← Chapters

အခန်း ၇၃၁

Vol. 49 Ch. 731

အခန်း ၇၃၁

Vol. 49 Ch. 731

အခန်း ( ၇၃၁ ) ရှေးဦးသံလိုက်ဓာတ်ချီ အင်မော်တယ်စွမ်းအင်၊ အမှောင်ဘုရင်မျိုးရိုးမှ ထျန်းမင်ကျစ်၊ နောက်ကွယ်မှ တံငါသည်များ။

ကျွင်းရှောင်ယောက်က ဟေးယွမ်ချေက်ထဲသို့ ဝင်သွားသည်။

ဟေးယွမ်ချောက်အစွန်းတွင် အဆုံးမဲ့ ဟင်းလင်းပြင်မုန်တိုင်းများ ရှိနေခဲ့၏။

ယင်းက အခြားသူများအတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်နိုင်သော်လည်း...

ကျွင်းရှောင်ယောက် အတွက်တော့ အနည်းငယ်မျှ အနှောင့်အယှက်မဖြစ်စေနိုင်ပေ။

"ဒီဟေးယွမ်ချောက်က အံ့ဖွယ်ခုနစ်ခုထဲမှာ မပါဝင်ပေမဲ့ အမှောင်ကမ္ဘာနဲ့ ဆက်စပ်နေတာကြောင့် လျှော့တွက်လို့တော့ မရဘူး"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက လေးနက်သွားခဲ့သည်။

အမှောင်ကမ္ဘာသည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး အမှောင်ထဲမှအင်မော်တယ်ခုံရုံးဟု လူသိများသော်လည်း အမြဲ နှိမ့်ချနေသည်။

ခေတ်ကာလတစ်လျှောက်လုံး အ‌မှောင်ကမ္ဘာအကြောင်းကို သိရှိသူများစွာ မရှိပေ။

"လက်မှတ်ထိုးဝင်ဖို့ သတိပေးချက် မရှိသေးဘူးပဲ။ ဟေးယွမ်ချောက်ထဲကို နက်နက်နဲနဲ ဝင်ရဦးမယ်ထင်တယ်"

ကျွင်းရှောင်ယောက်‌ ရေရွတ်လိုက်သည်။

ကျွင်းရှောင်ယောက်လည်း တစ်နာရီခန့်ကြာမှ ဟေးယွမ်ချောက်အစွန်းမှ ဟင်းလင်းပြင်မုန်တိုင်းကို လုံးလုံးလျားလျား ဖြတ်သန်းနိုင်ခဲ့ပေသည်။

ထို့နောက်တွင် ပေါ်လာသည့် မြင်ကွင်းများကတော့ ကျွင်းရှောင်ယောက်ကို အနည်းငယ် အံ့သြသွားစေခဲ့သည်။

သူ့မျက်စိရှေ့တွင် မီးခိုးရောင် မြူခိုးများက ပြည့်နေသည်။

မြူခိုးများက ထူထဲသော်လည်း ပြဒါးအရည်ကဲ့သို့ဖြစ်ကာ ရံဖန်ရံခါ မိုးခြိမ်းသံနှင့် လျှပ်စီးလက်ခြင်းများ ရှိနေခဲ့ပေသည်။

တစ်ချိန်တည်းမှာပင်၊ ပြင်းထန်ပြီး ထူးဆန်းသော ဆွဲငင်အားတစ်ခုက သူ့ကို မီးခိုးရောင် မြူခိုးပင်လယ်ဆီသို့ ဆွဲငင်သွားသည်အား ခံစားလိုက်ရသည်။

"ရှေးဦးသံလိုက်ဓာတ်စွမ်းအင်လား"

ကျွင်းရှောင်ယောက် အံ့အားသင့်သွား၏။

ဤသည်မှာ အလွန်ရှားပါးပြီး အံ့ဖွယ်ကောင်းသည့် သဘာဝစွမ်းအားတစ်ခု ဖြစ်သည်။

ယင်းက ရှေးဦးဖရိုဖရဲချီ၊ အရာအားလုံး၏မိခင်ချီ အစရှိသည်တို့နှင့် နှိုင်းယှဥ်လျှင်ပင် နိမ့်ကျသည်မဟုတ်ပေ။

ရှေးဦးသံလိုက်ဓာတ်ချီတွင် ဟင်းလင်းပြင်၊ ဆွဲငင်အား နှင့် လျှပ်စီးကြောင်းစသည့် ဂုဏ်သတ္တိများစွာ ရှိသည်။

"ဟေးယွမ်ချောက်ထဲကို ထိုးဖောက်ဝင်ရောက်ဖို့ ခက်ခဲတာ အံ့သြစရာ မဟုတ်တော့ပါဘူး။ လုံလောက်တဲ့စွမ်းရည် ဒါမှမဟုတ် အထူးနည်းလမ်းမရှိရင် သံလိုက်ဓာတ်ပင်လယ်မပြောနဲ့ ဟင်းလင်းပြင်မုန်တိုင်းကိုတောင် ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး"

ယင်းက ‌လူအများစုအတွက် ဖြတ်ကျော်ရန်ခက်ခဲသော သဘာဝကျုံးကြီးတစ်ခုနှင့် မခြားပေ။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်အတွက်တော့ ဘာမျှမဟုတ်‌သေးပါ။

သူ့အား ကာကွယ်ရန်အတွက် အရာအားလုံး၏ မိခင်ချီစွမ်းအင်နှင့် ဒယ်စောက်အိုးကိုပင် အသုံးပြုရန်မလိုပေ။

"ဝုန်း"

ရှေးဦးသံလိုက်ဓာတ်ပင်လယ်ထဲကို ဝင်လိုက်သည်နှင့် တပြိုင်နက်၊ ကျွင်းရှောင်ယောက်သည် တောင်ပေါင်းတစ်သောင်းဖြင့် ဖိနှိပ်ခံရသလို ခံစားလိုက်ရသည်။

ရှေးဦးသံလိုက်ဓာတ်စွမ်းအင်၏ ဖိအားကလည်း အရာအားလုံး၏မိခင်ချီထက် များစွာ အားမနည်းပေ။

၎င်းတွင် ဆွဲငင်အား၊ မိုးကြိုးနှင့် သံလိုက်ဓာတ်ကဲ့သို့သော နောက်ဆက်တွဲ အင်္ဂါရပ်များ ပါရှိသည်။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က တုန်ခါပြီး သွေးများ ဆူပွက်လာသည်။

သူက ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ရှေးဦးသံလိုက်ဓာတ်ချီကို ခုခံခဲ့၏။

ယင်းက သာမန်လူများ စိတ်ကူးမယဉ်နိုင်သောအရာပင်။

သူတော်စင်တစ်ပါးဖြစ်လျှင်ပင် ချက်ချင်းခုခံရန် ရတနာတစ်ခုခု မရှိပါက သေချာပေါက် မှုန့်မှုန့်ညက်ညက်ကြေသွားမည် ဖြစ်သည်

"ဒါက ငါ့အတွက် အခွင့်အလမ်းတစ်ခုပဲ။ ရှေးဦးသံလိုက်ဓာတ်ချီနဲ့ ငါ့ခန္ဓာကိုယ်ကို သန့်စင်ပြီး မေယုကမ္ဘာသုံးထောင်ကိုလည်း လေ့ကျင့်နိုင်တယ်။ ဖြစ်ကောင်းဖြစ်နိုင်တာက နောက်ထပ် အင်မော်တယ်စွမ်းအင်တစ်ခုကိုတောင် ဖွဲ့စည်းနိုင်ဦးမယ်"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက ပိုမိုတောက်ပလာခဲ့သည်။

အကြောင်းမှာ အရာအားလုံး၏ မိခင်ချီစွမ်းအင်ကို အင်မော်တယ်စွမ်းအင်အဖြစ် ပေါင်းစည်းနိုင်ခဲ့သောကြောင့်ပင် ဖြစ်သည်။

သို့ဖြစ်ပေရာ၊ ဤသံလိုက်ဓာတ်ချီကိုလည်း အင်မော်တယ်စွမ်းအင်အဖြစ် ပေါင်းစည်းနိုင်မည်လော။

ရှေးဟောင်းလမ်းတစ်ခုလုံးနှင့် ကောင်းကင်ကိုးခုအင်မော်တယ်နယ်မြေကြီး တစ်ခုလုံးတွင် ထိုကဲ့သို့ သံလိုက်ဓာတ်စွမ်းအင်များစွာရှိသည့် နေရာအနည်းငယ်ကို ရှာဖွေနိုင်ရန် ခက်ခဲသည်ဟု ဆိုနိုင်သည်။

ထိုသို့ တွေးမိသောအခါ ကျွင်းရှောင်ယောက်လည်း ချက်ချင်း စတင်လိုက်တော့သည်။

သူက ဝါးမျိုခြင်းဖင်းဂေါ့ကျမ်းကို တိုက်ရိုက်အသက်သွင်းခဲ့သည်။

သူ့ပတ်ဝန်းကျင်တွင် အရွယ်အစားအမျိုးမျိုးရှိသော ရေဝဲများ ရာနှင့်ချီကာ ပေါ်လာခဲ့၏။

ရေဝဲကြီးများက ရှေးဦးသံလိုက်ဓာတ်စွမ်းအင်များကို စုပ်ယူသန့်စင်နေရာ ဒီရေလှိုင်းကဲ့သို့ တက်လာတော့သည်။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်တွင်းရှိ မေယုကမ္ဘာကို လေ့ကျင့်ရာတွင် ရှားပါးစွမ်းအင်များစွာ လိုအပ်သည်။

ယခုမူ၊ ကျွင်းရှောင်ယောက်တွင် မကုန်ခန်းနိုင်သော စွမ်းအင်များစွာ ရှိနေပြီ။

ဆဋ္ဌမမြောက် မေယုကမ္ဘာက ပုံသဏ္ဍာန် စတင်ဖြစ်တည်လာခဲ့သည်။

ထို့နောက် သတ္တမ၊ အဋ္ဌမ...

ကျွင်းရှောင်ယောက်က တစ်ဖက်မှာ မေယုကမ္ဘာကို တည်ဆောက်နေသလို...

အခြားတစ်ဖက်မှာလည်း အင်မော်တယ်စွမ်းအင်ကို ဖွဲ့စည်းနေခဲ့ပေသည်။

အချိန်ကြာလာသည်နှင့်အမျှ သူဟာ သံလိုက်စွမ်းအင်များကို ပို၍ပို၍ ဝါးမြိုလာခဲ့သည်။

သို့သော်လည်း သံလိုက်ဓာတ်ချီပင်လယ်တစ်ခုလုံးနှင့် နှိုင်းယှဉ်ပါက ယင်းသည် ဘာမှမဟုတ်သေးပါ။

မျက်စိတစ်မှိတ်အတွင်း တစ်လကုန်သွားခဲ့သည်။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မီးခိုးရောင် အင်မော်တယ်စွမ်းအင်တစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ထိုစွမ်းအင်တွင် မိုးကြိုးနှင့် သံလိုက်စွမ်းအားတို့ကို သယ်ဆောင်လာခဲ့၏။

ယင်းက ကျွင်းရှောင်ယောက်၏ ဆယ့်နှစ်ခုမြောက် အင်မော််တယ်စွမ်းအင်၊ ရှေးဦးသံလိုက်ဓာတ်ချီ အင်မော်တယ်စွမ်းအင်သည်ပင်။

ဆယ့်နှစ်ခုမြောက် အင်မော်တယ်စွမ်းအင်ကို ပေါင်းစည်းလိုက်ခြင်းဖြင့် ကျွင်းရှောင်ယောက်၏ ခွန်အားကလည်း အကန့်အသတ်ကို ဖြတ်ကျော်ကာ တစ်ဟုန်ထိုး တိုးတက်သွားခဲ့သည်။

သူ့ခန္ဓာကိုယ်ရှိ မေယုကမ္ဘာများမှာလည်း မသိလိုက်ခင်မှာပင် သုံးဆယ့်ခြောက်ခုအထိ ဖွဲ့စည်းခဲ့၏။

ယင်းက မေယုကမ္ဘာသုံး‌ထောင်နှင့်ယှဉ်လျှင် တစ် ရာခိုင်နှုန်းခန့်သာ ရှိသေးသည်။

သို့ရာတွင် ယခင် မေယုကမ္ဘာငါးခုနှင့် နှိုင်းယှဉ်ပါက ၎င်က ကြီးမားသော တိုးတက်မှု ဖြစ်နေပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်ဟာ မေယုကမ္ဘာသုံးဆယ့်ခြောက်ခု၏ စွမ်းအားဖြင့် သူ့လက်ချောင်းများဖြင့်ပင် ရှေးဟောင်းကြယ်တစ်ခုကို ပေါက်ကွဲစေနိုင်သည်ဟုပင် ခံစားခဲ့ရသည်။

"အကန့်အသတ်ကိုရောက်တော့မယ်"

ကျွင်းရှောင်ယောက်ဟာ သူ့ခန္ဓာကိုယ်ထဲမှ မေယုကမ္ဘာကို တည်ဆောက်မှုနှုန်းက အလွန်နှေးသွားသည်ဟု ခံစားလိုက်ရသည်။

ရှေးဦးသံလိုက်ဓာတ်ချီတစ်ခုတည်းကို အချိန်အကန့်အသတ်မရှိ ဝါးမျိုလိုက်ခြင်းဖြင့် မေယုကမ္ဘာအားလုံးကို လေ့ကျင့်ရန် မဖြစ်နိုင်ကြောင်းကိုတော့ ကျွင်းရှောင်ယောက် ခန့်မှန်းထားပြီးသားပင်။

ထို့အပြင် ဤရိတ်သိမ်းမှုက လုံလောက်နေပြီ ဖြစ်သည်။

"ဟေးယွမ်ချောက်မှာ တခြားဘာအမြတ်မှမရှိရင်တောင် သံလိုက်ဓာတ်ချီ အင်မော်တယ်စွမ်းအင်နဲ့ မေယုကမ္ဘာကို တည်ဆောက်ခဲ့ရတာက လာရကျိုးနပ်တယ်"

ကျွင်းရှောင်ယောက် အနည်းငယ်ပြုံးလိုက်သည်။

သို့သော်လည်း နောက်အခိုက်အတန့်တွင် ကျွင်းရှောင်ယောက် ရုတ်တရက် ရပ်သွား၏။

ဟေးယွမ်ချောက်ကြီးအပြင်ဘက်မှ အရှိန်အဝါတစ်ခု ချဉ်းကပ်လာသည်ကို သူ သတိပြုမိခဲ့သည်။

သူ့မျက်လုံးများ အရောင်တစ်ချက်လက်သွားပြီးနောက် မီးခိုးရောင် သံလိုက်ပင်လယ် နက်ရှိုင်းရာအပိုင်းတွင် တိတ်တဆိတ် ပုန်းနေလိုက်၏။

ကျွင်းရှောင်ယောက်သာ သူ့အရှိန်အဝါကို ထိန်းထားပါက အဓိပဓိများပင်လျှင် ဂရုမစိုက်ဘဲ သိရှိနိုင်ရန် ခက်ခဲလိမ့်မည်။

ထိုစဉ် အနက်ရောင်ဝတ် လူတစ်ဦး ဝင်လာသည်။ ထိုသူက သံလိုက်ဓာတ်ချီစွမ်းအင်များကို ခုခံရန် အနက်ရောင်ထီးတစ်လက်ကို ဆောင်းထား၏။

ယင်းက ရုပ်ရည်ချောမောသော လူငယ်တစ်ယောက်ဖြစ်သော်လည်း သူ့မျက်နှာမှာ သွေးအနည်းငယ်မျှမရှိသကဲ့သို့ ဖြူဖျော့နေသည်။

ဤသည်မှာ စွမ်းအင်ကုန်ခမ်းခြင်း သို့မဟုတ် သွေးအားနည်းခြင်း မဟုတ်ဘဲ သဘာဝအတိုင်း ဖြစ်ပုံရလေသည်။

သူ့ပုံစံမှာ အသက်မဲ့သော အလောင်းကောင်ကဲ့သို့ပင် ဖြစ်သည်။

"ဒီလူက..."

အမှောင်ထဲမှ ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။

"မတော်တဆမှုမရှိရင် ဒီသံလိုက်ပင်လယ်အောက်မှာပဲ ရှိသင့်တယ်၊ ဒါပေမဲ့ ထူးဆန်းတယ်၊ သံလိုက်ပင်လယ်က ဘာကြောင့် ပိုပါးသွားတယ်လို့ ခံစားရတာလဲ"

လူငယ်က ရေရွတ်လိုက်သည်။ သို့သော်လည်း သူ အများကြီး မစဉ်းစားခဲ့ပေ။

သူ့နားလည်မှုအရ၊ ဤမျှ အန္တရာယ်များသော အန္တရာယ်နယ်မြေကို မည်သူကမျှ အသက်စွန့်ပြီး လာမည်မဟုတ်ပေ။

နောက်ဆုံးတွင်၊ ဤသံလိုက်ဓာတ်ချီပင်လယ်သည် အကန့်အသတ်မရှိဖြစ်ပြီး အောက်ခြေက ဘယ်မှာလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါချေ။

အနက်ရောင်ဝတ်လူငယ်က တစ်ယောက်တည်း ရေရွတ်ရင်း သံလိုက်ဓာတ်ချီပင်လယ်ထဲသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။

အမှောင်ထဲမှ ကျွင်းရှောင်ယောက်လည်း စိတ်ထဲမှ တွေးလိုက်၏။

'ဒါက သူပဲ၊ အမှောင်ဘုရင်မျိုးရိုးက ထျန်းမင်ကျစ်'

သူ့စိတ်ထဲတွင် ဤလူငယ်က ယခင် အမှောင်ဘုရင်မင်းသားနှင့် ဆင်တူသော အရိပ်အယောင်ကို ခံစားလိုက်ရသည်။

သို့ရာတွင် ထျန်းမင်ကျစ်က အမှောင်ကမ္ဘာမင်းသားထက် အဆပေါင်းများစွာ အားကောင်း၏။

'စိတ်ဝင်စားစရာပဲ၊ ဒီအမှောင်ဘုရင်မျိုးရိုးက အမှောင်ကမ္ဘာနဲ့ ပတ်သက်နေတာလား'

ကျွင်းရှောင်ယောက်က အမှောင်ဘုရင်မျိုးရိုးကို မနှစ်သက်ပေ။

အင်မော်တယ်စစ်ပွဲအတွင်း၌ အမှောင်ဘုရင်မျိုးရိုးသည်လည်း ဝင်ရောက်စွက်ဖက်ခဲ့သည်။

ကျွင်းရှောင်ယောက်လည်း လှပ်ရှားရန် ဟန်ပြင်လိုက်သည်။

သို့ရာတွင် သူ ခဏရပ်လိုက်ပြန်၏။

မီးခိုးရောင် သံလိုက်ဓတ်ချီပင်လယ်ထဲတွင်၊ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များ ရှိနေသည်။ သူတို့ကလည်း အရှိန်အဝါများကိုထိန်းချုပ်ကာ လျှို့ဝှက်စွာ ရှိဣကြ၏။

ထိုအရှိန်အဝါများက အလွန်ကွယ်ဝှက်ပြီး ရှာဖွေရခက်သော်လည်း...

ကျွင်းရှောင်ယောက်၏ အာရုံခံနိုင်စွမ်းမှ မလွတ်မြောက်နိုင်ပေ။

ထို့ပြင် ကျွင်းရှောင်ယောက်သည် ထိုအထဲမှ အထူးပြင်းထန်သော လျှို့ဝှက် ရောင်ဝါတစ်ခု ရှိနေကြောင်း သတိပြုမိခဲ့သည်။

'တံငါသည်က ငါတစ်ယောက်တည်း မဟုတ်ဘူးထင်တယ်'

ကျွင်းရှောင်ယောက်က သူတို့၏ အရှိန်အဝါများကို ခံစားနိုင်သည်။

သို့ရာတွင် သူတို့ကတော့ ကျွင်းရှောင်ယောက်ကို ရှာတွေ့ရန် မဖြစ်နိုင်ပေ။

ထို့ပြင် ထူးကဲစွာ အစွမ်းထက်သည့် အရှိန်အဝါက...

ကျွင်းရှောင်ယောက် အနည်းငယ် ရင်းနှီးကျွမ်းဝင်မှု ရှိသည်။

ယင်းက အသိမိတ်ဆွေတစ်ယောက်၏ ရင်းနှီးမှုမဟုတ်သော်လည်း ထိုသူနှင့်တူသော အငွေ့အသက်တို့ ရှိပေသည်။

'ဒါ တကယ်ဆိုရင် မင်းနဲ့ငါ တွေ့ပြီ'

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အနည်းငယ် အေးစက်သွားခဲ့သည်။

All Chapters