အခန်း ၇၂၄
Vol. 49 Ch. 724
အခန်း ( ၇၂၄ ) ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်နဲ့ ချီလေ့က အရည်အချင်းတူမလး၊ ကူတိကျစ် ထွက်ပေါ်လာပြီ၊ မင်္ဂလာပွဲ ကျင်းပခြင်း။
စကားလုံး များစွာမသုံးသလို အလွန်အကျွံ ချီးမွှမ်းခြင်းလည်း မရှိပေ။
ဤစကားလုံးအနည်းငယ်ကပင် ရူယင်း၏ နှလုံးသားထဲမှ တုန်လှုပ်မှုကိုအပြည့်အဝဖော်ပြရန် လုံလောက်သည်။
အမှန်အတိုင်းပြောရလျှင် ယင်းက ရူယင်း၏ ခံစားချက်အမှန်ပင်။
ကျွင်းရှောင်ယောက်နှင့် မဆုံခင်က ကမ္ဘာပေါ်တွင် ဤမျှ အံ့ဖွယ်ကောင်းသည့် ယောင်္ကျားတစ်ယောက်ရှိနေမှန်း သူမ တကယ်မသိခဲ့ပေ။
ထိုစကားကိုကြားတော့ စန်းလီနှင့် ယောင်ချင်း၏ အမူအရာက အနည်းငယ် မကြည်မသာ ဖြစ်သွားသည်။
နောက်ဆုံးတွင်၊ မိန်းကလေးတစ်ယောက် မိမိရှေ့တွင် အခြားယောက်ကျားကို ချီးမွမ်းနေခြင်းအား မည်သည့်အမျိုးသားမှ နှစ်သက်လိမ့်မည် မဟုတ်ပေ။
ထို့ပြင် ထိုယောက်ကျားက သူတို့နှင့် ဆန့်ကျင်ဘက်တွင် ရှိနေသူ ဖြစ်သည်။
အဓိပဓိအင်မော်တယ်ခုံရုံးနှင့် ကျွင်းမိသားစုကြားတွင် လက်ရှိအချိန်အထိ ပဋိပက္ခမရှိပါ။
သို့ရာတွင်၊ ဤဘီလူးကြီးနှစ်ကောင်က နောက်ဆုံးတွင် အင်မော်တယ်နယ်မြေကြီးအတွက် ယှဉ်ပြိုင်တိုက်ခိုက်ကြမည်ဖြစ်မှန်း လူတိုင်း သိကြသည်။
"ရူယင်း၊ ဒီစကားက နည်းနည်းကြီးနေတယ်"
စန်းလီက ပြုံးကာ ပြောလိုက်သည်။
"အမှန်ပဲ၊ ပြိုင်ဘက်ကင်း ဆိုတာက လူတိုင်းသုံးလို့ရတာ မဟုတ်ဘူး"
ယောင်ချင်းကလည်း လက်ဖက်ရည်သောက်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
ယင်းကိုမြင်တော့ ရူယင်း ကြိတ်ပြီးပြုံးလိုက်သည်။
မိန်းမများသာ မနာလိုဖြစ်တတ်သည်ဟု မည်သူပြောသနည်း။
ယောက်ျားများလည်း ကိုယ့်ထက်သာသော ယောက်ျားများကို မနာလိုဖြစ်နိုင်သည်။
"ရူယင်းက မလိမ်ပါဘူး"
ရူယင်းက ပြုံးပြီး ပြောလိုက်သည်။
"တကယ်ကို အံ့ဩစရာကောင်းတာလား"
ဝေချမ်ချမ်၏ စူးစမ်းလိုစိတ်က နိုးထလာခဲ့သည်။ ကြောင်လေးတစ်ကောင်က လက်သည်းနှင့် ကုပ်နေသကဲ့သို့ သူမ၏ နှလုံးသားတွင် ယားယံလာကာ မနေနိုင်တော့ပေ။
ကျွင်းမိသားစု၏ နတ်ဘုရားသားတော်က မည်သို့သော လူဖြစ်သည်ကို သူ့မျက်စိနှင့် ကိုယ်တိုင်မြင်လိုသည်။
"ရူယင်း၊ နင်က ငါတို့ အင်မော်တယ်ခုံရုံးကလား၊ ဒါမှမဟုတ် ကျွင်းမိသားစုကလား"
ယောင်ချင်းက နောက်ပြောင်လိုက်သည်။
"ဒါက ရူယင်းရဲ့ ခံစားချက်အစစ်အမှန်ပါပဲ"
ရူယင်းက ပြော၏။
"အို၊ နင်က ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို မြင်မြင်ချင်း ချစ်မိမှာတော့ မဟုတ်ဘူး မဟုတ်လား"
ဝေချမ်ချမ်က ပြုံးပြီး ပြောလိုက်သည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ..."
ရူယင်းက ကမန်းကတန်း ပြန်ပြောလိုက်၏။ သို့သော်လည်း သူမ၏ပါးပြင်များ နီရဲလာလေသည်။
"ဒါပေမဲ့၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ဧကရီနဲ့ တော်တော်လိုက်ဖက်တယ်လို့ ရူယင်းထင်တယ်"
ရူယင်းက အကြောင်းရာပြောင်းလိုက်သည်
ထိုစကားများထွက်လာသည်နှင့် တပြိုင်နက် စန်းလီ၊ ယောင်ချင်းနှင့် အခြားသူများ အနည်းငယ် အေးခဲသွား၏။
အနီးနားရှိ ပါရမီရှင်တချို့လည်း ထိုစကားကိုကြားသောအခါ အံ့အားသင့်သွားကြတော့သည်။
လင်ယွမ်ဆိုသူမှာ ဘယ်သူနည်း။
ဝါဟွမ်အင်မော်တယ်မျိုးရိုး၏ ဆက်ခံသူအနေဖြင့် သူမက အမွန်မြတ်ဆုံးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်။ သူမက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေတွင် ထွန်းလင်းတောက်ပနေသော ပုလဲလုံးကဲ့သို့ပင်။
သူမက အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ်ရာထူးအတွက် ယှဉ်ပြိုင်ရန်ပင် အရည်အချင်း ပြည့်မီသည်။
အနာဂတ်တွင်၊ အင်မော်တယ်ခုံရုံး၏ ဘုရင်မ သို့မဟုတ် နတ်သမီးအရှင်မတစ်ဦးပင် ဖြစ်လာနိုင်လိမ့်မည်။
ကျွင်းရှောင်ယောက်ကတော့ ရှေးဟောင်း ကျွင်းမိသားစု၏ မဏ္ဍိုင်ဖြစ်လာရန် ရည်မှန်းထားသည်။
ဤလူနှစ်ယောက်၏ အဆင့်အတန်းအရ လိုက်ဖက်ညီသော်လည်း အမှန်တကယ်တော့ ပေါင်းသင်း၍မရပေ။
သူတို့တွင် ဤသို့သော ဆက်ဆံရေးမျိုး လုံးဝမရှိပါ။
သူတို့ကြားက တစ်ခုတည်းသော ဆက်ဆံရေးမှာ ရန်သူများ ဖြစ်သည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ယောင်ချင်းက ရုတ်တရက်ပြုံးကာ ပြောလိုက်သည်။
"ရူယင်း၊ မင်းရဲ့ဟာသက နည်းနည်းတော့ ရယ်စရာကောင်းပါတယ်"
"ဟုတ်တယ်၊ ဒါက နည်းနည်း သဘာဝမကျဘူး"
စန်းလီလည်း ခေါင်းယမ်းလိုက်၏။
ရူယင်းကိုယ်တိုင်ပင် သူမ၏စကားများက အနည်းငယ်ရယ်စရာကောင်းသည်ဟု ခံစားမိခဲ့သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က လင်ယွမ်နှင့် ထိုက်တန်သည်ဟု သူမ တွေးနေမိပေသည်။
စန်းလီ၊ ယောင်ချင်းနှင့် အခြားသူများက...
အင်မော်တယ်မျိုးရိုးမှ ဆင်းသက်လာသူဖြစ်သော်လည်း ထိုမျှသာ ဖြစ်သည်။
ကျွင်းရှောင်ယောက်နှင့်ယှဉ်ပါက ရုပ်ရည်၊ အရှိန်အဝါနှင့် ခွန်အာ... အဘက်ဘက်တွင် ကွာဟာမှုတို့ ရှိဆဲပင်။
ဤယောက်ျားများ နောက်တစ်ဖန် မနာလိုဖြစ်မည်စိုး၍သာ သူမ ထုတ်မပြောတော့ခြင်း ဖြစ်သည်။
"ငါတကယ်သိချင်မိတယ်၊ ကျွင်းရှောင်ယောက်သာ ငါ့ရှေ့မှာ ပေါ်လာရင် တကယ်ကောင်းမှာပဲ"
"ဟေး ချီလေ့၊ နင်ကကော နင့်အမြင်ကို ဘာဖြစ်လို့မပြောတာလဲ။ ကျွင်းရှောင်ယောက်က ငါတို့ ကျွင်းဧကရာဇ်ခုံရုံးရဲ့ ဘုံရန်သူပဲ မဟုတ်လား"
ဝေချမ်ချမ်က သက်ပြင်းချပြီး ကျွင်းရှောင်ယောက်ကို သံသယမျက်လုံးများနှင့် ကြည့်လိုက်သည်။
ကျွင်းရှောင်ယောက်လည်း လျစ်လျူရှုပြီး နှာစေးနေလိုက်လေသည်။
သူ့အမြင်ကို ပြောပြရမှာလား။
သူ့ကိုယ်သူ ပြန်ရိုက်ရမှာလား။
ရူယင်းက ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။ အကြောင်းတစ်ခုခုကြောင့် တိတ်ဆိတ်နေသော အနက်ရောင်ရုပ်သွင်ကို ကြည့်မိသောအခါ သူမ နားမလည်နိုင်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။
ရူယင်းက တစ်ခုခုမေးရန် ဟန်ပြင်လိုက်ချိန်တွင်...
သူတို့ရှေ့မှ ကောင်းကင်နန်းတော်က ရုတ်တရက် ပွင့်လာခဲ့သည်။ မီတာထောင်ချီသော နတ်အလင်းများနှင့် မြူတိမ်မြူခိုးများ ထွက်ပေါ်လာခဲ့၏။
လကို ဝန်းရံထားသော ကြယ်များကဲ့သို့ လှပသော အစေခံ ဆယ့်ရှစ်ယောက်က အနီရောင် သတို့သမီးဝတ်စုံဖြင့် လှပသော မိန်းကလေးကို ဝန်းရံထားခဲ့ကြလေသည်။
မိန်းကလေး၏ ပျော့ပျောင်းသော ဆံနွယ်များကို လှပစွာ ဆံထုံး ထုံးဖွဲ့ထားလေသည်။
သူမ၏ လှပသောမျက်နှာသွင်ပြင်မှာလည်း...
သူမ၏မျက်ခုံးများက ငှက်မွှေးတောင်လေးကဲ့သို့၊ မျက်လုံးများကတော့ အရည်ဝင်းလဲ့နေသော ဆောင်းဦးနှင်းရေစက်သဖွယ်၊ အသားအရေကမူ ဖြူဆွတ်နေသော နှင်းများကဲ့သို့ ရှိလေသည်။ ခြုံပြောရလျှင်၊ သူမက နတ်သူငယ်မလေးတစ်ကောင်ကဲ့သို့ လှပကာ ဆွဲဆောင်မှုရှိခဲ့သည်။
ဤမိန်းကလေးက ယောက်ျားတိုင်းကို ငေးမောသွားစေသည်ဟု ဆို၍ရပေသည်။
"သူက နတ်သမီးယွမ်ပဲ၊ ကူတိကျစ်က သူ့ကို နှစ်သက်သွားတာ အံ့ဩစရာမဟုတ်တော့ပါဘူး"
"အင်း၊ အရင်ကတော့ နတ်သမီးယွမ်ရဲ့အဆင့်အတန်းက ကူတိကျစ်နဲ့လိုက်ဖက်ဖို့ နည်းနည်းလိုဦးမယ်လို့ ထင်ခဲ့တာ။ အခုတော့ သူရဲကောင်းတွေတောင်မှပဲ မိန်းမလှလေးတွေဆီမှာ ကျရှုံးကြရသေးပုံပဲ"
"ဒါပေမဲ့ နတ်သမီးယွမ်က သိပ်ပြီးပျော်ပုံမရဘူးလို့ ငါ ဘာဖြစ်လို့ ခံစားနေရတာလဲ"
တချို့လူများကတော့ ထူးခြားမှုကို သတိပြုမိခဲ့သည်။
ပုံမှန်အားဖြင့်၊ ကူတိကျစ်ကို လက်ထပ်နိုင်ရန်မှာ အမျိုးသမီးများစွာတို့၏ အိပ်မက်ဖြစ်သင့်သည်။
သို့သော်လည်း နတ်သမီးယွမ်၏ လှပသော မျက်နှာပေါ်မှာတော့ ပျော်ရွှင်မှု အရိပ်အယောင်ကိုမျှ မမြင်နိုင်ပေ။
ဤသည်မှာ...
အသက်ဝိညာဥ် လုံးဝမရှိသော ရုပ်သေးရုပ်တစ်ခုကဲ့သို့ ဖြစ်ခဲ့သည်။
"ရှုး၊ တိုးတိုးပြော... နတ်သမီးယွမ်က ကျွင်းမိသားစုရဲ့နတ်ဘုရားသားတော်နဲ့ ဆက်ဆံမှုတချို့ ရှိခဲ့ပုံရတယ်"
ပါရမီရှင်တချို့က လေသံတိုးတိုးဖြင့် ပြောဆိုလိုက်ကြသည်။
"ဒီလိုအရာမျိုး ရှိနေခဲ့တာကိုး၊ အံ့ဩစရာ မရှိတော့ပါဘူး"
ဤတော့မှ လူများ နားလည်သွားခဲ့ကြလေသည်။
ထိုအချိန်တွင် အခြားတစ်ဖက်မှလည်း အလင်းတန်းကြီးတစ်ခု ပေါ်လာခဲ့သည်။
လေထဲတွင် ရှစ်ခုပါကွားပုံစံတစ်ခု ပေါ်လာတာကို အံ့ဩဖွယ်ကောင်းအောင် လူတိုင်း မြင်လိုက်ရ၏။
ရှစ်ခုပါကွားစွမ်းအားက အလွန်လျှို့ဝှက်ဆန်းကြယ်စွာဖြင့် လေထဲတွင် ပျံ့နှံ့နေခဲ့လေသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် လူများကို နက်နက်ရှိုင်းရှိုင်း နစ်မြုပ်သွားသလို ခံစားရစေခဲ့သည်။
တချိန်တည်းမှာပင် ရှစ်ခုပါကွားအနောက်တွင် နတ်ဘုရားတစ်ပါးကဲ့သို့ ရှေးကျသော အရှိန်အဝါများနှင့် ရုပ်သွင်တစ်ခုကို ဝေဝါးဝါး မြင်လိုက်ကြရပေသည်။
"အဲဒါ... ဖူရှီမြင့်မြတ်ခန္ဓာရဲ့ ရူပါရုံ၊ ဖူရှီခုပါကွားပဲ"
ပါရမီရှင်တချို့၏ မျက်လုံးများက အရောင်လက်သွားသည်။
ဤမြင့်မြတ်ခန္ဓာ၏ သဘာဝရူပါရုံက အလွန်ကြောက်စရာကောင်းကာ လွှမ်းမိုးနိုင်စွမ်းရှိပေသည်။
အဆုံးမဲ့ အလင်းများထဲတွင် လက်နှစ်ဖက်ကို နောက်ပစ်ထားသော လူရုပ်သွင်တစ်ခု ပေါ်လာခဲ့သည်။
ထိုလူရိပ်က ရှစ်ခုပါကွားဝတ်စုံကို ဝတ်ဆင်ထားကာ ချောမောခန့်ညားမှုရှိပေသည်။
ဤလူငယ်ကား ဖူရှီအင်မော်တယ်မျိုးရိုး၏ ဆက်ခံသူ ကူတိကျစ် ဖြစ်သည်။
ကူတိကျစ်က မိုးနှင့်မြေ၏ အာရုံစူးစိုက်ရာ ဗဟိုချက်ကဲ့သို့ ထိုနေရာတွင် ရပ်နေခဲ့သည်။
"ဒီဧကရာဇ်ရဲ့ မင်္ဂလာပွဲကို ကြွရောက်လာတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်"
ကူတိကျစ်က အနည်းငယ်လက်ယှက်ပြီး ပြောလိုက်သည်။ သူ့အသံက မကျယ်သော်လည်း အားလုံး ကြားလိုက်ရလေသည်။
"ဧကရာဇ်သားတော် ယဉ်ကျေးလွန်းပါပြီ၊ အခုလို မင်္ဂလာပွဲကို တက်ရောက်ခွင့်ရတာက ငါတို့အတွက် ဂုဏ်ယူစရာပါပဲ"
ပါရမီရှင်တစ်စုက ထရပ်ပြီး ပြောဆိုလိုက်ကြသည်။
ကူတိကျစ်၏ လက္ခဏာက လူတိုင်း ယှဉ်နိုင်သောအရာ မဟုတ်ပေ။
စန်းလီ၊ ယောင်ချင်းနှင့် အင်မော်တယ်မျိုးရိုး၏ အခြား မျိုးဆက်များပင်လျှင် ယဉ်ကျေးသိမ်မွေ့စွာ ဦးညွှတ်လိုက်ကြသည်။
ဆန့်ကျင်ဘက်အနေဖြင့်၊ ကျွင်းရှောင်ယောက်ကတော့ လုံးဝမတုံ့ပြန်သလို မတ်တပ်ပင် ထမရပ်ခဲ့ပေ။
"ဟမ်"
ကူတိကျစ်၏ မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားကာ ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။
'ဒီ ချီလေ့၊ သူတကယ်ရောက်လာခဲ့တာပဲ၊ ဒါပေမဲ့ သူ့အရှိန်အဝါက...'
ကူတိကျစ်၏ မျက်လုံးများက သံသယအရိပ်အမြွက်တို့ ပေါ်လာခဲ့လေသည်။
ချီလေ့ ရောက်ရှိလာရန် သူ မမျှော်လင့်ခဲ့ပေ။
ယခင်က ချီလေ့နှင့်သူဟာ ပြဿနာရှိခဲ့သော်လည်း နောက်ဆုံးမှာတော့ သူက အသာစီးရခဲ့သည်။
သို့သော်လည်း တစ်ချက်ကြည့်လိုက်ပြီးနောက် သူက အကြည့်ပြန်ရုတ်လိုက်၏။
သူ့အတွက်ကတော့ ချီလေ့တစ်ယောက်တည်းက လှိုင်းများပြုလုပ်ရန် မလုံလောက်ပေ။