အခန်း ၇၀၅
Vol. 47 Ch. 705
အခန်း ( ၇၀၅ ) နန်းတော်စောင့်သုံးရာတို့ ပြောင်းလဲသွားပြီ၊ ဝူဟူ အဓိပဓိတစ်ပိုင်းသို့ ချိုးဖြတ်ခြင်း။
ပျက်စီးခြင်းကြယ်တွင် ကြည်ရှုသူများက လူစုမခွဲသေးဘဲ နောင်လာမည့်ပြပွဲကောင်းကို စောင့်မျှော်နေခဲ့ကြသည်။
သို့သော်လည်း ပါ့ရှင်း စန်းမိသားစုက လုံးဝလှုပ်ရှားခြင်းမရှိ၍ အံ့သြနေသူများ ရှိ၏။
ပုံမှန်အားဖြင့်၊ ဤနေရာတွင် စန်းမိသားစုမှ အကြီးအကဲတားနှင့် လူတစ်သောင်းကျော် ကျဆုံးခဲ့၍ စန်းမိသားစုမှ လျစ်လျူရှုထားရန် မဖြစ်နိုင်ပေ။
သို့ရာတွင်၊ စန်းမိသားစုမှ မည်သူမျှ မရောက်လာခဲ့ကြပါ။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အလင်းတန်းတစ်ခု လင်းလက်သွားပြီး သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
'ဒီထိုပါ့ကျန်းက အတော်သတိရှိတာပဲ'
ကျွင်းရှောင်ယောက်က သူ့ဘာသာသူ တွေးလိုက်မိ၏။
ထိုကဲ့သို့ လိမ်မာသူများအတွက် ကျွင်းရှောင်ယောက်က လက်ဆောင်များကို မတွန့်တိုတတ်ပေ။
ထိုအချိန်တွင် သူက ကျွင်းမိသားစုတွင် ပါဝင်နိုင်ပြီး ဧည့်သည်တော် သို့မဟုတ် တစ်ခုခု ဖြစ်လာနိုင်သည်။
"ကျွင်းသခင်လေးကို နောက်ကွယ်ကနေ ကူညီမဲ့သူတွေ ရှိနေပုံရတယ်"
ကျိချင်းရီက ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။
"ဘာမှမဟုတ်ပါဘူး၊ ဒါက ကျွင်းမိသားစုရဲ့ ဘိုးဘေးတွေနဲ့ သက်ဆိုင်တဲ့ တရားစီရင်သူတစ်ဦးပဲ"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ဤရက်ပိုင်းတွင် ကျိချင်းရီက ထွက်မသွားဘဲ ကျွင်းရှောင်ယောက်နှင့် တာအိုအကြောင်း ဆွေးနွေးခဲ့သည်။
ကျိချင်းရီကို အံ့အားသင့်စေအောင် ကျွင်းရှောင်ယောက်၏ ကျင့်ကြံခြင်းအပေါ်နားလည်မှုက အလွန်နက်နဲသောအဆင့်သို့ ရောက်ရှိနေခဲ့၏။
သူသည် လူသားအင်မော်တယ်ဂိုဏ်း၏ လျှို့ဝှက်ဆန်းကြယ်သော ဆက်ခံသူနှင့်လည်း ဆွေးနွေးခဲ့ဖူးသည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော ဆက်ခံသူ၏ နားလည်မှုက အလွန်နက်နဲသောကြောင့် ထိပ်တန်း ကျွမ်းကျင်သူများနှင့်ပင် နှိုင်းယှဉ်နိုင်နေပြီ။
သို့ရာတွင် ကျွင်းရှောင်ယောက်၏ ကျင့်ကြံမှုအပေါ် နားလည်မှုက သက်ရှိရုပ်ကြွင်းအဆင့်မှ ရှေးဟောင်းတည်ရှိမှုတစ်ခု ဖြစ်နေပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်က ထိုမျှနက်နက်နဲနဲ နားလည်ခြင်းမှာ ကိုယ်ပိုင်လမ်းကို တည်ဆောက်ပြီး အတွင်းစကြာဝဠာအား ဆင့်ကဲပြောင်းလဲလာစေခဲ့သောကြောင့် ဖြစ်သည်။
သို့သော်လည်း ကျိချင်းရီကိုတော့ ဤအကြောင်း မပြောပြဖြစ်ခဲ့ပေ။။
ယခုအချိန်ထိ ကျိချင်းရီကို သူငယ်ချင်းအရင်းကြီးအဖြစ် မှတ်ယူမရသောကြောင့် သဘာဝအတိုင်း ဇာတ်လမ်းတစ်ခုလုံးကို မပြောနိုင်သေးပါ။
ပျော်ရွှင်စွာ စကားပြောနေသော ကျိချင်းရီနှင့် ကျွင်းရှောင်ယောက်ကိုကြည့်ကာ...
လူသားအင်မော်တယ်ဂိုဏ်းမှ လျှို့ဝှက်ဆန်းကြယ်သော ဆက်ခံသူ၏ ဦးခေါင်းပေါ်တွင် မြက်ခင်းစိမ်းများ ပေါက်လာပြီဟု လူအများ ခံစားခဲ့ရသည်။
ထို့နောက်တွင် ကျွင်းရှောင်ယောက်က ဝူဟူနှင့် အခြားသူများ လေ့ကျင့်ခြင်းကို စောင့်ဆိုင်းနေခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ နန်းတော်စောင့်သုံးရာ၏ နယ်ပယ်များက ချိုးဖြတ်ကာ အရှိန်အဝါတို့ အားကောင်းလာခဲ့သည်။
ယခင်ကတော့ နန်းတော်စောင့် မျိုးဆက်များ၏အင်အားက အားနည်းလှပေသည်။
ပျက်စီးခြင်းကြယ်တွင် ဝိညာဉ်စွမ်းအင်မရှိခြင်းကြောင့်လည်း ၎င်းတို့တွင် လေ့ကျင့်ရန်နည်းလမ်းမရှိခဲ့ပါချေ။
ကျွင်းရှောင်ယောက်က သူတို့ကို ရှေးဟောင်းမြင့်မြတ်ခန္ဓာ သွေးအနှစ်သာရများ ပေးရုံမကဘဲ ဘိုးဘေးတို့၏စာမူများမှ မြင့်မြတ်ခန္ဓာ လေ့ကျင့်မှုအကြောင်း အတွေ့အကြုံအချို့ကိုလည်း ထုတ်နုတ်ပြောပြခဲ့သည်။
ဤသို့သော ကျင့်ကြံခြင်း အတွေ့အကြုံက မြင့်မြတ်ခန္ဓာ သွေးအနှစ်သာရထက် ပို၍ အဖိုးတန်ပေသည်။
လဝက်ကြာသောအခါ နန်းတော်စောင့်အားလုံး၏ ကျင့်ကြံခြင်းအခြေခံများက တဟုန်ထိုး တက်လာခဲ့ကြသည်။
အခြေတည်နတ်ဘုရားများ၊ အစစ်အမှန်နတ်ဘုရားများ၊ ကောင်းကင်နတ်ဘုရားများ၊ တာအိုနတ်ဘုရားများ...
ကျွင်းရှောင်ယောက်၏ အချုပ်အနှောင်ချိုးဖြတ်ထားသော မြင့်မြတ်ခန္ဓာ သွေးအနှစ်သာရက နန်းတော်စောင့်များအတွက် အားဆေးကြီးတစ်ခွက်ပင် ဖြစ်သည်။
၎င်းက သူတို့ကိုယ်ထဲမှ သွေးစွမ်းအားကိုလည်း အပြည့်အဝ လှုံ့ဆော်ပေးခဲ့ပေသည်။
ထိုလူငယ်နှင့် လူလတ်ပိုင်းများကို မပြောနှင့်၊ နင်သဲဖာကဲ့သို့ သက်ကြီးရွယ်အိုများပင်လျှင် ကြီးမားသော အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရသည်။
သူ၏ အားနည်းသောခန္ဓာက အားအင်ပြည့်ဝလာသည်။ အဖြူရောင်ဆံပင်များ ပြန်နက်သွားပြီး သွေးများ ဆူပွက်လာခဲ့၏။
သူ့အသွင်မှာ လူလတ်ပိုင်းတစ်ဦး ပြန်ဖြစ်လာခဲ့ပုံရသည်။
"တာအိုနတ်ဘုရားနယ်ပယ်"
သူ့ကိုယ်ပိုင်နယ်ပယ်ကို အာရုံခံပြီးနောက် နင်သဲဖာ အိပ်မက်မက်နေသကဲ့သို့ အနည်းငယ် မယုံကြည်နိုင် ဖြစ်ခဲ့သည်။
တာအိုနတ်ဘုရားနယ်ပယ်သည် လက်ရှိ အဆုံးစွန်ရှေးဟောင်းလမ်းတွင် ဘာမျှမဟုတ်သော်လည်း...
သူတို့အတွက်ကတော့ အိပ်မက်တောင် မမက်ဝံ့သည့် နယ်ပယ်တစ်ခု ဖြစ်နေပြီ။
နင်ချန်နှင့် ရှောင်ရွယ်ရွယ်တို့လည်း လေ့ကျင့်ပြီး ပေါင်းစည်းခြင်းနယ်ပယ်သို့ ရောက်ခဲ့သည်။
၎င်းက ဘာမှဟုတ်ပုံမရသော်လည်း သိထားရမည်မှာ၊ နင်ချန်နှင့် ရှောင်ရွယ်ရွယ်က ဆယ်နှစ်ခန့်သာ ရှိသေးသည်။
ဤအသက်အရွယ်နှင့် တာအိုပေါင်းစည်းခြင်းနယ်ပယ်ကို ရောက်ရှိနိုင်သောကြောင့် တောက်ပသော အနာဂတ်တစ်ခု ရှိနေမည်မှာ သေချာသည်။
"သခင်ရဲ့လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်!"
နင်သဲဖာနှင့် နန်းတော်စောင့်မျိုးရိုးတို့က ဦးညွှတ်ရှိခိုးလိုက်ကြသည်။
"ကျေးဇူးတင်ပါတယ် သခင်"
နင်ချန်နှင့် ရှောင်ရွယ်ရွယ်တို့လည်း အလွန်စိတ်လှုပ်ရှားနေခဲ့၏။
"ဒါ ဘာမှမဟုတ်ပါဘူး၊ ဒါကအစပဲ။ မင်းတို့ရဲ့အနာဂတ်က အကန့်အသတ်မရှိဘူး"
ကျွင်းရှောင်ယောက်က ပြုံးလျက် ပြောလိုက်သည်။
ထို့နောက် သူ့အကြည့်က ဝူဟူဘက်သို့ လှည့်သွားပြန်သည်။
နန်းတော်စောင့်သုံးရာနှင့်ယှဉ်လျှင်....
ဝူဟူ ဘယ်အထိ ခြေလှမ်းနိုင်မလဲ ဆိုသည်အား သူ ပို၍သိချင်သည်။
ဝူဟူက လေ့ကျင့်နည်းကိုမသိသော နန်းတော်စောင့်များမဟုတ်ပါ။ သူသည် ခြေချင်းငါးချောင်းကို ချိုးဖျက်ကာ သူတော်စင်သခင်နယ်ပယ်အထိ လေ့ကျင့်ထားသော မြင့်မြတ်ခန္ဓာ ဖြစ်သည်။
သူက မျှော်လင့်ထားတာက ပို၍ တန်ဖိုးရှိပေသည်။
တစ်လကုန်လွန်သွားခဲ့သည်။
ထိုအချိန်တွင်၊ ဝူဟူ၏ ခန္ဓာကိုယ်မှ လေနှင့် မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ မြေတပြင်လုံးတုန်ခါကာ မိုးနှင့်မြေ၏ သဘာဝစွမ်းအင်များ လှုပ်ရှားလာခဲ့၏။
မူလက၊ မြုံနေသောကြယ်က ဤအခိုက်တွင် ဝိညာဉ်စွမ်းအင်များကို အမှန်တကယ်စုဆောင်းကာ မုန်တိုင်းတစ်ခုကဲ့သို့ ဝူဟူ၏ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာတော့သည်။
အထီးကျန်ကြယ်တစ်စင်းလုံးက ဝူဟူကို အသွင်ပြောင်းပြီး ဖြတ်ကျော်ရန် ကူညီပေးနေပုံ ရသည်။
"ဘာတွေဖြစ်နေတာလဲ၊ ကြယ်တစ်ခုလုံး တုန်နေတယ်"
"ဒါက မြင့်မြတ်ခန္ဓာပဲ၊ သူ အဆင့်တက်သွားတော့မှာလား"
ဤအခိုက်တွင် ဘေးမှကြည့်နေသူများ၏ အကြည့်အားလုံးက ဝူဟူဆီသို့ ကျရောက်လာခဲ့သည်။
ယခင်က ကျွင်းရှောင်ယောက်သည် ခေတ်ရေစီးကြောင်းကို ဖြတ်ကျော်ပြီး လမ်းကြောင်းအားလုံးကို ချိုးဖြတ်ခဲ့သည်။
ယခုက ဝူဟူ၏အလှည့်ပင်။
မြင့်မြတ်ခန္ဓာမျိုးရိုးက အမှန်တကယ် ထွန်းကားတော့မည်လော။
လူတိုင်း၏ တုန်လှုပ်ချောက်ချားသော အကြည့်အောက်တွင် ဝူဟူ၏ အက်ကွဲနေသောမြင့်မြတ်ခန္ဓာက အဆုံးမဲ့ရွှေရောင်အလင်းများဖြင့် ပြည့်နှက်ပြီး စတင်ပြုပြင်ခဲ့ကြသည်။
ကြီးမားသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး အမျိုးမျိုးသော ရူပါရုံများ ထွက်ပေါ်လာခဲ့၏။
တစ်ချိန်တည်းမှာပင် ဝူဟူ၏ ခန္ဓာကိုယ်တွင် ရစ်ပတ်နေသော ကောင်းကင်၏ ဖိနှိပ်ချုပ်ချယ်မှုများနှင့် ပြည့်နှက်နေသည့် ကွင်းဆက်ကြိုးတစ်ခုကို ယောင်ဝါးဝါး မြင်လာရတော့သည်။
"ဒါက ကောင်းကင်ရဲ့ခြေချင်းချိတ်တွေပဲ..."
ကျွင်းရှောင်ယောက်၏ မျက်လုံးများက ကျုံ့သွားသည်။
သူမွေးဖွားစဉ်က ပြီးပြည့်စုံသော မြင့်မြတ်ခန္ဓာကို ရရှိခဲ့၍...
ချုပ်နှောင်ခံရသော ခံစားချက်ကို နားမလည်နိုင်ပေ။
ဝူဟူက သံရှည်ဆွဲကာဟိန်းဟောက်ပြီး ကောင်းကင်သို့ ခြေလှမ်းတစ်လှမ်းချင်း လှမ်းတက်လိုက်သည်။ သူ၏ အနက်ရောင်ဆံပင်များက တဖျပ်ဖျပ်ခတ်ပြီး ကြီးကျယ်ခမ်းနားသော ကိုယ်ဟန်အနေအထားဖြင့် ရပ်တည်လာခဲ့၏။
ဤအခိုက်အတန့်တွင်၊ သူက အတိတ်ပုံရိပ်ဆိုးကိုဖယ်ရှားပြီး အားမာန်၊ မာနနှင့် ပြည့်စုံပြီး နတ်ဘုရားများနှင့်ပင် ပြိုင်လိုသည်။
"ဒါက ကောင်းကင်အချုပ်ဆိုရင်တောင် ဘာဖြစ်လဲ၊ ငါတို့ရဲ့ မာနကို တစ်ပြားသားမှ မလျော့စေနိုင်ဘူး"
ဝူဟူ၏ အသံက ပြင်းထန်ပြတ်သားသည်။ သူ၏ နတ်ဘုရားစွမ်းအင်က တဟုန်ထိုးတောက်လောင်ပြီး စစ်နတ်ဘုရားကဲ့သို့ နိုးကြားလာခဲ့လာခဲ့သည်။
ကျွင်းရှောင်ယောက်ပေးသော ရှေးဟောင်းမြင့်မြတ်ခန္ဓာ သွေးအနှစ်သာရငါးဆယ်ကို သန့်စင်ပြီးနောက်၊ သူ၏ မြင့်မြတ်ခန္ဓာသည် အရည်အသွေးပိုင်း ပြောင်းလဲသွား၏။
ဤခံစားချက်သည် ရှေးခေတ်ဟောင်းမှ မြင့်မြတ်ခန္ဓာက သူ့ကို နိုးထခြင်း၏ အနှစ်သာရအား ပေးဆောင်လိုက်သကဲ့သို့ ဖြစ်သည်။
မိုးနှင့်မြေက ဖရိုဖရဲဖြစ်ပြီး ကမ္ဘာပျက်တော့မည်ကဲ့သို့ မိုးခြိမ်းသံများနှင့် ထူထပ်သော နတ်သံကြိုးများ ထွက်ပေါ်လာခဲ့သည်။
"ဒါက... အဓိပဓိတစ်ပိုင်းနယ်ပယ်ကို ချိုးဖြတ်တော့မှာလား"
ပါရမီရှင် တော်တော်များများ အသက်ပြင်းပြင်းရှူပြီး အလွန်တုန်လှုပ်သွား၏။
ကျွင်းရှောင်ယောက်ကမူ ဤမြင်ကွင်းကို မြင်ရသော်လည်း မအံ့ဩပေ။
ဤအရာအားလုံးက သူ့မျှော်လင့်ချက်ထဲမှာ ရှိသည်။
ဝူဟူသည် အချိန်အတော်ကြာ နှိပ်စက်ညှဉ်းပန်း ဖိနှိပ်ခံခဲ့ရသော်လည်း...
ယင်းက သူ့အတွက် လေ့ကျင့်မှုတစ်မျိုးပင်။
အခွင့်အလမ်းတစ်ခု ရရှိနိုင်သရွေ့ အပြည့်အဝ နိုးထလာနိုင်သည်။
ကျွင်းရှောင်ယောက်၏ မြင့်မြတ်ခန္ဓာ သွေးအနှစ်သာကတော့ ထိုအခွင့်အလမ်းတစ်ခုပင်။
"ဝုန်း"
အဓိပဓိတစ်ပိုင်း ကပ်ဘေးဒုက္ခက အလွန်ကြောက်စရာကောင်းသည်၊၊ ၎င်းသည် အဓိပဓိ ကပ်ဘေးဒုက္ခကြီးနှင့် မယှဉ်နိုင်သော်လည်း ကြောက်စရာကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်နေဆဲပင်။
"တကယ့် အဓိပဓိကပ်ဘေးဒုက္ခကြီးကျရင် ရှေးခေတ်က တန်ခိုးရှင်ကြီးတွေ အများအပြားပေါ်လာလိမ့်မယ်တဲ့"
"ဒါက အဓိပဓိတစ်ပိုင်း ကပ်ဘေးဒုက္ခဖြစ်ပေမဲ့ အရမ်းကြောက်စရာကောင်းတုန်းပဲ"
စောင့်ကြည့်နေသော ပါရမီရှင်နှင့် ကျင့်ကြံသူများလည်း အဝေးကို ဆုတ်သွားခဲ့ကြသည်။
ဤသို့သော အဓိပဓိတစ်ပိုင်း ကပ်ဘေးဒုက္ခတွင် ဝင်ရောက်စွတ်ဖက်မိပါက ခန္ဓာပျက်စီးပြီး စိတ်ဝိညာဉ် ကြွေလွင့်သွားလိမ့်မည်။
ဟုတ်သည်၊ သူတို့က လုံးဝ စွန့်ခွာမသွားပါ။
အဓိပဓိတစ်ပိုင်း ကပ်ဘေးဒုက္ခက မြင်ရခဲလှသည်။ ၎င်းကိုကြည့်နိုင်ပါက ကျင့်ကြံမှုနှင့် ဉာဏ်အလင်းအတွက် အလွန်အသုံးဝင်သော အခွင့်အလမ်းကောင်းတစ်ခု ဖြစ်လိမ့်မည်။
အားလုံး၏ အကြည့်အောက်တွင် ဝူဟူအပေါ်သို့ ဖရိုဖရဲမိုးကြိုး ကျဆင်းလာခဲ့သည်။
ထိုမိုးကြိုးများက သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာကို အနည်းငယ်မျှ မထိခိုက်စေနိုင်ပေ။
ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ခြင်းက ခုနစ်ရက်နှင့် ခုနစ်ညတာ ကြာမြင့်ခဲ့သည်။
အဆုံးတွင်၊ ဝူဟူ၏ စွမ်းအင်နှင့် သွေးများက ကောင်းကင်သို့ ပျံတက်သွားပြီး အရပ်ရပ်ကို တုန်လှုပ်စေခဲ့၏။
သံရှည်ဆွဲ၍ အော်ဟစ်သံနှင့်အတူ ကောင်းကင်ကြီး ပြိုကျသွားတော့သည်။
တစ်ချိန်တည်းမှာပင်၊ သူ့ခန္ဓာကိုယ်ပေါ်ရှိ ကောင်းကင်ကြိုးများ ကျိုးပဲ့သွားခဲ့သည်။
ဝူဟူ၏ မြင့်မြတ်ခန္ဓာက ဆဋ္ဌမမြောက် ကောင်းကင်ခြေချုပ်ကို ချိုးဖျက်ကာ သူတော်စင်သခင်နယ်ပယ်မှ အဓိပဓိတစ်ပိုင်းနယ်ပယ်သို့ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။
ခဏအကြာတွင် ကြီးမားကျယ်ပြန့်သော စွမ်းအားအတက်အကျများ ထွက်ပေါ်လာခဲ့၏။ သွေးနှင့်စွမ်းအင်က သမုဒ္ဒရာတစ်ခုကဲ့သို့ ကျယ်ပြောသော ကမ္ဘာကြီးကို နစ်မြုပ်သွားစေတော့သည်။