← Chapters

အခန်း ၇၀၉

Vol. 48 Ch. 709

အခန်း ၇၀၉

Vol. 48 Ch. 709

အခန်း ( ၇၀၉ ) စန်းမိသားစု လုံး ပျက်စီးသွားခဲ့ပြီ၊ အသျှင်ခန္ဓာကို လာပြီးသေပါစေ။

ထိုပုံရိပ်က လူငယ်တစ်ဦးဖြစ်သည်။ သူသည် ကြယ်ကောင်းကင်မှ ဆင်းသက်လာပြီး အားလုံးကိုလျစ်လျူရှုသောအကြည့်နှင့် ရှိနေခဲ့၏။

စန်းမိသားစု၏ ဆိုးရွားသောအခြေအနေကို မြင်သောအခါမှာပင် သူက အနည်းငယ် မှောင်ကြုတ်လိုက်ရုံအပြင် ကြီးကြီးမားမား အပြောင်းအလဲ မရှိခဲ့ပါ။

"အသျှင်လား..."

ကျွင်းရှောင်ယောက်၏ အမူအရာက မပြောင်းလဲဘဲ တည်ငြိမ်နေဆဲ ဖြစ်သည်။

ယခင်က သူသည် ထာဝရသင်္ချိုင်းတွင် မပြည့်စုံသော အသျှင်ခန္ဓာဖြစ်သည့် ချူထျန်းပါ့နှင့် ရင်ဆိုင် တိုက်ခိုက်ခဲ့ဖူး၏။

ထိုအချိန်က ချူထျန်းပါ့သည် ဤအပြိုင်ကမ္ဘာကြီးတွင် အသျှင်ခန္ဓာ မွေးဖွားလာပြီး ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် ကံကြမ္မာတိုက်ပွဲကို စတင်လိမ့်မည်ဖြစ်ကြောင်း‌ ပြောခဲ့သည်။

အကယ်၍ ဤနေရာမှာ အခြား ခေတ်များမှ မြင့်မြတ်ခန္ဓာဖြစ်ပါက၊ သူပြောသလို အသျှင်ခန္ဓနှင့် ခက်ခဲသောတိုက်ပွဲတစ်ခု ဖြစ်လိမ့်မည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်အတွက်တော့ ပြီးပြည့်စုံသော အသျှင်ခန္ဓာဖြစ်လျှင်ပင် ဤမျှသာ ဖြစ်သည်။

"ဟမ့်"

ဝူဟူလည်း ထိုလူကို လျစ်လျူရှုပြီး စန်းမိသားစု၏ အဓိပဓိဘိုးဘေးကို ဆက်လက်ဖိနှိပ်သတ်ဖြတ်လိုက်သည်။

"ငါက အသျှင်ဘိုးဘေးနန်းတော်ကပဲ။ ဒါက သခင်ရဲ့ စိန်ခေါ်စာ"

လူငယ် မျက်မှောင်ကြုတ်လိုက်၏။

ရှေးဟောင်းမြင့်မြတ်ခန္ဓာတွင် ပျက်စီးခြင်းရှေးဟောင်းနန်းတော်နှင့် နန်းတော်စောင့်မျိုးနွယ်များ ရှိသကဲ့သို့...

အသျှင်ခန္ဓာတွင်လည်း သဘာဝအတိုင်း ပြန့်ကျဲနေမည် မဟုတ်ပေ။

အသျှင်ဘိုးဘေးနန်းတော်က အသျှင်ခန္ဓာအဆက်အနွယ်တို့၏ ဌာနချုပ် ဖြစ်သည်။

သို့သော်လည်း ဤနန်းတော်တွင် လူများစွာမရှိပါ။

ရှေးဟောင်းနန်းတော်ကဲ့သို့ပင်၊ ၎င်း၏အထွတ်အထိပ်မှာပင် အသျှင်ခန္ဓာသုံးဦးသာ ရှိသည်။

မျိုးဆက်တစ်ခုစီတွင် သွေးသန့်စင်သော မြင့်မြတ်ခန္ဓာနှင့် အသျှင်ခန္ဓာ အရေအတွက်က အလွန် နည်းပါးခဲ့ပေသည်။

သို့သော်လည်း ‌မြင့်မြတ်ခန္ဓာ သွေးမျိုးဆက်ရှိသော ကျင့်ကြံသူများက အနည်းငယ် ပိုများသည်။

ပျက်စီးခြင်းရှေးဟောင်းနန်းတော်၏ နန်းတော်စောင့်သုံးရာတွင် ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ သွေးအရိပ်အမြွက်တို့ ရှိနေသကဲ့သို့ပင်။

ယခု သတင်းစကား ပေးပို့လာသူကလည်း အသျှင်ဘိုးဘေးနန်းတော်မှဖြစ်၍၊ သူ့ခန္ဓာကိုယ်ထဲတွင် အသျှင်ခန္ဓာ၏ သွေးအရိပ်အမြွက်တို့ ရှိသည်။

ဝူဟူက သူ့ကိုဂရုမစိုက်ဘဲ တိုက်ခိုက်နေသေးကြောင်း မြင်ရသောအခါ ထိုလူငယ် ပို၍ မျက်မှောင်ကြုတ်သွားသည်။

ကျွင်းရှောင်ယောက်၊ ဝူဟူနှင့် အခြားလူများက အသျှင်ဘိုးဘွားနန်းတော်ကို လုံးဝ မကြောက်ရွံ့ဘဲဖြစ်မည်ဟု သူ မမျှော်လင့်ထားပေ။

"ဒီနတ်ဘုရားသားတော်ရှေ့မှာ ပုရွက်ဆိတ်တွေတောင် ဘယ်တုန်းက အော်ဝံ့လာတာလဲ"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အလွန်အေးစက်သွားပြီး လှံပုဆိန်နှင့် ပစ်လွှတ်လိုက်သည်။

မဟာပျက်စီးခြင်းလှံပုဆိန်က အလင်းတန်းကဲ့သို့ လေထုကိုဖြတ်ကာ လူငယ်ဆီသို့ ထိုးဖောက်ဝင်ရောက်သွား၏။

လူငယ်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူ့မျက်လုံးထဲမှ မောက်မာမှုနှင့် ကြီးစိုးမှုတို့လည်း ပျောက်ကွယ်သွားပြီး ထိတ်လန့်ခြင်းတစ်မျိုးက အစားထိုးလာတော့သည်။

ချဉ်းကပ်လာသော သေခြင်းတရားကိုကို သူခံစားလိုက်ရသည်။

"နှစ်နိုင်ငံ စစ်ဖြစ်နေရင်တောင် သံတမန်ကို မသတ်ရဘူးကွ။ ကျွင်းရှောင်ယောက်၊ မင်း သိပ်လွန်သွားပြီ"

ထိုလူငယ်က အလန့်တကြားဖြင့် အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် သူ့လက်ထဲမှ စိန်ခေါ်စာက လေထဲသို့ ရုတ်တရက် လွင့်ပျံသွားခဲ့သည်။ စိန်ခေါ်စာမှ ခရမ်းရောင်အလင်းများ ထွက်ပေါ်လာခဲ့၏။

ခရမ်းရောင်အလင်းများကြားမှ ပုံရိပ်တစ်ခုက ယောင်ဝါးဝါးဖြင့် ပေါ်လာတော့သည်။

ထိုပုံရိပ်က မဟာပျက်စီးခြင်းလှံပုဆိန်ကို တိုက်ရိုက်ဟန့်တားလိုက်သည်။

သူ့ထံမှ ကြီးစိုးသော စကားသံ ထွက်ပေါ်လာခဲ့သည်။

"မြင့်မြတ်ခန္ဓာမျိုးဆက်က နောက်ဆုံးမှာ ငါ့အသျှင်ခန္ဓာမျိုးဆက်အတွက် ခြေနင်းခံကျောက် ဖြစ်လာရလိမ့်မယ်"

ထိုစကားသံက မိုးခြိမ်းသံကဲ့သို့ အရပ်ရပ်ကို ပျံ့နှံ့သွားခဲ့သည်။

"အဲဒါက အသျှင်ခန္ဓာများလား"

မရေမတွက်နိုင်သော အကြည့်များက ထိုလူရိပ်အပေါ်ကို ကျရောက်လာခဲ့၏။

၎င်းက စိန်ခေါ်စာမှ အရှိန်အဝါမျှသာဖြစ်သော်လည်း အလွန်အားကောင်းကာ ကြီးစိုးလှပေသည်။

ဤတော့မှ ယခင်လူငယ်က သက်ပြင်းချနိုင်ကာ လှည့်ထွက်သွားရန် ဟန်ပြင်လိုက်သည်။

"နေဦး၊ ဒီနတ်ဘုရားသားတော်လည်း ပြောစရာရှိတယ်"

ကျွင်းရှောင်ယောက်က လှောင်ပြောင် ပြောဆိုလိုက်သည်။

"အသျှင်ခန္ဓာကို လာပြီး အသေခံစေ"

ပြောပြီးသည်နှင့် ကျွင်းရှောင်ယောက်က စွမ်းအင်မြှင့်တင်ကာ ပျက်စီးခြင်းလှံပုဆိန်နှင့် အသျှင်ခန္ဓာပုံရိပ်ကို တစ်စစီ ဆုပ်ဖြဲလိုက်တော့သည်။

ထို့နောက် ထွက်ပြေးရန်ကြံနေသော လူငယ်ကိုလည်းသတ်ကာ ကြယ်ကောင်းကင်ကို သွေးများ စွန်းထင်းပေကျံသွားစေခဲ့သည်။

ကျွင်းရှောင်ယောက်၏ ကြီးစိုးမှုက အားလုံးကို တိတ်ဆိတ်သွားစေခဲ့ပေသည်။

အသျှင်ခန္ဓာ ဘိုးဘေးနန်းတော်ဖြစ်လျှင်ပင် အဘယ်နည်း။

အသျှင်ခန္ဓာဖြစ်လျှင်ကော ဘာဖြစ်သေးသနည်း။

ကျွင်းရှောင်ယောက်၏ အမြင်မှာတော့ သူတို့အားလုံးက ကြက်ကလေး၊ ခွေးကလေးများသာ ဖြစ်သည်။

"ဟားဟားဟား၊ ငါ့ရဲ့ မြင့်မြတ်ခန္ဓာမျိုးရိုးက ဒီလိုပဲ ဖြစ်သင့်တယ်"

ဝူဟူက ရယ်မောကာ ပြောလိုက်သည်။

သူက စန်းမိသားစု၏ အဓိပဓိဘိုးဘေးကို ပို၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။

ရလဒ်ကတော့ အံ့ဖွယ်ဖြစ်မလာတော့ပါ။

နောက်ဆုံးတွင် စန်းမိသားစု၏ အဓိပဓိဘိုးဘေးကို ဝူဟူက သတ်ပစ်လိုက်သည်။

ကောင်းကင်ကြီး တုန်ခါပြီး အဓိပဓိ သွေးစက်များက ဥက္ကာခဲကဲ့သို့ ကျဆင်းသွားလေသည်။

အဓိပဓိတစ်ပါး ကျဆုံးခြင်းကြောင့် အဓိပဓိနိယာမများ ပြိုလဲကာ ညည်းညူသံများ ထွက်ပေါ်လာခဲ့သည်။

ယခုအခါ အလွန်ကြီးစိုးသော ပါ့ရှင်း စန်းမိသားစုက လုံးဝ ပြိုလဲသွားခဲ့ပြီ။

ပတ်ဝန်းကျင်မှ ကြည့်ရှုသူများလည်း တုန်လှုပ်ချောက်ချားစွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

အတိအကျပြောရလျှင် စန်းမိသားစုက အင်မော်တယ်အင်အားစုဖြစ်သော်လည်း နောက်ခံသမိုင်းကြောင်းသည် နက်နဲမှုမရှိသည့်အပြင် ကျွမ်းကျင်သူများကလည်း အားမကောင်းပေ။

သို့သော်လည်း အဓိပဓိတစ်ပါးဦးစီးသည့် ထိပ်တန်းအင်အားစုတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။

ယခုအခါ ၎င်းတို့ကို လူရာဂဏန်းခန့်မှ ဖြုတ်ချခံခဲ့ကြရပြီ။

ဤသတင်းထွက်လာပါက ကျွင်းရှောင်ယောက်၏ ဂုဏ်သတင်းမှာ တဖန် မြင့်တက်လာလိမ့်ဦမည်။

စန်းမိသားစု၏ အဓိပဓိက ဝူဟူသတ်ဖြတ်ခြင်းကို ခံခဲ့ရသော်လည်း...

နောက်ဆုံး စိစစ်ကြည့်လျှင်၊ ကျွင်းရှောင်ယောက် မရှိပါက ဝူဟူနှင့် နန်းတော်စောင့်သုံးရာတို့ ပြောင်းလဲသွားမည်မဟုတ်ပေ။

ကျွင်းရှောင်ယောက်က စန်းမိသားစု ပျက်စီးရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်သည်။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို မျိုးဆက်သစ်တွေရဲ့ မျက်လုံးနဲ့ ကြည့်လို့မရနိုင်တော့ဘူး"

ပါရမီရှင် တော်တော်များများက သက်ပြင်းချလိုက်သည်။

ကျွင်းရှောင်ယောက်က မျိုးဆက်သစ်လူငယ်များအတွက်သာ ပြိုင်ဘက်ကင်းရုံမကဘဲ...

မျိုးဆက်ဟောင်းများအထိ စတင် ခြေလှမ်းလာခဲ့ပြီ။

အချိန်ကျလျှင် သူ၏နောက်ခံကြောင့်အပြင် ကိုယ်ပိုင်ခွန်အားကြောင့် လူအများက သူ့ကို ကြောက်ရွံ့ကြရမည် ဖြစ်သည်။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်၊ သူက ဒီအပြိုင်ကမ္ဘာကြီးမှာ အဓိပဓိနယ်ပယ်ကို အလျင်မြန်ဆုံး ဖြတ်ကျော်သွားမယ့် မကောင်းဆိုးရွားတစ်ဦး ဖြစ်ကောင်းဖြစ်နိုင်လာနိုင်တယ်..."

လူတချို့က မှန်းဆလိုက်ကြသည်။

စန်းမိသားစုကို ဖျက်ဆီးပြီးချိန်မှာတော့ နောက်တစ်ဆင့်မှာ နောက်ဆက်တွဲရလဒ်အချို့ကို ကိုင်တွယ်ဖြေရှင်းရန်ပင်။

စန်းမိသားစု မရှိတော့သော်လည်း အရင်းအမြစ်များ အများကြီး ကျန်နေဆဲ ဖြစ်သည်။

ထိုအရင်းအမြစ်များက နန်းတော်စောင့်သုံးရာကို လေ့ကျင့်ပေးရန် လုံလောက်ပေလိမ့်မည်။

"မင်း ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"

ဝူဟူက မေးလိုက်သည်။

"အသျှင်ခန္ဓာ လာအသေခံမှာကို စောင့်နေမယ်"

ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

ဝူဟူသည်ပင် ဆွံ့အသွားမိသည်။

အတိတ်ကဆိုလျှင် မြင့်မြတ်ခန္ဓာနှင့် အသျှင်ခန္ဓာတို့ တိုက်ပွဲဖြစ်တိုင်း စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့သည်။

ရလဒ်အနေဖြင့် ကျွင်းရှောင်ယောက်၏ လေသံကတော့ ကြက်များ၊ ခွေးများကို သတ်ရမည်သလို ရိုးရိုးရှင်းရှင်းပါပင်။

"သခင်လေးက ပြိုင်ဘက်ကင်းတယ်"

ထိုက်ယင်ကျောက်စိမ်းယုန်က ပြုံးပြီး ပြောလိုက်သည်။

သူမက အတော်လည်ပြီး စန်းမိသားစု၏ အပျက်အစီးများကြားမှ လက်တင်ထိုင်ခုံတစ်လုံးကိုယူကာ ကျွင်းရှောင်ယောက်၏အနောက်တွက် ထားလိုက်သည်။

ထို့ပြင် ကျွင်းရှောင်ယောက်အတွက် လက်ဖက်ရည်ယူလာခဲ့၏။

ကျွင်းရှောင်ယောက်၏နံဘေးတွင် အမြဲရှိနေတတ်သော အိမ်မွေးသားရဲအနေဖြင့် ကျွင်းရှောင်ယောက်၏ အကြိုက်တချို့ကို သူသိထားခဲ့သည်။

ကျွင်းရှောင်ယောက်လည်း မဟာပျက်စီးခြင်းလှံပုဆိန်ကို ဘေးတွင်ချကာ ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်လေသည်။

ထို့နောက်တွင် ထိုက်ယင်ကျောက်စိမ်းယုန်က လက်ဖက်ရည်ငှဲ့ပေး၍ ယူပြီး တစ်ငုံ သောက်လိုက်သည်။

သူ့အမူအရာက အတော်ပင် လွတ်လပ်ပေါ့ပါးခဲ့လေသည်။

"နတ်ဘုရားသားတော်က အသျှင်ခန္ဓာကို အမှန်တကယ် ဂရုမစိုက်ဘူး"

"ပေါက်တတ်ကရ၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ရဲ့ လက်ရှိအင်အားအရ လူဘယ်နှစ်ယောက်လောက် သူ့မျက်လုံးထဲကို ဝင်နိုင်မှာလဲ"

"ဒါပေမဲ့ အဲဒီ အသျှင်ခန္ဓာကိုလည်း လျှော့တွက်လို့မရဘူးနော်။ သူက အထွတ်အထိပ် တားမြစ်ပါရမီရှင်ပဲ"

ကြည့်ရှုသူများ အံ့ဩသွားကြသည်။ သူတို့အားလုံး နောက်ဆုံးတိုက်ပွဲကြီးကို သက်သေခံရန် ဤနေရာတွင် ဆက်လက် နေထိုင်ခဲ့လေသည်။

ကျွင်းရှောင်ယောက်က ထိုင်ခုံပေါ်တွင်ထိုင်ကာ လက်ဖက်ရည်သောက်နေခဲ့သည်။

စန်းမိသားစု ဖျက်ဆီးခံရပြီး အသျှင်ခန္ဓာဘိုးဘွားနန်းတော်မှ သတင်းပို့သူပင် အသတ်ခံခဲ့ရသည်။

အသျှင်ခန္ဓာက ဤကိစ္စကို ငြိမ်ခံနေမှာ မဟုတ်ပေ။ သူ လာရောက်မည်မှာ သေချာသည်။

..........

အဆုံးစွန်ရှေးဟောင်းလမ်း၏ နက်နဲရာအရပ်တွင်။

ရှေးဦးသားရဲကြီးတစ်ကောင် အသက်ပြန်ရှင်လာသကဲ့သို့ ကြယ်စက်ဝိုင်းကို လှုပ်ခါစေသော ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ရှေးဟောင်းလမ်း၏ ထိုအပိုင်းမှ ကျင့်ကြံသူများစွာတို့ တုန်လှုပ်သွား၏။

"ဘာတွေဖြစ်သွားတာလဲ၊ ကြီးကြီးမားမား အပြောင်းအလဲတွေ ရှိလာတော့မှာလား"

"မကောင်းဆိုးရွားတစ်ဦး တံခါးပိတ်ကျင့်ကြံရာက ထွက်လာတော့မယ် ထင်တယ်"

လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင်...

ခရမ်းရောင် စွမ်းအင်နှင့် သွေးများက တဟုန်ထိုး တက်လာခဲ့သည်။ ပုံရိပ်တစ်ခုက ကြမ်းတမ်းခက်ထန်သော စစ်ဘုရင်တစ်ပါးကဲ့သို့ ထွက်လာခဲ့၏။

သူ့အရှိန်အဝါက တောင်နှင့်မြစ်ကိုပြိုကျပြီး သူ့ဟိန်းဟောက်သံနှင့် ကြယ်များကို ပြိုကွဲစေနိုင်သည်။

ထိုသူ ခြေတစ်ချက်လှမ်းလိုက်တိုင်း အနီးတစ်ဝိုက် ဟင်းလင်းပြင်က တုန်ခါသွားလေသည်။

သူသွားရာလမ်းတစ်လျှောက်ရှိ ဂြိုဟ်သိမ်များ၊ ကြယ်များ၊ ဥက္ကာခဲမှန်သမျှတို့ ပေါက်ကွဲကြေမွသွားရသည်။

ထိုပုံရိပ်က အလွန်လျင်မြန်သော အရှိန်ဖြင့် ရှေးဟောင်းလမ်း၏ အဆင့်ခုနစ်ဆယ်ကို ထွက်ခွာသွားတော့သည်။

"အဲဒီလူက... အသျှင်ခန္ဓာပဲ"

လမ်းတစ်လျှောက်မှ သူ့ကိုမြင်လိုက်ရသော လူများအားလုံး တုန်လှုပ်သွားကြသည်။

အသျှင်ခန္ဓာက တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီး တစ်နေရာကို လျင်မြန်စွာ သွားနေခဲ့၏။ သူက တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်တော့မည်လော။

"ဖြစ်ကောင်းဖြစ်နိုင်တာက... ရှေးဟောင်းမြင့်မြတ်ခန္ဓာနဲ့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ပဲလား"

လူတချို့၏ အတွေးထဲတွင် ကျွင်းရှောင်ယောက်၏နာမည်က ဦးစွာ ထွက်ပေါ်လာခဲ့သည်။

ရှေးဟောင်းလမ်း၏ အဆင့်ခုနစ်ဆယ်မှ သတင်းများက လျင်မြန်စွာ ပျံ့နှံ့သွားခြင်းမရှိသော်လည်း၊ အသျှင်ခန္ဓာ ထွက်ပေါ်လာပါက တစ်ခုတည်းသောပြိုင်ဘက်မှာ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် မြင့်မြတ်ခန္ဓာသာ ဖြစ်ကောင်းဖြစ်နိုင်သည်။

နောက်ဆုံးတွင်၊ ဤတာအိုခန္ဓာနှစ်ခုက ကံကြမ္မာရန်သူများဖြစ်ပြီး တစ်ကွေ့ကွေ့တွင် ကြုံတွေ့ရလိမ့်မည်။

လမ်းတစ်လျှောက်မှ ပါရမီရှင်များလည်း ချက်ချင်း လိုက်ပါသွားကြသည်။ မှတ်တမ်းတင်ထိုက်သော ထိုတိုက်ပွဲကြီးကို သူတို့ သက်သေခံလိုကြပေသည်။

All Chapters