← Chapters

အခန်း ၇၂၃

Vol. 49 Ch. 723

အခန်း ၇၂၃

Vol. 49 Ch. 723

အခန်း ( ၇၂၃ ) အဖြေရှာရန်ကြိုးစားခြင်း၊ စန်းလီ၏ တုံ့ပြန်မှု၊ ရှန်းနွန်အင်မော်တယ်မျိုးရိုး၏ ဆက်ခံသူ ယောင်ချင်း။

ဤအခိုက်တွင်၊ ဖူရှီအင်မော်တယ်မျိုးရိုးမှ လူများ၏ မျက်နှာများမှာ အီးပုံလက်ထောက်မိသကဲ့သို့ ရှုံ့မဲ့သွားကြသည်။

သူတို့အတွက်တော့ ချီယိုအင်မော်တယ်မျိုးရိုးကို မထီမဲ့မြင်ပြုခဲ့သည်မှာ ကြာချေပြီ။

ယခုအခါ၊ ချီယိုအင်မော်တယ်မျိုးရိုးမှ လူများက ၎င်းတို့၏ခေါင်းပေါ် တက်လျှောက်သွားရာ စိတ်မသက်မသာ ခံစားလိုက်ရသည်။

"ဘာဖြစ်နေတာလဲ၊ အစောပိုင်းက ငါတို့ကို လှောင်ပြောင်နေတာ မဟုတ်ဘူးလား။ အခု ဘာဖြစ်လို့ စကားမပြောကြတော့တာလဲ"

ချီယုက လှောင်ပြောင်ပြောဆိုလိုက်သည်။

"အစ်ကိုကြီးချီလေ့ရှေ့မှာ ဝံ့ကြွားရအောင် နင်တို့က ဘာမို့လို့လဲ"

ချီလုံ၏ အနီရောင်နှုတ်ခမ်းများက တွန့်ကွေးသွားခဲ့သည်။ သူသည်လည်း ခံစားချက်တို့ အလွန်ကောင်းနေခဲ့ပေသည်။

ချီယိုအင်မော်တယ်မျိုးရိုးမှ ဤလူငယ်များအားလုံး လွန်စွာ ကျေနပ်အားရခဲ့ကြသည်။

ဖူရှီအင်မော်တယ်မျိုးရိုးမှ လူများကတော့ စိတ်ပျက်လက်ပျက်သာ ဖြစ်နေရတော့သည်။

"ဟမ့်၊ သခင်လေးကူတိကျစ်ထွက်လာမှ ကြည့်ကြသေးတာပေါ့"

လူတချို့က အံကြိတ်ပြီး ပြောဆိုလိုက်ကြသည်။

ကျွင်းရှောင်ယောက်လည်း တောင်ပေါ်မှ ပြန်ထွက်ခဲ့လေသည်။

ဤရွက်လွှာကိုးခုဓားသိုင်း တစ်ခုတည်းနှင့်တင် သူ့ခရီးစဉ်က တန်ဖိုးရှိနေပြီ ဖြစ်သည်။

"အစ်ကိုကြီးချီလေ့"

ချီလုံနှင့် အခြားသူများက လေးစားမှုအပြည့်ဖြင့် ရှေ့ကို တိုးလာခဲ့ကြသည်။

သူတို့ မျက်ခုံးပင့်နိုင်ရသည့် အကြောင်းရင်းက သူတို့ရှေ့မှ ထိုရုပ်သွင်ကြောင့် ဖြစ်ချေသည်။

ချီလုံလည်း လျှို့ဝှက်ထားသော ချစ်ခြင်းမေတ္တာများ ပါဝင်နေသည့်အကြည့်ဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

သို့သော်၊ ကျွင်းရှောင်ယောက်၏ အမူအရာကတော့ ဘာမှမထူးခြားပါ။

ချီလေ့အစစ်သာ သူ့လက်ထဲမှာ သေသွားပြီဖြစ်ကြောင်း သူတို့ကို အသိပေးလိုက်ပါက ဘယ်လိုဖြစ်သွားကြမလဲ။

ကျွင်းရှောင်ယောက်က သူတို့ကို လျစ်လျူရှုကာ ပွဲတက်ရန် ပြင်လိုက်သည်။

ကျွင်းရှောင်ယောက်က မတုံ့ပြန်သော်လည်း ချီယုနှင့် အခြားသူများက လေးစားမှုအပြည့်ဖြင့် ကြည့်ခဲ့ကြလေသည်။

ချီလုံ၏ လှပသော မျက်လုံးများကတော့ အရောင်မှိန်ဖျော့သွားခဲ့သည်။

ချီလေ့သည် ယခင်က သူတို့အားလုံးနှင့် ဝေးကွာနေသော်လည်း သူနှင့် စကားအနည်းငယ် ပြောနေပါသေးသည်။

ယခုမူ၊ သူက သူ့ကို စကားတောင် မပြောချင်တော့ဘူးလား။

"ညီနောင်ချီလေ့၊ မင်းက ဒီလောက် ဉာဏ်ပညာကြီးပြီး အားကောင်းတယ်ဆိုတာ ငါတို့ ဘာဖြစ်လို့ သတိမပြုမိခဲ့တာလဲ"

စန်းလီက လက်နှစ်ဖက်ကိုနောက်ပစ်ပြီး အနည်းငယ်ပြုံးလိုက်သည်။

သူ့မျက်လုံးမှာတော့ စူးစမ်းမှုအရိပ်အမြွက်တစ်ခု လျှို့ဝှက်စွာ ထွက်ပေါ်လာခဲ့၏။

"ဟုတ်တယ်၊ ဟုတ်တယ်။ ချီလေ့... နင် ဘယ်လိုအခွင့်အလမ်းရလာခဲ့တာလဲ။ နင် ဘယ်လိုမျိုး တိုးတက်ခဲ့တာလဲ"

ဝေချမ်ချမ်ကလည်း စူးစမ်းလိုစိတ်ကြီးသော ကလေးတစ်ယောက်လို တရစပ် မေးလိုက်သည်။

ကျွင်းရှောင်ယောက်ကတော့ လျစ်လျူရှုကာ သူတို့ကိုရှောင်တိမ်းပြီး ရှေ့သို့ လျှောက်သွား၏။

"ဒါ..."‌

ဝေချမ်ချမ်၏ မျက်နှာက အေးခဲသွားခဲ့သည်။

ဤချီလေ့က သူတို့ကို မျက်နှာသာပင် မပေးချေ။

"သူက ဒီလောက်မြောက်နေတာလား"

ဝေချမ်ချမ်က နှုတ်ခမ်းစူပြီး မျက်စောင်းထိုးကာ ရေရွတ်လိုက်သည်။

စန်းလီကမူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

သူ့ မျက်လုံးများတွင် ရှေးကျသော စာလုံးနှစ်ခု ယောင်ဝါးဝါးဖြင့် ပေါ်လာတော့သည်။

ဘယ်ဘက်မျက်လုံးက 'ဘဝ'ဟူသော စာလုံးသေးသေးလေးတစ်ခု ရှိနေသည်။

ညာဘက်မျက်လုံးမှာတော့ "ကံ" စာလုံးအသေးတစ်ခု ရှိနေခဲ့၏။

စန်းကျဲအင်မော်တယ်မျိုးရိုးသည် လျှို့ဝှက်ဆန်းကြယ်သော ရှေးဧကရာဇ်မင်းထံမှ အမွေဆက်ခံခဲ့ခြင်း ဖြစ်သည်။

ထိုရှေးဧကရာဇ်က ရေးသားခြင်းနှင့် တွက်ချက်ခြင်းတွင် နာမည်ကျော်ကြားပေသည်။ သူ့နာမည်က စန်းကျဲ ဖြစ်သည်။

ယနေ့အချိန်အထိ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် စန်းကျဲ၏ ဒဏ္ဍာရှိများစွာ ရှိသေးသည်။

ထို့ကြောင့်ပင် ဤအင်မော်တယ်မျိုးရိုးမှ ဆက်ခံသူများက သူ၏စွမ်းရည်များကို ရရှိခဲ့ကြသည်။

ထိုအချိန်တွင်၊ 'ကံ'ဟူသော စကားလုံးက စန်းကျဲ၏ မျက်လုံးထဲတွင် ပေါ်လာသည်။

သူက ချီလေ့၏ ဘဝလမ်းကြောင်းကို မှန်းဆကာ မည်သို့သောအခွင့်အလမ်းကို ရခဲ့သည်အား ရှာဖွေချင်မိသည်။

သို့သော်လည်း နောက်အခိုက်တွင်၊ စန်းလီ၏ရုပ်သွင်က ရုတ်တရက် တုန်ခါသွားပြီး နာကျင်မှုကို ခံစားလိုက်ရတော့သည်။

သူ့မျက်လုံးများကို လက်နှင့် အမြန်ဖုံးအုပ်လိုက်သော်လည်း လက်ချောင်းများကြားမှ သွေးများ စိမ့်ထွက်လာခဲ့သည်။

"ဟင်၊ နင်ဘာဖြစ်တာလဲ"

ဝေချမ်ချမ် အံ့အားသင့်စွာဖြင့် မေးလိုက်၏။

"မဟုတ်ဘူး၊ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဒီချီလေ့..."

စန်းလီ၏ လက်ချောင်းများက သွေးများဖြင့် ရွှဲစိုသွားခဲ့သည်။ သူ့မျက်လုံးများကလည်း အလွန်နာကျင်ကာ မျက်စိကွယ်လုနီးပါး ဖြစ်နေတော့သည်။

ပြင်းထန်သော တန်ပြန်မှုကြောင့် သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သည်။

ထို့ပြင် ဤသည်က အကြမ်းဖျင်း တွက်ချက်မှုတစ်ခုသာဖြစ်သေးသည်။ အမှန်တကယ်သာ နက်နက်နဲနဲ တွက်ကြည့်ပါက မည်သို့သော တုံ့ပြန်မှုမျိုး ဖြစ်လာမလဲဆိုတာ တွေးကြည့်ရန်ပင် ခက်ခဲသည်။

အသက်အန္တရာယ်ပင် ရှိနိုင်ပေလိမ့်မည်။

"စန်းလီ၊ နင် ဘယ်လိုဖြစ်တာလဲ"

ဝေချမ်ချမ် အတော်က‌လေး အံ့ဩသွား၏။

"ကြောက်ဖို့ကောင်းလိုက်တာ၊ ဒီချီလေ့က ဘယ်လိုကံကောင်းမှုမျိုးကို ရလာခဲ့တာလဲ"

စန်းလီ၏နှလုံးသားက ပေါက်ထွက်မတတ် ခုန်ပေါက်နေကာ သူစိတ်မတည်ငြိမ်နိုင်တော့ပေ။

ကျွင်းရှောင်ယောက်‌ကတော့ ပတ်ဝန်းကျင်မှ အသံမျိုးစုံကို လျစ်လျူရှုခဲ့သည်။

သူက ရှေ့ကို ဆက်လျှောက်သွား၏။

သူ့ရှေ့မှ လေဟာပြင်တွင် အံ့ဖွယ်နည်းလမ်းမျိုးဖြင့် ဝိညာဉ်တောင်တစ်လုံး မျောလွင့်နေသည်။

ဝိညာဉ်တောင်ပေါ်တွင် ကောင်းကင်ဘုံနန်းတော်များကဲ့သို့ ခမ်းနားထည်ဝါသော နန်းတော်များ ရှိ၏။

အလယ်ဗဟိုတွင် အလွန်ကြီးမားသော ရင်ပြင်တစ်ခု ရှိခဲ့သည်။ ထိုနေရာတွင် စားပွဲကြီးတစ်ခု၊ အရက်ကောင်းများ၊ လက်ဖက်ရည်များနှင့် စားဖွယ်အစုံကို ပြင်ဆင်ထားပေသည်။ မိန်းမပျိုလေးများကလည်း လျင်မြန်သွက်လက်စွာဖြင့် လိုက်လံ ဧည့်ခံပေးခဲ့သည်။

ထိုနေရာတွင် မင်္ဂလာပွဲ ကျင်းပပေလိမ့်မည်။

ယခုအချိန်တွင် ထိုင်ခုံအများစုကတော့ လူများ ပြည့်နေပြီ ဖြစ်သည်။

ထိုအထဲတွင် အင်မော်တယ်မျိုးရိုးများ၏ မျိုးရိုးများ၊ ရှေးဟောင်း မိသားစုကြီးများ၏ တပည့်များ၊ အဓိပဓိမျိုးနွယ်ကြီးများမှ ဆင်းသက်လာသူများ၊ မြင့်မြတ်နယ်မြေများမှ သားမြေးများ... စသည်ဖြင့် ရှိခဲ့ကြပေသည်။

ပုံမှန်အားဖြင့် တွေ့ရခဲသော လူများစွာက ယခုအချိန်တွင် စုဝေးနေကြပြီ ဖြစ်သည်။

ဖူရှီအင်မော်တယ်မျိုးရိုး၏ ဆက်ခံသူ ကူတိကျစ်သာလျှင် ဤမျက်နှာသာမျိုးကို ပိုင်ဆိုင်ခဲ့ပေသည်။

ချီလုံ၊ ချီယုနှင့် အခြားသူများလည်း ကျွင်းရှောင်ယောက်အနောက်မှ တိတ်တဆိတ် လိုက်လာခဲ့ကြသည်။

သူတို့ရောက်လာသောအခါ လှပသော အစေခံနှစ်ယောက်က ရှေ့သို့ လှမ်းလာပြီး လွန်စွာ ယဉ်ကျေးစွာဖြင့် ပြောလိုက်ကြလေသည်။

"သခင်လေးချီလေ့၊ ကျေးဇူးပြုပြီး..."

ထိုသို့သော သဘောထားကြောင့် ချီလုံ၊ ချီယုနှင့် အခြားသူများ အံ့သြသွားကြသည်။

ယခင်ကဆိုလျှင် ဖူရှီအင်မော်တယ်မျိုးရိုးက သူတို့အပေါ်တွင် ဤမျှယဉ်ကျေးသိမ်မွေ့စွာ မဆက်ဆံခဲ့ပေ။

ကျွင်းရှောင်ယောက်လည်း အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

အစေခံက သူ့ကို အမြင့်မြတ်ဆုံးနဲ့ အနေအထားအသာဆုံး နေရာဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

သူတို့ပတ်ဝန်းကျင်မှ လူအားလုံးက အဆင့်အတန်း မြင့်မားသူများချည်း ဖြစ်ချေသည်။

ဝေချမ်ချမ်နှင့် စန်းလီတို့လည်း ရောက်လာခဲ့ကြသည်။

ဝေချမ်ချမ်က ကျွင်းရှောင်ယောက်ကို တစ်ချက်ကြည့်ပြီး ရေရွတ်လိုက်သည်။

"ဒါက ရွက်လွှာကိုးခုဓားသိုင်းကို နားလည်လိုက်ရုံပဲ မဟုတ်လား။ ဘာလို့ ဘဝင်လေဟပ်နေတာလဲ။ ငါဆို... ငါလည်း... ဟို၊ ငါနားမလည်နိုင်ဘူး"

စန်းလီကတော့ ကြောက်ရွံ့ဟန်ဖြင့် ကြည့်လိုက်သည်။ ကျွင်းရှောင်ယောက်ကို သူ နောက်ထပ် မစစ်ဆေးဝံ့တော့ပေ။

ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှ မိုးပြာရောင်ဝတ် လူတစ်ယောက် ထပ်ရောက်လာပြန်သည်။

ထိုသူ ရောက်လာခြင်းက နေရာပေါင်းစုံမှ အာရုံစူးစိုက်မှုကို ဆွဲဆောင်ခဲ့ပေသည်။

"ရှန်းနွန်အင်မော်တယ်မျိုးရိုးကလူတွေလည်း လာကြပြီ"

ဝေချမ်ချမ်က ပြောလိုက်သည်။

"ဝေချမ်ချမ်၊ စန်းလီ၊ ချီလေ့... ဒီမင်္ဂလာဆောင်ပွဲအတွက် ငါတို့လေးယောက်ပဲ ရောက်လာပုံရတယ်"

မိုးပြာရောင်ဝတ်လူငယ်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

ထိုလူငယ်ကား ရှန်းနွန်အင်မော်တယ်မျိုးရိုးမှ ဆက်ခံသူ ယောင်ချင်း ဖြစ်ချေသည်။

ဤအင်မော်တယ်မျိုးရိုး၏ ဤမျိုးဆက်က ဆေးဝါးနှင့် အဂ္ဂိရတ်ပညာကို ကျွမ်းကျင်သည်။

ယောင်ချင်းကို အမှောင်ကမ္ဘာမှ နတ်ဆေးသမားတော်ဟုလည်း လူသိများပေသည်။

အကြောင်းမှာ သူက ဆေးဖော်စပ်သကဲ့သို့ အဆိပ်ကိုလည်း ဖော်စပ်ပေးနိုင်သောကြောင့်ပင် ဖြစ်သည်။

"အစ်လင်ယွမ်လည်း လာမှာလားမသိဘူး"

ဝေချမ်ချမ်က ရေရွတ်လိုက်သည်။

"လင်ယွမ်..."

ဤနာမည်ကိုကြားတော့ ယောင်ချင်း၏မျက်နှာတွင် အံ့အားသင့်မှုတို့ ပေါ်လာခဲ့၏။

ထိုသူက မေ့ထား၍မရနိုင်သော မိန်းမ ဖြစ်သည်။

သတိပြန်ဝင်လာပြီးနောက် ယောင်ချင်းက ချီလေ့ကိုကြည့်ကာ ပြောလိုက်သည်။

"အင်မော်တယ်မျိုးရိုးရဲ့ ဆက်ခံသူတွေထဲမှာ အနက်ရှိုင်းဆုံး ဖုံးကွယ်ထားသူက မင်းဖြစ်မယ်လို့ ငါမမျှော်လင့်ထားဘူး"

ကျွင်းရှောင်ယောက်က မတုံ့ပြန်ပေ။

ယခုအချိန်တွင် သူက မင်္ဂလာပွဲစမည့်အချိန်ကိုသာ စောင့်မျှော်ချင်နေခဲ့သည်။ ဧကကာဇ်ကိုဆန့်ကျင်မည့် ဧကရာဇ်ခုနစ်ပါးထဲမှ တစ်ဦးဖြစ်သော ကူတိကျစ်ဟာ မည်သို့သောလူအမျိုးအစားဖြစ်သည်ကို သူ သိချင်မိသည်။

ကျွင်းရှောင်ယောက်က မတုံ့ပြန်တာကိုမြင်တော့‌ ယောင်ချင်း၏ မျက်နှာက အနည်းငယ်တည်သွားသည်။ သူ ဘာမျှမပြောဘဲ ထိုင်ခုံတွင် ဝင်ထိုင်လိုက်တော့သည်။

ထိုအချိန်တွင် အသံတစ်ခုက ရုတ်တရက် ပေါ်လာသည်။

"ဝါဟွမ်အင်မော်တယ်မျိုးရိုးက ရောက်လာပြီ"

လူအားလုံး၏ အကြည့်များက အသံလာရာကို ချက်ချင်း စူးစိုက်ကြည့်လိုက်၏။

သို့သော်လည်း သူတို့ စိတ်ပျက်သွားကြသည်။ ရောက်လာသူမှာ လင်ယွမ်မဟုတ်ဘဲ သူမ၏အစေခံ ရူယင်း ဖြစ်ချေသည်။

သူမက ပြုံးပြီး ပြောလိုက်သည်။

"ဧကရီက ကိစ္စလေးရှိလို့ ကိုယ်တိုင်မလာနိုင်ပါဘူး။ ဒါကြောင့် ငါရူယင်းကပဲ ဂုဏ်ပြုပေးဖို့ ရောက်လာခဲ့တာပါ"

ထိုစကားကိုကြားတော့ စန်းလီနှင့် ယောင်ချင်းတို့ အံ့ဩသွားကြသည်။

လင်ယွမ်က ကူတိကျစ်ကို မျက်နှာသာပေးပုံမရပေ။

မင်္ဂလာပွဲကိုပင် မလာရောက်ခဲ့ပါ။

ထို့နောက်တွင် ရူယင်းက သီးသန့် ထိုင်ခုံရှိရာသို့ ရောက်လာခဲ့သည်။

သူမက အစေခံမိန်းကလေးဖြစ်သော်လည်း လင်ယွမ်၏ ကိုယ်ပိုင်အစေခံဖြစ်သောကြောင့် ထိုင်ခုံနေရာယူရန် သဘာဝအတိုင်း အရည်အချင်းပြည့်မီပေသည်။

"ရူယင်း၊ နင် ရှေးဟောင်းလမ်းရဲ့ ခုနစ်ဆယ်မှာ ဒဏ္ဍာရီလာ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်နဲ့ တွေ့ခဲ့တယ်လို့ ငါကြားတယ်။ သူက ဘယ်လိုပုံစံ၊ ဘယ်လိုစရိုက်ရှိလဲ၊ ဘယ်လောက်တောင် အစွမ်းထက်လဲ"

ဝေချမ်ချမ်က သူမ၏ဝသီအတိုင်း ပါးစပ်သေနတ်ပစ်ကာ စတင်ပြောလိုက်သည်။

ထို့ပြင် ကျွင်းရှောင်ယောက်အကြောင်းကို အလွန်သိချင်သောကြောင့် မေးခွန်းများစွာကို အဆက်မပြတ် မေးမြန်းခဲ့ပေသည်။

ထိုစကားကိုကြားတော့ ရူယင်းက ခဏတာ တိတ်ဆိတ်သွားသည်။ သူမက မည်သို့မည်ပုံ ပြောရမည်ကို စဉ်းစားနေပုံရပေသည်။

စန်းလီ၊ ယောင်ချင်းနှင့် အခြားသူများလည်း စကားမပြောဘဲ စောင့်နေခဲ့ကြသည်။

ရှေးဟောင်းလမ်းကို အလျားလိုက်တွန်းခဲ့သော ထိုလူငယ်က မည်မျှအစွမ်းထက်သနည်း၊ ကူတိကျစ်အပါအဝင် ဧကရာဇ်ခုနစ်ပါးကို အတူ ကိုင်တွယ်ဖြေရှင်းစေနိုင်ရန် မည်သို့သော တည်ရှိမှုမျိုး ဖြစ်မည်နည်း။

ခဏစဉ်းစားပြီးနောက် ရူယင်းက သက်ပြင်းတစ်ချက်ချလိုက်သည်။ တောက်ပသော အလင်းတစ်ခုကလည်း သူ့မျက်လုံးထဲတွင် အလိုအလျောက် လင်းလက်လာတော့သည်။

"ကမ္ဘာကြီးမှာ လှိုင်းတံပိုးတွေနဲ့ ပြည့်နေပေမဲ့ သူတစ်ဦးတည်း ဘုရင်ပဲ။ သူက တကယ်ကို ပြိုင်ဘက်ကင်းပါပဲ"

All Chapters