အခန်း ၆၉၇
Vol. 47 Ch. 697
အခန်း ( ၆၉၇ ) ဒီမျဉ်းကို ဖြတ်ဝံ့သူတိုင်း သေရမယ်၊ ကျောက်စာချပ်နှင့် ဖိနှိပ်ခြင်း၊ နောက်ဆုံးသော ရှေးဟောင်းမြင့်မြတ်ခန္ဓာ။
အလံများက တလူလူလွင့်နေကာ သတ်ဖြတ်မှု အငွေ့အသက်များလည်း လေထဲတွင်ပြည့်နေသည်။
လူတစ်သောင်းရှိသော စန်းမိသားစုအဖွဲ့က ရှည်လျားသော အနက်ရောင်နဂါးကြီးကဲ့သို့ ပျက်စီးခြင်းကြယ်ကောင်းကင်ကို ဖြတ်ကျော်သွား၏။
၎င်းတို့ထဲတွင် စန်းမိသားစုမှ လူငယ်ပါရမီရှင်များ၊ သူတော်စင်ဘုရင်နှင့် မဟာသူတော်စင်များ ရာချီကာ ရှိသည်။
ဤအင်အားက အင်မော်တယ် အင်အားစုများအတွက် ဘာမျှမဟုတ်ပါ။
သို့ရာတွင်၊ ယခုအခါ ပျက်စီးဆုတ်ယုတ်နေသော ဟွမ်ကျေးရွာနှင့် ပျက်စီးခြင်း ရှေးဟောင်းနန်းတော်အတွက်တော့ အင်အားကြီးမားသော တပ်မဟာကြီးတစ်ခုဖြစ်မည်မှာ သေချာသည်။
ရှေးဟောင်းနန်းတော်၏ အရှေ့တွင်၊ ဝူဟူက ခေါင်းကိုမော့ပြီး ကောင်းကင်ယံမှ အင်အားကြီးမားသော တပ်မဟာကြီး ရောက်ရှိလာသည်ကို ကြည့်နေသည်။
သူ၏ မှုန်ရီဝေသော မျက်လုံးများမှာတော့ တည်ငြိမ်ပြီး လျစ်လျူရှုမှုတို့သာ ရှိ၏။
မကြောက်ဘူး၊ သူ လုံးဝ မကြောက်ဘူး။
ရှေးဟောင်းမြင့်မြတ်ခန္ဓာတို့၏ အဘိဓာန်တွင် ကြောက်ရွံ့ခြင်းဟူသော စကားလုံး မရှိပေ။
"ဒါက စန်းမိသားစုရဲ့ လူတွေပဲ"
ဟွမ်ကျေးရွာ၏ ကျန်သော ရွာသူရွာသားများကလည်း ကောင်းကင်ယံမှ အားကောင်းသော တပ်မဟာကြီးကို သတိထားမိသည်။
သို့သော်လည်း သူတို့၏ တိုက်ခိုက်ချင်စိတ်က အားကောင်းလွန်းပေသည်။
"ဒီမှာ ဘာတွေဖြစ်နေတာလဲ၊ စန်းမိသားစုက မျိုးဖြုတ်တိုက်ခိုက်တော့မှာလား"
"သူတိုက ငါ့ဟွမ်ကျေးရွာကို တကယ် ဖျက်ဆီးချင်နေတာပဲ"
ဟွမ်ရွာသားအချို့က လက်သီးများကို တင်းတင်း ဆုပ်လိုက်သည်။ သူတို့မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှုနှင့် ဒေါသတို့ ပေါ်လာခဲ့၏။
သူတို့က ဤအခြေအနေထိ ရောက်ရှိနေပြီဖြစ်သော်လည်း စန်းမိသားစုက ၎င်းတို့အား လွှတ်ပေးရန် ဆန္ဒမရှိသေးပေ။
"ခဏနေရင် ငါ့နောက်ကို လိုက်ခဲ့ကြ"
ဝူဟူက အော်လိုက်သည်။
ရွာသူရွာသား တစ်ထောင်နီးပါးလည်း ရှေးဟောင်းနန်းတော်သို့ ဆုတ်ခွာသွားကြ၏။
မြောက်လေက အေးစက်လာပြီး အဝါရောင်သဲများကလည်း ပြင်းထန်လာသည်။
ဝူဟူက ရှေးဟောင်းနန်းတော်ရှေ့တွင် တစ်ယောက်တည်း ရပ်လျက် ကျန်ခဲ့သည်။
မုတ်ဆိတ်ဗရပျစ်၊ ရှုပ်ပွနေသော အနက်ရောင်ဆံပင်၊ ရိုးရိုးရှင်းရှင်း မီးခိုးရောင်အဝတ်အစားများဖြင့် သူ့ပုံစံက သာမန်အသွင်အပြင်သာ ရှိပေသည်။
သူ့ပုံစံမှာ ရည်မှန်းချက်ပန်းတိုင်ကိုရောက်အောင် မလျှောက်နိုင်တော့သော လူတစ်ယောက်နှင့် တူလှသည်။
သူ့လက်နှင့်ခြေတွင် ခြေချင်းချိတ်များရှိပြီး ပခုံးမှာလည်း သံကြိုးဖြင့် ထိုးဖောက်ထားသည်။
သူ့နောက်ကျောမှာပင် သူ့ကို အရှက်ခွဲရန် ယခင်ကရန်သူ ချန်ထားခဲ့သည့် ကျောက်စာချပ်တစ်ခု ရှိသေးသည်။
အကြောင်းမသိပါက ဝူဟူကို ရှေးဟောင်းမြင့်မြတ်ခန္ဓာဟု မည်သူမျှ ထင်မည်မဟုတ်ဟု ဆိုနိုင်သည်။
"ငါဟာ ရှေးဟောင်းမြင့်မြတ်ခန္ဓာမျိုးရိုးအတွက် အရှက်ရစရာ တည်ရှိမှုတစ်ခု ဖြစ်ခဲ့တယ်။ ဒီတစ်ခါတော့ နောက်ဆုံးအလင်းရောင်အနေနဲ့ နည်းနည်း တောက်ပခဲ့ပါရစေ"
ဝူဟူက သူ့နှလုံးသားထဲမှ ရေရွတ်လိုက်သည်။
ဤအချိန်တွင်၊ စန်းမိသားစု၏အဖွဲ့က နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ တပ်သားများနှင့် စစ်သူကြီးကဲ့သို့ လူများက ကောင်းကင်ပေါ်တွင် ရပ်နေကြ၏။
တစ်ဖက်မှာတော့၊ ရှေးဟောင်းနန်းတော်ဘက်တွင် အထိမ်းအမှတ်တစ်ခုလို တစ်ယောက်တည်းရပ်နေသော ဝူဟူတစ်ယောက်သာ ရှိသည်။
"အရှုံးသမား၊ ကျွင်းရှောင်ယောက် ဘယ်မှာလဲ"
စန်းမိသားစု၏ အဖွဲ့ထဲမှ အဘိုးကြီးတစ်ယောက်က လျစ်လျူရှုစွာ မေးလိုက်သည်။
၎င်းက စန်းမိသားစု၏ ပဉ္စမမြောက် အကြီးအကဲဖြစ်ကာ မဟာသူတော်စင်နယ်ပယ်တွင် ရှိပေသည်။
ဝူဟူကတော့ သူ့ကို နာမည်အစား အရှုံးသမားဟု ခေါ်လိုက်သည့်တိုင် အမူအရာမပြောင်းပါ။
"ဟားဟားဟား၊ သူက ဘိုးဘေးတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှုအောက်မှာ ရှုံးနိမ့်သွားတဲ့ စစ်သူကြီးတစ်ယောက်ပဲ။ သူ့ရဲ့တည်ရှိမှုကလည်း အကျဉ်းသားတစ်ယောက်ထက် မပိုဘူး။ သူင ဒီလို သဘောထားကို ဘယ်လိုပြဝံ့တာလဲ"
စန်းမိသားစု၏ ဆဌမမြောက် အကြီးအကဲက လှောင်ပြောင်လိုက်၏။
"ဒီနေ့တော့ ငါသည်းမခံတော့ဘူး။ နောက်ဆုတ်ပါ၊ မဟုတ်ရင် တိုက်ခိုက်ဖို့ပဲ ရှိတယ်"
ဝူဟူက လျစ်လျူရှုစွာ ပြောလိုက်၏။
ဤအချိန်တွင် ညှိနှိုင်းစရာ မရှိတော့ပါ။
ယခင်က ဝူဟူ သည်းခံနေခဲ့ခြင်းမှာ နင်မောင်နှအတွက်၊ ဟွမ်ကျေးဟွာအတွက်ဖြစ်ပြီး မီးပွားလေးကို ထိန်းသိမ်းထားရန် ဖြစ်သည်။
ယခုမူ၊ ကျွင်းရှောင်ယောက်၏ တည်ရှိမှုကြောင့် မြင့်မြတ်ခန္ဓာမျိုးရိူးက သဘာဝအတိုင်း ကျဆင်းသွားတော့မည် မဟုတ်ပေ။
ထိုအတွက် သူသည်းခံနေစရာမလိုတော့ပါ။
"အခုတော့ မင်းက တကယ်မာနေပြီပေါ့။ ဒီရွာသားတွေကို ငါတို့ သတ်ပစ်လိုက်မှာ မစိုးရိမ်ဘူးလား"
စန်းမိသားစု၏ ပဉ္စမအကြီးအကဲက လှောင်ပြောင်လိုက်၏။
"အရှုံးသမား၊ အခုဘေးဖယ်ပြီး စုံစမ်းဖို့ ရှေးဟောင်းနန်းတော်ကို ဝင်ခွင့်ပြုစမ်း။ ဒါဆိုရင် ငါ့ရဲ့ စန်းမိသားစုက မင်းရဲ့အသက်ကို ချမ်းသာနိုင်မယ်"
စန်းမိသားစု၏ ဆဋ္ဌမမြောက် အကြီးအကဲက လျစ်လျူရှုစွာ ပြောလိုက်သည်။
ဝူဟူ၏ မျက်လုံးများက အေးစက်ပြီး စူးရှသော သတ်ဖြတ်ချင်စိတ်တစ်ခု ထွက်ပေါ်လာခဲ့၏။
သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ရှေးဟောင်းနန်းတော်အရှေ့ မြေပြင်တွင် အလျားလိုက်မျဉ်းတစ်ကြောင်း ပေါ်လာတော့သည်။
“ဒီမျဉ်းကို ဖြတ်ကူးသူတိုင်း သေရမယ်"
ထိုစကားတစ်ခွန်းနှင့် ကမ္ဘာကြီး အရောင်ပြောင်းသွားခဲ့သည်။
အေးစက်သော သတ်ဖြတ်ချင်စိတ်ကလည်း ရိုးတွင်းခြင်ဆီထဲထိ စိမ့်ဝင်လာတော့သည်။
"အတင့်ရဲလိုက်တာ၊ အရှုံးသမားက ဒီလိုမျိုး ခြိမ်းခြောက်ဝံ့တယ်။ သတ်ကြ"
စန်းမိသားစု၏ ပဉ္စမမြောက် အကြီးအကဲက တုံ့ဆိုင်းမနေတော့ဘဲ လက်ကိုဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။
တပ်သားများကလည်း ဟိန်းဟောက်လိုက်ရာ ကမ္ဘာကြီး တုန်ဟီးသွား၏။
စစ်ပွဲစတင်လာခဲ့ပြီ။
ဆေးစက်များကဲ့သို့ လူများစွာက ဝူဟူတစ်ယောက်တည်းဆီသို့ ပြေးဆင်းသွားကြသည်။
ဤအင်အားတစ်သောင်းတွင် အားအနည်းဆုံးက ကောင်းကင်နတ်ဘုရားနယ်ပယ်တွင် ရှိ၏။
တာအိုနတ်ဘုရားနှင့် သူတော်စင်တစ်ပိုင်းများလည်း အများအပြား ရှိကြသည်။
၎င်းတို့က တစ်ယောက်တည်းဖြစ်လျှင် ဤမျှမဟုတ်ပါ။
သို့ရာတွင်၊ လူတစ်သောင်း စုဝေးလာသောအခါမှာတော့ အဖျက်စွမ်းအားက မိုးနှင့်မြေကို တုန်ခါသွားစေနိုင်သည်။
မဟာသူတော်စင်များပင်လျှင် ဤအင်အားမျိုးနှင့် ရင်ဆိုင်ရပါက ခေါင်းမွေးထောင်ထသွားလိမ့်မည်။
ဝူဟူလည်း လှုပ်ရှားလိုက်သည်။ သို့သော်လည်း သူ့ခန္ဓာပေါ်မှ သံကြိုးများကြောင့် သူ၏သွားလာနိုင်စွမ်းမှာ ရှေးဟောင်းနန်းတော်တစ်ဝိုက်သာ ရှိပေသည်။
သူက လက်သီးချက်ထုတ်ဖော်သောအခါ ရွှေရောင်နဂါးများကဲ့သို့ ထွက်ပေါ်လာခဲ့သည်။
"ဝုန်း"
ပေါက်ကွဲသံနှင့် သွေးများ ဖြာရဲသွား၏။
စန်းမိသားစုမှ တပ်သားများစွာ၏ ခန္ဓာများက ပေါက်ကွဲကာ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ထိုသို့သော တိုက်ခိုက်နိုင်စွမ်းက လူတချို့၏ မျက်ခွံများ လှုပ်ယမ်းသွားစေခဲ့သည်။။
"သေစမ်း၊ ဒီမြင့်မြတ်ခန္ဓာက တကယ်ကို မကောင်းဆိုးရွားပဲ။ အရင်က မြင့်မြတ်ခန္ဓာသွေးတွေ အများကြီး ထုတ်ယူခဲ့တာတောင် ဒီလောက် အားကောင်းနေသေးတယ်"
စန်းမိသားစု၏ ဆဋ္ဌမအကြီးအကဲက ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး၊ အဲဒါက ချောင်ပိတ်မိနေတဲ့ တိရစ္ဆာန်တစ်ကောင်ရဲ့ ရုန်းကန်မှုပဲ"
စန်းမိသားစု၏ ပဉ္စမအကြီးအကဲက လုံးဝ ဂရုမစိုက်ပေ။
သူ့အမြင်မှာတော့ ဤသည်မှာ အပျော်သတ်ဖြတ်မှုထက် မပိုပါ။
ပတ်ဝန်းကျင်ကိုကြည့်လိုက်လျှင်တော့ အဝေးမှ စောင့်ကြည့်နေကြသော ပွဲကြည့်သူများ ရှိကြသည်။
ကျိချင်းရီ၊ ရှန့်ရွယ်ရီ၊ ရူယင်းနှင့် အခြား ကြယ်ကောင်းကင်များမှ ပါရမီရှင်များလည်း ရှိသေးသည်။
"ဒါက ရှေးဟောင်းမြင့်မြတ်ခန္ဓာပဲလား၊ ဒါပေမဲ့ ဘာဖြစ်လို့ ဒီလောက်ဘဝပျက်နေတာလဲ"
ရူယင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ အနည်းငယ် အံ့သြသွားသည်။
သူမ၏အမြင်တွင် ရှေးဟောင်းမြင့်မြတ်ခန္ဓာမျိုးရိုးက ကျဆင်းသွားခဲ့လျှင်ပင် ဤအခြေအနေထိ ဆုတ်ယုတ်သွားလိမ့်မည် မဟုတ်ပေ။
"ကျွင်းရှောင်ယောက်၊ နင်ဘယ်မှာလဲ"
ကျိချင်းရီလည်း ကြည်လင်သော မျက်လုံးများနှင့် မျှော်ကြည့်လိုက်သည်။ သို့သော်လည်း ကျွင်းရှောင်ယောက်၏ ပုံရိပ်ကိုတော့ အရိပ်အယောင်ပင် မမြင်ရပါ။
၎င်းတို့နှစ်ဦးစလုံးက ရှေးဟောင်းမြင့်မြတ်ခန္ဓာများဖြစ်၍ ဤအချိန်မျိုးတွင် ကျွင်းရှောင်ယောက်က နှာစေးနေခြင်း မပြုသင့်ပေ။
ယင်းက အခြားရှေးဟောင်းလမ်းများ၏ ပါရမီရှင်များကိုလည်း သံသယပွားစေခဲ့သည်။
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် ဘာဖြစ်လို့ ဒီမှာမရှိတာလဲ။ သူသာ အဲဒီမှာရှိနေရင် အခြေအနေက တူညီမှာမဟုတ်ဘူး"
"သူက ကြောက်နေလို့မျနေလို့များလာ"
"မဖြစ်နိုင်တာ၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်စရိုက်ကို ငါသိတယ်။ ပြီးတော့ စန်းမိသားစုကို သူက ကြောက်မှာမဟုတ်ဘူး"
"ဒါဆို အခု သူ ဘာဖြစ်လို့ ပေါ်မလာတာလဲ"
"တစ်ခုခုတော့ မှားနေပြီ"
ပါရမီရှင် ကျင့်ကြံသူများက ဆွေးနွေးပြောဆိုလိုက်ကြသည်။
ထိုအချိန်တွင် စန်းမိသားစု၏ တပ်များက အခြေအနေကို သိလာကြသည်။
ဝူဟူသည် အားကောင်းသော်လည်း လှုပ်ရှားနိုင်သည့် အကွာအဝေးက အကန့်အသတ် ရှိသည်။ သူသည် ရှေးဟောင်းနန်းတော်၏ အကွာအဝေးတစ်ခုအတွင်းတွင် ရွေ့လျားနိုင်သော်လည်း သိပ်ပြီးမသွားလာနိုင်ပေ။
သူတို့က အစွန်အဖျားတွင်နေပြီး တစ်ဖက်လူ၏ စွမ်းအင်ကုန်သွားရန် တိုက်ခိုက်မှုများ ထုတ်ဖော်နေရန်သာ လိုသည်။
ဤနည်းလမ်းက ဂုဏ်ယူစရာမဟုတ်သော်လည်း လက်တွေ့ကျပြီး အသုံးဝင်ပေသည်။
အချိန်ကြာလာသည်နှင့်အမျှ ဝူဟူ၏ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင်နှင့် သွေးများက အားနည်းလာခဲ့သည်။
သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာသွေးနှင့် အနှစ်သာရအများစုကလည်း စန်းမိသားစုမှ ထုတ်ယူခံရပြီးခဲ့ပြီ။
ကျန်သောသွေးများကလည်း နင်ချန်နှင့် ရှောင်ရွယ်ရွယ်တို့၏ ခန္ဓာကိုယ်ထဲသို့ သိမ်မွေ့စွာ ပေါင်းစပ်ပေးခဲ့သည်။
လက်ရှိတွင် ဝူဟူက သူ့ခန္ဓာကိုယ်အတွင်းရှိ မြင့်မြတ်ခန္ဓာ အနှစ်သာရနှင့် သွေးတစ်စက်စီကို ညှစ်ထုတ်နေခဲ့သည်ဟု ဆို၍ရပေသည်။
"အချိန်ဆွဲနေစရာ မလိုပါဘူး၊ ဒီလှည့်ကွက်ကို သုံးကြည့်ရအောင်"
စန်းမိသားစုမှ ဆဌမမြောက် အကြီးအကဲက ပြောလိုက်သည်။
စန်းမိသားစုမှ ပဉ္စမအကြီးအကဲလည်း အနည်းငယ် ခေါင်းညိတ်လိုက်၏။ သူက အဆောင်ကျောက်တစ်ခုကို ထုတ်ယူပြီး စွမ်းအင်သွန်းလောင်းလိုက်တော့သည်။
ချက်ချင်းဆိုသလို ဝူဟူ၏ ကျောပေါ်မှ ကျောက်စာချပ်က ရုတ်တရက် တုန်ခါသွားသည်။
ကျောက်စာချပ်ပေါ်မှ စကားလုံးများက ထူးထူးကဲကဲ တောက်ပလာခဲ့၏။
ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုစွမ်းအားနှင့် ဆွဲအားက တခဏအတွင်း ကျဆင်းလာတော့သည်။
"ဖူး"
ဝူဟူ၏ ပါးစပ်မှ သွေးများ အန်ထွက်လာကာ မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ကျသွားသည်။
"သခင်ဝူဟူ"
နန်းတော်ထဲမှ နင်သဲဖာ၊ နင်ချန်၊ ရှောင်ရွယ်ရွယ်နှင့် ဟွမ် ရွာသူရွာသားများအားလုံးက အော်ဟစ်လိုက်ကြသည်။
"သတ်"
စန်းမိသားစု၏ ပဉ္စမမြောက် အကြီးအကဲက သူ့လက်ကို ဝှေ့ယမ်းလိုက်၏။
သူတော်စင်ဘုရင်နှင့် မဟာသူတော်စင်နယ်ပယ်ရှိ စန်းမိသားစုမှ အကြီးအကဲများအားလုံး လှုပ်ရှားလာတော့သည်။
သူတို့က ဤသနားစဖွယ် နောက်ဆုံးသော မြင့်မြတ်ခန္ဓာကို သတ်ဖြတ်ချင်ကြသည်။