← Chapters

အခန်း ၇၃၇

Vol. 50 Ch. 737

အခန်း ၇၃၇

Vol. 50 Ch. 737

အခန်း ( ၇၃၇ ) ရှေးဟောင်းမြင့်မြတ်ခန္ဓာကျိန်စာ၏ လျှို့ဝှက်ချက်၊ အသက်တားမြစ်နယ်မြေနှင့် ပတ်သက်‌သည်။

ပြန်လည်ဝင်စားပင်လယ်၏ အဆုံးသို့ ကျွင်းရှောင်ယောက် ရောက်လာသည်။

ပင်လယ်ပြင်ပေါ်တွင် ကျောက်တံခါးတစ်ခု ရှိ၏။

ယင်းမှာ သူတို့ ဝင်ရောက်လာခဲ့သည့် ကျောက်တံခါးနှင့် အတူတူ ဖြစ်သည်။

ကျွင်းရှောင်ယောက်က တံခါးကို တိုက်ရိုက်ဖွင့်ပြီး ဝင်လိုက်သည်။

ခဏအကြာတွင် ကျောက်တံခါးမှ ပြန်ထွက်လာခဲ့၏။

ရုတ်တရက်၊ သူ့လက်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် အမှတ်အသားတစ်ခု ပေါ်လာသည်ကို တွေ့ရှိခဲ့ရသည်။

'ဒါက ဆမ်ဆာရာမျက်လုံး စမ်းသပ်မှုကို ကျော်ဖြတ်ခဲ့တဲ့ သက်သေပဲလား'

ကျွင်းရှောင်ယောက် တွေးကြည့်လိုက်သည်။

သို့ရာတွင်၊ သူ သိပ်ဂရုမစိုက်ပေ။

ကျောက်တံခါးနောက်ကွယ်မှာတော့ ယခင်ကနှင့်မတူဘဲ မှောင်မိုက်နေသော တိုက်ကြီးတစ်ခု ရှိခဲ့သည်။

ကျွင်းရှောင်ယောက်လည်း ဤအတိုင်း ဖြတ်လျှောက်သွားလေသည်။

ကျွင်းရှောင်ယောက်က စမ်းသပ်မှုကို အောင်မြင်ခဲ့သူဖြစ်၍ မည်သည့်အန္တရာယ်ကိုမျှတော့ မတွေ့ခဲ့ရတော့ပါ။

အတွင်းကို ပို၍ နက်နဲသည်နှင့်အမျှ၊ လူဆိတ်ညံသော ဘုံဗိမာန်အချို့ကို သူ မြင်လာခဲ့ရသည်။

ရှည်လျားသောမြစ်များ၊ အရိုးများဖြူ တောင်များ စသည်တို့လည်း ရှိသေးသည်။

ယင်းက အမှောင်ကမ္ဘာမှ ငရဲပြည်မြင်ကွင်းတစ်ခုကဲ့သို့ပင် ဖြစ်သည်။

"အမှောင်ကမ္ဘာက မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ဒါက တကယ်ကို မြေအောက်ကမ္ဘာထဲမှာ ရှိနေပုံရတယ်"

ကျွင်းရှောင်ယောက်က ကြောက်ရွံ့မှုမရှိဘဲ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

ထိုအချိန်တွင် ရှေ့မှ ခြေသံများ ရုတ်တရက် ထွက်ပေါ်လာသည်။

"ဒုန်း... ဒုန်း... ဒုန်း"

ခြေသံများက ဗုံတီးသံကဲ့သို့ မြေပြင်ကို တုန်ခါစေခဲ့၏။

"ဘာတွေဖြစ်နေတာလဲ၊ ဒီမှာ အခြားလူ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ"

ကျွင်းရှောင်ယောက် အံ့အားသင့်သွားသည်။

သူ လှမ်းကြည့်လိုက်သည်။

စစ်သူရဲများစွာတို့ ချီတက်လာတာကို မြင်လိုက်ရ၏။

သူတို့အားလုံးက လေးလံသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကြပြီး လှံများ ကိုင်ဆောင်ထားကြသည်။

သူတို့မျက်နှာများကို အနီးကပ်ကြည့်လိုက်လျှင်တော့ ဖုတ်ကောင်မျက်နှာများကဲ့သို့ ဖြစ်နေကြကြောင်း အံ့ဖွယ်ကောင်းအောင် မြင်တွေ့ရလိမ့်မည်။

ရေဓာတ်ခမ်းခြောက်သလို ခြောက်ကပ်ပြီး မျက်တွင်းများချိုင့်ဝင်ကာ ဖြူဖပ်ဖြူလျော် ဖြစ်ခဲ့သည်။

ဤမြင်ကွင်းက ထူးခြားပြီး လူများကို ခေါင်းမွေးထောင်ထစေနိုင်ပေသည်။

"ယင်စစ်သည်တွေလား"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ၊ ကျွင်းရှောင်ယောက်၏ အားကောင်းသော အရှိန်အဝါက ထိုယင်စစ်သည်များကို ထိတ်လန့်စေခဲ့ခြင်း ဖြစ်မည်။

အားလုံးက အပြောင်းအလဲမရှိသော မျက်နှာသေကြီးများဖြင့် ကြည့်လိုက်သည်။ သူတို့၏ မျက်လုံးများမှာတော့ အစိမ်းရောင် တစ္ဆေမီးလျှံများ တောက်လောင်လျက် ရှိ၏။

သူတို့ထံမှ ကြောက်စရာကောင်းပြီး အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေခဲ့ပေသည်။

ဤသို့ ထောင်ချီသော ယင်စစ်သည်များ၏ စိုက်ကြည့်ခြင်းကို ခံရလျှင် မည်သူမဆို တုန်လှုပ်ချောက်ချားသွားနိုင်သည်။

ကျွင်းရှောင်ယောက်က မျက်မှောင်ကြုတ်ပြီး သူ့လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ သူက နတ်ဘုရားစွမ်းအင်ကို တိတ်တဆိတ် လှုံ့ဆော်လိုက်၏။

ထိုစဉ် ယင်စစ်သည်များ၏ မျက်လုံးအကြည့်က မြှောက်ထားသော ကျွင်းရှောင်ယောက်၏လက်ပေါ်သို့ ကျရောက်သွားကာ အနက်ရောင် အမှတ်အသားကို တွေ့လိုက်ရသည်။

ထိုအခါ အကြည့်ပြန်ရုတ်လိုက်၏။ သူတို့က အဝေးကိုလှည့်ကြည့်ရင်း တဖြည်းဖြည်း ထွက်ခွာကာ ပျောက်ကွယ်သွားတော့သည်။

ဤမြင်ကွင်းကိုမြင်မှ ကျွင်းရှောင်ယောက်လည်း အသင့်ပြင်ထားခြင်းကို ဖြေလျော့လိုက်သည်။

ဤအနက်ရောင် အမှတ်အသားက မည်သူမည်ဝါဖြစ်ကြောင်း သက်သေတစ်ခု ဖြစ်ပုံရပေသည်။

"ကောလဟာလတွေအရ အမှောင်ကမ္ဘာမှာ ယင်စစ်သည် ရှစ်သန်းရှိတယ်။ အထွတ်အထိပ်ကာလမှာ ယင်စစ်သည်တစ်သန်းက နယ်မြေကို ဖြတ်ကျော်သွားရင်...‌ ရှေးဟောင်းကြယ်တစ်ခုလုံးကို သရဲတစ္ဆေအဖြစ် ပြောင်းလဲသွားစေနိုင်တယ်"

ကျွင်းရှောင်ယောက်က တီးတိုး ရေရွတ်လိုက်သည်။

ထို့နောက် သူဟာ ရှေ့သို့ ဆက်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် ထူးဆန်းပြီး ကြောက်စရာကောင်းသည့် မြင်ကွင်းများစွာကို ကြုံတွေ့ခဲ့ရ၏။

အလောင်းကောင်များတောင်နှင့် သွေးပင်လယ်၊ ရာထောင်ချီသော သရဲတစ္ဆေများကို မြင်တွေ့ရခြင်း စသည်ဖြင့်။

နောက်ဆုံးတွင် သူက ကြီးမားပြီး မှောင်မိုက်နေသော နန်းတော်တစ်ခုသို့ ရောက်လာခဲ့သည်။

ဤနန်းတော်မှာ အလွန်ဟောင်းနွမ်းပြီး ခေတ်ကာလများစွာကို ဖြတ်သန်းခဲ့ရပုံရှိပေသည်။

'ဟေးယွမ်ချောက်က အမှောင်ကမ္ဘာရဲ့ စမ်းသပ်စစ်ဆေးမှု နေရာဖြစ်သင့်တယ်။ ဒီနေရာမှာ ကောင်းပေ့ဆိုတဲ့ ရတနာနဲ့ အမွေအနှစ်တွေ မရှိလောက်ပေမဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာ ကျိန်စာနဲ့ပတ်သက်တဲ့ အချက်အလက်တချို့ကိုတော့ တွေ့ရနိုင်တယ်'

ကျွင်းရှောင်ယောက်က စိတ်ထဲမှတွေးကာ အမှောင်နန်းတော်ကို စတင် စူးစမ်းလိုက်သည်။

ထိုအထဲတွင် ဆေးဝါးဖော်စပ်ရာ နေရာများ၊ လေ့ကျင့်ရာနေရာများ၊ အလောင်းမြှုပ်သည့်နေရာများ၊ ပြန်လည်ဝင်စားရေကန်များ စသည်တို့ ရှိ၏။

ကျွင်းရှောင်ယောက်ဟာ ဖြတ်သန်းသွားလာရင်း အရင်းအမြစ်များစွာကိုလည်း ရှာဖွေယူခဲ့သည်။

နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်က နန်းတော်တစ်ခုသို့ ရောက်လာသည်။

"ဒါက ကျင့်စဉ်ကျမ်းတွေကို သိမ်းဆည်းထားတဲ့ နေရာတစ်ခု ဖြစ်သင့်တယ်"

သို့သော်လည်း ကျွင်းရှောင်ယောက် ဝင်‌သွားသောအခါ အတွင်းပိုင်းအပြင်အဆင်က စာအုပ်စင်များနှင့် မတူညီ‌ကြောင်း တွေ့လိုက်ရသည်။

အလယ်ဗဟိုတွင် မရေမတွက်နိုင်သော ပုရွက်ဆိတ်များ ရပ်နေသကဲ့သို့ မှုန်မှုန်လေး ရေးထွင်းထားသည့် ကျောက်စာချပ်တစ်ခုသာ ရှိ၏။ ယင်းကလည်း ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

ကျွင်းရှောင်ယောက်လည်း ရှေ့သို့လှမ်းပြီး ခဏစဉ်းစားကာ ဝိညာဉ်စွမ်းအင် ပို့လွှတ်လိုက်သည်။

တခဏချင်းမှာပင်၊ ကျောက်စာချပ်တစ်ခုလုံးမှ စူးရှတောက်ပသော အလင်းများ ထွက်လာခဲ့၏။

ကျွင်းရှောင်ယောက် စိတ်ထဲတွင်လည်း အချက်အလက်များစွာ ပေါ်လာတော့သည်။

ပြည့်ကျပ်နေသော စာသားများက အလင်းအစက်များကဲ့သို့ သူ့မျက်လုံးရှေ့တွင် ပေါ်လာခဲ့သည်။

ထိုအထဲတွင် ကျိန်စာသွေးအကြောင်းကိုလည်း သဲလွန်စတို့ ရှာဖွေတွေ့ရှိခဲ့ပေသည်။

သို့ရာတွင် နောက်ပိုင်းမှာ တားမြစ်ချက်များ ကြုံခဲ့ရသည်။

တစ်နည်းအားဖြင့် ၎င်းကိုကြည့်ရှုနိုင်ရန် ခွင့်ပြုချက်တချို့ လိုအပ်သည့်ပုံပင်။

ထိုစဉ်၊ ကျွင်းရှောင်ယောက်၏ လက်အနောက်မှ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် အမှတ်အသား ပေါ်လာသည်။

ထိုအခါ ကျောက်စာချပ်က ကျွင်းရှောင်ယောက်ကို ချက်ချင်း ခွင့်ပြုခဲ့ပေသည်။

"ဒါက..."

ကျွင်းရှောင်ယောက်၏ မျက်လုံးများက တဖြည်းဖြည်း ကျဉ်းမြောင်းသွားခဲ့သည်။

အကြောင်းမှာ၊ အဓိက အချက်တစ်ခုကို သူ တွေ့လိုက်ရသောကြောင့်ပင်။

အသက်တားမြစ်နယ်မြေ။

ဤအချက်အလက်များမှ ကျွင်းရှောင်ယောက် သိလိုက်ရသည်။

ကျိန်စာများက အမှောင်ကမ္ဘာမှ ဖန်တီးထားခြင်း မဟုတ်ပါ။

အမှန်မှာ၊ အစပိုင်းတွင် လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုတစ်ခုက အမှောင်ကမ္ဘာသို့ရောက်ရှိလာပြီး ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ကျိန်စာတိုက်ရန်အတွက် အမှောင်ကမ္ဘာနှင့် ပူးပေါင်းရန် တောင်းဆိုခဲ့သည်။

ထိုလျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုက တားမြစ်နယ်မြေတစ်ခုမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်၏။

ထို့ပြင် မြေအောက်ကမ္ဘာတွင်၊ စမ်းသပ်မှုတချို့လုပ်ဆောင်ရန် ဝမ်လင်အစစ်အမှန်သွေး ထုတ်ပေးနိုင်သည့် မူလတစ္ဆေမျိုးရိုးနှင့် မူလနတ်ဆိုးမျိုးရိုးလည်း ရှိသည်။

ဤတွင် မြင့်မြတ်ခန္ဓာသွေးက အဓိကသော့ချက်ဖြစ်ပြီး ၎င်းတို့ အများဆုံး လေ့လာခဲ့သော အရာလည်း ဖြစ်ချေသည်။

"သက်ရှည်ကျွန်း"

ကျွင်းရှောင်ယောက်က အဓိကအချက်အလက်များကို ရှာဖွေခဲ့သည်။

အသက်တားမြစ်နယ်မြေ၊ သက်ရှည်ကျွန်း။

"ဘာပဲပြောပြော မြင့်မြတ်ခန္ဓာကျိန်စာက အသက်တားမြစ်နယ်မြေနဲ့ သက်ဆိုင်တယ်"

ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် အေးစက်စက် အလင်းရောင်တစ်ခု လင်းလက်လာခဲ့သည်။

သူ၏ အတွင်းစကြာဝဠာရှိ ကျိန်စာများကို ဖယ်ရှားလိုက်ပြီဖြစ်သော်လည်း...

ဤထူးဆန်းသောအရာများက အနာဂတ်မှာ ပြန်ဖြစ်မလာပါဟု မည်သူမျှ မပြောနိုင်ပေ။

ကျွင်းရှောင်ယောက်က ခုခံနိုင်လျှင်ပင်...

နောင်ခေတ်များမှ အခြားသော မြင့်မြတ်ခန္ဓာများက ဤကျိန်စာကို ထာဝစဉ်ခံစားကြရမည်လော။

'သဲလွန်စတွေကို သိရပြီဆိုတော့ လွယ်ပါတယ်။ အနာဂတ်မှာ အခွင့်အလမ်းရရင် အသက်တားမြစ်နယ်မြေကို သွားရမယ်'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲ တွေးလိုက်သည်။

နောင်တွင်၊ သူက ရှေးဟောင်းမြင့်မြတ်ခန္ဓာ ကျိန်စာ၏ကိစ္စကို လုံးဝဖြေရှင်းပေးလိမ့်မည်။

မူလတစ္ဆေမျိုးရိုးနှင့် မူလနတ်ဆိုးမျိုးနွယ်တို့ကိုလည်း ဖျက်သိမ်းပစ်ရမည် ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ အတွေးများကိုသာ အပြင်လူများသိပါက အားသင့်သွားကြနိုင်သည်။

အမှောင်ကမ္ဘာ၏ ထူးခြားမှုကို ဘေးဖယ်ထားလျှင်ပင်...

အသက်တားမြစ်နယ်မြေသည် ရှေးပဝေသဏီကတည်းက လူများကို မျက်နှာပျက်စေနိုင်သော တားမြစ်နယ်မြေဖြစ်သည်။

အသက်တားမြစ်နယ်မြေသည် အလွန်ရှေးကျပြီး အလွန်တရာ လျှို့ဝှက်ဆန်းကျယ်မှုများ ပြည့်နှက်လျက် ရှိ၏။ တော်ရုံအဓိပဓိများပင်လျှင် ထိုအထဲကို ခြေတ်လှမ်း မချဝံ့ပေ။

ထိုနေရာမှာ အန္တရာယ်အမျိုးမျိုးရှိသော်လည်း အံ့သြဖွယ်ကောင်းသည့် ရတနာများလည်း ရှိသည်။ ထိုနေရာတွင် ထာဝရအိပ်စက်နေသည့် တားမြစ်ချက်များ ရှိနေသည်ဟူသော ကောလာဟလများပင် ထွက်ပေါ်ခဲ့ဖူးသည်။

အင်မော်တယ် အင်အားစုများပင်လျှင် အသက်တားမြစ်နယ်မြေကို ဆန္ဒရှိတိုင်း မကျူးကျော်ဝံ့ပေ။ မဟုတ်ပါက မကြုံစဖူးသော အကျိုးဆက်များကို ခံစားရနိုင်သည်။

သို့ရာတွင် ကျွင်းရှောင်ယောက်ကတော့ ကိစ္စကြီးကြီးမားမားဟု မထင်ပါ။

သူလုပ်မည်ဟု ဆုံးဖြတ်ထားပါက ရအောင်လုပ်ဦးမှာ ဖြစ်သည်။

ထာဝရသင်္ချိုင်းမြေ၊ အသက်တားမြစ်နယ်မြေ၊ တိုင်းတပါး ကမ္ဘာခြားသို့ ဝင်ရောက်ခြင်း သို့မဟုတ် အကန့်သတ်မဲ့ပင်လယ်ထဲသို့ ဝင်ရောက်ခြင်း စသည်ဖြင့် ...

သူက ဤလုပ်ဆောင်ချက်များကို တစ်ခုပြီးတစ်ခု ပြီးမြောက်အောင် ဆောင်ရွက်လိမ့်မည်။

ကျွင်းရှောင်ယောက်က ထပ်မံရှာဖွေခဲ့သော်လည်း ဤကျောက်စာချပ်မှာတော့ ဘာသတင်းမှ မတွေ့တော့ပါ။

အမှောင်ကမ္ဘာကို ဆက်သွယ်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သူက မည်သူမည်ဝါမှန်း သူ မသိခဲ့ရပေ။

နောက်ဆုံးတွင်၊ ဤသည်က အမှောင်ကမ္ဘာရှိ စမ်းသပ်မှုနေရာ တစ်ခုမျှသာ ဖြစ်သည်။ ဤနေရာတွင် အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိရန် မဖြစ်နိုင်ပေ။

ကျွင်းရှောင်ယောက်က နန်းတော်မှ ထွက်သွားပြီး ရှာဖွေခဲ့သော်လည်း အခြားဘာမှ မတွေ့ခဲ့ရတော့ပါ။

‌နောက်ဆုံးတွင် ဖုန်အလိမ်းလိမ်းတက်နေသော တည်နေရာရွှေ့ပြောင်းခြင်း အစီရင်တစ်ခုကို ရောက်လာခဲ့သည်။

ခဏချင်းပင်၊ ရှေးဟောင်းလမ်း အဆင့်ကိုးဆယ်ကျော်ရှိ ရှေးဟောင်းကြယ်တစ်စင်းကို တယ်လီပို့ခြင်း ခံလိုက်ရတော့သည်။

"ဒီတစ်ခေါက် ရိတ်သိမ်းမှုက မစိုးဘူး"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

မေယုကမ္ဘာ သုံးဆယ့်ခြောက်ကမ္ဘာကို တည်ဆောက်နိုင်ခဲ့သည်။

ဆယ့်နှစ်ခုမြောက် အင်မော်တယ်စွမ်းအင်ကို ဖွဲ့တည်နိုင်ခဲ့၏။

အတိတ်၏မျိုးစေ့နှင့် မျိုးဆက်သုံးခု ရှေးဦးဝိညာဉ် အင်မော်တယ်ကျမ်း အပြည့်အစုံကိုလည်း ရရှိခဲ့သေးသည်။

ရှေးဟောင်းမြင့်မြတ်ခန္ဓာ ကျိန်စာအကြောင်းကိုလည်း ပဏာမ နားလည်မှုတို့ ရှိခဲ့သည်။

ယင်းက ပြီးပြည့်စုံသော ကောင်းချီးတစ်ခုပင်။

"အခု နောက်တစ်ဆင့်ကတော့ တိတ်တဆိတ်လေ့ကျင့်ပြီး အတိတ်ရဲ့မျိုးစေ့ကို သန့်စင်ဖို့ပဲ။ အတိတ်ရဲ့ ရှေးဦးဝိညာဉ်ကို စုစည်းပြီးမှ ရှေးဟောင်းလမ်းရဲ့အဆုံးကို ဆက်လျှောက်မယ်"

ကျွင်းရှောင်ယောက်က လက်နှစ်ဖက်ကိုနောက်ပစ်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။

ဧကရာဇ်လမ်းမှ အဆုံးစွန်ရှေးဟောင်းလမ်းသို့...

ယခုအခါ သူ၏ ပန်းတိုင်နှင့် သိပ်‌မဝေးတော့ပေ။

ကျွင်းရှောင်ယောက်ဟာ နောက်သို့ရောက်လာလေလေ၊ တိုက်ပွဲကလည်း ပို၍ ပြင်းထန်လာမည်ဟု ယောင်ဝါးဝါး ခန့်မှန်းမိခဲ့သည်။

ထို့ကြောင့် သူ့အခြေအနေကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ပြီး ကဏ္ဍပေါင်းစုံမှ အတတ်နိုင်ဆုံး တိုးတက်အောင်လုပ်ရန် လိုသည်။

ထို့နောက်မှာတော့ ဆိတ်ငြိမ်ရာအရပ်ကို ရှာဖွေကာ တိတ်တဆိတ်လေ့ကျင့်ရန် ပြင်ဆင်ရတော့သည်။

တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်မှာ...

ပြန်လည်ဝင်စားပင်လယ်ထဲ၌ မျောပါနေ‌သော လင်ယွမ်၏ ရှည်လျားသော မျက်တောင်ကော့ကြီးများက အနည်းငယ် လှုပ်ရှားသွားသည်။ ထို့နောက် သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်လေသည်။

All Chapters