အခန်း ၇၄၈
Vol. 50 Ch. 748
အခန်း ( ၇၄၈ ) ချင်ဝူတောက်၏ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ ကစားပွဲမှ တစ်ဦးပြီးတစ်ဦး ထွက်လာခဲ့ရသည်၊ အခြားလူက ဘယ်သူလဲ။
အချိန်ကြာလာသည်နှင့်အမျှ ပါရမီရှင်များ အားလုံးနီးပါး လွမ်ကုမျှော်စင်အတွင်းသို့ ဝင်လာခဲ့ကြသည်။
သို့သော်လည်း၊ ပါရမီရှင်များ ဝင်သွားကြသလို တစ်ချိန်တည်းမှာပင် ပါရမီရှင်တချို့က ရှေးဟောင်းမျှော်စင်မှ ပြန်ပို့လွှတ်ခဲ့ရသည်။
ထိုသူများက ကျရှုံးသူများပင်။
နောက်ဆုံးတွင် အထပ်ရာဂဏန်းမှ လွမ်ကုဧကရာဇ်၏ ရန်သူတချို့ဖြစ်လျှင်ပင် အလွန်ကြောက်စရာကောင်းနေပြီ ဖြစ်သည်။
ဖယ်ထုတ်ခံခဲ့ရသော ပါရမီရှင်များက မျှော်စင်ကို ပြန်လည် စောင့်ကြည့်လိုက်လေသည်။
ယင်းတွင် အလင်းအစက် ဆယ်ခုကျော်ရှိပြီး အမြန်နှုန်းက အလွန်မြန်သည်။
ထိုအထဲတွင် အလင်းအစက် လေးခုက အမြန်ဆုံး ဖြစ်၏။
၎င်းတို့က ကျွင်းရှောင်ယောက်၊ ချင်ဝူတောက်၊ ဗြဟ္မာနှင့် ယွီယွင်ရှန့်တို့ဖြစ်ကြောင်း လူတိုင်းသိလိုက်ကြသည်။
ဟုတ်ပေသည်၊ ချင်ဝူတောက်တို့ သုံးယောက်ကတော့ ကျွင်းရှောင်ယောက် လွမ်ကုမျှော်စင်အတွင်းသို့ ဝင်လာပြီမှန်း မသိကြသေးပေ။
လွမ်ကုမျှော်စင်အတွင်းသို့ ဝင်လာပြီးနောက် ပါရမီရှင်အားလုံးက အဆင့်တစ်ဆင့်မှ သီးခြားနေရာတစ်ခုသို့ ရောက်သွားမည် ဖြစ်သည်။
လွမ်ကုမျှော်စင်၏ အထပ်ငါးရာသုံးဆယ်တွင်...
ချင်ဝူတောက်က လက်တစ်ဖက်ကို နောက်ပစ်ပြီး ရပ်နေသည်။ ကျန်လက်တစ်ဖက်ဖြင့် သူ့ရှေ့မှ အတားအဆီးကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်၏။
"ဒီအဆင့်နဲ့ ငါ့လမ်းကြောင်းကို ပိတ်ဆို့ဝံ့တယ်ပေါ့။ ငါ ချင်ဝူတောက်က ဆရာကြီး လွမ်ကုဧကရာဇ်ရဲ့ ပြိုင်ဘက်အားလုံးကို အနိုင်ယူလိမ့်မယ်ဆိုတာ သိထားပါ"
ချင်ဝူတောက်က ယုံကြည်မှုအပြည့်ဖြင့် နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။
သူ့ကိုယ်သူပင် လွမ်ကုဧကရာဇ်၏ ဆက်ခံသူဟု မှတ်ယူထားပြီးပြီ။
ချင်ဝူတောက်၏ ကံကြမ္မာ လွမ်ကုဧကရာဇ်လောက် ဆိုးရွားပြီး ကြေကွဲဖွယ်မရှိသော်လည်း ချင်မိသားစု၏ အဆက်အနွယ်လေးမှ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။
ကံကောင်းခြင်းနှင့် အခွင့်အလမ်းများကြောင့်သာ ချင်မိသားစု၏ နတ်ဘုရားသားတော် ဖြစ်လာစေခဲ့ပေသည်။
မြင့်မြတ်သော အဆင့်အတန်းဖြင့် မွေးဖွားလာကာ နတ်ဘုရားသားတော် ဖြစ်လာခဲ့သည့် ကျွင်းရှောင်ယောက်ကဲ့သို့ ဖြစ်မည့်အစား...
အတိုင်းအတာတစ်ခုအထိ၊ ကျွင်းမိသားစုမှ ကျွင်းဝမ်ကျဲနှင့် ခပ်ဆင်ဆင် တူသည်။
"ဒီတစ်ခါတော့ ငါက မျှော်စင်ရဲ့ ထိပ်ဆုံးကိုတက်ရမယ်"
ချင်ဝူတောက်၏ မျက်လုံးများက မီးတောက်များ တောက်လောင်လာခဲ့သည်။
သူ၏ခွန်အားဖြင့် ထိုသို့ လုပ်နိုင်မည်ဟုလည်း ယုံကြည်မှုရှိပေသည်။
လွမ်ကုမျှော်စင်၏ အထပ်ငါးရာတစ်ဆယ့်တစ်တွင်...
ဗြဟ္မာက အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် သူ့ရန်သူကို ချေမှုန်းပစ်လိုက်သည်။
သူသည် ယခင်က ထိုက်အယ်ဘုရားကျောင်း၌ ကျွင်းရှောင်ယောက်နှင့် ဆုံခဲ့သည်။
ကျွင်းရှောင်ယောက်က ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးမှ အနောက်ဘက်နိဗ္ဗာန်ဘုံနှင့် ပတ်သက်မှုများ ရှိခဲ့၏။
ကျွင်းရှောင်ယောက်က အနောက်ဘက်နိဗ္ဗာန်ဘုံမှ ရှေးဟောင်းလူထူးဆန်း ကျောက်စိမ်းဗုဒ္ဓကိုပင် သတ်ခဲ့သည်။
ထိုအတွက် ဗြဟ္မာ၏ စိတ်ခံစားမှုနှင့် ဆင်ခြင်တုံတရားအရ မျက်ကွယ်ပြု၍ မရပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ ခွန်အားကို မြင်ရပြီးနောက် ပါးနပ်စွာဖြင့် သူနှင့်မဆိုင်သလို မျက်ကွယ်ပြုလိုက်သည်။
ထို့ကြောင့်ပင် အခုအချိန်အထိ သူ အသက်ရှင်နေသေးခြင်း ဖြစ်ချေသည်။
'လူဝင်စားဗုဒ္ဓသာ ဒီနေရာကို ရောက်လာရင် ဘယ်နှစ်ထပ်ထိ တက်နိုင်မလဲ မသိဘူး'
ဗြဟ္မာက သူ့ဘာသာသူ တွေးလိုက်သည်။
သူဟာ အနောက်ဘက်နိဗ္ဗာန်ဘုံ၏ ပါရမီရှင်တစ်ဦးဖြစ်သော်လည်း...
အနောက်ဘက်နိဗ္ဗာန်ဘုံ၏ ခေတ်ပြိုင် ပါရမီရှင်များကြား၌ လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်ဆုံး ပါရမီရှင်က လူဝင်စားဗုဒ္ဓ ဖြစ်သည်။
၎င်းက ဗုဒ္ဓဂိုဏ်း၏ ဆရာကြီးတစ်ဦး ပြန်လည်ဝင်စားခြင်း ဖြစ်သည်ဟူသော ကောလဟာလများပင် ထွက်ပေါ်နေခဲ့လေသည်။
လွမ်ကုမျှော်စင်၏ အထပ်ငါးရာတွင်...
"အားနည်းတယ်... အားနည်းတယ်၊ နင်တို့က ဒီမင်းသမီးကို တားလို့မရဘူး"
ယွီယွင်ရှန့်က ဝံ့ကြွားစွာ ပြောလိုက်သည်။ သူမက သူ့အစ်ကို ယွီဟွာဝမ်လောက် မသန်မာသော်လည်း ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်သေးသည်။
"ငါ့အစ်ကို လာမယ်ဆိုရင် သူက ထိပ်ဆုံးကို တက်နိုင်ခြေရှိမယ်"
ယွီယွင်ရှန့်က ပြုံးလိုက်သည်။
'ချင်ဝူတောက်နဲ့ ဗြဟ္မာတို့ ဘယ်နှထပ်အထိ ရောက်နေပြီလဲ မသိဘူး။ အထူးသဖြင့် ချင်ဝူတောက်၊ သူက လွမ်ကုဧကရာဇ်ရဲ့ မျိုးဆက်လို့ ငါကြားတယ်။ တကယ်လို့ သူသာ လွမ်ကုဧကရာဇ်ရဲ့အမွေကို တကယ်ရရင် သူက ငါ့အစ်ကိုရဲ့ ပြိုင်ဘက်ဖြစ်လာမှာကို ကြောက်ရတယ်'
ယွီယွင်ရှန့်က သူ့ဘာသာသူ တွေးလိုက်သည်။
ချင်ဝူတောက်က သူ့အစ်ကို ယွီဟွာဝမ်လောက် မထူးချွန်ဘူးဟု ပြောခဲ့သော်လည်း သူမ၏ လက်မခံလိုစိတ်ကြောင့်သာ ဖြစ်သည်။
ချင်ဝူတောက်က သူ့ခွန်အားကို တိုက်ပွဲများစွာဖြင့် သက်သေပြခဲ့ပြီးပြီ။
အကယ်၍ သူသည်သာ လွမ်ကုဧကရာဇ်၏အမွေကို ယခုတစ်ကြိမ် ရယူနိုင်ခဲ့ပါက၊ သူ၏ခွန်အားက အဆင့်တစ်ခုသို့ ရောက်လာမည်မှာ သေချာသည်။
သူက ယွီဟွာဝမ်ကိုပင် ခြိမ်းခြောက်လာလိမ့်မည်။
"ဘာပဲဖြစ်ဖြစ် ငါ့အစ်ကိုကလည်း အခု ဧကရာဇ်ဖြစ်ဖို့ အခွင့်အလမ်းတွေကို ရှာနေတယ်။ အဲဒါက လွမ်ကုဧကရာဇ်ရဲ့ အခွင့်အရေးထက် နိမ့်ကျမှာမဟုတ်ဘူး"
ယွီယွင်ရှန့်က အခိုင်အမာ ပြောလိုက်သည်။
သူမ၏အစ်ကိုက ဤကမ္ဘာကြီးတွင် အငြင်းပွားဖွယ်ရာမရှိဘဲ နံပါတ်တစ် ဖြစ်လာပေလိမ့်မည်။
ပါရမီရှင်များက လွမ်ကုမျှော်စင်တွင် လေ့ကျင့်ခဲ့ကြသည်။
လူတိုင်းက ထိပ်ဆုံးသို့ထိတွေ့ရန် အရည်အချင်းမရှိသော်လည်း...
အနည်းဆုံးတော့ သူတို့၏ ကျင့်ကြံမှုအခြေခံက တည်ငြိမ်သွားကြသည်။
တစ်ချိန်တည်းမှာပင်၊ သူတို့က လွမ်ကုဧကရာဇ်၏ဘဝ ပထမတစ်ဝက်ကိုလည်း ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရပေသည်။
ဤအတွေ့အကြုံများက တန်ဖိုးအရှိဆုံး ဖြစ်သည်။
နောက်ဆုံးတွင်၊ ဧကရာဇ်တစ်ပါး၏ ကြီးထွားမှုလမ်းကြောင်းကို လူတိုင်းနားမလည်နိုင်ပေ။
သေသေချာချာ လေ့လာပြီး တွေးကြည့်မည်ဆိုပါက များစွာ အကျိုးရှိနိုင်သည်။
တစ်ဖက်တွင်...
ကျွင်းရှောင်ယောက်၏ ဘဝအတွေ့အကြုံက လွမ်ကုဧကရာဇ်နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်သည်။
ထို့ကြောင့်ပင် လွမ်ကုဧကရာဇ်၏ ဘဝတစ်ဝက်ကို တွေ့ကြုံခံစားရန်အား မတားဆီးခဲ့ပေ။
ယင်းက သူ့အတွက် စိတ်ကူးသစ်များ ပေါ်လာစေနိုင်သည်။
အချိန်ကြာလာသည်နှင့်အမျှ ပါရမီရှင်များမှာ မျှော်စင်အတွင်းမှ ဖယ်ရှားခံလိုက်ရသည်။
တကယ်တော့ အထပ်ငါးရာပြီးနောက် လွမ်ကုဧကရာဇ်၏ ပြိုင်ဘက်များဟာ အလွန်အစွမ်းထက်နေပြီ ဖြစ်သည်။
အထပ်ခြောက်ရာ။
အထပ်ခုနစ်ရာ။
အထပ်ရှစ်ရာ။
အထပ်မြင့်လေ၊ ပါရမီရှင်များ ဖယ်ထုတ်ခံရမှု များလာလေလေပင်။
အဆုံးတွင် မျှော်စင်တွင်း၌ အလင်းစက် အလင်းအစက် တစ်ဒါဇင်ခန့်သာ ပြန့်ကျဲကျန်ခဲ့သည်။
"ဟင်၊ ဟိုအလင်းတန်းက ဘယ်သူလဲ။ သူက ချင်မိသားစုရဲ့ နတ်ဘုရားသားတော်များလား"
ရှေးဦးစွာ မျှော်စင်အတွင်းသို့ဝင်ပြီး ကျွင်းရှောင်ယောက် ရောက်ရှိလာမှန်း မသိသေးသော ပါရမီရှင်များက အံ့အားသင့်စွာ ပြောလိုက်သည်။
"ဟင်း၊ အဲဒါက ချင်ဝူတောက် မဟုတ်ပါဘူး။ အဲဒါက မင်း ဒီကိုလာမယ်လို့ ဘယ်တော့မှ မမှန်းဆနိုင်တဲ့လူပဲ"
ပါရမီရှင်တစ်ဦးက ထူးခြားစွာပြုံးရင်း ပြောလိုက်၏။
"လျှောက်မဖောနဲ့၊ လွမ်ကုဧကရာဇ်ရဲ့ မျိုးဆက် ချင်ဝူတောက်ထက် ဘယ်သူက မျှော်စင်ကို ဖြတ်ကျော်တာမှာ ပိုမြန်နိုင်မှာလဲ"
"လွမ်ကုဧကရာဇ်ရဲ့ ဆက်ခံသူလား။ အဟီး၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်နဲ့ ဘယ်သူက ယှဉ်နိုင်မှာလဲ"
တစ်ယောက်က ပြုံးပြီး ပြောလိုက်လေသည်။
"ဘာ၊ အဲဒီအလင်းတန်းက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်လား"
မသိကြသေးသူ ပါရမီရှင်များ အံ့သြသွားကြသည်။
အကယ်၍၊ ထိုလူဖြစ်လျှင် ချင်ဝူတောက် အမှန်တကယ်ပင် အန္တရာယ်ရှိပေမည်။
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က အံ့ဖွယ်ဖြစ်ရပ်တွေကို ဖန်တီးတဲ့နေရာမှာ အထူးချွန်ဆုံးပဲ။ ဒီနေ့မှာလည်း အံ့ဖွယ်အမှုကို သက်သေပြနိုင်တယ်"
ပါရမီရှင်တစ်ယောက်က လွမ်ကုမျှော်စင်ကို မော့ကြည့်ပြီး သက်ပြင်းချလိုက်သည်။
လွမ်ကုမျှော်စင်အပြင်ဘက်တွင် လူတိုင်း၏ မျက်လုံးများက မျှော်စင်ကို စူးစိုက်စိုက်ကြည့်နေခဲ့ပေသည်။
ယခုအခါ လွမ်ကုမျှော်စင်အတွင်း၌ လူဦးရေ တစ်ဒါဇင်ခန့်သာ ကျန်ခဲ့သည်။
သို့ရာတွင် လေးယောက်ကတော့ အထပ်ရှစ်ရာကို ရောက်သွားကြ၏။
ကျွင်းရှောင်ယောက်၊ ချင်ဝူတောက်၊ ဗြဟ္မာ၊ ယွီယွင်ရှန့်တို့ ဖြစ်သည်။
သို့သော် အထပ်ရှစ်ရာ့ငါးဆယ်ဝန်းကျင်မှာတော့ ကြာရှည်မခံတော့ပါ။
ချောမောလှပသောရုပ်သွင်ကို ပထမဆုံး ပြန်ပို့လိုက်သည်။ ယင်းက ယွီယွင်ရှန့်ပင်။
သူမက အသက်ရှုမဝသလို ချွေးများ စိုရွှဲပြီး အသက်ရှူမြန်နေခဲ့သည်။
ယွီယွင်ရှန့်က နှုတ်ခမ်းကိုကိုက်ပြီး အနည်းငယ် ခြေဆောင့်လိုက်သည်။
"မဟာဧကရာဇ်ငယ် ပြိုင်ဘက်တွေကို ငါ လျှော့တွက်ခဲ့တာပဲ။ သူက တကယ်ကို အားမနည်းဘူး"
ယွီယွင်ရှန့်လည်း ယင်းကို မမျှော်လင့်ထားပေ။
အလွှာပေါင်း ရှစ်ရာကျော်ကို ရောက်လာပြီးနောက်၊ လွမ်ကုဧကရာဇ်၏ ရန်သူများက ပို၍ပို၍ အားကောင်းလာခဲ့ကြသည်။
တချို့က နတ်မင်းဆက်၏ မင်းသားများ၊ ရှေးဟောင်း အင်အားစုကြီးမျ၏ တားမြစ် ဆက်ခံသူများ...
သို့မဟုတ်၊ နှစ်ထောင်ပေါင်းများစွာ မြှုပ်နှံထားသော မြင့်မြတ်ဝိညာဉ်များ စသည်တို့ ဖြစ်သည်။
တစ်ယောက်ချင်းစီက ထိပ်တန်းအဆင့် ပါရမီရှင်များ ဖြစ်ပေသည်။
အစပိုင်းတွင်၊ ယွီယွင်ရှန့်က သူ့ဘဝတစ်ဝက်မှာ ရှုံးနိမ့်ခဲ့ရသော လွမ်ကုဧကရာဇ်ကို သိပ်ပြီး အထင်မကြီးခဲ့ပေ။
သူတို့ယွီဟွာနတ်မင်းဆက်၏ ယွီဟွာဧကရာဇ်ထက် အားနည်းတာဟု ထင်ခဲ့သည်။
ယခုမူ၊ ဧကရာဇ်လွမ်ကု၏ အတွေ့အကြုံကို တွေ့ရပြီးနောက်၊ ယွီယွင်ရှန့်ဟာ ပို၍ သဘောကျလာခဲ့သည်။
ဤသို့သော ဧကရာဇ်တစ်ပါးက လေးစားထိုက်ပေသည်။
အလင်းရောင် တဖျတ်ဖျတ်လက်ပြီး ဗြဟ္မာလည်း ပေါ်လာခဲ့သည်။
သူက ယွီယွင်ရှန့်ထက် အဆင့်ပိုမြင့်ပြီး အထပ်ရှစ်ရာကိုးဆယ်အထိ ရောက်ခဲ့လေသည်။
"ကိုယ်တော်ကြီး၊ နင်လည်း အထပ်ကိုးရာကို မရောက်နိုင်သေးဘူးးထင်တယ်"
ယွီယွင်ရှန့်က မျက်ခုံးပင့်ပြီး ပြောလိုက်သည်။
သူမ၏အမြင်တွင် အထပ်ကိုးရာသို့ ဖြတ်ကျော်နိုင်သူများကမှ တားမြစ်ထဲကတားမြစ်ပါရမီရှင်များ ဖြစ်သည်။
"အမိတ္တဘ၊ ငါ အထပ်ကိုးရာကို မချိုးရသေးပေမဲ့ တစ်ခုခုတော့ ရခဲ့ပါတယ်"
ဗြဟ္မာက လက်အုပ်ချီပြီး ပြောလိုက်သည်။
သူက လောဘမကြီးပေ။
"ဟင်း၊ ငါတို့အားလုံး အဲဒီချင်ဝူတောက်ကို ရှုံးနိမ့်သွားပုံပဲ"
ယွီယွင်ရှန့်က သက်ပြင်းချပြီး လွမ်ကုမျှော်စင်ကို အမှတ်တမဲ့ ကြည့်လိုက်သည်။
ရုတ်တရက်၊ သူမ၏မျက်လုံးများ အေးခဲသွား၏။
အကြောင်းမှာ လွမ်ကုမျှော်စင်၏ အလွှာကိုးရာအထက်တွင် အလင်းစက်တစ်ခုမဟုတ်ဘဲ နှစ်ခုရှိနေသောကြောင့်ပင်။
"အခြားလူက ဘယ်သူလဲ"
ယွီယွင်ရှန့် အံ့အားသင့်စွာ မေးလိုက်သည်။