← Chapters

အခန်း ၇၂၂

Vol. 49 Ch. 722

အခန်း ၇၂၂

Vol. 49 Ch. 722

အခန်း ( ၇၂၂ ) ရွက်လွှာကိုးခုမြက်ဓားသိုင်းကို နားလည်ခြင်း၊ မြက်တစ်ပင်က နေ၊ လ နှင့် ကြယ်တို့ကို ဖြတ်တောက်ပစ်လိုက်သည်။

တောင်ထိပ်တွင် ထောင်ပေါင်းများစွာသော ဓားချီများက လေဟာပြင်ကို ဖြတ်သန်းသွားခဲ့သည်။

သာမန်သူတော်စင်များသာ ဤနေရာကို ချဉ်းကပ်ဝံ့ပါက အပိုင်းပိုင်း ဖြတ်ခံရလိမ့်မည်။

သို့ရာတွင်၊ ဤအရာအားလုံးက ရွက်လွှာကိုးကိုဓားမြက်၏ရှေ့တွင် တင်ပျဉ်ခွေထိုင်နေသော အနက်ရောင်ရုပ်သွင်ကို မထိခိုက်စေနိုင်ပါ။

ထိုသူက အနက်ရောင် နတ်ဆိုးနတ်ဘုရားကဲ့သို့ တင်ပျဉ်ခွေထိုင်နေခဲ့သည်။

ထောင်သောင်းချီသော ဓားချီများက သူ့အနီးကိုပင် မချဉ်းကပ်နိုင်ပေ။

ထိုလူက နတ်ဆိုးဘိုးဘေးကြီးကဲ့သို့ လူတို့ကို ဖိအားကြီးစွာ ပေးခဲ့သည်။

စန်းကျဲအင်မော်တယ်မျိုးရိုး၏ ဆက်ခံသူ စန်းလီလည်း တစ်စုံတစ်ခုကို စဉ်းစားနေဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။

မဟာအင်မော်တယ်မျိုးရိုးကြီး ကိုးခု၏ မျိုးဆက်များက အချင်းချင်း အနည်းနှင့်အများ သိကြသည်။

ယခင်ကတော့ သူ့မျက်လုံးတွင် ချီလေ့က နိမ့်ကျသောတည်ရှိမှုတစ်ခု ဖြစ်ခဲ့သည်။ သူ့အင်အားက အားကောင်းသော်လည်း ယခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် ခံစားချက်မျိုး မရှိခဲ့ပေ။

ယင်းက မယုံနိုင်စရာကောင်းလွန်းသည်။

"ဒီအတောအတွင်းမှာ ချီလေ့က အခွင့်အလမ်းတွေ အများကြီး ရခဲ့တဲ့ပုံပဲ"

စန်းလီ၏ မျက်လုံးများက လေးနက်လာခဲ့သည်။

မဟာ အင်မော်တယ်မျိုးရိုးကြီး ကိုးခုက သင့်မြတ်ကြသည် မဟုတ်ပေ။

ထိုအင်မော်တယ်မျိုးရိုးများ၏ ဆက်ခံသူများက ဧကရာဇ်ငယ်ရာထူးအတွက် ယှဉ်ပြိုင်ရမည့်အချက်ကို ဘေးဖယ်ထားလျှင်ပင်...

သူတို့အားလုံးက ပြိုင်ဘက်များ ဖြစ်သည်။

၎င်းတို့က အဆင့်အတန်းအတွက် ယှဉ်ပြိုင်နေသော ကျွင်းမိသားစု၏ ပါရမီရှင်များနှင့် အတူပါ။

သူတို့က မတူညီသော မျိုးရိုးကြီးကိုးခုမှ ဆင်းသက်လာသူများဖြစ်၍ သူတို့တွင် မည်သည့်သွေးသားဆက်ဆံရေးမျှ မရှိပေ။

ထို့ကြောင့်ပင်၊ သူတို့ကြားမှ တိုက်ပွဲများက မျိုးနွယ်စုတစ်ခု၏ သွေးရင်းများကြား တိုက်ပွဲများထက် ပို၍ အေးစက်ကာ ရက်စက်ကြမ်းကြုတ်သည်။

ထိုအတွက်၊ ချီလေ့၏ တိုးတက်မှုကို မြင်ရသောအခါ စန်းလီ မပျော်နိုင်တော့ချေ။

"စန်းလီ... ကြည့်ရတာ နင့်မှာ အားကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်ရှိလာပုံပဲ"

တစ်ဖက်တွင် ဝေချမ်ချမ်က လှပစွာ ပြုံးလိုက်သည်။

သူမက ကျင်းဝေအင်မော်တယ်မျိုးရိုးမှ ဆင်းသက်လာသော်လည်း အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ်ရာထူးအတွက် ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်တို့မရှိပေ။

အမှန်တော့ ကျင်းဝေအင်မော်တယ်မျိုးရိုးဟာ ဝါဟွမ်အင်မော်တယ်မျိုးရိုးဘက်တွင် အမြဲရှိခဲ့သည်။

တစ်နည်းဆိုသော်၊ ဝေချမ်ချမ်က ဧကရီသမီးတော် လင်ယွမ်၏ အဖွဲ့ဝင်တစ်ဦးမျှသာ ဖြစ်ခဲ့ပေသည်။

"ဟားဟားဟား၊ ဖိအားဆိုတာ လှုံ့ဆော်မှုပါပဲ"

စန်းလီက ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ရယ်မောလိုက်သည်။

"မဖြစ်နိုင်တာပါနော်၊ ဖိအားကို လှုံ့ဆော်မှုအဖြစ် ဘယ်သူကမှ တကယ်မသုံးဘူး မဟုတ်လား"

"ဒါ့အပြင် နင်က ဖိအားတွေများနေတယ်လို့ ဘာဖြစ်လို့ ခံစားရတာလဲ"

"တကယ်တော့ အရေးမကြီးပါဘူး၊ နင်လည်း ငါလို အေးအေးဆေးဆေးလူဖြစ်သင့်တယ် မဟုတ်လား"

ဝေချမ်ချမ်၏ ပါးစပ်သေနတ်ပစ်ချက်ကြောင့် စန်းလီ မျက်လုံးအနည်းငယ်ပြူးသွားသည်။

ကျင်းဝေအင်မော်တယ်မျိုးရိုး၏ ဆက်ခံသူက ချစ်စရာကောင်းသော်လည်း ပါးစပ်သေနတ်ပစ်ချက်ကြောင့် သာလိကာဟု ကျော်ကြားပေသည်။

သူမက တကယ်ကို သာလိကာအစစ် ဖြစ်သည်။

ထိုအချိန်တွင်...

ကျွင်းရှောင်ယောက်က နားလည်ဆင်ခြင်ခြင်း၌ နစ်မြှုပ်ထားခဲ့သည်။

ဤသည်က ဓမ္မခန္ဓာတစ်ခုမျှသာ ဖြစ်သော်ငြားလည်း နားလည်နိုင်စွမ်းအပြည့် ရှိပေသည်။

သူ့မျက်လုံးထဲတွင် ရှေးခေတ်ဟောင်းမှ ရွက်လွှာကိုးခုဓားမြက်ပင်ကို မြင်လာခဲ့ရသည်။

ဓားသဏ္ဍာန်သစ်ရွက်များ တန်ခါလာသည်နှင့်အမျှ မရေမတွက်နိုင်သော ဓားချီများ ပေါက်ကွဲလာခဲ့သည်။ ဓားအလင်းများက ကောင်းကင်ပြင်ရှိ ကြယ်များကို ပိုင်းဖြတ်သွား၏။

ရက်အနည်းငယ် ကုန်လွန်သွားပြီး ကူတိကျစ်နှင့် နတ်သမီးယွမ်တို့၏ မင်္ဂလာပွဲပင်လျှင် စတင်ပေတော့မည်။

"မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ အချိန်ကနည်းလွန်းတယ်"

တင်ပျဉ်ခွေထိုင်ကာ လေ့ကျင့်နေသော ပါရမီရှင်များလည်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်ကြသည်။

ဤအချိန်တိုအတွင်း၌ ရွက်လွှာကိုးခုဓားသိုင်း အပြည့်စုံကို နားလည်နိုင်ရန် နေနေသာသာ...

ဓားသိုင်းတစ်ဝက်ကို နားလည်ရန်ပင် မဖြစ်နိုင်ပေ။

ကူတိကျစ်ကဲ့သို့ လူတစ်ယောက်ပင်လျှင် အချိန်အတော်ကြာ နားလည်ဆင်ခြင်ပြီးမှ ရွက်လွှာကိုးခုဓားသိုင်း၏ သုံးဆယ်၊ လေးဆယ် ရာခိုင်နှုန်းကို နားလည်နိုင်ခဲ့သည်။

"ချီလေ့လည်း ကျရှုံးသွားပုံပဲ"

ယင်းကိုမြင်တော့ စန်းလီက မအံ့ဩပါ။

ဟုတ်သည်၊ သူက လှောင်ပြောင်နေခြင်း မရှိပါ။

နောက်ဆုံးတွင်၊ သူဆိုလျှင်လည်း ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း တစ်ခုခုကို နားလည်နိုင်ရန် မဖြစ်နိုင်ပေ။

"ဟင်း၊ ငါ အတွေးလွန်သွားခဲ့တာပဲ။ ချီလေ့က ကောင်းကင်ကို ဆန့်ကျင်နိုင်မယ်လို့ ထင်ထားခဲ့တာ"

ဝေချမ်ချမ်လည်း သူမ၏ရင်ဘတ်ကို ကျောက်စိမ်းလက်ကလေးနှင့်ဖိပြီး သက်ပြင်းချလိုက်သည်။

ယင်းကိုမြင်တော့ ချီလုံ၊ ချီယုနှင့် အခြားသူများက အနည်းငယ် မှုန်ကုပ်သွားကြ၏။ သို့သော်လည်း သူတို့ စိတ်မပျက်ခဲ့ပေ။

ယင်းက ပုံမှန်သာ ဖြစ်သည်။

"ဟားဟားဟား၊ တချို့လူတွေက ကိုယ့်ကိုယ်ကိုယ် အရမ်းပိုတွက်နေတာပဲ"

ဖူရှီအင်မော်တယ်မျိုးရိုးမှ ကြည့်နေသူများကတော့ လှောင်ပြောင်ပြောဆိုလိုက်ကြသည်။

ချီယုနှင့် အခြားသူများက ချေပပြောဆိုခါနီးတွင် အာမေဋိတ်များ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

လူတိုင်း သူ့ကိုကြည့်ကာ အံ့အားသင့်သွားခဲ့ကြသည်။

အကြောင်းမှာ၊ တောင်ထိပ်မှ ဓားစွမ်းအင်များက ကောင်းကင်ယံတစ်ခုလုံး တုန်ခါလာသည်အထိ ရုတ်တရက် အားကောင်းလာသောကြောင့်ပင်။

တင်ပျဉ်ခွေထိုင်နေသော လူအများ၏ မျက်လုံးအကြည့်များလည်း စူးစိုက်သွားကြသည်။

ဝေချမ်ချမ်နှင့် စန်းလီလည်း အနည်းငယ် တုန်လှုပ်သွား၏။

ကျွင်းရှောင်ယောက်က တဖြည်းဖြည်း ထရပ်လိုက်သည်။ သူ့မျက်လုံးထဲမှာလည်း ထောင်ပေါင်းများစွာသော ဓားအလင်းများ လင်းလက်နေပုံရပေသည်။

ထို့နောက်တွင် ကျွင်းရှောင်ယောက်က လက်ညိုးတစ်ချောင်းနှင့် ကောင်းကင်ကို ခုတ်ပိုင်းချဟန် ပြုလိုက်သည်။

"ဝုန်း"

ဟင်းလင်းပြင်က ပြိုကျသွား၏။

ထောင်ပေါင်းများစွာသော ဓားအလင်းများက တစ်နေရာတည်းတွင် စုရုံးလာတော့သည်။

လေဟာပြင်ထဲတွင် စိမ်းစိုနေသော မြက်ပင်တစ်ပင် ပေါ်လာပုံရသည်။

ထိုမြက်ပင်က အရွက်ကိုးခုရှိပြီး အရွက်ပေါ်မှာလည်း အနှိုင်းမဲ့ လျှို့ဝှက်ဆန်းကြယ်သော အမှတ်အသားများက လေထဲသို့ စိမ့်ဝင်နေပုံရလေသည်။

ဓားသဏ္ဍာန် ရွက်လွှာကိုးခု တုန်ခါသွားသည်နှင့် ဓားအလင်းက မိုးနှင့်မြေကို ကွဲအက်သွားစေခဲ့သည်။

အနှိုင်းနဲ့တောက်ပသော ဓားအလင်းက အချိန်နှင့်ဟင်းလင်းပြင်ကို ဖြတ်သန်းကာ စကြာဝဠာကြီးကို ဖြတ်တောက်လိုက်ပုံရပေသည်။

"ဝုန်း"

ဖှေးလင်ကြယ်ဘက်ရှိ မရေမတွက်နိုင်သော ကြယ်များစွာတို့ ကွဲအက်ကာ ပြိုကျသွားရသည်။

ထို့နောက်မှာတော့ ထိတ်လန့်ဖွယ်ရာ ကြယ်ကြွေမှုတစ်ခု ဖြစ်ပေါ်လာတော့သည်။

မြက်ပင်တစ်ပင်က နေ၊ လနှင့် ကြယ်များကို ဖြတ်တောက်ပစ်လိုက်သည်။

ထိုအချိန်တွင် လူအများ ရုတ်ရုတ်သဲသဲဖြစ်ပြီး မယုံကြည်နိုင်စွာဖြင့် မျက်လုံးများပင် ပြူးကျယ်သွားကြသည်။

"ဒါ... ဒါက ရွက်လွှာကိုးခုဓားသိုင်းရဲ့ ပြီးပြည့်စုံတဲ့ကျမ်းလား"

"ဒီစွမ်းအားအရ မှန်သင့်တယ်"

"ဒါပေမဲ့ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်လဲ၊ ရက်နည်းနည်းပဲ ရှိသေးတာကို"

"ချီလေ့က ရွက်လွှာကိုးခုဓားမြက်ကို အရင်ကတည်းက နားလည်ထားခဲ့တာများလား"

ပါရမီရှင်များအားလုံး မျက်လုံးမျက်ဆန် ပြူးသွားခဲ့ကြသည်။

ရက်အနည်းငယ်အတွင်းမှာ၊ ဤသို့သော မဟာနတ်ဘုရားသိုင်းကို နားလည်နိုင်သည်။ ဤအရာက မည်ကဲ့သို့သော ပါရမီနှင့် နားလည်နိုင်စွမ်းမျိုး ဖြစ်သနည်း။

ကူတိကျစ်ကဲ့သို့ အချိန်မရွေးနားလည်နိုင်သူလျှင်ပင် ယခုအချိန်အထိ သုံးဆယ်၊ လေးဆယ်ရာခိုင်နှုန်းကိုသာ နားလည်နိုင်ခဲ့သည်။

စန်းလီနှင့် ဝေချမ်ချမ်တို့လည်း အနည်းငယ် ‌ငေးငိုင်နေပြီး ခဏချင်း မတုံ့ပြန်နိုင်တော့ပေ။

ချီလုံ၊ ချီယုနှင့် အခြားသူများကတော့ ခဏတာ အံ့အားသင့်သွားပြီးနောက် ကြီးမားသော တုန်လှုပ်မှုတို့ တစ်ဖန် ပေါ်လာကြတော့သည်။

ယနေ့တွင်၊ သူတို့ဆီသို့ ချီလေ့သယ်ဆောင်လာသော တုန်လှုပ်မှုက ကြီးမားလွန်းလှသည်။

ပတ်ဝန်းကျင်မှ ဆူဆူညံညံ ဆွေးနွေးသံများ ထွက်ပေါ်လာခဲ့ပေသည်။ တချိန်တည်းမှာအင် အံ့သြမှု၊ နားမလည်နိုင်မှု၊ မနာလိုခြင်းနှင့် ကြောက်ရွံ့ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

ကျွင်းရှောင်ယောက်ကတော့ ထိုအရာများကို လျစ်လျူရှုထားခဲ့၏။

ဤအခြေအနေမျိုးက သူ၏ ဉာဏ်ပညာကို ဖော်ပြရန်အတွက် မလုံလောက်ပေ။

ရက်အနည်းငယ်အတွင်း၊ မဟာနတ်ဘုရားသိုင်းကို နားလည်ဆင်ခြင်ခြင်းက တကယ်တော့ ဘာမျှမဟုတ်ပါ။

ထိုစဉ်က၊ အင်မော်တယ်သတ်ဓားသိုင်းကို နားလည်ဆင်ခြင်သောအခါမှာလည်း အချိန်သိပ်မကြာခဲ့ပေ။

"ရှေးခေတ်ဟောင်းက မဟာနတ်ဘုရားသိုင်းဟာ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ သူ့ရဲ့ စွမ်းအားက တကယ့်ကို အထင်ကြီးစရာကောင်းလွန်းတယ်။ အစစ်အမှန်နဂါး၊ ခွန်ပန်နဲ့ အခြား မဟာနတ်ဘုရားသိုင်းတွေနဲ့တောင် ပုခုံးချင်းယဉ် ရပ်တည်နိုင်တဲ့ ထိပ်သီး မဟာနတ်ဘုရားသိုင်းငါးခုထဲက တစ်ခုပါပေပဲ"

ကျွင်းရှောင်ယောက်က တီးတိုး ရေရွတ်လိုက်သည်။

ဟုတ်ပေသည်၊ ဤရွက်လွှာကိုးခုဓားသိုင်းက မဟာနတ်ဘုရားသိုင်း ငါးခုထဲမှ တစ်ခု ဖြစ်သည်။

ကျွင်းရှောင်ယောက်က မဟနတ်ဘုရားသိုင်းကြီး ငါးခုထဲမှ အင်မော်တယ်သတ်ဓားသိုင်းနှင့် မူလတာအိုအုပ်ချုပ်သူဓားကို လေ့ကျင့်ထားပြီးသားပင်။

ယခုမူ၊ နောက်ထပ် မဟာနတ်ဘုရားသိုင်းတစ်ခု ရှိလာပြီ ဖြစ်သည်။

မဟာနတ်ဘုရားသိုင်းကြီး ငါးခုထဲမှ သုံးခုကို သူက နားလည်ပြီးခဲ့ပြီ။

ဤမဟာနတ်ဘုရားသိုင်းကြီး ငါးခုစလုံးက ဓားတာအိုနှင့် ပတ်သက်သည်။

လက်ရှိတွင်၊ ကျွင်းရှောင်ယောက်က ဓားတာအိုကို အထူးမလိုက်စားသော်လည်း ဓားတာအိုအပေါ် သူ၏နားလည်မှုက ဓားတာအိုအထူးပြုသော ဓားသမားများစွာထက် ပိုမိုနက်နဲပြီး အစွမ်းထက်ပေသည်။

ကျွင်းရှောင်ယောက်လည်း ဓားသိုင်းကို ဂရုတစိုက် နားလည်ဆင်ခြင်လိုက်သည်။

ညှိုးနွမ်းနေသော ရွက်လွှာကိုးခုဓားမြက်သည်လည်း ပြာမှုန်ဖြစ်ပြီး လေနှင့်အတူ လွင့်ပျံ့သွားလေသည်။

တစ်နည်းဆိုရသော်၊ ကူတိကျစ်အတွက် ရွက်လွှာကိုးခုဓားသိုင်းကို ထပ်မံ နားလည်ဆင်ခြင်ရန် မဖြစ်နိုင်တော့ပေ။

"ရှေးဟောင်းအပျက်အစီး ပျောက်သွားပြီ"

ပါရမီရှင်အားလုံး အံ့ဩသွားကြသည်။

ယင်းက ဖူရှီအင်မော်တယ်မျိုးရိုးနှင့် ကူတိကျစ်အတွက် ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်လာမည်မှာ အသေအချာပင်။

သို့သော်လည်း ဖူရှီအင်မော်တယ်မျိုးရိုးက အထူးတလည် လုပ်နိုင်ကြမည် မဟုတ်ပါ။

နောက်ဆုံးတွင်၊ သူတို့က ဦးစွာ လမ်းဖွင့်ပေးခဲ့ကြသူများ ဖြစ်သည်။

ယင်းက ဆိုးရွားလွန်းပေသည်။

All Chapters