← Chapters

အခန်း ၇၁၃

Vol. 48 Ch. 713

အခန်း ၇၁၃

Vol. 48 Ch. 713

အခန်း ( ၇၁၃ ) အသျှင်ခန္ဓာ ကျဆုံးခြင်း၊ လျှို့ဝှက်ဆန်းကြယ်သော အမှောင်ကမ္ဘာ၊ လက်မှတ်ထိုးဝင်ရန် နေရာအသစ်... ဟေးယွမ်။

ကောင်းကင်အသျှင်ခန္ဓာတစ်ပါး သေဆုံးသွားပြီး ပြာဖြစ်သွားခဲ့ရသည်။

ယင်းက အဆုံးစွန်ရှေးဟောင်းလမ်းတစ်ခုလုံးကို တုန်လှုပ်စေမည့် ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ချေသည်။

ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် အသျှင်ခန္ဓာ တိုက်ပွဲကလည်း ဤတွင် ပြီးဆုံးသွားသင့်သည်။

ယခုမူ ထိုမြင်ကွင်းက ထူးဆန်းစွာ တိတ်ဆိတ်ငြိမ်သက်ခြင်းသို့ ကျရောက်သွားလေပြီ။

အကြောင်းမှာ အဖြစ်အပျက်က လူတိုင်း၏မျှော်လင့်ချက်ထက် ကျော်လွန်နေသောကြောင့် ဖြစ်သည်။

ရှန်းဖေးက အသျှင်ခန္ဓာဖြစ်သော်လည်း အသျှင်ခန္ဓာ မစစ်ပေ။

တကယ့် အသျှင်ခန္ဓာက ကမ္ဘာ့လူထုရှေ့မှာ ဘယ်တုန်းကမှ ပေါ်မလာခဲ့ပါ။

ဤအရာက လူများစွာကို ထိတ်လန့်စေခဲ့သည်။

လူတိုင်း စိတ်ရှုပ်ထွေးခဲ့ရပေသည်။

သို့သော်လည်း သေချာတွေးကြည့်သောအခါ လူတိုင်း သဘောပေါက်သွားကြသည်။

နောက်ဆုံးတွင်၊ အသျှင်ခန္ဓာက မည်မျှပင် အားနည်းနေပါစေ... ကျွင်းရှောင်ယောက်၏ တစ်ဖတ်သတ် ချေမှုန်းခံရမည် မဟုတ်ပေ။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို ကြည့်ရရင်တော့ ရှန်းဖေးက အသျှင်ခန္ဓာမဟုတ်တာကို ကြိုမျှော်လင့်ထားပုံရတယ်"

"ဟုတ်တယ်၊ အစကတည်းက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ရဲ့အမူအရာက တော်တော်ကို မထီမဲ့မြင်ပြုခဲ့တယ်။ သူ့အမြင်မှာတော့ ဒီအသျှင်ခန္ဓာက မျက်လုံးထဲတောင် ထည့်ဖို့ မထိုက်တန်ဘူး"

"ဒါပေမဲ့ အခု ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်မှာ ကြီးကြီးမားမား တစ်ခုခုဖြစ်နေပုံရတယ်"

မရေမတွက်နိုင်သော မျက်လုံးများက ကျွင်းရှောင်ယောက်ဆီသို့ ကျရောက်လာခဲ့သည်။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်တွင် ပြဿနာရှိနေပါက၊ တာအိုခန္ဓာနှစ်ခုကြားမှ တိုက်ပွဲတွင် ကြီးမားသော အကျိုးသက်ရောက်မှုရှိမှာ သေချာလှပေသည်။

နောက်ဆုံးတွင်၊ သူက မျိုးဆက်သစ်လူငယ်များကြားမှ ပြိုင်ဘက်ကင်း ဘွဲ့တံဆိပ်ရပြီးသား ဖြစ်သည်။

အကယ်၍ သူသာ တစ်ခုခုဖြစ်ခဲ့ပါက...

သူ့ကို ပြဿနာရှာလိုသော ပါရမီရှင်များ ရှိလာမည်မှာ သေချာလှပေသည်။

အမှောင်ထဲမှ ဧကရာဇ်ကိုဆန့်ကျင်မည့် ဧကရာဇ်ခုနစ်ပါးကလည်း ကျွင်းရှောင်ယောက်ကိုတိုက်ခိုက်ရန် ဤအခွင့်အရေးကို ဆုပ်ကိုင်ထားကြမည် ဖြစ်သည်။

နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်က လက်ဖက်ရည်ခွက်ထဲမှ လက်ဖက်ရည်ကို တစ်ကျိုက်တည်း သောက်လိုက်သည်။

လက်ဖက်ရည် ကုန်သွားပြီ။

တိုက်ပွဲလည်း ပြီးသွားပြီ။

ကျွင်းရှောင်ယောက်က ထရပ်လိုက်သည်။ သူ့ခန္ဓာထဲမှာတော့ ကျိန်စာသွေးများက အလျင်အမြန် ပျံ့နှံ့လာခဲ့၏။

ရွှေရောင်သွေးနှင့် ချီများလည်း ပြိုကွဲလာသလို ခံစားခဲ့ရသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က အတင်းအကျပ် ဖိနှိပ်ခဲ့ပေသည်။

ခြေချင်းဆယ်ချောင်းကို ချိုးဖျက်ထားသော ရှေးဟောင်းမြင့်မြတ်ခန္ဓာအနေဖြင့် သူ၏ ကျိန်စာများကို ခံနိုင်ရည်မှာ သာမန် မြင့်မြတ်ခန္ဓာများထက် များစွာ ပြင်းထန်သည်။

သို့သော်လည်း ၎င်းကို ယာယီသာ ဖိနှိပ်‌နိုင်‌သောကြောင့် နောက်ပိုင်းတွင် ဖြေဖျက်ရန် အခြားနည်းလမ်းများကို ရှာဖွေရလိမ့်မည်။

မဟုတ်ပါက၊ ကျိန်စာသွေးများမှာ ဗီဇပြောင်းသကဲ့သို့ သူ၏ အတွင်းအင်္ဂါများအထိ စိမ့်ဝင်သွားလိမ့်မည် ဖြစ်သည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်အတွက်တော့ အခက်အခဲ နည်းနည်းရှိလာရုံထက် မပိုပေ။

ဤကျိန်စာသွေးဖြင့် သူ့ကို ချေမှုန်းပစ်ချင်သည်မှာ နုံအလွန်းလှသည်။

"ကျွင်းရှောင်ယောက်၊ မင်း အဆင်ပြေရဲ့လား"

ဝူဟူက မျက်မှောင်ကြုတ်ကာ စိုးရိမ်တကြီးဖြင့် ရှေ့ကိုတိုးလာသည်။

ကျွင်းရှောင်ယောက်က ရှေးဟောင်းမြင့်မြတ်ခန္ဓာမျိုးရိုး၏ မျှော်လင့်ချက်ဖြစ်သည်။ သူသာ တစ်ခုခုဖြစ်ခဲ့ပါက ရှေးဟောင်းမြင့်မြတ်ခန္ဓာမျိုးရိုးအတွက် အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခု ဖြစ်လာမည်မှာ သေချာလှပေသည်။

"စိတ်မပူပါနဲ့၊ ရှေးဟောင်းနန်းတော်ကို အရင်ပြန်သွားပြီးမှ ဆွေးနွေးကြရအောင်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

နင်သဲဖာနှင့် အခြားလူများမှာလည်း စိုးရိမ်ပူပန်မှုအရိပ်အမြွက်တို့ ဖြစ်ပေါ်နေပေသည်။

သို့သော်လည်း သူတို့၏ နှလုံးသားထဲတွင် ကျွင်းရှောင်ယောက်က နတ်ဘုရားနှင့်တူနေပြီဖြစ်သောကြောင့် ဘာမှမဖြစ်သင့်ပေ။

ကျိချင်းရီက ရှေ့သို့ထွက်လာကာ မေးလိုက်သည်။

"ကျွင်းသခင်လေး၊ အဆင်ပြေရဲ့လား"

ကျွင်းရှောင်ယောက်က ကျိချင်းရီကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။

"လူသားအင်မော်တယ်ဂိုဏ်းက ဆက်ခံသူအတွက် အချက်အလက်တွေ ရှာနေတာလား"

ထိုစကားကိုကြားတော့ ကျိချင်းရီ၏အမူအရာက အံ့အားသင့်ကာ အနည်းငယ် မာကျောသွားသည်။

မည်သို့ပင်ဆိုစေ၊ သူမက မိန်းကလေးတစ်ယောက် ဖြစ်နေဆဲပင်။ ဤသို့ လှောင်ပြောင်ခံရခြင်းမှာ အနည်းငယ်ရှက်စရာကောင်းသည်။

"ဟားဟားဟား၊ ဟာသတစ်ခုပါပဲ"

ကျွင်းရှောင်ယောက်က ရယ်မောပြီး ဝူဟူ၊ အခြားသူများနှင့်အတူ ကောင်းကင်ယံသို့ တိုက်ရိုက်ပျံတက်ပြီး ပျက်စီးခြင်းကြယ်ကို ပြန်သွားခဲ့သည်။

ကျွင်းရှောင်ယောက်၏ နောက်ကျောကိုကြည့်ရင်း ကျိချင်းရီ၏ အမူအရာသည် ငြိမ်သက်သွားလေသည်။ သူမ၏ ကြည်လင်သော မျက်ဝန်းများမှာတော့ နက်နဲသော အတွေးများဖြင့် တောက်ပလာခဲ့သည်။

"ကျွင်းသခင်လေး၊ နင် တကယ်ဘေးကင်းရဲ့လား... ဒါမှမဟုတ် ဘေးကင်းချင်ယောင် ဟန်ဆောင်နေတာလား"

သူတင်မကဘဲ ရူယင်း၊ ရှန့်ရွယ်ရီနှင့် တခြားသူများလည်း ဤမေးခွန်း၏အဖြေကို သိချင်နေကြပေသည်။

"မင်းပြောကြည့်စမ်း၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် အဆင်ပြေနေမှာလား"

"ဒါက မလွယ်ဘူး။ ရှန်းဖေး မသေခင်မှာ ပြောခဲ့တာကို မင်းမကြားဘူးလား။ ဒါက မြင့်မြတ်ခန္ဓာရဲ့ ကျိန်စာသွေးပဲ။ သူက ဘယ်လိုလုပ်ပြီး အဆင်ပြေမှာလဲ"

"ဒါက တကယ်ပါပဲ၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က အဆင်ပြေသလိုရှိပေမဲ့ ပြဿနာကြီးတစ်ခု ပါသွားတာတော့ သေချာတယ်"

"ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ရဲ့စွမ်းရည်ကို ဘယ်သူမှ မပြောနိုင်ဘူး"

လူအများက ဆူဆူညံညံ ဆွေးနွေးခဲ့ကြသည်။

ယခင်က ကျွင်းရှောင်ယောက်၏ စွမ်းဆောင်မှုဖြင့် ဤဘေးဆိုးကြီးကို ဘေးကင်းစွာ လွတ်မြောက်နိုင်မည်ဟု လူတချို့ ယုံကြည်ခဲ့ကြသည်။

သို့သော်လည်း အများစုကတော့ ရှန်းဖေး၏ အသက်ကိုပင်စတေးကာ လုပ်ဆောင်သွားသောမရာအတွက် မယုံကြည်ကြတော့ပေ။

ဤသတင်းပျံ့နှံ့သွားပါက တာအိုခန္ဓာတိုက်ပွဲထက် သာ၍ စိတ်လှုပ်ရှားဖွယ်ကောင်းမည်မှာ သေချာသည်။

လျှို့ဝှက်ရန်သူများ၊ ဧကရာဇ်ကိုဆန့်ကျင်သော ဧကရာဇ်ခုနစ်ပါးနှင့် ရန်သူအားလုံးတို့က အကြံအစည်များ ထုတ်လာကြလိမ့်မည်။

ကျွင်းရှောင်ယောက်ကတော့ အားလုံးကို လျစ်လျူရှုကာ ကြယ်ကောင်းကင်သို့ ပျံတက်လာခဲ့သည်။ ကြယ်ကောင်းကင်အထက်တွင် ထိုပါ့ကျန်းကို တွေ့လိုက်ရ၏။

ထိုပါ့ကျန်းက တစ်ခုခုပြောလိုသော်လည်း တုံ့ဆိုင်းသွားကာ အဆုံးတွင် ဘာမှ မပြောတော့ပေ။

ကျွင်းရှောင်ယောက်က အနည်းငယ် ဦးညွတ်ပြီး လက်ယှက်ကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ၊ ဒီတခေါက်ကိစ္စ ကျုပ် မှတ်သားထးမှာပါ"

"ယဉ်ကျေးစရာမလိုပါဘူး၊ နတ်ဘုရားသားတော်မှာ ပြဿနာ ကြီးကြီးမားမား မရှိသရွေ့ပေါ့"

ထိုပါ့ကျန်းလည်း လက်ယှက်ပြလိုက်သည်။

သို့သော်လည်း သူ၏ ကျင့်ကြံခြင်းဖြင့်ပင် ကျွင်းရှောင်ယောက်၏ခန္ဓာအခြေအနေကို မသိနိုင်သေးပါ။

ကျွင်းရှောင်ယောက်၊ ထိုက်ယင်ကျောက်စိမ်းယုန်၊ ဝူဟူနှင့် နန်းတော်စောင့်သုံးရာတို့က ရှေးဟောင်းနန်းတော်သို့ ပြန်လာခဲ့ကြသည်။

ပါရမီရှင်တချို့က စောင့်ကြည့်ရန် လိုက်သွားခဲ့သော်လည်း ရှေးဟောင်းနန်းတော် အပြင်ဘက်တွင်သာ စူးစမ်းလေ့လာရန် ဝံ့ရဲခဲ့ပေသည်။

ရှေးဟောင်းနန်းတော်ထဲကို ဝင်လိုက်သည်နှင့် ကျွင်းရှောင်ယောက်၏ခန္ဓာက တုန်ခါပြီး အနက်ရောင်လေထုနှင့် ထူးခြားသောမြူများ ထွက်ပေါ်လာခဲ့သည်။

ငရဲကြီးကိုးထပ်မှ ထွက်လာသကဲ့သို့ နတ်ဆိုးအသံများကလည်း ပေါ်ထွက်လာခဲ့၏။

သူ၏ မြင့်မြတ်ခန္ဓာပေါ်တွင် ထူးထူးခြားခြား အနက်ရောင် ကမ္ပည်းအမျိုးမျိုးလည်း ပေါ်လွင်နေခဲ့သည်။

"သခင်လေး"

ထိုက်ယင်ကျောက်စိမ်းယုန်က ငိုတော့မည်။

နင်ချန်နှင့် ရှောင်ရွယ်ရွယ်လည်း လက်သီးများကို တင်းတင်းဆုပ်ကာ အလွန်အမင်းစိုးရိမ်နေခဲ့သည်။

"ရပါတယ်၊ ဒါက လောလောဆယ်တော့ ပြဿနာကြီး မဟုတ်ဘူး"

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က တုန်ခါသွားကာ အင်မော်တယ်စွမ်းအင်များနှင့် ထိန်းထားလိုက်သည်။

တစ်ဖက်တွင်၊ ဝူဟူက တင်းတင်းကျပ်ကျပ် မျက်မှောင်ကြုတ်ကာ တစ်ခုခုကို တွေးနေဟန်ဖြင့် ပြောလိုက်သည်။

"ကျွင်းရှောင်ယောက်၊ မြင့်မြတ်ခန္ဓာ ကျိန်စာအကြောင်း မင်းဘယ်လောက်သိလဲ"

ကျွင်းရှောင်ယောက်က ခေါင်းကိုခါယမ်းလိုက်၏။

"ကျွန်တော် တကယ်မသိပါဘူး။ မြင့်မြတ်နန်းတော်ရဲ့ မှတ်တမ်းတွေမှာလည်း အများကြီးမရှိဘူး"

နောက်ဆုံးတွင်၊ ရှေးဟောင်းမြင့်မြတ်ခန္ဓာတိုင်းမှာ ကျိန်စာရှိမည် မဟုတ်ပါ။

ယင်းက ဖြစ်နိုင်ချေရှိသည့် ဖြစ်ရပ်တစ်ခုသာ ဖြစ်သည်။

သို့မဟုတ်ပါက၊ တစ်နည်းပြောရလျှင် ရှေးဟောင်းမြင့်မြတ်ခန္ဓာတိုင်းက ကျိန်စာမိထိုက်သည်မဟုတ်ပေ။

ခြေချင်းများကို မချိုးဖျက်နိုင်ပါက၊ ကျင့်ကြံခြင်းအခြေခံတွင် နောက်ပိုင်းအဆင့်သို့ မရောက်ရှိနိုင်သည့်အပြင် မည်သည့်ကျိန်စာများကိုမျှ ဖော်ပြနေရန် မလိုပေ။

"အမှောင်ကမ္ဘာကို မင်းကြားဖူးလား"

ဝူဟူက ထပ်မံ မေးလိုက်သည်။

"အမှောင်ကမ္ဘာလား"

ကျွင်းရှောင်ယောက် မျက်မှောင်ကြုတ်လိုက်၏။

ယင်းကို သူကြားဖူးသော်လည်း ကျွင်းမိသားစု၏ စာကြည့်ဆောင်တွင် တွေ့ဖူးရုံသာ ဖြစ်သည်။

"အမှောင်ကမ္ဘာကို အမှောင်ထဲက အင်မော်တယ်ခုံရုံးလို့လည်း သိကြတယ်"

"တစ်ချိန်တုန်းက၊ အဓိပဓိ အင်မော်တယ်ခုံရုံးက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးကို အုပ်ချုပ်တဲ့အခါ အမှောင်ကမ္ဘာက အရာအားလုံးအတွက် သေခြင်းရှင်ခြင်း ပြန်လည်ဝင်စားခြင်းသံသရာကို ထိန်းချုပ်ခဲ့တယ်"

"လက်ရှိ ထာဝရသင်္ချိုင်းတောင်မှ အမှောင်ကမ္ဘာနဲ့ နည်းနည်းဆပ်စပ်နေခဲ့တယ်လေ"

ဝူဟူက ပြောလိုက်သည်။

"အဲလိုကိစ္စရှိတာလား"

ကျွင်းရှောင်ယောက် အနည်းငယ် အံ့သြသွား၏။

အမှောင်ကမ္ဘာသည် လျှို့ဝှက်ဆန်းကြယ်လွန်းပြီး ကြောက်စရာကောင်းသည်။

ထိုနေရာနှင့်ပတ်သက်သည့် သတင်းများက အလွန်နည်းပေသည်။

ရှေးသမိုင်းမှာပင် ထိုနာမည်ကို တွေ့ရခဲလှသည်။

"အကြီးအကဲ၊ အမှောင်ကမ္ဘာက ကျွန်တော်ရဲ့ မြင့်မြတ်ခန္ဓာကျိန်စာနဲ့ ဆပ်စပ်နေလို့လား"

ကျွင်းရှောင်ယောက်က ပါးနပ်သူဖြစ်ရာ ချက်ချင်းစဉ်းစားလိုက်မိသည်။

"ဟုတ်တယ်၊ ဒါက ရှေးဟောင်း လျှို့ဝှက်ဆန်းကြယ်မှုအချို့နဲ့ ဆက်စပ်နေတယ်။ ဒါပေမဲ့ အဆုံးစွန်ရှေးဟောင်းလမ်းရဲ့ရှေ့မှာ ဟေးယွမ်လို့ခေါ်တဲ့ အန္တရာယ် တားမြစ်နေရာတစ်ခုရှိတယ်လို့ ငါကြားတယ်။ အဲဒီမှာ အမှောင်ကမ္ဘာရဲ့ သဲလွန်စတစ်ခု ရှိနေပုံပဲ"

"ဒါပေမဲ့ ငါက ရှေးဟောင်းနန်းတော်မှာ အမြဲပိတ်မိနေခဲ့လို့ အဲဒီကို မသွားဖူးခဲ့ပါဘူး"

ဝူဟူက ပြောလိုက်သည်။

"ဟေးယွမ်မှာ မြင့်မြတ်ခန္ဓာကျိန်စာနဲ့ ပတ်သက်တဲ့ သဲလွန်စတွေ ရှိတာလား"

ကျွင်းရှောင်ယောက်က ရေရွတ်လိုက်၏။

ရုတ်တရက်၊ သူ့စိတ်ထဲတွင် စနစ်၏အသံ ပေါ်လာတော့သည်။

"ဒင်၊ ဂုဏ်ပြုပါတယ် ပိုင်ရှင်၊ လက်မှတ်ထိုးဝင်တဲ့ တည်နေရာအသစ်ကို ပြန်လည်ဆန်းသစ်ပြီးပါပြီ။ ကျေးဇူးပြုပြီး ဟေးယွမ်မှာ လက်မှတ်ထိုးဝင်ပါ"

All Chapters