အခန်း ၇၃၀
Vol. 49 Ch. 730
အခန်း ( ၇၃၀ ) လင်ယွမ် ထွက်ပေါ်လာခြင်း၊ မှန်းဆလို့မရတဲ့သူက အန္တရာယ်အများဆုံးပဲ၊ ဟေးယွမ်ချောက်ကို ရောက်ပြီ။
ကျယ်ပြောသော စကြာဝဠာထဲတွင် လေဟာပြင်ကိုဖြတ်ပြီး လျှောက်လှမ်းနေသော နတ်ဘုရင်တစ်ပါးကဲ့သို့ ပုံရိပ်တစ်ခု ရှိနေသည်။
သူ ခြေလှမ်းလိုက်တိုင်း ခြေဖဝါးအောက်တွင် ရောယှက်နေသော တာအိုကမ္ပည်းများရှိပြီး အဆုံးမဲ့အကွာအဝေးများကို ဖြတ်သန်းသွား၏။
ကျွင်းရှောင်ယောက်အစစ်က ဟေးယွမ်ချောက်ဆီသို့ သွားနေခြင်း ဖြစ်သည်။
"ငါ နားလည်ပါပြီ"
ကျွင်းရှောင်ယောက် အရာအားလုံးကို နားလည်ခဲ့ပေသည်။
ယခင်က သူ့စိတ်ထဲမှ သံသယများလည်း ရှင်းသွားပြီ ဖြစ်သည်။
"ခန္ဓာတစ်ခုနဲ့ ဝိညာဉ်နှစ်ခု..."
ကျွင်းရှောင်ယောက်က ဖြစ်နိုင်ခြေအမျိုးမျိုးကို စဉ်းစားခဲ့၏။
လင်ယွမ်နှင့် ကူတိကျစ်က အင်မော်တယ်မျိုးရိုးများ၏ ဆက်ခံသူများဖြစ်သော်လည်း သင့်မြတ်မှုမရှိကြောင်း ထင်ရှားသည်။
တစ်ယောက်ချင်းစီတွင် သူ့ကိုယ်ပိုင်အစီအစဉ်များ ရှိပေသည်။
ကူတိကျစ်က ကောင်းကင်ဘုရင်လေးပါးနှင့် ဖန်ဆင်းခြင်းလှေတွင် သူ့ကို ထောင်ချောက်ဆင်ရန် ကြိုးပမ်းခဲ့သည်။
လင်ယွမ်ကတော့ နတ်သမီးယွမ်၏ အကူအညီကို အသုံးပြု၍ သူ့ကို နားလည်ရန် ကြိုးစားခဲ့ပေသည်။
ဤအင်မော်တယ်မျိုးရိုးများ၏ ဆက်ခံသူများတွင် ကိုယ်ပိုင်နည်းလမ်းများရှိသည်ဟု ဆိုနိုင်သည်။
ကျွင်းရှောင်ယောက်က ဤတွက်ချက်မှုများကို ဂရုမစိုက်ပါ။
သို့ရာတွင် သူတို့က ယခင်ပြိုင်ဘက်များထက် ပိုခက်ခဲမှာတော့ သေချာသည်။
"ချီလေ့ကို ငါသတ်လိုက်တဲ့အကြောင်းက အပြင်ဘက်မှာ ပျံ့နှံ့နေလောက်ပြီ။ ဒါကြောင့် ငါ့ခန္ဓာက ဘာမှမဖြစ်တာကိုလည်း သိကုန်ကြမှာပဲ။ နောင်မှာ ငါးကြီးတစ်ကောင်မှ ဖမ်းနိုင်မှာ မဟုတ်တော့ဘူး။ ဒီလိုဆိုမှတော့ ဟေးယွမ်ချောက်ကိုပဲ အရှိန်မြှင့်ပြီး သွားလိုက်တော့မယ်"
ကျွင်းရှောင်ယောက်လည်း ဆုံးဖြတ်ချက်ချပြီးနောက် အရှိန်အဟုန်အပြည့်ဖြင့် ဟေးယွမ်ချောက်ကို ဦးတည်သွားတော့သည်။
ဟေးယွမ်ချောက်ကို ဦးစွာသွားပြီးနောက် လင်ယွမ်၊ ကူတိကျစ်တို့နှင့် တွေ့ရမည် ဖြစ်သည်။
သူနှင့် အင်မော်တယ်မျိုးရိုး၏ ဆက်ခံသူများကြား တိုက်ပွဲက ယခု စတင်နေခဲ့ပြီ။
..........
ရှေးဟောင်းလမ်း၏ နက်နဲသောနေရာ၊ နတ်စွမ်းအင်တို့ အပြည့်ရှိသော နယ်မြေတစ်ခုတွင်...
စူးရှပြီး သိပ်သည်းသော နတ်အလင်းများ ရစ်ပတ်ထားသည့် ရုပ်သွင်တစ်ခု ရှိနေသည်။
သူ့ရှေ့မှလည်း ချောမောလှပသော မိန်းကလေးတစ်ယောက် ရပ်နေသေးသည်။ ထိုမိန်းကလေးကတော့ ရူယင်းကို ဖြစ်သည်။
"စိတ်ဝင်စားစရာပဲ၊ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ အဲဒီ ကူတိကျစ်အတွက်တော့ နည်းနည်း စိတ်မကောင်းဖြစ်မိပါတယ်"
သဘာဝ၏တေးသံကဲ့သို့ ချိုသာသောအသံ ထွက်ပေါ်လာလေသည်။
"ဒါပေမဲ့ ဧကရီသမီးတော်... အဲဒီကျွင်းရှောင်ယောက်က ကျိန်စာသွေးကြောင့် ထိခိုက်နေပုံမရဘူး။ သူ့ရဲ့ ခွန်အားက နားမလည်နိုင်လောက်အောင်ပါပဲ"
ရူယင်းက လေးလေးနက်နက် ပြောလိုက်သည်။
ဓမ္မခန္ဓာတစ်ခုပင်လျှင် ဤမျှသော အစွမ်းသတ္တိရှိ၍ လူတို့ကို အလွန်ဖိနှိပ်သော ခံစားမှုတို့ကို ဖြစ်စေခဲ့သေးသည်။
ကျွင်းရှောင်ယောက်အစစ်က ဘယ်လောက်တောင် အစွမ်းထက်မလဲဆိုတာ စိတ်ကူးကြည့်ရန် ခက်ခဲသည်။
"ကျွင်းရှောင်ယောက်က သန်မာရုံတင်မကဘဲ တွက်ချက်မှုလည်း ကောင်းတယ်။ အဲဒီလူမိုက် ချီလေ့က ငါးစာကိုသွားဟပ်တဲ့ ငါးပဲ"
"ဒါပေမဲ့... နတ်သမီးယွမ်က ငါ့ဆန္ဒကို လွန်ဆန်ဝံ့တယ်။ ရူယင်း... ငါ သူ့ကို ချက်ချင်း ပျောက်ကွယ်သွားအောင် လုပ်သင့်တယ်လို့ ထင်လား"
"ရူယင်း မဆုံးဖြတ်ဝံ့ပါဘူး။ ဧကရီသမီးတော် ဆန္ဒရှိသလို လုပ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် နတ်သမီးယွမ်က အရှင်မရဲ့လက်ထဲက စစ်တုရင်တစ်ခုထက် မပိုပါဘူး"
ရူယင်းက လေးလေးစားစား ပြောလေသည်။
"ဟင်း..."
ရယ်မောသံဖြင့် ပုံရိပ်က ဖြည်းညှင်းစွာထပြီး ထူထပ်သော နတ်အလင်းရောင်ထဲမှ ထွက်လာခဲ့၏။
လင်ယွမ်က နှင်းဖြူဝတ်စုံရှည်ကို ၀တ်ဆင်ထားသည်။ ဝတ်စုံက သူမ၏ ခြေသလုံးရင်းတွင် ဖြတ်တောက်ထားပြီး သူမ၏ ရှည်လျားချောမွေ့သော ခြေထောက်များကို ပေါ်လွင်စေပေသည်။
သူမ၏ မျက်နှာကတော့ အံ့ဖွယ်ကောင်းအောင် နတ်သမီးယွမ်နှင့် ဆင်တူလွန်းလှသည်။
သို့သော်လည်း၊ နတ်သမီးယွမ်နှင့် နှိုင်းစာလျှင် လင်ယွမ်က မြင့်မြတ်ပြီး အေးစက်သောအသွင်ကို ဆောင်သည်။
သူမက အဝေးမှသာကြည့်နိုင်ပြီး ထိတွေ့မရသော ကောင်းကင်ယံမှ ဖီးနစ်တစ်ကောင်ကဲ့သို့ပင်။ သူမကို တစ်ကြိမ်ထက်ပိုပြီး ကြည့်ခြင်းကပင် သူမကို စော်ကားရာကျသည်။
သူမ၏ မျက်ခုံးများကို ပင့်တင်လိုက်သည်နှင့် ကောင်းကင်ဘုရင်မကဲ့သို့ အေးစက်သောအလှကို ပေါ်လွင်စေနိုင်ပေသည်။
သူ့ပတ်ဝန်းကျင်မှာတော့ အမျိုးမျိုးသော တာအိုပန်း ပွင့်ချပ်များ၊ ကြယ်ပွင့်များနှင့် အခြားသော ထူးဆန်းသည့် မြင်ကွင်းများ ထွက်ပေါ်လာခဲ့သည်။
သူမက အေးစက်စက် မျက်လုံးများဖြင့် ကမ္ဘာကြီး၏ အလယ်ဗဟိုတွင်ရပ်နေသော နတ်သမီးကဲ့သို့ပင်။
"အရှင်မ..."
ရူယင်းက အရိုအသေပေးလိုက်သည်။
လင်ယွမ်သည် ယခင်က တံခါးပိတ်လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။ ယခုတော့ သူမ လှုပ်ရှားတော့မည်လော။
"နတ်သမီးယွမ်ရဲ့အသက်နဲ့ ခြိမ်းခြောက်မယ်ဆိုရင် ကျွင်းရှောင်ယောက်ကို ထိန်းထားနိုင်မယ်လို့ ထင်လား"
လင်ယွမ်က မေးလိုက်သည်။
ရူယင်းက ခဏစဉ်းစားပြီးမှ ပြောလေသည်။
"ဒီလိုဆိုရင် နတ်သမီးယွမ်က သူ့ကိုယ်သူ သတ်သေဖို့ အစပြုလိမ့်မယ်လို့ ရူယင်းထင်တယ်"
"ဟမ့်၊ ငါခွင့်မပြုရင် နတ်သမီးယွမ်မှာ သူ့ကိုယ်သူသတ်သေဖို့တောင် မဖြစ်နိုင်ဘူးဆိုတာ မမေ့ပါနဲ့။ ငါသိချင်တာက ကျွင်းရှောင်ယောက် ဘာလုပ်မယ်ထင်လဲ"
ဤတစ်ခါတော့ ရူယင်းက အတန်ကြာအောင် စဉ်းစားပြီးမှ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။
"ကျွင်းရှောင်ယောက်ကို ရူယင်း မမြင်နိုင်ပါဘူး။ ပျက်စီးခြင်းကြယ်မှာတုန်းက သူဟာ ရှေးဟောင်းမြင့်မြတ်ခန္ဓာအတွက် လူသောင်းဂဏန်းကို မတွန့်ဆုတ်ဘဲ သတ်ခဲ့တယ်။ အဲဒီအချိန်မှာတော့ သူက အင်မတန်သစ္စာကြီးတဲ့ လူတစ်ယောက်ပါ"
"ဒါပေမဲ့... တခါတလေကျတော့ သူက ဘယ်သူ့ကိုမှ မတွယ်တာသလိုမျိုး ကြောက်စရာကောင်းအောင် သွေးအေးတယ်"
"ဒီလိုလူကို ရူယင်း တကယ်ပဲ နားမလည်နိုင်ပါဘူး"
"အဲဒါကြောင့်ပဲ ငါ အလျင်စလို မလုပ်ခဲ့တာပါ။ ဒီလို မမြင်နိုင်တဲ့သူတွေက အန္တရာယ်အများဆုံးပဲ"
လင်ယွမ်က ပြောဆိုရင်း သူမ၏ကျောက်စိမ်းလက်ဝါးကို ဖြည်းညှင်းစွာဖြန့်ပြီး ဧကရာဇ်တံဆိပ်တော်တစ်ခုအား လေထဲတွင် ဆိုင်းငံ့ထားလိုက်သည်။
ဤဧကရာဇ်၏တံဆိပ်တော်ကို ပေါင်းစည်းလိုက်ပါက သူ၏ခွန်အားများ တစ်ဖန် မြင့်တက်လာလိမ့်မည်။
သို့သော်လည်း သူမက ထိုသို့မလုပ်ခဲ့ပါ။
သူ့ကိုယ်သူ အပေါင်တစ်ခုလို မဆက်ဆံချင်ပေ။
ဤတံဆိပ်တော်ကို လက်ခံသူက အင်မော်တယ်နယ်မြေကြီး၏ အလိုတော်အတွက် စစ်တုရင်ရုပ်ဖြစ်သည်။
နောက်ဆုံးတွင်၊ ဤသည်က ကျွင်းရှောင်ယောက်နှင့် ကောင်းကင်ဘုံ၏ ကစားပွဲတစ်ခုပင်။
သူမက ယင်းကိုလက်ခံလျှင် ကျွင်းရှောင်ယောက်ထက် နိမ့်ကျသည်ဟု မဆိုလိုဘူးလား။
"အရှင်မက ကျွင်းရှောင်ယောက်ကို တိုက်ခိုက်တော့မှာလား"
ရူယင်းက ပြောလိုက်သည်။
သူမ၏ မျက်လုံးများမှာတော့ စိုးရိမ်သောကများ ရှိနေပေသည်။
ယခင်က လင်ယွမ်၏ ရန်သူများကို ရင်ဆိုင်ရာတွင် ရူယင်း၏ နှလုံးသားထဲမှ သနားခြင်းကိုပင် ခံစားခဲ့ရသည်။
ယခုမူ လင်ယွမ်အတွက် သူမ စိတ်ပူနေ၏။
ဤတစ်ခါပြိုင်ဘက် ကျွင်းရှောင်ယောက်က အားကောင်းလွန်းပြီး နားမလည်နိုင်လောက်အောင်ပင်။
"ငါ သေချာပေါက် လှုပ်ရှားမှာပါ၊ ဒါပေမဲ့ အခုတော့ မဟုတ်ဘူး။ ဒါနဲ့ စကားမစပ်၊ အမှောင်မျိုးရိုးက လှုပ်ရှားမှု တစ်ခုခု လုပ်ပြီးပြီလား "
လင်ယွမ်က နောက်ထပ် ကိစ္စတစ်ခုကို မေးလိုက်သည်။
"ထျန်းမင်ကျစ်... သူက ဟေးယွမ်ချောက်ကို သွားနေပုံရတယ်"
ရူယင်းက ပြော၏။
"ဟေးယွမ်ချောက်လား၊ အဲဒါက ဒဏ္ဍာရီ အမှောင်ကမ္ဘာနဲ့
ဆက်စပ်နေတဲ့ ရှေးဟောင်း အန္တရာယ်နယ်မြေတစ်ခုလို့ ငါကြားတယ်။ အမှောင်ကမ္ဘာရဲ့ အမွေရနိုင်မယ်ဆိုရင် ဒီဧကရီက ဧကရာဇ်ငယ် ရာဇပလ္လင်ကို တက်လှမ်းနိုင်ဖို့ သိပ်ပြီးမခက်တော့ဘူး"
လင်ယွမ်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။
အမှောင်ကမ္ဘာသည် ကမ္ဘာတွင် ပေါ်မလာသော်လည်း...
အမှောင်ထဲမှ အင်မော်တယ်ခုံရုံးဟု လူသိများသကဲ့သို့ ၎င်း၏ နောက်ခံမှာ လုံးဝ အစွမ်းထက်သည်။
"ငါ ဟေးယွမ်ချောက်ကိုသွားဦးမယ်၊ နောက်ပြီးတော့ ကျွင်းရှောင်ယောက်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဆက်ပြီး စုဆောင်းထားဖို့ မမေ့ပါနဲ့"
လင်ယွမ်က ပြောဆိုပြီးနောက် လက်ကိုဝှေ့ယမ်းလိုက်သည်။ ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ပေါ်လာခဲ့၏။
ချောမောလှပသော သူမ၏ပုံရိပ်က အက်ကြောင်းထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။
ရူယင်းလည်း တစ်ယောက်တည်း ရေရွတ်လိုက်သည်။
"ကျွင်းရှောင်ယောက်ရဲ့ခြေရာကို အခုရှာမတွေ့မှာကြောက်ရတယ်။ ဒါက တကယ်ကို ခက်ခဲတာပဲ"
ပျက်စီးခြင်းကြယ်မှ ကျွင်းရှောင်ယောက် ထွက်လာပြီးနောက် ဝူဟူအပြင် လူအနည်းငယ်သာ သိကြ၏။
ကျွင်းရှောင်ယောက်၏ ဦးတည်ရာက ဟေးယွမ်ချောက်ဆိုတာကို တခြားသူများသိရန် မဖြစ်နိုင်ပေ။
အချိန်များ ကုန်လွန်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်နှစ် ကုန်လွန်သွားခဲ့ပြီ။
နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်က အဆုံးစွန်ရှေးဟောင်းလမ်း၏ အမှတ်ကိုးဆယ်ဂိတ်သို့ ချဉ်းကပ်လာခဲ့သည်။
သူက မြို့ထဲကိုမဝင်ဘဲ ကြယ်ကောင်းကင်မှ ဆက်လက် လျှောက်လှမ်းသွားလေသည်။
ဟေးယွမ်ချောက်က အလွန်အန္တရာယ်များသော နေရာတစ်ခု ဖြစ်သည်။
ရှေးဟောင်းလမ်း၏ အမှတ်ကိုးဆယ်သို့ လာရောက်နိုင်သော ပါရမီရှင်များပင်လျှင် ထိုနေရာသို့ အကြောင်းမဲ့ ချဉ်းကပ်မည်မဟုတ်ပေ။
အများဆုံး အနီးနားတွင်သာ လှည့်လည်သွားလာခဲ့ကြသည်။
ကျွင်းရှောင်ယောက်က အဝေးမှ လှမ်းကြည့်လိုက်ရာ သူ့ရှေ့ရှိ စကြဝဠာအစွန်းတွင် အကန့်အသတ်မရှိ ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခုကို မြင်လိုက်ရသည်။
အက်ကြောင်းအစွန်းတွင် သူတော်စင်များပင်လျှင် သတိထားရသော မုန်တိုင်းအမျိုးမျိုး ဖြစ်ပေါ်လျက်ရှိ၏။
သူတော်စင်နယ်ပယ်အောက်များ ဝင်ရောက်ပါက ဟင်းလင်းပြင်မုန်တိုင်းကြောင့် တိုက်ရိုက် သေဆုံးသွားနိုင်သည်။
အစွမ်းထက်ပါရမီရှင်တချို့ပင်လျှင် အက်ကြောင်းအစွန်းမှ မပြည့်စုံသော အခွင့်အရေးအချို့ကိုသာ စုဆောင်းဝံ့ရုံ ရှိလေသည်။
"ဟင်၊ အဲဒီလူက..."
ထိုစဉ် လူတချို့က ဟေးယွမ်ချောက်ထဲကို လျင်မြန်စွာ ဝင်ရောက်သွားသော အဖြူရောင် ပုံရိပ်တစ်ခုအား ဝေဝါးဝါး မြင်လိုက်ရသည်။
"ကိုယ့်အသက်ကိုတောင် ဂရုမစိုက်ဘဲ ဟေးယွမ်ချောက်ထဲကို ဘယ်လိုလူက ခုန်ဝင်သွားဝံ့တာလဲ"
လူများစွာတို့ အံ့ဩသွားကြသည်။
နောက်ခိုက်တွင် ပြင်းထန်သော မုန်တိုင်းတစ်ခုမှာ ရုတ်တရက် နစ်မြုပ်သွားသည်ကို တွေ့လိုက်ရ၏။
ပါရမီရှင်တချို့က ခေါင်းကိုခါယမ်းလိုက်လေသည်။ တချို့ကလည်း လျစ်လျူရှုလိုက်သည်။
သူက သေချင်နေမှတော့ ဘာမျှမတတ်နိုင်ပေ။
သို့သော်လည်း ထိုသို့တွေး၍မဆုံးမီပင် ပုံရိပ်က သူ့လက်ကိုဝှေ့ယမ်းပြီး ဟင်းလင်းပြင်မုန်တိုင်းအား ပြန့်ကျဲသွားစေသည်ကို မြင်တွေ့လိုက်ရသည်။
ထိုလူက ချောက်ထဲကို အေးအေးဆေးဆေး ဆင်းသွားတော့သည်။
“အဲဒါ... ဘယ်က ဆရာကြီးလဲ…"
ပါရမီရှင်တချို့လည်း ကြောင်တက်တက်ဖြင့် မေးလိုက်သည်။