← Chapters

အခန်း ၇၄၆

Vol. 50 Ch. 746

အခန်း ၇၄၆

Vol. 50 Ch. 746

အခန်း ( ၇၄၆ ) လွမ်ကုမျှော်စင် ဖွင့်ခြင်း၊ ယွီဟွာနတ်ဘုရားမင်းဆက်၏ မင်းသမီး၊ မျှော်စင်အတွင်းသို့ ချင်ဝူတောက် ဝင်ရောက်ခြင်း။

ဧကရာဇ်သင်္ချိုင်းကြယ်မှ လူဆိတ်ညံသော တိုက်ကြီးတစ်ခုတွင်...

မျှော်စင်တစ်ခုက မြေပြင်ထက်တွင် တိတ်ဆိတ်ငြိမ်သက်စွာ ရှိနေသည်။

ဤမျှော်စင်က သံချေးများတက်နေပြီး အလွန်ဟောင်းနွမ်းနေခဲ့ပြီ။ ယင်းမှာ နှစ်ထောင်ပေါင်းများစွာ မြေအောက်တွင် မြှုပ်နှံထားခံခဲ့ပြီးမှ ပြန်လည်ပေါ်လာသကဲ့သို့ ဖြစ်သည်။

မျှော်စင်တစ်ခုလုံးက မီတာတစ်သောင်းကျော်မြင့်ပြီး စုစုပေါင်း အထပ်တစ်ထောင်ရှိကာ တိမ်များသို့ပင် တိုးဝင်နေလေသည်။

ဧကရာဇ်သင်္ချိုင်းကြယ်တွင် အခြား ရှေးဟောင်းအပျက်အယွင်းများက နတ်အလင်းများ ဝန်ရံနေကြတာ များသည်။ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေခြင်း သို့မဟုတ် မဟာတာအိုကမ္ပည်းများက ရစ်ပတ်နေပြီး နတ်သံကြိုးများ ရောယှက်နေတတ်ပေသည်။

ဤမျှော်စင်ကတော့ အနည်းငယ်မြင့်မားသည်မှလွဲ၍ အထူး ဆွဲဆောင်မှုရှိသော အသွင်အပြင်မျိုးကို မတွေ့ရဘဲ ရိုးရိုးရှင်းရှင်းနှင့် သာမာန်သာ ဖြစ်သည်။

သို့ရာတွင် ယခုအချိန်မှာတော့ ဤမျှော်စင်တစ်ဝိုက်တွင် ဤမျှော်စင်ဖွင့်ချိန်ကို စောင့်ဆိုင်းနေသကဲ့သို့ မီးတောက်နေသော မျက်လုံးများဖြင့် ပါရမီရှင်များစွာ ရှိနေခဲ့ကြပြီ။

"ဒီတစ်ခါ လွမ်ကုမျှော်စင်ဖွင့်ရင် ဘယ်နှစ်လွှာအထိ တက်နိုင်ကြမလဲ မသိဘူး"

"ဒီမျှော်စင်ကို ချိုးဖောက်ဖို့က မလွယ်ဘူး။ အလွှာတစ်ထောင်မှာ အစွမ်းထက်တဲ့ ကျွမ်းကျင်သူတစ်ထောင်ရဲ့ အမှတ်အသားတွေရှိတယ်"

ပါရမီရှင်များစွာက ဆွေးနွေးပြောဆိုလိုက်ကြသည်။

ဤမျှော်စင်က သေခြင်းရှင်ခြင်းတံခါးနှင့် ဆင်တူသည်။ ယင်းမှာ ဧကရာဇ်သင်္ချိုင်းကြယ်မှ ထင်ရှားကျော်ကြားသော နေရာတစ်ခုလည်း ဖြစ်ချေသည်။

အပေါ်ယံကိုကြည့်လျှင်တော့ ဤမျှော်စင်မှာ ဘာမျှ ထူးခြားမှုမရှိပေ။

သို့ရာတွင် ထိုမျှော်စင်က ဒဏ္ဍာရီလာ လွမ်ကုဧကရာဇ်နှင့် ဆက်စပ်နေခဲ့သည်။

ရှေးယခင်ခေတ်များမှာပင်၊ ဧကရာဇ်သင်္ချိုင်းကြယ် ဖွင့်လှစ်သောအခါ...

လွမ်ကုမျှော်စင်က အတက်ကြွဆုံးနေရာတစ်ခု အမှန်တကယ် ဖြစ်ခဲ့သည်။

အကြောင်းမှာ၊ လွမ်ကုမျှော်စင်က ခေတ်ပြိုင်ပါရမီရှင်များ၏ ကိုယ်ပိုင်အင်အားကို တိုင်းတာပေးနိုင်သောကြောင့်ပင်။

အထပ်မြင့်လေလေ၊ လွမ်ကုဧကရာဇ်၏ အရည်အချင်းနှင့် နီးစပ်လေဖြစ်သည်။

ထို့ကြောင့်ပင်၊ ပါရမီရှင်အများအပြားမှာ တိုက်ခိုက်လိုစိတ်များဖြင့် စိတ်အားထက်သန်နေကြတော့သည်။

သူတို့ထဲတွင် အများစုက ရှေးဟောင်းလမ်းမှ အင်မော်တယ်အင်အားစုများ၏ အမွေခံ၊ တားမြစ်ပါရမီရှင်များ ဖြစ်ကြသည်။

သို့ရာတွင်၊ ထိပ်ဆုံးသို့ရောက်အောင် တတ်နိုင်သည်ဟု မည်သူမျှ မပြောဝံ့ကြပေ။

အထပ်ကိုးရာအထိ ဖြတ်ကျော်ရန်ပင် ခက်ခဲသည်။ ခေတ်အဆက်ဆက်က ထိုအဆင့်ထိ အောင်နိုင်ခဲ့သော ပါရမီရှင်များပင် များစွာ မရှိပေ။

"အမိတ္တဘ၊ လွမ်ကုမျှော်စင်ကို ငါ စောင့်မျှော်နေခဲ့တာကြာပြီ။ ဒီနေ့တော့ ငါ ဒီမှာ စမ်းကြည့်ရတော့မယ်"

အဝေးမှ ရွှေရောင်အလင်းများ ထွက်ပေါ်လာခဲ့သည်။ ကျောက်စိမ်းဖြူ‌ခြင်္သေ့ကို စီးနင်းထားသော ရဟန်းတစ်ပါး ပေါ်လာခဲ့၏။

"အဲဒါက အနောက်တိုင်းနိဗ္ဗာန်ဘုံရဲ့ နတ်ဘုရားသားတော် ဗြဟ္မာပဲ"

လူတချို့က သူ့ကို လှမ်းကြည့်လိုက်ကြသည်။

ဤသည်မှာ အဆုံးစွန်ရှေးဟောင်းလမ်းတွင် ကျော်ကြားသော ဗုဒ္ဓဂိုဏ်း၏ ပါရမီရှင် ဖြစ်သည်။

ယခင်က မြွေလူသားမျိုးနွယ်၏ ထျန်းမင်ရှေးဟောင်းကြယ်မှ ထိုက်အယ်ဘုရားကျောင်းမှာလည်း ‌သူ ပေါ်လာခဲ့သေးသည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်နှင့်တော့ ပြဿနာ မရှိခဲ့ပါ။

"ဒီမင်းသမီးကလည်း လွမ်ကုမျှော်စင်ကို အတော်ကလေး စိတ်ဝင်စားမိတယ်"

ခွေခေါင်းလောင်းသံကဲ့သို့ ချိုလွင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

လှပသော ရထားတစ်စီးက လေထုကိုဖြတ်ကာ ပျံသန်းလာခဲ့သည်။ ထို့နောက် ရထားအတွင်းမှ လှပသော မိန်းကလေးတစ်ဦး ထွက်လာခဲ့၏။

သူမက ရွှေချည်ထိုးအဝတ်အစားကို ဝတ်ဆင်ထားလေသည်။ သူမက နီစွေးသော နှုတ်ခမ်း၊ ဖြူဖွေးသော သွားများနှင့် ကော့ညွတ်သော မျက်ခုံးများလည်း ပိုင်ဆိုင်ထား၏။

သူမ၏အလှက ပန်းပေါင်းတစ်ရာကို ညှိုးရော်သွားစေနိုင်လောက်သည်။

"အဲဒါ နတ်ငှက်မွှေးမင်းဆက်က ယွင်ရှန့်မင်းသမီးပဲ။ သူ့အစ်ကိုကြီးလည်း ရောက်လာပြီလား မသိဘူး"

မိန်းကလေးကိုမြင်တော့ ပါရမီရှင်တချို့၏ မျက်လုံးများက အံ့အားသင့်မှုတို့ ပေါ်လာခဲ့သည်။

ယွင်ရှန့်မင်းသမီး ယွီယွင်ရှန့်က ယွီဟွာနတ်မင်းဆက်မှ ဆင်းသက်လာသူ ဖြစ်ချေသည်။

ထိပ်တန်း အင်မော်တယ်နတ်မင်းဆက်အနေဖြင့် ယွီဟွာနတ်မင်းဆက်က ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် နာမည်ကျော်ကြားသည်။

သူတို့၏ ဘိုးဘေးက အင်မော်တယ်နယ်မြေကြီးတွင် ချင်မိသားစု၏ ဒဏ္ဍာရီလာ မဟာဧကရာဇ် ဘိုးဘေးနှင့်တန်းတူ နာမည်ကျော်ကြားသော မဟာဧကရာဇ် ယွီဟွာ ဖြစ်ပေသည်။

ယွီ‌ဟွာနတ်မင်းဆက်၏ မျိုးဆက်သစ်များအနေဖြင့် ဤသို့သော အပြိုင်ကမ္ဘာကြီးတွင် သဘာဝအတိုင်း ငြိမ်နေကြမည် မဟုတ်ပေ။

ယွီဟွာနတ်မင်းဆက်၏ ထိပ်သီး တားမြစ်ပါရမီရှင်ကို ယွီဟွာဝမ်ဟု ခေါ်သည်။

ဤယွင်ရှန့်မင်းသမီးကတော့ ယွီဟွာဝမ်၏ ညီမ ဖြစ်လေသည်။

ယွီယွင်ရှန့်က သူမ၏အစ်ကို ယွီဟွာဝမ်၏ စောင့်ရှောက်မှုအောက်တွင် အချိန်အတော်ကြာ ကြီးပြင်းလာခဲ့သူဖြစ်ရာ၊ ပျော်ရွှင်ပြီး အပြစ်ကင်းစင်သော စရိုက်တစ်ခု သဘာဝအတိုင်း ပေါ်ပေါက်ခဲ့ရသည်။

ယွီဟွာဝမ်ကြောင့်လည် အဆုံးစွန်ရှေးဟောင်းလမ်းပေါ်မှ ပါရမီရှင်အများက ဤမင်းသမီးလေးကို ပြဿနာမရှာတော့ဘဲ မျက်နှာသာပေးခဲ့ကြပေသည်။

"ဒီတစ်ခေါက် ယွင်ရှန့်မင်းသမီးပဲ ရောက်လာပုံရတယ်။ သူ့အစ်ကို ယွီဟွာဝမ်က ရောက်မလာသေးဘူး"

"ဒါက ပုံမှန်ပါပဲ၊ လွမ်ကုမျှော်စင်က ဧကရာဇ်သင်္ချိုင်းကြယ်ရဲ့ တစ်ခုတည်းသော အခွင့်အလမ်းမှ မဟုတ်တာ။ ယွီဟွာဝမ်က အခြား အမွေအနှစ်တွေကို ရရှိလိမ့်မယ်"

"တကယ်လို့ ယွီဟွာဝမ် ရောက်လာရင်တော့ သူက အလွှာကိုးရာကို ဖြတ်သွားနိုင်လောက်တယ်"

လူအများက ဆွေးနွေးလိုက်ကြသည်။

ဤဆွေးနွေးသံများကိုကြားတော့ ယွီယွင်ရှန့်က ကျေနပ်ပြီး ဂုဏ်ယူသောအပြုံးဖြင့် ပြုံးလိုက်လေသည်။

သူမ အလေးစားရဆုံးသူကလည်း သူ့အစ်ကိုကြီး ယွီဟွာဝမ် ဖြစ်သည်။

'ငါ့အစ်ကိုလာရင် သူက အပေါ်ဆုံးထပ်ကို တက်နိုင်လောက်တယ်'

ယွီဟွာဝမ်က တစ်ယောက်တည်း တွေးလိုက်သည်။

သို့သော်လည်း ယခုအချိန်တွင် ယွီဟွာဝမ်က ဧကရာဇ်သင်္ချိုင်းကြယ်တွင် အခြား အခွင့်အလမ်းများကို ရှာဖွေနေသောကြောင့် မလာနိုင်ခဲ့ပေ။

ဧကရာဇ်သင်္ချိုင်းကြယ်တွင် အခွင့်အလမ်းများစွာရှိသော်လည်း လွမ်ကုမျှော်စင်က တစ်ခုတည်းသောနေရာ မဟုတ်ပါ။

ယွီဟွာဧကရာဇ်၊ အနောက်တိုင်းမှ မယ်တော်ဘုရင်မကဲ့သို့ အခြား ဧကရာဇ်များကလည်း ဤရှေးဟောင်းကြယ်ပေါ်တွင် အမွေအနှစ်များ ချန်ရစ်ထားခဲ့သည်။

ထိုအချိန်တွင် လွမ်ကုမျှော်စင် တစ်ခုလုံး ရုတ်တရက် တုန်လှုပ်လာသည်။

ရှေးကျသော အငွေ့အသက်များလည်း ထွက်ပေါ်လာခဲ့၏။

ပြင်းထန်သော တိုက်ခိုက်ချင်စိတ်များလည်း ထွက်ပေါ်လာတော့သည်။

ဤပြင်းထန်သော တိုက်ခိုက်ချင်စိတ်က အဆုံးမရှိ တိုက်ခိုက်လိုသော စိတ်ဆန္ဒတို့ဖြင့် ကောင်းကင်ကြီးကို လွှမ်းမိုးသွားပုံရသည်။

လူအများ၏စိတ်ထဲတွင် ကောင်းကင်နှင့်မြေပြင်ကို တိုက်ခိုက်ဝံ့သည့် ပုံရိပ်တစ်ခု ရှိနေသည့်ပုံပင်။

"ဖပ်"

ဤပြင်းထန်သော တိုက်ချင်စိတ်အောက်တွင် ပါရမီရှင်အားလုံး တိုက်ရိုက်ဒူးထောက်သွားကြသည်။ ဗြဟ္မာ၊ ယွီယွင်ရှန့်တို့ကဲ့သို့ ထိပ်သီး ပါရမီရှင်များပင် ဖိနှိပ်မှုကို ခံစားခဲ့ကြရလေသည်။

"လွမ်ကုမျှော်စင် ပွင့်တော့မယ်"

ပါရမီရှင်တချို့က အော်လိုက်သည်။

"ဝုန်း"

လွမ်ကုမျှော်စင်ကို ဖွင့်လိုက်သည်နှင့် အဝေးမှကောင်းကင်ယံမှ ပေါက်ကွဲသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကြီးကျယ်ခမ်းနားသော အရှိန်အဝါများဖြင့် ပုံရိပ်တစ်ခု လျှောက်လာခဲ့၏။

သူက ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကမ္ဘာကြီးတစ်ခုလုံး ပဲ့တင်ထပ်ကာ လှုပ်ခါသွားခဲ့ပုံရသည်။

တစ်ချိန်တည်းမှာပင်၊ လွမ်ကုမျှော်စင်နှင့် တူညီသော မူလဇစ်မြစ်ရှိပုံရသည့် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ချင်စိတ်တစ်ခုလည်း ထွက်ပေါ်လာတော့သည်။

"အဲဒီလူက..."

ယွီယွင်ရှန့်၊ ဗြဟ္မာနှင့် အခြားသူများ၏ မျက်လုံးအကြည့်များက တပြိုင်နက်တည်း ကျရောက်လာခဲ့ကြသည်။

"ချင်မိသားစုရဲ့ နတ်ဘုရားသားတော် ချင်ဝူတောက်"

ပါရမီရှင် အတော်များများ အံ့အားသင့်သွား၏။ သို့သော်လည်း တွေးကြည့်သောအခါ ပုံမှန်ဖြစ်သလို ခံစားလိုက်ရသည်။

ချင်ဝူတောက်က လွမ်ကုဧကရာဇ်၏အမွေကို ရရှိထားပြီး လွမ်ကုဧကရာဇ်၏ တရားဝင်ဆက်ခံသူဟူသော ကောလဟာလများ ထွက်ပေါ်နေပေသည်။

သို့ရာတွင်၊ ဤသတင်းကိုတော့ မည်သူမျှ အတည်မပြုနိုင်ပါ။

သို့သော်လည်း ချင်ဝူတောက်က လွမ်ကုဧကရာဇ်၏ လွမ်ကုအဆောင်တစ်ပိုင်းကို ရရှိထားတာတော့‌ သေချာသည်။

ဤပတ်သက်မှုကြီးကြောင့်ပင် ချင်ဝူတောက်က လွမ်ကုမျှော်စင် အခွင့်အလမ်းကို လက်လွတ်ခံမည် မဟုတ်ပေ။

"ချင်ဝူတောက်..."

ဗြဟ္မာ၏ မျက်လုံးများက လေးနက်မှုတို့ ပေါ်လာခဲ့သည်။

သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် လွမ်ကုမျှော်စင်၏ အဓိကစမ်းသပ်မှုမှာ ပါရမီရှင်အချင်းချင်း တိုက်ခိုက်ရန် မဟုတ်ပေ။

'သူက အရမ်းချောတာပဲ။ သူ့ရဲ့ အရှိန်အဝါကလည်း အားကောင်းတယ်၊ ဒါပေမဲ့ ယှဉ်လိုက်ရင်တော့ ငါ့အစ်ကိုကြီးက ပိုသန်မာတယ်'

ယွီယွင်ရှန့်က စိတ်ထဲမှ ရေရွတ်လိုက်သည်။

ချင်မိသားစု၏ နတ်ဘုရားသားတော်အနေဖြင့် ချင်ဝူတောက်၏ခွန်အားက သဘာဝအတိုင်း သံသယဖြစ်ဖွယ်မရှိပါ။

သို့သော်လည်း၊ ယွီယွင်ရှန့်၏ နှလုံးသားထဲမှာတော့ သူ့အစ်ကိုဖြစ်ကြီးကို ပိုသန်မာသည်ဟု‌တွေးကာ လေးစားနေမိဆဲ ဖြစ်သည်။

"အနောက်ဘက်နိဗ္ဗာန်ဘုံနဲ့ ယွီဟွာနတ်မင်းဆက်"

ချင်ဝူတောက်က ဗြဟ္မာနှင့် ယွီယွင်ရှန့်ကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်ကာ အကြည့်ပြန်လွှဲလိုက်သည်။

“တကယ်လို့ လူဝင်စားဗုဒ္ဓနဲ့ ယွီဟွာဝမ်ဆိုရင်တော့ ငါအာရုံစိုက်မိဦးမှာ"

ချင်ဝူတောက်က ထိုလူနှစ်ယောက်ကို ဂရုမစိုက်ပေ။

"နင် ဘာပြောချင်တာလဲ၊ လူကို အထင်သေးတာလား"

ယွီယွင်ရှန့်က အနည်းငယ် မကျေမနပ်ဖြစ်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

သို့သော်လည်း ချင်ဝူတောက်၏အင်အားကို ခံစားမိသောကြောင့် ပါးနပ်စွာဖြင့် ရှေ့ကို အရမ်းမတိုးခဲ့ပေ။

ချင်ဝူတောက်က လွမ်ကုမျှော်စင်ဆီကို ဆက်လက် လျောက်လှမ်းသွားခဲ့သည်။

“အမိတ္တဘာ”

ဗြဟ္မာလည်း ဗုဒ္ဓ၏ နာမတော်ကို ရွတ်ဆိုကာ ဝင်ရောက်သွား၏။

"ငါ့ခွန်အားက နင်တို့အားလုံးကို မတုန်လှုပ်စေဘူးလို့ မယုံဘူး"

ယွီယွင်ရှန့်က မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။ ထို့နောက်မှာတော့ သူမလည်း မျှော်စင်အတွင်းကို လှမ်းဝင်သွားတော့သည်။

ယွီဟွာဝမ်က ယွီဟွာနတ်မင်းဆက်၏ ထိပ်တန်း တားမြစ်ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူ၏ ညီမအနေဖြင့် ယွီယွင်ရှန့်က သဘာဝအတိုင်း အားမနည်းပေ။

သူတို့လူစုက လွမ်ကုမျှော်စင်အတွင်းသို့ ဝင်သွားသည်အား မြင်ရသောအခါ အခြားပါရမီရှင်များလည်း လိုက်ပါဝင်ရောက်သွားကြသည်။

ထိုအချိန်တွင် လွမ်ကုမျှော်စင်ထဲသို့ မဝင်ရသေးသော ပါရမီရှင်များက လွန်စွာ ကြီးမားသော ဖိအားကို ရုတ်တရက် ခံစားလိုက်ရသည်။

ဤဖိအားက လွမ်ကုမျှော်စင်၏ တိုက်ခိုက်လိုစိတ် ဖိအားထက်ပင် များစွာ အားမနည်းပေ။

ပါရမီရှင်များစွာတို့ ဤဖိအားအောက်တွင် ပါရမီရှင်များစွာတို့ ဒူးထောက်သွားကြသည်။

ဤအခြေအနေက လူများစွာကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ မော့ကြည့်လိုက်ပြီးနောက် သူတို့ နှလုံးသားထဲတွင် လွန်စွာ တုန်လှုပ်သွား၏။

မသေမျိုး နတ်တစ်ပါးကဲ့သို့ လူရိပ်တစ်ခုကို မြင်လိုက်ရတော့သည်။

All Chapters