အခန်း ၇၀၂
Vol. 47 Ch. 702
အခန်း ( ၇၀၂ ) မြင့်မြတ်ခန္ဓာနှင့် သွေးကြောတစ်ခုကို ကျွင်းရှောင်ယောက်က ထောက်ပံ့သည်၊ လူတစ်ယောက်၏ စွမ်းအားနှင့်အတူ ပုဂ္ဂိုလ်ရေးအရ ကလဲ့စားချေရန် မျှော်လင့်ချက်။
ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်ပြီး သွေးများအိုင်ထွန်းနေခဲ့သည်။
သွေးစွန်းနေသော ကောင်းကင်အောက်တွင် အေးစက်စက် မျက်နှာအမူအရာနှင့် ကျွင်းရှောင်ယောက် ရပ်နေသည်။ ပျက်စီးခြင်းနတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူ့ဆံပင်ရှည်များက တဖျတ်ဖျတ်ခတ်နေခဲ့၏။ သူ့လက်ထဲမှ ပျက်စီးခြင်းလှံပုဆိန်ကတော့ မြေပြင်ကို ညွှန်ပြထားတော့သည်။
ဤအခိုက်တွင် သူ့အသွင်က အင်မော်တယ်အငွေ့အသက်များရှိသည့် အဖြူရောင်ဝတ်လူနှင့် မတူတော့ပါ။
ဆန့်ကျင်ဘက်အနေဖြင့်၊ သူသည် လွှမ်းမိုးနိုင်စွမ်းရှိသော စစ်နတ်ဘုရားငယ်နှင့် တူသည်။ သူ၏ သတ်ဖြတ်ချင်သောစွမ်းအားက ကမ္ဘာကိုသန့်စင်ကာ စကြာဝဠာကြီးကို တုန်ခါစေခဲ့သည်။
မိုးနှင့်မြေကြားမှ မရေမတွက်နိုင်သော မျက်လုံးများက သူတို့ကို စူးစိုက်ကြည့်နေခဲ့ကြပေသည်။
ကျိချင်းရီ၊ ရူယင်းနှင့် ရှန့်ရွယ်ရီ၊ သူတို့အားလုံးက ရှေးဟောင်းလမ်းတွင် နာမည်ကျော်ကြားပြီး အဆုံးမဲ့ တောက်ပမှုရှိသည့် ပါရမီရှင်များ ဖြစ်ချေသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်ရှေ့မှာတော့ သူတို့ဟာ အလွန်သာမန်ဆန်ပြီး တောက်ပမှုတို့ ပျောက်ကွယ်နေခဲ့ရသည်။
ကျွင်းရှောင်ယောက်က သူတို့အားလုံးကို တုန်လှုပ်စေသည့် ဖြစ်တည်မှုတစ်ခု ဖြစ်ချေသည်။
သို့သော်လည်း နင်သဲဖာနှင့် အခြားရွာသားများကတော့ စိတ်လှုပ်ရှားလွန်း၍ မျက်ရည်များ စီးကျလာခဲ့ရသည်။
နှစ်ပေါင်းမည်မျှကြာသွားခဲ့ပြီနည်း။
စန်းမိသားစုက သူတို့ကို ဖိနှိပ်ခဲ့တာ နှစ်ပေါင်းဘယ်လောက်ကြာမြင့်ခဲ့ပြီနည်း။
ယနေ့မှာတော့ ကျွင်းရှောင်ယောက်ဟာ သူတို့အတွက် သူတို့ရင်ဘတ်ထဲမှ မကျေနပ်ချက်များကို ဖြေလျှော့ပေးလိုက်ပြီ ဖြစ်သည်။
ဤအခိုက်တွင် ဟွမ်ကျေးရွာမှ ရွာသူရွာသား သုံးရာကျော်၏ မျက်လုံးများက ရိုသေလေးစားမှုနှင့် ကိုးစားမှုတို့ဖြင့် ပြည့်နှက်နေတော့သည်။
သူတို့၏ စိတ်နှလုံးထဲတွင် ကျွင်းရှောင်ယောက်က ကိုးကွယ်ထိုက်သည့် တစ်ဆူတည်းသော ဘုရားဖြစ်လာပုံရသည်။
"ငါတို့ အသက်ရှိနေသရွေ့ မင်းနောက်ကို အမြဲလိုက်ပါမယ်"
နင်သဲဖာက ခြင်္သေ့ကြီးတစ်ကောင်ကဲ့သို့ အသံကျယ်ကျယ်ဖြင့် ဟိန်းဟောက်ကာ ကျွင်းရှောင်ယောက်ရှေ့တွင် ဒူးထောက်ထိုင်လိုက်သည်။
အသက်ရှင်ကျန်ရစ်သော ကျန်ရွာသား သုံးရာခန့်သည်လည်း ဒူးထောက်ထိုင်လိုက်တော့သည်။
"ရှေးဟောင်းမြင့်မြတ်ခန္ဓာမျိုးရိုးမှာ မင်းရှိနေတာက ကောင်းချီးတစ်ခုပါပဲ"
ဝူဟူ၏ သွေးစွန်းနေသော မျက်နှာပေါ်တွင် သက်တောင့်သက်သာရှိသော အပြုံးတစ်ခု ပေါ်လာပြီး သက်ပြင်းချလိုက်သည်။
"တစ်နေ့ကျရင် ငါလည်း အစ်ကိုကြီးလို အစွမ်းထက်တဲ့သူဖြစ်ချင်တယ်"
နင်ချန်၏ မျက်လုံးများက လေးစားမှုတို့ ပြည့်နေသည်။
"ဒါက... အဘိုးပြောပြဖူးတဲ့ သူရဲကောင်းမျိုးလား"
ရှောင်ရွယ်ရွယ်လည်း တောင့်တပြီး လေးစားမှုအပြည့်ရှိသည့် မျက်လုံးများနှင့် ကြည့်လိုက်သည်။
သို့သော်လည်း ဤအခိုက်တွင် ကောင်းကင်တွင်ရပ်နေသော ကျွင်းရှောင်ယောက်၏ မျက်လုံးများမှ အေးစက်မှုတို့က လျော့မသွားသေးပါ။
သူ့ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော အံ့သြမှု အကြည့်များကို သူက လုံးဝ လျစ်လျူရှုခဲ့သည်။
ယခုအချိန်တွင်၊ ကျွင်းရှောင်ယောက်၏စိတ်ထဲမှာ ပါ့ရှင်းစန်းမိသားစုကို ဖျက်ဆီးလိုသည့် အတွေးတစ်ခုသာ ရှိသည်။
သို့သော်လည်း ဤမတိုင်မီ အရာတချို့ကို သူလုပ်ရဦးမည်။
"ဒီနေ့ ငါ နတ်ဘုရားသားတော်က ရှေးဟောင်းနန်းတော်နဲ့ နန်းတော်စောင့်မျိုးရိုးတို့ အင်မော်နယ်နယ်မြေကြီးမှာ တစ်ဖန် ပြန်လည်ပေါ်ထွန်းလာမယ်လို့ ကြေညာတယ်။ ဒါကို ဘယ်သူမှ တားဆီးလို့ မရစေရဘူး"
ကျွင်းရှောင်ယောက်၏အသံက ကောင်းကင်တွင် ပျံ့နှံ့သွားခဲ့သည်။
လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြ၏။
ကျွင်းရှောင်ယောက်က အားနည်းနေသည့် ရှေးဟောင်းမြင့်မြတ်ခန္ဓာကို သူ့ကိုယ်ပိုင်ခွန်အားနှင့် တစ်ဖန်မြှင့်တင်ပေးမည်လော။
သို့သော်...
သူ့ဘဝ၏ နောက်ဆုံးချိန်သို့ ရောက်လုနီးပါးဖြစ်ခဲ့သည့် နောက်ဆုံး ရှေးဟောင်းမြင့်မြတ်ခန္ဓာမျိုးဆက်နှင့် သာမန်လူနှင့်မခြားသော ဟွမ်ကျေးရွာသား သုံးရာတို့ကိုကြည့်မိသောအခါ...
ရှေးဟောင်းနန်းတော်ကို မည်သို့မည်ပုံ ပြန်လည်နိုးထစေမလဲဆိုတာ လူတိုင်း တွေးကြည့်၍ပင်မရတော့ပေ။
ကျွင်းရှောင်ယောက်က မည်မျှပင် သန်မာပါစေ တစ်ဦးတည်းသာ ဖြစ်သည်။ သူတစ်ဦးတည်းက မြင့်မြတ်ခန္ဓာမျိုးရိုးတစ်ခုလုံးကို မည်သို့ ပံ့ပိုးပေးနိုင်ပါမည်နည်း။
လူထု၏ သံသယနှင့် ယှဉ်လျှင်...
နင်သဲဖာနှင့် အခြား ဟွမ်ကျေးရွာနေလူများက လွန်စွာ ကျေးဇူးတင်သွားခဲ့ကြသည်။
သို့သော်လည်း သူ၏ အင်အားတစ်ခုတည်းဖြင့် ရှေးဟောင်းနန်းတော်နှင့် နန်းတော်စောင့်မျိုးရိုးကို ပြန်လည်ရှင်သန်ရန် မဖြစ်နိုင်ကြောင်း သူတို့နားလည်ကြပေသည်။
ဝူဟူက ပြုံးပြီး ပြောလိုက်သည်။
"မင်းရဲ့စကားကြောင့် ငါစိတ်သက်သာရာရသွားခဲ့ပါပြီ။ နောက်ပိုင်းကို မင်းအတွက် စိတ်ချလက်ချ ထားခဲ့နိုင်ပြီ"
သူ့အသက်ဓာတ်များ တဖြည်းဖြည်း ကုန်လာတာကို ခံစားမိ၏။
သို့သော်လည်း အနည်းငယ်မျှ နောင်တမရဘဲ သူ့မျက်နှာမှာ အပြုံးတစ်ခုပင် ရှိနေပါသေးသည်။
"အကြီးအကဲဝူဟူ၊ ခင်ဗျား နှုတ်ထွက်လို့မရသေးဘူးလေ။ အသျှင်ခန္ဓာရဲ့ အဆက်အနွယ်တွေ ကျဆုံးမှုကို သက်သေပြရဦးမယ်"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါးပြုံးပြီး ပြောလိုက်သည်။
"ဒီအချိန်ထိ နေနိုင်တာနဲ့တင် ငါ ကျေနပ်ပါပြီ။ ငါ့ရဲ့ကန့်သတ်ချက်ကို ငါသိတယ်"
ဝူဟူက သေခြင်းရှင်ခြင်းကို စိတ်မပူတော့သလို ခေါင်းကိုခါယမ်းလိုက်သည်။
"ကျွန်တော် ကျွင်းရှောင်ယောက်က ရှေးဟောင်းနန်းတော်က ရှေးဘိုးဘေးတွေရဲ့အမွေကို လက်ခံရရှိထားတာကြောင့် ရှေးဟောင်းနန်းတော်အတွက် ကျွန်တော်ရဲ့တာဝန်ကို သဘာဝအတိုင်း လုပ်ဆောင်ရလိမ့်မယ်"
ကျွင်းရှောင်ယောက်က သူ့ရင်ဘတ်ကို လက်နှင့်တစ်ချက်သပ်လိုက်သည်။ သူ့လက်ထဲတွင် ပတ္တမြားကဲ့သို့ အနီရောင်အရည်များ ပါလာခဲ့၏။
ယင်းက တစ်စက်၊ နှစ်စက် မဟုတ်ပေ။
ယင်းအစား ရာနှင့်ချီသော ရှေးဟောင်းမြင့်မြတ်ခန္ဓာ သွေးအနှစ်သာရများ ပါလာခြင်း ဖြစ်သည်။
"ကျွင်းရှောင်ယောက်၊ မလုပ်နဲ့"
ဝူဟူ၏ မျက်လုံးများက တုန်လှုပ်သွားပြီး အမြန်တားဆီးလိုက်သည်။
ယခုအခါ ကျွင်းရှောင်ယောက်က ရှေးဟောင်းမြင့်မြတ်ခန္ဓာမျိုးရိုး၏ မျှော်လင့်ချက်ဖြစ်၍ အနည်းငယ်မျှ အမှားမခံနိုင်ပေ။
"သခင်၊ ဒါက..."
နင်သဲဖာနှင့် အခြား ဟွမ်ကျေးရွာမှ ရွာသူရွာသားများလည်း အံ့အားသင့်သွားကြသည်။
အဝေးမှကြည့်နေကြသော လူအုပ်ကြီးလည်း အံ့အားသင့်ပြီး မှင်တက်သွားခဲ့ကြလေသည်။
ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ သွေးအနှစ်သာရက အလွန်အဖိုးတန်သည်။ အနှစ်သာရ တစ်စက်စီက အလွန်မြင့်မားသောစျေးနှုန်းဖြင့် ရောင်းချရန် လုံလောက်ခဲ့ပေသည်။
ယခုမူ၊ ကျွင်းရှောင်ယောက်က ရာနှင့်ချီသော မြင့်မြတ်ခန္ဓာသွေးများကို ထုတ်လိုက်ပြီ ဖြစ်သည်။
အရေးကြီးဆုံးအချက်ကတော့ မြင့်မြတ်ခန္ဓာ သွေးအနှစ်သာရသည် ရှေးဟောင်းမြင့်မြတ်ခန္ဓာအတွက် အလွန် အရေးကြီးသည်။
ကျွင်းရှောင်ယောက်၏ ဤလုပ်ရပ်က သူ့ကို ထိခိုက်စေနိုင်သည် မဟုတ်ပါလား။
သို့သော်လည်း ကျွင်းရှောင်ယောက်၏မျက်နှာက ပုံမှန်အတိုင်း ဖြစ်နေသောကြောင့် အားလုံး အံ့ဩသွားကြသည်။ သူ့အမူအရာက အားနည်းမှုနှင့် ဖြူဖျော့သွားခြင်း အလျဉ်းမရှိပေ။
"ဒီသွေးအနှစ်သာတွေက မင်းတို့အတွက်ပဲ၊ ကိုယ့်လက်နဲ့ ကိုယ်တိုင်လက်စားချေကြပါ"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"ဒါပေမယ့် မင်း..."
ဝူဟူ တုံ့ဆိုင်းသွား၏။
"ကျုပ်အတွက် စိတ်မပူပါနဲ့၊ မြင့်မြတ်ခန္ဓာသွေးအိုင်ကို မေ့သွားတာလား"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
သဘာဝအတိုင်း ကျွင်းရှောင်ယောက်က သူ့ကိုသူ ထိခိုက်စေရန် ဘာမှမလုပ်ပေ။
ကိုယ့်ကိုယ်ကို နာကျင်စေခဲ့သည့် နောက်ဆုံးအကြိမ်က ကျန်းစန်းယီကို ကယ်တင်ရန် ဖြစ်သည်။
အမှန်အတိုင်းပြောရလျှင်၊ ကျွင်းရှောင်ယောက်က ဝူဟူနှင့် ဟွမ်ကျေးရွာမှ ရွာသူရွာသားများကို လေးစားသော်လည်း...
ကျန်းစန်းယီနှင့် နှိုင်းယှဥ်လျှင်တော့ လုံးဝ ယှဉ်၍မရပေ။
သူတို့ကို ကူညီရန်အတွက် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ခြင်းမှာ ကျွင်းရှောင်ယောက်အတွက် သဘာဝမကျပါ။
သို့သော်လည်း ကျွင်းရှောင်ယောက်သည် ယခင်က မြင့်မြတ်ခန္ဓာ သွေးအနှစ်သာရနှင့် သွေးတို့ကို သန့်စင်ခဲ့သည်။
ယခုအခါ သူ့ကိုယ်တွင်း၌ မြင့်မြတ်ခန္ဓာသွေးများက ပြည့်လျှံနေခဲ့ပြီ။
ထို့ထက် အရေးကြီးဆုံးအချက်မှာ၊ ကျွင်းရှောင်ယောက်မှ စုပ်ယူလိုက်ပြီးနောက် ထိုရှေးဟောင်းမြင့်မြတ်ခန္ဓာသွေးများကို သူ့သွေးများအဖြစ် ပြောင်းလဲသွားစေခြင်း ဖြစ်သည်။
သိထားရမည်မှာ ကျွင်းရှောင်ယောက်က အချုပ်အနှောင် ကြိုးဆယ်ချောင်းကို ဖြတ်ကျော်သွားသော ရှေးဟောင်းမြင့်မြတ်ခန္ဓာ ဖြစ်၏။
သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာ သွေးအနှစ်သာရနှင့် ထိုဘိုးဘေးများ၏ သွေးအနှစ်သာရကြားတွင် ကွာခြားချက်တစ်ခု ရှိသည်။
ဟွမ်ကျေးရွာမှ ရွာသူရွာသား သုံးရာထဲတွင် တစ်ယောက်စီက ကျွင်းရှောင်ယောက်၏ မြင့်မြတ်ခန္ဓာ သွေးတစ်စက်စီကို ရခဲ့သည်။
အဘိုးကြီး နင်သဲဖာက ငါးစက် ရခဲ့၏။
နင်ချန်နှင့် ရှောင်ရွယ်ရွယ်တို့က သွေးအနှစ်သာရ ဆယ်စက်စီကို ရရှိခဲ့ကြသည်။
ဝူဟူကိုတော့ ကျွင်းရှောင်ယောက်သည် မြင့်မြတ်ခန္ဓာ သွေးအနှစ်သာရနှင့် သွေးအစက်ငါးဆယ်ကို ပေးအပ်လိုက်တော့သည်။
ကျွင်းရှောင်ယောက်က ဝူဟူကို မကျဆုံးစေချင်ပေ။
သူတော်စင်သခင်အဆင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာတစ်ပါးသာ ကျဆုံးပါက လွန်စွာ သနားစရာကောင်းလိမ့်မည်။
"မင်းတို့ သန့်စင်ပြီးရင် ပါ့ရှင်း စန်းမိသားစုကိုသတ်ပြီး ကလဲ့စားချေမယ်၊ မတရားမှုကို လက်စားချေရမယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"သခင်ပြောတာ မှန်တယ်၊ ငါတို့အပေါ် အရှက်ခွဲခဲ့တဲ့ အသျှင်ခန္ဓာမျိုးရိုးကို ပြန်ပြီး ရှင်းပစ်ရမယ်"
"သခင်ရဲ့နောက်ကိုလိုက်၊ အသျှင်ကြယ်ကိုသွားပြီး စန်းမိသားစုကို ဖျက်ဆီးပစ်ရမယ်"
ဟွမ်ကျေးရွာမှ ရွာသူရွာသားသုံးရာ၊ မဟုတ်သေး... ဤအခိုက်တွင် ၎င်းတို့ကို နန်းတော်စောင့်သုံးရာဟု ခေါ်သင့်သည်။ ဤအခိုက်တွင် သူတို့၏ မျက်လုံးများက ဒေါသတို့ ပြည့်နေတော့သည်။
နင်သဲဖာကဲ့သို့ သက်ကြီးရွယ်အိုအချို့ပင် ယခုအချိန်တွင် စိတ်အားထက်သန်မှုအပြည့်ရှိပြီး သူတို့၏ခန္ဓာကိုယ်အတွင်းမှ ငြိမ်သက်နေသောသွေးများ ဆူပွက်လာခဲ့ပုံရသည်။
သူတို့အားလုံး တင်ပျဉ်ခွေထိုင်ပြီး ကျွင်းရှောင်ယောက်ပေးသော မြင့်မြတ်ခန္ဓာ သွေးအနှစ်သာရတို့ကို သန့်စင်ရန် ပြင်ဆင်နေကြတော့သည်။
"ဒါက အလုပ်ဖြစ်ပါ့မလား"
ဝူဟူလည်း တင်ပျဉ်ခွေထိုင်လိုက်သည်။
ပုံမှန်ဆိုလျှင်၊ သူ၏ လက်ရှိအခြေအနေဖြင့် မြင့်မြတ်ခန္ဓာသွေးအနှစ်သာရကို သန့်စင်လိုက်လျှင်ပင် ပြန်ကောင်းလာနိုင်မည် မဟုတ်ပေ။
သဲပုံပေါ်ကို ရေလောင်းသကဲ့သို့၊ ပြင်ပဒဏ်ရာများကို ကုသပေးနိုင်သော်လည်း အဓိကလက္ခကို မထင်ပေါ်စေဘဲ နောက်ဆုံးတွင် ခြောက်သွေ့သွားလိမ့်မည်။
"အကြီးအကဲ၊ ခင်ဗျားမကြိုးစားရင် မင်းဘယ်လိုသိနိုင်မှာလဲ"
ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာ၊ အချုပ်အနှောင်ကြိုးဆယ်ချောင်းကို ချိုးဖြတ်ခဲ့သော ရှေးဟောင်းမြင့်မြတ်ခန္ဓာ သွေးအနှစ်သာရက အံ့ဖွယ်အမှုများကို ဆောင်ကြဉ်းလာလိမ့်မည်။