← Chapters

အခန်း ၆၉၄

Vol. 47 Ch. 694

အခန်း ၆၉၄

Vol. 47 Ch. 694

အခန်း ( ၆၉၄ ) ရှေးဟောင်းမြင့်မြတ်ခန္ဓာက ပြိုင်ဘက်ကင်းတယ်၊ စန်းမိသားစု၏ အဓိပဓိကလှုပ်ရှား၍ ထိုပါ့ကျန်း ဝင်ရောက်စွတ်ဖက်သည်။

ယခင်ကတည်းက ကျွင်းရှောင်ယောက်ဟာ ရှေးဟောင်းနန်းတော်တွင် အကျိုးအမြတ်များစွာ ရလိမ့်မည်ဟု ဝေဝါးဝါး ကြိုတင်ခံစားခဲ့ရသည်။

ထို့ကြောင့်ပင် သူ၏ ကျင့်ကြံခြင်းကို အဆင့်မတက်ဘဲ ထိန်းချုပ်ထားခြင်း ဖြစ်ချေသည်။

ယခုတော့ ဤသည်မှာ အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပုံရသည်။

အကယ်၍ ထိုစဉ်ကသာ အဆင့်တက်ရန် ရွေးချယ်ခဲ့ပါက...

ယခု ဤအခွင့်အလမ်းများကို ချေဖျက်ရာတွင် တိုးတက်မှုက အကန့်အသတ်ရှိလိမ့်မည်။

ယင်းက ဖြုန်းတီးခြင်း ဖြစ်သည်။

ယခုမူ၊ ကျွင်းရှောင်ယောက်က တစ်စုံတစ်ရာ စိတ်အနှောက်အယှက်မရှိဘဲ ဖြတ်ကျော်ရန် လေ့ကျင့်နိုင်ခဲ့ပြီ။

"အကြီးအကဲဝူဟူ၊ ခင်ဗျားလည်း ဒီအခွင့်အလမ်းတွေကို သုံးလို့ရပါတယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ဝူဟူ၏ ခန္ဓာကိုယ်တွင် သွေးအနှစ်သာနှင့် သွေးများက အလွန်နည်းပါးနေကြောင်း သူ ခံစားရနိုင်သည်။

စန်းမိသားစုသည် ယခင်က သူ့ထံမှ သွေးများစွာကို ယူသွားခဲ့သည်ဟု ခန့်မှန်းရပေသည်။

၎င်းက သွေးရရှိရန် တိရိစ္ဆာန်မွေးမြူထားခြင်းနှင့် တူသည်။

ဤလုပ်ရပ်များက ကျွင်းရှောင်ယောက်၏ မျက်လုံးများကို အလွန်အေးစက်သွားစေသည်။ ထို့အတူ သူ့နှလုံးသားထဲမှ စန်းမိသားစုအပေါ် အမြင်မှာလည်း ရေခဲမှတ်အထိ ကျဆင်းသွားတော့သည်။

"မဟုတ်ဘူး၊ ဒါတွေအားလုံးက မင်းပိုင်ဆိုင်ပါတယ်။ မင်းဟာ အချုပ်အနှောင် ကြိုးဆယ်ချောင်းကို ချိုးဖျက်ထားတဲ့ မြင့်မြတ်ခန္ဓာတစ်ခုပဲ။ မင်းက အနာဂတ်မှာ အမှန်တကယ် ပြီးပြည့်စုံတဲ့ မြင့်မြတ်ခန္ဓာဖြစ်လာဖို့ ရည်မှန်းထားတာ"

"မင်းနဲ့ယှဉ်ရင် ငါက ဘာမို့လို့လဲ"

ဝူဟူက ခေါင်းခါယမ်းပြီး ကျွင်းရှောင်ယောက်၏ ကြင်နာမှုကို ငြင်းပယ်လိုက်သည်။

ဝူဟူ၏ မျက်လုံးများမှ ခေါင်းမာသော စိတ်ဓာတ်ကို မြင်လိုက်ရတော့ ကျွင်းရှောင်ယောက်လည်း နားလည်သွားကာ သက်ပြင်းချလိုက်သည်။

ဤအခွင့်အရေးများကို သူအရင်မယူပါက ဝူဟူဟာ ဘယ်သောအခါမှ ထိမည်မဟုတ်ပေ။

သို့သော်လည်း တစ်ခုခုကို တွေးနေသကဲ့သို့ ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပသော အလင်းရောင်တစ်ခု လင်းလက်လာသည်။

သူ၏ မြင့်မြတ်ခန္ဓာ သွေးအနှစ်သာရက ဝူဟူ၏ မြင့်မြတ်ခန္ဓာမှ အချုပ်အနှောင်ကြိုးများကို ကူညီချိုးဖြတ်ပေးနိုင်မလား။

'ငါ့ရဲ့လက်ရှိ ကျင့်ကြံခြင်းအခြေခံက မမြင့်မားတာ‌ကြောင့် မြင့်မြတ်ခန္ဓာသွေး လုံလောက်အောင် မထုတ်ပေးနိုင်ဘူး။ ငါ့ရဲ့ ကျင့်ကြံမှုက အောင်မြင်ပြီးရင် အစီအစဉ်တွေလုပ်ရမယ်'

ကျွင်းရှောင်ယောက်က စိတ်ထဲမှ စဉ်းစားလိုက်သည်။

ဝူဟူက ခဏစဉ်းစားပြီး ပြော၏။

"မင်းက ရှေးဟောင်းနန်းတော်ကိုမလာခင် မင်းရဲ့ အရှိန်အဝါကို တစ်ကြိမ် ထုတ်ဖော်ထားပြီးပြီ။ ဒါက စန်းမိသားစုကို လှုံ့ဆော်လိုက်မှာ ငါကြောက်တယ်"

"ဒါပေမဲ့ မင်းစိတ်မပူဘဲ အေးအေးဆေးဆေး လေ့ကျင့်နိုင်ပါတယ်။ မင်းရဲ့ ကျွင်းမိသားစုနောက်ခံကြောင့် စန်းမိသားစုက တစ်ခုခုလုပ်ချင်ရင် နှစ်ခါပြန်ပြီး စဉ်းစားရလိမ့်မယ်"

"စန်းမိသားစုကို ကျွန်တော်‌ သေချာပေါက် ပြန်ပေးဆပ်စေမှာပါ"

ကျွင်းရှောင်ယောက်က ထူးခြားမှုမရှိသော်လည်း သတ်ဖြတ်လိုစိတ်တို့ ပါဝင်နေသောလေသံဖြင့် ပြော၏။

"စိတ်ချပါ၊ ဒီကာလမှာ မင်းအတွက် ငါ ကာကွယ်ပေးထားမယ်။ ငါ့ရဲ့ နောက်ဆုံးဆန္ဒက နန်းတော်စောင့် အမျိုးအနွယ်ကို ဂရုစိုက်ပြီး နင် မောင်နှမကို ကောင်းကောင်း စောင့်ရှောက်နိုင်ဖို့ပါပဲ"

ဝူဟူက ပြောလိုက်သည်။

သူ့လေသံက အသေခံရန် စိတ်ပိုင်းဖြတ်ထားပုံရလေသည်။

ကျွင်းရှောင်ယောက်ကတော့ ဘာမျှမပြောပါ။ သူ၏ ကျင့်ကြံမှု ပြီးမြောက်ပါက ဝူဟူနှင့် ဟွမ်ကျေးရွာမှ လူများကို သဘာဝအတိုင်း ကူညီပေးခဲ့မည် ဖြစ်သည်။

ထို့နောက်တွင် ဝူဟူက နန်းတော်အပြင်ဘက်တွင် စောင့်ကြပ်နေခဲ့သည်။

ကျွင်းရှောင်ယောက်‌ကတော့ နန်းတော်အတွင်းပိုင်း လျှို့ဝှက်နေရာတွင် စတင်လေ့ကျင့်ခဲ့၏။

သူက သွေးအိုင်ထဲ တိုက်ရိုက် တင်ပျဉ်ခွေ ထိုင်လိုက်သည်။

ချက်ချင်းပင် သွေးအိုင်တစ်ခုလုံး ပွက်ပွက်ဆူပြီး သွေးစွမ်းအင်များ မြင့်တက်လာတော့သည်။

သွေးချီလင်များ၊ သွေးနဂါးများ၊ သွေးဖီးနစ်များ စသည်တို့သည်လည်း ကျွင်းရှောင်ယောက်၏ ပတ်လည်တွင် ကခုန်နေခဲ့ကြသည်။

ရှေးကျသော ပုံရိပ်များ၏ ‌ဝေဝါးဝါး ပုံစံများစွာလည်း ရှိနေကြသေးသည်။

"ဒါတွေက သွေးအိုင်ထဲကို သွေးအနှစ်သာရ ထည့်ပေးထားခဲ့တဲ့ မြင့်မြတ်ခန္ဓာဘိုးဘေးတွေပဲ"

ကျွင်းရှောင်ယောက်က သူ့ဘာသာသူ ရေရွတ်လိုက်သည်

၎င်းတို့ထံမှ ခိုင်မာသော ယုံကြည်ချက်တစ်ခုကို သူခံစားခဲ့ရ၏။

၎င်းက ရှေးဟောင်းမြင့်မြတ်ခန္ဓာမျိုးရိုး၏ အမြင့်မြတ်ဆုံးသော ယုံကြည်ချက်ပင် ဖြစ်တော့သည်။

မြင့်မြတ်ခန္ဓာကိုချုပ်နှောင်ရန် ခြေချင်းဆယ်ချောင်း ကောင်းကင်မှ ပြုတ်ကျလာခဲ့လျှင်ပင်...

သူတို့က ရှေးဟောင်းမြင့်မြတ်ခန္ဓာ အဆက်အနွယ်များဖြစ်ပြီး ဘယ်သောအခါမျှ အလျှော့ပေးမည် မဟုတ်ပေ။

"ရှေးဟောင်းမြင့်မြတ်ခန္ဓာဆိုတာ ပြိုင်ဘက်ကင်းတဲ့ မျိုးရိုးတစ်ခုပဲ။ မိုးနဲ့မြေကို ခြေနဲ့ကန် လက်ဝါးနဲ့ရိုက်ပြီး ပြိုကွဲစေနိုင်တယ်။ စကြာဝဠာအားလုံးက မြင့်မြတ်ခန္ဓာကို လေးစားကြရတယ်။ ကောင်းကင်ကိုးခုနဲ့ ကမ္ဘာမြေဆယ်ခုမှာ ရှေးဟောင်းမြင့်မြတ်ခန္ဓာက ပြိုင်ဘက်မရှိဘူး"

ကျွင်းရှောင်ယောက်က သူ့ဘာသာသူ ရေရွတ်လိုက်သည်။ သူ့ထံမှ ကြီးမားသော စွမ်းအင်အတက်အကျများ ထွက်ပေါ်လာခဲ့၏။

ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ကြွယ်ဝသော သွေးအနှစ်သာရက သွေးနဂါးအဖြစ် ပြောင်းလဲသွားပုံရပြီး ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ထဲကို တိုက်ရိုက် စိမ့်ဝင်သွားတော့သည်။

ရှေးဟောင်းမြင့်မြတ်ခန္ဓာ သွေးအနှစ်သာရများကို စုပ်ယူနေစဉ်တွင် ကျွင်းရှောင်ယောက်က ရှေးဟောင်းစာမူအချို့ကို ဖတ်ရှုလိုက်သည်။

မတူညီသော တာအိုခန္ဓာများတွင် ဝှက်ဖဲနည်းလမ်းများနှင့် လေ့ကျင့်နည်းများ ကွဲပြား၏။

ဥပမာအားဖြင့်၊ ကောင်းကင်အသျှင်ခန္ဓာတွင် ပြိုင်ဘက်ကင်း‌သော နတ်သဏ္ဍာန်ကိုးခု ရှိသည်။

ရှေးဟောင်းမြင့်မြတ်ခန္ဓာမှာတော့ ရူပါရုံခြောက်ခု ရှိ၏။ ရူပါရုံအားလုံး ပြည့်စုံပါက ပြန်လည်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ဖန်တီးကာ ရန်သူအားလုံးကို အလျားလိုက် တွန်းထုတ်နိုင်သည်။

ယခင်က ကျွင်းရှောင်ယောက်သည် သူတော်စင်တစ်သောင်း အရိုအ‌သေပေးခြင်းနှင့် အင်မော်တယ်ဘုရင်လင်းကျိုးထျန်း ရူပါရုံများကို ပိုင်ဆိုင်ထားခဲ့သည်။

ယခုအခါ၊ ရှေးဘိုးဘေးများ၏ ဤလက်ရေးစာမူများဖြင့် ကျွင်းရှောင်ယောက်သည် သူ၏ကိုယ်ပိုင်အရည်အချင်းမရ ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ရူပါရုံအသစ်တစ်ခုကို နားလည်ရန် ပြဿနာမရှိဟု ယုံကြည်သည်။

'ဒီတစ်ခါ လေ့ကျင့်ပြီးရင် ငါ့ရဲ့ခွန်အားက ဘယ်အတိုင်းအတာအထိ ရောက်နိုင်မလဲ'

ကျွင်းရှောင်ယောက်ကိုယ်တိုင်လည်း အလွန် သိချင်ခဲ့သည်။

ယခုအခါမှာပင် အဆုံးစွန်ရှေးဟောင်းလမ်းမှာ သူ့ကိုခြိမ်းခြောက်နိုင်သူ မဆိုထားနှင့်...

သူ၏ပြိုင်ဘက်အဖြစ် သတ်မှတ်ရန် အရည်အချင်းပြည့်မီသူပင် အများအပြား မရှိပေ။

ယခုအခါ ရှေးဟောင်းလမ်း၏ နက်နဲရာအရပ်မှ တားမြစ်ပါရမီရှင်များသာ သူ့အာရုံကို ဖမ်းစားနိုင်လောက်သည်။

သို့သော်လည်း ဤလေ့ကျင့်မှုက ကျွင်းရှောင်ယောက်ကို ကြိုတင်သတိပေးချက်တစ်ခု ခံစားရစေခဲ့သည်။

အချိန်ကျပါက ထိုတားမြစ်ပါရမီရှင်များပင် အရေးမပါတော့ပေ။

အင်မော်တယ်အင်အားစုများ၏ ဆက်ခံသူ၊ အသွင်ပြောင်းခြင်းကိုးခု နတ်ပိုးကောင်၊ လူသားအင်မော်တယ်ဂိုဏ်း၏ လျှို့ဝှက်ဆန်းကြယ်သော တားမြစ်ပါရမီရှင်များ၊ သူတော်စင်ဂိုဏ်း၏ သားတော်များ၊ အင်မော်တယ်ဓားပြများ...

ဤလူများအားလုံးက သူ့နောက်ကျောကို မော့ကြည့်ရန်သာ ထိုက်တန်မည်။

ထို့နောက်တွင် ကျွင်းရှောင်ယောက်က လေ့ကျင့်မှုသို့ နစ်မြုပ်သွားခဲ့သည်။

ဝူဟူကတော့ နင်သဲဖာကိုစေလွှတ်ပြီး ဟွမ်ကျေးရွာမှလူများကို ရှေးဟောင်းနန်းတော်သို့ အမြန်ပို့ဆောင်ရန် ဆုံးဖြတ်ခဲ့၏။

စန်းမိသားစု ရောက်လာပါက ဟွမ်ကျေးရွာမှလူများကို ဖမ်းဆီးကာ ခြိမ်းခြောက်မည်အား သူ စိုးရိမ်သောကြောင့် ဖြစ်သည်။

"ဦးလေး၊ အစ်ကို၊ ကြက်ကင်အဆင်သင့်ဖြစ်ပြီလား"

ရှောင်ရွယ်ရွယ်က မျက်လုံးဝိုင်းဝိုင်းလေးနှင့် အပြစ်ကင်းစွာပြောလိုက်သည်။

"ရွယ်အာ၊ မေးခွန်းတွေ မမေးတော့နဲ့"

နင်သဲဖာက တားဆီးလိုက်၏။

အိုမင်းသော သူ့မျက်နှာက တည်ကြည်လေးနက်ကာ တစ်စုံတစ်ခုကို ယောင်ဝါးဝါး ခံစားနေရသည်။

နောက်ပိုင်းတွင် ကြီးမားသော အချိုးအကွေ့တစ်ခု ရှိကောင်းရှိလိမ့်မည်။

သို့သော်လည်း ဤအခြေအနေနှင့်ပတ်သက်ပြီး နင်သဲဖာက မကြောက်ပါ။

အကြောင်းမှာ ဤအရှက်တရားနှင့် သည်းခံခြင်းမျိုးကို ငြီးငွေ့နေပြီ ဖြစ်သောကြောင့် ဖြစ်သည်။

ကျွင်းရှောင်ယောက် ရောက်ရှိလာခြင်းက အရာအားလုံးကို ပြောင်းလဲသွားစေနိုင်ပေသည်။

ပျက်စီးခြင်းကြယ်တစ်ခုလုံး၏ လေထုက ထူးထူးခြားခြား ဖြစ်လာပုံရသည်။

တစ်ဖက်တွင်၊ ပါ့ရှင်း စန်းမိသားစုသည်လည်း အပြောင်းအလဲ ရှိခဲ့သည်။

ကျွင်းရှောင်ယောက် ထုတ်လွှတ်ခဲ့သော အရှိန်အဝါက စန်းမိသားစု၏ အစွမ်းထက် တည်ရှိမှူများကို သတိပေးခဲ့ပေသည်။

ဤအခိုက်တွင် စန်းမိသားစု၌ အဓိပဓိတစ်ပါးက အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ပျက်စီးခြင်း ရှေးဟောင်းနန်းတော်နဲ့ အောက်ဆုံးရောက်နေတဲ့ နန်းတော်စောင့်အမျိုးအနွယ်က လှိုင်းလုံးတွေနဲ့ ဘောင်ခတ်ချင်နေသေးတာလား"

"အရင်ကတော့ မင်းတို့ မြင့်မြတ်ခန္ဓာမျိုးရိုးက နှိမ့်ချလွန်းတာကြောင့် ချမ်းသာပေးခဲ့တယ်"

"ဒါပေမဲ့ အခုတော့ မလိုတော့ဘူး"

စန်းမိသားစု၏ အဓိပဓိက ပြောပြီးသည်နှင့် သူ့လက်ကို ဆန့်တန်းလိုက်သည်။

ဟင်းလင်းပြင်က တိုက်ရိုက် ပြိုကွဲသွား၏။

အဓိပဓိစွမ်းအားတို့ ပြည့်နှက်နေသော နိယာမလက်ကြီးတစ်ဖက်က ဟင်းလင်းပြင်ကိုဖြတ်ကျော်ကာ ပျက်စီးခြင်းကြယ်ဆီသို့ ရွေ့လျားသွားတော့သည်။

ဤလက်ဝါးကြီးသာ ကျရောက်လာပါက ပျက်စီးခြင်းကြယ်တစ်ခုလုံး တိုက်ရိုက် ကွဲကြေစေနိုင်သည်။

အနည်းဆုံးတော့ ဟွမ်ကျေးရွာနှင့် ရှေးဟောင်းနန်းတော်ကို အတူတကွ မြှုပ်နှံနိုင်လိမ့်မည်။

ဤအခိုက်တွင်၊ စကြဝဠာ၏ နက်နဲသောအရပ်မှ နိယာမစွမ်းအားများနှင့် နောက်လက်ကြီးတစ်ဖက်က စန်းမိသားစုမှ အဓိပဓိ၏လက်ကြီးကို တိုက်ရိုက်ပိတ်ဆို့သွားခဲ့သည်။

"ဟင်၊ တရားစီရင်သူလား"

စန်းမိသားစုမှ အဓိပဓိက မျက်မှောင်ကြုတ်ပြီး လေထုကိုထွင်းဖောက်ကာ လှမ်းကြည့်လိုက်၏။

တိုက်ခိုက်လိုက်သူက ရှေးဟောင်းလမ်း၏ တရားစီရင်သူ ထိုပါ့ကျန်းဖြစ်ကြောင်း သူ မြင်လိုက်ရသည်။

"အဓိပဓိတွေကို ရှေးဟောင်းလမ်းရဲ့ တိုက်ပွဲတွေမှာ ဝင်ပြီးစွတ်ဖက်ခွင့်မပြုထားဘူး"

ထိုပါ့ကျန်းက ပြောလိုက်သည်။

စန်းမိသားစုမှ အဓိပဓိ၏မျက်နှာက အနည်းငယ် မှုန်ကုပ်သွား၏။

ရှေးဟောင်းလမ်း၏ တရားစီရင်သူကို ဝင်ရောက်စွတ်ဖက်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

ခဏကြာတော့ စန်းမိသားစုအတွင်းမှ မတည်ငြိမ်မှုများ ခေတ္တရပ်သွားသည်ာ

သို့သော်လည်း ဤငြိမ်သက်မှုက ကြာရှည်မခံကြောင်း ထင်ရှားလှပေသည်။

ရှေးဟောင်းမြို့အထက် ကောင်းကင်ယံတွင်...

ရွှေရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသည့် ထိုပါ့ကျန်းက လက်နှစ်ဖက်ကိုနောက်ပစ်ပြီး ရပ်နေသည်။ သူက ပျက်စီးခြင်းကြယ်ဘက်ကို သဘောကျနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့၏။

"နတ်ဘုရားသားတော်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ သူက မြင့်မြတ်ခန္ဓာရဲ့ ခွင့်ပြုချက်ကို အမှန်တကယ် ရနိုင်ခဲ့တယ်"

"အခုတော့ ငါသိချင်မိတယ်။ နတ်ဘုရားသားတော်က နောက်ထပ် ဘယ်အတိုင်းအတာအထိ အောင်မြင်လာမှာလဲ"

All Chapters