အခန်း ၆၉၈
Vol. 47 Ch. 698
အခန်း ( ၆၉၈ ) ငါ့မှာ ရွေးချယ်စရာမရှိပေမဲ့ ဒူးမထောက်ဘူး၊ ရှေးဟောင်း ခုတ်ထွင်ခြင်း ကောင်းကင်ကျမ်း။
ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ စွမ်းအားများက သံသယဖြစ်ဖွယ်မရှိပါ။
အချုပ်အနှောင်ငါးခုကို ချိုးဖြတ်ခဲ့သော ရှေးဟောင်းမြင့်မြတ်ခန္ဓာအနေဖြင့် ဝူဟူက အားမနည်းတာ သေချာသည်။
သို့သော်လည်း သူဟာ ကျောက်စာချပ်ကြီး၊ သံကြိုးများနှင့် ချည်နှောင် ဖိနှိပ်ခံခဲ့ရသည်။
ဤသံကြိုးကြိုးများက သူ၏ စွမ်းအင်နှင့် သွေးများကို အဆက်မပြတ် ဆွဲင်ယူပေသည်။
စန်းမိသားစုကလည်း သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာ သွေးအနှစ်သာရနှင့် သွေးများကို မကြာခဏ လုယူခဲ့ကြသည်။
ရှေးဟောင်းမြင့်မြတ်ခန္ဓာ အနှစ်သာရနှင့် ကျန်သွေးများသည်လည်း နင်ချန်နှင့် နင်ရွယ်ရွယ်တို့၏ ခန္ဓာများအတွင်း၌ ပေါင်းစည်းခဲ့ကြပြီ။
ယင်းကြောင့် ဝူဟူ၏ အင်အားမှာ အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့ရသည်။
ကျောက်စာချပ်က ထပ်မံဖိနှိပ်လိုက်သောအခါ ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် သူတော်စင်သခင်နယ်ပယ် အင်အားများကို အပြည့်အဝ မထုတ်ဖော်နိုင်တော့ပါ။
ဤအခိုက်အတန့်တွင်၊ စန်းမိသားစုမှ ပဉ္စမ အကြီးအကဲက သူ့ကို ဖိနှိပ်လိုက်ကြသည်။
ဝူဟူ၏ပါးစပ်ထဲမှ သွေးများ ပို၍ အန်ကျလာတော့သည်။
"မင်း"
ဝူဟူ၏ ရွှေရောင်မျက်လုံးများက ရွှေရောင်လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည်။
သူ့မျက်လုံးထဲတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ပေါ်လာတော့သည်။
"ဒူးထောက်"
ယင်းကိုမြင်တော့ စန်းမိသားစု၏ ပဉ္စမမြောက် အကြီးအကဲက အဆောင်ကျောက်ကို ဆက်လက် ဖိနှိပ်လိုက်၏။
သူက ဝူဟူကို မြေပြင်ပေါ်မှာ လုံးဝ ဒူးထောက်စေချသည်။
ထိုအချိန်တွင် ဝူဟူက မြေပြင်ပေါ်တွင် ဒူးတစ်ဖက်သာထောက်ပြီး လက်နှစ်ဖက်နှင့် မြေပြင်ကို ထောက်ထားသည်။
သူ၏ ရွှေရောင်မျက်လုံးများက သွေးအလင်းတချို့ စွန်းထင်းနေခဲ့၏။
သူ့နောက်ကျောမှ ကျောက်စာချပ်ရှိ စကားလုံးများကလည်း အလွန်တရာ တောက်ပနေတော့သည်။
တစ်ချိန်တည်းမှာပင် ပြင်းထန်ပြီး လွှမ်းမိုးချုပ်ကိုင်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤကျောက်စာချပ်ကို ဝမ်ကျွင်းရွှမ်ကျောက်နှင့် ပြုလုပ်ထားပြီး ကောင်းကင်တိုင်ကဲ့သို့ လေးလံသည်။
သာမန်သူတော်စင်များသာ ဖိနှိပ်ခံရပါက သွေးမြူအဖြစ်သို့ တိုက်ရိုက် ကြေမွသွားလိမ့်မည်။
တစ်ဖက်တွင်၊ ဝူဟူက သူ့နောက်ကျောတွင် အချိန်အတော်ကြာ ထိန်းထားနိုင်ခဲ့သည်။
သို့သော်လည်း ဤသည်မှာ အသျှင်ခန္ဓာ၏ အရှက်ခွဲခြင်း ဖြစ်ချေသည်။
ယခုအခါ၊ စန်းမိသားစု၏ ပဉ္စမအကြီးအကဲက အဆောင်ကျောက်နှင့် ကျောက်စာချပ်ကို အသက်သွင်းလိုက်သောကြောင့် ဆယ်ဆကျော် ပို၍လေးလံလာခဲ့ပြီ ဖြစ်သည်။
ဆုတ်ယုတ်နေသော မြင့်မြတ်ခန္ဓာအနေဖြင့် ယင်းကိုခံနိုင်ရန် ခက်ခဲလှပေသည်။
သူ့ပါးစပ်ထဲမှ သွေးများ ထပ်မံ အန်ထွက်လာခဲ့သည်။ သူ့ခန္ဓာမှ ချီနှင့် သွေးများကလည်း အလွန် အားနည်း၏။
သို့သော်လည်း သူ ဒူးမထောက်သေးပေ။
"မြင့်မြတ်ခန္ဓာမျိုးရိုးက တကယ်ကို အိမ်သာကျင်းထဲက ကျောက်တုံးပဲ။ အနံ့ဆိုးသလောက် မာတယ်"
စန်းမိသားစု၏ ပဉ္စမမြောက်အကြီးအကဲက လှောင်ပြောင်လိုက်သည်။
"မင်းတို့အားလုံး တိုက်ခိုက်ကြ၊ ဒီနေ့က မြင့်မြတ်ခန္ဓာရဲ့ အဆုံးသတ်ပဲ"
ဆဋ္ဌမအကြီးအကဲက သူ့လက်ကိုဝှေ့ယမ်းကာ အမိန့်ပေးလိုက်၏။
စန်းမိသားစု၏ တပ်သားများလည်း ထပ်မံတိုက်ခိုက်ကြတော့သည်။
ပြင်းထန်သော တိုက်ခိုက်မှုများက ဝူဟူနှင့် ရှေးဟောင်းနန်းတော်ဆီသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့သည်။
"အားလုံး ငါ့ဆီလာ"
ဝူဟူက ဟိန်းဟောက်ကာ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်၏။ သူ၏ သွေးစွမ်းအင်များက ပေါက်ကွဲထွက်ကာ ရွှေရောင်အလင်းကန့်လန့်ကာအဖြစ် ပြောင်းလဲသွားတော့သည်။
သူဟာ မယိုင်လဲနိုင်သော ဒိုင်းကြီးကဲ့သို့ ရှေးဟောင်းနန်းတော်နှင် ရွာသူရွာသားများအပေါ် တိုက်ခိုက်မှုများ မကျရောက်စေရန် ကာကွယ်ထားခဲ့သည်။
"ဖူး"
ဝူဟူ၏ ခန္ဓာကိုယ်က တုန်ခါသွားကာ သူ့ပါးစပ်မှ သွေးများ အန်ထွက်လာပြန်သည်။
ထိုအချိန်တွင် သူ့ခန္ဓာကိုယ်က အက်ကြောင်းများဖြင့် ဖုံးလွှမ်းနေပြီး သွေးများကလည်း ယိုစီးနေတော့သည်။
တကိုယ်လုံး သွေးစွန်းနေသော ဝူဟူ၏အသွင်က သွေးလူသားကဲ့သို့ ဖြစ်ခဲ့သည်။
"ဦးလေး"
နင်ချန်နှင့် ရှောင်ရွယ်ရွယ်က အော်ဟစ်ပြီး ပြေးသွားကြရန် ကြိုးစားလိုက်သည်။ သို့သော်လည်း နင်သဲဖာက တားဆီးထားလိုက်၏။
"မသွားပါနဲ့၊ သခင်က မင်းတို့ကို မသွားစေချင်ဘူး..."
နင်သဲဖာ၏ အသံက တုန်ယင်သွားသည်။
သူတို့နှစ်ဦးသည် ဝူဟူ၏ မျှော်လင့်ချက်ဖြစ်၍ အမှားယွင်းခံမည် မဟုတ်ပေ။
"မင်းတို့ လူယုတ်မာတွေ"
နင်ချန်၏ မျက်လုံးများက နီရဲနေပြီး မကြုံစဖူး အမုန်းတရားများကို လှစ်ဟလာခဲ့သည်။
ရှောင်ရွယ်ရွယ်ကတော့ အလွန်ဝမ်းနည်းစွာ ငိုကြွေးရင်း မျက်ရည်များ စီးကျလာတော့သည်။
နောက်ဆုံးတွင်၊ သူမက ခုနစ်နှစ်ခန့် ကလေးမလေးတစ်ယောက်မျှသာ ဖြစ်သည်။
ဤအခြေအနေမျိုးကို လက်ခံနိုင်သော စိတ်ဓာတ်ကြံ့ခိုင်မှုမျိုး သူမတွင်မရှိပေ။
ဟွမ်ကျေးရွာသားများလည်း လက်သီးကိုတင်းတင်းဆုပ်လိုက်ကြသည်။ လက်သည်းများက လက်ဝါးကို ပြန်လည်ထိုးစိုက်မိသောကြောင့် သွေးများပင် စီးကျလာခဲ့၏။
အပြင်ဘက်မှာတော့ စန်းမိသားစု၏လူများက အဆက်မပြတ် တိုက်ခိုက်နေသလို၊ ဝူဟူကလည်း ခြင်္သေ့အိုကြီး တစ်ကောင်ကဲ့သို့ မာန်တင်းပြီး ခုခံနေဆဲပင်။
သူ၏ ပေါက်ကွဲမှုကြောင့် စန်းမိသားစုတပ်များဟာ ရှေ့ဆက်တိုးရန် ခက်ခဲနေခဲ့သည်။
"မင်း တကယ်ခေါင်းမာတာပဲ။ အခုနေ အညံ့ခံရင် မင်းရဲ့အသက်ကို ချမ်းသာပေးလိုက်မယ်"
စန်းမိသားစု၏ ပဉ္စမအကြီးအကဲက လျစ်လျူရှုစွာ ပြောလိုက်သည်။
ဝူဟူက မော့ကြည့်လိုက်၏။ သို့သော်လည်း သွေးများ စွန်းပေနေသော သူ့မျက်နှာက ခေါင်းမာစွာဖြင့် လှောင်ပြောင်မှုတစ်ခုကို လှစ်ဟနေခဲ့သည်။
"ငါ့ကံကြမ္မာကိုက ခက်ခဲ မာကျောတာပဲ၊ ငါ ဦးညွတ်ဖို့ မဖြစ်နိုင်ဘူး"
ပြောဆိုပြီးနောက် ဝူဟူက ရုတ်တရက် ကောင်းကင်ကိုမော့ကြည့်ကာ အော်ဟစ်လိုက်သည်။
သူ့ခန္ဓာထဲမှ နောက်ဆုံး မြင့်မြတ်ခန္ဓာသွေးအနှစ်သာရက စတင်လောင်ကျွမ်းလာခဲ့၏။ ရွှေရောင်စွမ်းအင်နှင့် သွေးများက ရွှေနဂါးကဲ့သို့ ကောင်းကင်ကို ဖြတ်သန်းသွားတော့သည်။
ဤအငွေ့အသက်များက လူတိုင်းကို အနည်းငယ် ထိတ်လန့်သွားစေခဲ့သည်။
"ချီးပဲ၊ သေစမ်း"
စန်းမိသားစု၏ ပဉ္စမအကြီးအကဲက အဆောင်ကျောက်ကို ဆက်လက် အသက်သွင်းလိုက်သည်။
ကျောက်စာချပ်မှ မကြုံစဖူး တောက်ပသောအလင်းများ ထွက်ပေါ်လာခဲ့၏။
ဝူဟူကို ဖိနှိပ်ရန် ရည်ရွယ်ချက်ဖြင့် ပုံရိပ်ကြီးတစ်ခုလည်း ထွက်ပေါ်လာတော့သည်။
ဝူဟူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများလှည့်ပတ်လာခဲ့သည်။ သူ့ကိုယ်ပိုင် အကန့်အသတ်ထိ ထုတ်ဖော်ပြီး မြင့်မြတ်ခန္ဓာစွမ်းအားကို အစွန်းရောက် ပေါက်ကွဲလိုက်၏။
ယခင်ကတော့ သူဟာ နင်ချန်တို့မောင်နှမနှင့် ဟွမ်ကျေးရွာကြောင့် အသက်ရှင်ရန် အရှက်တရားများကို သည်းခံခဲ့ရသည်။
ယခုမူ၊ ကျွင်းရှောင်ယောက် ရောက်နေပြီဖြစ်၍ သူ့အတွက် နောက်ဆံတင်းစရာမရှိတော့ပေ။
ထို့ကြောင့် ဤတစ်ကြိမ်တွင် သူ့စွမ်းရည်ကို အပြည့်အဝ ထုတ်ဖော်၍ရပြီ ဖြစ်သည်။
"ရှေးဟောင်း ခုတ်ထွင်ခြင်း ကောင်းကင်ကျမ်း"
ဝူဟူက သံရှည်ဆွဲ၍ ဟိန်းဟောက်လိုက်သည်။ ကမ္ဘာကြီးတစ်ခုလုံး တုန်ခါစေအောင် ကောင်းကင်ဓားကဲ့သို့ ရွှေရောင်အလင်းများ ထွက်ပေါ်လာခဲ့၏။
"ကလစ်..."
ကျောက်ပြားမှ အက်ကွဲကြောင်းများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
သူ့ကိုချုပ်နှောင်ထားသော သံကြိုးများလည်း အက်ကွဲသံများ စတင် ထွက်ပေါ်လာခဲ့၏။
နောက်ဆုံးတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာတော့သည်။
ဝူဟူ၏နောက်ကျောမှ ကျောက်ပြားကြီးက အက်ကွဲကြောင်းများ ဖုံးလွှမ်းသွားပြီး ရုတ်တရက် ပြိုကျသွားခဲ့သည်။
ကျောက်စာချပ်ပေါ်မှ စကားလုံးများလည်း အမှုန့်ဖြစ်သွား၏။
သူ့ကို ချည်နှောင်ထားသည့် သံကြိုးများလည်း တစ်ချိန်တည်းမှာ ကွဲအက်သွားတော့သည်။
ဤမြင်ကွင်းက စန်းမိသားစုမှ လူအားလုံးကို ထိတ်လန့်စေခဲ့သည်။
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ"
စန်းမိသားစုမှ ပဉ္စမအကြီးအကဲ၊ ဆဌမအကြီးအကဲနှင့် အခြားသူများ၏ မျက်လုံးများလည်း မယုံကြည်နိုင်စွာ ပြူးကျယ်သွားကြသည်။
ဤသည်မှာ အသျှင်ခန္ဓာဘိုးဘေး ချမှတ်ခဲ့သည့် ကျောက်စာချပ်ဖြစ်သော်လည်း ဝူဟူက အမှန်တကယ် ဖြိုခွဲနိုင်ခဲ့သည်။
"ကိစ္စမရှိဘူး၊ သူက သူ့ရဲ့အကန့်အသတ်ကို တွန်းထုတ်လိုက်တာကြောင့် သူ့ဘဝဆုံးခန်းကို ရောက်နေပြီ၊ အတူတူသွားကြစို့"
စန်းမိသားစု၏ ပဉ္စမအကြီးအကဲက အော်လိုက်သည်။ သူက တိုက်ပွဲကို မကြည့်တော့ဘဲ တိုက်ရိုက် တိုက်ခိုက်လိုက်၏။
မဟာသူတော်စင်နယ်ပယ် အရှိန်အဝါများက ပေါက်ကွဲထွက်လာတော့သည်။
ကျန်သော စန်းမိသားစု၏ အကြီးအကဲများကလည်း တချိန်တည်းတွင် တိုက်ခိုက်လိုက်ကြသည်။
စန်းယွမ်နှင့် မျိုးဆက်သစ်လူငယ်များကလည်း အတူတကွ လှုပ်ရှားခဲ့ကြ၏။
စန်းမိသားစု၏ အင်အား တစ်သောင်းကျော်ရှိသော တပ်မဟာကြီးက စွမ်းအင်မြစ်ကြီးတစ်ခုပမာ ထုတ်ဖော်ရင်း တိုက်ခိုက်လာကြတော့သည်။
အဆုံးမဲ့ နတ်ဘုရားစွမ်းရည်များက ကောင်းကင်ယံကို လွှမ်းခြုံကာ ဝူဟူဆီသို့ တိုးဝင်သွားကြသည်။
ဤအချိန်တွင် အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်သော ဝူဟူအတွက် ခုခံရန် အလွန်ခက်ခဲနေပြီဟု ဆိုနိုင်သည်။
သို့သော်လည်း သူ့မျက်လုံးများက ကြောက်ရွံ့မှု မရှိသလို တည်ငြိမ်နေဆဲပင်။
"သွေးက အဝါရောင်သဲကို စွန်းထင်းလာစေတယ်၊ လေက ကောင်းကင်ပြာကို အနီရောင်စွန်းစေတယ်။ ငါအသက်နေသရွေ့ တိုက်ခိုက်နေဦးမှာပဲ..."
ဝူဟူ ပြုံးလိုက်သည်။
ဤသည်မှာ နှစ်ပေါင်းများစွာကြာပြီးနောက် သူ၏ ရှားရှားပါးပါး အပြုံးတစ်ခု ဖြစ်သည်။
လွတ်လပ်ပေါ့ပါးစွာ သူ ပြုံးနေခဲ့၏။
ကျွင်းရှောင်ယောက်၊ နင်ချန်တို့မောင်နှမနှင့် ဟွမ်ကျေးရွာကို ကာကွယ်ရင်း သူ့အသက်ပေးရလျှင်ပင်...
နောင်တရစရာ မရှိပေ။
"မအေပေးတွေ၊ ငါ မင်းတို့နဲ့ တိုက်ခိုက်မယ်"
"ဟုတ်တယ်၊ သေခြင်းရှင်ခြင်းဆိုတာက ပန်းကန်လုံးလောက် အမာရွတ်တစ်ခုထက် မပိုဘူး။ အနှစ်တစ်ရာလောက် လူဝင်စားပြီးရင် သူရဲကောင်းတစ်ဦး ပြန်ဖြစ်လာနိုင်တယ်"
"အတူတူသွားကြစို့၊ ငါတို့ နန်းတော်စောင့်မျိုးရိုးမှာ သူရဲဘောကြောင်တဲ့သူ မရှိဘူး"
ဝူဟူ၏ အခြေအနေကိုကြည့်ရင်း နန်းတော်ထဲတွင် ပုန်းအောင်းနေသော ဟွမ်ကျေးရွာသားများ သည်းမခံနိုင်တော့ပါ။
သူရဲဘောကြောင်သူကဲ့သို့ ဝူဟူ၏နောက်ကွယ်တွင် ပုန်းအောင်းမနေနိုင်တော့ပေ။
ဟွမ်ကျေးရွာမှ ရွာသူရွာသား တစ်ထောင်နီးပါးလည်း နီရဲနေသော မျက်လုံးများနှင့် ပြေးထွက်လာခဲ့ကြသည်။ သူတို့၏သွေးများ လုံးလုံးလျားလျား ဆူပွက်လာခဲ့ပြီ။
သူတို့၏ ကျင့်ကြံခြင်းအခြေခံမှာ မမြင့်မားသော်လည်း၊ ဤအချိန်တွင် သူတို့၏ တိုက်ခိုက်ချင်စိတ်များက မိုးနှင့်မြေကို တုန်လှုပ်စေခဲ့သည်။
"ချန်အာ၊ ရွယ်ကလေး... မင်းတို့နှစ်ယောက် ဒီမှာပဲနေပါ။ အပြင်မထွက်ကြနဲ့။ မင်းတို့က နောက်ဆုံးမီးပွားနဲ့ မျှော်လင့်ချက်ပဲ..."
နင်သဲဖာက သူတို့နှစ်ယောက်ကို လေးလေးနက်နက် သတိပေးလိုက်သည်။
နင်ချန်လည်း မျက်ရည်များဝဲပြီး ရွယ်ရွယ်၏လက်ကို ဆုပ်ကိုင်လိုက်လေသည်။
ယခုအချိန်က စိတ်ခံစားမှုများနှင့် ရူးရူးမိုက်မိုက် လှုပ်ရှားရမည့် အချိန်မဟုတ်ကြောင်း သူ သိသည်။
"ဒီအရိုးအိုကြီးတွေက အနားယူနေတာ ကြာခဲ့ပါပြီ"
နင်သဲဖာ၏ မှိုင်းညို့နေသော မျက်လုံးများက ထူးထူးကဲကဲ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
နန်းတော်စောင့်မျိုးရိုး၏ ဘုန်းအသရေကို သူ ပြန်မြင်နေရပုံ ရှိ၏။
သူတို့က မြင့်မြတ်ခန္ဓာ အရှင်သခင်၏နောက်သို့ လိုက်ပါပြီး ကောင်းကင်နှင့်မြေပြင်ကို တိုက်ခိုက်ခဲ့ကြသည်။ ဘယ်သူကမှ သူတို့၏ခြေလှမ်းကို တားဆီး၍မရပေ။
ဤအခိုက်တွင် နင်သဲဖာ၏ ကိုင်းနေသောခါးက ဖြောင့်မတ်လာခဲ့သည်။
သူ့ဘဝ၏ အထွတ်အထိပ်ကို ပြန်ရောက်သွားသကဲ့သို့...
နင်သဲဖာလည်း သွေးစွန်းနေသော စစ်မြေပြင်ကို ပြေးဝင်သွားတော့သည်။