← Chapters

အခန်း ၇၀၆

Vol. 48 Ch. 706

အခန်း ၇၀၆

Vol. 48 Ch. 706

အပိုင်း ( ၇၀၆ ) ကလဲ့စားချေခြင်းစတင်ပြီ၊ လှံပုဆိန်တစ်လက်နှင့် အသျှင်ကြယ်ကို ခွဲခြမ်းသည်။

အားကောင်းသော အဓိပဓိတစ်ပိုင်း အရှိန်အဝါက အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။

အနီးပတ်ဝန်းကျင်မှ ပရိသတ်များလည်း နတ်ဘုရားတစ်ပါး နိုးထလာမှုကို ကိုယ်တိုင်မြင်နေရသလို ရင်မောသွား၏။

"ကြောက်စရာကောင်းလိုက်တာ၊ အဓိပဓိတစ်ပိုင်းတွေကို ငါ မမြင်ဖူးတာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအရှိန်အဝါက အခြား အဓိပဓိတစ်ပိုင်းတွေနဲ့ မတူဘူး"

ပါရမီရှင်တစ်ဦးက အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

ဤအရှိန်အဝါက စစ်မှန်သော အဓိပဓိတစ်ပါးနှင့်ပင် သိပ်မဝေးတော့ပေ။

"ပေါက်တတ်ကရ၊ အဲဒါက ရှေးဟောင်းမြင့်မြတ်ခန္ဓာဟ။ သာမန် အဓိပဓိတစ်ပိုင်းတွေနဲ့ တူမယ်ဆိုရင် အဲဒါကို ရှေးဟောင်းမြင့်မြတ်ခန္ဓာနဲ့ တူပါ့ဦးမလား"

တစ်ယောက်က ပြန်ပြောလိုက်သည်။

‌ရှေးဟောင်းမြင့်မြတ်ခန္ဓာသည် မိုးနှင့်မြေ၏ တားမြစ်ခံထားရသော်လည်း...

ဤကန့်သတ်ချက်ကို ကျော်လွန်ပြီး ပိုမြင့်မားသောအဆင့်သို့ ရောက်လာသည်နှင့် အင်အားကလည်း အလွန်ကြောက်စရာကောင်းကာ တူညီသောအဆင့်တွင် ပြိုင်ဘက်ကင်းလိမ့်မည် ဖြစ်သည်။

ဤအခိုက်တွင် ဝူဟူက မိုးကြိုးကြား၌ ရေချိုးနေသော ရွှေရောင်စစ်နတ်ဘုရားကဲ့သို့ ဖြစ်နေသည်။ သူ့ခန္ဓာကိုယ် တစ်လက်မစီတိုင်းက မြင့်မြတ်ခန္ဓာကမ္ပည်းများ ပြည့်နှက်နေပေသည်။

အသက်ရှုလိုက်တိုင်း သူ၏ ချီနှင့်သွေးက လေပြင်းမုန်တိုင်းကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

သူက ပါးစပ်ဟပြီး ကောင်းကင်ယံမှ လျှပ်စီးအားလုံးကို သူ့ခန္ဓာထဲသို့ မျိုချလိုက်၏။ သူက ထိုလျှပ်စီးကို အသုံးပြုပြီး ရှေးဟောင်းမြင့်မြတ်ခန္ဓာကို သန့်စင်လိုက်တော့သည်။

နောက်သုံးရက်အကြာတွင် ဝူဟူ၏ ကျင့်ကြံမှုက လုံးဝ ပြီးမြောက်သွားခဲ့သည်။

သူ့နယ်ပယ်က အဓိပဓိတစ်ပိုင်းသို့ ရောက်ရှိသွားပြီး ဆဋ္ဌမမြောက် ကောင်းကင်တာအိုအချုပ်ကိုလည်း ချိုးဖြတ်နိုင်ခဲ့ပေသည်။

ယင်းက ကျွင်းရှောင်ယောက်နှင့် နှိုင်းယှဉ်ရန် ဝေးကွာသော်လည်း အချိန်အခါကိုကြည့်လျှင် ခြေချင်းခြောက်ခုကို ချိုးဖျက်ခဲ့သော ရှေးဟောင်းမြင့်မြတ်ခန္ဓာက အလွန်ရှားပါးနေပြီ ဖြစ်သည်။

တိုင်းတပါးမှ အင်မော်တယ်ဘုရင်သုံးပါးကို တစ်ယောက်တည်းတိုက်ခိုက်ခဲ့သော နန်းတော်ရှင်သည်ပင် ကြိုးခုနစ်ချောင်းကို ချိုးဖျက်ခဲ့ကြောင်း သိရှိထားရလိမ့်မည်။

"အကြီးအကဲဝူဟူ၊ ဂုဏ်ပြုပါတယ်"

ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။

"ကျွင်းရှောင်ယောက်၊ ကျေးဇူးအများကြီးတင်ပါတယ်"

ဝူဟူလည်း စိတ်ရင်းမှန်ဖြင့် ကျွင်းရှောင်ယောက်ကို လက်ယှက်ပြလိုက်၏။

ကျွင်းရှောင်ယောက်က သူကိုယ်တိုင်နှင့် နန်းတော်စောင့် မျိုးရိုးတစ်ခုလုံး၏ ကံကြမ္မာကို တစ်ယောက်တည်းဖြင့် ပြောင်းပြန်လှန်ခဲ့သည်။

သူတို့မရှိလျှင်ပင် ကျွင်းရှောင်ယောက် တစ်ယောက်တည်းက ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ထာဝစဥ်တောက်ပနေစေရန် လုံလောက်သည်။

"အကြီးအကဲ၊ ခင်ဗျား ဘာဖြစ်လို့ ယဉ်ကျေးရတာလဲ။ ကျွန်တော်က ရှေးဟောင်းနန်းတော်ရဲ့ အမွေကို ရထားပြီးဖြစ်လို့ သဘာဝအတိုင်း အကောင်းဆုံး လုပ်မှာပါ"

ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။

"ဟားဟားဟား၊ ကျွင်းမိသားစုအပြင် မင်းရဲ့နောက်ကွယ်မှာ ကျွင်းဧကရာဇ်ခုံရုံးတစ်ခုရှိပုံရတယ်။ အဲဒါက မင်းကိုယ်တိုင်တည်ဆောက်ထားတဲ့ စွမ်းအားပဲလား"

ဝူဟူက ပြုံးလျက် ပြောသည်။

"ဟုတ်ပါတယ်"

ကျွင်းရှောင်ယောက်က ခေါင်းညိတ်လိုက်၏။

"ငါက ကျွင်းဧကရာဇ်ခုံရုံးကို ဝင်နိုင်လောက်အောင် ဂုဏ်ရှိပါ့မလား မသိဘူး"

ဝူဟူက ပြုံးပြီး ပြောလိုက်သည်။

"ဟုတ်တာပေါ့၊ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်"

ကျွင်းရှောင်ယောက်က ပြုံးလိုက်၏။

"သခင်လေး၊ ငါတို့လည်း ပူးပေါင်းချင်ပါတယ်"

နင်သဲဖာက နင်ချန်နှင့် ရှောင်ရွယ်ရွယ်၏ လက်ကိုဆွဲကာ ပြောလိုက်သည်။

နန်းတော်စောင့်သုံးရာလည်း ရိုသေလေးစားမှုအပြည့်ဖြင့် ကြည့်လိုက်ကြလေသည်။

ကျွင်းရှောင်ယောက် မရှိပါက ဤအနေအထားသို့ သူတို့ ရောက်ရှိနိုင်ကြမည် မဟုတ်ပေ။

"ကောင်းပါတယ်၊ အားလုံး ပူးပေါင်းလို့ရတယ်။ ကျုပ် စီစဉ်လိုက်မယ်၊ ဒါပေမဲ့ အခုတော့ ကျုပ်တို့မှာ လုပ်စရာရှိသေးတယ် မဟုတ်လား"

ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။

ထိုအပြုံးကတော့ အနည်းငယ် အေးစက်သွား၏။

နင်သဲဖာနှင့် အခြားသူများလည်း ထိုစကားကိုကြားသောအခါ သူတို့၏မျက်လုံးများ ရုတ်တရက် မီးတောက်သွားကြသည်။

ယင်းက ကလဲ့စားချေခြင်း မီးတောက်ပင်။

ကျွင်းရှောင်ယောက်က စန်းမိသားစုကို ဖျက်ဆီးပစ်မည်ဟု ပြောခဲ့သည်အား သူတို့ မမေ့ကြသေးပေ။

"ဒီနေ့ကို ငါ စောင့်နေခဲ့တာ၊ ငါစောင့်နေခဲ့ရတာ ကြာပြီ။ အခု အချိန်ကျပြီပေါ့"

ဝူဟူ၏ မျက်လုံးများက အားကောင်းသော သတ်ဖြတ်လိုစိတ်တို့ကို လှစ်ဟလာခဲ့သည်။

အဓိပဓိတစ်ပိုင်း၏ သတ်ဖြတ်ချင်စိတ်ကြောင့် ကမ္ဘာကြီးတစ်ခုလုံး ရုတ်တရက် အေးခဲသွားပုံရပေသည်။

ကျွင်းရှောင်ယောက်က အနည်းငယ်ခေါင်းညိတ်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ ရွှေနက်ရောင် နတ်ဘုရားချပ်ဝတ်က ဝူဟူဆီသို့ ကျရောက်လာခဲ့၏။

"ကျွင်းရှောင်ယောက်၊ မင်း..."

ဝူဟူလည်း အံ့သြသွားမိသည်။

"အကြီးအကဲဝူဟူ၊ ခင်ဗျားက အဓိပဓိနယ်ပယ်ကို ဖြတ်ကျော်သွားပြီဖြစ်ပေမဲ့ စန်းမိသားစုမှာ အဓိပဓိဘိုးဘေးအပြင် အဓိပဓိတစ်ပိုင်း အကြီးအကဲနှစ်ယောက် ရှိသေးတယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ထိုကာလအတွင်း၌ ကျွင်းရှောင်ယောက်သည် စန်းမိသားစုနှင့်ပတ်သက်သော သတင်းအားလုံးနီးပါးကို မေးမြန်းခဲ့သည်။

ကျွင်းရှောင်ယောက်က ဝူဟူ၏အင်အားကို ယုံကြည်မှုရှိ၏။

သို့သော်လည်း အခြေအနေများအရ ‌ပျက်စီးခြင်းနတ်ဘုရားချပ်ဝတ်ကို သူ့ဆီသို့ လွှဲပြောင်းပေးသင့်သည်။

ဤဧကရာဇ်လက်နက်က ဝူဟူ၏လက်ထဲတွင် အကောင်းဆုံးရလဒ်ကို ပြသနိုင်လိမ့်မည်။

ဝူဟူလည်း ခဏတုံ့ဆိုင်းသွားပြီးနောက် လက်ခံလိုက်သည်။

မည်သို့ဆိုစေ၊ ယခုအခါ သူက ကျွင်းဧကရာဇ်ခုံရုံး၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

ဤပျက်စီးခြင်းနတ်ဘုရားချပ်ဝတ်တန်ဆာက ကျွင်းဧကရာဇ်ပိုင်ဖြစ်သလို ကျွင်းဧကရာဇ်ခုံရုံးလည်း ပိုင်ဆိုင်မှုရှိပေသည်။

ရွှေနက်ရောင် ပျက်စီးခြင်းနတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထားသော ဝူဟူ၏ရုပ်သွင်က ရှေးဦးစစ်နတ်ဘုရားကဲ့သို့ ဧကရာဇ်အရှိန်အဝါတို့ ပေါ်နေခဲ့ပေသည်။

မူလကတည်းက ဝူဟူသည် အဓိပဓိများကို မကြောက်တော့ပေ။ ယခုအခါ သူက ပျက်စီးခြင်းနတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထားပြီးဖြစ်သောကြောင့် စန်းမိသားစု၏ အဓိပဓိအား ပို၍ပင် ကြောက်စရာမလိုတော့ပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားပြီး ခုနစ်ရောင် နဂါးစွမ်းအင်များ စိမ့်ထွက်လာခဲ့သည်။ အရောင်ခုနစ်မျိုး တောက်ပနေသော ချပ်ဝတ်တန်ဆာက လေထဲတွင် ပေါ်လာခဲ့၏။

ခုနစ်ရောင် နဂါးချပ်ဝတ်တန်ဆာ။

ကျွင်းရှောင်ယောက်က သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ အေးစက်စက် အရှိန်အဝါများနှင့် ပျက်စီးခြင်းလှံပုဆိန် ထပ်မံထွက်ပေါ်လာခဲ့သည်။

ဧကရာဇ်တစ်ပိုင်းလက်နက်၊ မဟာပျက်စီးခြင်း လှံပုဆိန်။

ကျွင်းရှောင်ယောက်က ခုနစ်ရောင် နဂါးချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး မဟာပျက်စီးခြင်း လှံပုဆိန်ကို ကိုင်ဆွဲလိုက်သည်။

ခဏချင်းပင်၊ သူက အဖြူရောင်အဝတ်အစားများနှင့် နတ်တစ်ပါးမှ သွေးသံတရဲရဲဖြင့် စစ်နတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဤပြောင်းလဲမှုက ပါရမီရှင်များ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုတို့ ဖြစ်လာစေခဲ့သည်။

ကျွင်းရှောင်ယောက်၏ ဦးဆောင်မှုအောက်တွင် ဝူဟူနှင့် နန်းတော်စောင့် သုံးရာတို့တို့က တိုက်ခိုက်ချင်စိတ်နှင့် သတ်ဖြတ်လိုစိတ်တို့ ပြည့်နေခဲ့ကြသည်။

နင်ချန်နှင့် ရှောင်ရွယ်ရွယ်သည်ပင် သူတို့နှင့်အတူ လိုက်လာခဲ့၏။

သူတို့က ငယ်သေးသောကြောင့် ရန်သူများကို မသတ်နိုင်ပေ။

သို့သော်လည်း သူတို့၏ ရန်သူဟောင်းများ ပျက်စီးခြင်းကို ကိုယ်တိုင်မြင်ရခြင်းက ၎င်းတို့၏တာအိုနှလုံးသားအတွက် များစွာ အထောက်အကူ ဖြစ်စေနိုင်သည်။

အင်အားစုတစ်ခုက အရှိန်အဝါကြီးစွာဖြင့် ထွက်ခွာသွားခဲ့ကြလေသည်။

ကျိချင်းရီ၊ ရူယင်း၊ ရှန့်ရွယ်ရီနှင့် အခြား ရှေးဟောင်းလမ်းမှ ကျင့်ကြံသူ ပါရမီရှင်များလည်း နောက်မှ အနီးကပ်လိုက်လာခဲ့ကြသည်။

အခြားတစ်ဖက်တွင်...

ပါ့ရှင်း စန်းမိသားစုသည်လည်း ဝူဟူက အဓိပဓိတစ်ပိုင်းနယ်ပယ်ကို ဖြတ်ကျော်သွားပြီဖြစ်ကြောင်း သတင်းကြားခဲ့သည်။

ယင်းက စန်းမိသားစုဘိုးဘေးကို အလွန်ဒေါသထွက်စေခဲ့၏။

ထိုပါ့ကျန်းသာ သူ့ကို တားဆီးမထားပါက ဤမျှ ခက်ခဲလိမ့်မည် မဟုတ်ပေ။

အဓိပဓိတစ်ပိုင်းကို စန်းမိသားစု၏ဘိုးဘေးက အနည်းငယ်မျှ ကြောက်ရွံ့နေမည် မဟုတ်ပါ။

သို့သော်လည်း မြင့်မြတ််ခန္ဓာ အဓိပဓိတစ်ပိုင်းက သူ့ကိုပင် သတိထားရစေသည်။

စန်းမိသားစုက ၎င်းတို့၏ မျိုးနွယ်စုအကာအကွယ် ဝင်္ကပါကို အသက်သွင်းခဲ့သည်။

စန်းမိသားစုမှ ကျင့်ကြံသူများနှင့် အစောင့်များစွာကို အသက်သွင်းခဲ့၏။ ကျန်သော အကြီးအကဲတချိုကလည်း ဆင့်ခေါ်ခဲ့သေးသည်။

ဤအခိုက်တွင် စန်းမိသားစုတစ်ခုလုံး လှုပ်ရှားနေခဲ့ပြီဟု ဆိုနိုင်သည်။

စန်းမိသားစုဝင် အများအပြားဆိုလျှင် နောက်‌ကျောမှ ချွေးများ စီးကျနေတော့သည်။

"ငါတို့ ဘယ်လိုလုပ်ကြမလဲ။ အခု ငါတို့စန်းမိသားစုကို တိုက်ခိုက်မဲ့သူက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ပဲ"

"ကျွင်းမိသားစုက ကျပန်းစေလွှတ်လိုက်တဲ့ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ရင်တောင် ငါတို့ စန်းမိသားစုကို ဖျက်ဆီးပစ်ဖို့ လုံလောက်တယ်"

စန်းမိသားစု၏ လူငယ်များစွာမှာ အလွန်ထိတ်လန့်နေခဲ့ကြသည်။

သူတို့၏ စန်းမိသားစုက ကြီးစိုးခြင်းတွင် အသားကျနေပြီဖြစ်ကာ သာမန် အင်မော်တယ်အင်အားစုများကို မကြောက်ပေ။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်ကတော့ ခြားနားသည်။

ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတစ်ခုလုံးကို ကြည့်လိုက်လျှင်ပင် သူ့အဆင့်အတန်းကို မည်သူမျှ လျစ်လျူရှုဝံ့မည် မဟုတ်ပေ။

"ဟမ့်၊ မင်း ဘာကိုကြောက်နေတာလဲ။ အသျှင်လာနေပြီလို့ ငါကြားတယ်။ အဲဒီအချိန်ကျရင် ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ဖြစ်ရင်တောင် ဘေးကိုရှောင်နေရလိမ့်မယ်"

အတွင်းရေး တစ်ခုခုကိုသိသော စန်းမိသားစု၏ ပါရမီရှင်တစ်ယောက်က အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ကောင်းတယ်၊ ငါတို့ စန်းမိသားစု ရှင်သန်နိုင်သရွေ့တော့ လုံလောက်ပါပြီ"

"ဟုတ်တယ်၊ အသျှင်ဘိုးဘေးနန်းတော်က ငါတို့ကို လွတ်ထားမှာမဟုတ်ဘူး"

စန်းမိသားစုမှ လူငယ်များ၏ နှလုံးသားတွင် မျှော်လင့်ချက်တို့ ဖြစ်ပေါ်လာခဲ့သည်။

စန်းမိသားစု၏ အပြင်ဘက်မှာလည်း အခြေအနေကိုကြည့်ရန် ရောက်လာကြသော လူသူအများ ရှိသေးသည်။

သူတို့အားလုံး၏ မျက်နှာပေါ်တွင် ရယ်မောပြီး ကျေနပ်နေသည့် အကြည့်များ ရှိနေကြသည်။

စန်းမိသားစုဟာ ယခင်က အလွန်ကြီးစိုးလွန်းပြီး အင်အားများစွာကို ပြဿနာဖြစ်စေခဲ့သည်။

ထို့ကြောင့်ပင် ယခုကဲ့သို့ ကပ်ဘေးတစ်ခု ကျရောက်လာသောအခါ ကူညီပေးရန် မဆိုထားနှင့်၊ ဝင်ရောက်မလှုပ်ရှားကြလျှင်ပင် အတော်ကောင်းနေပြီဟု ဆိုနိုင်သည်။

ဤကဲ့သို့ စောင့်ဆိုင်းနေစဉ်၊ ကျွင်းရှောင်ယောက်နှင့် အခြားသူများက အသျှင်ကြယ်သို့ ရောက်လာခဲ့ကြသည်။

အသျှင်ကြယ်နှင့် နီးကပ်လာသည်နှင့်အမျှ ကျွင်းရှောင်ယောက်စိတ်ထဲတွင် ဖိအားတစ်မျိုးကို ခံစားခဲ့ရ၏။

ယင်းက အသျှင်ကြယ်၏ ဖိအားပင်။

နံဘေးတွင် ဝူဟူက အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ငါတို့ မြင့်မြတ်ခန္ဓာမျိုးနွယ် ကျဆင်းသွားတော့ ပျက်စီးခြင်းကြယ်လည်း ဆုတ်ယုတ်ခဲ့ရတယ်။ အဲဒါက အသျှင်ကြယ်ဟာ ပျက်စီးခြင်းကြယ်ရဲ့ စွမ်းအင်တွေကိုစုပ်ယူပြီး ပိုအားကောင်းလာစေဖို့ ကြိုးစားခဲ့လို့ပဲ"

ကျွင်းရှောင်ယောက် နားလည်သွား၏။

ပျက်စီးခြင်းကြယ်မှ စွမ်းအင်များကို စုပ်ယူပြီးနောက် ဤအသျှင်ကြယ်သည် အသျှင်ခန္ဓာမျိုးရိုးနှင့် စန်းမိသားစုတို့ လေ့ကျင့်ရန်အတွက် မြင့်မြတ်နယ်မြေ ဖြစ်လာခဲ့ရသည်။

တစ်ဖက်တွင် ရှေးဟောင်းမြင့်မြတ်ခန္ဓာမျိုးရိုးနှင့် ပျက်စီးခြင်းကြယ်က အသျှင်ကြယ်၏ ပြင်းပြင်းထန်ထန် ဖိနှိပ်ခံရလိမ့်မည်။

နင်သဲဖာနှင့် အခြုးသူများလည်း ဖိအားကို ခံစားလိုက်ရသည်။ နောက်ဆုံးတွင် သူတို့၏ ခန္ဓာကိုယ်ထဲမှာ ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏သွေးများ ရှိနေခဲ့ပေသည်။

ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက်က အေးစက်စက်ဖြင့် ပြုံးလိုက်သည်။

‌

မေယုကမ္ဘာငါးခုစွမ်းအားကို အသက်သွင်းကာ ပျက်စီးခြင်းလှံဆိန်နှင့် ကောင်းကင်ကို ချိန်ရွယ်လိုက်၏။

ကြောက်မက်ဖွယ်ကောင်းပြီး အကန့်အသတ်မဲ့ စွမ်းအားတစ်ခုက စကြာဝဠာထဲတွင် လွှမ်းခြုံသွားတော့သည်။

တစ်ချိန်တည်းမှာပင်၊ ကျွင်းရှောင်ယောက်က အတွင်းစကြဝဠာစွမ်းအားကို လှုံ့ဆော်လိုက်ရာ အမျိုးမျိုးသော နိယာမ ကမ္ပည်းများက ဟင်းလင်းပြင်တွင်း၌ စိမ့်ဝင်သွားခဲ့သည်။

စကြဝဠာ၏မူလစွမ်းအားက တောက်လောင်လာပြီး ပျက်စီးခြင်းလှံပုဆိန်ကို ရစ်ပတ်သွား၏။

ဤဧကရာဇ်တစ်ပိုင်းလက်နက်က ၎င်း၏စွမ်းအားကို စတင်ထုတ်လွှတ်ကာ သူ့လမ်းကြောင်းမှ အရာအားလုံးကို ပျက်စီးစေနိုင်သော အရှိန်အဝါကိုလည်း ထုတ်လွှတ်လာတော့သည်။

ပျက်စီးခြင်းကြယ်လည်း တုန်ခါလာပြီး နားမလည်နိုင်သော စွမ်းအားတစ်ခု ရှိနေဟန်ဖြင့် ကျွင်းရှောင်ယောက်ကို ပံ့ပိုးပေးလိုက်သည်။

သူ့နောက်တွင် ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ရူပါရုံလေးခုကလည်း တပြိုင်နက်တည်း ထွက်လာကြသည်။ သူတော်စင်တစ်သောင်း အရိုအသေပေးခြင်း၊ အင်မော်တယ်ဘုရင် လင်းကျိုးထျန်း၊ ရှေးဦးဖရိုဖရဲ မိုးပြာရောင်ကြားပန်းနှင့် ယင်ယန် သေခြင်းရှင်ခြင်း မြေပုံ ရူပါရုံတို့အားလုံး ထွက်ပေါ်လာကြ၏။

ထို့အတူ ကြီးကျယ်ခမ်းနားသော ပုံရိပ်များလည်း ပေါ်လာကြတော့သည်။ ထိုပုံရိပ်များကို မြင်ရပြီးနောက် ဝူဟူ၏ မျက်လုံးများက တုန်လှုပ်သွားခဲ့သည်။

အကြောင်းမှာ၊ ထိုပုံရိပ်များက ပျက်စီးခြင်းရှေးဟောင်းနန်းတော်မှ ရှေးဟောင်းမြင့်မြတ်ခန္ဓာ ဘိုးဘေးများ၏ ပုံရိပ်များ ဖြစ်နေသောကြောင့်ပင်။

ရှေးဟောင်းမြင့်မြတ်ခန္ဓာ ဘိုးဘေးများ၏ ပုံရိပ်များ ပေါ်လာရခြင်း အကြောင်းကတော့...၊ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ကျွင်းရှောင်ယောက်က မြင့်မြတ်ခန္ဓာ ဘိုးဘေးများ၏ သွေးများကို သန့်စင်ခဲ့သောကြောင့် ဖြစ်နိုင်သည်။

"ငါ့ရဲ့ မြင့်မြတ်ခန္ဓာမျိုးရိုးကို အသျှင်ကြယ်မပြောနဲ့၊ ကောင်းကင်တောင်မှ ချိုးနှိမ်လို့မရဘူး"

ကျွင်းရှောင်ယောက်က လေထဲတွင်ရပ်ပြီး ပျက်စီးခြင်းလှံပုဆိန်ကိုမြှောက်ကာ အားယူလိုက်သည်။ ထို့နောက်မှာတော့ အသျှင်ကြယ်ကို အင်အားအပြည့်ဖြင့် ခုတ်ပိုင်းလိုက်တော့သည်။

ဤခုတ်ချက်တွင် အတွင်းစကြာဝဠာ၏ မူလစွမ်းအား၊‌ မေယုကမ္ဘာငါးခု၏ စွမ်းအားနှင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာ ရူပါရုံလေးခုတို့၏စွမ်းအား ပါဝင်နေခဲ့သည်။

ပျက်စီးခြင်းကြယ်အပြင် ရှေးဟောင်းမြင့်မြတ်ခန္ဓာ ဘိုးဘေးများ၏ ထူးကဲသော ကောင်းချီးများလည်း ရှိသေးသည်။

လှံပုဆိန်ခုတ်ချက် ကျဆင်းလာသည်နှင့် ကျယ်ပြောသော ကောင်းကင်ကြီး ဟက်တက်ကွဲကာ ကြယ်များစွာတို့ ပေါက်ကွဲသွားကြသည်။

ဟင်းလင်းပြင်က အက်ကြောင်းများ ပြည့်နှက်ပြီး အမျိုးမျိုးသော နိယာမများလည်း ပျံ့နှံ့သွားခဲ့သည်။

စစ်နတ်ဘုရားမှ ကမ္ဘာကြီးကို ဖျက်ဆီးနေသကဲ့သို့၊ မြင်ကွင်းသည် အလွန်ကြောက်စရာကောင်း၏။

ဤပုဆိန်ခုတ်ချက်အောက်တွင် အသျှင်ကြယ်တစ်ခုလုံးက ထက်ခြမ်းကွဲကျသွားတော့သည်။

All Chapters