← Chapters

အခန်း ၇၂၇

Vol. 49 Ch. 727

အခန်း ၇၂၇

Vol. 49 Ch. 727

အခန်း ( ၇၂၇ ) ဓမ္မခန္ဓာနှင့် မဟာအင်မော်တယ်မျိုးရိုးကြီးကိုးခု၏ ဆက်ခံသူလေးဦးကို ဆန့်ကျင်သည်၊ အရပ်ရပ် တုန်လှုပ်ရခြင်း။

အင်မော်တယ်မျိုးရိုးများ၏ ဆက်ခံသူများက ကြောင်များ ခွေးများ မဟုတ်ပါ။

သူတို့တစ်ဦးစီက ရှေးဟောင်းလမ်းတွင် ကျော်ကြားသော အထွတ်အထိပ် ပါရမီရှင်များမှုဟု ဆိုနိုင်သည်။

ယခုမူကား၊ အင်မော်တယ်မျိုးရိုးများ၏ ဆက်ခံသူများက ကျွင်းရှောင်ယောက်ကို ကိုင်တွယ်ရန် ပူးပေါင်းသွားတော့မည်။

လုံးဝ အံ့မခန်း ဖြစ်သည်။

ယင်းကိုမြင်တော့ ကူတိကျစ် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ကျွင်းရှောင်ယောက်ကို သူ တစ်ယောက်တည်း ဆက်ဆံလိုစိတ်ရှိ၏။

သို့သော်လည်း ယခုအချိန်တွင် အတူတူတိုက်ခိုက်မည်ဆိုပါက ကျွင်းရှောင်ယောက်အား အချိန်တိုအတွင်း အနိုင်ယူနိုင်မည် ဖြစ်သည်။

ကူတိကျစ်၏ ရည်မှန်းချက်က ကျွင်းရှောင်ယောက်ကို သတ်ရန်ပင်။

ဧကရာဇ်ခုနစ်ပါးမှ ဧကရာဇ်တစ်ပါးအနေဖြင့် ကျွင်းရှောင်ယောက်ကိုသတ်နိုင်လျှင် ကောင်းကင်သရဖူကို ချီးမြှင့်မည် ဖြစ်သည်။

ယင်းက တာအိုကိုသက်သေပြပြီး ဧကရာဇ်ဖြစ်လာရန် ရည်မှန်းထားသော ဆုလာဘ်ဖြစ်ကာ မည်သူမျှ ငြင်းဆန်လိုမည် မဟုတ်ပေ။

"အစီရင်"

စန်းလီက စကားတစ်ခွန်း ပြောလိုက်သည်။

တုန်လှုပ်စရာကောင်းအောင် ထိုစကားလုံးက 'အစီရင်'တစ်ခုအဖြစ် ပြောင်းလဲသွား၏။

စကားလုံးက လေထဲတွင် ပျောက်ကွယ်သွားကာ...

ကျွင်းရှောင်ယောက်၏ ဆုတ်ခွာမှုကို တားဆီးထားသော အစီရင်များအဖြစ် ခဏချင်း ပေါ်လာတော့သည်။

ယောင်ချင်းက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် စိမ်းညို့သော အဆိပ်ငွေ့များ လေထုထဲတွင် ပြည့်လျှံသွားသည်။ ဤအဆိပ်များက ပြင်းထန်လွန်းသ‌ဖြင့် လေထုကိုပင် ‌ဆူပွက်လာစေခဲ့ပေသည်။

အမှောင်ကမ္ဘာမှ နတ်ဆေးသမားတော်ဟု လူသိများသူအနေဖြင့် ယောင်ချင်းက အဂ္ဂိရိတ်ပညာ ကျွမ်းကျင်သလို အဆိပ်ကိုလည်း အသုံးပြုနိုင်စွမ်း ရှိသည်။

"ခစ်ခစ်ခစ်၊ အစ်ကိုလေးရှောင်ယောက်... နင် ဘာဖြစ်လို့ ဒီလောက်မြန်မြန် ထွက်သွားချင်နေရတာလဲ။ ငါက နင်နဲ့ စကားပြောချင်သေးတာ"

ဝေချမ်ချမ်ကလည်း ခါးကိုနွဲ့ပြီး တစ်လှမ်းချင်း လျှောက်လာခဲ့လေသည်။

သူမ၏ ကျောက်စိမ်းလက်များက ပန်းများအပေါ်တွင် ပျံဝဲနေသော လိပ်ပြာလေးများကဲ့သို့ တံဆိပ်တော်များကို အလျင်အမြန် ဖွဲ့စည်းလိုက်သည်။ သူ့နောက်မှာလည်း နတ်ငှက်တစ်ကောင်၏ အရိပ်အယောင်တစ်ခုက ရုတ်တရက် ပေါ်လာသည်။

ထိုအချိန်တွင် ကူတိကျစ်က ထပ်မံတိုက်ခိုက်လိုက်၏။

"ကျန်းကွား၊ မိုးကြိုးမုန်တိုင်း ပစ်ခွင်းခြင်း"

ကူတိကျစ်က သူ့လက်ကို မြှောက်လိုက်ရာ လေထဲတွင် မိုးကြိုးကမ္ပည်းတစ်ခု ပေါ်လာခဲ့သည်။

ခဏချင်းပင်၊ ကောင်းကင်မှ မိုးကြိုးထစ်ချုန်းသံများနှင့် ကမ္ဘာဖျက်စွမ်းအားကို သယ်ဆောင်ထားသော မိုးကြိုးများက အလင်းတန်းတစ်ခုထဲသို့ စုရုံးရောက်ရှိလာတော့သည်။

ဤအခိုက်တွင် ကူတိကျစ်က မီးနတ်ဘုရားမှ မိုးကြိုးနတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ ယင်းက ကြောက်စရာကောင်းလွန်းလှပေသည်။

"ဖူရှီမြင့်မြတ်ခန္ဓာက မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ ပါကွားစွမ်းအားကို အသုံးပြုပြီး မိုးနဲ့မြေကို ထိန်းချုပ်နိုင်တယ်"

ပါရမီရှင်များစွာတို့ အံ့သြခဲ့ကြသည်။

ဤခဏတွင် ကူတိကျစ်၊ စန်းလီ၊ ယောင်ချင်းနှင့် ဝေချမ်ချမ်တို့ အင်မော်တယ်မျိုးရိုးလေးခု၏ ဆက်ခံသူ လေးယောက်စလုံးက အတူတကွ လှုပ်ရှားခဲ့ကြသည်။

ရှေးဟောင်းလမ်းတစ်ခုလုံးကို ကြည့်လိုက်လျှင်ပင် ထိုသို့ ရင်ဆိုင်ခံရသူ မရှိသေးပေ။

ကျွင်းရှောင်ယောက်က ပထမဆုံး ဖြစ်သည်။

အင်မော်တယ်မျိုးရိုးလေးခု၏ ဆက်ခံသူလေးဦးကို ရင်ဆိုင်ရင်း ကျွင်းရှောင်ယောက်၏မျက်နှာက တည်ကြည်သွားသည်။

သူက ရင်ခွင်ထဲတွင် လဲလျောင်းနေသော နတ်သမီးယွမ်ကိုကြည့်ကာ အနည်းငယ်ပြုံး၍ ပြောလိုက်သည်။

"မင်း ကြောက်နေလား"

"ကျွင်းသခင်လေးနဲ့ ရှိနေသရွေ့ ငါ ဘာကိုမှ မကြောက်ဘူး"

နတ်သမီးယွမ်က ချစ်စဖွယ် ပြုံးလိုက်လေသည်။

ယခုအခါ သူမက အစောပိုင်းက ဝမ်းနည်းကြေကွဲသော မိန်းမကလေးနှင့် လုံးဝ မတူညီသော သူတစ်ယောက်ကဲ့သို့ ဖြစ်သွားသည်။

ကျွင်းရှောင်ယောက်လည်း အနည်းငယ်ပြုံးပြီး လက်တစ်ဖက်ကို မြှောက်ကာ လက်ချောင်းများကို ဓားသဖွယ်သုံး၍ ညွှန်ပြလိုက်သည်။

အဆုံးမဲ့ ဓားအလင်းများက ကောင်းကင်တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

လေဟာပြင်ထဲမှ မြက်ပင်လေးတစ်ပင်၏ပုံရိပ် ပေါ်လာတော့သည်။

မြက်ပင်လေးမှ ဓားသဏ္ဍာန်အရွက်ကိုးခုက လျှို့ဝှက်ဆန်းကြယ်သော မျဉ်းကြောင်းများဖြင့် တောက်ပနေခဲ့သည်။

"အဲဒါက..."

ပါရမီရှင်အများစု လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။

ယင်းက ရွက်လွှာကိုးခုမြက်ဓားသိုင်း ဖြစ်သည်။

ဤမြင်ကွင်းကိုမြင်တော့ ကူတိကျစ်လည်း မှုန်ကုပ်ကုပ်ဖြစ်သွားခဲ့လေသည်။

သူသည် အချိန်အတော်ကြာ လေ့လာခဲ့ပြီးသော်လည်း ရွက်လွှာကိုးခုမြက်ဓားသိုင်းကို နားမလည်နိုင်သေးပေ။

သို့ရာတွင် ကျွင်းရှောင်ယောက်က ရက်အနည်းငယ်အတွင်းမှာပင် ၎င်းကို အပြည့်အဝ နားလည်ခဲ့သည်။

ဤကွာဟချက်က အရေးမကြီးပါ။

သို့ရာတွင် ယင်းက ကူတိကျစ်၏ ကျွင်းရှောင်ယောက်အပေါ် သတ်ဖြတ်လိုစိတ်ကို ပို၍ ပြင်းထန်စေခဲ့သည်။

အကယ်၍ ကျွင်းရှောင်ယောက်သာ မသေပါက အနာဂတ်တွင် ကျွင်းမိသားစုကိုဦးဆောင်ပြီး အင်မော်တယ်ခုံရုံးအတွက် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာနိုင်လိမ့်မည်။

'ငါသာ ကျွင်းရှောင်ယောက်ကိုသတ်ပြီး ကောင်းကင်တာအိုသရဖူကို ဆောင်းနိုင်ခဲ့ရင် အင်မော်တယ်ခုံရုံးရဲ့ ဧကရာဇ်ငယ်ရာထူးက တွေးနေစရာကို မလိုတော့ဘူး'

ကူတိကျစ်၏ မျက်လုံးများက ရည်မှန်းချက်တို့ ပြည့်သွားသည်။

မင်္ဂလာပွဲ ပျက်သွားသော်လည်း ကျွင်းရှောင်ယောက်ကို သတ်နိုင်သရွေ့ အရာအားလုံး ထိုက်တန်ပေသည်။

လင်ယွမ်၏ နှလုံးသားကိုပင် အနိုင်ယူရန် ဤအခွင့်အရေးကိုပင် သုံး

နိုင်သည်။

ယင်းက သူ၏ တကယ့် ရည်မှန်းချက်ပင်။

"ဝုန်း"

အင်မော်တယ်မျိုးရိုးလေးခု၏ ဆက်ခံသူများက အတူတကွ လှုပ်ရှားသောအခါ ဖြစ်ပေါ်လာသော အတက်အကျများကြောင့် ‌ဖှေးလင်ကြယ်တစ်ခုလုံး တုန်လှုပ်သွားပုံရသည်။

တစ်ဖက်တွင်၊ ကျွင်းရှောင်ယောက်က ရွက်လွှာကိုးခုမြက်ဓားသိုင်းကို အသုံးပြုလိုက်သည်။

မြက်ပင်ကလေး၏ ဓားသဏ္ဍာန်သစ်ရွက်များ လှုပ်ရှားလာသည်နှင့်အမျှ လေထဲတွင် ဓားအလင်းများဖြင့် ပြည့်နှက်သွား၏။

ဓားအလင်းတိုင်းက အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်တောက်နိုင်ပုံရသည်။

နှစ်ဖက်တိုက်မိသောအခါ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် ဟင်းလင်းပြင်တစ်ခုလုံး ဖန်သားကဲ့သို့ ကွဲကြေသွားတော့သည်။

"ဒါက အထွတ်အထိပ် တားမြစ်ပါရမီရှင်တွေရဲ့ တိုက်ပွဲပဲလား"

ပါရမီရှင်အားလုံး ဤမြင်ကွင်းကို ထိတ်လန့်တကြားဖြင့် ကြည့်နေခဲ့သည်။

ဤတိုက်ပွဲအဆင့်တွင်၊ တားမြစ်ပါရမီရှင်တစ်ဦးပင်လျှင် ဝင်ရောက်စွက်ဖက်ပါက ချက်ချင်းပင် ပျောက်ကွယ်သွားနိုင်သည်။

"ကျွင်းရှောင်ယောက် ဘယ်မှာလဲ၊ သူ ဘယ်လိုနေသေးလဲ"

လူအများက သိလိုစိတ်ဖြင့် စူးစိုက်ကြည့်လိုက်သည်။

မီးခိုးများ ပြန့်ကျဲသွားသောအခါ တည်ငြိမ်နေဆဲဖြစ်သော ကျွင်းရှောင်ယောက်ကို တွေ့လိုက်ရ၏။

နတ်သမီးယွမ်၏ခါးကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်ထားရင်း သူ့အမူအရာက ရေကဲ့သို့ တည်ငြိမ်နေခဲ့သည်။

"သူ ဘာမှမဖြစ်ဘူးလား"

ဤမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံး အံ့သြသွားကြသည်။

အင်မော်တယ်မျိုးရိုးလေးခု၏ ဆက်ခံသူလေးယောက်က အတူတကွ တိုက်ခိုက်ခဲ့ကြသော်လည်း ကျွင်းရှောင်ယောက်ကို ကြီးကြီးမားမား ထိခိုက်နစ်နာအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

"ဟင်"

ကူတိကျစ် မျက်မှောင်ကြုတ်လိုက်သည်။

တစ်ခုခုကို သတိပြုမိသွား၏။

သူသာမကဘဲ ဝေချမ်ချမ်၊ စန်းလီ၊ ယောင်ချင်းနှင့် အခြားသူများလည်း တစ်ခုခု လွဲမှားနေတာကို ခံစားမိသွားသည်။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က အနည်းငယ် ထင်ယောင်ထင်မှား ဖြစ်နေပုံရပြီး စွမ်းအင်များလည်း တစ်ချက်တစ်ချက် လက်သွားတာကို ရုတ်တရက် တွေ့လိုက်ရပေသည်။

"ဟင်၊ ဘာတွေဖြစ်နေတာလဲ"

အခြားသူများလည်း ဤမူမမှန်မှုကို သတိပြုမိသွားကြသည်။

"ဖြစ်နိုင်တာက…"

တစ်ခုခုကို တွေးမိသောအခါ၊ ကူတိကျစ်၏မျက်နှာက ချက်ချင်း အေးစက်သွားခဲ့သည်။

မူလက သူ့ခံစားချက်များကို ခက်ခက်ခဲခဲ ထိန်းချုပ်ထားသော်လည်း…

ယခုမူ သူ့မျက်လုံးများတွင် ဒေါသများ ပြည့်နှက်သွားခဲ့ပြီ ဖြစ်သည်။

"ကျွင်းရှောင်ယောက်၊ ဒါက မင်းရဲ့ ဓမ္မခန္ဓာပဲ"

ကူတိကျစ်၏ အေးစက်စက်အော်သံက မိုးနှင့်မြေအနှံ့ ပျံ့နှံ့သွားခဲ့သည်။

ထိုစကားကြားတော့ လူတိုင်း အံသြသွား၏။

အားလုံး တုန်တုန်ယင်ယင်ဖြစ်ပြီး ဦးခေါင်းများ ပေါက်ကွဲတော့မလို ခံစားနေရတော့သည်။

"ဘာ၊ ဒါက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ရဲ့ ဓမ္မခန္ဓာတစ်ခုပဲလား"

"ဒါက ဘယ်လိုဖြစ်ရတာလဲ၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ရဲ့ ဓမ္မခန္ဓာက ရွက်လွှာကိုးခုမြက်ဓားသိုင်းကို အချိန်တိုအတွင်း နားလည်နိုင်တယ်။ အခုဆိုရင် အင်မော်တယ်မျိုးရိုးလေးခုရဲ့ ဆက်ခံသူ လေးယောက်နဲ့တောင် ယှဉ်နိုင်နေပြီ"

အံ့ဩမှု...

တုန်လှုပ်မှု...

မယုံကြည်နိုင်မှု…

လူတိုင်း၏ ဦးနှောက်များက မတွေးနိုင်တော့ဘဲ ထုံကျဉ်နေကြပြီ ဖြစ်သည်။

ဓမ္မခန္ဓာက မရှားပါ။

သို့ရာတွင်၊ အများအားဖြင့် ဓမ္မခန္ဓာများက မူလခန္ဓာထက် များစွာအားနည်းသည်။

ယခုမူ၊ ကူတိကျစ်က သူ့ရှေ့မှ ကျွင်းရှောင်ယောက်ဟာ ဓမ္မခန္ဓာတစ်ခုသာဖြစ်ကြောင်း ရုတ်တရက် ပြောဆိုလာခဲ့ပြီ။

ယင်းက အနည်းငယ် ကြောက်စရာကောင်းသွားပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ ဓမ္မခန္ဓာက ဤမျှအစွမ်းထက်နေလျှင်၊ ခန္ဓာအစစ်က မည်မျှ အားကောင်းပါမည်နည်း။

လက်ရှိ ရှိနေကြသည့် ပါရမီရှင်အများစုက ကျွင်းရှောင်ယောက်၏ ဓမ္မခန္ဓာနှင့်ပင် မယှဉ်နိုင်ဘူးဟု ဆိုနိုင်သည်။

တုန်လှုပ်စရာကောင်းလွန်းလှပေသည်။ ယင်းက သူတို့၏ အသိအမြင်ကို ကျော်လွန်သွားခဲ့သည်။

"ဘာ၊ ဒါက ဓမ္မခန္ဓာပဲလား"

ဝေချမ်ချမ် ထိတ်လန့်သွားလေသည်။

စန်းလီနှင့် ယောင်ချင်းတို့လည်း မယုံနိုင်ဖြစ်ခဲ့ရသည်။

သူတို့၏ ခိုင်မာသော တာအိုနှလုံးသားကြောင့်သာမဟုတ်လျှင်၊ သူတို့၏ တာအိုနှလုံးသားများ မတည်မငြိမ်ဖြစ်မှာကို ကြောက်ကြရပေသည်။

သူ့အကြောင်း ‌ပေါ်သွားတာကိုမြင်တော့ ကျွင်းရှောင်ယောက် ရယ်မောလိုက်သည်။

သူ့ရင်ခွင်ထဲမှ နတ်သမီးယွမ်လည်း အတော်အံ့ဩသွား၏။

သို့သော်လည်း ယင်းက ဓမ္မခန္ဓာတစ်ခုဖြစ်လျှင်ပင် သူမ ကျေနပ်သည်။

အနည်းဆုံးတော့ ကျွင်းရှောင်ယောက်၏ နှလုံးသားထဲတွင် အမှတ်အသားတစ်ခု ချန်ခဲ့နိုင်သေးသည်။

"ကျွင်းရှောင်ယောက်၊ မင်း ဒီဧကရာဇ်ကို မထီမဲ့မြင်ပြုနေတာလား"

ကူတိကျစ်၏ အမူအရာမှာ မကြုံစဖူး အေးစက်သွားခဲ့သည်။

ဓမ္မခန္ဓာတစ်ခုကို သတ်လိုက်လျှင်ပင် ကောင်းကင်သရဖူကို ချီးမြှင့်မည်မဟုတ်ပါ။

ပို၍အရေးကြီးသည်မှာ သူတို့လေးယောက်တွင် တစ်ယောက်မှ ကျွင်းရှောင်ယောက်၏ ဓမ္မခန္ဓာကို ဘာမှမလုပ်နိုင်ကြခြင်း ဖြစ်သည်။

ဤသတင်း ထွက်လာပါက သူတို့ မျက်နှာထားစရာ ရှိတော့မည်မဟုတ်ပေ။

ဟုတ်သည်၊ အစောပိုင်းက ကူတိကျစ်နှင့် အခြားသူများဟာ ပေါ့ပေါ့ပါးပါး လှုပ်ရှားခဲ့ပြီး ကြီးကြီးမားမား မလုပ်ရသေးပါ။

"မမထီမဲ့မြင်ပြုနေတာလား။ ဟားဟား၊ စိတ်မရှိပါနဲ့။ ငါ့အမြင်မှာတော့ ဓမ္မခန္ဓာက မင်းကို မျက်နှာသာပေးဖို့ လုံလောက်ပြီ"

"ကူတိကျစ်၊ ငါတို့ နောက်တစ်ကြိမ်တွေ့တဲ့အခါ ဒီနတ်ဘုရားသားတော်က မြင့်မြတ်သူနဲ့ နိမ့်ကျသူကြားက ကွာခြားမှုကို ပြောပြမယ်"

နတ်သမီးယွမ်လည်း ရှိနေသောကြောင့် ကျွင်းရှောင်ယောက် အချိန်မဆွဲချင်တော့ပါ။

သူပြောပြီးသည်နှင့် လက်နှစ်ချောင်းကို ဓားအဖြစ်သုံးကာ ဟင်းလင်းပြင်အား ခွဲထုတ်လိုက်သည်။ ထို့နောက်မှာတော့ ခွန်ပန် အကြွင်းမဲ့အမြန်နှုန်းနှင့် ဟင်းလင်းပြင်စွမ်းအားကို အသုံးပြုကာ ခဏချင်း ပျောက်ကွယ်သွားတော့သည်။

"ဘယ်ကို ပြေးမှာလဲ"

ကူတိကျစ်က လက်မလျှော့ပါ။

သူက ရွှင်းပါကွားကို အသုံးပြုပြီး လေစွမ်းအားကိုသုံးကာ နောက်မှ အမြန်လိုက်သွားသည်။

သူတို့နှစ်ဦး ပျောက်ကွယ်သွားသော်လည်း ဖှေးလင်ကြယ်တွင် တုန်ခါကျန်ခဲ့၏။

ယနေ့ အဖြစ်အပျက်များက ရှေးဟောင်းလမ်းကို အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံ့သွားမည်မှာ တွေးကြည့်ရန်မခက်ပေ။

အင်မော်တယ်မျိုးရိုးလေးခု၏ ဆက်ခံသူလေးဦးကို ဆန့်ကျင်ရန် ဓမ္မလန္ဓာကို အသုံးပြုခဲ့သော ကျွင်းရှောင်ယောက်၏ လုပ်ရပ်များက ရှေးဟောင်းလမ်းတစ်ခုလုံး အချိန်တိုအတွင်း ပျံ့နှံ့သွားတော့မည် ဖြစ်သည်။

All Chapters