← Chapters

အခန်း ၇၁၅

Vol. 48 Ch. 715

အခန်း ၇၁၅

Vol. 48 Ch. 715

အခန်း ( ၇၁၅ ) မကြုံစဖူးသော အမျိုးသမီးအသျှင် လုံယောက်အာ၊ ချီယိုအင်မော်တယ်မျိုးရိုးမှ အမွေခံ၏ ရည်မှန်းချက်။

နဂါးမျိုးနွယ်သည် အင်အားမျိုးစုံ၊ ကိုင်းခွဲအမျိုးမျိုးရှိသည့် မျိုးနွယ်ကြီးတစ်ခု ဖြစ်သည်။

ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီး ဘိုးဘွားနဂါးသိုက်နှင့် ရှန်းကုကမ္ဘာရှိ နဂါးမျိုးနွယ်အပြင်...

အင်မော်တယ်စစ်ပွဲအတွင်း၌ အခြား အင်မော်တယ်နယ်မြေကြီးမှ ဝင်ရောက်စွက်ဖက်ခဲ့သည့် နဂါးဘုရင်ခန်းမလည်း ရှိသေးသည်။

ယခုလည်း ထိုက်ရွှီနဂါးမျိုးနွယ် ပေါ်လာပြန်ပြီ ဖြစ်သည်။

ထိုရွှီနဂါးမျိုးနွယ်က အလွန်အစွမ်းထက်သည်။ ၎င်းတို့က နဂါးမျိုးနွယ်၏ ရှေးအကျဆုံးနှင့် လျှို့ဝှက်ဆန်းကြယ်သော အကိုင်းအခက်တစ်ခု ဖြစ်ပေသည်။

ဘိုးဘွားနဂါးသိုက်မှ လုံအိုထျန်းသည်ပင် တချိန်က ရှန်းကုကမ္ဘာရှိ နဂါးမျိုးနွယ်၏ ဘိုးဘွားမြေမှ ထိုက်ရွှီနဂါးမျိုးနွယ်၏အမွေကို ရရှိခဲ့ဖူးသည်။

ဤမျိုးနွယ်က ရှေးကျပြီး အစွမ်းထက်သော်လည်း အဖွဲ့ဝင်များ အလွန်နည်းပါးကာ ရှားပါးလှပေသည်။

သတ္တဝါတို့တွင်၊ အစွမ်းထက်‌လေလေ မျိုးဆက်ရယူရန် ပို၍ ခက်ခဲလေလေပင် ဖြစ်သည်။ ယင်းက လောကနိယာမတစ်မျိုးပင်။

မျိုးနွယ်စုရှိ လူအရေအတွက်ကြောင့် ထိုက်ရွှီနဂါးမျိုးနွယ်သည် တစ်ဦးချင်း စွမ်းအားကြီးမားသော်လည်း အခြားသော ရှေးဟောင်းမျိုးနွယ်များနည်းတူ၊ အင်မော်တယ်နယ်မြေကြီးကို မလွှမ်းမိုးနိုင်ခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့က အလွန်နှိမ့်ချခဲ့သည်။ သိုသော်လည်း သူတို့၏ ဘိုးဘွားမြေက အင်မော်တယ်နယ်မြေကြီးတွင် မဟုတ်ပေ။ ၎င်းတိုက ရှေးဦး ထိုက်ရွှီနဂါးကြီး၏ ဝမ်းထဲတွင် ရှိသည်။

ဤအခိုက်တွင်၊ ဟင်းလင်းပြင်နယ်မြေတစ်ခုမှာ...

ထရန်နိုဆောရပ်စ်မလေးကဲ့သို့ မိန်းကလေးတစ်ယောက်က နယ်နိမိတ်ထဲမှ ထွက်ပြေးနိုင်ရန် အစွမ်းကုန် ကြိုးစားနေသည်။

မိန်းကလေးက ဆယ်ကျော်သက် ကောင်မလေးဖြစ်ပုံရပြီး သူမ၏ ရှည်လျားသော ခရမ်းရောင်ဆံပင်ကို ပုလဲနှစ်လုံးနှင့် ချိတ်ထားသည်။

သူမ၏ ဖြူနုသော နဖူးပြင်မှာတော သွယ်လျသော နဂါးဦးချိုနှစ်ချောင်း ရှိ၏။

နှင်းဖြူစကတ်ကို ဝတ်ဆင်ထား၍ ခြေထောက်သေးသေးလေးများကိုလည်း မြင်နေရပေသည်။ သို့သော်လည်း ထိုခြေထောက်ကလေးများက အလွန်အားပါ‌ပြီး ကြောက်စရာအင်အားဖြင့် ကန်ကျောက်နိုင်ပုံရသည်။

သူမ၏ မျက်နှာကတော့ လက်ဖဝါးအရွယ်သာဖြစ်ပြီး ပါးနှစ်ဖက်က ပန်းနုရောင်သန်းနေလေသည်။ သူမ၏ မျက်လုံးများက အရည်လဲ့နေပြီး ရှည်လျားကော့ညွတ်သော မျက်တောင်ရှည်များကိုလည်း ပိုင်ဆိုင်ထားသည်။

သေးသွယ်သော ကျောက်စိမ်းလည်တိုင်မှာတော့ ခရမ်းရောင်ခေါင်းလောင်းလေးတစ်ခုကို ဆွဲထား၏။

သူမ၏ ခြေထောက်ကျမှ ဖိနပ်မစီးဘဲ ဗလာကျင်းကာ ဖြူနုသော ခြေဖဝါးအစုံကို ဖော်ဆောင်ထားခဲ့သည်။

မိန်းကလေးကို ကြည့်ရသည်မှာ လက်ညိုးနှင့် ထိုးလိုက်ရုံနှင့် ပွန်းပဲ့သွားမည့် နူးညံ့သိမ်မွေ့သည့် နတ်သမီးလေးကဲ့သို့ပင်။

သို့သော်လည်း ဤကောင်မလေးတွင် မည်သို့သောအင်အားမျိုး ပိုင်ဆိုင်ထားသလဲဆိုတာကို အဖြူရောင်ဝတ်အဘိုးကြီး အသိဆုံး ဖြစ်သည်။

ဤအခိုက်တွင် ကောင်မလေးက အံကြိတ်ပြီး အဖြူရောင်အဖိုးကြီးကို စိုက်ကြည့်လိုက်သည်။

ဤတော့မှ သိရသည်မှာ သူ့တွင် ဖြူဝင်းသော သွားစွယ်နှစ်ချောင်းလည်း ရှိသေးသည်။

ကောင်မလေးက ခြေဆောင့်လိုက်ရာ ဟင်းလင်းပြင်နယ်ပယ်တစ်ခုလုံး တုန်လှုပ်သွားပုံရသည်။

သူမ၏ သေးငယ်သော ရုပ်သွင်က အမြောက်ဆံကဲ့သို့ ပေါက်ကွဲထွက်လာခဲ့၏။

သို့သော်... အဖြူရောင်ဝတ် အဘိုးအိုက အနည်းငယ် ပြုံးကာ လက်ကို မြှောက်လိုက်သည်။ ထိုအခါ ကောင်းကင်အဓိပဓိစွမ်းအားများက ကောင်မလေးကို အလွယ်တကူ ထိန်းချုပ်သွားတော့သည်။

မိန်းကလေးမှာ ဤအခြေအနေကြောင့် အလွန် စိတ်ဆိုးသွားပုံရသည်။

သူမ၏ခန္ဓာကိုယ်ပေါ်တွင် အစစ်အမှန်နဂါးသဏ္ဍာန်၊ တာအိုခန္ဓာခေါင်းလောင်း၊ နတ်ကွန်ပန်နှင့် နတ်ဖီးနစ်အမွေး... အစရှိသည့်ပုံရိပ်များ ရုတ်တရက် ပေါ်လာတော့သည်။

သေချာကြည့်လျှင်၊ ၎င်းတို့က ရှန်းဖေးနှင့် ဆင်တူသော်လည်း အမျိုးအစား ရှစ်မျိုး ရှိသည်။

အသျှင်ခန္ဓာ၏ ရူပါရုံကိုးခုအနက် တစ်ခုသာလိုတော့သည်။

ဤမြင်ကွင်းကိုသာ အပြင်လူများမြင်ပါက အံ့ဩသွားရမည် ဖြစ်သည်။

အကြောင်းမှာ၊ ဤကောင်မလေးက အံ့သြစရာကောင်းလောက်အောင် အသျှင်ခန္ဓာ ဖြစ်နေသောကြောင့်ပင်။

ပို၍ တုန်လှုပ်စရောင်းတာကတော့ မလွတ်နိုင်တော့မှန်း သိလိုက်သည်နှင့် မိန်းကလေးက လိမ္မာပါးနပ်သည့်အပြုံးကို ရုတ်တရက် ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

သူမက ကိုယ်ပိုင်သွေးမျိုးဆက်ကို အသက်သွင်းလိုက်သောအခါ သူမ၏နောက်ကွယ်တွင် မှုန်ဝါးနေသော ရွှေရောင် ရှေးနဂါးသဏ္ဍာန်တစ်ခု ရုတ်တရက်ပေါ်လာခဲ့၏။

နဂါးအားလုံးကို ဦးညွတ်စေနိုင်သော စွမ်းအားတစ်မျိုးက အရပ်ရပ်ကို ပျံ့နှံ့သွားတော့သည်။

ကောင်းကင်အသျှင်နယ်ပယ်မှ အဘိုးကြီးသည်ပင် ဖိအားတစ်မျိုးကို အနည်းငယ် ခံစားခဲ့ရသည်။

ဤသည်မှာ ခွန်အားမှ အင်အားမဟုတ်ဘဲ၊ သွေးမျိုးဆက်၏ ဖိအားတစ်မျိုးပင်။

"ကြည့်ရတာ... ယောက်အာ၊ မင်းက ရွှေရှေးဟောင်းနဂါးသွေးမျိုးဆက်ဖိအားကို ထိန်းချုပ်နိုင်နေပြီ ထင်တယ်"

အဖြူရောင်ဝတ် အဘိုးကြီးက ပြုံးပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ထိုက်ရွှီနဂါးမျိုးနွယ်တွင် အမျိုးအနွယ်များကို အတန်းစား သုံးမျိုး ခွဲခြားထားသည်။

သာမာန် ကြေး‌ရောင် ထိုက်ရွှီနဂါးသွေးမျိုးဆက်။

ရှားပါး ငွေရောင် ထိုက်ရွီနဂါးမျိုးဆက်နှင့်...

နောက်ဆုံးကတော့ ကာလများစွာတွင် မပေါ်ခဲ့သော အရှားပါးဆုံး၊ ရွှေရောင် ထိုက်ရွှီနဂါး သွေးမျိုးဆက်ပင်။

သူ့ရှေ့မှ ကလေးမလေးက ဒဏ္ဍာရီလာ ကောင်းကင်အသျှင်ခန္ဓာအပြင်၊ အရှားပါးဆုံး ရွှေရောင်ရှေးနဂါးသွေးမျိုးဆက်ကိုလည်း ပိုင်ဆိုင်ထားခဲ့သည်။

"ဒီမျိုးဆက်ရဲ့ အသျှင်ခန္ဓာက ငါ့ရဲ့ ထိုက်ရွှီနဂါးမျိုးရိုးမှာ မွေးဖွားလာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားမိမှာကို ကြောက်ရတယ်"

အဖြူရောင်၀တ် အဖိုးအိုက တောက်ပစွာ ပြုံးလိုက်သည်။

အမှန်အတိုင်းပြောရလျှင်၊ လုံယောက်အာ မွေးဖွားလာစဉ်က ထိုက်ရွှီရှေးနဂါးအားလုံး အလွန်အံ့သြခဲ့ကြရသည်။

ဤကလေးမလေးကို ရွှေရောင်ရှေးနဂါး သွေးမျိုးဆက်အပြင်၊ ရှားပါးသည့် ကောင်းကင်အသျှင်ခန္ဓာ ပိုင်ရှင်ဖြစ်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

ဤသည်မှာ မကြုံစဖူးသော အမျိုးသမီး ကောင်းကင်အသျှင်ခန္ဓာ ဖြစ်သည်။

နောက်ပိုင်းတွင် ဘိုးဘွားနန်းတော်မှလူများက ရှာဖွေတွေ့ရှိသွားပြီး လုံယောက်အာကို ဤခေတ်မှ အသျှင်ခန္ဓာဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ကောင်းကင်အသျှင်ခန္ဓာ ရှန်းဖေးသည်ပင်လျှင် ဤအမျိုးသမီးအသျှင်ခန္ဓာ၏ အထောက်အပံ့မျှသာ ဖြစ်ခဲ့ရပေသည်။

ထို့နောက်တွင်၊ အသျှင်ခန္ဓာဘိုးဘွားနန်းတော်နှင့် ထိုက်ရွှီ ရှေးနဂါးမျိုးနွယ်စုတို့က ဤမကြုံစဖူးသော အမျိုးသမီးအသျှင်ကို ပြုစုပျိုးထောင်ရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။

"အဘိုးလုံယွမ်၊ အဲဒီမြင့်မြတ်ခန္ဓာကို ကိုင်တွယ်ဖို့ ယောက်အာကို ဘာဖြစ်လို့ အပြင်ထွက်ခွင့်မပေးတာလဲ။ သူက သူများရဲ့သဲအိတ်ကို သတ်လိုက်တာ...၊ အရမ်းမုန်းစရာကောင်းတယ်"

လုံယောက်အာက မကျေမနပ်ဖြင့် လက်သီးဆုပ်ကာ ပြောလိုက်သည်။

အမှန်တော့ ရှန်းဖေးက ဦးစွာရန်စပြီး ကျွင်းရှောင်ယောက်ကို တိုက်ခိုက်ခဲ့မှန်း လုံယောက်အာ လုံးဝ မသိပေ။

"အချိန်မတန်သေးဘူး၊ မင်းက ငါတို့ ထိုက်ရွှီ ရှေးနဂါးမျိုးနွယ်ရဲ့ မျှော်လင့်ချက်ပဲလေ။ အမှားအယွင်းမခံနိုင်ဘူး၊ ပြီးတော့ ကျွင်းရှောင်ယောက်က အရမ်းအန္တရာယ်များတယ်"

လုံယွမ်က ခေါင်းခါယမ်းပြီး ပြောလိုက်သည်။

လုံယောက်အာကို ထိုက်ရွှီရှေးနဂါးမျိုးနွယ်နှင့် အသျှင်ခန္ဓာ ဘိုးဘွားနန်းတော်ကဲ့သို့ အင်အားစုကြီးနှစ်ခုမှ ကျောထောက်နောက်ခံပြုထားသော်လည်း...

ကျွင်းရှောင်ယောက်၏ နောက်ခံကို မလွှမ်းမိုးနိုင်ပေ။

ယခုဆိုလျှင်၊ ကျွင်းရှောင်ယောက်ကို ကိုင်တွယ်ရန်က လုံ‌ယောက်အာ အတွက် အလွန်ခက်ခဲသည်။

ဤအချက်ကြောင့်ပင် အသျှင်ခန္ဓာ ဘိုးဘွားနန်းတော်က ကျွင်းရှောင်ယောက်ကိုကြံစည်ရန် ဤနည်းဗျူဟာကို တီထွင်ခဲ့ခြင်း ဖြစ်ချေသည်။

"ဒါပေမယ့် သူများရဲ့သဲအိတ်က သေသွားပြီ၊ ဒါ ကျွင်းရှောင်ယောက်ရဲ့ အပြစ်ပဲ။ သူ့ကိုဖမ်းပြီး သေသေချာချာ ရိုက်ပစ်မယ်"

လုံယောက်အာက လက်သီးဆုပ်‌သေးသေးလေးကိုမြှောက်ပြီး အံကိုကြိတ်ထားလိုက်သည်။

မြင့်မြတ်ခန္ဓာနှင့် အသျှင်ခန္ဓာက ရန်သူဟောင်းများဖြစ်ပြီး အရိုးထဲထိ ထွင်းထုထား၍ လုံ‌ယောက်အာလည်း ချွင်းချက်မဟုတ်ခဲ့ပေ။

"စိတ်မပူပါနဲ့၊ အသျှင်ခန္ဓာဘိုးဘွားနန်းတော်မှာ အစီအစဉ်ရှိတယ်။ မင်း စိတ်ရှည်ရမယ်။ အခု မင်းလုပ်ရမှာက အပြင်းအထန် လေ့ကျင့်ပြီး အခွင့်အလမ်းကောင်းတစ်ခုရဖို့အတွက် အဆုံးစွန်ရှေးဟောင်းလမ်းကို လျှောက်သွားလိုက်ဖို့ပဲ"

လုံယွမ် ပြောလိုက်သည်။

အသျှင်ခန္ဓာ ဘိုးဘွားနန်းတော်၏ အစီအစဥ်ကို သူသိသော်လည်း လုံယောက်အာကတော့ ထိုအကြောင်းများကို မသိပေ။

သူမက လုံယွမ်၏ ကြီးကြပ်မှုအောက်တွင်သာ လေ့ကျင့်နေခဲ့ရသည်။

အသျှင်ဘိုးဘွားနန်းတော်၏ နည်းလမ်းက အမှန်တကယ် မသင့်လျော်သော်လည်း လုံယောက်အာအတွက်ကြောင့် လုံယွမ်လည်း မပြောသာခဲ့ပေ။

"‌ကောင်းပြီ၊ မြင့်မြတ်ခန္ဓာကို ခဏနေခိုင်းထားလိုက်မယ်။ အချိန်တန်ရင် ဒီအသျှင်မက အသျှင်ခန္ဓာမျိုးရိုးရို အနိုင်ယူလို့မရနိုင်ဘူးဆိုတာ သိစေမယ်"

လုံယောက်အာက ခါးလေးထောက်ပြီး ရင်ကိုကော့ကာ ပြောလိုက်သည်။

...........

အဆုံးစွန်ရှေးဟောင်းလမ်းမှာတော့ လူတိုင်းက အမှောင်ထဲမှာ ပုန်းနေသော အသျှင်ခန္ဓာက ဘယ်သူလဲဆိုတာကို မှန်းဆနေခဲ့ကြသည်။

သူတို့အမြင်တွင် ဤမျိုးဆက်၏ အသျှင်ခန္ဓာက အလွန်နက်နဲစွာ ဖုံးကွယ်ထားတတ်သူပေပင်။

ထိုသူဟာ ရက်စက်ကြမ်းကြုတ်ပြီး လွှမ်းမိုးချုပ်ကိုင်ကာ၊ မာနကြီးသော သူတစ်ယောက်ဖြစ်မှာ သေချာသည်။ ထို့ပြင် အလွန် အန္တရာယ်များမှာလည်း မလွဲမ‌သွေပင်။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်တော့ ပြိုင်ဘက်တွေ့သွားတဲ့ပုံပဲ။ အဲဒီအသျှင်က တကယ်ကို ရည်မှန်းချက်ကြီးပြီး ကြောက်စရာကောင်းသူလို့ ဆိုနိုင်တယ်"

လူများစွာက ထိုအကြောင်းကို စိတ်အားထက်သန်စွာ ဆွေးနွေးပြောဆိုခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ ထိုအသျှင်က နောက်ဆုံးတွင် ထွက်ပေါ်လာလိမ့်မည်။

ရှေးဟောင်းလမ်းတစ်ခုလုံး ဖရိုဖရဲဖြစ်နေချိန်တွင် ကျွင်းရှောင်ယောက်က ရှေ့သို့ ခရီးဆက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

"ဟေးယွမ်ကိုသွားဖို့ မင်း တကယ် ဆုံးဖြတ်ပြီးပြီလား၊ ဒါက အရမ်းအန္တရာယ်များတဲ့ နေရာပဲ"

ဝူဟူ မျက်မှောင်ကြုတ်လိုက်သည်။

ယခုအခါ သူက နန်းတော်စောင့်သုံးရာကို ပြောင်းလဲပေးရန်လို‌နေသောကြောင့် အဆုံးစွန် ရှေးဟောင်းလမ်းကို သိပ်ပြီးမသွားနိုင်ပေ။

"အကြီးအကဲ စိတ်မပူပါနဲ့၊ နန်းတော်စောင့်သုံးရာကို ခင်‌ဗျားရဲ့လက်ထဲ အပ်လိုက်ပြီ။ ရှေးဟောင်းလမ်းကို ကျွန်တော်လျှောက်ပြီးတဲ့အခါ ကျွင်းဧကရာဇ်ခုံရုံးကို ခင်ဗျားပါ သွားရမယ်"

ကျွင်းရှောင်ယောက်က ပြုံးပြီး ပြောလိုက်သည်။

"သခင်လေး၊ ရှောင်ယွိက နင်နဲ့လိုက်လို့ မရတော့ဘူးလား"

ထိုက်ယင်ကျောက်စိမ်းယုန်က မျက်ရည်ဝဲနေလေသည်။

ကျွင်းရှောင်ယောက်က သူမကို ဤနေရာတွင်ထားခဲ့ရန် ဆုံးဖြတ်ထားသောကြောင့် ဖြစ်သည်။

"ဟေးယွမ်ချောက်က အရမ်းအန္တရာယ်များတယ်။ မင်းငါနဲ့လိုက်ခဲ့မယ်ဆိုရင် မင်းဘေးကင်းဖို့ အာမမခံနိုင်ဘူး။ နောက်ကျရင် မင်း ယွိချန်ကျွမ့်နောက်ကို လိုက်သွားနိုင်ပါတယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ထိုက်ယင်ကျောက်စိမ်းယုန် တွန့်ဆုတ်နေသော်လည်း ခေါင်းညိတ်လိုက်ပြီး မငြင်းတော့ပေ။

ကျွင်းရှောင်ယောက်ကို သူမ ဆွဲချထား၍ မဖြစ်ပါ။

"အစ်ကိုကြီးရှောင်ယောက်၊ ကျွန်တော်တို့ ပိုသန်မာလာဖို့ သေချာပေါက် ကြိုးစားပါ့မယ်"

နင်ချန်က လက်သီးဆုပ်ကာ ပြောလိုက်သည်။

"ပြီးတော့ ညီမလေး"

ရှောင်ရွယ်ရွယ်ကလည်း မျက်လုံးများ တောက်ပနေလေ‌သည်။

"မင်းတို့ကို ငါယုံပါတယ်၊ ကိုင်း... နှုတ်ဆက်ခဲ့ပါတယ်"

ကျွင်းရှောင်ယောက်က လက်ယှက်ပြလိုက်သည်။

ထို့နောက်မှာတော့ ပျက်စီးခြင်းကြယ်မှ တစ်ယောက်တည်း ထွက်ခွာသွားတော့သည်။

"နှုတ်ဆက်ပါတယ် သခင်လေး"

နင်သဲဖာနှင့် အခြားနန်းတော်အစောင့်သုံးရာတို့လည်း တုနှိုင်းမရသော ရိုသေမှုဖြင့် ကိုးဆယ်ဒီဂရီ ဦးညွှတ်ရင်း ကျန်ရစ်ခဲ့ကြသည်။

ရှေးဟောင်းလမ်း၏ အဆင့်ခုနစ်ဆယ်မှ ကျွင်းရှောင်ယောက် ထွက်ခွာသွားကြောင်း သတင်းထွက်ပေါ်လာပြီးနောက်...

နေရာတိုင်းတွင် လှိုင်းလုံးများနှင့် ရေစီးကြောင်းများ ရှိလာသည်။

နတ်ဆိုးစွမ်းအင်များစုဝေးရာ ရှေးဟောင်းကြယ်တစ်စင်းတွင်...

စူးရှသော နတ်ဆိုးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ကူတိကျစ်၊ မင်းက နတ်သမီးယွမ်နဲ့ လက်ထပ်ပြီး ခမ်းနားတဲ့ မင်္ဂလာပွဲကျင်းပဖို့ စီစဉ်နေတာနဲ့ အရေးကြီးတဲ့ ကိစ္စတွေကိုတောင် မေ့နေပြီပဲ"

"မင်း အခုမလုပ်ရင် ငါ ပထမဆုံးလှုပ်ရှားတဲ့အတွက် အပြစ်မတင်နဲ့။ ကျွင်းရှောင်ယောက်ကို ငါသတ်နိုင်ရင် ငါက ဒီခေတ် အင်မော်တယ်ခုံရုံးရဲ့ ဧကရာဇ်ဖြစ်လိမ့်မယ်"

"ငါ့ ချီယိုအင်မော်တယ်မျိုးရိုးကလည်း အင်မော်တယ်ခုံရုံးရဲ့ ခေါင်းဆောင်ဖြစ်လာရလိမ့်မယ်"

ထိုအသံတွင် ဖုံးကွယ်မထားသော ရည်မှန်းချက်တစ်ခု ရှိနေသည်။

ချီယိုအင်မော်တယ်မျိုးရိုးသည် အင်မော်တယ်ခုံရုံး၏ မျိုးရိုးကိုးခုတွင် နတ်ဆိုးအဆန်ဆုံးနှင့် သတ်ဖြတ်မှုကြမ်းသည့် မျိုးရိုးတစ်ခု ဖြစ်သည်။

၎င်းက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးရှိ အမှောင်ဘုရင်မျိုးရိုးနှင့် တူညီသော နတ်ဆိုးမူလတစ်ခုမှ ဖြစ်ချေသည်။

All Chapters