အခန်း ၇၂၈
Vol. 49 Ch. 728
အခန်း ( ၇၂၈ ) ကူတိကျစ်၏မျက်နှာ ဖူးရောင်ခဲ့သည်၊ နတ်သမီးယွမ်နှင့် လင်ယွမ်ကြားမှ ဆက်ဆံရေး။
ဖှေးလင်ကြယ်တစ်ခုလုံး ဆူညံသံများဖြင့် ပြည့်နေခဲ့သည်။
ရောက်ရှိလာသူအများစုမှာ လူငယ်များဖြစ်ပြီး ဖူရှီအင်မော်တယ်မျိုးရိုး အဆက်အနွယ်မှ အားကောင်းသူများ မရှိသလောက်ပင်။
ထို့ပြင် ကျွင်းရှောင်ယောက်ကို ဤမျှ အတင့်ရဲမည်ဟု မမျှော်လင့်ထားတာလည်း ပါသည်။ သူသည် ချီလေ့ကို သတ်ခဲ့ရုံမကဘဲ ချီလေ့အယောင်ဆောင်ကာ ရောက်လာခဲ့သေးသည်။
ထို့ထက် အရေးကြိးဆုံးကတော့ သူဟာ ရွက်လွှာကိုးခုမြက်ဓားသိုင်းကို နားလည်ပြီး သတို့သမီးကိုပင် ခေါ်ပြေးသွားခဲ့ခြင်း ဖြစ်သည်။
ယင်းက ဖူရှီအင်မော်တယ်မျိုးရိုးနှင့် ကူတိကျစ်တို့၏ ဂုဏ်သိက္ခာအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုပင်။
"ဟင်း၊ ဒီတစ်ခေါက် မင်္ဂလာဆောင်ကိုလာတာ ဒီလောက် အံ့သြစရာကောင်းတဲ့ မြင်ကွင်းကို မြင်ရဖို့ မမျှော်လင့်ထားဘူး"
"အမှန်ပဲ၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ဖူရှီအင်မော်တယ်မျိုးရိုးရဲ့ ရင်ပြင်ကို တစ်ယောက်တည်း ဝင်လာခဲ့တယ်။ ပြီးတော့ အင်မော်တယ်မျိုးရိုးကိုးခုရဲ့ ဆက်ခံသူလေးဦးကိုဆန့်ကျင်ပြီး နောက်ဆုံး သတို့သမီးကို ခေါ်သွားတယ်တဲ့လေ။ ဒါပေမဲ့ ဒီလိုတွေလုပ်နေတာက နောက်ဆုံးတော့ သူ့ရဲ့ ဓမ္မခန္ဓာတစ်ခုသာ ဖြစ်နေတယ်။ ပုံပြောကောင်းသူတစ်ဦးတောင်မှ ဒီလောက်ထိ ဇာတ်ကွက်ကို ချဲ့ကားပြောဆိုနိုင်မှာ မဟုတ်ဘူး"
လူများစွာက စိတ်လှုပ်ရှားစွာ ပြောဆိုခဲ့ကြသည်။
ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးကို ကိုယ်စားပြုခဲ့သူအနေဖြင့် အဓိပဓိအင်မော်တယ်ခုံရုံး၏ ဘုန်းအာနုဘော်ကို ချိုးဖျက်၍မရပေ။
ဖူရှီအင်မော်တယ်မျိုးရိုးက အဓိပဓိအင်မော်တယ်ခုံရုံး၏ မျိုးရိုးကိုးခုထဲမှ တစ်ခုသာဖြစ်သော်လည်း အလွန်အားကောင်းနေဆဲ ဖြစ်သည်။
ယခုတော့ ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုက သူတို့မျက်နှာကို ဖြတ်ရိုက်သွားသလိုပင်။
ထို့ပြင် ရိုက်သွားသူက ဓမ္မခန္ဓာတစ်ခုသာဖြစ်၍ ပို၍ ရိုက်ချက်ပြင်းခဲ့သည်။
"ငါဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး"
စန်းလီ သက်ပြင်းချလိုက်သည်။
ကျွင်းရှောင်ယောက်၏အကြောင်းကို ယခင်က သူကြားခဲ့ဖူးသော်လည်း အထူးတလည် ဂရုမစိုက်ခဲ့ပေ။
ခြိမ်းခြောက်မှုတစ်ခုအဖြစ်သာ ဆက်ဆံခဲ့သည်။
ယနေ့ ကျွင်းရှောင်ယောက်နှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရမှ သူ လုံးဝ မှားယွင်းခဲ့ကြောင်း သိလိုက်ရလေသည်။
သူရင်ဆိုင်ရမည့်အရာက ခြိမ်းခြောက်မှုတစ်ခု လုံးဝ မဟုတ်ပေ။
ထိုအစား အလွန်ချမ်းသာသည့် သူဌေးကြီး ဖြစ်သည်။
လူများကို အဆုံးမဲ့ ဖိအားများနှင့် စိတ်ပျက်အားငယ်မှုများကို ဆောင်ကြဉ်းပေးနိုင်သည့် သူဌေးကြီးမျိုးပင်။
ကျွင်းရှောင်ယောက်က ကောင်းကင်တာအိုနှင့် ကစားရသည့် အကြောင်းကို စန်းလီ နားလည်သွားခဲ့သည်။
ကောင်းကင်တာအိုသည်ပင် သူနှင့်ယှဉ်ပြိုင်ရန် ဧကရာဇ်ခုနစ်ပါးကို စေလွှတ်ရန် လိုအပ်ခဲ့၏။
တစ်ခုတည်းက လုံးဝ အသုံးမဝင်သောကြောင့်ပင် ဖြစ်သည်။
"ဓမ္မခန္ဓာတစ်ခုက ဒီလောက်သန်မာတာ၊ သူ့ခန္ဓာကိုယ်အစစ်ဆိုရင် ဘယ်လောက်တောင် အစွမ်းထက်မလဲ"
ယောင်ချင်း၏ မျက်နှာမှာလည်း မထင်မှတ်ထားသော လေးနက်မှုတို့ ပေါ်လွင်နေခဲ့သည်။
ဓမ္မခန္ဓာတစ်ခုဖြင့် ရက်အနည်းငယ်အတွင်း ရွက်လွှာကိုးခုမြက်ဓားသိုင်းကို နားလည်နိုင်ပြီး ၎င်းတို့လေးဦးနှင့်ပင် ယှဉ်ပြိုင်နိုင်သည်။
သူတို့လေးယောက်က ခွန်အားအပြည့် မထုတ်ခဲ့တာကလည်း တစ်ကြောင်းဖြစ်ချေသည်။
သို့ရာတွင် ဤသည်ကပင် ကျွင်းရှောင်ယောက် မည်မျှအားကောင်းသလဲဆိုတာ သိနိုင်ပြီ ဖြစ်သည်။
"သူက အရမ်းချောတာပဲ..."
ဝေချမ်ချမ်ကတော့ ပြုံးပြုံးလေးဖြင့် ရေရွတ်လိုက်လေသည်။
"မင်းက ဘယ်ဘက်ကလဲ"
စန်းလီနှင့် ယောင်ချင်း ဆွံ့အသွားသည်။
"ရူယင်း၊ ကျွင်းရှောင်ယောက်နဲ့ အစ်မလင်ယွမ်က လိုက်ဖက်ညီတယ်လို့ နင် ဘာကြောင့်ပြောခဲ့တာလဲဆိုတာ အရင်က ငါနားမလည်ခဲ့ပါဘူး၊ ဒါပေမဲ့ အခုတော့ လက်ခံရတော့မယ် ထင်တယ်"
ဝေချမ်ချမ်က ရူယင်းကို ပြောလိုက်၏။
"သူက ဧကရီကို အာရုံစိုက်စေနိုင်တဲ့သူပဲ"
ရူယင်း ခေါင်းညိတ်ပြလိုက်သည်။
လင်ယွမ်သည်လည်း ဧကရာဇ်ကိုဆန့်ကျင်သော ဧကရာဇ်ခုနစ်ပါးထဲမှ တစ်ဦး ဖြစ်သည်။
အချိန်ကျ၍ ကျွင်းရှောင်ယောက်နှင့် ဆုံတွေ့သောအခါ မည်သို့ဖြစ်မည်နည်း။
ရူယင်း၏ စကားကိုကြားတော့ စန်းလီနှင့် ယောင်ချင်း၏ အမူအရာများက တစ်ပြိုင်နက်တည်း အနည်းငယ် ပြောင်းလဲသွားကြသည်။
သို့သော်လည်း လင်ယွမ်၏ ကိုယ်ပိုင်လက္ခဏာနှင့် ရပ်တည်ချက်ကို တွေးမိသောအခါ...
အင်မော်တယ်ခုံရုံး၏ ဧကရီဖြစ်ရန် အလားအလာရှိသူအနေဖြင့် သူမနှင့် ကျွင်းရှောင်ယောက်ကြားမှ ဆက်ဆံရေးက တစ်ခုသာ အမြဲရှိနေမည် ဖြစ်သည်။
ယင်းက ရန်သူဟောင်းနှင့် ပြိုင်ဘက်ပင်။
နောက်ဆုံးမှာတော့ ဂူတစ်လုံးထဲတွင် ကျားနှစ်ကောင် မအောင်းနိုင်ပါချေ။
အင်မော်တယ်ခုံရုံး တစ်ဖန်နိုးထချင်ပါက ကျွင်းမိသားစုနှင့် ကွဲလွဲနေမည်မှာ သေချာသည်။
ထိုအကြောင်းကို တွေးကြည့်မိတော့ အနည်းငယ် စိတ်သက်သာရာရသွားကြလေသည်။
မည်သို့ပင်ဆိုစေကာမူ ဆီနှင့်ရေက အပြင်လူများ၏ လယ်ကွင်းထဲသို့ စီးဆင်းရမည် မဟုတ်ပေ။
လင်ယွမ်က အင်မော်တယ်မျိုးရိုးကိုးခုမှ ဆင်းသက်လာသော အမျိုးသားတစ်ဦးနှင့်သာ လက်ထပ်သင့်သည်။
နာရီဝက်ခန့် ကြာပြီးနောက်...
ဟင်းလင်းပြင်က ကွဲအက်သွားပြီး မှုန်ကုပ်ကုပ်အမူအရာဖြင့် လက်နှစ်ဖက်ကိုနောက်ပစ်ကာ ထွက်လာသော ကူတိကျစ်ကို မြင်လိုက်ရသည်။
ကူတိကျစ်တစ်ဦးတည်း ပြန်လာခြင်းကို ကြည့်ခြင်းအားဖြင့် ကျွင်းရှောင်ယောက်နှင့် နတ်သမီးယွမ်တို့ လွတ်မြောက်သွားပြီမှန်း လူတိုင်း သိသွားကြလေသည်။
ဤခရီးစဉ်တွင် ကျွင်းရှောင်ယောက်က သိုင်းပညာကိုသိမ်းကာ သတို့သမီးကို ခေါ်ဆောင်သွားခြင်းဖြင့် ဖူရှီအင်မော်တယ်မျိုးရိုးနှင့် ကူတိကျစ်ကို ပါးဖြတ်ရိုက်ခဲ့သည်။
ဤရိုက်ချက်ကြောင့် ကူတိကျစ်မှာ မျက်နှာဖူးရောင်ပြီး ကျန်ရစ်ခဲ့လေသည်။
“အရှင်၊ ဒီမင်္ဂလာပွဲ…”
တစ်ဖက်တွင် ရှက်ရွံ့နေပုံရသော အစေခံတစ်ဦးက ချီတုံချတုံဟန်နှင့် ရှေ့သို့ တိုးလာသည်။
လူပေါင်းများစွာ မင်္ဂလာပွဲကို လာခဲ့ကြသော်လည်း နောက်ဆုံးတွင် ထိုသို့သောရလဒ် ဖြစ်ခဲ့ရပေသည်။
ထိုအကြောင်းက တွေးကြည့်ရုံဖြင့် ရှက်စရာကောင်းလွန်းသည်။
"သိမ်းလိုက်တော့"
ကူတိကျစ်လည်း မျက်နှာအမူအရာ မှုန်ကုပ်ကုပ်ဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ယင်းကိုမြင်တော့ ကူတိကျစ် စိတ်ကောင်းဝင်မနေမှန်း လူတိုင်း သိခဲ့ကြလေသည်။ ထို့ကြောင့် လက်ယှက်ပြီး အသီးသီး လူစုခွဲလိုက်သည်။
သို့သော်လည်း ဤသတင်းက လေပြင်းမုန်တိုင်းကဲ့သို့ ခဏချင်း ပျံ့နှံ့သွားလိမ့်မည်မှန်း သိခဲ့ကြပေသည်။
"အစ်မချီလုံ၊ ငါတို့ကော..."
ချီယုက မေးသည်။
ချီယိုအင်မော်တယ်မျိုးရိုးမှ ပါရမီရှင်များလည်း စိတ်ဓာတ်က ဘုံများမှ ချုံကြားထိ တိုက်ရိုက် ထိုးကျသွားလေသည်။
"ပြန်ကြရအောင်"
ချီလုံက အားမပါစွာ ပြောလိုက်သည်။
"အစ်ကိုချီလေ့အတွက် လက်စားမချေတော့ဘူးလား"
တစ်စုံတစ်ယောက်က အံကိုတင်းတင်းကြိတ်ပြီး ပြောလိုက်၏။
လက်စားချေမှာလား...
ထိုစကားကိုကြားတော့ ချီလုံ၏ မျက်နှာပေါ်တွင် ဝမ်းနည်းသည့်အမူအရာတစ်ခု ပေါ်လာသည်။
ကျွင်းရှောင်ယောက်နှင့်ယှဉ်လျှင် သူတို့က ပုရွက်ဆိတ်များလောက်ပင် အရေးမပါပေ။
အချိန်အတော်ကြာပြီးနောက်၊ ချီယိုအင်မော်တယ်မျိုးရိုးမှ ပါရမီရှင်တစ်ဦးက သက်ပြင်းချကာ တီးတိုး ပြောလိုက်သည်။
"တခါတလေတော့လည်း ကျွင်းရှောင်ယောက်ကို ငါတို့ ချီယိုအင်မော်တယ်မျိုးရိုးရဲ့ အဖွဲ့ဝင်ဖြစ်လာစေဖို့ ငါ တကယ်ပဲ မျှော်လင့်မိတယ်"
ထိုစကားကိုကြားတော့ ချီလုံ၏နှလုံးသားက အနည်းငယ် လှုပ်ခတ်သွားသည်။
သူမ၏ နှလုံးသားကို တုန်လှုပ်သွားစေသည့် အကြောင်းရင်းကတော့...
ချီလေ့ အတွက်ကြောင့်လား၊ သို့တည်းမဟုတ် သူတို့ကို အကာအကွယ်ပေးခဲ့သည့် လုံခြုံမှု ခံစားချက်ကြောင့်ပဲလား...
သူကိုယ်တိုင် မသိတော့ပေ။
.............
"အစ်ကိုကူတိကျစ်၊ ငါတို့လည်း နှုတ်ဆက်ပါတယ်"
ယောင်ချင်းက လက်ယှက်ပြီး ပြောလိုက်သည်။
"အဲဒါကို သိပ်လည်းမတွေးပါနဲ့။ ငါတို့ အတည်လုပ်ရင် ကျွင်းရှောင်ယောက်ရဲ့ ဓမ္မခန္ဓာက လွတ်မြောက်ဖို့ အခွင့်အလမ်းရှိမှာ မဟုတ်ဘူး"
စန်းလီက ပြော၏။
အမှန်တကယ်လည်း ထိုစဉ်က သူတို့ဟာ သတိပေါ့လျော့ဖြစ်ပြီး အလေးအနက်မထားခဲ့မိပေ။
ဝေချမ်ချမ်လည်း မင်သေသေဖြင့် နှစ်သိမ့်လိုက်သည်။
"ဟုတ်တယ် ကူတိကျစ်၊ ဒီအကြောင်းကို ဘယ်လိုပြောရမလဲဆိုတော့... ယောက်ျားတစ်ယောက်ရဲ့ စိတ်က စိမ်းစိုနေတဲ့ မြက်ခင်းပြင်ကြီးလို ကျယ်ပြန့်သင့်တယ်။ ကိုယ်ယူမဲ့ မိန်းမက တခြားယောက်ျားနဲ့ လိုက်ပြေးသွားရင်တောင် အရေးမကြီးဘူး"
ထိုစကားကြောင့် ကူတိကျစ်၏ မျက်လုံးထောင့်များ အနည်းငယ် လှုပ်ယမ်းသွားလေသည်။
"ဟင်း... ငါ့ရဲ့ မင်္ဂလာလက်ဖွဲ့ကို မပေးလိုက်ရတာ စိတ်မကောင်းစရာပဲ"
ဝေချမ်ချမ်က သက်ပြင်းချပြီး တစ်ခုခုကို ထုတ်ယူလိုက်သည်။
ယင်းက ကျောက်စိမ်းဝိညာဉ်မြကနှင့်ယက်ထားသော ဦးထုပ်တစ်လုံးပင်။
ယင်းက အလွန်လက်ရာမြောက်ပြီး စိမ်းစိမ်းစိုစို ရှိခဲ့သည်။
ကူတိကျစ်၏ ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်ဖြစ်ပြီး အသက်ရှူမြန်လာခဲ့၏။ မသိစိတ်မှ လက်သီးဆုပ်လိုက်ပြီး နဖူးမှလည်း သွေးကြောများ ထောင်ထလာတော့သည်။
"အဟမ်း... အဟမ်း၊ ရပါပြီ၊ ငါတို့ အရင်သွားကြရအောင်"
စန်းလီ ခြောက်ကပ်ကပ်ဖြင့် ချောင်းဟန့်လိုက်သည်။
ဝေချမ်ချမ်တစ်ယောက် တမင်လျှောက်လုပ်နေသလားဟုပင် သူ သံသယဖြစ်မိသွားလေသည်။
လူတိုင်း ထွက်ခွာသွားပြီးချိန်မှာတော့ ကူတိကျစ်ဟာ သူ့စိတ်ထဲမှ ဒေါသကို မထိန်းနိုင်တော့ပေ။
ဒေါသတကြီးဖြင့် စိတ်လွတ်လက်လွတ် ပေါက်ကွဲပစ်လိုက်သည်။
အချိန်အတော်ကြာပြီးမှသာ ကူတိကျစ် ငြိမ်သက်သွားခဲ့သည်။
သူ့မျက်လုံးများကတော့ အေးစက်ပြီး မှုန်ကုပ်ကုပ်ဖြစ်ဆဲပင်။
"ဒီကိစ္စက နတ်သမီးယွမ်ကြောင့်ပဲ၊ ငါက ဒီလိုမဟုတ်ဘူး။ ဒါပေမဲ့ ဒီသတင်းသာ လင်ယွမ်ရဲ့နားထဲရောက်သွားရင် ငါ့အပေါ်ထားတဲ့ သူ့ရဲ့အမြင်က ပိုဆိုးလာလိမ့်မယ်"
"ကျွင်းရှောင်ယောက်၊ မင်းရဲ့သေခြင်းတရားဟာ အင်မော်တယ်နယ်မြေကြီးရဲ့ အလိုတော်ပဲ။ ကောင်းကင်ကို အနိုင်ယူဖို့မပြောနဲ့၊ ငါ့ကိုတောင် မင်း အနိုင်ယူနိုင်မှာ မဟုတ်ဘူး"
ကူတိကျစ် လက်သီးဆုပ်လိုက်သည်။
သူ၏ တာအိုနှလုံးသားက အလွန်ခိုင်မာကာ ဤမျှလောက်နှင့် အပြောင်းအလဲ မဖြစ်စေနိုင်ပေ။
ဆန့်ကျင်ဘက်အနေဖြင့်၊ သူ၏ ကျွင်းရှောင်ယောက်အပေါ် သတ်ဖြတ်ရန် စိတ်ဆုံးဖြတ်ချက်မှာ ပို၍ ခိုင်မာလာခဲ့သည်။
ကူတိကျစ် မည်သို့ပင် တွေးနေပါစေ...
ဤတစ်ကြိမ်တော့ သူ မျက်နှာပျက်ခဲ့ရပေသည်။
.............
အခြားတစ်ဖက်မှ ကြယ်စကြာဝဠာတွင်...
ပုံရိပ်နှစ်ခုက ဟင်းလင်းပြင်ကိုဆုပ်ဖြဲကာ ဆင်းသက်လာခဲ့သည်။ ထိုပုံရိပ်နှစ်ခုက ကျွင်းရှောင်ယောက်နှင့် နတ်သမီးယွမ်တို့ ဖြစ်ချေသည်။
ကျွင်းရှောင်ယောက်က နတ်သမီးယွမ်ကို လက်တစ်ဖက်ဖြင့် ပွေ့ထားဆဲ ဖြစ်သည်။
နတ်သမီးယွမ်၏ လှပသော မျက်နှာလေးကလည်း နီရဲနေလေသည်။
မင်္ဂလာဆောင်မှ အကူအညီမဲ့ပြီး ဝမ်းနည်းနေသော မိန်းကလေးနှင့်ယှဉ်လျှင်...
လက်ရှိ နတ်သမီးယွမ်က လွတ်လပ်ပေါ့ပါးစွာ ပျော်ရွှင်သော မိန်းမပျိုလေးတစ်ဦးနှင့် တူသည်။
သူ့ရှေ့မှ ကျွင်းရှောင်ယောက်က ဓမ္မခန္ဓာတစ်ခုမျှသာဖြစ်သော်လည်း၊ ကျွင်းရှောင်ယောက်၏နှလုံးသားတွင် သူက အမှတ်အသားတစ်ခုအဖြစ် ရှိနေကြောင်း သိရသေးသည်။
ကျွင်းရှောင်ယောက်က သူ့လက်ကို လွှတ်လိုက်ပြီး နတ်သမီးယွမ်ကိုကြည့်ကာ ပြောလိုက်သည်။
"အခု မင်း ယာယီ လုံခြုံနေပါပြီ၊ ဒါပေမဲ့ ငါ့ရဲ့ ဓမ္မခန္ဓာက အကြာကြီးမရဘူး။ မင်း ခိုနားချင်ရင်တော့ အကြီးအကဲ ဝူဟူကို ရှာဖို့ ရှေးဟောင်းနန်းတော်ကို သွားလို့ရတယ်"
နတ်သမီးယွမ်က ဒါကိုကြားတော့ ပြုံးပြီး ခေါင်းယမ်းလိုက်လေသည်။
"အဲဒါအတွက်တော့ မလိုပါဘူး ကျွင်းသခင်လေး၊ ငါက တစ်ကြိမ်တစ်ခါ လွတ်မြောက်နိုင်ပေမဲ့ အမြဲတော့ မလွတ်မြောက်နိုင်ဘူး။ လင်ယွမ်ရဲ့လက်ကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး"
"ငါ ဘယ်နေရာမှာပဲနေနေ၊ သူ ငါ့ကို တွေ့အောင်ရှာနိုင်တယ်"
"ဒါဆိုရင် မင်းနဲ့ လင်ယွမ်ကြားက ဆက်ဆံရေးက ဘယ်လိုလဲ"
ကျွင်းရှောင်ယောက် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။