အခန်း ၇၃၄
Vol. 49 Ch. 734
အခန်း ( ၇၃၄ ) ဆမ်ဆာရာမျက်လုံးထဲသို့ ကျရောက်ခြင်း၊ နောက်ကွယ်မှ အင်အားစုများ၏ တုံ့ပြန်မှု။
ကျောက်တံခါးနောက်ကွယ်ရှိ အမှောင်ကမ္ဘာမှ ဆမ်ဆာရာမျက်လုံးသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူအားကို ထုတ်လွှတ်နေခဲ့သည်။
ပြန်လည်ဝင်စားခြင်းစွမ်းအားများက ကျွင်းရှောင်ယောက်နှင့် လင်ယွမ်ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားခဲ့၏။
"ထျန်းမင်ကျစ်၊ နင် သေချင်နေတာပဲ"
လင်ယွမ်၏ မျက်လုံးများက အေးစက်စက်အလင်းတို့ လင်းလက်နေသည်။ ဒေါသကြောင့် သူမ၏ ခန္ဓာကိုယ်လေးက တဆတ်ဆတ်တုန်နေသလို ထျန်းမင်ကျစ်ကို သတ်ဖြတ်လိုစိတ်တို့ ပေါက်ကွဲထွက်ပေါ်နေခဲ့၏။
သို့သော်လည်း အမှောင်ကမ္ဘာ၏ ဆမ်ဆာရာမျက်လုံးက ကြောက်စရာကောင်းလွန်းသည်။
ထိုအထဲတွင် နစ်မြှုပ်သွားသည်နှင့် လွတ်မြောက်ရန် ဖြစ်နိုင်ခြေ မရှိသလောက် နည်းပါး၏။ ထိုအထဲတွင် ပါဝင်ပြီး ပြန်လည်ဝင်စားခြင်း စမ်းသပ်မှုများကို ကျော်ဖြတ်ခြင်းသာ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။
ဤသည်မှာ အမှောင်ကမ္ဘာမျိုးရိုး၏ စမ်းသပ်မှုဆိုလျှင်လည်း မမှားပေ။
လင်ယွမ်ကဲ့သို့ သန်မာသူတစ်ယောက်ပင်လျှင် ရုန်းထွက်ရန် နည်းလမ်းမရှိပါ။
"လင်ယွမ်နဲ့ ကျွင်းရှောင်ယောက်... မင်းတို့ အေးအေးဆေးဆေး ပျောက်ကွယ်သွားနိုင်ပါပြီ"
ဆမ်ဆာရာမျက်လုံးထဲသို့ တဖြည်းဖြည်းချင်း ဆွဲခေါ်ခံနေရသော ကျွင်းရှောင်ယောက်နှင့် လင်ယွမ်ကိုကြည့်ကာ ထျန်းမင်ကျစ်၏ မျက်လုံးများက ကျေနပ်မှု၊ ဂုဏ်ယူမှု အရိပ်အမြွက်တို့ ပေါ်လွင်လာခဲ့သည်။
ထျန်းမင်ကျစ်က သူတို့နှစ်ယောက်ကို လမ်းရှာကျောက်အဖြစ် အသုံးချပြီး စမ်းကြည့်နိုင်ပေသည်။
ထို့နောက် ပို၍လုံခြုံသော အခြားနည်းလမ်းများကို ထုတ်ဖော်နိုင်သည်။
ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကိုလည်း ဆမ်ဆာရာမျက်လုံး၏ စွမ်းများက ရစ်ပတ်ထားသည်။
သူက ထျန်းမင်ကျစ်ကို အေးစက်စက်ဖြင့် ကြည့်လိုက်၏။
သူ့ကိုဆန့်ကျင်ပြီး ကြံစည်ဝံ့သူများဟာ အများအားဖြင့် ဆိုးဆိုးရွားရွား အဆုံးသတ်ရသည်။
ကျွင်းရှောင်ယောက်နှင့် လင်ယွမ်တိုကို ဆမ်ဆာရာမျက်လုံးထဲသို့ ဆွဲသွင်းလိုက်သည့်အခိုက်အတန့်မှာ...
ကျွင်းရှောင်ယောက်က လက်ညိုးတစ်ချက်ညွှန်လိုက်သည်။ သူ့နောက်ကွယ်တွင် ဓားသဏ္ဍာန် အရွက်ကိုးရွက်ပါသော မြက်ပင်လေးတစ်ပင် ပေါ်လာခဲ့၏။
ရွက်လွှာကိုးခုမြက်ဓားသိုင်း...
"ရွှပ်"
ထက်ပြီး အလွန်ပြင်းထန်သည့် ဓားအလင်းက လေဟာပြင်ကို ဖြတ်သန်းသွားခဲ့သည်။
စက္ကန့်ပိုင်းအတွင်း...
ထျန်းမင်ကျစ်၏ မျက်နှာပေါ်မှ အပြုံးက ရုတ်တရက် အေးခဲသွားသည်။
သူ့လည်ပင်းတွင် သေးငယ်သော သွေးစီးကြောင်းတစ်ခု ထွက်ပေါ်လာခဲ့၏။
ထို့နောက်မှာတော့ သူ့ဦးခေါင်းက မြေပေါ်ကို ပြုတ်ကျသွားတော့သည်။
တစ်ချိန်တည်းမှာပဲ ရှေးဦးဝိညာဉ်က ဓားစွမ်းအင်ကြောင့် ပျက်သုဉ်းသွားခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသော လင်ယွမ်၏ မျက်လုံးများမှာလည်း အံ့အားသင့်မှုတို့ ပေါ်လာခဲ့လေသည်။
ဤအခြေအနေမျိုးမှာ သူမသည်ပင် မည်သည့်နည်းလမ်းကိုမျှ မပြသနိုင်ပါ။
ကျွင်းရှောင်ယောက်ကတော့ လှုပ်ရှားနိုင်ခဲ့ပြီး ထျန်းမင်ကျစ်ကိုပင် ချက်ချင်းပင် သတ်နိုင်သည်။
လင်ယွမ် မသိသည်က...
ကျွင်းရှောင်ယောက်သည် ထျန်းမင်ကျစ်ကို ချက်ချင်းသတ်ရန် စွမ်းအားရှိသည့်အပြင်...
ဆမ်ဆာရာမျက်လုံးကိုပင် ဖယ်ရှားနိုင်သည်။
အကြောင်းပြချက်ကတော့ လွန်စွာ ရိုးရှင်းပေသည်။ ကျွင်းရှောင်ယောက်တွင် ပြန်လည်ဝင်စားခြင်း အင်မော်တယ်စွမ်းအင် ရှိသည့်အပြင်၊ ပြန်လည်ဝင်စားခြင်း နတ်ဘုရားသိုင်းလည်း တတ်မြောက်ထားခဲ့သည်။
ထို့ကြောင့်ပင် ဆမ်ဆာရာမျက်လုံးက သူ့ကို ချုပ်နှောင်ထားရန် မဖြစ်နိုင်ပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်က ထွက်ခွာရန် မရွေးချယ်ခဲ့ပါ။
သူ့တွင် စနစ်၏ လက်မှတ်ထိုးဝင်ရန် သတိပေးချက် မရှိသေးချေ။
ထို့ပြင် အမှန်တရားအချို့ကိုရှာဖွေရန် ဟေးယွမ်ချောက်သို့ သူရောက်လာခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် ထွက်သွားရန်မှာ သဘာဝအတိုင်း မဖြစ်နိုင်ပါပေ။
ထျန်းမင်ကျစ်မရှိလျှင်ပင် ကျွင်းရှောင်ယောက်က ဆမ်ဆာရာမျက်လုံးထဲသို့ဝင်ရန် နည်းလမ်းရှာဦးမည် ဖြစ်သည်။
လင်ယွမ်ကတော့ ကျွင်းရှောင်ယောက်ကို သူကဲ့သို့ပင် ဆမ်ဆာရာမျက်လုံး၏ ချုပ်နှောင်မှုမှ မလွတ်နိုင်ဟု အထင်လွဲမှားခဲ့ပေသည်။
ဤသို့ဖြင့် လင်ယွမ်နှင့် ကျွင်းရှောင်ယောက်တို့ နှစ်ဦးစလုံးဟာ ဆမ်ဆာရာ မျက်လုံးထဲသို့ လုံးလုံးလျားလျား ကျရောက်သွားခဲ့သည်။
ထိုအခါမှာတော့ ကျောက်တံခါးလည်း ပြန်ပိတ်သွားတော့သည်။
လင်ယွမ်နှင့် ကျွင်းရှောင်ယောက်တို့ ဆမ်ဆာရာမျက်လုံးထဲသို့ ပျောက်ကွယ်သွားသောအချိန်မှာပင်...
နတ်အလင်းများ ပြည့်နှက်နေပြီး ကောင်းကင်နန်းတော်ကဲ့သို့ ရှေးဟောင်း နန်းတော်တစ်ခုတွင် ပျင်းရိပျင်းတွဲ အသံတစ်ခု ထွက်ပေါ်လာသည်။
"လင်ယွမ်ရဲ့ အရှိန်အဝါက အဆုံးစွန်ရှေးဟောင်းလမ်းကနေ ပျောက်ကွယ်သွားခဲ့ပြီ။ အမှောင်ကမ္ဘာနဲ့ပတ်သက်တဲ့ သဲလွန်စအချို့ကို သူ တွေ့ခဲ့ပုံရတယ်"
"ငါတို့ စိတ်ပူစရာမလိုပါဘူး။ လင်ယွမ်မှာ ကိုယ်ပိုင်အစီအစဉ်တွေရှိတယ်၊ ငါတို့ရဲ့ ဝါဟွမ်မျိုးရိုး ထွန်းတောက်ဖို့က ဒီမျိုးဆက်မှာ သူ့အပေါ်ကို မူတည်တယ်"
"ဒါပေမယ့် နှမြောစရာတစ်ခုကတော့ သူ့အရိပ်က မသိနားမလည်လွန်းတာကြောင့် ဖူရှီအင်မော်တယ်မျိုးရိုးနဲ့ ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အခုအချိန်အထိ မအောင်မြင်နိုင်သေးဘူး"
"ကိစ္စမရှိပါဘူး၊ ဒါက အလျင်စလိုဖြစ်စရာ မလိုဘူး။ သူရဲကောင်းဆိုတာ အခက်အခဲတွေကြားမှာမှ မွေးဖွားလာကြတာ။ ကမ္ဘာခြားက လုံးလုံးလျားလျား လှုပ်ရှားတဲ့အခါ အင်မော်တယ်နယ်မြေကြီးက သူရဲကောင်းတစ်ယောက်ကို သဘာဝအတိုင်း လိုအပ်လာလိမ့်မယ်"
"နောက်ပြီးတော့ အဲဒီအချိန်ကျရင်.... ငါတို့ အင်မော်တယ်ခုံရုံးက အဲဒီသူရဲကောင်းပဲပေါ့"
…………
အခြားတစ်ဖက်မှာလည်း ကျွင်းမိသားစုတွင်...
ဘိုးဘေးဆယ့်ရှစ်နှင့် အခြားသူများက ကျွင်းရှောင်ယောက်၏ အရှိန်အဝါ ပျောက်ကွယ်သွားတာကို သတိပြုမိခဲ့ကြသည်။
ယင်းက မသိနိုင်သော နေရာတစ်ခုကို ရုတ်တရက် ရောက်ရှိသွားသကဲ့သို့ပင်။
"ငါတို့ ဘာမှ စိတ်ပူစရာ မလိုပါဘူး။ ရှောင်ယောက်က သူ့အဖေထက်တောင် ပိုတော်တယ်။ ငါတို့ လူအိုကြီးတွေသာ ရှေးဟောင်းလမ်းက သတင်းတွေကို နားစွင့်ရင်း ရူးချင်နေတာ"
ဘိုးဘေးဆယ့်ခြောက်က ပြုံးလိုက်သည်။
ကျွင်းမိသားစု၏အင်အားဖြင့် အဆုံးစွန် ရှေးဟောင်းလမ်းတွင် ကျွင်းရှောင်ယောက် ဖန်တီးခဲ့သော တောက်ပသည့် လုပ်ရပ်အားလုံးကို သဘာဝအတိုင်း သိကြသည်။
ကျွင်းရှောင်ယောက်၏ စွမ်းဆောင်မှုများက ကောင်းမွန်သောကြောင့် သူတို့ စိတ်မပူခဲ့ရပေ။
"မှန်ပါတယ်၊ ဒါပေမဲ့ အရေးကြီးဆုံးကတော့ ရှောင်ယောက်ရဲ့စရိုက်က သူ့အဖေလောက် ကိုယ်ကျိုးမဖက်ဘဲ မကူညီတတ်ဘူး။ ဒါကလည်း ကောင်းပါတယ်၊ တစ်ခါတလေမှာ သူရဲကောင်းဖြစ်ဖို့အတွက် ပေးဆပ်ရတဲ့ တန်ကြေးတွေက ကြီးလွန်းတယ်"
ဘိုးဘေးဆယ့်ရှစ်က သက်ပြင်းချလိုက်၏။
"ကမ္ဘာခြားမှာတော့ လှုပ်ရှားမှုတွေက ပိုပြီးကြီးမားလာတယ်လို့ ကြားတယ်"
ဘိုးဘေးဆယ့်ခြောက်က အနည်းငယ် လေးနက်သော လေသံဖြင့် ပြောသည်။
"ဟုတ်တယ်၊ ဒါကြောင့်ပဲ ဒီတစ်ခါ အဆုံးစွန်ရှေးဟောင်းလမ်းရဲ့ နောက်ဆုံးစမ်းသပ်မှုက အရင်ကထက် ပိုခက်ခဲနိုင်တယ်။ ဒါပေါ့၊ ရှောင်ယောက်ရဲ့ စွမ်းရည်အရ ဒါက ပြဿနာကြီးကြီးမားမား မဟုတ်ဘူး"
"ဟားဟားဟား၊ ကျွင်းမိသားစုအတွက်တော့ ဒါက အခွင့်ကောင်းကြီးတစ်ခုပဲ။ သူရဲကောင်းတွေက ဒုက္ခဆင်းရဲတွေကြားမှာပဲ မွေးဖွားလာကြတာ"
ဘိုးဘေးဆယ့်ခြောက်က ရယ်မောကာ ပြောလိုက်သည်။
အင်မော်တယ်ခုံရုံးအပြင် ကျွင်းမိသားစုနှင့် အခြား ရှေးဟောင်းအင်အားစုများကလည်း သူရဲကောင်းများ ဖြစ်လိုကြသည်မှာ ထင်ရှားသည်။
ဤသူရဲကောင်းမျိုးက အန္တရာယ်များကို မကြောက်မရွံ့ဘဲ အနစ်နာခံသော သူရဲကောင်းတစ်ဦးမျှသာ မဟုတ်ပါ။
အင်မော်တယ်နယ်မြေကြီးကို စိုးမိုးထားမည့် သူရဲကောင်း ဖြစ်သည်။
..........
ဟေးယွမ်ချောက်မှ ဆမ်ဆာရာမျက်လုံးတွင်...
ကျွင်းရှောင်ယောက်နှင့် လင်ယွမ်က ပို၍ စီးဝင်သွားခဲ့သည်။
သူတို့ပတ်ဝန်းကျင်တွင် ကြောက်စရာကောင်းသော မြင်ကွင်းများ မရေမတွက်နိုင်အောင် ပေါ်လာခဲ့၏။
မရေမတွက်နိုင်သောကမ္ဘာများက အလွှာများနှင့် သူတို့ပတ်ဝန်းကျင်တွင် ရောနှောနေပုံရပေသည်။
ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားတစ်ခုက သူတို့၏ ဝိညာဉ်များကို ခွဲထုတ်လိုက်ပုံရသည်။
လင်ယွမ်ကဲ့သို့ သန်မာသူတစ်ဦးပင်လျှင်၊ သူမ၏ဝိညာဉ်က ပြင်းပြင်းထန်ထန် တုန်ခါနေပြီး ဝိညာဉ်ကွဲထွက်သကဲ့သို့ နာကျင်မှုကို ခံစားလာခဲ့ရသည်။
"ကျွင်းရှောင်ယောက်၊ ငါတို့ အတူတူ အလုပ်လုပ်သင့်တယ်လို့ ငါခံစားရတယ်"
လင်ယွမ်က သူ့ရင်ဘတ်ကို လက်နှင့်ဖိရင်း ပြောလိုက်သည်။
"ပူးပေါင်းချင်တာလားလား။ မြင့်မြတ်ပြီး အစွမ်းထက်တဲ့ ဧကရီက တခြားသူတွေနဲ့ ပေါင်းချင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး"
ကျွင်းရှောင်ယောက်က ထူးခြားစွာ ပြုံးလိုက်၏။
လင်ယွမ်၏မျက်နှာက အနည်းငယ် သဘာဝမကျသလို ဖြစ်သွားသော်လည်း လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
"မင်ကျစ်က အရည်အချင်းမပြည့်မီပေမဲ့ နင်ကတော့ အရည်အချင်းပြည့်မီတာကို ငါဝန်ခံရပါလိမ့်မယ်"
"ဝန်ခံရတာလား၊ ဒီနတ်ဘုရားသားတော်က မင်းရဲ့ အသိအမှတ်ပြုမှုကို လိုနေလို့လား။ ယုံချင်ယုံ၊ မယုံချင်နေ... မင်းမရှိရင်တောင် ဒီနတ်ဘုရားသားတော်က အန္တရာယ်ကင်းကင်း ပြန်ထွက်သွားနိုင်တယ်"
ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်သည်။
မွေးစကတည်းက ယခုအချိန်ထိ သူ့ရှေ့တွင် မည်သူမျှ မမောက်မာနိုင်ပေ။
လင်ယွမ်တောင်မှ မရပါ။
သူမ၏ ရှေးဦးဝိညာဉ် စုတ်ပြဲနေသည့် နာကျင်မှုကို ခံစားရတော့ လင်ယွမ် အံကိုကြိတ်ကာ ပြောလိုက်သည်။
"ငါသေရင် နတ်သမီးယွမ်လည်း ချက်ချင်းသေလိမ့်မယ်။ ဒီလို နင်ဖြစ်ချင်လို့လား"
"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား"
ကျွင်းရှောင်ယောက်၏ မျက်နှာက လျစ်လျူရှုထားဆဲပင်။
"ခြိမ်းခြောက်တာမဟုတ်ပါဘူး၊ ဒါက ပူးပေါင်းဆောင်ရွက်မှုတစ်ခုပဲ။ အနည်းဆုံးတော့ ဒီကာလကို အတူတူ ဖြတ်သန်းကြရအောင်"
လင်ယွမ်၏လေသံက အနည်းငယ် ပျော့ပြောင်းသွားသည်။
မတတ်နိုင်ပေ၊ သူမ၏ အခြေအနေက တစ်ဖက်လူထက် ပို၍ ဆိုးရွားသည်။
ဆမ်ဆာရာမျက်လုံး၏ စွမ်းအားက အားကောင်းလွန်း၍ သူမတစ်ယောက်တည်း ထိန်းထားရန် လုံးဝမဖြစ်နိုင်ပေ။
"မှတ်ထားပါ၊ ငါ့ရှေ့မှာ သိပ်ပြီး မဝံ့ကြွားနဲ့"
ကျွင်းရှောင်ယောက် အေးစက်စက်ဖြင့် ပြောလိုက်သည်။
သို့သော်လည်း အဆုံးမှာတော့ သူ သဘောတူလိုက်သေးသည်။
လင်ယွမ်လည်း ခေါင်းညိတ်ပြပြီး သူမ၏ ရှေးဦးဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
သူမ၏ ရှေးဦးဝိဉာဉ်စွမ်းအားက နတ်ဘုရားမ၏ ရှေးဦးဝိဉာဉ်ကဲ့သို့ ရွှေရောင်တောက်နေပေသည်။
'သူက အထူးဝိညာဉ်တစ်ခုဖြစ်ပုံပဲ'
ကျွင်းရှောင်ယောက်၏စိတ်ထဲတွင် တွေးလိုက်မိသည်။
ထို့နောက် သူ၏ ရှေးဦးဝိဉာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်၏။
ကျွင်းရှောင်ယောက် ထုတ်လွှတ်လိုက်သော ရှေးဦးဝိဉာဉ်၏ ကြီးမားသော စွမ်းအားက လင်ယွမ်ကိုပင် အံ့အားသင့်စေခဲ့သည်။
ဤကြီးမားသော ရှေးဦးဝိညာဉ်စွမ်းအားက အဓိပတိတစ်ပါးထက်ပင် များစွာ အားမနည်းပေ။
သူတို့နှစ်ယောက်၏ ရှေးဦးဝိဉာဉ်စွမ်းအားများက ပေါင်းစည်းကာ ဆမ်ဆာရာမျက်လုံးကိုတွန်းလှန်ရန် အတားအဆီးတစ်ခု ဖြစ်လာခဲ့သည်။
ဤတွင် ကျွင်းရှောင်ယောက်က မခံစားရသော်လည်း လင်ယွမ်မှာတော့ သိပ်အဆင်မပြေပေ။
ဤသည်မှာ ရှေးဦးဝိညာဉ်နှင့် ဝိညာဉ်ပေါင်းစပ်ခြင်းမျှသာဖြစ်သော်လည်း၊ ယင်းက လင်ယွမ်ကို ထူးဆန်းသောခံစားချက်ဖြင့် စိတ်မသက်မသာ ဖြစ်စေသည်။
'ဒါက ခဏတာပါပဲက ကျွင်းရှောင်ယောက်၊ ဆမ်ဆာရာမျက်လုံးကနေ ထွက်လာတာနဲ့ နင်နဲ့ငါကြား ပြိုင်ဆိုင်မှုက တရားဝင် စတင်တော့မှာ'
လင်ယွမ်က သူမစိတ်ကို ထိန်းထားပြီး စိတ်ထဲမှ ပြောလိုက်သည်။
သူတို့ရှေ့တွင် တောက်လောင်နေသော အလင်းရောင်တစ်ခု ရုတ်တရက်ပေါ်လာသည်။ နောက်ဆုံးမှာတော့ ကျွင်းရှောင်ယောက်နှင့် လင်ယွမ်တို့ဟာ ဆမ်ဆာရာမျက်လုံး လမ်းကြောင်း၏အဆုံးကို ရောက်လာကြ၏။
တောက်လောင်နေသော အလင်းရောင်အောက်တွင် သူတို့ လုံးဝ သတိလစ်သွားပြီး အမည်မသိနေရာတစ်ခုသို့ ရောက်သွားကြတော့သည်။