အခန်း ၇၄၃
Vol. 50 Ch. 743
အခန်း ( ၇၄၃ ) လျှို့ဝှက်သွေးကြောမှ ပါရမီရှင်များ ပိတ်မိခြင်း၊ ကျန်းလော့လီ၏ အကျပ်အတည်း၊ သေခြင်းရှင်ခြင်း မုခ်ဝ။
ကျွင်းရွယ်မင်က သူ့အပြုအမူကို မစဉ်းစားဘဲ ကျွင်းရှောင်ယောက်အပေါ်တွင် အထုပ်အားလုံးကို တွန်းတင်လိုက်သည်။
အကယ်၍ ကျွင်းရှောင်ယောက်သာ ရန်သူများစွာကို မဖန်တီးခဲ့ပါက၊ သူတို့၏ လျှိုဝှက်သွေးကြောပါ ပတ်သက်ဆက်နွယ်ခဲ့မည် မဟုတ်ပေ။
"ကျွင်းရွယ်မင်၊ နင်..."
ကျွင်းလန်ရှီ ပြောစရာစကားများ ပျောက်ရှသွားသည်။ ကျွင်းရွယ်မင်တွင် ဤအတွေးမျိုး ရှိလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။
ကျွင်းရှောင်ယောက်က ရှေးဟောင်းလမ်းကို အလျားလိုက်တွန်းပြီး ကျွင်းမိသားစု၏ ဂုဏ်သိက္ခာကို မြှင့်တင်ခဲ့သည်။
ကျွင်းရှောင်ယောက်နှင့် ကျွင်းမိသားစုအကြောင်း ပြောဆိုကြတိုင်း လူတိုင်း အံ့ဩမှုပြီး လေးစားမှုတို့ ဖြစ်ခဲ့ရပေသည်။
ဆန့်ကျင်ဘက်အနေဖြင့် ကျွင်းရွယ်မင်၏ ပါးစပ်ထဲမှာတော့ ကျွင်းရှောင်ယောက်ဟာ ပြဿနာကောင်တစ်ယောက်ကဲ့သို့ ဖြစ်သွားသည်။
"ဘာလဲ၊ ငါပြောတာ ဘာမှားလို့လဲ။ ငါတို့ လျှို့ဝှက်သွေးကြောက သီးခြားနေပြီး ငြိမ်းချမ်းမှုကို အာရုံစိုက်တယ်။ ငါတို့က နေရာတိုင်းမှာ ပြဿနာရှာပြီး တိုက်ခိုက် သတ်ပုတ်နေတာမျိုး မဟုတ်ဘူး"
ကျွင်းရွယ်မင်က ပြောလိုက်သည်။
ကျွင်းလန်ရှီလည်း စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
ကျွင်းရွယ်မင်က ဖန်လှောင်အိမ်ထဲမှ ပန်းရိုင်းတစ်ပွင့်ပင်။
ယခုအခါ၊ လျှို့ဝှက်သွေးကြောတွင် တစ်ခုခုလွဲမှားနေသလို သူမ ခံစားလာရပြီ ဖြစ်သည်။ သူတို့၏ အယူအဆများက ပုံမှန်မဟုတ်ပေ။
အပြိုင်ကမ္ဘာကြီးတွင် သက်ရှိတိုင်းက လွတ်လပ်မှုအတွက် ပြိုင်ဆိုင်ကြရသည်။
ပြိုင်ဆိုင်မှုဆိုသည်မှာ ဘယ်တော့မှ မလွတ်နိုင်သည့် သဘာဝတရားတစ်ခု ဖြစ်၏။
သို့သော်လည်း ယခုအချိန်က ဤအကြောင်းများကို ဆွေးနွေးရမည့် အချိန်မဟုတ်ပါ။
သူတို့အတွက် အိုးထဲမှ လိပ်များကဲ့သို့ ခံနိုင်ရည်ရှိစေရန် ကြိုးစားရုံသာ တတ်နိုင်သည်။
'အဲဒီ မိသားစုအစ်ကိုရှောင်ယောက် တကယ်လာမှာလား'
ကျွင်းလန်ရှီ၏ စိတ်ထဲတွင် မနေနိုင်ဘဲ တွေးလိုက်မိသည်။
ကျွင်းရှောင်ယောက်၏ အကြောင်းများကို ကြားရလွန်း၍ သူမ၏နားပင် မဆန့်ချင်တော့ပေ။
သို့သော်လည်း၊ လူချင်းတော့ တခါမှ မမြင်ဖူးသေးပါ။
မကြာမီ၊ ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ ပါရမီရှင်များ ပိတ်မိနေသောသတင်းက အကြောင်းတစ်ခုခုကြောင့် ပျံ့နှံ့သွားခဲ့သည်။
အကြောင်းမသိသော ပါရမီရှင်များကတော့ အနည်းငယ် စိတ်ရှုပ်သွား၏။ ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောက ဘာကိုဆိုလိုမှန်း သူတို့ နားမလည်နိုင်ကြပေ။
အကြောင်းအနည်းငယ်သိသော ပါရမီရှင်များလည်း အနည်းငယ် အံ့ဩသွားကြသည်။
ကြီးကျယ်သော အပြိုင်ကမ္ဘာကြီးတွင် အမြဲကိုယ်ယောင်ဖျောက်နေသော ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောပင်လျှင် ဤကမ္ဘာကြီးထဲကို စတင် ဝင်ရောက်လာပြီလော။
ဤသို့ဆိုလျှင် ကျွင်းမိသားစု၏ မူလသွေးကြောနှင့် ဆက်စပ်မှု ရှိနိုင်ပါမည်လော။
ယင်းက အသေးအဖွဲမဟုတ်ပေ။
လျှို့ဝှက်သွေးကြောများ ပြန်ဝင်လာပါက ကျွင်းမိသားစု၏ အလုံးစုံအင်အားမှာ သိသိသာသာ အားကောင်းလာမည် ဖြစ်သည်။
ထိုအချိန်တွင်၊ အဓိပဓိအင်မော်တယ်ခုံရုံးက ပြန်လည်ဖွဲ့စည်းပြီး ကျွင်းမိသားစုကို ကိုင်တွယ်လိုလျှင်ပင် ရိုးရှင်းတော့မည် မဟုတ်ချေ။
ပါရမီရှင် အတော်များများလည်း ကျွင်းလန်ရှီနှင့် အခြားသူများ ပိတ်မိနေသောနေရာကို စူးစမ်းရန် ပြေးသွားခဲ့ကြသည်။
ရွှေကျီးကန်းဒသမမင်းသား၊ ရှန့်ထျန်းရီနှင့် ရွှယ်ယဲ့ကဲ့သို့ ထိပ်တန်း တားမြစ်ပါရမီရှင်သုံးဦးက အရပ်ရပ်၏ အာရုံကို အတော်ပင် ဆွဲဆောင်နိုင်ပေသည်။
သူတို့ သိချင်မိကြသည်။
ကျွင်းမိသားစု၏ နတ်ဘုရားသားတော်သာ ဧကရာဇ်သင်္ချိုင်းကြယ်ကို အမှန်တကယ်လာပါက၊ သူအရင်ကမတွေ့ဖူးသော လျှို့ဝှက်သွေးကြောအတွက် ရပ်တည်ပါမည်လော။
ဧကရာဇ်သင်္ချိုင်းကြယ်တွင် ရွှေကျီးကန်း ဒသမမင်းသားနှင့် အခြားသူများက အာရုံများစွာကို ဆွဲဆောင်ခဲ့သည်။
..........
ဧကရာဇ်သင်္ချိုင်းကြယ်၏ ရှေးဟောင်းကျွန်းစုတစ်ခုတွင်...
ယုန်လေးတစ်ကောင်ကဲ့သို့ မိန်းကလေးတစ်ယောက်က ပေါ့ပါးသွက်လက်သော ခြေလှမ်းများဖြင့် သွားလာနေခဲ့သည်။
ကျစ်ဆံမြီးနှစ်ခွကျစ်ထားသော အနက်ရောင် ဆံပင်များက မိန်းကလေး၏ ခုန်ပေါက်မှုနှင့်အတူ မြောက်ချည် နိမ့်ချ ဖြစ်နေခဲ့၏။
မိန်းကလေးက တောက်ပသော မျက်လုံးများနှင့် ဖြူဖွေးနေသော သွားများရှိသည်။ သူမ၏ အသားအရေကလည်း နှင်းကဲ့သို့ ဖြူဆွတ်နေပြီး အလွန်လှပလေသည်။
ပါးပြင်ပေါ်မှ ပါးချိုင့်လေးများကြောင့်လည်း သူမကို ပို၍ ချစ်စရာကောင်းစေခဲ့သည်။
ထိုမိန်းကလေးက သဘာဝအတိုင်း ကျန်းလော့လီပင် ဖြစ်လေသည်။
"ဧကရာဇ်သင်္ချိုင်းကြယ်မှာ ငါနဲ့သင့်တော်တဲ့ အခွင့်အရေးက ဘယ်မှာရှိနေတာလဲ"
ကျန်းလော့လီမှာ အနည်းငယ် စိတ်မရှည်နိုင် ဖြစ်နေခဲ့သည်။
သူမက အခွင့်အလမ်းအမျိုးမျိုးကိုရှာဖွေပြီး သူ့ကိုယ်သူ ကြံ့ခိုင်အောင် ကြိုးစားနေခဲ့ခြင်း ဖြစ်ပေသည်။
ကျန်းလော့လီသည် ကျွင်းရှောင်ယောက်နှင့် ကျန်းစန်းယီအကြောင်း သတင်းများကို ရံဖန်ရံခါ ကြားရသည်။
ကျွင်းရှောင်ယောက်အတွက်တော့ အထူးပြောစရာမလိုပါ။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် အံ့ဖွယ်များအား အလိုအလျောက် ဖန်တီးနိုင်သည်။
သို့ရာတွင် ကျန်းစန်းယီကလည်း နိုးထလာပြီး ယခုအခါ ရှေးဟောင်းလမ်းမှ အဖမ်းစားနိုင်ဆုံး ဖြစ်လာပြီ ဖြစ်သည်။
အလှပကလည်း ခွန်အားကဲ့သို့ အလွန်ထူးကဲခဲ့ပေသည်။
ရိုးရိုးသားသားပြောရလျှင် ကျန်းလော့လီစိတ်ထဲ အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရသည်။
သူမက ကျန်းမိသားစု၏ ပုလဲရတနာလေးဖြစ်ပြီး မူလဝိညာဉ် တာအိုခန္ဓာရှိသော်လည်း...
သန္တောစွမ်းအင်တာအိုသန္ဓေနှင့် နှိုင်းယှဉ်ပါက အနည်းငယ် ပို၍ အားနည်းသည်။
ဟုတ်ပေသည်၊ အနည်းငယ်မျှသာ ဖြစ်သည်။
မူလဝိညာဉ်တာအိုခန္ဓာကို ကြောက်မက်ဖွယ်ကောင်းသော မူလဝိညာဉ်မြင့်မြတ်ခန္ဓာ ဖြစ်လာစေရန် ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် ပေါင်းစပ်နိုင်သည်။
မူလဝိညာဉ်မြင့်မြတ်ခန္ဓာက မြင့်မြတ်ခန္ဓာတာအိုသန္ဓေထက် များစွာအားနည်းသည် မဟုတ်ပေ။
"လော့လီ၊ နင် ပိုပြီးပိုသန်မာလာအောင် ကြိုးစားရမယ်"
ကျန်းလော့လီက သူမ၏ပါးပြင်ကို လက်သီးသီးလေးနှင့်ဖိလိုက်သည်။ တောက်ပသော မျက်လုံးများက တိုက်ခိုက်လိုစိတ်တို့ လင်းလက်လာခဲ့၏။
ကျွင်းရှောင်ယောက်က အဝေးကို ရောက်နေပြီမှန်းသိသော်လည်း သူမ လက်မလျှော့သေးပါ။
ကျွင်းရှောင်ယောက်မှ သူမ၏တည်ရှိမှုကို လျစ်လျူရှုမခံလိုပေ။
သို့သော်လည်း ထိုအခိုက်တွင် ကျန်းလော့လီ ရုတ်တရက် ရပ်သွားသည်။
သူမက မိုးနှင့်မြေကြားမှ ဖရိုဖရဲ အရိပ်အမြွက်တစ်ခုကို ခံစားလိုက်ရ၏။
မူလဝိညာဉ်တာအိုခန္ဓာက မိုးနှင့်မြေ၏ ကြီးမားသော ဝိညာဉ်စွမ်းအင်များကို တစ်ချိန်လုံး မျိုချနိုင်ရုံသာမကဘဲ...
မိုးနှင့်မြေ၏ မူလစွမ်းအင်ကိုလည်း နားလည်နိုင်သည်။
သေးငယ်သော အပြောင်းအလဲလေးဖြစ်လျှင်ပင် မူလဝိညာဉ်တာအိုခန္ဓာ၏ အာရုံကို ရှောင်လွှဲမရနိုင်ပေ။
ကျန်းလော့လီလည်း ရင်ထဲတစ်ချက်ခုန်သွားပြီး လျင်မြန်စွာ ခြေလှမ်းသွားလိုက်သည်။
ထိုအချိန်တွင် အနောက်ဘက်မှ ပုံရိပ်သုံးခု တိုက်ရိုက်ထွက်ပေါ်လာသည်။
"ပစ်မှတ်ကိုတွေ့ပြီ၊ တိုက်ခိုက်ကြစို့"
ထိုလူသုံးယောက်က လောဘကြီးဝံပုလွေဓားပြ၊ တပ်မဟာဖျက်ဓားပြနှင့် သတ္တမဓားပြတို့ ဖြစ်၏။
ကျန်းလော့လီ၏ မျက်နှာအမူအရာ ပြောင်းသွားသည်။
ရှေးဟောင်းလမ်းတွင် ဤဓားပြဆယ့်သုံးယောက်က လုံးဝကြောက်စရာကောင်းသော တည်ရှိမှုများ ဖြစ်သည်။
အရေးအကြီးဆုံးကတော့ သူတို့ဟာ အစွမ်းထက် သွေးမျိုးဆက်နှင့် တာအိုခန္ဓာရှိသည့် ပါရမီရှင်များကို ပစ်မှတ်ထားကာ လုပ်ကြံသတ်ဖြတ်ကြခြင်းပင်။
မူလဝိညာဉ်တာအိုခန္ဓာကို ပိုင်ဆိုင်ထားသူအနေဖြင့် ကျန်းလော့လီလည်း ပစ်မှတ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။
'သေစမ်း၊ သူတို့က ငါ့ကို ပစ်မှတ်ထားနေကြတာပဲ'
ကျန်းလော့လီလည်း အလျင်အမြန် တုံ့ပြန်လိုက်သည်။
မူလဝိညာဉ်တာအိုခန္ဓာ၏ ထူးခြားချက်များထဲမှ တစ်ခုမှာ အဆုံးမဲ့စွမ်းအင်ကို ပိုင်ဆိုင်ထားခဲ့ခြင်း ဖြစ်သည်။
ဤတာအိုခန္ဓာက မိုးနှင့်မြေ၏ ဝိညာဉ်စွမ်းအင်များကို တစ်ချိန်လုံး ဝါးမျိုနိုင်သောကြောင့် တိုက်ခိုက်စဉ်အတွင်း စွမ်းအင်ကုန်ခမ်းမည်ကို စိုးရိမ်စရာမလိုပါ။
"တိုက်ခိုက်"
ဓားပြသုံးယောက်၏ မျက်လုံးများက စူးရှသွားသည်။
အမှန်တော့ ကျန်းလော့လီက အနည်းငယ် နားလည်မှုလွဲသွားခြင်း ဖြစ်သည်။
သူတို့က ကျန်းလော့လီကို ပစ်မှတ်ထားရခြင်း၏ အဓိက အကြောင်းအရင်းက မူလဝိညာဉ်တာအိုခန္ဓာကြောင့် မဟုတ်ပါ။
ထိုအစား၊ သူမကိုဖမ်းပြီး ကျန်းစန်းယိကို ဖိအားပေး ဖမ်းဆီးလိုကြသည်။
ဟုတ်ပေသည်၊ နောက်ဆုံးကျလျှင်တော့ မူလဝိညာဉ်တာအိုခန္ဓာကိုလည်း ကျူးရှန်းဓားပြက ဝါးမျိုသန့်စင်ဦးမည်သာ ဖြစ်သည်။
လောဘဝံပုလွေဓားပြက သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ အနက်ရောင် နတ်ဆိုးပိုက်ကွန်တစ်ခု ဖြန့်ကျက်သွားပြီး ကျန်းလော့လီအား ဖုံးအုပ်လိုက်သည်။
"ငါ့ဆီကိုမလာနဲ့"
ကျန်းလော့လီလည်း မီးတောင်လေးတစ်ခုကဲ့သို့ စွမ်းအင်များကို အဆက်မပြတ် ထုတ်ဖော်လိုက်၏။
နတ်ဘုရားသိုင်းအမျိုးမျိုး ပေါ်ပေါက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဗြောင်းဆန်သွားစေတော့သည်။
"သေစမ်း၊ ဒီကောင်မလေးမှာ စွမ်းအင်က မကုန်နိုင်တော့ဘူးလား"
တပ်မဟာဖျက်ဓားပြလည်း တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။
အနက်ရောင် နတ်ဆိုးပိုက်ကွန်က နတ်ဘုရားစွမ်းအင် ဒီရေလှိုင်းကြောင့် တိုက်ရိုက် ကွဲထွက်သွားခဲ့သည်။
"ဒါက တကယ်ကို ထိပ်တန်းအဆင့် မူလဝိညာဉ်တာအိုခန္ဓာ ဖြစ်ထိုက်ပါပေတယ်။ ဒါပေမဲ့ ငါတို့ရဲ့လက်ကနေ လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"ငါတို့ မင်းကို အရင်ဖိနှိပ်မယ်၊ ပြီးမှ ကျန်းစန်းယီကို ထပ်ပြီးဖိနှိပ်မယ်"
ဤဓားပြသုံးယောက်၏အင်အားက ယခင် ဓားပြများနှင့် ဘာမျှမဆိုင်ပေ။
သူတို့၏ခွန်အားဟာ သူတော်စင်ဘုရင်နယ်ပယ် အလယ်လတ်အဆင့်ကို ရောက်နေပြီ ဖြစ်သည်။
ကျန်းလော့လီ၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံကတော့ သူတော်စင်ဘုရင်နယ်ပယ် အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။
ထို့ကြောင့်၊ မူလဝိညာဉ်တာအိုခန္ဓာတွင် အဆုံးမဲ့စွမ်းအင်များရှိပြီး မိုးနှင့်မြေ၏ သဘာဝစွမ်းအင်များကို ဆွဲယူအသုံးပြုနိုင်လျှင်ပင်...
လောဘဝံပုလွေဓားပြနှင့် အခြားသူများကို ကိုင်တွယ်ရန် အနည်းငယ် ခက်ခဲနေဆဲ ဖြစ်သည်။
လောဘဝံပုလွေဓားပြနှင့် အခြားသူများ၏ စကားကိုကြားမှ ကျန်းလော့လီ ရုတ်တရက် သဘောပေါက်သွားသည်။
သူတို့၏ အဓိကရည်ရွယ်ချက်က မူလဝိညာဉ်တာအိုခန္ဓာမဟုတ်ဘဲ ကျန်းစန်းယီကို ဆက်ဆံရန်ဖြစ်ကြောင်း သိလာခဲ့ရ၏။
ကျန်းစန်းယီကို ဆက်ဆံပြီးပါက ကျွင်းရှောင်ယောက်ဘက်သို့ သဘာဝအတိုင်း ဦးလှည့်လာလိမ့်မည်။
ကျန်းလော့လီက ပါးနပ်သူဖြစ်ရာ အခြေအနေကို ချက်ချင်း သဘောပေါက်သွားသည်။
ဓားပြဆယ့်သုံးယောက်၏ ခေါင်းဆောင်ဖြစ်သော ကျူးရှန်းဓားပြက သန္တောစွမ်းအင်တာအိုသန္ဓေနှင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာကို တပြိုင်နက်တည်း ဝါးမျိုရန် ရည်မှန်းထားခဲ့သည်။
ဟုတ်ပေသည်၊ ထို့နောက်တွင် သူမ၏ မူလဝိညာဉ်တာအိုခန္ဓာကိုလည်း အလွတ်ပေးမည် မဟုတ်ပေ။
ထိုသို့တွေးမိသောအခါ ကျန်းလော့လီ၏ မျက်လုံးများက စိုးရိမ်ပူပန်မှုတို့ ပေါ်လာခဲ့သည်။
သူ့ကိုယ်သူ ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ပေ။
ထိုအချိန်တွင် ကျန်းစန်းယီနှင့် ကျွင်းရှောင်ယောက်တို့ကိုပါ ဆွဲချမိလိမ့်မည် ဖြစ်သည်။
"လောဘဝံပုလွေ နှလုံးခြွေလက်သည်း"
"တပ်မဟာကို ဖြိုခွင်းခြင်း"
"သတ်ဖြတ်ခြင်း ခုနစ်ခု"
သူတို့သုံးယောက်၏ အစွန်းရောက် တိုက်ခိုက်မှုသုံးခုက ထွက်ပေါ်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများက ပတ်ဝန်းကျင် ကျွန်းစုများစွာကို ဖြိုခွဲကာ ပင်လယ်ကို နှစ်ခြမ်းခွဲသွားစေခဲ့သည်။
ကျန်းလော့လီလည်း အစွမ်းကုန်ခုခံနေသည့်တိုင် ပန်းနုရောင် နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့၏။
ထိုအချိန်တွင် နားလည်ရခက်သော အပြောင်းအလဲတစ်ခုက သူတို့ရှေ့တွင် ရုတ်တရက် ဖြစ်ပေါ်လာတော့သည်။
ကျန်းလော့လီလည်း တစ်ချက်ကြည့်လိုက်သည်။
ကျွန်းစု၏ အလယ်ဗဟိုတွင် တံခါးပေါက်တစ်ခု ပေါ်လာခဲ့၏။ ယင်းက အလွန်မှောင်မိုက်ပြီး ပတ်ဝန်းကျင်ကောင်းကင်တစ်ခုလုံး အရောင်မှိန်ဖျော့သွားရသည်။
သေခြင်းရှင်ခြင်းတံခါး။
ယင်းက ဧကရာဇ်သင်္ချိုင်းကြယ်တွင် အကျော်ကြားဆုံး အခွင့်အရေးများထဲမှ တစ်ခုဖြစ်သော်လည်း အမှန်တကယ် ဝင်ရောက်ဝံ့သူ များစွာမရှိပေ။
ဆယ်ဦးတွင် တစ်ဦးရှင်သန်ရန် ခက်ခဲသည်။
ယင်းကိုမြင်တော့ ကျန်းလော့လီ၏ မျက်လုံးများက ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်တို့ ပေါ်လာသည်။
သူမက ခြေတံတိုတိုလေးဖြစ်သော်လည်း ဘယ်တော့မှ နောက်ပြန်မဆုတ်ပေ။
ယခင်ကကဲ့သို့ ပြန်ပေးဆွဲခံရ၍ နောက်ဆုံးတွင် သူမကို လာရောက်ကယ်တင်ရန် ကျွင်းရှောင်ယောက်ကို မတောင်းဆိုချင်တော့ပါ။
"အစ်ကိုရှောင်ယောက်၊ လော့လီက သေမှာမကြောက်ပါဘူး။ ဒါပေမဲ့ အစ်ကိုရှောင်ယောက်ကို မလိုက်နိုင်တော့မှာ တကယ် ကြောက်မိတယ်..."
ကျန်းလော့လီ၏ မျက်လုံးများက ပြတ်သားမှုတို့ ပြည့်နှက်သွားသည်။ သူမက မတုံ့ဆိုင်းဘဲ သေခြင်းရှင်ခြင်းတံခါးဆီသို့ တိုက်ရိုက် ပြေးသွား၏။ တံခါးကိုတွန်းဖွင့်လိုက်သည်နှင့် သူမ၏ သေးငယ်သောခန္ဓာကိုယ်ကလေးက အတွင်းဘက်တွင် ပျောက်ကွယ်သွားတော့သည်။