← Chapters

အခန်း ၇၃၆

Vol. 50 Ch. 736

အခန်း ၇၃၆

Vol. 50 Ch. 736

အခန်း ( ၇၃၆ ) ပြန်လည်ဝင်စားခြင်းပင်လယ်၊ အတိတ်၏မျိုးစေ့၊ လင်ယွမ်အတွက် ပြစ်ဒဏ်။

အမှောင်ကမ္ဘာ၏ ဆမ်ဆာရာမျက်လုံး စမ်းသပ်မှုက အမှန်တကယ်ပင် ကြောက်စရာကောင်းသည်ဟု ဆိုရမည်။

ပြန်လည်ဝင်စားခြင်းတစ်ရာတွင် ဘစ်ခုစီက အသိစိတ်တစ်မျိုးစီဖြစ်ပြီး လုံးဝ အသစ်အဆန်း ဖြစ်သည်။

ထိုဘဝများမှ အသိစိတ်ကို မနိုးထနိုင်လျှင် ထာဝရ ပြန်လည်ဝင်စားခြင်းသို့ ကျရောက်သွားလိမ့်မည်။

ရှေးဦးဝိညာဉ် လုံးလုံးလျားလျား ပျက်သုဉ်းသွားသည့်တိုင်အောင်၊ ဘယ်တော့မှ ပြန်လည်နိုးထနိုင်တော့မည် မဟုတ်ပေ။

ဤသည်မှာ စိတ်ဆန္ဒနှင့် တာအိုနှလုံးသား၏ စမ်းသပ်မှုကြီးတစ်ခု ဖြစ်သည်။

ပြန်လည်ဝင်စားချိန်ကြာလေ၊ နိုးထနိုင်ခြေက နည်းပါးလေလေပင်။

ရှေးခေတ်က ဤအရာကို အမှောင်ကမ္ဘာမှ ကောင်းကင်ဘုံကို အံတုနိုင်သော အရည်အချင်းဖြင့် အမှောင်ဘုရင်ဖြစ်လာနိုင်သူအား စမ်းသပ်ရန် အသုံးပြုခဲ့သည်။

အမှောင်ဘုရင်မှ အမှောင်ဘုရင်က ဘယ်အဆင့်တွင် ရှိသနည်း။

အနည်းဆုံးတော့ ယင်းက မဟာဧကရာဇ်အဆင့်တွင် ရှိသည်။

အမှောင်ဘုရင်မျိုးရိုးမှ ကိုးကွယ်သော လက်တစ်ဖက် အမှောင်ဘုရင်သည်လည်း ဒဏ္ဍာရီလာ ဧကရာဇ်တစ်ပါး ဖြစ်ချေသည်။

ဆမ်ဆာရာမျက်လုံးကို ဖြတ်ကျော်နိုင်ခြင်းက ကျွင်းရှောင်ယောက်တွင် ဧကရာဇ်ဖြစ်လာရန် အ‌ရည်အချင်းရှိသည်ဟု ဆိုသည်။

သို့သော်လည်း ဤသည်က အထူးအဆန်းတော့ မဟုတ်ပါ။ ကျွင်းရှောင်ယောက်က သူ့အရည်အချင်းကို သက်သေပြခဲ့တာ ကြာခဲ့ပြီ ဖြစ်သည်။

'ဆမ်ဆာရာမျက်လုံးရဲ့ စမ်းသပ်မှုက တကယ်ကို ထူးထူးခြားခြားပါပဲ။ အနာဂတ် သက်မဲ့ဆုဒြာကို လက်မှတ်ထိုးဝင်ပြီး မျိုးဆက်သုံးခု ရှေးဦးဝိညာဉ် အင်မော်တယ်ကျမ်း အပြည့်အစုံကိုသာ မစုဆောင်းခဲ့ဘူးဆိုရင်... ငါ့ကိုယ်ပိုင်စွမ်းရည်နဲ့ ဒီပြန်လည်ဝင်စားခြင်းတွေကနေ နိုးထဖို့ အချိန်အများကြီးယူရလိမ့်မယ်'

ကျွင်းရှောင်ယောက်က သူ့ဘာသာသူ တွေးလိုက်မိသည်။

သူ ဤမျှမြန်မြန် နိုးထနိုင်ရခြင်း၏ အကြောင်းရင်းက မျိုးဆက်သုံးခု ရှေးဦးဝိညာဥ် အင်မော်တယ်ကျမ်း အပြည့်အစုံအပြင်၊ သူ၏ ရှေးဦးဝိဉာဉ်ကိုကာကွယ်ပေးသော လွမ်ကုဧကရာဇ်အဆောင်တစ်ပိုင်းလည်း ရှိသောကြောင့် ဖြစ်သည်။

ထိုအချက်နှစ်ချက်ကြောင့် ကျွင်းရှောင်ယောက်ဟာ ပို၍မြန်မြန် နိုးထနိုင်ခဲ့ခြင်း ဖြစ်ချေသည်။

မဟုတ်ဘဲ ကျွင်းရှောင်ယောက်၏ဓားက မကျရောက်ခဲ့လျှင် ဘဝသစ်တစ်ခုကို ဆက်လက် ကျရောက်သွားလိမ့်မည်။

သတိပြန်လည်လာပြီးနောက် ကျွင်းရှောင်ယောက်ဟာ ကျယ်ပြောလှသော ပင်လယ်ပြင်ပေါ်တွင် ရပ်နေမှန်း သိလိုက်ရသည်။

ဤသည်မှာ သာမန်ပင်လယ်မဟုတ်ဘဲ ပြန်လည်ဝင်စားခြင်း ပင်လယ်တစ်ခု ဖြစ်၏။

ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ လှိုင်းလုံးတိုင်းက ပြန်လည်ဝင်စားခြင်း၏ ပုံရိပ်ကို ထင်ဟပ်စေသည်။

ကျွင်းရှောင်ယောက်လည်း ထာဝရသင်္ချိုင်းကမ္ဘာရှိ သက်ရှိအားလုံး၏ ပြန်လည်ဝင်စားခြင်းရေကန်ကို တွေးလိုက်မိလေသည်။

ထိုရေကန်ကို အဆပေါင်း မရေမတွက်နိုင်အောင် ချဲ့ထွင်လိုက်လျှင် ဤပင်လယ်မျိုး ဖြစ်လာတော့မည် မဟုတ်လော။

'မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ သင်္ချိုင်းကမ္ဘာက အမှောင်ကမ္ဘာနဲ့လည်း ပတ်သက်နိုင်တယ်'

'ထာဝရသင်္ချိုင်းမှာရှိတဲ့ သက်ရှိတိုင်းက သေဆုံးခြင်းကနေ မွေးဖွားလာကြတာ။ ဒါက အမှောင်ကမ္ဘာမှာ ရှိသင့်တဲ့ပုံစံပဲ'

ကျွင်းရှောင်ယောက်က တစ်ယောက်တည်း တွေးလိုက်သည်။

ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် လျှို့ဝှက်ချက်များစွာ ရှိနေသည်ဟု ဆိုရမည် ဖြစ်သည်။

များများသိလေလေ၊ တွေးစရာများက ပိုများလေလေပင်။

ကျွင်းရှောင်ယောက်က အနည်းငယ် ငုံ့ကြည့်လိုက်သောအခါ ပင်လယ်ထဲတွင် လှိုင်းလုံးများနှင့်အတူ လွင့်မျောနေသည့် လှပသောရုပ်သွင်ကို တွေ့လိုက်ရသည်။

ထိုရုပ်သွင်က လင်ယွမ်။

ယခုအချိန်တွင် လင်ယွမ်က သူမ၏ လှပသော မျက်လုံးများကို တင်းတင်းမှိတ်ထားသည်။ သူမ၏ အချိုးအစားကျနသော ခန္ဓာကိုယ်က လှိုင်းလုံးများပေါ်တွင် နိမ့်လိုက်မြင့်လိုက် လှုပ်ရှားနေလေသည်။

သူမ၏ နူးညံ့သော ခန္ဓာကိုယ်ကို ရိုက်ခတ်နေသော လှိုင်းလုံးတိုင်းက ပြန်လည်ဝင်စားခြင်း ဖြစ်သည်။

ကျွင်းရှောင်ယောက် ရုတ်တရက် နားလည်သွားသည်။

သူသည်လည်း ပြန်လည်ဝင်စားခြင်းပင်လယ်ထဲမှ ဤလှိုင်းတံပိုးများဖြင့် နှစ်ခြင်းခံခဲ့ရသင့်သည်။

လှိုင်းတံပိုးတိုင်းက သံသရာတစ်ခု ဖြစ်ချေသည်။

ကျွင်းရှောင်ယောက်က လှိုင်းလုံးတစ်ရာတွင် နိုးထလာခဲ့သည်။

လင်ယွမ်ကတော့ သံသရာလှိုင်းလုံးကြီးထဲတွင် မျောပါနေဆဲပင်။

ပြန်လည်ဝင်စားခြင်းလှိုင်းများတွင် မျောပါနေသော လှပသောရုပ်သွင်ကိုကြည့်ပြီး ကျွင်းရှောင်ယောက်၏ မျက်လုံးများက အနည်းငယ် အေးစက်သွားခဲ့သည်။

သူ့ကို တစ်ခါတည်း သတ်ပစ်လိုက်ရမလား။

ဤအခိုက်အတန့်တွင် လင်ယွမ်ဝတ်ဆင်ထားသော နှင်းဖြူအဝတ်အစားများက ပင်လယ်လှိုင်းများကြောင့် စိုစွတ်ပြီး အသားကပ်သဖွယ်ဖြစ်၍ လှပသည့် ခန္ဓာကိုယ်ကောက်ကြောင်းများအား ဖော်ပြသည့်နှယ် ဖြစ်နေသည်။

ထိုအခါ ပြန့်ပြူးပြီး မို့မောက်သော၊ ချိုင့်ခွက်ပြီး ဖြောင့်စင်းသော မြင်ကွင်းများက လှပစွာ ပေါ်လွင်နေလေသည်။

သို့သော်လည်း ဝမ်းနည်းဖွယ်အိပ်မက်တစ်ခုကို မြင်မက်နေသကဲ့သို့ သူမ၏ မျက်လုံးများကိုမှိတ်ကာ မျက်မှောင်ကြုတ်ထားသည်။

ဤအခိုက်တွင် သူ့အမူအရာက သူနိုးနေစဥ်အချိန်ကလောက် အေးစက်ပြီး မြင့်မားမှုမျိုး မရှိတော့ပေ။

ထိုအစား အနည်းငယ်တိတ်ဆိတ်ပြီး ငြိမ်သက်နေပုံရသည်။

ကျွင်းရှောင်ယောက်နှင့် လင်ယွမ်တို့က ဆမ်ဆာရာမျက်လုံးထဲကို အတူတူ ဝင်ရောက်ခဲ့ကြသောကြောင့် ဖြစ်နိုင်သည်။

ထို့ကြောင့်ပင် သူတို့က တစ်သက်တာကံကြမ္မာကို အတူတကွ တွေ့ကြုံခံစားခဲ့ကြရပေသည်။

လင်ယွမ်မှ ရှောင်ကျစ်ယွမ်၊ နောက်ဆုံး တောက်ယွမ်ဖြစ်သည်အထိ...

ခြွင်းချက်မရှိဘဲ ဘဝတိုင်းတွင် သူမနှင့် ကျွင်းရှောင်ယောက်က ဝမ်းနည်းကြေကွဲဖွယ် အချစ်ဇာတ်လမ်းမျိုး ရှိခဲ့သည်။ ထိုအချစ်ကလည်း သေဆုံးခြင်းနှင့် ရှင်သန်ခြင်းဖြစ်ပြီး မမေ့နိုင်စရာပင်။

ကျွင်းရှောင်ယောက်ကတော့ ဤကိစ္စကို ဘာမျှ မခံစားရပါ။

ဤဆမ်ဆာရာမျက်လုံးမှ ချစ်ခြင်းမေတ္တာရေးရာများမှာ ထင်ယောင်ထင်မှားများထက် မပိုပေ။ သူက ထိုအရာများကို လုံးဝ နှလုံးသွင်းမည် မဟုတ်ပါ။

ကျွင်းရှောင်ယောက်က တွေးရင်း လင်ယွမ်ထံသို့ လျှောက်လာခဲ့သည်။

သူ့လက်နှစ်ချောင်းကို ဓားတစ်လက်အဖြစ်သုံးပြီး ညွှန်ပြလိုက်၏။

ဓားအလင်းတစ်ခု ပေါ်လာတော့သည်။

သို့သော်၊ လင်ယွမ်ထံသို့ ကျရောက်လာပြီးနောက် ပြန်လည်ဝင်စားခြင်းလှိုင်းကြောင့် ပျက်သုဉ်းသွားခဲ့ရသည်။

"မရဘူးလား"

ကျွင်းရှောင်ယောက် အနည်းငယ် အံ့ဩသွား၏။ ယင်းမှာ ပြန်လည်ဝင်စားခြင်းပင်လယ်၏ အနှောင့်အယှက် ဖြစ်နိုင်သည်။

အခြားသူများက စမ်းသပ်မှု ဖြေဆိုမည့်သူကို မထိခိုက်စေနိုင်ပေ။

"မေ့လိုက်ပါ၊ သူ့ကို အခုသတ်လိုက်တာက နတ်သမီးယွမ်ကို သူနဲ့အတူ သေစေတဲ့အပြင် ဝါဟွမ်အင်မော်တယ်မျိုးရိုးရဲ့ အမျက်ဒေါသကိုလည်း အပြည့်အဝ နှိုးဆွပေးလိမ့်မယ်"

"ငါ့ရဲ့ ကျွင်းမိသားစုက သူတို့ကို မကြောက်ပေမဲ့ အခုက စစ်ခင်းနေရမဲ့ အချိန် မဟုတ်ဘူး"

ကျွင်းရှောင်ယောက်လည်း လင်ယွမ်ကိုသတ်မည့် အစီအစဉ်အား ယာယီ လက်လျှော့လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ လင်ယွမ်အား သူ့ခွန်အားဖြင့် အမြဲလွှမ်းမိုးနိုင်မည်ဟု ယုံကြည်မှုရှိသည်။

သူ့ကို အချိန်မရွေး ကိုင်တွယ်နိုင်ပေသည်။

သို့ရာတွင် သေဒဏ်ကို ရှောင်လွှဲနိုင်သော်လည်း အပြစ်မပေးဘဲတော့ နေမည် မဟုတ်ပါ။

လင်ယွမ်က နောက်ကွယ်တွင် အချိန်အတော်ကြာ ကြံစည်ခဲ့ပြီး နတ်သမီးယွမ်ကိုပင် ခြိမ်းခြောက်ခဲ့သည်။

ကျွင်းရှောင်ယောက်က သူ့ကို လိမ်လည်လှည့်ဖြားခြင်းအား မကြိုက်ပါ။

ခဏစဉ်းစားပြီးနောက် ကျွင်းရှောင်ယောက်၏ မျက်လုံးများသည် စကတ်အောက်မှ လင်ယွမ်၏ နှင်းဖြူခြေထောက်များပေါ်တွင် ကျရောက်လာခဲ့သည်။

တစ်ခုခုကို တွေးနေသလိုမျိုး သူ့မျက်လုံးထဲတွင် အလင်းတစ်ခု လင်းလက်လာခဲ့၏။

သူ့လက်တစ်ချောင်းက လှုပ်ရှားသွားပြီး လင်ယွမ်၏ နှင်းဖြူဖွေးဖွေး အတွင်းကိုင်း ပေါင်ပေါ်တွင် မျဉ်းတစ်ကြောင်း ပေါ်လာတော့သည်။

'မင်းကိုရိုက်လိုက်တိုင်း မင်းရဲ့ အတွင်းပိုင်းပေါင်ပေါ်မှာ မျဉ်းတစ်ကြောင်းရေးဆွဲမယ်။ နောက်ဆုံးမှာ ဖြောင့်မတ်ခြင်း ဖြစ်လာနိုင်မလား ကြည့်ကြတာပေါ့"

ကျွင်းရှောင်ယောက်က ကျေနပ်စွာဖြင့် ကြည့်လိုက်သည်။

သူသည် လင်ယွမ်ထက်စောကာ နိုးထလာပြီး ဆမ်ဆာရာမျက်လုံး၏ စမ်းသပ်မှုအား အောင်မြင်ခဲ့၍ ဤတစ်ကြိမ်တွင် သူမကို အနိုင်ယူသည်ဟု မှတ်ယူနိုင်သည်။

ယင်းက ကောင်းမွန်သောပြစ်ဒဏ် တစ်ခုပင်။

လင်ယွမ်၏ပေါင်ပေါ်တွင် "ဖြောင့်မှန်ခြင်း" စာလုံးကို ရေးဆွဲသည်။

လင်ယွမ်ကဲ့သို့ မာနကြီးသော အမျိုးသမီးတစ်ယောက်သာ သူမ၏ပေါင်ပေါ်တွင် ကျွင်းရှောင်ယောက်က အမှတ်အသားတစ်ခုချန်ခဲ့ကြောင်း တွေ့ရသောအခါ မည်သို့တုံ့ပြန်မည်အား စိတ်ကူးကြည့်ရန် ခက်ခဲသည်။

သို့သော်လည်း ထိုအခိုက်တွင် ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကို အလင်းများက ရုတ်တရက် ဖုံးလွှမ်းသွားသည်။

အလင်းတစ်ရာက အလွှာလိုက် ထပ်သွား၏။

ယင်းက ကျွင်းရှောင်ယောက် တွေ့ကြုံခဲ့ရသည့် ပြန်လည်ဝင်စားခြင်း ဘဝတစ်ရာ ဖြစ်ချေသည်။

အဆုံးတွင်၊ ဘဝတစ်ရာ ပြန်လည်ဝင်စားခြင်း အလင်းများက အတူတကွ ထပ်သွားခဲ့သည်။

ထိုအလင်းများက အတိတ်၏ အငွေ့အသက်များပြည့်နေသော မျိုးစေ့အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"ဒါက..."

ကျွင်းရှောင်ယောက်လည်း လက်တစ်ဖက်ဖြင့် မျိုးစေ့ကို ဖမ်းဆီးဆုပ်ကိုင်လိုက်သည်။

မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်မှ အတိတ် ရှေးဦးဝိညာဉ်က လှုပ်ခတ်သွားသည်ကို သူ ခံစားလိုက်ရ၏။

"ဒါက ဆမ်ဆာရာမျက်လုံး စမ်းသပ်မှု အောင်မြင်တဲ့အတွက် ဆုလာဘ်ဖြစ်မလား"

ကျွင်းရှောင်ယောက်က မှန်းဆလိုက်သည်။

ဤမျိုးစေ့က သူ၏ အတိတ် ရှေးဦးဝိညာဉ်ကို ပုံသွင်းရန်အတွက် များစွာအထောက်အကူဖြစ်လိမ့်မည်။

"ဒါကို အတိတ်ရဲ့မျိုးစေ့လို့ ခေါ်မယ်"

ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။

သူ၏ မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်တွင်၊ ပစ္စုပ္ပန် ရှေးဦးဝိညာဉ်က အပြည့်အဝ ဖွဲ့တည်ပြီးပြီဖြစ်၍ မဟာတာအိုပန်းပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေခဲ့သည်။

အတိတ် ရှေးဦးဝိညာဉ်ကတော့ အှုံ့မှိုင်းနေသည့် မြူတိမ်တစ်ခုပင်။ ယင်းက ပုံသဏ္ဍာန် စတင် ပေါ်ထွန်းလာနေသည့်တိုင် လူသားအသွင်သို့ မပေါင်းစည်းရသေးပေ။

အနာဂါတ် ရှေးဦးဝိညာဉ်ဆိုပါက အစမပြုရသေးဘဲ ဤအတိုင်းရှိနေဆဲ ဖြစ်သည်။

သို့ရာတွင် ကျွင်းရှောင်ယောက်က မျိုးဆက်သုံးခု ရှေးဦးဝိညာဉ် အင်မော်တယ်ကျမ်း၏ ဗားရှင်းအပြည့်အစုံကို ရရှိထားပြီးပြီ။

ထို့ကြောင့်ပင် ပြီးပြည့်စုံသော မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်ကို လေ့ကျင့်နိုင်ရန် အချိန်တစ်ခုသာလိုမည် ဖြစ်သည်။

အတိတ်၏မျိုးစေ့က သူ၏ အတိတ်ရှေးဦးဝိညာဉ် တည်ဆောက်မှုကို အတိုင်းအတာတစ်ခုအထိ အရှိန်မြှင့်ရန် ကူညီပေးနိုင်သည်။

အချိန်တန်သောအခါ ကျွင်းရှောင်ယောက်က အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ရှေးဦးဝိဥာဉ်သုံးပါးတို့ကို ပေါင်းစည်းနိုင်လိမ့်မည်။

သူ၏ ရှေးဦးဝိဥာဉ်က အတိတ်တွင် နေနိုင်သလို အနာဂတ်တွင်လည်း ပေါ်လာနိုင်သည်။

ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်ကို သတ်ဖြတ်ရန်က သာမန်လူများအတွက် ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းထက် ပို၍ ခက်ခဲမည် ဖြစ်သည်။

အချိန်မြစ်ကြီးကို ခြေမလှမ်းနိုင်ပါက သူ၏ အတိတ်နှင့်အနာဂတ် ရှေးဦးဝိညာဉ်ကို ဖျက်ဆီးနိုင်မည် မဟုတ်ပေ။

ထို့ပြင်၊ ကျွင်းရှောင်ယောက်ဟာ သူ၏ အတွင်းစကြဝဠာရှိ ကျိန်စာစွမ်းအားက လုံးလုံးလျားလျား ပျောက်ကွယ်သွားကြောင်း မမျှော်လင့်ဘဲ တွေ့ရှိခဲ့ရသည်။

ယင်းက အတော်ကို အံ့အားသင့်စရာပင်။

ယင်းမှာ ဆမ်ဆရာမျက်လုံး၏ စမ်းသပ်မှုကို အောင်မြင်ခဲ့သောကြောင့် ဖြစ်နိုင်သည်ဟု သူခံစားခဲ့ရသည်။

ဆမ်ဆာရာမျက်လုံးက အမှောင်ကမ္ဘာ၏ နည်းလမ်းတစ်ခုဖြစ်သည်။ ထိုစမ်းသပ်မှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါက ကျိန်စာများကိုလည်း ဖယ်ရှားနိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

'ဒါပေမဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာ ကျိန်စာရဲ့ တကယ့်လျှို့ဝှက်ချက်ကို ငါသိချင်နေတုန်းပဲ'

ကျွင်းရှောင်ယောက်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြန်လည်ဝင်စားခြင်းပင်လယ်၏အဆုံးကို လျှောက်လှမ်းသွားခဲ့သည်။

‌အနောက်ဘက်မှာတော့ လင်ယွမ်က ပြန်လည်ဝင်စားခြင်း လှိုင်းလုံးကြီးများတွင် မျောပါနေဆဲပင်။

သူမက ဘဝတစ်ရာကျော်၏ ရက်စက်ကြမ်းကြုတ်ပြီး ဝမ်းနည်းဖွယ်ကောင်းသော ချစ်ခြင်းမေတ္တာထဲတွင် နစ်မျောနေခဲ့သည်။

"မသွားပါနဲ့၊ အစ်ကိုကျွင်း... ငါ့ကို ထားမသွားပါနဲ့..."

လင်ယွမ်က မျက်လုံးကို တင်းတင်းစေ့မှိတ်ထားရင်း ညည်းညူလိုက်လေသည်။

All Chapters