အခန်း ၇၃၈
Vol. 50 Ch. 738
အခန်း ( ၇၃၈ ) လင်ယွမ်၏ ရှက်ရွံ့စိတ်နှင့် ဒေါသ၊ ကျွင်းရှောင်ယောက် နောက်တစ်ဖန် တိတ်တဆိတ် လေ့ကျင့်သည်။
လင်ယွမ်ဟာ အိပ်မက်ရှည်ကြီးတစ်ခုကို မြင်မက်နေရသည်ဟု ခံစားခဲ့ရသည်။
အိပ်မက်ထဲတွင် မြင်ကွင်းအမျိုးမျိုးနှင့် ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက် အမျိုးမျိုး ရှိ၏။
အချစ်ကြောင့် ခံစားရသည့် အမျိုးသမီးတိုင်းက သူမ ဖြစ်ပုံရသော်လည်း သူနှင့်မတူပေ။
"ကံကောင်းထောက်မလို့ ငါ့မှာ နုဝါတာအိုကျောက်ရှိတယ်။ မဟုတ်ရင် ငါနိုးထဖို့ အချိန်အများကြီး ယူရလိမ့်မယ်"
လင်ယွမ်က ပန်းဖူးတစ်ခု ပွင့်လန်းလာသလို ပင်လယ်ရေထဲမှ ထရပ်လိုက်သည်။
သူမ၏ မျက်ခုံးနှစ်ခုကြားမှာတော့ နတ်အလင်းများ တောက်ပနေသည့် အရောင်ငါးမျိုး ကျောက်တစ်ခု ရှိနေလေသည်။
ဤသည်မှာ လင်ယွမ်၏ ဝှက်ဖဲများထဲမှ တစ်ခုဖြစ်သည်။
"ငါ့မှတ်ဥာဏ်ထဲမှာ ရှိတဲ့လူက သူပဲ..."
ဘဝတစ်ရာကျော်အတွင်း သူချစ်ခဲ့သော ယောက်ျားကို ပြန်သတိရသောအခါ လင်ယွမ် မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။
ဆမ်ဆာရာမျက်လုံးက ထင်ယောင်ထင်မှားဖြစ်စေသော်လည်း ထိုသူမှာ ကျွင်းရှောင်ယောက်ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
လင်ယွမ်က မမိုက်မဲပေ။ သူတို့နှစ်ဦးက ဆမ်ဆာရာမျက်လုံးကို အတူတကွ ရောက်ရှိလာသောကြောင့် ဘဝတစ်ရာ ကံကြမ္မာကိုလည်း အတူတကွ တွေ့ကြုံခံစားခဲ့ရမှန်း သူမ သိသည်။
မိမိ၏ ကံကြမ္မာရန်သူနှင့် ထာဝရချစ်ခြင်းမေတ္တာကို တွေ့ကြုံရခြင်းမှာ အနည်းငယ် ရှက်စရာကောင်းသည်။
သို့ရာတွင် လင်ယွမ်၏ တာအိုနှလုံးသားကတော့ မတုန်လှုပ်ပေ။
သူမက ဤကံကြမ္မာဆိုး၏ မှတ်ဉာဏ်ကို ဖြတ်တောက်ပစ်ရန် ကြိုးစားလိုက်သည်။
သို့သော်၊ လုံးဝ ဖြတ်တောက်မရမှန်း သိလိုက်ရ၏။
"မေ့လိုက်ပါ၊ အဲဒါက ပုံရိပ်ယောင်တစ်ခုပဲ၊ ငါဂရုမစိုက်တော့ဘူး။ ဒါနဲ့ ကျွင်းရှောင်ယောက် မနိုးသင့်သ..."
လင်ယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ပြန်လည်ဝင်စားခြင်းပင်လယ်ကြီးအား မြင်လိုက်ရသည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်၏ ရုပ်သွင်ကိုတော့ မမြင်ရတော့ပေ။
လင်ယွမ် လွန်စွာ အံ့အားသင့်သွားသည်။ ထိုအခိုက်မှာပင် သူမ၏ ခန္ဓာကိုယ်နှင့်ပတ်သက်သည့် ထူးဆန်းသောအရာတစ်ခုကို ရုတ်တရက် သတိပြုမိလိုက်၏။
သူမ၏ဦးခေါင်းကို အနည်းငယ်ငုံ့ကြည့်လိုက်ရာ ထူးခြားမှု၏ အရင်းအမြစ်ကို မြင်လိုက်ရတော့သည်။
သူ့ပေါင်ရင်းပိုင်းမှ နှင်းဖြူဖြူအရေပြားပေါ်တွင် အမှတ်အသားတစ်ခု ရှိနေသည်။
"ဒါ... ဒါ..."
လင်ယွမ်တစ်ယောက်တည်း ခဏတာ အသိစိတ်လွတ်သွားသလို ခံစားလိုက်ရသည်။
ဤအရာက သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်းမဟုတ်သလို ဆမ်ဆာရာမျက်လုံးကြောင့်လည်း မဟုတ်ပေ။ လူတစ်ဦးတစ်ယောက်မှန် ချန်ရစ်ခဲ့သည့် အမှတ်အသားမှန်း သူမ အတိအကျ ပြောနိုင်သည်။
"အဲဒါ သူပဲ"
လင်ယွမ်၏စိတ်ထဲတွင် ကျွင်းရှောင်ယောက်ကို ချက်ချင်းစဉ်းစားလိုက်မိ၏။
ကျွင်းရှောင်ယောက်၏ အရှိန်အဝါကို သူမ မခံစားရပေ။ ယင်းမှာ ကျွင်းရှောင်ယောက်က သူမထက်အရင်း ဦးစွာ နိုးထသွားခဲ့ခြင်း ဖြစ်သည်။
ထိုမျှသာမကဘဲ သူမကိုပင် အရှက်ရစေခဲ့သေးသည်။
လင်ယွမ်လည်း ထိုသဲလွန်စကို ချက်ချင်း ဖျောက်ဖျက်ပစ်ရန် ကြိုးစားလိုက်သည်။
သို့ရာတွင် တာအိုအရိပ်အယောင်များကို တွေ့လိုက်ရ၏။
တစ်နည်းဆိုရသော်၊ လင်ယွမ်၏ တာအိုနားလည်မှုက ကျွင်းရှောင်ယောက်ထက် ပိုနက်နဲခြင်းမရှိလျှင် ယင်းကို ဖျက်ပစ်နိုင်မည်မဟုတ်ပေ။
သဘာဝအရ၊ မျိုးဆက်သစ်လူငယ်များကြားတွင် တာအိုဉာဏ်အလင်း နားလည်မှုမှာ ကျွင်းရှောင်ယောက်က ဒုတိယဆိုပါက မည်သူမျှ ပထမဖြစ်ဝံ့မည် မဟုတ်ပါ။
သူက ကိုယ်ပိုင် အတွင်းစကြာဝဠာကိုပင် ဖန်တီးထားသောကြောင့် တာအိုနားလည်မှုမှာ လင်ယွမ်ထက် သဘာဝအားဖြင့် ပိုမိုနက်ရှိုင်းသည်။
"ကျွင်း... ရှောင်... ယောက်"
ဒေါသတကြီး အော်ဟစ်သံနှင့် လင်ယွမ်၏ခန္ဓာကိုယ်ကလေးက တဆတ်ဆတ်တုန်သွားသည်။ သူမ နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်လိုက်၏။
သူမက မြင့်မြတ်သောသွေးဖြင့် အင်မော်တယ်ခုံရုံးမှ ဧကရီ ဖြစ်သည်။
ကူတိကျစ်ပင်လျှင် သူမကို လိုချင်သည့်တိုင် ခက်ခက်ခဲခဲလိုက်ရန်မှတပါး ရွေးချယ်စရာမရှိဘဲ အနည်းငယ်မျှ မကျော်လွန်ဝံ့ခဲ့ပါ။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်က ဘယ်လိုလဲ။
သူက သူမ၏မှတ်ဉာဏ်ထဲမှာ အမှတ်တရများ ချန်ခဲ့သလို ခန္ဓာမှာလည်း အမှတ်အသားများ ထားခဲ့သည်။
ထိုထက် အရေးကြီးဆုံးက အတွင်းပိုင်းပေါင်ပေါ်မှာ ဖြစ်ခြင်းပင်။
ဤသည်မှာ လုံးဝအရှက်ရစရာ ဖြစ်သည်။
လင်ယွမ် စိတ်ကိုမထိန်းချုပ်နိုင်တော့ဘဲ ဒေါသတကြီး အော်ပစ်လိုက်သည်။
ကျွင်းရှောင်ယောက်သာ အနည်းငယ်ပိုရိုင်းစိုင်းလျှင် ဘယ်လိုဖြစ်မည်မှန်း သူမ တွေးကြည့်ရန်ပင် မဝံ့ရဲပေ။
လင်ယွမ်၏ ဒေါသနှင့် ပင်လယ်လှိုင်းလုံးကြီးများ ပေါက်ကွဲသွားခဲ့သည်။
သူမ ငြိမ်သက်မသွားခင် အတော်ကြာအောင် အချိန်ယူခဲ့ရလသည်။
ကံကောင်းထောက်မစွာဖြင့်၊ ဤနေရာတွင် အခြားမည်သူမျှမရှိ၍ သူမ၏ အလွဲအချော်များကို တွေ့သူမရှိခဲ့ပေ။
"ဘာဆုလာဘ်မှ မရှိသေးဘူးလား"
လင်ယွမ် မျက်မှောင်ကြုတ်လိုက်သည်။
ပုံမှန်အားဖြင့် ထိုသို့သော စာမေးပွဲများကို အောင်မြင်ပါက ဆုချီးမြှင့်သင့်သည်။
လင်ယွမ်၏ ကျောက်စိမ်းမျက်နှာတော်က မှုန်ကုပ်သွားလေသည်။
ကျွင်းရှောင်ယောက်က ဆုလာဘ်ကို ရသွားပြီမှန်း သူမသိသည်။
ထို့နောက်မှာတော့ ပြန်လည်ဝင်စားခြင်း ပင်လယ်ထဲမှ ထွက်ခွာပြီး နက်နဲရာအရပ်ကို ဝင်ရောက်သွားတော့သည်။
ကျွင်းရှောင်ယောက်က ခြွင်းချက်မရှိဘဲ လမ်းတစ်လျှောက်မှ ရနိုင်သမျှ အရင်းအမြစ်အားလုံးကို ယူငင်သွားခဲ့သည်။
နောက်ဆုံးတွင်၊ လင်ယွမ်မှာ ဘာမျှမရလိုက်ဘဲ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်မှ ပြန်ထွက်လာရတော့သည်။
ရှေးဟောင်းလမ်းမှ လေဟာပြင်တွင် လင်ယွမ်၏ လှပသောရုပ်သွင်က ထွက်ပေါ်လာခဲ့သည်။
ဟေးယွမ်ချောက်ကို ဝင်ရောက်ရသည့် ဤခရီးစဉ်က သူမအတွက် အမှောင်ကမ္ဘာတွင် အခွင့်အလမ်းများကို ရှာဖွေရန် ဖြစ်သည်။
ရလဒ်အနေဖြင့်၊ လမ်းအဆုံးထိ သွားခဲ့သော်လည်း နောက်ဆုံးတွင် ဘာမျှမရခဲ့ပေ။
ထိုအစား၊ ကျွင်းရှောင်ယောက်က သူမ၏ပေါင်ပေါ်မှာ မျဉ်းတစ်ကြောင်း ဆွဲလိုက်သည်။
ထိုမျဉ်းကြောင်း၏ အဓိပ္ပာယ်ကို သူမ နားမလည်သော်လည်း ကောင်းသောအရာ မဟုတ်မှန်းတော့ သိသာထင်ရှားလှပေသည်။
"ကျွင်းရှောင်ယောက်၊ နင် လူယုတ်မာ၊ ဒီအရှက်တရားကို ငါ ပြန်ဆေးကြောမယ်"
လင်ယွမ်က လက်ကိုမြှောက်ပြီး ဧကရာဇ်၏တံဆိပ်တော်ကို မြှောက်လိုက်သည်။
ယင်းကို သန့်စင်လိုက်သရွေ့ သူမ၏ခွန်အားက တဟုန်ထိုး တိုးတက်လာလိမ့်မည်။
လင်ယွမ်၏နှလုံးသားက ဒေါသများ ပြည့်နှက်နေ၍ သန့်စင်လိုစိတ် တဖွားဖွားပေါ်လာသော်လည်း နောက်ဆုံးတွင် သူမ တည်ငြိမ်သွားခဲ့သည်။
"ဘာမှမဖြစ်ဘူး၊ အနာဂတ်မှာ အခွင့်အလမ်းတွေရှိလာဦးမှာ၊ ငါ့ကိုယ်ငါ ကောင်းကင်တာအိုရဲ့လက်ထဲက အပေါင်ဖြစ်လာဖို့ အလျင်စလိုမလုပ်နိုင်ဘူး"
လင်ယွမ်က ခေါင်းကိုခါယမ်းလိုက်သည်။
'နတ်သမီးယွမ်ကို အရင်သွားတွေ့မယ်၊ သူ ရှိနေသရွေ့တော့ ငါ့မှာ ဝှက်ဖဲတစ်ခုရှိမှာပဲ'
လင်ယွမ် စဉ်းစားလိုက်၏။
သူမက ကျွင်းရှောင်ယောက်ကို ဘယ်တုန်းကမှ မလျှော့တွက်ခဲ့ပါ။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်နှင့် စစ်မှန်သောစမ်းသပ်မှုအပြီးမှ...
ဤပြိုင်ဘက်သည် မည်မျှ အစွမ်းထက်၊ ကြောက်မက်ဖွယ်ကောင်းပြီး နားမလည်နိုင်လောက်အောင် အားကောင်းသည်ကို သူမ ပို၍ နားလည်သွားခဲ့သည်။
အခြားသူများကို အထက်စီးမှကြည့်သည့် မြင့်မားသော လင်ယွမ်သည်ပင် ကျွင်းရှောင်ယောက်ကို ရင်ဆိုင်ရသောအခါ တောင်ကြီးတစ်လုံးကဲ့သို့ ဖိနှိပ်မှု ခံစားချက်မျိုး ရှိလာခဲ့ရသည်။
လင်ယွမ်လည်း ဟင်းလင်းပြင်ကို ဆုပ်ဖြဲကာ ဤနေရာမှ ထွက်ခွာသွားတော့သည်။
ဟေးယွမ်ချောက် ခရီးစဉ်အတွင်း လင်ယွမ်သည် ဘာမျှ မရရှိခဲ့ပေ။
ကျွင်းရှောင်ယောက်သာလျှင် နောက်ဆုံးဆုရှင် ဖြစ်ခဲ့သည်။
ယခုအချိန်တွင် သူက ရှေးဟောင်းကြယ်တစ်ခု၌ တိတ်တဆိတ်လေ့ကျင့်ရန် ပြင်ဆင်နေလေသည်။
"ဟပ်ချိုး..."
ကျွင်းရှောင်ယောက် ခေါင်းဆိုးပြီး သူ့နှာခေါင်းကို ပွတ်လိုက်သည်။
"လင်ယွမ်များ ငါ့ကို ကြိမ်းမောင်းနေတာလား"
ကျွင်းရှောင်ယောက် ရေရွတ်လိုက်၏။
သို့သော်လည်း တွေးကြည့်ရလျှင်၊ သူသာ လင်ယွမ်ဖြစ်ပါက ဒေါသထွက်လွန်း၍ သူ့အမေထိ ဆူပူကြိမ်းမောင်းမိမှာ သေချာသည်။
"ဒီလို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတဲ့ မိန်းမမျိုးက သင်ခန်းစာပေးဖို့လိုတယ်။ သူတို့ကို အေးစက်တဲ့ အမှန်တရားကို အသိအမှတ် ပြုစေသင့်တယ်"
ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။
အခွင့်ကောင်းရှာပြီး လင်ယွမ်၏ပေါင်ပေါ်တွင် "正"စာလုံးကို အပြည့်အစုံရေးသင့်သည်ဟုပင် သူခံစားလိုက်ရသည်။
ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်က အတိတ်၏မျိုးစေ့ကို ထုတ်ယူလိုက်လေသည်။
ဤအရာမှာ သူ၏ အတိတ် ရှေးဦးဝိညာဉ် ဖွဲ့တည်ရန်အတွက် အဓိက သော့ချက် ဖြစ်သည်။
'အတိတ်ရဲ့မျိုးစေ့ကို အသုံးပြုပြီး၊ ငါ့ရဲ့ အတိတ်ရှေးဦးဝိညာဉ်ကို လုံးလုံးလျားလျား ဖွဲ့စည်းနိုင်တဲ့အပြင် အစွမ်းထက်တဲ့ ရှေးဦးဝိဉာဉ် တိုက်ခိုက်မှုနည်းလမ်းကို ထပ်ပြီး နားလည်လာနိုင်တယ်'
ကျွင်းရှောင်ယောက်က တွေးလိုက်သည်။
သူ၏ လက်ရှိ စိတ်ဝိညာဉ်တိုက်ခိုက်မှုနည်းလမ်းက အတော်လေးရိုးရှင်းသည်။
ဖရိုဖရဲနတ်ကြိတ်ဆုံအပြင် မဟာနေမင်းသထ္ထကထာသာ ရှိပေသည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်၏စိတ်ထဲတွင် ကြိုတင်သတိပေးချက်တစ်ခု ရှိခဲ့သည်။ မျိုးဆက်တစ်ရာ ပြန်လည်ဝင်စားခြင်းကို တွေ့ကြုံရပြီးနောက် သူ့နှလုံးသားထဲတွင် ခံစားချက်တစ်ခု ရှိလာခဲ့၏။
အကယ်၍ အတိတ်ရှေးဦးဝိညာဉ်ကို ဖွဲ့တည်နိုင်လျှင် စိတ်ဝိညာဉ်တိုက်ခိုက်မှု နည်းလမ်းအသစ်ကို နားလည်ရန် မျိုးဆက်တစ်ရာ ပြန်လည်ဝင်စားခြင်းကို အသုံးပြုနိုင်သည်။
"အခု ငါ့မှာ ပစ္စုပ္ပန်ရှေးဦးဝိညာဉ်ကို ဖွဲ့တည်လိုက်တော့ မဟာနေမင်းသထ္ထကထာ ရှိတယ်၊ တကယ်လို့ အတိတ် ရှေးဦးဝိညာဉ်ကို ဖြစ်ပေါ်စေနိုင်မယ်ဆိုရင် ဘယ်လိုနည်းလမ်းမျိုးကို နားလည်နိုင်မှာလဲ"
ကျွင်းရှောင်ယောက်လည်း ယင်းကို မျှော်လင့်လာမိသည်။
ထို့နောက် လေ့ကျင့်မှုတွင် နစ်မြုပ်ကာ အတိတ်၏မျိုးစေ့ကို စတင်သန့်စင်လိုက်တော့သည်။
............
လဝက်ကြာပြီးနောက် ရှေးဟောင်းကြယ်တစ်ခုတွင်...
နတ်သမီးယွမ်က တစ်ယောက်တည်း မတ်တပ်ရပ်ကာ အဝေးသို့ မျှော်ကြည့်နေသည်။
ကြယ်အလင်းများ ဖြာကျနေသော သူမ၏ မျက်နှာပေါ်မှာတော့ လွမ်းဆွတ်မှု အရိပ်အယောင်များ ရှိနေလေသည်။
ကျွင်းရှောင်ယောက်၏ ဓမ္မခန္ဓာက ကွယ်ပျောက်သွားသည်မှာ အချိန်အတန်ကြာခဲ့ပြီ။
သို့သော်လည်း ထိုမျှနှင့်ပင် နတ်သမီးယမ်က အလွန်ကျေနပ်နေပြီ ဖြစ်သည်။
ယခုအချိန်တွင် သူသေဆုံးသွားသော်လည်း နောင်တရစရာများစွာ ရှိမည်မဟုတ်ဟုပင် ခံစားခဲ့ရသည်။
သူမ၏ တစ်ခုတည်းသော နောင်တမှာ ကျွင်းရှောင်ယောက်ကို ထပ်မတွေ့ရတော့ပါ။
ထိုစဉ် သူမ၏အနောက်မှ လေဟာပြင်က လှုပ်ရှားသွားခဲ့သည်။
အရပ်ရှည်ရှည်နှင့် လှပသော အသွင်အပြင်တစ်ခုက သူမနောက်တွင် ပေါ်လာခဲ့၏။
နတ်သမီးယွမ်က နောက်ပြန်မလှည့်ဘဲ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
"နောက်ဆုံးတော့ နင်ရောက်လာပြီပဲ၊ ငါထင်ထားတာထက် ပိုနောက်ကျတယ်"
"ဒါဆိုရင် သေဖို့ နင် အဆင်သင့်ဖြစ်ပြီလား ယွမ်..."
နတ်သမီးယွမ်က တဖြည်းဖြည်းလှည့်ပြီး သူမနှင့် ခုနစ်ဆယ်၊ ရှစ်ဆယ်ရာခိုင်နှုန်းနီးပါးတူသော ကျောက်စိမ်းမျက်နှာကို ကြည့်လိုက်၏။
"ဟုတ်တယ်၊ ငါ့ကိုသုံးပြီး ကျွင်းသခင်လေးကို ခြိမ်းခြောက်မယ်ဆိုရင် ဒါက မဖြစ်နိုင်ဘူး"
နတ်သမီးယွမ်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။