← Chapters

အခန်း ၇၁၆

Vol. 48 Ch. 716

အခန်း ၇၁၆

Vol. 48 Ch. 716

အခန်း ( ၇၁၆ ) အဆင့်ကိုးဆယ်မှ ဟေးယွမ်ချောက်သို့ အသွား၊ ကြားဖြတ်ပြီး သတ်ဖြတ်ကြခြင်း၊ သွေးဗုဒ္ဓ၏ အမွေဆက်ခံသူ။

ကျွင်းရှောင်ယောက်က ရှေးဟောင်းလမ်း၏ အဆင့်ခုနစ်ဆယ်မှ ထွက်လာခြင်းမှာ လူတိုင်း၏ အာရုံစိုက်မှုကို ခံခဲ့ရသည်ဟု ဆိုနိုင်သည်။

အမှန်တော့၊ ပျက်စီးခြင်းကြယ်မှ ကျွင်းရှောင်ယောက် ထွက်လာကတည်းက သူ့ကို လျှို့ဝှက်စွာ စောင့်ကြည့်နေသော မရေမတွက်နိုင်တဲ့ မျက်လုံးများ ရှိပေသည်။

မတတ်နိုင်ပေ၊ ယခုအခါ ကျွင်းရှောင်ယောက်က အဆုံးစွန်ရှေးဟောင်းလမ်းပေါ်မှာ အတောက်ပဆုံးဖြစ်နေပြီ ဖြစ်သည်။

သူ၏ လှုပ်ရှားမှုတိုင်းက မရေမတွက်နိုင်သော လူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်လိမ့်မည်။

ယခုတော့ ကျွင်းရှောင်ယောက်၏ခန္ဓာဟာ ပြဿနာရှိနေပုံရသောကြောင့် ပို၍ပင် ဖမ်းစားသွားခဲ့ပုံရသည်။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် ဘယ်လိုအခြေအနေရှိလဲ"

ပါရမီရှင်တချို့က တီးတိုးမေးကြသည်။

"ငါမသိဘူး၊ ဒါပေမဲ့ သူ့ရဲ့ အရှိန်အဝါကတော့ အရင်ကလောက် မသန်မာတော့ပုံပဲ"

ပါရမီရှင်တချို့က မျက်လုံးများ အရောင်လက်သွား၏။

ယခုအခါ ကျွင်းရှောင်ယောက်က သူ့အရှိန်အဝါကို ထိန်းချုပ်ထားခဲ့သည်။ ထို့ကြောင့်ပင် လူအများက ထက်မြက်မှု အနည်းငယ်မျှ မခံစားရဘဲ အားနည်းသွားသလို ထင်ယောင်ထင်မှား ဖြစ်ခဲ့ရပေသည်။

"ဘယ်သူပဲဖြစ်ဖြစ်၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို ကိုင်တွယ်ချင်ရင် ဒါက အကောင်းဆုံး အခွင့်အလမ်းတစ်ခုပဲ"

"ဟုတ်တယ်၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို တကယ်အနိုင်ယူနိုင်ရင် တစ်ရှိန်ထိုး ကျော်ကြားလာမှာ သေချာတယ်"

တချို့ ပါရမီရှင်များက ကျွင်းရှောင်ယောက်ကို အနိင်ယူကာ ဘဝ၏အထွတ်အထိပ်သို့ ခြေချရန် စိတ်ကူးလိုက်ကြသည်။

သို့သော်လည်း သူတို့အတွက် စိတ်ကူးယုံအပြင် ဘာမှမပို‌ကြောင်း ကောင်းကောင်းသိပေသည်။

ကျွင်းရှောင်ယောက်၏ အခြေအနေက ကောင်း၊မကောင်း မသေချာတာကို အသာထား...

ကျွင်းရှောင်ယောက်၏ခွန်အားအရ သူ့အခြေ‌အနေက တစ်ခုခုဖြစ်ခဲ့လျှင်ပင် တော်ရုံလူများကို လက်တစ်ချောင်းတည်းနှင့် အသေသတ်ရန် လုံလောက်သည်။

ကျွင်းရှောင်ယောက်ကတော့ တိတ်တဆိတ်ကြည့်နေသော မျက်လုံးများစွာကို လျစ်လျူရှုခဲ့သည်။

ထိုပါ့ကျန်းနှင့် စကားပြောဆိုပြီးနောက် ကျွင်းရှောင်ယောက်က တစ်ယောက် ထွက်လာခဲ့လေသည်။

ကြယ်စကြဝဠာ၏ နက်ရှိုင်းရာကို တစ်ယောက်တည်း လျှောက်လာသော ကျွင်းရှောင်ယောက်ကိုကြည့်ရင်း...

ပါရမီရှင် အတော်များများက လေးစားမှုကို လှစ်ဟလာခဲ့သည်။

ဤအခြေအနေမျိုးမှာပင် ကျွင်းရှောင်ယောက်က ကြောက်ရွံ့မှုအရိပ်အယောင်မပြဘဲ တစ်ယောက်တည်း လမ်းပေါ်ထွက်ဝံ့ခဲ့ပေသည်။

ဤစိတ်ထားမျိုးက သာမန်ပါရမီရှင်များ ယှဉ်လို့မ‌ရပေ။

ကျွင်းရှောင်ယောက်က အလွန်လျင်မြန်သော အရှိန်ဖြင့် ကြယ်ကောင်းကင်တွင် ဖြတ်ကျော်သွားခဲ့သည်။

မဟာသူတော်စင်နယ်ပယ် သူ၏ခွန်အား၊ ခွန်ပန် အမြန်နှုန်းတို့ဖြင့်...

ကြယ်ကောင်းကင်ကို ဖြတ်သန်းသွားသော သူ့အရှိန်သည် တော်ရုံ ကြယ်သင်္ဘောများထက်ပင် ပိုမြန်သည်။

"ဟေးယွမ်‌ချောက်က အဆုံးစွန် ရှေးဟောင်းလမ်းရဲ့ အဆင့်ကိုးဆယ်ဝန်းကျင် အနေအထားမှာ ရှိတာ၊ ဒါက သာမန်လူတွေ ခြေမချရဲတဲ့ တားမြစ်နယ်မြေတစ်ခုပဲ"

ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။

သူ၏ အမြန်နှုန်းဖြင့်ပင် အဆင့်ခုနစ်ဆယ်မှ ကိုးဆယ်သို့ရောက်ရန် အချိန်အတိုင်းအတာတစ်ခုအထိ ကြာလိမ့်ဦးမည်။

အဆင့်ကိုးဆယ်ကို ရောက်ပြီးလျှင်တော့၊ အဆုံးစွန် ရှေးဟောင်းလမ်းတစ်ခုလုံးက ပြီးဆုံးခါနီးပြီ ဖြစ်သည်။

"တကယ့် ကြီးကျယ်တဲ့ တိုက်ပွဲကြီးက လာတော့မယ်၊ ရှေးဟောင်းလမ်းကိုခြေချခဲ့တဲ့ ပါရမီရှင်မျိုးဆက်လည်း အကြီးကျယ်ဆုံး အတွေ့အကြုံတွေရလိမ့်မယ်၊ ဒါပေမယ့် ငါသိချင်နေမိတယ်။ အဆုံးစွန်ရှေးဟောင်းလမ်းရဲ့ နောက်ဆုံးစမ်းသပ်မှုက ဘာများဖြစ်မလဲ"

ကျွင်းရှောင်ယောက် ခပ်တိုးတိုး ရေရွတ်လိုက်၏။

ရုတ်တရက်၊ သူ့ခြေလှမ်းများက သွားနေရာမှ ရပ်သွားသည်။

"ဒီလောက်တောင် သည်းမခံနိုင်တော့ဘူး‌လား"

ကျွင်းရှောင်ယောက် လှမ်းကြည့်လိုက်သည်။

ပါရမီရှင်တစ်ဖွဲ့က စူးစမ်းလိုသော မျက်လုံးများနှင့် ထွက်ပေါ်လာကြ၏။

ဤလူများက သူ့အခြေအနေကို စမ်းသပ်ရန် နယ်ရုပ်များသာဖြစ်ကြောင်း ကျွင်းရှောင်ယောက် သိသည်။

"ငါ ဘယ်လောက်ပဲ အခြေအနေဆိုးနေပါစေ၊ ဒီခွေးကလေးတွေ... ကြောင်ကလေးတွေနဲ့တော့ စမ်းသပ်ဖို့မဖြစ်ဘူး မဟုတ်လား"

ကျွင်းရှောင်ယောက်က ခေါင်းခါယမ်းပြီး ပြုံးကာ သူ့အင်္ကျီလက်စကို ခါယမ်းလိုက်သည်။

စွမ်းအင်လှိုင်းလုံးကြီးများ ပေါ်လာခဲ့၏။

"ဖောင်း... ဖောင်း... ဖောင်း..."

ဤပါရမီရှင်များမှာ အနည်းငယ်မျှ မခုခံနိုင်ဘဲ ‌သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ကျွင်းရှောင်ယောက်လည်း ရှေ့ကို ဆက်လျှောက်လာခဲ့သည်။

ရံဖန်ရံခါ သူ့ကိုစုံစမ်းရန် လူများစွာတို့ ထွက်လာကြပေသည်။

ကြယ်ကောင်းကင်ဓားပြများ၊ ရက်စက်ကြမ်းကြုတ်သော နတ်ဆိုး ကျင့်ကြံသူများ၊ အားလုံး ထွက်လာခဲ့ကြသည်။

သို့သော်လည်း နောက်ဆုံးတွင် ကျွင်းရှောင်ယောက်က သူတို့ကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်ခဲ့ပေသည်။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ဘာမှဖြစ်မနေဘူးလား"

တိတ်တဆိတ် စောင့်ကြည့်နေသော ပါရမီရှင်အချို့က အံ့ဩဟန်ဖြင့် ရေရွတ်လိုက်ကြသည်။

"ဒါက မသေချာသေးပါဘူး။ ငါတို့မှာ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို ဖိအားပေးဖို့ အကောင်ကြီးကြီးမရှိလို့ ဖြစ်နေတာ"

တစ်ယောက်က ချက်ချင်း ကန့်ကွက်လိုက်၏။

လဝက်အကြာတွင်...

လမ်းလျှောက်နေသော ကျွင်းရှောင်ယောက်က သူ့နောက်ကျောတွင် တစ်ခုခုကို ခံစားလိုက်ရသည်။

"ဝှစ်"

တစ်စက္ကန့်အတွင်းမှာပင် ပုံရိပ်တစ်ခုက ကျွင်းရှောင်ယောက်၏အနောက်တွင် ရုတ်ချည်း ပေါ်လာခဲ့၏။

ပြင်းထန်သော ကျိန်စာစွမ်းအားရှိသည့် ဓားမြှောင်တစ်ချောင်းက ကျွင်းရှောင်ယောက်၏နောက်ကျောကို ထိုးစိုက်လာတော့သည်။

ဤတိုက်ခိုက်မှုကတော့ အတော်ပြင်းထန်သည်ဟု ဆိုနိုင်သည်။

တော်ရုံလူဖြစ်လျှင် မတုံ့ပြန်နိုင်ဘဲ ဓားမြှောင်ဖြင့် တိုက်ရိုက် ထိုးဖောက်သွားလိမ့်မည်။

သို့ရာတွင် ကျွင်းရှောင်ယောက်က လုံးဝ မလှုပ်ရှားပါ။ တစ်ဖက်လူသာ တစ်နေရာတွင် ပိတ်မိနေသလို ခံစားရပြီး လှုပ်ရှားမှုများ အနည်းငယ် နှေးကွေးသွားခဲ့ရသည်။

၎င်းက တားမြစ်အင်မော်တယ် စတုတ္ထမြောက် တံဆိပ်၏ လုပ်ဆောင်ချက် ဖြစ်သည်။

ဤအခိုက်မှာပင်...

ရောင်စုံနဂါးချပ်က ကျွင်းရှောင်ယောက်၏နောက်ကျောတွင် ပေါ်လာခဲ့၏။

"ထန်"

မီးပွားများ ထွက်ပေါ်လာခဲ့သည်။

"ဘယ်လိုဖြစ်တာလဲ…”

ထိုလူရိပ် အံ့အားသင့်မှုအရိပ်အမြွက်တို့ကို လှစ်ဟလာသည်။

"မင်းကို ငါမသိဘူးထင်တယ်"

ကျွင်းရှောင်ယောက်က တည်ငြိမ်သောအမူရာဖြင့် လှည့်ကြည့်လိုက်၏။

ဤစွမ်းအားမျိုးက ပါရမီရှင်တစ်ဦးကို လုပ်ကြံရန် လုံလောက်သည်ထက် ပိုသည်။

"တစ်ယောက်ယောက်က မင်းကို သတ်စေချင်တယ်"

တိုက်ခိုက်မှု မအောင်မြင်သည်နှင့် ထိုလူက ထပ်မံလှုပ်ရှားလိုက်သည်။

သူ့နောက်တွင် သွေးနတ်ဆိုး အရိပ်တစ်ခု ယောင်ဝါးဝါး ပေါ်လာခဲ့၏။

"နတ်ဘုရားဆူး"

ထိုပုံရိပ်က ထပ်မံ ထိုးနှက်လိုက်သည်။ သူ၏ တိုက်ခိုက်မှုက အလွန်ဆန်းကျယ်ပြီး လျင်မြန်ကာ တိကျမှုလည်း ရှိပေသည်။

"ဒီလှုပ်ရှားမှုအရ၊ မင်းက သွေးဗုဒ္ဓက လာတာလား"

တစ်ချက်ကြည့်လိုက်ရုံဖြင့် လူသတ်သမား၏ နောက်ခံကို ကျွင်းရှောင်ယောက် သိသွားသည်။

သွေးဗုဒ္ဓက နာမည်ကျော်ကြားသော လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ၎င်းတို့က အမှောင်ထဲတွင် ပုန်းအောင်းနေသော အင်မော်တယ်အင်အားတစ်ခုပင်။

သွေးဗုဒ္ဓ၏ လူသတ်သမားနှင့် သူ့ခွန်အားကို စမ်းသပ်ခြင်းမှာ အမှန်ပင် ကောင်းမွန်သော ရွေးချယ်မှု ဖြစ်သည်။

သို့သော်လည်း ကံမကောင်းစွာဖြင့် သူတို့၏ အားထုတ်မှုက အချည်းနှီး ဖြစ်ခဲ့ရပေသည်။

ကျွင်းရှောင်ယောက်က လေထဲကို ဖမ်းဆုပ်ဟန်ပြုလိုက်သည်နှင့် လေထုက အေးခဲသွားပြီး နတ်သံကြိုးများ ထွက်ပေါ်လာခဲ့သည်။

မဟာသူတော်စင်နယ်ပယ် သူ့အင်အားဖြင့် လှုပ်ရှားမှုတိုင်းက ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားကာ ပြင်းထန်သောစွမ်းအားများ ဖြစ်ပေါ်စေနိုင်သည်။

ဤသွေးဗုဒ္ဓမှ လူသတ်သမားက သန်မာသော်လည်း သူတော်စင်ဘုရင်နယ်ပယ်တွင်သာရှိ၍ သူနှင့် ကျွင်းရှောင်ယောက်ကြားတွင် ကွာဟချက်တစ်ခု ရှိနေပါသေးသည်။

"မင်း ဘာမှမဖြစ်ဘူးလား"

လူသတ်သမား အနည်းငယ် ထိတ်လန့်သွားသည်။

လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းမှ ဆင်းသက်လာသူအနေဖြင့် ကျိန်စာသွေး၏ ကြောက်စရာကောင်းသော အကျိုးသက်ရောက်မှုကို သူ ကောင်းကောင်းသိသည်။

သူ့ခန့်မှန်းချက်အရ ကျွင်းရှောင်ယောက်၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေဟာ အလွန်ဆိုးရွားနေသင့်၏။

ထိုအခြေအနေမျိုးတွင် သူ၏လုပ်ကြံမှုက အောင်မြင်ရန် အခွင့်အလမ်းရှိလိမ့်မည်။ သို့သော်လည်း ယခုအခါ သူ လောင်းကြေးမှားခဲ့ပုံရသည်။

"ဒီနတ်ဘုရားသားတော်ရဲ့ စွမ်းအားကို အဲဒီမိုက်မဲသူတွေရဲ့ အပေါ်ယံအမြင်နဲ့ တိုင်းတာနိုင်မှာလား"

ကျွင်းရှောင်ယောက်က ဖြန့်ထားသောလက်ကို ဖမ်းဆုပ်လိုက်၏။

တောင်ကြီးငါးလုံးနှင့် ဖိနှိပ်ခံရသကဲ့သို့ သွေးဗုဒ္ဓ၏ သတ်ဖြတ်သူမှာ သေဆုံးသွားတော့သည်။

ယင်းက အမှောင်ထဲမှ ပါရမီရှင်များကို ထိတ်လန့်စေခဲ့သည်။

သွေးဗုဒ္ဓ၏ ဆက်ခံသူက ကြောင်များ ခွေးများ မဟုတ်ပေ။ သူက ထင်ရှားသော ပါရမီရှင် ဖြစ်သည်။

"မဖြစ်နိုင်ဘူး၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် သူ တကယ်အဆင်ပြေတာလား"

လူများစွာတို့ အံ့သြသွားကြသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က လေထုကိုဖြတ်သန်းကာ အလျင်စလို ထွက်ခွာသွား၍ မည်သူမျှ မလိုက်နိုင်ခဲ့ပေ။

ကျွင်းရှောင်ယောက်၏ ဤပုံစံကိုမြင်တော့ ပါရမီရှင်တချို့က ဇဝေဇဝါ ဖြစ်သွားကြပြန်သည်။

ကျွင်းရှောင်ယောက်က အပြစ်ကင်းစင်ဟန်ဆောင်နေတာများ ဖြစ်နိုင်မလား။

လူတိုင်း ခေါင်းရှုပ်သွားလေသည်။

ထိုအချိန်တွင် ကျွင်းရှောင်ယောက်က လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည်။

ယခုအခါ သူက ထိုစိတ်အနှောက်အယှက်ဖြစ်စေသော ယင်ကောင်များကို ဖယ်ထုတ်ပစ်လိုက်ပြီ။

ကျွင်းရှောင်ယောက်က ရှေ့ကို ဆက်လျှောက်လာခဲ့သည်။

သူ့ရှေ့တွင် ဂြိုလ်သိမ်ခါးပတ်တစ်ခု ရှိနေသည်။

ကျွင်းရှောင်ယောက်လည်း ပုံမှန်အတိုင်း ဖြတ်သန်းသွားခဲ့သည်။

ဤအခိုက်အတန့်တွင်၊ ဂြိုဟ်သိမ်ခါးပတ်၏ ပတ်ပတ်လည်မှာ မရေမတွက်နိုင်သော ကမ္ပည်းများက ကောင်းကင်သို့ ထိုးတက်သွားကြ၏။ နောက်ဆုံးတွင် လှောင်အိမ်အဖြစ်သို့ ပြောင်းလဲသွားကာ မိုးနှင့်မြေကို ပိတ်လှောင်သွားတော့သည်။

တစ်ချိန်တည်းမှာပင်၊ အဆုံးမဲ့ အားကောင်းသော သားရဲအရှိန်အဝါများက လေထဲသို့ စိမ့်ဝင်လာခဲ့သည်။‌ ရှေးဦးသားရဲကြီးများ ကမ္ဘာပေါ်တွင် ပြန်လည် ပေါ်လာသကဲ့သို့ သားရဲများ၏ ကြောက်မက်ဖွယ် ဟိန်းဟောက်သံများလည်း ရှိနေခဲ့၏။

ရောယှက်နေသော ဝင်္ကပါအမှတ်အသားများကြားတွင် ရှေးဦး နတ်ဆိုးတောင်တန်းလေးခုကဲ့သို့ ပေတစ်သောင်းမြင့်ပြီး ကြီးမားသော ပုံရိပ်ကြီး‌လေးခု ပေါ်လာတော့သည်။

ဟွင်းသွမ်း၊ တောက်တီ၊ ချုံးချီ၊ တောက်ဝူ။

ရှေးဦးသားရဲကြီးလေးကောင် ဖြစ်သည်။

All Chapters