← Chapters

အခန်း ၇၃၃

Vol. 49 Ch. 733

အခန်း ၇၃၃

Vol. 49 Ch. 733

အခန်း ( ၇၃၃ ) လင်ယွမ်နှင့် ကျွင်းရှောင်ယောက် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း။

ပန်းပွင့်မိုးများက လေထဲတွင် ပြည့်လျှံစေခဲ့သည်။

နတ်သမီးတစ်ပါး ကမ္ဘာကို ရောက်လာတော့မလို ထူးဆန်းသော ရူပါရုံမျိုးစုံ ပေါ်လာခဲ့၏။

နှင်းဖြူဝတ်စုံနှင့် လှပသော အမျိုးသမီးတစ်ဦးက သူမကိုယ်ကို ထုတ်ဖော်လာတော့သည်။

ဤသည်မှာ ဧကရီသမီး‌တော် လင်ယွမ် ဖြစ်သည်။

ကမ္ဘာပေါ်ကို ဆင်းသက်လာသော နတ်သမီးကဲ့သို့ လင်ယွမ်ကို မြင်လိုက်ရတော့ ထျန်းမင်ကျစ်၏ နှလုံးသားက ပြင်းပြင်းထန်ထန် ခုန်ပေါက်သွားရသည်။

သူ့သဘာဝအရ လင်ယွမ်၏အလှကြောင့် သူ့နှလုံးသား တုန်လှုပ်သွားခြင်း မဟုတ်ပေ။

မြင့်မြတ်ပြီး တန်ခိုးကြီးသော အင်မော်တယ်ခုံရုံး၏ ဧကရီက သူ့ကို ကြည့်လာမည်ဟု သူ မမျှော်လင့်ထားသောကြောင့် ဖြစ်သည်။

လင်ယွမ်၏ အင်အားဖြင့် သူ့ရှေ့မှ ဖုံးကွယ်ထားချင်လျှင် သိရှိရန် ခက်ခဲပေလိမ့်မည်။

"သတ်"

ထျန်းမင်ကျစ်က အပိုစကားများ မပြောတော့ပါ။

အရိုးစုနဂါးကြီးလည်း ဟိန်းဟောက်ပြီး လင်ယွမ်ကိုတိုက်ခိုက်လိုက်သည်။

လင်ယွမ်က အနည်းငယ် မျက်ခုံးပင့်လိုက်သည်။ သူ့မျက်လုံးထဲမှာတော့ အေးစက်စက် အလင်းတစ်ခုက ညအမှောင်မှ ကြယ်များကဲ့သို့ လင်းလက်လာခဲ့၏။

"ဝါဟွမ်လက်ဝါး"

လင်ယွမ်က ပထမဆုံး တိုက်ခိုက်မှုမှာပင် အကွက်ကြီးကြီး ရွှေ့လိုက်သည်။

သူမ၏ သွယ်လျသောလက်ကို မြှောက်လိုက်သည်နှင့် မဟာသူတော်စင်နယ်ပယ် အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့၏။

ဤသည်မှာ ထိုက်အယ်ဘုရားကျောင်းမှ ဝါဧကရီ၏ ကောင်းကင်နှလုံးသားပညာရပ်ကို ရယူပေးခဲ့သော နတ်သမီးယွမ်၏ ကျေးဇူးပင် ဖြစ်သည်။

မဟုတ်ပါက လင်ယွမ်အတွက် မဟာသူတော်စင်နယ်ပယ်ကို ဖြတ်ကျော်ရန် များစွာ အားထုတ်ရလိမ့်မည်။

လင်ယွမ်က လက်ဝါးဖြင့် ဖိချဟန်ပြုလိုက်ရာ ကောင်းကင်ကဲ့သို့ ဧရာမလက်ဝါးကြီးက ဟင်းလင်းပြင်ကို ကွဲကြေသွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ တာအိုအမှတ်အသားများ ရောယှက်နေပြီး လမ်းကြောင်းအားလုံးကို ချုပ်နှောင်ထားခဲ့၏။

"ဝုန်း"

ပြင်းပြင်းထန်ထန် ထိပ်တိုက်တွေ့ဆုံပြီးနောက် အားကောင်းသော စွမ်းအင်လှိုင်းများ ဖြာထွက်လာတော့သည်။

လင်ယွမ်၏ လက်ဝါးကြောင့် အရိုးစုအရိုးနဂါးကြီး ကွဲကြေသွားကာ အဖြူရောင်အရိုးများ ကွဲအက်ကွဲလွင့်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ထျန်းမင်ကျစ်လည်း သွေးအန်ပြီး ဆုတ်သွားခဲ့ရ‌သည်။

"နတ်ဆိုးသုတ်သင်ဝင်္ကပါ"

ထျန်းမင်ကျစ် အော်ဟစ်လိုက်၏။ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်မှုဝင်္ကပါတစ်ခုဖြစ်လာပြီး မရေမတွက်နိုင်သော သရဲစစ်သည်များနှင့် နတ်ဆိုးများ ထွက်ပေါ်လာတော့သည်။

လင်ယွမ်၏ မျက်နှာကတော့ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူ့ခန္ဓာကိုယ်မှ အဆုံးမဲ့ အေးစက်စက် အလင်းများ ပေါ်နေခဲ့သည်။

သူမက လက်ဟန်သင်္ကေတပြုလုပ်ပြီး တံဆိပ်တော်တစ်ခုကို ဖွဲ့စည်းလိုက်၏။ လေဟာပြင်တွင်းမှ အဆုံးမဲ့အလင်းမိုးက ပြင်းထန်သော မုန်တိုင်းတစ်ခုလို ကျဆင်းလာတော့သည်။

ရှန်းလင်းဖူတူ...

မြေပြင်ပြိုကျပြီး ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။

မိုးရေတစ်စက်ချင်းစီက ဥက္ကာခဲတစ်လုံးကဲ့သို့ ကြောက်စရာကောင်းပြီး ကြမ်းတမ်းစွာ တိုက်ရိုက်ဖျက်ဆီးပစ်လိုက်သည်။

ထျန်းမင်ကျစ်သည် အမှောင်ကမ္ဘာမျိုးရိုးမှ ထိပ်တန်းပါရမီရှင်ဖြစ်သော်လည်း လင်ယွမ်၏ လက်ထဲတွင် ခုခံနိုင်စွမ်းမရှိတော့ပေ။

"အခု ငါနင့်ကို အခွင့်အရေးတစ်ခု ပေးနိုင်တယ်။ နင့်ရဲ့ အသိစိတ်ပင်လယ်ကိုဖွင့်ပြီး ကျွန်တံဆိပ် ခတ်နှိပ်ခွင့်ပြုပါ။ ဒါဆိုရင် နင် အသက်ရှင်နိုင်မယ်"

လင်ယွမ်က ပြောလိုက်သည်။

အမှောင်ကမ္ဘာမျိုးရိုးမှ ပါရမီရှင်ကို ကျွန်အမှတ်အသားကို စိုက်ထူရန်မှာ လူတိုင်း တွေးဝံ့သောအရာ မဟုတ်ပေ။

သူ့တွင် ဤစွမ်းရည်ရှိလျှင်ပင် အမှောင်ကမ္ဘာမျိုးရိုး၏ လက်စားချေခြင်းကို ကြောက်ရွံ့နေရဦးမည် ဖြစ်သည်။

သို့ရာတွင် လင်ယွမ်ကတော့ မတူပါ။ သူမ၏ အဆင့်အတန်းအရ အမှောင်ကမ္ဘာမျိုးရိုးကို လုံးဝ မကြောက်ပေ။

"ငါတို့ ပူးပေါင်းနိုင်တယ်"

ထျန်းမင်ကျစ်က အံကြိတ်ကာ ပြောလိုက်သည်။

သူ့စိတ်ထဲမှာတော့ တခြားအစီအစဥ်များ ရှိ၏။

သို့သော်လည်း ယခုအချိန်တွင်၊ ဤသည်က လင်ယွမ်ကို တည်ငြိမ်စေရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။

"ပူးပေါင်းဆောင်ရွက်ဖို့... နင်က ထိုက်တန်လို့လား။ ငါနဲ့ တစ်ပြေးတည်း ရပ်တည်ဖို့ အရည်အချင်းပြည့်မီတဲ့ ယောက်ျားတောင်မှ ဘယ်နှစ်ယောက် ရှိလို့လဲ"

လင်ယွမ်၏ မျက်လုံးများက အေးစက်သွားသည်။

အမှောင်ထဲမှာတော့ ကျွင်းရှောင်ယောက်က တိတ်တဆိတ် စောင့်ကြည့်နေဆဲပင်။

ဤအခိုက်တွင် ကူတိကျစ်က လင်ယွမ်အား အသည်းအသန်လိုက်ခဲ့သော်လည်း မအောင်မြင်ခဲ့ခြင်းကို သူ နားလည်သွားသည်။

ဤမိန်းကလေးက မာနကြီးလွန်းသည်။

'ဒါဟာ စိတ်ကူးယဉ်ကမ္ဘာက အမျိုးသမီးတွေရဲ့ တကယ့်စွမ်းအားများလား'

ကျွင်းရှောင်ယောက်လည်း စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

"လင်ယွမ်၊ သိပ်လွန်မလာနဲ့"

ထျန်းမင်ကျစ်၏ မျက်နှာက သုန်မှုန်လာသည်။

ဤသည်မှာ သူ့အတွက် ပထမဆုံးအကြမ် စွမ်းအားမဲ့သလို ခံစားရခြင်းပင်။

"ကြည့်ရတာ ညှိနှိုင်းစရာမရှိတော့ဘူးပဲ။ ဒါဆိုရင် အပိုစကားတွေ ငါ မပြောတော့ဘူး"

လင်ယွမ်က လက်ဝါးရိုက်ချက် ထုတ်‌ဖော်လိုက်သည်။

ထောင်ပေါင်းများစွာသော တာအိုအမှတ်အသားများ ပြန့်ကျဲသွား၏။ အားကြီးသည့် နတ်ဘုရားစွမ်းအင်များ မြင့်တက်လာပြီး ထျန်းမင်ကျစ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို တိုက်ရိုက်ပေါက်ကွဲသွားတော့သည်။

ထျန်းမင်ကျစ် သေဆုံးသွားမှ လင်ယွမ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"ဒီကျောက်တံခါးနောက်ကွယ်က ဘာလဲ၊ အဲဒါကို တိုက်ရိုက်စူးစမ်းရမှာလား၊ ဒါမှမဟုတ် သေချာအောင် စီစဉ်ပြီးမှ ပြန်လညရမလား"

လင်ယွမ်က တစ်ယောက်တည်း ရေရွတ်လိုက်သည်။

'အချိန်ကျပြီ'

အမှောင်ထဲမှ ကျွင်းရှောင်ယောက်လည်း ယင်းကိုမြင်တော့ စိတ်ထဲမှ ရေရွတ်လိုက်သည်။

သူ စောင့်ဆိုင်းနေတာ ကြာလှပြီ။ ယခုအချိန်ထိ သူ မလှုပ်ရှားပါက ပွဲကြည့်သူတစ်ဦး အမှန်တကယ် ဖြစ်လာနိုင်သည်။

ကျွင်းရှောင်ယောက်ဟာ ဤကျောက်တံခါးနောက်ကွယ်တွင် အခွင့်ကောင်းတစ်ခုရှိရမည်ဟု ယောင်ဝါးဝါး ခံစားမိပေသည်။

ထို့ပြင် သူ့စိတ်ထဲတွင် လက်မှတ်ထိုးဝင်ရန် သတိပေးချက် မရှိသေးပါ။

သူက ဟေးယွမ်ချောက်၏ အနက်ရှိုင်းဆုံး အပိုင်းသို့ အမှန်တကယ် မရောက်သေးကြောင်း ထင်ရှားသည်။

ထိုကျောက်တံခါးနောက်ကွယ်ကမှ ဟေးယွမ်ချောက်၏ လျှို့ဝှက်ချက်တစ်ခု ဖြစ်လိမ့်မည်။

ဆုံးဖြတ်ချက်ချပြီးသည်နှင့် ကျွင်းရှောင်ယောက် တုံ့ဆိုင်းမနေတော့ဘဲ ရှေ့သို့ တိုက်ရိုက်တက်သွားသည်။

"ဟမ်၊ ဘယ်သူလဲ"

လင်ယွမ်၏ မျက်လုံးအကြည့်များက စူးရှလာကာ လှည့်ကြည့်လိုက်၏။

အဖြူရောင်ဝတ်စုံနှင့် လျစ်လျူရှုထားသော ကျွင်းရှောင်ယောက်ကိုမြင်သောအခါ သူ၏ မျက်လုံးအကြည့်က အနည်းငယ် ပြောင်းလဲသွားသည်။

ထိုအကြည့်ထဲတွင် မထင်မှတ်မှုနှင့် အံ့အားသင့်မှုတို့ ပါဝင်နေခဲ့၏။

မထင်မှတ်ခြင်းမှာ ကျွင်းရှောင်ယောက်ကို ဤနေရာသို့လာရန် မမျှော်လင့်ထား၍ ဖြစ်သည်။

အံ့အားသင့်ခြင်းကတော့ ကျွင်းရှောင်ယောက်၏ အရှိန်အဝါကို သူ မခံစားခဲ့ရသောကြောင့်ပင်။

"ငါတို့ ပထမဆုံးအကြိမ်တွေ့ဖူးတယ်လို့ ပြောရမလား၊ ဒါမှမဟုတ် ငါတို့ပြန်တွေ့တာလို့ပဲ ပြောသင့်လား"

ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်သည်။

ဤသည်မှာ လင်ယွမ်နှင့် နတ်သမီးယွမ်တို့၏ ခန္ဓာတစ်ခုနှင့်ဝိညာဉ်နှစ်ခုအကြောင်းကို တိုက်ရိုက် ရည်ညွှန်းသည်။

"ကျွင်းရှောင်ယောက်၊ နင့်ကို ဒီလောက်စောစောတွေ့ဖို့ ငါ မမျှော်လင့်ထားဘူး။ ရှေးဟောင်းလမ်းရဲ့ အဆုံးမှာမှ ငါတို့ ဆုံနိုင်မယ်လို့ ထင်ထားတာ"

လင်ယွမ်၏ လေသံကလည်း မပြောင်းလဲပေ။

ကျွင်းရှောင်ယောက်က သူမ၏မျှော်လင့်ချက်ထက် အနည်းငယ်သာလွန်ကြောင်း ဝန်ခံရမည် ဖြစ်သည်။

အသွင်အပြင်၊ စိတ်နေစိတ်ထားနှင့် ကြံ့ခိုင်မှုပိုင်းအရ သူ့ထက် မနိမ့်ကျသော ဆန့်ကျင်ဘက်အမျိုးသားကို သူမ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

အမှန်ဆိုရလျှင် အနည်းငယ်ပင် သာလွန်သည်။

ဤအရာက မြင့်မားသော အနေအထားတွင် အချိန်အတော်ကြာ ရှိနေခဲ့သည့် လင်ယွမ်အား ထူးဆန်းသလို ခံစားရစေခဲ့သည်။

ဟုတ်ပေသည်၊ ထို့ထက်တော့ မပိုပေ။

သူမက ကျွင်းရှောင်ယောက်ကိုမြင်သည်နှင့် ကြွေဆင်းသွားမည့် မိန်းကလေးမျိုး မဟုတ်ပါ။

လင်ယွမ်၏ နှလုံးသားထဲတွင် ကျွင်းရှောင်ယောက်ကို ပြိုင်ဘက်နှင့် ရန်သူတစ်ဦးအဖြစ် ရှေးယခင်ကပင် မှတ်ယူထားခဲ့ပြီး ဖြစ်သည်။

နောက်ဆုံးတွင် သူတို့ထဲမှ တစ်ယောက်က အင်မော်တယ်ခုံရုံး၏ ဧကရီဖြစ်ပြီး နောက်တစ်ယောက်ကတော့ ကျွင်းမိသားစု၏ အမွေဆက်ခံသူပင်။

သူတို့နှစ်ဦးက သက်ဆိုင်ရာ အင်အားစုများအတွက် တိုက်ပွဲဝင်ရန် ရည်မှန်းထားသော ကံကြမ္မာရန်သူများ ဖြစ်သည်။

ကျွင်းရှောင်ယောက်လည်း အနည်းငယ် အံ့သြသွားသည်။

ဤသည်မှာ ထူးခြားမှုမရှိသောလေသံနှင့် သူ့ကိုဆက်ဆံနိုင်သော အမျိုးသမီးကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။

ပြိုင်ဘက်တစ်ဦးနှင့်တွေ့သည့် ခံစားချက်ကိုလည်း ခံစားလိုက်ရပေသည်။

ဤခံစားချက်က ကျွင်းရှောင်ယောက်ကို အတော်လန်းဆန်းသွားစေသည်။

"ဘာလဲ၊ ကျွင်းရှောင်ယောက်... နင်က နတ်သမီးယွမ်အတွက် တရားမျှတမှုကို ရှာချင်လို့လား"

လင်ယွမ်က ကျွင်းရှောင်ယောက်ကို မေးလိုက်သည်။

"မင်းကို ဖိနှိပ်မှပဲ သူ့ရဲ့ လွတ်လပ်မှုကို ငါယူပေးနိုင်လိမ့်မယ်"

ကျွင်းရှောင်ယောက်က ပြောသည်။

"အိုး၊ ပန်းပွင့်ပေါင်း ထောင်ချီကိုမထိဘဲ ဖြတ်ကျော်လာခဲ့တယ်လို့ သတင်းကြီးတဲ့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်မှာလည်း တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့နေ့ ရှိလာမယ်လို့ မမျှော်လင့်ထားဘူး"

လင်ယွမ်၏ မျက်လုံးများက အရောင်လက်သွားသည်။

ကျွင်းရှောင်ယောက်က နတ်သမီးယွမ်နှင့် ချစ်ကြိုက်နေသည်။

ဤသည်မှာ သူမကို ချစ်မိနေခြင်းနှင့် အတူတူပဲ မဟုတ်လား။

"ငါက ဖြူစင်ပြီး ကြင်နာတတ်လို့ တခြားသူတွေကို ကူညီဖို့ ဆန္ဒရှိတယ်လို့ပြောရင် ဘာဖြစ်မလဲ"

ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်၏။

ဤလင်ယွမ်က သူ့ကို စမ်းသပ်နေသည်။

သို့ရာတွင် လင်ယွမ်မှ သူ့ကိုမြင်နိုင်ရန် မည်သို့ ဖြစ်နိုင်ပါမည်နည်း။

"ဒီဧကရီက နတ်သမီးယွမ်ရဲ့ သေခြင်းရှင်ခြင်းကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်တယ်ဆိုတာ နင်သိထားသင့်တယ်"

လင်ယွမ်က ကျောက်စိမ်းလက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ သူမက သွယ်လျသောလက်ချောင်းများကို အနည်းငယ် လှုပ်ရှားလိုက်၏။

"တကယ်ပဲလား၊ ဒါပေမဲ့ အခုလောလောဆယ်တော့ အရေးကြီးတဲ့အရာကို အရင် အာရုံစိုက်ကြည့်ရအောင်"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာကာ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

နတ်သမီးယွမ်က သူ၏ သေခြင်းရှင်ခြင်းကို လင်ယွမ်မှ ထိန်းချုပ်နိုင်သည်ဟု သူ့ကို မပြောခဲ့ပေ။

သူစိတ်ပူနေမှာ စိုးလို့လား။

လင်ယွမ်က ကျောက်တံခါးဘက်ကို အကြည့်လွှဲလိုက်သည်။

သူကိုယ်တိုင်လည်း ယခုအချိန်တွင် ကျွင်းရှောင်ယောက်နှင့် သေသည်အထိ မတိုက်ခိုက်ချင်သေးပေ။ ယင်းက အဓိပ္ပာယ်မဲ့သည်။

သူတို့နှစ်ယောက်စလုံး ခဏတာတိတ်ဆိတ်သွားပြီး ကျောက်တံခါးကို ဂရုတစိုက် ကြည့်လိုက်သည်။

ထိုအချိန်တွင် ဒေါသအပြည့်နှင့် စကားသံတစ်ခု ရုတ်တရက် ပေါ်လာသည်။

"လင်ယွမ်အပြင် မင်း ကျွင်းရှောင်ယောက်လည်း ရောက်လာမယ်လို့ ငါ မမျှော်လင့်ထားဘူး။ ကောင်းတယ်၊ မင်းတို့ ခွေးနှစ်ကောင်စလုံး ငရဲပြည်ကို အတူတူသွားရလိမ့်မယ်"

ထိုစကားသံ‌ကြောင့် လင်ယွမ်နှင့် ကျွင်းရှောင်ယောက် ပြိုင်တူ လှည့်ကြည့်လိုက်၏။

စကားပြောလာသူမှာ သေဆုံးသွားပြီဖြစ်သော ထျန်းမင်ကျစ် ဖြစ်သည်။

"အမှောင်ကမ္ဘာမျိုးရိုးရဲ့ ပြန်လည်ဝင်စားခြင်းကျင့်စဉ်လား"

လင်ယွမ်က ချက်ချင်း တုံ့ပြန်ခဲ့သည်။

သို့သော်၊ မမီတော့ပေ။

"သေစမ်း"

ထျန်းမင်ကျစ်က သော့တံနှင့်တူသော အရာတစ်ခုကိုထုတ်ယူပြီး စွမ်းအင် သွန်းလောင်းထည့်လိုက်သည်။

ကျောက်တံခါးက တဒုန်းဒုန်း တုန်ခါလာပြီး ရုတ်တရက် ပွင့်သွား၏။

ကြွယ်ဝသော ပြန်လည်ဝင်စားခြင်း စွမ်းအားများ ထွက်ပေါ်လာတော့သည်။

ချက်ချင်းဆိုသလို ကြောက်စရာကောင်းသော ဆွဲအားတစ်ခု ထွက်ပေါ်လာပြီး လင်ယွမ်နှင့် ကျွင်းရှောင်ယောက်ကို ဖုံးလွှမ်းသွားခဲ့သည်။

ကျောက်တံခါးနောက်ကွယ်က ရောင်စုံ ပုံရိပ်ယောင်များနှင့် မတည်ရှိသကဲ့သို့ မရေမတွက်နိုင်သောကမ္ဘာများ ရောယှက်နေပုံပင်။

"ဒါက အမှောင်ကမ္ဘာရဲ့ ဆမ်ဆာရာမျက်လုံးပဲ။ ရှေးခေတ် အမှောင်ကမ္ဘာမှာ အမှောင်ကမ္ဘာဘုရင်ဖြစ်ဖို့ ကောင်းကင်ကိုဆန့်ကျင်တဲ့ အရည်အချင်းရှိသူတွေကို စွမ်းသပ်ရအောင် အသုံးပြုခဲ့တာ။ မင်းတို့မှာ ဒီလိုစွမ်းရည်မျိုး ရှိမလားဆိုတာ ငါသိချင်မိတယ်"

ထျန်းမင်ကျစ်က အေးစက်စက်ဖြင့် ပြုံးလိုက်သည်။

လင်ယွမ်က သူ့ကို တစ်ကြိမ်သတ်ခဲ့၍ ပြန်လည်ဝင်စားခြင်းကျင့်စဉ်ကို အသုံးပြုနိုင်သည့် တစ်ခုတည်းသောအခွင့်အရေးကို ဆုံးရှုံးခဲ့ပေသည်။

သို့သော်…

ကျွင်းမိသားစုက အမှောင်ကမ္ဘာမျိုးရိုးနှင့်လည်း ကွဲလွဲမှုများရှိခဲ့ပြီး အနာဂတ်တွင် အချင်းချင်း ရင်ဆိုင်ရန် ရည်မှန်းထားခဲ့ပြီး ဖြစ်သည်။

ယခုတော့ အင်အားကြီးပြိုင်ဘက်နှစ်ယောက်ကို တစ်ကြိမ်တည်းနှင့် ချေမှုန်းပစ်လိုက်နိုင်သောကြောင့် ထျန်းမင်ကျစ် ပို၍ အားရကျေနပ်သွားတော့သည်။

ကျွင်းမိသားစု၏ နတ်ဘုရားသားတော်နှင့် အင်မော်တယ်ခုံရုံး၏ သမီးတော်က သူတစ်ယောက်တည်းကြောင့် သေဆုံးသွားကြသည်။

ဤဂုဏ်သိက္ခာမျိုး အခြားဘယ်သူ့မှာမှ မရှိနိုင်တော့‌ပေ။

All Chapters