← Chapters

အခန်း ၆၉၂

Vol. 47 Ch. 692

အခန်း ၆၉၂

Vol. 47 Ch. 692

အခန်း ( ၆၉၂ ) နောက်ဆုံး ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ဝမ်းနည်းစရာ၊ ရှေးဟောင်းမြင့်မြတ်ခန္ဓာ နိုးထခြင်းအတွက် မျှော်လင့်ချက်။

လူဆိတ်သုဉ်းပြီး ယိုယွင်းနေသော နန်းတော်ထဲတွင်...

မုတ်ဆိတ်ဗရပျစ်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး တစ်ယောက်တည်း ထိုင်နေသည်။

သူ့ခြေလက်များကို သံကြိုးများနှင့် ချည်နှောင်ထားသလို ပခုံးများကိုလည်း ထိုးဖောက်ထား၏။

သူ၏ နောက်ကျောမှာတော့ အသျှင်ခန္ဓာမှ စာရေးထိုးထားသည့် လေးလံသော ရှေးဟောင်းကျောက်စာချပ်တစ်ခု ရှိနေပေသည်။

ဤမြင်ကွင်းက လူများကို အနည်းငယ် အထီးကျန်ဆန်ပြီး နာကျင်မှုအား ခံစားရစေသည်။

ကိုယ့်မျက်စိနှင့် မမြင်ရပါက၊ သူ့ရှေ့မှလူဟာ ရှေးဟောင်းမြင့်မြတ်ခန္ဓာဟု ဘယ်သောအခါမှ ယုံနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သွေးမှ ထွက်ပေါ်လာသော ပဲ့တင်ထပ်သံမျိုးကြောင့် ‌ကျွင်းရှောင်ယောက်ဟာ အလွန်သေချာသည်။

ဤပုဂ္ဂိုလ်ကား ရှေးဟောင်းမြင့်မြတ်ခန္ဓာတည်း။

ယခုတော့ ၎င်းက သာမန်အသွင်အပြင်ရှိသော လူလတ်ပိုင်းတစ်ဦးသာ ဖြစ်သည်။ မီးခိုးရောင်အဝတ်အစားဟောင်းကို ၀တ်ဆင်ထားသလို ထူထဲသော မုတ်ဆိတ်မွေးများ၊ ညှိုးနွမ်းနေသော မျက်လုံးများနှင့် ရှုပ်ပွနေသော အနက်ရောင်ဆံပင်များ ရှိလေသည်။

၎င်းက ဈေးတန်းထောင့်နားမှ အရက်နာကျနေသော လူတစ်ယောက်ကဲ့သို့ ဖြစ်သည်။

ဤသူက ရှေးဟောင်းမြင့်မြတ်ခန္ဓာဖြစ်မည်ဟု မည်သူမျှ ယုံနိုင်ကြမည်မဟုတ်ပေ။

ရှေးဟောင်းမြင့်မြတ်ခန္ဓာသည် ကျဆုံးလာသော်လည်း လူတို့ကို ကောင်းကင်ကိုတက်လှမ်းမည့် နဂါးတစ်ကောင်ကဲ့သို့ ခံစားချက်အား ပေးစွမ်းနိုင်နေဆဲ ဖြစ်သည်။

သူ့ရှေ့မှ လူလတ်ပိုင်းအရွယ် ရှေးဟောင်းမြင့်မြတ်ခန္ဓာကတော့ သာမန် လူတစ်ဦးထက်ဆိုးပြီး စိတ်ပျက်ဖွယ်ရာ ဖြစ်နေပြီ။

"ဦးလေး၊ သမီးတို့ ကြက်ဝယ်လာတယ်။ နောက်ပြီးကျရင် ကြက်ကင်စားကြမယ်"

ရှောင်ရွယ်ရွယ်က ဝိညာဉ်ကြက်ကို လက်ထဲတွင်ကိုင်ထားပြီး ရှေ့သို့ လျှောက်သွားသည်။

ထိုလူလတ်ပိုင်းကြီးလည်း ချစ်ခင်မြတ်နိုးမှုအပြည့်ဖြင့် ပြုံးလိုက်လေသည်။

ရှောင်ရွယ်ရွယ်၏ ဦးခေါင်းကို သူ့လက်ကြမ်းကြီးနှင့် ခပ်ဖွဖွပွတ်သပ်လိုက်သည်။

"ဦးလေး၊ ဒီအစ်ကိုကြီးကလည်း ရှေးဟောင်းမြင့်မြတ်ခန္ဓာပါပဲ။ သူက အရမ်းအစွမ်းထက်ပြီး ကျွန်တော်တို့ကို ကူညီပေးနိုင်တယ်"

နင်ချန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"သခင်၊ ရှေးဟောင်းမြင့်မြတ်ခန္ဓာအသစ် ရောက်လာခဲ့ပါပြီ"

နင်သဲဖာက လူလတ်ပိုင်းအမျိုးသားကို လေးလေးစားစား ဦးညွတ်ပြီး ပြောလိုက်၏။

လူလတ်ပိုင်းအရွယ် အမျိုးသားက အခြေအနေကောင်းပုံမရသော်လည်း သူ့အမူအရာမှာ လေးစားမှုအပြည့်ရှိသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားက ကျွင်းရှောင်ယောက်ကို အာရုံစိုက်ပြီး ကြည့်လိုက်သည်။

ကျွင်းရှောင်ယောက်ကလည်း သက်လတ်ပိုင်း အမျိုးသားကို ကြည့်လိုက်၏။

ကျွင်းရှောင်ယောက်သည် လူလတ်ပိုင်း အမျိုးသား၏ ကျင့်ကြံခြင်းအခြေခံက မနိမ့်ကျတာကို ခံစားနိုင်သည်။

အနည်းဆုံးတော့ ၎င်းက သူတော်စင်သခင်နယ်ပယ် ကျင့်ကြံခြင်းအခြေခံ ရှိလိမ့်မည်။

အဓိပဓိနှင့် နှိုင်းယှဉ်ပါက သူတော်စင်သခင်နယ်ပယ်မှာ နိမ့်ကျသည်။

သို့သော်လည်း ရှေးဟောင်းမြင့်မြတ်ခန္ဓာကို မိုးနှင့်မြေက ချုပ်နှောင်ထားသောကြောင့် လေ့ကျင့်ရန် အလွန်ခက်ခဲကြောင်း သိထားရလိမ့်မည်။

မျက်မှောက်ခေတ်တွင် သူတော််စင်နယ်ပယ်မှ ရှေးဟောင်းမြင့်မြတ်ခန္ဓာကိုပင် တွေ့ရခဲလှသည်။

ထို့ကြောင့် သူတော်စင်သခင်နယ်ပယ် ရှေးဟောင်းမြင့်မြတ်ခန္ဓာက အလွန်ကောင်းနေပြီ။

ယခင်က ကျွင်းရှောင်ယောက်ရရှိခဲ့သော ကျဆုံးမြင့်မြတ်ခန္ဓာဆိုလျှင် သူတော်စင်နယ်ပယ်၌သာ ရှိသည်။

ကျွင်းရှောင်ယောက်ကတော့ ကွဲလွဲမှု ဖြစ်သည်။

သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာက လက်မှတ်ထိုးဝင်ခဲ့သော ဆုလာဘ်ဖြစ်သောကြောင့် ရေတွက်၍မရပေ။

သူ့ရှေ့မှ လူလတ်ပိုင်းအရွယ် အမျိုးသားက သူတော်စင်သခင်နယ်ပယ်မှ ရှေးဟောင်းမြင့်မြတ်ခန္ဓာတစ်ခု ဖြစ်သည်။

သို့သော်လည်း သူ့ခန္ဓာကိုယ်ရှိ ချီနှင့် သွေးများက အားနည်းပြီး သေ‌ဆုံးတော့မည်ကဲ့သို့ အသက်ဓာတ်တို့ အလွန်အားနည်းနေတာကို ကျွင်းရှောင်ယောက် ခံစားနိုင်ပေသည်။

ထိုသံကြိုးကြီးများက သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်နှင့် သွေးများကို ညှစ်ထုတ်နေခဲ့ခြင်း ဖြစ်သည်။

"ဒီညီလေးနဲ့ ငါပြောစရာရှိတယ်”

လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောလိုက်သည်။

နင်သဲဖာလည်း နားလည်ဟန်ဖြင့် ရှောင်ရွယ်ရွယ်နှင့် နင်ချန်တို့၏ လက်များကိုဆုပ်ကိုင်ကာ ခေါ်ထွက်သွားတော့သည်။

"လာ၊ ဒီကြက်ကို သွားပြီးကင်ကြမယ်"

"ဟေး၊ ကြက်ကင်စားမယ်"

ရှောင်ရွယ်ရွယ်က ဝမ်းသာပျော်ရွှင်စွာဖြင့် အော်ပြောလိုက်၏။

နင်ချန်သည်လည်း သူ့နှုတ်ခမ်းထောင့်မှ သွားရည်စက်ကလေးများကို သုတ်လိုက်သည်။

ထွက်ခွာသွားသော မောင်နှမနှစ်ယောက်၏ နောက်ကျောကိုကြည့်ကာ လူလတ်ပိုင်း အမျိုးသား၏ အှုံ့မှိုင်နေသော မျက်လုံးများက ကြင်နာမှုတို့ ပြည့်နေခဲ့သည်။

ဤတော့မှ ကျွင်းရှောင်ယောက်က စကားစလေသည်။

"အကြီးအကဲက ဒီမောင်နှမနှစ်‌ယောက်ကို အတော်ဂရုစိုက်တာပဲ။ ခင်ဗျားရဲ့ ကျန်တဲ့ သွေးအနှစ်သာရတွေကိုတောင် ပေးခဲ့တယ်"

ကျွင်းရှောင်ယောက်၏ စကားကိုကြားသော်လည်း ထိုလူက မအံ့ဩပေ။

သူက အေးအေးဆေးဆေး ပြောလိုက်သည်။

"ငါသေရမယ်ဆိုရင်တောင်မှ မီးပွားလေးတစ်ခုကို ချန်ထားခဲ့ဖို့ တွေးမိခဲ့တယ်လေ"

"ဒီကလေးနှစ်ယောက်က အံ့ဩစရာကောင်းတဲ့အရိုးတည်ဆောက်ပုံနဲ့ မွေးဖွားလာခဲ့တာ။ အခြားသူတွေထက် သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှေးဟောင်းနန်းတော်စောင့် မျိုးနွယ်သွေးတွေ ပိုပြီး သိပ်သည်းတယ်။ စူတို့က အနာဂတ်မှာ မီးပြင်းတောက်လောင်ဖို့ မီးပွားလေးတွေ ဖြစ်နိုင်တယ်"

လူလတ်ပိုင်း အမျိုးသားက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

လက်ရှိ သူ့အခြေအနေကြောင့်လည်း စိတ်ပျက်နေပုံမရပေ။

"ဒီရှေးဟောင်းမြင့်မြတ်ခန္ဓာ သွေးအနှစ်သာရတချို့က အကြီးအကဲနဲ့ သက်ဆိုင်တယ်မဟုတ်လား"

ကျွင်းရှောင်ယောက်က လေလံပွဲမှ ရရှိခဲ့သော ရှေးဟောင်းမြင့်မြတ်ခန္ဓာ သွေးအနှစ်သာရကို ထုတ်ယူလိုက်သည်။

ထိုလူက တည်ငြိမ်သော အမူအရာဖြင့်ပင် ခေါင်းညိတ်လိုက်၏။

"ခင်ဗျား ဘာဖြစ်လို့ မတားဆီးတာလဲ"

ကျွင်းရှောင်ယောက် မေးလိုက်သည်။

သူ့အမြင်တွင် ဤရှေးဟောင်းမြင့်မြတ်ခန္ဓာက မိမိအသက်ကို ဂရုစိုက်ပြီး သေခြင်းတရားကို ကြောက်ရွံ့သူမျိုး ဟုတ်ပုံမရပေ။

သို့သော်လည်း သံကြိုးများနှင့် ချည်နှောင်ခံရသည့် အရှက်တရားကို လိုလိုလိုလား သည်းခံနေခဲ့သည်။

"ငါက ရှေးဟောင်းနန်းတော်ရဲ့ နောက်ဆုံးနန်းတော်သခင်ဖြစ်သလို နောက်ဆုံး ရှေးဟောင်းမြင့်မြတ်ခန္ဓာဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ ငါ့အရည်အချင်းက အကန့်အသတ်ရှိပြီး အချုပ်အနှောင် ငါးခုကိုပဲ ချိုးဖြတ်နိုင်ခဲ့တယ်။ ဒါကြောင့် အလွန်ဆုံး အဓိပဓိနယ်ပယ်ကိုပဲ ရောက်ရှိနိုင်ပြီး ဒီထက် တိုးတက်နိုင်မှာ မဟုတ်ဘူး"

"ဒါ‌ကြောင့် ငါ့ဘိုးဘေးတွေကို စွန့်လွှတ်ပြီးပြီ၊ နန်းတော်စောင့်မျိုးရိုးတွေကိုလည်း အသုံးမဝင်တဲ့လူတစ်ယောက်အနောက် မလိုက်စေချင်ဘူး"

"အရင်က ငါဟာ သေတဲ့အထိ တိုက်ပွဲဝင်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ အခိုက်အတန့်တစ်ခုမှာ ဒီမောင်နှမကို မြင်လိုက်ရတယ်။ ဒါက ငါ့အတွက်တော့ မျှော်လင့်ချက်မီးပွားလေးတစ်ခုကို မြင်လိုက်ရသလိုပါပဲ"

"ဒါကြောင့် ငါ ရှင်သန်ချင်လာတယ်။ အရှက်တရား အမျိုးမျိုးကို ခံရရင်တောင် ဒီရွာကိုကာကွယ်ပြီး မီးပွားလေးကို ထိန်းသိမ်းထားရမယ်"

လူလတ်ပိုင်းအမျိုးသားက တောက်ပသောမျက်လုံးတို့နှင့် လှမ်းကြည့်လိုက်သည်။

ဤသည်မှာ အမှောင်ဖုံးနေသော သူ့နှလုံးသားထဲမှ အလင်းရောင် ဖြစ်သည်။

သူက သေနိုင်သည်။

သို့သော်လည်း သူမသေဆုံးမီတွင် ဤမောင်နှမ ကြီးပြင်းလာပြီး ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ဘုန်းအသရေအား ထွန်းလင်းစေသည်ကို မြင်ချင်ခဲ့သေးသည်။

ဤအခိုက်တွင်၊ အရာအားလုံးကို လျစ်လျူရှုထားသော ကျွင်းရှောင်ယောက်ကဲ့သို့ လူတစ်‌ယောက်ပင်လျှင် အနည်းငယ် စိတ်လှုပ်ရှားသွားမိသည်။

ရှောင်ရွယ်ရွယ်က ဦးလေးဟာ သူတို့ကို ကာကွယ်ပေးသည့် သူရဲကောင်းဟု ဘာကြောင့်ပြောခဲ့သည်မှန်း နောက်ဆုံးတော့ သူနားလည်သွားပြီ ဖြစ်သည်။

"ဒါနဲ့ အကြီးအကဲရဲ့နာမည်ကို မသိသေးဘူး"

ကျွင်းရှောင်ယောက်၏လေသံက လေးစားမှုတို့ဖြင့် ထွက်ပေါ်လာခဲ့သည်။

"ငါ့နာမည် ဝူဟူပါ"

ဝူဟူအမည်ရှိ လူလတ်ပိုင်း အမျိုးသားက ပြောလိုက်သည်။

လူများက သူတို့၏ နာမည်အတိုင်း နေထိုင်ကြပေသည်။

"ဟူ"ဆိုသော စကားလုံးက ကာကွယ်သူ ဖြစ်သည်။

သူ၏ အကာကွယ်ကြောင့်သာ ရှေးဟောင်းမြင့်မြတ်ခန္ဓာမျိုးရိုးတွင် မီးပွားတစ်ခု ကျန်ရှိနေခြင်း ဖြစ်ချေသည်။

"အကြီးအကဲဝူဟူ၊ ကျွန်တော် ဒီနေရာကိ ရောက်လာမှတော့ ကြေကွဲစရာတစ်ခုမှ ထပ်ဖြစ်မလာတော့ပါဘူး"

"ရှေးဟောင်းနန်းတော်နဲ့ အစောင့်အရှောက်မျိုးနွယ်တွေ ပြိုပျက်သွားတော့မှာမဟုတ်ဘူး"

ကျွင်းရှောင်ယောက်က အခိုင်အမာပြောလိုက်သည်။

"ညီလေးရဲ့နာမည်ကို သိရမလား"

ဝူဟူက အနည်းငယ်ပြုံးပြီး ထိုတိတ်ဆိတ်နေသော ခံစားချက်ကို ဖယ်ထုတ်လိုက်၏။

"ကျွန်တော်က ကျွင်းရှောင်ယောက်ပါ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ကျွင်းရှောင်ယောက်... မင်းရဲ့မျိုးရိုးက ကျွင်းလား"

တစ်စုံတစ်ခုကို တွေးနေဟန်ဖြင့် ဝူဟူ၏ အုံ့မှိုင်းနေသော မျက်လုံးများက အံ့အားသင့်မှုအရိပ်အမြွက်တို့ ပေါ်လာသည်။

"ဒါက..."

ဝူဟူ အံ့သြသွား၏။

"မှန်ပါတယ်၊ ကျွန်တော်က ရှေးဟောင်းမင်းမျိုးနွယ် ကျွင်းမိသားစုကပါ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ဝူဟူ၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်လှုပ်သွားသည်။ သူ့မျက်လုံးများမှ မကြုံစဖူး ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာတော့သည်။

သူ၏ ခြောက်ကပ်နေသောသွေးများက ပွက်ပွက်ဆူလာပြီး ကျွင်းရှောင်ယောက်ကိ ရှားပါးရတနာတစ်ခုအား ကြည့်နေသကဲ့သို့ ကြည့်လိုက်သည်။

ရှေးဟောင်းမင်းမျိုးနွယ် ကျွင်းမိသားစုအကြောင်းကို ဝူဟူလည်း သဘာဝအတိုင်း သိ၏။

၎င်းက အင်မော်တယ်နယ်မြေကြီးတွင် မရေမတွက်နိုင်သော ခေတ်များတစ်လျှောက် အမွေဆက်ခံခဲ့သော ကြောက်စရာကောင်းသည့် မိသားစုတစ်ခု ဖြစ်သည်။

အထွတ်အထိပ်ရောက်နေသည့် ရှေးဟောင်းနန်းတော်ဖြစ်လျှင်ပင် ကျွင်းမိသားစုကို လျှော့မတွက်ဝံ့ပေ။

သာမန် အင်မော်တယ်အင်အားစုများဖြစ်လျှင် ရှေးဟောင်းနန်းတော်က လုံးဝ အလေးအနက်ထားမည်မဟုတ်ပါ။

သို့ရာတွင် ကျွင်းမိသားစုနှင့် ရင်ဆိုင်ရလျှင်တော့ ရှေးဟောင်းနန်းတော်ပင်လျှင် ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံပေးရမည် ဖြစ်သည်။

ဤရှေးဟောင်းမြင့်မြတ်ခန္ဓာမျိုးဆက်က ကျွင်းမိသားစုမှ ဆင်းသက်လာမည်ဟု ဝူဟူ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။

ဤမျှခိုင်မာသောနောက်ခံဖြင့် ရှေးဟောင်းနန်းတော်နှင့် နန်းတော်စောင့်မျိုးရိုးသည် အမှန်တကယ် ပြန်လည်နိုးထလာတော့မည် ဖြစ်သည်။

သို့သော်လည်း၊ ဝူဟူမှာ သူ၏ပျော်ရွှင်မှုမှ သတိပြန်ဝင်ရန်ပင် အချိန်မရသေးပေ။

ကျွင်းရှောင်ယောက်က သူ့အရှိန်အဝါများကို ထုတ်ဖော်လိုက်သည်။

ထိုအရှိန်အဝါက ဝူဟူ၏မျက်နှာကို ချက်ချင်းအေးခဲသွားခဲ့၏။ သူ၏မျက်လုံးများက ရုတ်တရတ် ကျဉ်းမြောင်းသွားကာ မယုံနိုင်စရာအချက်အချို့ကို ခံစားလိုက်ရတော့သည်။

"ဒါ...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ မင်းရဲ့သွေးထဲမှ ဖိနှိပ်ခံထားရတဲ့ ခံစားချက်မျိုး မရှိဘူး။ ဒါများ ဖြစ်နိုင်မလား..."

ဝူဟူက တုန်ယင်နေသောလေသံဖြင့် ပြောလိုက်သည်။

ကျွင်းရှောင်ယောက် ခေါင်းညိတ်ကာ ပုံမှန်အတိုင်း ပြောလိုက်၏။

"ဒါက အချုပ်အနှောင် ကြိုးဆယ်ချောင်းကို ချိုးဖြတ်ခဲ့တဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာပါပဲ"

"ဝုန်း"

ဤစကားများက ဝူဟူ၏စိတ်ထဲတွင် မိုးခြိမ်းသံကဲ့သို့ ပျံ့နှံ့သွားပြီး သူ့တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားစေတော့သည်။

ထို့နောက် ကောင်းကင်ကို ရုတ်တရက် မော့ကြည့်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ မျက်လုံးများမှလည်း မျက်ရည်များ စီးကျလာခဲ့၏။

စိတ်လှုပ်ရှားလွန်း၍ သူ့ခံစားချက်များကိုပင် မထိန်းနိုင်တော့ပေ။

ရှေးဟောင်းမြင့်မြတ်ခန္ဓာမျိုးရိုး နိုးထလာခြင်း၏ မျှော်လင့်ချက်ကို ကျွင်းရှောင်ယောက်ထံမှ သူမြင်လိုက်ရသည်။

All Chapters