ပျက်စီးခြင်းနန်းတော်နှင့် နန်းတော်စောင့်မျိုးနွယ်များကို ကျွင်းဧကရာဇ်ခုံရုံးသို့ သွတ်သွင်းလိုသည်။
ယခုအခါ ဟွမ်ကျေးရွာ၌ နန်းတော်စောင့် တစ်ထောင်အောက်သာ ရှိ၏။
သို့သော်လည်း သူတို့အားလုံးက အားကောင်းလာရန် အလားအလာ ရှိသည်။
အမှန်တော့ ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ မျိုးဆက်သွေး အနည်းနှင့်အများ ရှိသူများအဖို့ ဤမျှ အားမနည်းသင့်ပေ။
ပျက်စီးခြင်းကြယ်၏ လေ့ကျင့်ရန်မသင့်လျော်သော ပတ်ဝန်းကျင်နှင့် မြင့်မြတ်ခန္ဓာတို့၏ သဘာဝအကန့်အသတ်များကြောင့်သာ အလွန်အားနည်းနေရခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ရှေးဟောင်းအဆောက်အအုံများက ကျွင်းရှောင်ယောက်၏ရှေ့တွင် ပေါ်လာသည်။
အချိန်နှင့် ရာသီဥတုဒဏ်ကြောင့် မြို့ရိုးများ၊ ရှေးဟောင်းနန်းတော်များစွာ ပြိုကျပျက်စီးခဲ့ပေသည်။
ပျက်စီးနေသော ရုပ်ထု တချို့ကတော့ အတိတ်၏ ဘုန်းအသရေကို ပြောပြနေပုံရသည်။
သို့သော်လည်း ယခုအခါမှာတော့ ဘာမျှမရှိတော့ပေ။
ဤနေရာတွင် မြက်ပင်များသည်ပင် မပေါက်ရောက်ဘဲ အလွန်ဆိတ်သုဥ်းပြီး နေရာတိုင်းက ပျက်စီးယိုယွင်းနေသော နန်းတော်များသာ ရှိသည်။
အောင်မြင်မှုနှင့် ကျရှုံးမှုက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်နိုင်ပေသည်။
တချိန်က အင်မော်တယ်နယ်မြေကြီးကို ထိတ်လန့်တုန်လှုပ်စေပြီး အင်မော်တယ်အင်အားစုများ ဦးညွှတ်ကာ အရှုံးပေးခဲ့ရသည့် ရှေးဟောင်းနန်းတော်ကြီးမှာ...
ယခုတော့ ပျက်သုဉ်းသွားခဲ့ပြီ ဖြစ်သည်။
မြောက်လေ တိုက်ခတ်နေလေသည်။
ကျွင်းရှောင်ယောက်လည်း စိတ်ရှုပ်ထွေးသော အကြည့်များဖြင့် ဤနေရာတွင် တိတ်တဆိတ် ရပ်လိုက်သည်။
အဘိုးကြီး နင်သဲဖာသည်လည်း တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။
ဤနေရာကို ရောက်လာရတိုင်း သူ့ရင်ထဲတွင် ဝမ်းနည်းမှုတစ်မျိုး ခံစားရသည်။
နင်ချန်နှင့် ရှောင်ရွယ်ရွယ်လည်း တိတ်ဆိတ်နေခဲ့ကြလေသည်။
ခဏကြာမှ ကျွင်းရှောင်ယောက် သတိပြန်ဝင်လာကာ ပြောလိုက်သည်။
"ဒီရှေးဟောင်းနန်းတော်ထဲမှာ အခြား မြင့်မြတ်ခန္ဓာရှိလား"
နင်သဲဖာက အနည်းငယ်ခေါင်းညိတ်လိုက်၏။
"ဟုတ်ပါတယ်၊ အဲဒီသခင်က ခန်းမအလယ်မှာ ရှိနေတယ်။ အထဲဝင်ကြရအောင်"
ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်သည်။
သူ့စိတ်ထဲမှာလည်း သံသယတို့ ရှိနေပေသည်။
အကယ်၍ ရှေးဟောင်းနန်းတော်တွင် ရှေးဟောင်းမြင့်မြတ်ခန္ဓာ ရှိခဲ့ပါက ထိုရှေးဟောင်းမြင့်မြတ်ခန္ဓာသည် လက်ရှိအခြေအနေအပေါ် လက်ခံထားလိုစိတ် ရှိနေပါသလော။
ဤမေးခွန်းကို စိတ်ထဲမှတ်ထားရင်း ကျွင်းရှောင်ယောက်က အဆောက်အဦ၏ အလယ်ဗဟိုမှာရှိသော ပင်မခန်းမဆီကို လျှောက်သွားသည်။
ခန်းမအဝင်ဝကိုရောက်သည်နှင့် အက်ကွဲနေသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
"လာပါ၊ ငါမင်းကိုစောင့်နေတာကြာပြီ..."
ထိုအသံကိုကြားသောအခါ ကျွင်းရှောင်ယောက်၏ မျက်လုံးများ ထူးဆန်းသော အရိပ်အမြွက်တို့ ပေါ်လာသည်။
တံခါးကို တွန်းဖွင့်ပြီး လှမ်းဝင်လိုက်၏။
ခန်းမတစ်ခုလုံးက လွန်စွာ ဗလာကျင်းဖြစ်ပြီး ရိုးရှင်းသည်။
သို့သော်လည်း သန့်ရှင်းကာ ဖုန်မှုန့်အနည်းငယ်မျှ မရှိပေ။
၎င်းမှာ နင်သဲဖာ၊ နင်ချန်၊ ရှောင်ရွယ်ရွယ်နှင့် အခြားသူများက မကြာခဏလာပြီး သန့်ရှင်းရေးလုပ်နေကြောင်း သိသာထင်ရှားသည်။
အခြေအနေကိုကြည့်ရင်း ကျွင်းရှောင်ယောက်၏ မျက်လုံးတွင် အံ့ဩမှုတို့ ပေါ်လာပြန်သည်။
ရှေးဟောင်းနန်းတော်၏ နက်ရှိုင်းသောအပိုင်းတွင် အားအင်ချိနဲ့နေပုံရသော ပုံရိပ်တစ်ခု ထိုင်နေသည်။
ကျွင်းရှောင်ယောက်ကို အံ့ဩသွားစေသည်မှာ ထိုပုံရိပ်တွင် သူ့ပခုံးကိုဖြတ်၍ ထိုးဖောက်ထားသော လုံးပတ်ထူထူ သံကြိုးကြီးများ ရှိနေခြင်း ဖြစ်၏။
သူ၏ လက်နှင့်ခြေတို့တွင်လည်း ချည်နှောင်ထားသည်။
ပို၍ အံ့ဩစရာကောင်းသည်ကတော့ ထိုပုံရိပ်၏ကျောပေါ်တွင် ကျောက်စာချပ်ကြီးတစ်ခုကို ထမ်းပိုးထားခြင်းပင်။
ကျောက်စာချပ်ပေါ်တွင် စာလုံးရှစ်လုံး ရေးထိုးထားသည်။
စကြာဝဠာမှာ ထူးကဲတဲ့...
ကောင်းကင်အသျှင်ခန္ဓာ။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက ရုတ်တရက် အေးစက်သွားခဲ့သည်။
ဤစာလုံးရှစ်လုံးက အလွန် လွှမ်းမိုးချုပ်ကိုင်ထားသော တိုက်ခိုက်ချင်စိတ်တို့ ပေါ်လွင်နေခဲ့၏။
ဤအရာကို ကောင်းကင်အသျှင်ခန္ဓာတစ်ဦးက ချန်ထားခဲ့ကြောင်း ထင်ရှားသည်။
(မှတ်ချက်၊ ရှေးဟောင်းဘုရားကျောင်းကို ရှေးဟောင်းနန်းတော်အဖြစ် ပြောင်းလဲသုံးနှုန်းသွားပါမယ်ခင်ဗျာ)