← Chapters

အခန်း ၇၁၉

Vol. 48 Ch. 719

အခန်း ၇၁၉

Vol. 48 Ch. 719

အခန်း ( ၇၁၉ )‌ ဖှေးလင်ကြယ်မှ လက်ထပ်ပွဲအစီအစဉ်၊ ချီယိုအင်မော်တယ်မျိုးရိုးမှ ပါရမီရှင်များ။

ကျွင်းရှောင်ယောက်နှင့် မဟာသူတော်စင် ဓမ္မခန္ဓာက ဦးတည်ရာချင်း မတူပေ။

ကျွင်းရှောင်ယောက်အတွက် အရေးကြီးဆုံးအရာမှာ မြင့်မြတ်ခန္ဓာကျိန်စာကို စူးစမ်းပြီး အဆုံးစွန်ရှေးဟောင်းလမ်းအား ပြီးမြောက်ရန် ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ ဓမ္မခန္ဓာက အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံသန်းသွားခဲ့သည်။

ဤဓမ္မခန္ဓာသည် ကျွင်းရှောင်ယောက်၏ အင်အား ဆယ်ပုံတစ်ပုံမျှသာဖြစ်သော်လည်း...

ထိုအင်အားက အလွန်တရာ အားကောင်းနေခဲ့ပြီ။

ကျွင်းရှောင်ယောက်သည် ချီလေ့ထံမှ လက်ထပ်ပွဲကျင်းပမည့် နေရာကိုလည်း မေးမြန်းထားပြီးသား ဖြစ်သည်။

ရှေးဟောင်းလမ်း၏ အတွင်းပိုင်းတွင် ဖှေးလင်ကြယ်ဟုခေါ်သော နေရာတစ်ခုရှိသည်။

ယင်းမှာ ဖူရှီအင်မော်တယ်မျိုးရိုး၏ အမာခံနယ်မြေတစ်ခု ဖြစ်၏။

"ဧကရာဇ်ကို ဆန့်ကျင်မဲ့ ဧကကာဇ်ခုနစ်ပါးထဲက ကူတိကျစ်၊ ငါတို့ မကြာခင် ဆုံကြတာပေါ့"

ကျွင်းရှောင်ယောက်၏ အသံက အေးစက်သွားခဲ့သည်။

..........

ဖှေးလင်ကြယ်၊ ဤနေရာသည် လူများစွာတို့ ကြည်ညိုလေးစားရသော မြင့်မြတ်နယ်မြေတစ်ခု ဖြစ်သည်။

၎င်းက အဆုံးစွန် ရှေးဟောင်းလမ်းပေါ်တွင် တည်ရှိသော်လည်း ပါရမီရှင်တို့ ဤနေရာတွင် ဂုဏ်ယူဝံ့ကြွားစွာ ပြုမူဝံ့ခြင်းမရှိပေ။

အကြောင်းမှာ ဤနေရာက ဖူရှီအင်မော်တယ်မျိုးရိုး၏ အမာခံနယ်မြေ ဖြစ်သောကြောင့် ဖြစ်သည်။

အဓိပဓိအင်မော်တယ်ခုံရုံး၏ အင်မော်တယ်မျိုးရိုး ကိုးခုထဲမှ တစ်ခုအနေဖြင့်၊ ဖူရှီအင်မော်တယ်မျိုးရိုး၏ ဂုဏ်သိက္ခာက ထိပါး၍မရပေ။

အဓိပဓိအင်မော်တယ်ခုံရုံး ပြိုကျသွား၍ မျိုးရိုးကြီးကိုးခု ကွဲသွားလျှင်ပင်...

အင်မော်တယ်မျိုးရိုး တစ်ခုစီက အင်မော်တယ် အင်အားစုများထက် ပို၍ ကြောက်စရာကောင်းသည်။

ထို့ပြင်၊ ဖူရှီအင်မော်တယ်မျိုးရိုးက အဓိပဓိအင်မော်တယ်ခုံရုံး၏ မျိုးရိုးကိုးခုတွင် ဂုဏ်သိက္ခာနှင့် နောက်ခံသမိုင်းအရ ထိပ်တန်းသုံးခုတွင် အဆင့်သတ်မှတ်ရန် လုံလောက်သည်။

တစ်ချိန်က အင်မော်တယ်ခုံရုံးတွင် အာဏာရခဲ့သော မျိုးရိုးလည်း ဖြစ်၏။

ထို့ကြောင့် ဤနေရာမျိုးမှာ မည်သူမျှ မရှုပ်ဝံ့ပေ။

အင်မော်တယ်အင်အားစု၏ ဆက်ခံသူနှင့် တားမြစ်ပါရမီရှင်များဖြစ်လျှင်ပင် ဤနေရာသို့ ရောက်လာပါက ထိန်းသိမ်းပြီး နေထိုင်ရလိမ့်မည်။

ဤအချိန်ကာလတွင်းမှာတော့ ဖှေးလင်ကြယ်က ပုံမှန်ထက်ပိုပြီး အသက်ဝင်နေသည်။

အကြောင်းကတော့ ကူတိကျစ်က လက်ထပ်တော့မည် ဖြစ်သောကြောင့်ပင်။

သူ၏ လက်တွဲဖော်က နာမည်ကျော်ကြားသည့် အလှလေးတစ်ဦးဖြစ်သော နတ်သမီးယွမ် ဖြစ်သည်။

နတ်သမီးယွမ်က လှပသည့်အပြင် စွယ်စုံရပေသည်။

မကြာသေးမီကလည်း သူဟာ နတ်သမီးရင်ပြင်၏ နောက်ပိုင်ရှင်ဖြစ်လာကြောင်း ကြားသိခဲ့ရသည်။

သူမ၏ နာမည်ကျော်ကြားမှုက အားမနည်းပေ။

သို့သော်လည်း ဤအိမ်ထောင်ရေးက ပါရမီရှင် တော်တော်များများကို သံသယဝင်စေခဲ့သည်။

နတ်သမီးယွမ်ဟာ တစ်သန်းတွင်တစ်ယောက် မြင်ရခဲ့သော အလှလေးတစ်ယောက် ဖြစ်သည်။

သို့သော်လည်း အမှန်အတိုင်းပြောရလျှင် ကူတိကျစ်၏ အဆင့်အတန်းက မြင့်မားလွန်းလှသည်။

လူတိုင်း၏အမြင်တွင် ကူတိကျစ်အတွက် ပြီးပြည့်စုံသော လိုက်ဖက်ညီသူက ဝါဧကရီ အင်မော်တယ်မျိုးရိုးမှ ဧကရီသမီးတော် လင်ယွမ် ဖြစ်သင့်သည်။

ဤလူနှစ်ဦးတွင် တစ်ဦးက ဖူရှီမြင့်မြတ်ခန္ဓာကို သယ်ဆောင်ထားပြီး ကျန်တစ်ဦးကတော့ ဝါဧကရီ မြင့်မြတ်ခန္ဓာကို သယ်ဆောင်ထားပေသည်။

ထိုနှစ်ခုကို ပေါင်းစပ်ပါက ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် သန္တောစွမ်းအင် တာအိုသန္ဓေ၏ ပေါင်းစပ်မှုထက် နိမ့်ကျလိမ့်မည် မဟုတ်ချေ။

"ဧကရီသမီးတော်က ကူတိကျစ်ကို လက်ထပ်ချင်ပုံမပေါ်ဘူး"

"ဒါဆို ဧကရီသမီးတော် လင်ယွမ်ရဲ့အမြင်က မြင့်မားလွန်းတယ် မဟုတ်လား"

"အင်း၊ ကူတိကျစ်တောင်မှ သူ့မျက်လုံးထဲကို မဝင်နိုင်ရင် လောကကြီးမှာ ဘယ်သူက သူ့မျက်လုံးထဲ ဝင်နိုင်တော့မှာလဲ"

ပါရမီရှင်တချို့က ဖှေးလင်ကြယ်သို့ သွားရာလမ်းတွင် ဆွေးနွေးနေကြခြင်း ဖြစ်သည်။

"ရှူး၊ ငါတို့က ဖှေးလင်ကြယ်ကို ရောက်တော့မှာ၊ အပိုစကားတွေ မပြောတော့နဲ့။ ဒီစကား ကူတိကျစ်ရဲ့နားကိုရောက်သွားရင် ငါတို့ သေလိမ့်မယ်"

ပါရမီရှင်တစ်ယောက်က စိုးရိမ်မကင်းသောလေသံဖြင့် ပြောလိုက်သည်။

လင်ယွမ်နှင့် နတ်သမီးယွမ်ကြားမှ ဆက်ဆံရေးကို အပြင်လူများက မသိပေ။

ကူတိကျစ်က လင်ယွမ်ကို မလိုက်နိုင်တော့၍ နတ်သမီးယွမ်နှင့် လက်ထပ်လိုက်သည်ဟုသာ သူတို့ထင်ခဲ့သည်။

"နတ်သမီးယွမ်က ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်နဲ့လည်း ပတ်သက်မှု နည်းနည်းရှိပုံရတယ်လို့ ငါကြားတယ်"

တချို့လူများက ပြန်တွေးကာ ပြောဆိုလိုက်၏။

"ကူတိကျစ်က နည်းနည်းအခြေအနေမကောင်းသလို ဘာဖြစ်လို့ ငါခံစားရတာလဲ။ ဧကရီသမီးတော်က သူ့ကိုမကြိုက်သလို သူ့အိမ်ထောင်ဖက်ကလည်း ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်နဲ့ ပတ်သက်မှုတချို့ ရှိနေတယ်"

"တော်ပြီ... တော်ပြီ၊ မပြောတော့နဲ့။ ငါတို့ ဖှေးလင်ကြယ်ကို ရောက်ခါနီးနေပြီ"

ပါရမီရှင်လူစုက ဖှေးလင်ကြယ်သို့ ‌ရောက်လာကာ ခမ်းနားသော မင်္ဂလာပွဲတွင် ပါဝင်ရန် ပြင်ဆင်လိုက်ကြသည်။

ဤအဖြစ်အပျက်က ပါရမီရှင်အများအပြားကို ဆွဲဆောင်ရခြင်းမှာ အကြောင်းရင်းများစွာ ရှိပေသည်။

ပထမတစ်ခုက ဖှေးလင်ကြယ်တွင် အပျက်အယွင်းတချို့ ရှိသည်။ မင်္ဂလာပွဲတွင် ပါဝင်ရန် လာရောက်ကြသူတိုင်း နားလည်ဆင်ခြင်နိုင်ပေသည်။

နောက်တစ်ခုကတော့ အဓိပဓိအင်မော်တယ်ခုံရုံး၏ တခြား အင်မော်တယ်မျိုးရိုးမှ မျိုးဆက်များ လာရောက်မည်ဟု ကြားရသည်။

လူတော်တော်များများက ဤအင်မော်တယ်မျိုးဆက်များကို တွေ့ဖူးချင်ကြပေသည်။

အကယ်၍ မတော်တဆမှု မရှိခဲ့ပါက၊ ဤအင်မော်တယ် မျိုးဆက်များမှာ အပြိုင်ကမ္ဘာကြီး၏ ခေတ်တစ်ခုကို ဦးဆောင်သွားကြမည် ဖြစ်သည်။

၎င်းတို့ထဲမှ တစ်ယောက်ယောက်နှင့် ဆက်သွယ်နိုင်ပါက အကျိုးကျေးဇူးများမှာ အဆုံးမရှိပော

ထို့ထက် လူတော်များများကတော့ လင်ယွမ်၏အလှကို မြင်လိုကြသည်။

ပါရမီရှင် မျိုးဆက်သစ်မှလွဲ၍ မျိုးဆက်ဟောင်း အကြီးအကဲများကတော့ လာရောက်ကြမည် မဟုတ်ပါ။

ထို့ပြင် ဤပွဲကြီးက ကြီးကြီးမားမားမဟုတ်ဘဲ အသေးအဖွဲဟုသာ မှတ်ယူနိုင်သည်။

ကူတိကျစ်ကို လက်ထပ်စေရန် ရည်ရွယ်ထားသူက လင်ယွမ်ဖြစ်သည်။

သတို့သမီးက လင်ယွမ်ဖြစ်လျှင် ထိပ်တန်းတည်ရှိများ ပါဝင်လာလိမ့်မည်။

ဤအခိုက်တွင်၊ ဖှေးလင်ကြယ်နှင့် မနီးမဝေးမှ ကြယ်ကောင်းကင်တွင် လူငယ်တစ်စုက ရှေးဦး စစ်သင်္ဘောတစ်စင်းကို မောင်းနှင်နေပြီး ဖှေးလင်ကြယ်သို့ လာနေခဲ့သည်။

ဤအုပ်စုတွင် အစွမ်းထက် အရှိန်အဝါများနှင့် အမျိုးသားကော၊ အမျိုးသမီးပါ ရှိကြ၏။

သူတို့လမ်းတစ်လျှောက်မှ ပါရမီရှင်များစွာတို့လည်း တုန်လှုပ်စွာဖြင့် ဆုတ်သွားခဲ့ရသည်။

"သူတို့က ဘယ်သူတွေလဲ"

နောက်မှ လူတစ်ယောက်က သံသယဖြင့့် မေးလိုက်သည်။

"မင်းမသိဘူးလား၊ သူတို့က ချီယိုအင်မော်တယ်မျိုးရိုးက ပါရမီရှင်တွေပဲ"

တစ်ယောက်က ပြန်ဖြေလိုက်၏။

"ဘာ၊ ချီယိုအင်မော်တယ်မျိုးရိုးလား"

ထိုစကားကိုကြားတော့ ပါရမီရှင်အားလုံး ကြောက်လန့်တကြားဖြင့် အမြန် ဆုတ်သွားလိုက်မိသည်။

ချီယိုအင်မော်တယ်မျိုးရိုးက အင်မော်နယ်နယ်မြေကြီးတွင် နာမည်ဆိုးတစ်ခု သာရှိခဲ့သည်။

စစ်သင်္ဘောကုန်းပတ်တွင် ချီယိုအင်မော်တယ်မျိုးရိုးမှ ပါရမီရှင် ချီယုကအနည်းငယ် ညည်းညူကာ ပြောလိုက်သည်။

"ကူတိကျစ်ရဲ့ လက်ထပ်ပွဲသို့ ငါတို့က ဘာကြောင့် လာကြရတာလဲ"

"အေးလေ၊ ဖူရှီအင်မော်တယ်မျိုးရိုးက ငါတို့ အင်မော်တယ်မျိုးရိုးနဲ့ ဘာမှမဆိုင်ဘူး"

"ဟမ့်၊ ဖူရှီအင်မော်တယ်မျိုးရိုးက တာဝန်ယူတုန်းကဆိုရင် ငါတို့ ချီယိုအင်မော်တယ်မျိုးရိုးကို အမြောက်စာတွေလို သဘောထားခဲ့တာ"

ချီယိုအင်မော်တယ်မျိုးရိုးမှ ပါရမီရှင်များက ရွံ့ရှာမှုနှင့် ရန်ငြိုးဖွဲ့ခြင်းတို့ဖြင့် ပြောဆိုလိုက်ကြသည်။

အကြောင်းမှာ ဖူရှီအင်မော်တယ်မျိုးရိုးက အင်မော်တယ်ခုံရုံးကို တာဝန်ယူစဉ်က ချီယုအင်မော်တယ်မျိုးရိုးကို အပြစ်သားများကဲ့သို့ ဆက်ဆံခဲ့သောကြောင့် ဖြစ်သည်။

ယင်းကြောင့်ပင် ချီယိုအင်မော်တယ်မျိုးရိုးမှ လူများက ဖူရှီအင်မော်တယ်မျိုးရိုးကို အလွန်ရွံရှာမုန်းတီးခဲ့ပေသည်။

"ဒါက အစ်ကိုချီလေ့ရဲ့ အမိန့်ပဲ၊ နင်တို့မှာ မေးစရာ ရှိသေးလို့လား"

လျစ်လျူရှုသော အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်းက အေးစက်သော မျက်နှာဖြင့် အနက်ရောင် ပျော့ပျောင်းသော ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးဖြစ်သည်။

ထိုမိန်းကလေး၏ စကားကိုကြားတော့မှ ချီယုနှင့် အခြားသူများလည်း တိတ်ဆိတ်သွားလေသည်။

မိန်းကလေးနာမည်က ချီလုံ ဖြစ်သည်။ သူက ချီယိုအင်မော်တယ်မျိုးရိုး၏ ထိပ်တန်း ပါရမီရှင်တစ်ဦးလည်း ဖြစ်ချေသည်။ မျိုးဆက်သစ်လူငယ်များထဲတွင် သူမက အစ်မကြီးတစ်ယောက်ကဲ့သို့ ဖြစ်သည်။

"အစ်မချီလုံ၊ အစ်ကိုချီလေ့က ဘာဖြစ်လို့ ကူတိကျစ်ရဲ့ မင်္ဂလာဆောင်ပွဲကို တက်ရောက်စေရတာလဲ"

ချီယုက မေးလိုက်သည်။

"ဟုတ်တယ်လေ၊ အစ်ကိုချီလေ့က ကူတိကျစ်နဲ့လည်း ဆက်ဆံရေးမကောင်းဘူး။ သူတို့က အင်မော်တယ်မျိုးရိုးကြောင့် တစ်ချိန်က ပဋိပက္ခတွေဖြစ်ခဲ့ဖူးတယ်"

အခြား ပါရမီရှင်တစ်ဦးကလည်း ပြောလိုက်၏။

"နင်တို့ အဲဒါအတွက် စိတ်ပူနေစရာ မလိုပါဘူး။ အစ်ကိုချီလေ့မှာ သူ့ကိုယ်ပိုင် အစီအစဉ်တွေ ရှိတယ်။ အစ်ကိုချီလေ့က ဒီမင်္ဂလာဆောင်မှာ ငါတို့ကို အံ့အားသင့်စေလိမ့်မယ်လို့ ယုံကြည်တယ်"

ချီလုံ၏ မျက်လုံးများက တောက်ပလာခဲ့သည်။ သူမ၏ မျက်လုံးများတွင် ယုံကြည်လေးစားမှု အရိပ်အမြွက်တို့ကိုပင် မြင်နိုင်သေးသည်။

ချီလေ့က ချီယိုအင်မော်တယ်မျိုးရိုး၏ မျိုးဆက်သစ်လူငယ်များအတွက် စံပြတစ်ဦး ဖြစ်သည်။

ချီယိုအင်မော်တယ်မျိုးရိုးမှ လူငယ်အားလုံး၏ နှလုံးသားထဲတွင် ချီလေ့က ပြိုက်ဘက်မရှိသော တည်ရှိမှုတစ်ခုပင်။

ထိုအတွက် ချီလုံက ချီလေ့ကို သဘာဝအတိုင်း အလွန်သဘောကျသည်။

နောက်ဆုံးတွင် သူတို့လူစုက ဖှေးလင်ကြယ်ကို ဆင်းသက်လာခဲ့သည်။

ပတ်ပတ်လည်ကို ကြည့်လိုက်ပါက ရှေးဟောင်း ကောင်းကင်နန်းတော်ကဲ့သို့ အလွန်တောက်ပသော ဇိမ်ခံနန်းတော်များ အဆုံးမရှိ စီတန်းနေသည်ကို မြင်တွေ့ရလိမ့်မည်။

ဝိညာဉ်တောင်နှင့် အပျက်အယွင်းများက နေရာအနှံ့တွင်ရှိနေကာ လွန်စွာ ကြီးကျယ်ခမ်းနားခဲ့သည်။

ဖှေးလင်ကြယ်တစ်ခုလုံးက မြင့်မြတ်နယ်မြေကဲ့သို့ ရောင်ဝါအပြည့်ရှိပေသည်။

ဤမြင်ကွင်းကိုမြင်တော့ ချီယိုအင်မော်တယ်မျိုးရိုးမှ လူငယ်များ၏ မျက်လုံးများတွင် မနာလိုစိတ်တို့ ပေါ်လာခဲ့သည်။

ဤဖှေးလင်ကြယ်က ဖူရှီအင်မော်တယ်မျိုးရိုး၏ အမာခံနယ်မြေတစ်ခုသာဖြစ်သော်လည်း ချီယိုအင်မော်တယ်မျိုးရိုး၏ ကျင့်ကြံခြင်းမြေထက်ပင် ပို၍ သာလွန်နေသေးသည်။

"သွားကြစို့"

ချီလုံက သူမ၏ ကျောက်စိမ်းလက်ကို ဝှေ့ယမ်းကာ ချီယိုအင်မော်တယ်မျိုးရိုးမှ လူငယ်များနှင့်အတူ ဝင်ရောက်သွားရန် ဟန်ပြင်လိုက်သည်။

ထိုအချိန်တွင် အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ဟင်၊ မင်းတို့ အပြစ်သား ကျွန်အုပ်စုက ဘာဖြစ်လို့ ဒီကို လာတာလဲ။ သခင်‌လေး ကူတိကျစ်ကလည်း မင်းတို့ ချီယုအင်မော်တယ်မျိုးရိုးက လူတွေကို ဖိတ်ခေါ်ထားပုံလည်း မရဘူး မဟုတ်လား"

All Chapters