← Chapters

အခန်း ၆၉၆

Vol. 47 Ch. 696

အခန်း ၆၉၆

Vol. 47 Ch. 696

အခန်း ( ၆၉၆ ) စန်းမိသားစုမှ တပ်မဟာ စေလွှတ်ခြင်း၊ အမြစ်ဖြတ်တိုက်ပွဲ။

ရှေးဟောင်းလမ်း၏ ခုနစ်ဆယ်မြောက်အဆင့်မှ ရှေးမြို့ဟောင်းတွင် အားလုံး စုရုံးခဲ့ကြသည်။

အများအားဖြင့် တွေ့ရခဲသော ပါရမီရှင်များ တစ်ဦးပြီးတစ်ဦး ပေါ်လာသည်အား မြင်ရသောအခါ ကျင့်ကြံသူ အတော်များများ ထုံကျဉ်သွား၏။

ဤပါရမီရှင်များက စူးစမ်းလိုစိတ်ဖြင့် အသျှင်ကြယ်နှင့် အောင်နိုင်သူကြယ်ကို စောင့်ကြည့်နေခဲ့ကြသည်။

သူတို့အားလုံး တိုက်ပွဲကောင်းတစ်ခုကို စောင့်မျှော်နေခဲ့ကြပေသည်။

အချိန်များ ကုန်လွန်သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း လပေါင်းများစွာ ကြာသွားပြီ။

ပါရမီရှင်အတော်များများလည်း စိတ်ရှုပ်ထွေးစ ပြုလာခဲ့ကြသည်။ လအတော်ကြာသွားသည့်တိုင် အခြေအနေက အရင်အတိုင်း ဆက်ရှိနေမည်ဟု မမျှော်လင့်ထားပေ။

"ဘာတွေဖြစ်နေတာလဲ၊ ပါ့ရှင်း စန်းမိသားစုက ဘာဖြစ်လို့ လှုပ်ရှားမှုမရှိရတာလဲ"

"မသိဘူးလေ၊ ဒါက လွန်ခဲ့တဲ့ လအနည်းငယ်က စကြဝဠာရဲ့ နက်နဲရာကနေ ထွက်လာခဲ့တဲ့ အဓိပဓိလှိုင်းနဲ့များ ဆက်စပ်နိုင်မလား"

ကျင့်ကြံသူတချို့က မှန်းဆပြောဆိုခဲ့ကြသည်။

စန်းမိသားစုက ဘာကြောင့် ဤမျှကြာသည်အထိ ငြိမ်နေသည်ကို လူအများ မသိကြတာက သဘာဝပင်။

ထိုသို့ဖြစ်ရခြင်းမှ တရားစီရင်သူ ထိုပါ့ကျန်းက စန်းမိသားစုအား လှုပ်ရှားခြင်းမှ တားမြစ်ထားသောကြောင့် ဖြစ်သည်။

ယင်းကြောင့် စန်းမိသားစုသည် လနှင့်ချီကာ ဖိနှိပ်ခံခဲ့ရသည်။

သို့သော်လည်း လအနည်းငယ်ကြာပြီးနောက်မှာတော့ စန်းမသားစု သည်းမခံနိုင်တော့ပေ။

ကျွင်းရှောင်ယောက် ရောက်နေပြီမှန်း သူတို့ သိကြသည်။ ကျွင်းရှောင်ယောက်က ဟွမ်ကျေးရွာနှင့် ပျက်စီးခြင်း ရှေးဟောင်းနန်းတော်မှ ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် အဆက်အသွယ် ရခဲ့ပြီဖြစ်ကြောင်းကိုလည်း သူတို့သိကြ၏။

၎င်းတို့သည် မည်သည့် အပြောင်းအလဲမှ ဖြစ်ပေါ်ရန် ခွင့်မပြုနိုင်ပေ။

စန်းမိသားစု၏ ခန်းမထဲတွင် ခရမ်းရောင်ဆံပင်နှင့် အရှိန်အဝါကြီးသော အမျိုးသားတစ်ယောက် ရှိနေသည်။ သူ့မျက်လုံးများက နက်ရှိုင်းပြီး ခရမ်းရောင်ကြယ်နှစ်စင်း လှည့်ပတ်နေသလို ကြောက်စရာကောင်း၏။

ထိုသူသည်ကား စန်းမိသားစု၏ တားမြစ်တည်ရှိမှုပင် ဖြစ်တော့သည်။

သူသည် ထိုအသျှင်ခန္ဓာ၏ နောက်လိုက်တစ်ဦးလည်း ဖြစ်သည်။

"အကြီးအကဲတို့၊ ကျုပ်တို့ ဘာဖြစ်လို့ ပျက်စီးခြင်းကြယ်ကိုသွားပြီး ဟွမ်ကျေးရွာနဲ့ ပျက်စီးခြင်းရှေးဟောင်းနန်းတော်ကို တိုက်ရိုက်မဖျက်ဆီးကြတာလဲ"

စန်းယွမ်၏ လေသံက အေးစက်သည်။ သူသည် အနည်းငယ်လည်း စိတ်ရှုပ်ထွေးနေပုံရ၏။

ခန်းမထဲမှာတော့ စန်းမိသားစု၏ အကြီးအကဲများစွာ ရှိကြသည်။

၎င်းတို့ထဲမှ တစ်ဦးက ပြောသည်။

"အရင်တုန်းက ဘိုးဘေး လှုပ်ရှားခဲ့ဖူးပါတယ်၊ ဒါပေမဲ့ ရှေးဟောင်းလမ်းရဲ့ တရားစီရင်သူက တားမြစ်ခဲ့တယ်။ အဲဒီ တရားစီရင်သူက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်နဲ့ အများကြီး ပတ်သက်နေပုံပဲ"

"အဲဒီတော့ ဘာဖြစ်လဲ။ ဒီကိစ္စမှာ ဘိုးဘေးနဲ့ အခြားအဓိပဓိတွေကို ခွင့်မပြုပေမဲ့ ကျုပ်တို့လှုပ်ရှားရင် အဲဒီတရားစီရင်သူက တားဆီးနိုင်မှာလား"

စန်းယွမ်က ပြော၏။

ထိုစကားက အကြီးအကဲများကို အနည်းငယ် လှုပ်ရှားသွားစေခဲ့သည်။

စန်းမိသားစု၏ဘိုးဘေးများ မလှုပ်ရှားနိုင်လျှင်ပင် သူတို့ကတော့ လှုပ်ရှားနိုင်သည်။

စန်းယွမ်နှင့် အခြားသူများကို တားဆီးသည်အထိ တရားစီရင်သူများက ၎င်းတို့၏ အဆင့်အတန်းကို မနှိမ့်ချသင့်ပေ။

ထို့နောက်တွင်၊ စန်းမိသားစုက လူတစ်သောင်းရှိသော အဖွဲ့တစ်ခုကို စည်းရုံးခဲ့သည်။

သူတို့က ဟွမ်ကျေးရွာနှင့် ပျက်စီးခြင်းရှေးဟောင်းနန်းတော်တစ်ခုလုံးကို အမြစ်ပါမကျန်အောင် ဖြတ်တောက်ပစ်ရန် ပြင်ဆင်နေခဲ့၏။

ယခင်က ကျွင်းရှောင်ယောက်မရှိသောကြောင့် သူတို့က ဟွမ်ကျေးရွာကို ဆက်လက် ရှင်သန်ခွင့်ပေးခဲ့သည်။ သူတို့ ပျင်းလာလျှင်ပင် ၎င်းတို့ကို အရှက်ခွဲပြီး ပျော်ရွှင်နိုင်သေးသည်။

သို့သော်လည်း ယခုမူ ကျွင်းရှောင်ယောက် ရောက်ရှိလာပြီမို့ အရာအားလုံးက မတူတော့ပေ။

ကျွင်းရှောင်ယောက်၏ အထောက်အထားနှင့် နောက်ခံအရ၊ ပျက်စီးခြင်းရှေးဟောင်းနန်းတော်နှင့် ဟွမ်ကျေးရွာကိုပံ့ပိုးရန် မဖြစ်နိုင်တာ မဟုတ်ချေ။

စန်းမိသားစု၏ လူတစ်သောင်းက အရှိန်အဝါကြီးစွာ စုရုံးခဲ့ကြသည်။

ဤလူတစ်သောင်းအဖွဲ့အပြင်၊ စန်းယွမ်ဦးဆောင်သော စန်းမိသားစု၏ ရာနှင့်ချီသည့် တပည့်တပ်မဟာများ ရှိသေးသည်။

သူတို့ကို စုံစမ်းစစ်ဆေးသူနှင့် သတ်ဖြတ်သူအဖြစ် မှတ်ယူနိုင်သည်။ သူတို့၏လက်တွင် နန်းတော်စောင့်မျိုးနွယ်များစွာ၏ သွေးများဖြင့် စွန်းထင်းခဲ့ပေသည်။

အသျှင်ခန္ဓာနှင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာက ရန်သူဟောင်းများ ဖြစ်သကဲ့သို့...

စန်းမိသားစုနှင့် နန်းတော်စောင့်များသည်လည်း တူညီသော သဘောထားရှိကာ ကံကြမ္မာရန်သူများ ဖြစ်ခဲ့သည်။

ထို့ပြင်၊ သူတော်စင်ဘုရင်နှင့် မဟာသူတော်စင်နယ်အကြား ခွန်အားရှိသည့် စန်းမိသားစု၏ အကြီးအကဲများအားလုံးလည်း ရှိသေးသည်။

ထိုပါ့ကျန်းမှ ထပ်မံတားဆီးမည်ကို စိုးရိမ်သောကြောင့် ပို၍သန်မာသော အကြီးအကဲများကိုတော့ မစေလွှတ်ခဲ့ရပါ။

သို့တိုင် အသျှင်ကြယ်တစ်ခုလုံး ရုတ်တရက် တုန်ခါသွားရသည်။

ထို့ပြင်၊ ကြယ်ကောင်းကင်ရှိ ရှေးမြို့ဟောင်းမှ...

ပါရမီရှင် တော်တော်များများလည်း ဤအတက်အကျမျိုးကို ခံစားမိခဲ့ကြပေသည်။

"ကြည့်ကြစမ်း၊ အသျှင်ကြယ်က လှုပ်ရှားနေပြီ"

"အိုး၊ အဲဒါ တပ်မဟာတွေပဲ"

"ဟိုလူက စန်းမိသားစုရဲ့ တားမြစ်ပါရမီရှင် စန်းယွမ်ပေါ့။ သူက အသျှင်ခန္ဓာရဲ့ နောက်လိုက်ဖြစ်ပြီး အတော်အစွမ်းထက်တယ်လို့ ကြားတယ်"

"စန်းမိသားစုက သူတော်စင်ဘုရင်နဲ့ မဟာသူတော်စင် အကြီးအကဲအချို့လည်း ရှိသေးတယ်"

"ဒါက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်နဲ့ ရင်ဆိုင်ကြမှာလား။ ဒါပေမဲ့ သူတို့က မျိုးသုဉ်းသတ်ဖြတ်ဖို့ လုပ်နေတာလို့ ဘာကြောင့် ခံစားနေရတာလဲ"

ရှေးမြို့ဟောင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။

ပါရမီရှင်အတော်များများက မနေနိုင်တော့ဘဲ လေထဲမှပျံသန်းကာ ဤတိုက်ပွဲကြီးကို သက်သေပြရန် ပျက်စီးခြင်းကြယ်သို့ ထွက်ခွာသွားတော့သည်။

"စိတ်ဝင်စားစရာပဲ၊ သွားကြည့်ရအောင်"

ရူယင်းသည်လည်း ကျောက်စိမ်းလှေကိုစီးကာ ထွက်ခွာသွားခဲ့သည်။

"နောက်ဆုံးတော့ နင့်ကို ငါပြန်တွေ့ရတော့မယ်။ နင်က အရင်အတိုင်း မဖြစ်နိုင်တဲ့ အံ့ဖွယ်အမှုတွေကို အလွယ်တကူဖန်တီးနိုင်ဦးမလား ငါသိချင်မိပါရဲ့..."

ကျိချင်းရီလည်း ရေရွတ်ပြီး ကြာပလ္လင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ပျံသန်းသွားလေသည်။

ရှန့်ရွယ်ရီ၊ ကျူရှန်းဓားပြဆယ့်သုံးယောက်၊ မြင့်မြတ်ဝိညာဉ်ကျွန်း၊ ချင်မိသားစုနှင့် အခြားသူများသည်လည်း ပျက်စီးခြင်းကြယ်ဆီသို့ ထွက်ခွာသွားကြသည်။

ရှေးမြို့ဟောင်းအထက် နက်ရှိုင်းသော ဟင်းလင်းပြင်တစ်နေရာမှာတော့... ကြယ်တစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ထိုပါ့ကျန်း ရှိနေသည်။ အသျှင်ကြယ်မှ ရွက်လွှင့်လာသော အင်အားကြီးအဖွဲ့ကို မြင်လိုက်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်သွားမိ၏။

"နတ်ဘုရားသားတော်ရဲ့ အစွမ်းသတ္တိနဲ့ ဒါကို ကိုင်တွယ်နိုင်သင့်တယ်။ မဟုတ်ရင်တော့ ငါ ကြားဝင်သင့်ဝင်ပါရဦးမှာပဲ"

ထိုပါ့ကျန်းက ရေရွတ်လိုက်သည်။

စန်းမိသားစု၏ တပ်မဟာများက ပျက်စီးခြင်းကြယ်သို့ ချီတက်လာစဉ်တွင်...

ပျက်စီးခြင်းကြယ်၊ ရှေးဟောင်းနန်းတော်တွင်းမှ ခန်းမတွင် တင်ပျဉ်ခွေထိုင်နေသော ဝူဟူက ရုတ်တရက် မျက်လုံးပွင့်လာသည်။

သူ့မျက်လုံးများက ကြောက်စရာကောင်း‌သော လျှပ်စီးများ လင်းလက်သွား၏။

"နောက်ဆုံးတော့ ရောက်လာကြပြီလား။ ငါထင်ထားတာထက် လနည်းနည်းတောင်မှ နောက်ကျတယ်"

ဝူဟူက နန်းတော်တံခါးမှထွက်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

“သခင်…”

ပတ်၀န်းကျင်တွင် လူတစ်ထောင်နီးပါး ရှိနေကြ၏။ ၎င်းတို့အားလုံးက ဟွမ်ကျေးရွာမှ ပြောင်းရွှေ့လာကြသော ရွာသားများ ဖြစ်သည်။

"ဦးလေး ဘာဖြစ်လို့လဲ"

ရှောင်ရွယ်ရွယ်က ရှေ့သို့ တိုးလာပြီး ဝူဟူ၏ အဝတ်ထောင့်စွန်းကို ဆွဲကာ မေးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ မင်းတို့အားလုံး ခန်းမထဲကို ဝင်ကြ"

"သခင်ဝူဟူ၊ သူတို့ဒီကို ရောက်လာကြလို့လား"

နင်သဲဖာက တစ်ခုခုကို တွေးနေသလို စိတ်ပူနေသော မျက်နှာနှင့် မေးသည်။

"စိတ်ချပါ၊ ဘာမှဖြစ်မှာမဟုတ်ဘူး"

ဝူဟူက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

"ဦးလေး၊ ကျွန်တော်လည်း ဦးလေးနဲ့အတူ နေချင်တယ်"

နင်ချန်က ကျားပေါက်လေးတစ်ကောင်ကဲ့သို့ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။

ယင်းကိုမြင်တော့ ဝူဟူက နင်ချန်ဦးခေါင်းကို ညင်သာစွာ ပွတ်လိုက်၏။

"မင်း အရွယ်ရောက်မှ ဒီအကြောင်းပြောကြတာပေါ့။ အခုတော့ မင်းက မီးပွားလေးမို့လို့ သတိထားရဦးမယ်"

"မီးပွားတစ်ခုက မြက်ခင်းပြင်တစ်ခုလုံးကို လောင်ကျွမ်းစေနိုင်တယ်"

ဝူဟူ၏စကားများက သူ၏သေဆုံးမှုအတွက် ပြင်ဆင်နေသလို လူများကို ခံစားရစေခဲ့သည်။

နင်ချန်နှင့် ရှောင်ရွယ်ရွယ်ပင်လျှင် တစ်စုံတစ်ခု မှားနေပြီဟု ယောင်ဝါးဝါး ခံစားလိုက်မိသည်။

"ဦးလေး၊ ဦးလေး ဘာမှမဖြစ်ဘူး မဟုတ်လား"

နင်ချန်က မေး၏။

"စိတ်ချပါ၊ ငါ့ရဲ့မြင့်မြတ်ခန္ဓာမျိုးရိုးက ကမ္ဘာရဲ့ကျောရိုးပဲ။ ဘယ်သူမှ ငါတို့ကို ကိုင်းညွှတ်စေလို့မရဘူး"

ထိုအခိုက်တွင်...

ပျက်စီးခြင်းကြယ်အထက် ကောင်းကင်ယံ၌ မိုးခြိမ်းသံကဲ့သို့ ထစ်ချုန်းသံနှင့် ကြောက်စရာကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။

ပျက်စီးခြင်းကြယ်မှ မြို့များစွာရှိ ကျင့်ကြံသူများသည်လည်း ထိတ်လန့်တကြားဖြစ်ကာ ကောင်းကင်ကို မော့ကြည့်လိုက်၏။

ရှည်လျားသော အနက်ရောင်နဂါးကြီးကဲ့သို့ တပ်မဟာကို မြင်လိုက်ရသောအခါ ကျင့်ကြံသူများအားလုံး အလွန် အံ့သြထိတ်လန့်သွားတော့သည်။

"အဲဒါ... စန်းမိသားစုရဲ့အဖွဲ့ပဲ"

တစ်စုံတစ်ယောက်က ‌မနေနိုင်ဘဲ အော်လိုက်သည်။

"ဘာတွေဖြစ်နေတာလဲ၊ စန်းမိသားစုက ဘာကြောင့် ပျက်စီးခြင်းကြယ်ဆီကို တပ်မဟာကြီး စေလွှတ်လိုက်တာလဲ"

"သူတို့ ဦးတည်နေတဲ့ လမ်းကြောင်းကို ကြည့်လိုက်ရင်တော့ ဟွမ်ကျေးရွာရဲ့ တားမြစ်နယ်မြေကို သွားသင့်တယ်"

"ငါသိပြီ၊ ပျက်စီးခြင်းကြယ် အပြင်ဘက်ကလာတဲ့ ကျွမ်းကျင်သူက စန်းမိသားစုဝင်အချို့ကို သတ်ခဲ့တယ်လို့ ကြားတယ်။ ဒါက အဲဒီအကြောင်းကြောင့်များ ဖြစ်နိုင်မလား"

ပျက်စီးခြင်းကြယ်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများကလည်း စူးစမ်းလိုစိတ်ဖြင့် ဟွမ်ကျေးရွာနှငပ် ရှေးဟောင်းနန်းတော်ဆီသို့ ဦးတည်သွားကြတော့သည်။

အတိုချုပ်ပြောရလျှင် ပျက်စီးခြင်းကြယ်မှ ကျင့်ကြံသူများ သို့မဟုတ် ကြယ်ကောင်းကင်ရှိ ရှေးမြို့တော်မှ ပါရမီရှင်များဖြစ်စေ လာမည့်တိုက်ပွဲကို သက်သေခံရန် စုရုံးခဲ့ကြသည်။

ဤတိုက်ပွဲက စိတ်ဓာတ်တက်ကြွစေသလို ကြေကွဲဖွယ်ကောင်းကောင်းသော တိုက်ပွဲဖြစ်မည်မှာ အသေအချာပင် ဖြစ်တော့သည်။

All Chapters