အခန်း ၇၁၄
Vol. 48 Ch. 714
အခန်း ( ၇၁၄ ) မြင့်မြတ်ခန္ဓာကျိန်စာကို ဖိနှိပ်ခြင်း၊ သတင်းပျံ့နှံ့မှုများ၊ ထိုက်ရွှီနဂါးမျိုးနွယ်။
သူ့ခေါင်းထဲမှ စနစ်အသံကိုကြားတော့ ကျွင်းရှောင်ယောက်၏ မျက်လုံးများ တောက်ပလာခဲ့သည်။
သူက ဟေးယွမ်ကို သွားရမည်ဖြစ်သော်လည်း ယခုအခါ အကြောင်းပြချက်ပင် တစ်ခု ထပ်တိုးလာခဲ့ပြီ။ ယင်းက ကောင်းသောအရာ ဖြစ်သည်။
ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် ပတ်သက်လျှင်တော့၊ အမှန်အတိုင်းပြောရလျှင် ကျွင်းရှောင်ယောက်က လုံးဝအလေးအနက်မထားခဲ့ပါ။
သူကိုယ်တိုင်က ဤအခြေအမေကို မဖြေရှင်းနိုင်လျှင်ပင် ယာယီ ထိန်းချုပ်ထားနိုင်သည်။
ထို့ပြင်၊ ကျွင်းမိသားစုက နှာစေးပြီး ကျွင်းရှောင်ယောက်ကို ဒုက္ခရောက်စေပါမည်လော။
နှစ်ပေါင်း မရေမတွက်နိုင်အောင် အမွေဆက်ခံခဲ့သော ကျွင်းမိသားစု၏ အမွေအနှစ်များနှင့်အတူ၊ ဤကျိန်စာကို ကိုင်တွယ်ဖြေရှင်းရန် လုံးလုံးလျားလျား အစွမ်းမရှိနိုင်ပါသလော။
အမှန်အတိုင်းပြောရလျှင် အသျှင်ခန္ဓာသည်လည်း လောင်းကြေးထပ်ခဲ့ခြင်း ဖြစ်သည်။
ဤကျိန်စာသွေးက ကျွင်းရှောင်ယောက်၏ မြင့်မြတ်ခန္ဓာအပေါ် လုံးလုံးလျားလျား ထိခိုက်စေနိုင်လျှင် ကောင်းသည်။
အကယ်၍၊ ကျွင်းမိသားစုက နည်းလမ်းကိုရှာတွေ့ခဲ့လျှင်ပင် ကျွင်းရှောင်ယောက်၏ ကျင့်ကြံမှုအရှိန်ကို နှောင့်နှေးစေပြီး အခြားသူများနောက်တွင် ကျန်နေစေခဲ့ပေလိမ့်မည်။
စစ်မှန်သော အသျှင်ခန္ဓာ တိုးတက်ရန်အတွက် အချိန်ပိုရမည် ဖြစ်သည်။
ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်ကို အလွယ်တကူ ကိုင်တွယ်နိုင်ဦးမည်။
အသျှင်ခန္ဓာ၏စိတ်ကူးက တကယ်လှသည်ဟု ဆိုရမည် ဖြစ်သည်။
ကျိန်စာသွေးက မည်သို့ပင် ရှိစေကာမူ၊ ကျွင်းရှောင်ယောက်ကို ထိခိုက်စေဦးမည်။
"အသျှင်မျိုးရိုးက တကယ့်အကြံသမားပဲ"
ကျွင်းရှောင်ယောက်က လှောင်ပြောင်လိုက်သည်။
ဝူဟူကလည်း လှောင်ပြောင်သရော်ဟန်ဖြင့် ပြောလိုက်လေသည်။
"ဒါက အသျှင်ခန္ဓာရဲ့ ပုံသေလှည့်ကွက်တစ်ခုပဲ။ ငါ့ဘိုးဘေးတွေတုန်းကလည်း ဒီလို ညစ်ပတ်တဲ့နည်းလမ်းတွေနဲ့ ကျိန်ဆိုခံခဲ့ရတယ်"
"သူတို့မှာ လှည့်ကွက်တွေ ဘယ်လောက်များများ၊ ကျွန်တော်အတွက် အရေးမပါပါဘူး"
ကျွင်းရှောင်ယောက်က ဂရုမစိုက်ပေ။
ဤသည်မှာ မာနကြီးခြင်းမဟုတ်ဘဲ၊ နှလုံးသားထဲမှ ပင်ကိုယ်ယုံကြည်မှု ဖြစ်သည်။
"ဒါပေမဲ့ မင်းသတိထားရမယ်။ အသျှင်ခန္ဓာက ဘယ်တုန်းကမှ ဆက်ဆံရမလွယ်ခဲ့ဘူး။ ဒါ့ထက်၊ ဒီအသျှင်မျိုးဆက်ဟာ ဒီနှစ်ခုတောင် ရှိတဲ့အတွက် နက်နက်နဲနဲ ဖုံးကွယ်ထားတာ သေချာတယ်"
ဝူဟူက သတိပေးလိုက်သည်။
"ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ နည်းနည်းသိချင်မိတယ်၊ အဲဒီ အသျှင်ခန္ဓာက ဘယ်လိုတည်ရှိမှုမျိုးလဲ"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်မှုတို့ ပြည့်နှက်နေခဲ့သည်။
ယုတ္တိဗေဒအရပြောရလျှင် အသျှင်ခန္ဓာ၏စရိုက် ရိုင်းစိုင်းပြီး ရက်စက်ကာ မာနကြီးသူ ဖြစ်သင့်သည်။
ယခုမူ၊ လှည့်ကွက်များကို စတင်ကစားပြီး နောက်ကွယ်တွင် ပုန်းအောင်းနေခဲ့ပြီ ဖြစ်သည်။
ယင်းက ကျွင်းရှောင်ယောက်ကို လေးလေးနက်နက် တွေးခေါ်စေရန် ထိုက်တန်သည်။
"ဘာပဲဖြစ်ဖြစ်၊ ဒီဘုရားသားတော်ကို ဆန့်ကျင်ဖို့ ကြံစည်ဝံ့တဲ့သူတွေအတွက်တော့ သေခြင်းတရားဟာ အများအားဖြင့် ဇိမ်ခံပစ္စည်းတစ်ခုပဲ ဖြစ်လိမ့်မယ်"
ကျွင်းရှောင်ယောက်က လှောင်ပြောင်သရော်လိုက်သည်။
ထို့နောက်မှာတော့ ကျွင်းရှောင်ယောက်က နန်းတော်၏ လျှို့ဝှက်နေရာတွင် တိတ်တဆိတ် လေ့ကျင့်လိုက်တော့သည်။
ဟေးယွမ်ချောက်ထဲသို့ မသွားမီ၊ ကျိန်စာများကို ယာယီ ဖိနှိပ်ထားရန် လိုအပ်သည်။
ရှေးဟောင်းနန်းတော်၏ လျှို့ဝှက်နေရာတစ်ခုတွင်...
ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါသွားပြီး အင်မော်တယ်စွမ်းအင်ဆယ့်တစ်ခု ပေါ်လာသည်။
နဂါးဆယ့်တစ်ကောင်ကဲ့သို့ အင်မော်တယ်စွမ်းအင်စီးကြောင်း ဆယ့်တစ်ခုက ကျွင်းရှောင်ယောက်ကို ရစ်ပတ်ထား၏။
ဤမြင်ကွင်းကိုသာ အပြင်လူများ မြင်ရပါက၊ ကမ္ဘာကြီးချာချာလည်ကာ မိမိဘဝကို သံသယဝင်သွားကြလိမ့်မည်။
ခေတ်ကာလတစ်လျှောက်လုံးတွင် အင်မော်တယ်စွမ်းအင် ခုနစ်ခု သို့မဟုတ် ရှစ်ခုကို လေ့ကျင့်နိုင်သူက ကောင်းကင်ကိုးခုနှင့် ကမ္ဘာဆယ်ခုကိုကိုင်လှုပ်ကာ ထိုခေတ်ကို ယိမ်းယိုင်သွားစေနိုင်သည်။
အင်မော်တယ်စွမ်းအင်ကိုးခုကတော့ ဒဏ္ဍာရီများဖြစ်နေပြီ။ ၎င်းတို့အားလုံးက ရှားပါးပြီး သမိုင်းစာအုပ်များမှာပင် အနည်းငယ် ရှာဖွေကြည့်ရန် ခက်ခဲသည်။
အဆုံးစွန်ရှေးဟောင်းလမ်းတွင် လူသိများသော ဖူရှီအင်မော်တယ်မျိုးရိုး၏ မင်းသားပင်လျှင် အင်မော်တယ်စွမ်းအင်ကိုးခုအတွက် ကြိုးစားနေရသေးသည်။
ကျွင်းရှောင်ယောက်အတွက်ကတော့...
အကြွင်းမဲ့ကိုးခုကို ချိုးဖြတ်ခဲ့သည့်အပြင် အင်မော်တယ်စွမ်းအင် ဆယ့်တစ်ခုအထိ လေ့ကျင့်နိုင်ခဲ့ပြီ ဖြစ်သည်။
ဤအင်မော်တယ်စွမ်းအင် ဆယ့်တစ်ခုက ထူးဆန်းသော မြင့်မြတ်ခန္ဓာကျိန်စာကိုပင် လုံးလုံးလျားလျား ဖိနှိပ်နိုင်ခဲ့သည်။
"ဖိနှိပ်"
ကျွင်းရှောင်ယောက်က နတ်ဘုရား၏ စီရင်ချက်ကဲ့သို့ ပြောလိုက်သည်။
ကျိန်စာသွေးကို ဤအင်မော်တယ်စွမ်းအင် ဆယ့်တစ်ခုနှင့်ထိန်းပြီး ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာအတွင်းသို့ တွန်းပို့ခဲ့၏။
တခဏချင်းမှာပင်၊ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်အပြင်ပန်းက ရွှေရောင်ပြောင်းသွားပြီး အရှိန်အဝါများ တစ်ဖန် မြင့်မားလာတော့သည်။
ကျိန်စာသွေးများက အတွင်းစကြဝဠာအတွင်းတွင် ကြယ်ကောင်းကင်ကို အဆိပ်အတောက်ဖြစ်စေသော အနက်ရောင်အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာထဲတွင် ဖန်ဆင်းခြင်းကျောက်စိမ်းပြား ရှိသည်။
ဤအရာသည် အလွန်ရှေးကျသော ရှေးဟောင်းပစ္စည်းဖြစ်ပြီး ကမ္ဘာ၏ကံကြမ္မာကို ချိုးနှိမ်နိုင်စွမ်းရှိပေသည်။
ကျွင်းရှောင်ယောက်က အတွင်းစကြဝဠာ၏ အနက်ရှိုင်းဆုံးအပိုင်းတွင် အုတ်မြစ်အဖြစ် ထားရှိခဲ့သည်။
ယခုမူ၊ ဖန်ဆင်းခြင်းကျောက်စိမ်းပြားက ကျိန်စာသွေးမြူများကို အမှန်တကယ် ဖိနှိပ်လာခဲ့ပြီ။
အခြေအနေက လုံးဝ တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်လည်း အသက်ပြင်းပြင်းရှူလိုက်လေသည်။
အသျှင်ခန္ဓာမျိုးရိုးမှ တစ်ယောက်ယောက်သာ ဤမြင်ကွင်းကို မြင်ရပါက ဒေါသထွက်လွန်း၍ သွေးအန်သွားမည်မှာ သေချာသည်။
ကျွင်းရှောင်ယောက်၏ ကျင့်ကြံမှုကို တားဆီးရန်အတွက် အသျှင်ခန္ဓာ ရှန်းဖေးကိုပင် စတေးခဲ့ကြရပေသည်။
ရလဒ်အနေဖြင့်၊ ကျွင်းရှောင်ယောက်က ကျိန်စာသွေးများကို ထိန်းချုပ်ထားခဲ့သည်။
"အခု၊ နောက်တစ်ဆင့်ကတော့ သဲလွန်စတွေ ရှာနိုင်မလားဆိုတာ သိရဖို့ ဟေးယွမ်ချောက်ကို သွားဖို့ပဲ"
"လျှို့ဝှက်ချက်ကို ရှာနိုင်ရင်တော့ အကောင်းဆုံး ဖြစ်လိမ့်မယ်။ မဟုတ်ရင် ကျိန်စာကို ငါ့ရဲ့ အတွင်းစကြာဝဠာထဲမှာ ဖိနှိပ်ထားတာက ဖြေရှင်းနည်းမဟုတ်ဘူး"
ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။
"ငါ့ကို သာမာန်အမြင်နဲ့ ခန့်မှန်းတာက မင်းတို့ အသျှင်မျိုးရိုးရဲ့ အကြီးမားဆုံးအမှားပဲ"
"အသျှင်ခန္ဓာ၊ ငါ့ကိုစောင့်နေပါ…"
ကျွင်းရှောင်ယောက်က အားကောင်းသော အရှိန်အဝါတို့ဖြင့် ထရပ်လိုက်သည်။
သို့သော်လည်း သေချာစဉ်းစားပြီးနောက် အစွမ်းထက်သော သူ့အရှိန်အဝါကို ပြန်ထိန်းထားလိုက်၏။
"ငါ့ရဲ့ခန္ဓာက အခြေအနေမကောင်းတာကိုသိရင် ဘယ်လိုလူတွေက အခွင့်ကောင်းယူဖို့ ထွက်လာမလဲဆိုတာ သိချင်မိတယ်"
ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။
ဤသည်က ရန်သူများကို ဆွဲထုတ်ရန် အခွင့်ကောင်းတစ်ခုပင်။
"ငါ အတော်ဆိုးတာပဲ"
ကျွင်းရှောင်ယောက် အနည်းငယ် ပြုံးလိုက်သည်။
သူကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ကောက်ကျစ်သော မြေခွေးအိုကြီးတစ်ကောင်လို ခံစားလိုက်ရလေသည်။
............
ရှေးဟောင်းလမ်း အဆင့်ခုနစ်ဆယ်မှ ကိစ္စများက အဆုံးစွန်ရှေးဟောင်းလမ်းတစ်ခုလုံးကို မုန်တိုင်းကဲ့သို့ ပျံ့နှံ့သွားမည်မှာ သံသယဖြစ်စရာမလိုပေ။
ထွက်ပေါ်လာသော သတင်းသုံးခုက ထိတ်လန့်စရာကောင်းလွန်းသည်။
ပထမတစ်ခုကတော့ ကျွင်းရှောင်ယောက်ဟာ အသျှင်ခန္ဓာရှန်းဖေးကို ရှောင်တခင် သတ်လိုက်ခြင်း ဖြစ်သည်။ နှစ်ဘက်ကြားမှ ကွာဟချက်ဟာ မိုးနှင့်မြေကဲ့သို့ပင်။
ဒုတိယအချက်မှာ အသျှင်ရှန်းဖေးက ဒဏ္ဍာရီလာ အသျှင်မဟုတ်ခြင်း ဖြစ်သည်။
စစ်မှန်သည့် အသျှင်က အခြားတစ်ယောက်ဖြစ်ပြီး ပေါ်မလာသေးပေ။
တတိယတစ်မျိုးကတော့ ကျွင်းရှောင်ယောက်အပေါ်ကို ကျရောက်သွားသည့် ကျိန်စာသွေး ဖြစ်သည်။ ဤအတွက် ကျွင်းရှောင်ယောက်၏ကိုယ်တွင် ကြီးကြီးမားမား တစ်ခုခု ဖြစ်နေနိုင်ပေသည်။
ကျွင်းရှောင်ယောက်၏ တည်ငြိမ်သောအမူအရာကြောင့် သူ ဟန်ဆောင်နေသလား ဒါမှမဟုတ် တကယ်အဆင်ပြေသလား ဆိုတာကိုတော့ ကြည့်ရှုသူများ မသိသဖြင့် ဤသတင်းကို အတည်မပြုနိုင်ပါ။
သို့သော်လည်း လူအများစုက ကျွင်းရှောင်ယောက်၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို မကောင်းနိုင်ဟု ထင်ကြသည်။
နောက်ဆုံးတွင်၊ ၎င်းက မြင့်မြတ်ခန္ဓာ ကျိန်စာဖြစ်၍ ဘယ်လိုလုပ်ပြီး အသုံးမဝင်ဘဲရှိနည်နည်း။
ဤသတင်းများက အတော်ပင် ရိုက်ခတ်မှုပြင်းခဲ့သည်။
ပါရမီရှင် တော်တော်များများတွင် ထူးဆန်းသော အတွေးများ ရှိလာခဲ့၏။
မျိုးဆက်သစ် ပြိုင်ဘက်ကင်း ကျွင်းမိသားစု၏ နတ်ဘုရားသားတော်သည် အခြားသော ထိပ်တန်းတားမြစ်ချက်များကြောင့် ကျဆုံးရမည်လော။
သို့မဟုတ် ဧကရာဇ်ကိုဆန့်ကျင်သည့် ဧကရာဇ်ခုနစ်ပါးက လှုပ်ရှားလာကြပါမည်လော။
မည်သို့ပင်ဆိုစေ၊ ရှေးဟောင်းလမ်းတစ်ခုလုံး အသက်ဝင်လာပြန်ပြီဟု ဆိုနိုင်သည်။
..........
ရှေးဟောင်းလမ်း၏ နက်နဲရာ အရပ်တစ်ပါးတွင်...
ငွေခေါင်းလောင်းကဲ့သို့ ကြည်လင်ပြီး ချိုမြိန်သော်လည်း ဒေါသထွက်နေပုံရသည့် လောလီလေးတစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့သည်။
"ဘာ၊ ငါ သဲအိတ်အဖြစ်သုံးခဲ့တဲ့ ရှန်းဖေး သေသွားခဲ့ပြီလား။ ငါ အဲဒီမြင့်မြတ်ခန္ဓာနဲ့ စာရင်းရှင်းရမယ်၊ သူ့ကို သူ့အမေတောင် မမှတ်မိအောင် ရိုက်ရမယ်"
အသံက ချိုသာသော်လည်း အနည်းငယ် ရိုင်းစိုင်းပြီး တဇွတ်ထိုးနိုင်ပုံရပေသည်။
ထို့နောက် ဤရှေးဟောင်းနယ်ပယ်မှ ထွက်သွားလိုဟန်ဖြင့်၊ ဦးခေါင်းပေါ်တွင် ပူဖောင်းသဏ္ဍာန် ပုလဲနှစ်လုံးရှိသည့် ထရန်နိုဆောရပ်စ်မလေးကဲ့သို့ ပုံရိပ်တစ်ခု ထွက်လာခဲ့သည်။
"ယောက်အာ၊ မင်း ထပ်လုပ်ပြန်ပြီ။ မင်းကို အပြင်မထွက်ရဘူးလို့ပြောနေတာ ဘယ်နှစ်ခါရှိပြီလဲ"
အဖြူရောင်ဝတ်စုံနှင့် ပြုံးနေသော အဘိုးအိုတစ်ဦး လေထဲတွင် ပေါ်လာခဲ့၏။
သူ့ဦးခေါင်းတွင် နဂါးဦးချိုများရှိပြီး မုတ်ဆိတ်ဖြူများကတော့ မြေပြင်ပေါ်သို့တိုင် ရှည်ကျနေခဲ့သည်။ သူသည် အသက်ကြီးနေပြီသော်လည်း သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါက ဟင်းလင်းပြင်ကို တုန်ခါစေပေသည်။
ထိုအဘိုးကြီးက အဓိပဓိဖြစ်ကြောင်း သိသာထင်ရှားသည်။
ထို့ပြင် သာမန်အဓိပဓိမဟုတ်ဘဲ စတုတ္ထအဆင့်အဓိပဓိ၊ ကောင်းကင်အသျှင်နယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီ။
ဤနေရာ၌သာ ဗဟုသုတကြွယ်ဝသူတချို့ ရှိနေပါက သူတို့ အံ့အားသင့်သွားမည် ဖြစ်သည်။
အကြောင်းမှာ၊ ဤအဘိုးအိုက အင်မော်တယ်နယ်မြေကြီးရှိ အသန်မာဆုံး နဂါးမျိုးနွယ်များထဲမှ တစ်ခုဖြစ်သည့် ထိုက်ရွှီနဂါးမျိုးနွယ်၏ ကျွမ်းကျင်သူတစ်ဦး ဖြစ်နေသောကြောင့်ပင်။