အခန်း ၇၂၆
Vol. 49 Ch. 726
အခန်း ( ၇၂၆ ) စစ်မှန်သော အထောက်အထားကို ထုတ်ဖော်သည်၊ အင်မော်တယ်မျိုးရိုး၏ သားမြေးများ ပူးပေါင်းကြမည်လော။
ဖူရှီ အင်မော်တယ်မျိုးရိုး၏ ဖှေးလင်ကြယ်နှင့် ရင်ပြင်တစ်ခုလုံး အပ်ကျသံကို ကြားရလောက်အောင် တိတ်ဆိတ်နေခဲ့သည်။
မိန်းကလေးတစ်ယောက်၏ တိုးညှင်းသော ငိုရှိုက်သံသာ ပေါ်ထွက်နေခဲ့၏။
သို့သော်လည်း ကျဆင်းနေသည်များမှာ ဝမ်းသာမျက်ရည်များ ဖြစ်သည်။
သို့ရာတွင် ဝေချမ်ချမ်၊ စန်းလီ၊ ယောင်ချင်းနှင့် အခြားသူများကတော့ ခဏချင်း မတုံ့ပြန်နိုင်တော့ပေ။
ကူတိကျစ်ပင်လျှင် ခဏတာ ကြက်သေသေသွားသည်။
အကြောင်းမှာ၊ ဤနေရာတွင် ပေါ်လာရန် လုံးဝမဖြစ်နိုင်သော လူတစ်ယောက်က ပေါ်လာသောကြောင့်ပင်။
မင်္ဂလာပွဲသို့ ကြွရောက်လာကြသော အခြား ပါရမီရှင် ကျင့်ကြံသူများလည်း ခဏတာ တိတ်ဆိတ်သွားသည်။ ထို့နောက်မှာမှ အံ့အားသင့်နေသော အသံများ ထွက်ပေါ်လာတော့သည်။
"ငါ... ငါအမြင်မှားနေတာများလား။ ဒါက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်လေ"
"အိုး...ဘုရားရေ၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ဖူရှီအင်မော်တယ်မျိုးရိုးရဲ့ ရင်ပြင်ထဲကို တကယ် ရောက်လာခဲ့တယ်။ နောက်ပြီးတော့ ဒါက ကူတိကျစ်ရဲ့ မင်္ဂလာပွဲကျင်းပတဲ့နေရာ"
"သူက နတ်သမီးယွမ်အတွက် ရောက်လာခဲ့တာလား၊ ဒီနေ့ သတို့သမီးကို ခိုးသွားတော့မှာလား"
လူများစွာတို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
ဤမျှ ကြီးကျယ်သော ဇာတ်ကွက်မျိုးကို မြင်ရမည်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။
အထူးသဖြင့်၊ ကျွင်းရှောင်ယောက်၏ ရင်ခွင်ထဲမှ နတ်သမီးယွမ်ကို တွေ့လိုက်ရသောအခါ လူအများ ပို၍ အံ့သြသွားကြသည်။
သိထားရမည်မှာ၊ ယနေ့က ကူတိကျစ်နှင့် နတ်သမီးယွမ်တို့ မင်္ဂလာဆောင်သောနေ့ ဖြစ်သည်။
ယခုတော့ အဓိကဇာတ်ဆောင်များထဲမှ တစ်ယောက်ဖြစ်သော သတို့သမီးက တခြားယောက်ျား၏ ရင်ခွင်ထဲကို ခိုဝင်သွားခဲ့ပြီ။
ဤသည်က အနည်းငယ် စိတ်လှုပ်ရှားစရာကောင်းသည်။
ထို့ပြင် နောက်တစ်ခုရှိသေးသည်။
ကျွင်းရှောင်ယောက်က ချီလေ့အသွင် ဟန်ဆောင်နိုင်ပြီး ရောက်လာခြင်းမှာ၊ ချီလေ့ သေဆုံးသွားပြီဟု ဆိုလိုပါသလော။
"ဒါ... ဒါက..."
ချီယိုအင်မော်တယ်မျိုးရိုး၏ ပါရမီရှင်များလည်း ဤမြင်ကွင်းကြောင့် ခေါင်းထဲတွင် ချာချာလည်ကာ မူးနောက်သွားသည်။
အထူးသဖြင့်၊ အဖြူရောင်ဝတ်စုံဖြင့် လူရိပ်ကိုမြင်သောအခါ ချီလုံတစ်ယောက် မတ်တပ်ပင် ကောင်းကောင်း မရပ်နိုင်တော့ပေ။
ဤအခြေအနေမျိုးတွင် ချီလေ့ တစ်ခုခုဖြစ်သွားပြီမှန်း ဉာဏ်ရှိသူတိုင်း သိနိုင်သည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ၊ ငါတို့ရဲ့ ချီယိုအင်မော်တယ်မျိုးရိုးက ဂုဏ်ယူရတော့မယ်လို့ ထင်ခဲ့ပေမဲ့ အခု ဘာလဲ"
ချီယုလည်း အသိစိတ် ပျောက်ဆုံးသွားသလို ကြောင်အကာ ကြည့်လိုက်သည်။
သူတို့ ဂုဏ်ယူလေးစားခဲ့ကြရသည့် ချီလေ့က ကျွင်းရှောင်ယောက် ဖြစ်လာသည်။
သူတို့၏အိပ်မက်များ ကွဲကြေသွားသော ခံစားချက်က ကောင်းကင်မှ ငရဲပြည်ကို ထိုးကျသွားခဲ့သလိုပင်။
"သူက ကျွင်းရှောင်ယောက်လား"
ဝေချမ်ချမ်လည်း လွန်စွာအံ့ဩပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ကျွင်းမိသားစု၏ နတ်ဘုရားသားတော်က ဘယ်လိုလူမျိုးမှန်း သိချင်သည်ဟုပင် ရှေ့မှာပြောဆိုခဲ့သေးသည်။
ထိုလူကို သူ့ရှေ့တွင် အမှန်တကယ်ပေါ်လာရန် မမျှော်လင့်ထားပေ။
"အရင်က တွက်ချက်မရခဲ့တာ အံ့ဩစရာ မရှိတော့ပါဘူး။ အရင်ကတော့ ချီလေ့ကို အခွင့်ကောင်းတစ်ခု ရခဲ့တာလို့ ထင်ထားပေမဲ့... အခု ဒီလိုပဲ"
စန်းလီလည်း ရုတ်တရက် သဘောပေါက်သွားသည်။
ကျွင်းရှောင်ယောက်၏ ကံကြမ္မာ လမ်းကြောင်းကို တွက်ချက်သည်။ ဒယင်းက သေချင်နေတာပဲ မဟုတ်လား။
အဓိပဓိ သို့မဟုတ် ဧကရာဇ်တစ်ပိုင်းပင်ဖြစ်လျှင်ပင် ကျွင်းရှောင်ယောက်၏ ကံကြမ္မာကို တွက်ချက်ကြည့်လိုပါက ပြင်းထန်သော တန်ပြန်မှုကို ခံစားရလိမ့်မည်။
ဤလူမျိုးတွင် သူ့နောက်ကွယ်မှ သူ့ကံကြမ္မာအား ဖုံးကွယ်ပေးနေသည့် ကျွမ်းကျင်သူတစ်ဦး ရှိနေမည်မှာ အမှန်ပင် ဖြစ်သည်။
"ငါထင်တယ်၊ ချီလေ့မှာ ဒီလိုစွမ်းရည်မျိုး ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်နိုင်မှာလဲ"
စန်းလီ သက်ပြင်းချလိုက်သည်။
ဤအခိုက်တွင်၊ ကျွင်းရှောင်ယောက်က လေထဲသို့ တစ်လှမ်းချင်း လှမ်းတက်သွားခဲ့သည်။
လက်ရှိတွင်၊ ကျွင်းရှောင်ယောက်က ကမ္ဘာ၏ဗဟိုချက်ကဲ့သို့ အာရုံအားလုံးကို သူ့အပေါ်တွင် ဆွဲယူထားပေသည်။
ထိုအမူအရာမျိုးက ကူတိကျစ်ကို၏ တောက်ပမှုကိုပင် ဖုံးလွှမ်းသွားခဲ့သည်။
"ချောလိုက်တာ"
ဝေချမ်ချမ်က အံ့အားသင့်ကာ တလက်လက်တောက်ပလာသော မျက်လုံးများနှင့်ကြည့်ပြီး အော်ပြောလိုက်သည်။
ယခင်ကတော့ ရူယင်း၏ ကျွင်းရှောင်ယောက်အပေါ် အကဲဖြတ်မှုက မြင့်မားလွန်းသည်ဟု သူမ အထင်ရှိခဲ့သေးသည်။
ယခုတော့ ထိုအရာက မမှားပုံရသည်။
"ကျွင်းရှောင်ယောက်၊ မင်း တကယ်အတင့်ရဲတာပဲ။ ငါ့ရဲ့ ဖူရှီရင်ပြင်ကိုတောင် ပြဿနာ လာရှာဝံ့တယ်"
ကူတိကျစ်၏လေသံက အေးစက်သွားခဲ့သည်။
သူ့မင်္ဂလာပွဲတွင် သူ့သတို့သမီးက ရန်သူ၏လက်ထဲသို့ ခိုဝင်သွားခဲ့သည်။
ယင်းက မည်သူဖြစ်ပါစေ လုံးဝလက်မခံနိုင်ပေ။
ထို့ထက်၊ ဤလူက ကျွင်းရှောင်ယောက်ဖြစ်နေသော ပြောရန်မလိုတော့ပါ။
မဟုတ်လျှင် ကူတိကျစ်၏မျက်နှာကို ဘယ်သွားထားရမလဲ။
"ဒီကမ္ဘာကြီးက အကြီးကြီးပါ၊ ငါ့ဘာသာ ဘယ်ကိုသွားသွားပေါ့"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာပြောလိုက်သည်။
"မင်းက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ဖြစ်လို့ ငါ ဘာမှမလုပ်နိုင်ဘူး ထင်နေပုံရတယ်။ အခြားသူတွေက မင်းကို ကြောက်ကြပေမဲ့ ဒီဧကရာဇ်ကတော့ ဂရုမစိုက်ဘူး"
ကူတိကျစ်က အေးစက်စက် သတ်ဖြတ်ချင်စိတ်တို့ ပါဝင်နေသောအကြည့်ဖြင့် နတ်သမီးယွမ်ကို ကြည့်လိုက်သည်။
နတ်သမီးယွမ်က ကျွင်းရှောင်ယောက်နှင့် ပတ်သက်မှုရှိမှန်းသိသော်လည်း...
နတ်သမီးယွမ်၏ နှလုံးသားကိုပါ သိမ်းယူထားပြီးဖြစ်မည်ဟု မမျှော်လင့်ခဲ့ပေ။
လင်ယွမ်က ငြင်းပယ်ခဲ့ခြင်းမှာ ဖြေသာသည်၊ ယခုတော့ နတ်သမီးယွမ်ကပင် သူ့ကို လက်မခံပေ။ ကူတိကျစ်၏ မျက်လုံးများတွင် ခိုင်မာသော ဆုံးဖြတ်ချက်တို့ ပေါ်လာသည်။
မရယူနိုင်လျှင် ဖျက်ဆီးခြင်းက ပိုကောင်းသည်။
သာမန်လူတစ်ယောက်သာ ဤအခြေအနေမျိုးကို ကြုံနေရပါက တွေးမနေနိုင်တော့ဘဲ ပေါက်ကွဲသွားလိမ့်မည်။
သို့ရာတွင် ကူတိကျစ်က ကူတိကျစ် ဖြစ်သည်။ သူ၏ စိတ်နေစိတ်ထားက သာမန်လူများ တုနှိုင်းမရပေ။
သူက သူ့ခံစားချက်များကိုထိန်းချုပ်ပြီး ပြောလိုက်သည်။
"မင်းက ချီလေ့ရဲ့ ချပ်ဝတ်တန်ဆာကို ၀တ်ထားတော့၊ သူ ဖြစ်ရမယ်..."
"သေပြီ"
ကျွင်းရှောင်ယောက် တည်ငြိမ်စွာ ပြောလိုက်၏။
ဤစကားကို ပြောလိုက်စဉ်တွင် သူ့အမူအရာက ပေါ့ပါးလွန်းလှသည်။
"ဘာလဲ၊ ချီလေ့ တကယ်သေပြီလား"
ဤစကားများက ပတ်ဝန်းကျင်တစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။
သေဆုံးသွားသူက ကြောင်ကလေး သို့မဟုတ် ခွေးကလေးမဟုတ်ပေ။ ယင်းက အင်မော်တယ်မျိုးရိုးတစ်ခု၏ ဆက်ခံသူ ဖြစ်သည်။
ထိုစကားကိုကြားတော့ ချီလုံမှာ မတ်တပ်ပင် မရပ်နိုင်တော့ဘဲ ပို၍ တုန်လှုပ်သွားတော့သည်။
ချီယုနှင့် အခြားသူများမှာလည်း မျက်နှာများ ဖြူဖျော့သွားကြသည်။
"ချီလေ့ တကယ်သေသွားပြီပဲ၊ သူ့ခွန်အားက အားနည်းတာမဟုတ်ဘူး..."
စန်းလီ တင်းတင်းကျပ်ကျပ် မျက်မှောင်ကြုတ်လိုက်သည်။
အင်မော်တယ်မျိုးရိုးများ၏ ဆက်ခံသူများထဲတွင် ချီလေ့က အသန်မာဆုံးမဟုတ်သော်လည်း အားနည်းသူတစ်ဦး မဟုတ်ပေ။
ကျွင်းရှောင်ယောက်က ချီလေ့ကို သတ်နိုင်သည်ဆိုသောအချက်က သူတို့အတွက် သေစေလောက်သော ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေသည်။
သို့သော်လည်း စန်းလီကို အနည်းငယ် အံ့ဩစေသည်မှာ၊ ကျွင်းရှောင်ယောက်၏ အရှိန်အဝါက အားကောင်းသော်လည်း အရာအားလုံးကို ချေမှုန်းနိုင်သည့် အငွေ့အသက်မျိုး မခံစားရပေ။
"မင်းက ငါ့အင်မော်တယ်ခုံရုံးရဲ့ ဆက်ခံသူတစ်ဦးကိုသတ်ပြီး ဒီနေရာမှာ မျက်နှာလာပြဝံ့တယ်။ ကျွင်းရှောင်ယောက်၊ ဘယ်ကယုံကြည်မှုတွေ မင်းရနေလို့လဲ"
ကူတိကျစ်က သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ သူ့ထံမှ အားကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာခဲ့၏။
သူက ယနေ့တွင် ကျွင်းရှောင်ယောက်ကို ထွက်သွားခွင့် ပြုတော့မည်မဟုတ်ကြောင်း ထင်ရှားသည်။
"ကျွင်းသခင်လေး၊ ထွက်သွားတော့..."
ကျွင်းရှောင်ယောက်၏ ရင်ခွင်ထဲမှ နတ်သမီးယွမ်က စိုးရိမ်ပူပန်ဟန်ဖြင့် မော့ကြည့်လိုက်သည်။
ကျွင်းရှောင်ယောက် ဤနေရာကို လာရောက်ရုံဖြင့် သူ ကျေနပ်နေလေပြီ။
အကယ်၍၊ ကျွင်းရှောင်ယောက်သာ သူမကြောင့် တစ်ခုခုဖြစ်ခဲ့ပါက ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်တော့မည် မဟုတ်ပေ။
"ရပါတယ်၊ ဒါက ကြောင်နဲ့ ခွေးတွေပဲ"
ကျွင်းရှောင်ယောက်က ဂရုမစိုက်ပါ။
"ဒီနေ့ မင်းဒီမှာပဲ နေရမယ်"
ကူတိကျစ်က လေထဲကို လက်ဆန့်ထုတ်လိုက်သည်။ နတ်ဘုရားစွမ်းအင်များ မြင့်တက်လာပြီး တာအိုများနှင့်ရောယှက်ကာ ဧရာမလက်ဝါးကြီးအသွင် ပြောင်းလဲသွား၏။
ယနေ့တွင် ကျွင်းရှောင်ယောက် မကျန်ခဲ့ပါက သူ့မျက်နှာ လုံးဝပျက်သွားမည် ဖြစ်သည်။
ကျွင်းရှောင်ယောက်က သူ့အင်္ကျီလက်ကို ခါယမ်းလိုက်၏။ နတ်ဘုရားစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ကိုဖုံးလွှမ်းနေသော လက်ဝါးကြီးကို တိုက်ရိုက် ချိုးဖျက်လိုက်တော့သည်။
ကူတိကျစ်က အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်၏။
ပါကွား၊ ကောင်းကင်မီးတောက်မြက်ခင်းပြင်...
လေဟာပြင်ထဲတွင် မီးပင်လယ်တစ်ခု ပေါ်လာပြီး ကျွင်းရှောင်ယောက်ဆီသို့ ဝင်လာတော့သည်။
ဖူရှီမြင့်မြတ်ခန္ဓာကို ပိုင်ဆိုင်ထားသူ ကူတိကျစ်က ရှစ်ခုပါကွားစွမ်းအားကို ထိန်းချုပ်နိုင်ကာ အဆုံးမရှိသော စွမ်းအား ရှစ်မျိုးဖြင့် လုပ်ဆောင်နိုင်သည်။
ရင်ပြင်တစ်ဝိုက်ရှိ ပါရမီရှင်များလည်း ရောထွေးပါဝင်မည်ကို စိုးရိမ်သောကြောင့် အလျင်အမြန် ဆုတ်ခွာသွားခဲ့ကြသည်။
ကျွင်းရှောင်ယောက်က လက်ကိုမြှောက်ပြီး ဝါးမျိုခြင်းဖင်းဂေါ့ကျမ်းကို အသက်သွင်းလိုက်၏။
အနက်ရောင်ရေဝဲကြီးများ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံး ပျံ့နှံ့သွားသော မီးတောက်များကို တိုက်ရိုက် မျိုချသွားတော့သည်။
"ဒီနေ့တော့ မင်းကို ငါ မလိုက်သေးဘူး"
ကျွင်းရှောင်ယောက်က ရယ်မောကာ ပြောလိုက်သည်။
ယခုအချိန်တွင် သူက ဖူရှီအင်မော်တယ်မျိုးရိုး၏ နယ်မြေထဲတွင် ရှိနေဆဲ ဖြစ်သည်။ သူ နှောင့်နှေးနေ၍ ဖူရှီအင်မော်တယ်မျိုးရိုးမှ ကျွမ်းကျင်သူများ ရောက်ရှိလာသောအခါတွင် ပြဿနာအချို့ရှိလိမ့်မည်။
ကျွင်းရှောင်ယောက် ဤနေရာကိုလာရသည့် ရည်ရွယ်ချက်က နတ်သမီးယွမ်ကို ကယ်တင်ရန်နှင့် အင်မော်တယ်မျိုးရိုးမှ ဆက်ခံသူများ၏အင်အားကို စူးစမ်းရန် ဖြစ်သည်။
ယခုတော့ သူ့ရည်ရွယ်ချက် ပြီးမြောက်ပြီဖြစ်၍ မနေလိုတော့သည်မှာ သဘာဝပင်။
သို့သော်လည်း ထိုအခိုက်တွင် စန်းလီက ရှေ့သို့လှမ်းကာ ပြောလိုက်သည်။
"ကျွင်းသခင်လေး၊ မင်း ဘာဖြစ်လို့ ဒီလောက် အလျင်စလို ထွက်သွားရမှာလဲ၊ ငါတို့ အင်မော်တယ်ခုံရုံးက မင်းကို ကောင်းကောင်းမွန်မွန် မဆက်ဆံလို့လား"
"ဟုတ်သားပဲ၊ မင်းက ဧည့်သည်အနေနဲ့ ရောက်လာပြီးမှ ဘာဖြစ်လို့ မြန်မြန်ထွက်သွားချင်ရတာလဲ"
ယောင်ချင်းကလည်း ပြုံးလျက် ပြောလိုက်၏။
ဤတစ်ခါတော့ အခမ်းအနားသို့ တက်ရောက်လာကြသော ကျင့်ကြံသူအားလုံး မျက်လုံးများ ပြူးကျယ်သွားကြသည်။
အင်မော်တယ်မျိုးရိုး၏ ဆက်ခံသူများက ကျွင်းရှောင်ယောက်ကို ဤနေရာတွင်ချန်ထားနိုင်ရန် အတူတူ ပူးပေါင်းလိုခြင်း ဖြစ်နိုင်မလား။