← Chapters

အခန်း ၆၉၉

Vol. 47 Ch. 699

အခန်း ၆၉၉

Vol. 47 Ch. 699

အခန်း ( ၆၉၉ ) ရူပါရုံကြီးလေးခု ထွက်ပေါ်လာခြင်း၊ ဧကရာဇ်အရှိန်အဝါ ထွက်ပေါ်လာသည်၊ စကြာဝဠာကြီး တုန်ခါခြင်း။

"မင်းတို့..."

ဝူဟူလည်း ရွာသားများ ပြေးထွက်လာသည်ကို မြင်ရသောအခါ အံ့ဩသွားသည်။

မှုန်ရီဝေသော သူ့မျက်လုံးများမှ မျက်ရည်စတို့ ပေါ်လာခဲ့၏။

သူ၏ စိတ်ဓာတ်ခိုင်မာမှုဖြင့် တော်ရုံမျက်ရည်မကျသော်လည်း ယခုမူ စီးကျလာခဲ့ပြီ ဖြစ်သည်။

"သခင်ဝူဟူ၊ ကျုပ်တို့လာပြီ။ ခင်ဗျားကို ဘယ်သူမှမထိရဘူး"

"ဟုတ်တယ်၊ ကျုပ်တို့ နန်းတော်စောင့်မျိုးရိုးက မြင့်မြတ်ခန္ဓာအနောက်ကိုလိုက်ဖို့ အမြဲရှိခဲ့တာ"

ရွာသားများက အကြောက်တရားကင်းမဲ့ပြီး ရဲဝံ့စွာ အော်ဟစ်လိုက်ကြသည်။

"ဟမ့်၊ ပုရွက်ဆိတ်တွေကများ... ရယ်စရာပဲ"

စန်းမိသားစု၏ ပဉ္စမအကြီးအကဲက ဟွမ်ကျေးရွာမှ ရွာသူရွာသားများကို အထင်အမြင်သေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

သူတို့က ရထားကိုတားဆီးရန် ကြိုးစားနေသော ‌နှံကောင်များနှင့် မခြားပေ။

အလျင်စလိုထွက်ခြင်းက သေလမ်းရှာခြင်းသာ ဖြစ်သည်။

"သတ်ကြ"

စန်းမိသားစု၏ ပဉ္စမအကြီးအကဲက လက်ဝှေ့ယမ်းလိုက်သည်။

မိုးနှင့်မြေကြားတွင် တိုက်ခိုက်သံနှင့် အော်ဟစ်သံများစွာ ပေါ်လာခဲ့၏။

ကောင်းကင်တစ်ခွင်လုံး နီစွေးနေခဲ့ရသည်။

ဤအခိုက်အတန့်တွင် ဝူဟူနှင့် ဟွမ်ရွာသူရွာသားများ၏ လုပ်ရပ်ကို မြင်လိုက်ရသည့် ထိုဘေးမှကြည့်သူများသည်ပင် အနည်းငယ် တုန်လှုပ်သွားမိသည်။

ယခင်က သူတို့အားလုံးသည် အပျော်သဘော ကြည့်နေကြခြင်းဖြစ်လျှင်...

ယခုအခါ အနည်းငယ် ပိုအလေးထားပြီး လေးစားလာခဲ့ကြပြီ ဖြစ်သည်။

ဝူဟူနှင့် နန်းတော်စောင့်မျိုးနွယ်တို့က တူညီသောမျိုးရိုးမှ မဟုတ်ပေ။

သို့သော်လည်း သေမှာမကြောက်ဘဲ ဤကာကွယ်မှုမျိုးက လေးစားစရာကောင်းသည်။

"မိုးနဲ့မြေက ချုပ်နှောင်ထားပေမဲ့ မြင့်မြတ်ခန္ဓာမျိုးရိုးက ဘာကြောင့် အမွေမပြတ်ခဲ့ဘူးဆိုတာ ငါနားလည်သွားပါပြီ။ တခါတလေမှာ လူသားတွေက ကောင်းကင်ကြီးကို ကျော်လွန်နိုင်ကြတယ်"

ကျိချင်းရီက သက်ပြင်းချပြီး ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။

"ပျက်စီးခြင်း ရှေးဟောင်းနန်းတော်ဟာ အထွတ်အထိပ်မှာ တည်ရှိစဉ်က အင်မော်တယ်အင်အားစုတွေကိုတောင်‌ ကြောက်ရွံ့စေခဲ့တယ်။ ဒါက အခုလိုအခြေအနေမျိုး ဖြစ်လာမယ်လို့ မမျှော်လင့်ထားဘူး"

ရူယင်းကတော့ ခေါင်းကို အနည်းငယ်ခါယမ်းလိုက်၏။

ဤပါရမီရှင်များနှင့် အမွေခံများ၏အမြင်တွင် ဟွမ်ကျေးရွာမှ ရွာသူရွာသားများက အားလွန်းလှသည်။

သို့ရာတွင် သူတို့က သေခြင်းရှင်ခြင်းကိုမကြောက်ဘဲ ကာကွယ်ရန်အတွက် တွန်းလှန်တိုက်ခိုက်နေဆဲပင်။

သို့‌သော်လည်း ဤစိတ်ဓာတ်က လက်ရှိအနေအထားကို မပြောင်းလဲနိုင်ပါ။

စန်းမိသားစု၏တပ်နှင့် နှိုင်းယှဉ်ပါက ဟွမ်ကျေးရွာမှ လူများမှာ အလွန်အားနည်းသည်။

မကြာမီ၊ ဟွမ်ကျေးရွာမှ ရွာသူရွာသားများ စတင် အသတ်ခံရတော့သည်။

"လူတိုင်းပဲ၊ ဒါက လေ့ကျင့်ဖို့ အခွင့်ကောင်းတစ်ခုပဲ။ စန်းမိသားစုရဲ့ ရန်သူဟောင်းကြီးဖြစ်တဲ့ နန်းတော်စောင့်မျိုးရိုးက အရမ်းအားနည်းနေပြီ"

စန်းယွမ်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်ကာ စစ်မြေပြင်သို့ ပြေးသွားသည်။ သူသည် ရွာသားတစ်ဦးကို ရက်ရက်စက်စက် သတ်လိုက်၏။ သူက ထိုရွာသားကို အပိုင်းပိုင်း ဆွဲဖြုတ်လိုက်ခြင်း ဖြစ်တော့သည်။

သွေးများ မိုးရွာသလို ဖြာကျသွားခဲ့သည်။

"သတ်"

စန်းမိသားစုမှ ရာနှင့်ချီသော လူငယ်ပါရမီရှင်များကလည်း တိုက်ပွဲတွင်ပါဝင်လာကြသည်။ သူတို့က ဟွမ်ကျေးရွာမှ လူများကို စန်းမိသားစု၏ တပ်များနှင့်အတူ စတင်သတ်ဖြတ်ကြတော့သည်။

စန်းမိသားစု၏ ပဉ္စမအကြီးအကဲနှင့် အခြားသူများက ဝူဟူကို အတူတကွ ဖိနှိပ်ခဲ့ကြသည်။

"မဟုတ်ဘူး"

ရွာသားများ၏ ကြေကွဲဖွယ် သေဆုံးမှုကို မြင်လိုက်ရသောအခါ ဝူဟူ အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများလည်း နီရဲလာခဲ့၏။

သို့သော်လည်း အကန့်အသတ်သို့ တွန်းထုတ်ထားရသော ပြိုလဲလုနီး မြင့်မြတ်ခန္ဓာဟာ သူ့အလိုကို မလိုက်နိုင်တော့ပေ။

နှလုံးသားက ကြီးမားသော်လည်း လုံလောက်သည့်အင်အား မရှိပါချေ။

"အရှုံးသမား၊ မင်းရဲ့ကံကြမ္မာကို လက်ခံလိုက်စမ်းပါ။ ဒါက ပျက်စီးခြင်းရှေးဟောင်းနန်းတော်နဲ့ နန်းတော်စောင့်မျိုးရိုးရဲ့ အဆုံးသတ်ပဲ"

စန်းမိသားစု၏ ပဉ္စမအကြီးအကဲက လျစ်လျူရှုစွာ ပြောလိုက်သည်။

"ငါ့မြင့်မြတ်ခန္ဓာမျိုးရိုးက ကံကြမ္မာကို မယုံဘူး။ မင်းတို့ နောင်တရရလိမ့်မယ်..."

ဝူဟူက ရူးသွပ်နေသူတစ်ယောက်ပမာ အော်‌ဟစ်ပြောဆိုလိုက်သည်။

"ဖူး"

ထိုအချိန်တွင် အဘိုးကြီး နင်သဲဖာက သွေးများရွှဲရွှဲစိုပြီး နောက်ပြန်ဆုတ်သွားရသည်။

စန်းယွမ်က သွေးဆာပြီး ရက်စက်ကြမ်းကြုတ်သော မျက်လုံးများနှင့် နင်သဲဖာကို လှည့်ကြည့်လိုက်၏။

"မင်းက ဟွမ်ကျေးရွာရဲ့ ရွာသူကြီး ဖြစ်သင့်တယ်။ မကြောက်မရွံ့ ရုန်းကန်ရတာက ဘာအဓိပ္ပယ်ရှိလို့လဲ။ ငါ မင်းကို လိုက်ပို့ပေးမယ်"

စန်းယွမ်က လှောင်ပြောင်လိုက်သည်။ သူသည် နင်သဲဖာကို တစ်ချက်တည်းဖြင့် သွေးမြူအဖြစ် ပြောင်းလဲစေရန်ရွယ်ပြီး လက်ဝါးနှင့် ရိုက်ချလိုက်၏။

"အဘိုး"

နင်ချန်နှင့် ရှောင်ရွယ်ရွယ်တို့၏ အော်ဟစ်လိုက်သံများ ထွက်ပေါ်လာခဲ့သည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့၏နှလုံးသားများကို ဓားနှင့်မွှန်းသလို ခံစားလိုက်ရသည်။

ဆန့်ကျင်ဘက်တွင်၊ နင်သဲဖာက အလွန်တည်ငြိမ်ပြီး သေခြင်းတရားကို ကြောက်ရွံ့ခြင်းမရှိဘဲ ရင်ဆိုင်ခဲ့၏။

မှုန်ရီဝေသော မျက်လုံးများကတော့ နင်ချန်နှင့် ရှောင်ရွယ်ရွယ်ကို အဆုံးမဲ့ ချစ်ခြင်းမေတ္တာများဖြင့် လှည့်ကြည့်လိုက်သည်။

သူတို့က မျှော်လင့်ချက်များပင်။

စန်းယွမ်၏ ကြီးမားသော စွမ်းအင်လက်ဝါးကြီးကလည်း နင်သဲဖာသို့ နီးကပ်လာခဲ့သည်။

စန်းမိသားစု၏ ပဉ္စမအကြီးအကဲနှင့် အခြားသူများကလည်း ဝူဟူကိုသတ်ရန် ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်၏။

ဤအခိုက်အတန့်တွင် ကြည့်ရှုသူများပင် ခေါင်းယမ်းလိုက်ကြသည်။

ယနေ့တွင်၊ ဤမြင့်မြတ်ခန္ဓာ ကျဆုံးသွားမှာကို ကြောက်ရသည်။

ဤအခိုက်အတန့်တွင်...

တီးတိုးရေရွတ်သကဲ့သို့ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"တားမြစ်အင်မော်တယ် စတုတ္ထတံဆိပ်၊ ဟင်းလင်းပြင်ကိုတားမြစ်ခြင်း …"

ထိုစကားများ ထွက်ပေါ်လာသည်နှင့် ဟင်းလင်းပြင်ဟာ အေးခဲသွားခဲ့သည်။

ယင်းက ဖော်ပြချက်မဟုတ်ဘဲ အမှန်တကယ် အေးခဲသွားခြင်း ဖြစ်၏။

"မကောင်းတော့ဘူး၊ မြန်မြန်နောက်ဆုတ်ကြ။ ဒါက အထူးဟင်းလင်းပြင်ကို တားမြစ်လိုက်တာပဲ"

တိုက်ပွဲကိုကြည့်ရှူနေသော လူအုပ်ကြားမှ ပါရမီရှင်များစွာဟာ ခေါင်းမွေးထောင်ထသွားသလို ခံစားလိုက်ရသည်။ သူတို့ လိပ်ပြာလွင့်မတတ်ဖြစ်ကာ အလောတကြီး နောက်သို့ဆုတ်သွား၏။

"ဒီလိုနည်းလမ်းမျိုးက အဓိပဓိတစ်ပါး ရောက်လာတာများလား"

ရူယင်းလည်း မျက်နှာအမူအရာပြောင်းကာ ချက်ချင်း ဆုတ်သွားသည်။

"ဒီအသံက သူပဲ..."

ကျိချင်းရီ၏ မျက်လုံးများကတော့ အရောင်လက်သွားခဲ့သည်။ သူမသည် ဤအသံနှင့် အလွန်ရင်းနှီး၏။

သို့သော်လည်း ဤနည်းလမ်းက သူမကို ထိတ်လန့်စေသည်။

သူတော်စင်တစ်ပါးဖြစ်လျှင်ပင် ဟင်းလင်းပြင်နိယာမကို ဤအတိုင်းအတာထိ ထိန်းချုပ်နိုင်ရန် မဖြစ်နိုင်ပေ။

"ဘာ... ဘာတွေဖြစ်နေတာလဲ"

စစ်မြေပြင်မှ စန်းယွမ်၏ မျက်လုံးများလည်း မယုံကြည်နိုင်စွာ ပြူးကျယ်သွားကြသည်။

သူ့စိတ်က‌ တွေးနိုင်သော်လည်း ခန္ဓာကိုယ်ကတော့ လေထဲတွင်အေးခဲနေကာ မလှုပ်နိုင်တော့ပေ။

ဧရာမလက်ဝါးကြီးကလည်း နင်သဲဖာကို ချေမှုန်းတော့မည်ဖြစ်သည့်တိုင် ဆက်လက် မကျဆင်းလာတော့ပေ။

"ဒီမှာ ဘာတွေဖြစ်နေတာလဲ"

စန်းမိသားစု၏ ပဉ္စမအကြီးအကဲနှင့် အခြား မဟာသူတော်စင်၊ သူတော်စင်ဘုရင်များများသာ လှုပ်ရှား၍ရသည်။

သို့သော်လည်း နွံအိုင်တောတွင် သွားလာနေရသလို ခရုကဲ့သို့ နှေးကွေး၏။

ယင်းက သူတို့ကို ကြက်သီးတဖြန်းဖြန်းထပြီး အနည်းငယ် ထိတ်လန့်လာစေသည်။

တရားစီရင်သူက ကြားဝင်စွတ်ဖက်ခဲ့တာ ဖြစ်မည်လော။

လူတိုင်း ထိတ်လန့်တုန်လှုပ်သွားချိန်တွင် ရှေးဟောင်းနန်းတော်အတွင်း၌…

"ဝုန်း"

အနှိုင်းမဲ့ ကြီးမားသော အတက်အကျများ ပျံ့နှံ့သွားသည်။ မဟာတာအို ကမ္ပည်းအမျိုးမျိုးက အရပ်ရပ်မှ ထွက်ပေါ်လာခဲ့၏။

နတ်ဘုရား၏ဂုဏ်အသရေ၊ အလင်းတန်းက တစ်သောင်း...

အားကောင်းသော ရွှေရောင်စွမ်းအင်နှင့် သွေးများက မီးတောင်ပေါက်ကွဲသကဲ့သို့ လျှံထွက်ပြီး မိုးနှင့်မြေကို လွှမ်းခြုံသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အမျိုးမျိုးသော ထိတ်လန့်ဖွယ်ရာ မြင်ကွင်းများ ထွက်ပေါ်လာပြန်သည်။

သူတော်စင်ပုံရိပ်များ ထွက်ပေါ်လာပြီး ရှေးဟောင်းနန်းတော်ရှိရာကို ဦးညွတ်လိုက်၏။

မီတာတစ်သောင်းကျော်မြင့်သော အင်မော်တယ်ဘုရင်၏ ပုံရိပ်ကြီးကလည်း အရှိန်အဝါကြီးစွာဖြင့် မိုးနှင့်မြေကြားတွင် ထွက်ပေါ်လာတော့သည်။

အဆုံးမဲ့ ဖရိုဖရဲလေထုက‌ လေထဲသို့ စိမ့်ဝင်သွားကာ ကောင်းကင်နှင့်မြေပြင်ကို လွှမ်းခြုံသွားခဲ့သည်။ မိုးပြာရောင်ကြာပန်းများကလည်း တာအိုကမ္ပည်းများနှင့် ထွက်ပေါ်လာသည်။

ထို့ပြင် အနှိုင်းမဲ့ကြီးမားသော ယင်ယန်သေခြင်းရှင်ခြင်း ပန်းချီကားတစ်ခုကလည်း ကောင်းကင်ယံ၌ အဖြူအနက် သေခြင်ရှင်ခြင်းရှင်ခြင်းစွမ်းအားများနှင့် ပျံ့နှံ့သွားစေခဲ့သည်။

ကြီးစွာသော ရူပါရုံလေးခု ထွက်ပေါ်လာပြီး ကမ္ဘာကြီးကို တုန်လှုပ်စေကာ စကြာဝဠာကြီးကို လွှမ်းမိုးသွားလေသည်။

တစ်ချိန်တည်းမှာပင် အဆုံးမဲ့ မိုးကြိုးလျှပ်စီးများက ထစ်ချုန်းသံများနှင့်အတူ ကောင်းကင်ထက်မှ ထွက်ပေါ်လာခဲ့သည်။

နန်းတော်အတွင်းမှ အဆုံးမဲ့ နတ်အလင်းများဖြင့် ပြည့်နှက်နေသော ရုပ်ပုံလွှာတစ်ခု ဖြည်းညှင်းစွာ ထွက်လာခဲ့၏။

"ဝုန်း"

ကောင်းကင်ယံမှ မိုးကြိုးများကလည်း ၎င်းတို့၏ပစ်မှတ်ကို တွေ့လိုက်သကဲ့သို့၊ ဒေါသတကြီး ဟိန်းဟောက်တော့မည့် မိုးကြိုးနဂါးကြီးအဖြစ် စုဖွဲ့လာတော့သည်။

“ထွက်သွား"

အေးစက်စက် အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ကြီးကျယ်ခမ်းနားသော သဘာဝ ရူပါရုံလေးခုက ကောင်းကင်ယံကို လွှမ်းခြုံသွားခဲ့သည်။

"ဝုန်း"

ကြီးမားသောအင်အား ခုခံမှုနှင့် ဟိန်းဟောက်သံအောက်တွင် မိုးကြိုးကပ်ဘေးဒုက္ခက ကျဆင်းမလာဘဲ အမှန်တကယ် ပြန့်ကျဲသွား၏။

ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်စေကာ ဦးနှောက်များ ပေါက်ထွက်မတတ် ဖြစ်စေခဲ့သည်။

ကောင်းကင်ကပ်ဘေးပင်လျှင် စကားတစ်ခွန်းနှင့် ပြန်ဆုတ်သွားခဲ့ရပေသည်။

အားလုံး၏ စောင့်ကြည့်မှု မျက်လုံးများအောက်တွင် ထိုရုပ်ပုံလွှာက ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။

သူ၏ခြေလှမ်းတိုင်းက လူတိုင်း၏နှလုံးသားကို နင်းသွားပုံရကာ အသက်ရှူရခက်စေသည်။

သူ့တကိုယ်လုံးကို နတ်အလင်းများက ဖုံးလွှမ်းထားရာ မှုန်ဝါးလျက် ရှိ၏။

နတ်ဘုရားချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီး လှံပုဆိန်တစ်လက်ကို ကိုင်ဆွဲထားသည့် ရုပ်ပုံသဏ္ဍာန်ကို ဝေဝါးဝါးသာ မြင်နိုင်သည်။

ဤရုပ်ပုံလွှာက ကမ္ဘာသို့ဆင်းသက်လာသော ရှေးဦး စစ်နတ်ဘုရားသခင်နှင့်ပင် တူသည်။

သူ့ထံမှ ထွက်ပေါ်နေသော ဧကရာဇ်အရှိန်အဝါက အားကောင်းလွန်းသဖြင့် ဟင်းလင်းပြင်သည်ပင် ပြိုကျရပေသည်။

ဤအခိုက်အတန့်တွင် လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။

ဧကရာဇ်အရှိန်အဝါ၏ ဖိအားကြောင့် ကောင်းကင်ကြီး ပြိုကျတော့မလို လူတိုင်းခံစားလိုက်ရသည်။

"ဧကရာဇ်တစ်ပါး ထွက်ပေါ်လာခဲ့တာများလား"

ရေမတွက်နိုင်သော လူများ ထိတ်လန့်တုန်လှုပ်သွားသည်။ ကြီးမားသော လှိုင်းလုံးကြီးများက သူတို့နှလုံးသားထဲတွင် လှိမ့်တက်လာခဲ့၏။

စန်းမိသားစုမှ လူများဆိုလျှင် ပို၍ကြောက်သွားခဲ့ကြသည်။ သူတို့အားလုံး သေးထွက်ကျမတတ်ဖြစ်ကာ ဒူးထောက်လုနီးပါး လန့်ဖျတ်သွားတော့သည်။

All Chapters