အခန်း ၇၄၉
Vol. 50 Ch. 749
အခန်း ( ၇၄၉ ) လွမ်ကုဧကရာဇ်၏ ပြိုင်ဘက်ခုနစ်ဦး၊ သရဲမျက်နှာနှင့် မိန်းကလေး ပြန်ပေါ်လာခြင်း။
သူ့အမြင်တွင်၊ အထပ်ကိုးရာသို့ ဖြတ်ကျော်နိုင်သော ပါရမီရှင်ရှိပါက...
ချင်ဝူတောက်က တစ်ဦးတည်းသောသူဖြစ်သည်ကို သံသယဖြစ်ဖွယ် မရှိပါ။
လွမ်ကုအဆောင်တစ်ပိုင်ကို သယ်ဆောင်ထားသောကြောင့်လည်း လွမ်ကုဧကရာဇ်၏ အမွေဆက်ခံသူအဖြစ် မှတ်ယူနိုင်သည်။
သူ၏ ကိုယ်ပိုင်အင်အားမှာလည်း အားနည်းမှုမရှိပေ။
ယခုမူကား၊ အလွှာကိုးရာအထက်တွင် အလင်းနှစ်စက် ရှိနေပြီ ဖြစ်သည်။
"အခြားအလင်းတန်းက ဘယ်သူလဲ၊ ချင်ဝူတောက်ထက် သိပ်မနှေးတဲ့သူက ဘယ်သူလဲ"
ယွီယွင်ရှန့် အမှန်တကယ် အံ့သြသွားမိသည်။
သို့သော်လည်၊ သူ့စကားကိုကြားသောအခါ ပါရမီရှင်တစ်ယောက်က အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်လေသည်။
"ယွင်ရှန့်မင်းသမီး၊ မင်း မင်းနားလည်မှုလွဲနေပြီ ထင်တယ်"
"နားလည်မှုလွဲနေတာက ဘာကိုဆိုလိုတာလဲ"
ယွီယွင်ရှန့် ပဟေဠိဖြစ်သွားပြီး မေးလိုက်၏။
"မင်းပြောတဲ့အတိုင်း ပြောရရင် အောက်ခြေက အလင်းတန်းကမှ ချင်မိသားစုရဲ့ နတ်ဘုရားသားတော်ပါ"
တစ်ယောက်က ပြောလိုက်သည်။
"ဘာ"
ယွီယွင်ရှန့် အံ့အားသင့်ကာ မျက်လုံးပြူးသွား၏။
ချင်ဝူတောက်က အောက်ခြေမှာ ရှိနေသူပဲလား။
"ယွင်ရှန့်မင်းသမီး မသိလို့ပါ။ မင်းတို့ လွမ်ကုမျှော်စင်ထဲကို ဝင်လာခဲ့ပြီးမှ နောက်တစ်ယောက် ထပ်ရောက်လာခဲ့တယ်"
"အဲဒါက ဘယ်သူလဲ"
ယွီယွင်ရှန့်က မေးလိုက်သည်။
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် ကျွင်းရှောင်ယောက်"
ပါရမီရှင်တစ်ဦးက တံတွေးတစ်လုတ်ကို မျိုချပြီး ပြောလိုက်၏။
"ကျွင်းရှောင်ယောက်လား"
ထိုစကားကိုကြားတော့ ယွီယွင်ရှန့်၏ ခန္ဓာကိုယ်ကလေးက အံ့အားသင့်စွာဖြင့် တုန်ယင်သွားလေသည်။
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်လား..."
ဗြဟ္မာလည်း တုန်လှုပ်သွားပြီးနောက် တည်ငြိမ်သွားခဲ့သည်။
ကျွင်းရှောင်ယောက် အစွမ်းသတ္တိကို သူ့မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ဖူးပေသည်။
ထိုက်အယ်ဘုရားကျောင်းတွင် ရှိစဉ်ကတည်းက ကျွင်းရှောင်ယောက်ဟာ အလွန်အစွမ်းထက်နေပြီ ဖြစ်သည်။
ယခုကဲ့သို့ အချိန်အတော်ကြာပြီးနောက် ကျွင်းရှောင်ယောက်ဟာ မည်မျှ သန်မာလာမည်နည်း။
ဗြဟ္မာ လုံးဝ စိတ်ကူးမယဉ်နိုင်တော့ပေ။
"ကျွင်းရှောင်ယောက်၊ သူပဲ ထပ်ဖြစ်ပြန်ပြီ..."
ယွီယွင်ရှန့် အနည်းငယ် တိတ်ဆိတ်သွားခဲ့သည်။
ကျွင်းရှောင်ယောက်၏ လုပ်ရပ်များအကြောင်း တမင်တကာ မမေးခဲ့လျှင်ပင် သူ့သတင်းများကို မကြာခဏ ကြားနေရသေးသည်။
အရေးကြီးဆုံးကတော့ သူမ အလေးစားရဆုံး အစ်ကိုဖြစ်သူ ယွီဟွာဝမ်ကိုယ်တိုင် စကားတစ်ခွန်းပြောခဲ့ဖူး၍ ဖြစ်သည်။
အဆုံးစွန်ရှေးဟောင်းလမ်းကိုကြည့်လျှင် သူနှင့်တိုက်ခိုက်ရန် အရည်အချင်းပြည့်မီသူက ဆယ်ယောက်သာ ရှိသည်။
ကျွင်းမိသားစု၏ နတ်ဘုရားသားတော်ကတော့ သူ့ကို အနိုင်ယူနိုင်သည့် တစ်ဦးတည်းသော သူတစ်ယောက်ပင်။
ထိုစဉ်ကတော့ ယွီယွင်ရှန့်ဟာ သိပ်ပြီး မယုံကြည်ခဲ့ပေ။
သူ့အမြင်တွင်၊ သူ့အစ်ကိုက ယဉ်ကျေးလွန်းခဲ့ခြင်း ဖြစ်သည်။
ယွီဟွာဝမ်က မွေးဖွားချိန်မှစ၍ ရှုံးပွဲမရှိခဲ့ပေ။
ကျွင်းရှောင်ယောက်က မည်မျှသန်မာပါစေ၊ သူ့အစ်ကိုကို အနိုင်ယူနိုင်သည်ဟု ပြောရန်က စောလွန်းသည်။
ယွီယွင်ရှန့်ဟာ သူ့အစ်ကိုက ကျွင်းရှောင်ယောက်ထက် အားနည်းမည်ဟု မထင်ခဲ့ပေ။
"ဒီနေ့တော့ ဒီမင်းသမီးဟာ ထူးခြားအံ့ဖွယ်တွေ ဖန်တီးတတ်တဲ့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က မဖြစ်နိုင်တဲ့အရာတွေကို ထပ်ပြီးလုပ်ပေးနိုင်ဦးမလားဆိုတာကို သိချင်မိတယ်"
ယွီယွင်ရှန့်က ခါးကိုထောက်ပြီး စောင့်မျှော်နေခဲ့သည်။
ခေတ်ကာလတစ်လျှောက်လုံး လွမ်ကုမျှော်စင်ကို တစ်ကြိမ်ထက်မက ဖွင့်လှစ်ခဲ့သည်။
သို့သော်လည်း အလွှာတစ်ထောင်ပြည့်အောင် ခြေချနိုင်သူ မရှိသေးပေ။
အလွှာကိုးဆယ်အထက်သို့ ခြေချခဲ့ဖူးသူပင် လူအနည်းစုသာ ရှိသည်။
သူမ၏ အစ်ကိုကိုပင် ကြောက်ရွံ့စေသော၊ မရေမတွက်နိုင်သော အံ့ဖွယ်အမှုများကို ဖန်တီးခဲ့သော၊ အဆုံးစွန် ရှေးဟောင်းလမ်းမှ လူအားလုံးကသိနိုင်လောက်အောင် ကျော်ကြားသော ကျွင်းရှောင်ယောက်၏ အခြေအနေကို သိချင်မိသည်။
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က နတ်သားတစ်ပါးလို အသွင်အပြင်ရှိပြီး မိန်းမပျိုတိုင်းရဲ့ နှလုံးသားကို ချက်ချင်းဖမ်းစားနိုင်တယ်လို့ ငါကြားတယ်။ ဒါက တကယ်ဟုတ်ရဲ့လားဆိုတာ ဒီမင်းသမီးက သိချင်မိတယ်"
ယွီယွင်ရှန့်က ရေရွတ်လိုက်သည်။
သူမ၏အစ်ကိုဖြစ်သူ ယွီဟွာဝမ်က ငွေရောင်ဆံပင်ရှိပြီး အတော်ကလေး ချောမောသည်။
ယွီဟွာဝမ်၏အမြင်တွင်၊ သူမ၏အစ်ကိုက ပြီးပြည့်စုံသော အမျိုးသားနတ်ဘုရား ဖြစ်၏။
သူ့အစ်ကိုထက် ပြီးပြည့်စုံသော အမျိုးသားတစ်ယောက်ကို ရှာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပင်။
အနည်းဆုံးတော့ မျိုးဆက်သစ်များထဲတွင် သူ့အစ်ကိုထက် ချောမောသူကို မတွေ့ရသေးပေ။
"ကိုယ်တော်ကြီး၊ နင်က ကျွင်းရှောင်ယောက်ကို မြင်ဖူးတယ် မဟုတ်လား၊ နင် ဘယ်လိုထင်လဲ"
ယွီယွင်ရှန့်က ဗြဟ္မာကို တစ်ချက်ကြည့်လိုက်သည်။
ဗြဟ္မာက ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။
"ဒီရဟန်းသာ သီလရှင်ဖြစ်ရင် ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်နဲ့ တွေ့ပြီးနောက် လူဘောင်လောကကို ပြန်ဝင်လာဖို့ ရွေးချယ်မိလိမ့်မယ်"
"အိုး၊ ဒီလောက်တောင်လား"
ယွီယွင်ရှန့်၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားခဲ့သည်။
သူ ပို၍ သိချင်လာလေသည်။
လွမ်ကုမျှော်စင်အတွင်းမှာတော့ ချင်ဝူတောက်က ကျွင်းရှောင်ယောက် ရောက်လာသည့်အပြင်၊ သူ့ရှေ့ကိုပင် ရောက်နေပြီမှန်း မသိသေးပေ။
"အလွှာကိုးရာ၊ ငါက ဒီကို ပထမဆုံး ရောက်ဖူးတဲ့သူ ဖြစ်သင့်တယ်။ ဒါပေမဲ့ အဲဒါက အကန့်အသတ် မဟုတ်သေးပါဘူး"
ချင်ဝူတောက်၏ မျက်လုံးများက တောက်ပနေခဲ့သည်။
လွမ်ကုဧကရာဇ်၏အမွေကိုရနိုင်လျှင် ချင်ဝူတောက်က လုံးဝပေါ်လွင်ပြီး ထိပ်ဆုံးမှ ရပ်တည်သူတစ်ဦး ဖြစ်လာမည် ဖြစ်သည်။
ချင်ဝူတောက်လည်း မျှော်စင်အထက်သို့ ဆက်လက် ချိုးဖြတ်သွားတော့သည်။
လွမ်ကုမျှော်စင် အထပ်ကိုးရာကို ရောက်လာပြီးနောက် ပြိုင်ဘက်များက သန်မာလာခဲ့သည်။
ကျွင်းရှောင်ယောက်ပင်လျင် ယခင်ကကဲ့သို့ အလွယ်တကူ မဖျက်ဆီးနိုင်တော့ပေ။
တစ်ဦးစီက ဤကမ္ဘာကြီး၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်ကြသည်။
ဟုတ်ပေသည်၊ ယင်းက ကျွင်းရှောင်ယောက်အတွက်တော့ အနည်းငယ်ပိုသော အခက်အခဲသာ ဖြစ်သည်။
အထပ် ကိုးရာကိုးဆယ်တွင်...
ကျွင်းရှောင်ယောက်၏ ပြိုင်ဘက်က တားမြစ်ပါရမီရှင်တစ်ဦး ဖြစ်သည်။
"အစစ်အမှန်နဂါးရဲ့ သားတော်လား"
ကျွင်းရှောင်ယောက် အံ့ဩသွား၏။
လွမ်ကုဧကရာဇ်ငယ်စဉ်က အစစ်အမှန်နဂါး၏ သားတော်ကိုပင် တိုက်ခိုက်ခဲ့ဖူးသည်။
ဟုတ်ပေသည်၊ ထိုစဉ်က လွမ်ကုဧကရာဇ်မှာ အခေ့အနေပျက်ပြီး ကျဆုံးလုနီး ဖြစ်ခဲ့ရသည်။
"လွမ်ကုဧကရာဇ်ရဲ့အင်အားက ဘယ်လောက်သန်မာပြီး၊ ဧကရာဇ်တွေကြားမှာ အဆင့်ဘယ်လောက်ရှိသလဲ မသိပေမဲ့... သူ့ရဲ့ အသက်ကယ်စွမ်းရည်က တကယ်ကို သန်မာတယ်"
ကျွင်းရှောင်ယောက် သက်ပြင်းချလိုက်သည်။
လွမ်ကုဧကရာဇ်အဆောင်က အဘယ်ကြောင့် ရှေးဦးဝိဉာဉ်ကို ကာကွယ်နိုင်ည်အထိ ကြီးမားသော အကျိုးသက်ရောက်မှုရှိသည်ကို သူနားလည်ခဲ့သည်။
ယင်းက လွမ်ကုဧကရာဇ်ကိုယ်တိုင် သန့်စင်ထားသော အသက်ကယ်ရတနာတစ်ခု ဖြစ်ချေသည်။
ကျွင်းရှောင်ယောက်က အစစ်အမှန်နဂါး၏သာတော်ကို လက်ဗလာဖြင့် တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးတွင် ထက်ခြမ်းဆုပ်ဖြဲပစ်လိုက်သည်။
ချင်ဝူတောက် အတွက်ကတော့ ပိုနှေးကွေးပြီး အချိန်အတိုင်းအတာတစ်ခုအထိ ယူခဲ့ရပေသည်။
နောက်ဆုံး၊ ကိုးရာကိုးဆယ့်ရှစ်လွှာတွင် ကျွင်းရှောင်ယောက်နှင့် ချင်ဝူတောက်တို့ နှစ်ဦးစလုံး ကြီးမားသော အတားအဆီးကို ရင်ဆိုင်ခဲ့ရသည်။
အကြောင်းမှာ၊ ဤတစ်ကြိမ်တွင် သူတို့၏ပြိုင်ဘက်က လူတဦးတည်းမဟုတ်ဘဲ စုစုပေါင်း ခုနစ်ယောက် ရှိနေ၍ ဖြစ်သည်။
ဖင်းဂေါ့များကဲ့သို့ ထိုလူခုနစ်ယောက်က နေနှင့်လ၏ ဘုန်းအသရေဖြင့်အလွန်းအားကောင်းကာ ရှေးဟောင်းကြယ်တစ်လုံးကို ချေမှုန်းနိုင်ကြသည်။
"ဖရိုဖရဲကောင်းကင်ရဲ့ သူရဲကောင်းခုနစ်ယောက်..."
ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် လေးနက်မှုအရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
ယင်းက လွမ်ကုဧကရာဇ် လူငယ်ဘဝမှ၊ အသန်မာဆုံး ရန်သူများထဲမှ တစ်ခုဖြစ်မည်မှာ သေချာပေသည်။
ဤလူခုနစ်ယောက်လုံးက တာအိုကိုသက်သေပြနိုင်သော အနေအထားရှိကြသည်။
ကျွင်းရှောင်ယောက်ပင်လျှင် ဤလူခုနစ်ယောက်နှင့် ဆက်ဆံရာတွင် အချိန်အနည်းငယ် ကြာခဲ့သည်။
ချင်ဝူတောက်ဆိုပါက ပို၍ ဘဝပျက်ခဲ့လေသည်။
"မဟုတ်ဘူး၊ ငါက လွမ်ကုဧကရာဇ် ငယ်စဉ်က လမ်းကြောင်းကို ပြန်ကြည့်ချင်တယ်။ ငါ ချင်ဝူတောက်က တခြားသူတွေထက် အားမနည်းဘူး"
ချင်ဝူတောက်က ချင်မိသားစု၏ အစွမ်းထက် နတ်ဘုရားသိုင်းကိုထုတ်ဖော်ရင်း အော်ဟစ်လိုက်သည်။
ကျွင်းရှောင်ယောက်ကတော့ အတော်လေး တည်ငြိမ်ခဲ့ပေသည်။
"ကောင်းကင်ရဲ့ သေခြင်းရှင်ခြင်းဘီး"
ကျွင်းရှောင်ယောက်က လက်တစ်ဖက်တည်းနှင့် ရှင်သန်ခြင်းကို ထိန်းချုပ်ထားပြီး နောက်လက်တစ်ဖက်ဖြင့် သေဆုံးခြင်းကို ထိန်းချုပ်ထားပေသည်။ သေဆုံးခြင်းနှင့် ရှင်သန်ခြင်းကို ထိန်းချုပ်နိုင်သလိုမျိုး တစ်လှည့်စီလည်ပတ်နေခဲ့သည်။
သေခြင်းရှင်ခြင်း အင်မော်တယ်စွမ်းအင်ကလည်း သူ့အားဝန်းရံထား၏။
အစွမ်းထက်သော သူရဲကောင်းခုနစ်ယောက်က ကျွင်းရှောင်ယောက်၏ ဖိနှိပ်မှုအောက်တွင် တစ်ယောက်ပြီးတစ်ယောက် ကွဲကြေသွားခဲ့သည်။
ကျွင်းရှောင်ယောက်က ကောင်းကင်ကိုပင် ကြောက်လန့်စေသည့် ထာဝရတားမြစ်ချက်တစ်ခု ဖြစ်သည်။
သူရဲကောင်း ခုနစ်ယောက်က ရှေးခေတ်မှ ဆရာကြီးများဖြစ်သော်လည်း ကျွင်းရှောင်ယောက်ကို ဖိနှိပ်ရန်တော့ မလုံလောက်သေးပေ။
နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်က သူရဲကောင်း ရုပ်ခုနစ်ဦးကို အနိုင်ယူခဲ့သည်။
အလွှာ ကိုးရာကိုးဆယ့်ရှစ်ကို ကျော်ဖြတ်သွားခဲ့ပြီ။
ကျွင်းရှောင်ယောက်၏ မြင်ကွင်းများက မှုန်ဝါးသွားပြီး နောက်အဆင့်ကို ရောက်ရှိသွားခဲ့သည်။
ကျွင်းရှောင်ယောက်လည်း အမှန်တကယ် သိချင်မိပေသည်။
ရှေးဟောင်းသမိုင်းဝင်မှတ်တမ်းအချို့အရ၊ လွမ်ကုဧကရာဇ်၏ ဘဝပထမပိုင်းတွင် အကြီးမားဆုံးရန်သူက ဖရိုဖရဲကောင်းကင် သူရဲကောင်းခုနစ်ယောက် ဖြစ်သည်။
သို့သော်လည်း လွမ်ကုမျှော်စင်မှာ နှစ်လွှာကျန်နေဆဲ ဖြစ်၏။
သို့ဆိုလျှင် ထိုအလွှာနှစ်ခုက မည်သို့သော အရာမျိုး တည်ရှိနေမည်နည်း။
ကျွင်းရှောင်ယောက် စိတ်ဝင်စားမိခဲ့သည်။
ကျွင်းရှောင်ယောက်က မှန်းဆနေစဉ်မှာပင် လွမ်ကုမျှော်စင်၏ အလွှာ ကိုးရာကိုးဆယ့်ကိုးသို့ ရောက်သွားသည်။
ဤအလွှာတွင် ရှေးကျသောနေရာတစ်ခုကို ရောက်သကဲ့သို့ အုံ့ဆိုင်းနေပေသည်။
"ဟမ်၊ ဒါက..."
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အံ့အားသင့်မှုတို့ ပေါ်လာခဲ့သည်။
ဤပတ်ဝန်းကျင်မျိုးက ရှေးခေတ်အခွင့်လမ်းတစ်ခုကဲ့သို့ပင်။
သို့ရာတွင်၊ ရှေးဟောင်းသမိုင်း မှတ်တမ်းအချို့အရ လွမ်ကုဧကရာဇ်၏ အခွင့်အလမ်းက အမှန်တကယ်ပင် အားနည်းမည်မဟုတ်ပါ။ မဟုတ်ပါက တန်ပြန်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။
ထိုအချိန်တွင် ကျွင်းရှောင်ယောက်က သူ့ရှေ့မှ မှုန်မှိုင်းနေသောရုပ်သွင်တစ်ခုကို တွေ့လိုက်ရသည်။
ကျက်သရေရှိပြီး နတ်သမီးတစ်ပါးကဲသို့ ပုံရိပ်တစ်ခုက မိုးနှင့်မြေကြားတွင် ရပ်နေလေသည်။
အနက်ရောင် ဆံနွယ်များက အဆုံးမဲ့ရှည်လျားသော ကြိုးများကဲ့သို့ အချိန်နှင့်ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပုံရသည်။
သူမက နတ်သမီးအဖြစ်သို့ ပြောင်းလဲသွားပြီး အချိန်အရွေး ထွက်ခွာသွားမည့်ပုံရလေသည်။
ထိုပုံရိပ်က အမှန်တကယ် လှလွန်းသည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်ကို လှုပ်ရှားစေခဲ့သည်က မိန်းကလေး၏ အလှကြောင့်ချည်း မဟုတ်ပါ။
ယင်းအစား သူမ၏မျက်နှာတွင် ဝတ်ဆင်ထားသော သရဲမျက်နှာဖုံးကြောင့် ဖြစ်သည်။
အတိတ်မှ အဖြစ်အပျက်များနှင့် ပြည့်နှက်နေသော မျက်လုံးတစ်စုံကိုသာ မြင်တွေ့ရလေသည်။
သူမက ရှေးဟောင်းသမိုင်းတစ်ခုမှ ရှင်ပြန်ထမြောက်လာခဲ့သည့် နတ်သမီးတစ်ဦးနှင့် တူသည်။
ကျွင်းရှောင်ယောက်က ဤအဆင့်သို့ရောက်သောအခါ...
ထိုမိန်းကလေး၏ အကြည့်က ချက်ချင်း ကျရောက်လာခဲ့သည်။
ယင်းမှာ ရှေးကျသော အချိန်မြစ်ကြီးကိုဖြတ်ကျော်ပြီး သူ့ကို ကြည့်နေသကဲ့သို့ပင်။
ကျွင်းရှောင်ယောက် အံ့အားသင့်သွားသည်။
ဤသရဲမျက်နှာဖုံးနှင့် အမျိုးသမီးက လွမ်ကုဧကရာဇ် ချန်ရစ်ခဲ့သော အမှတ်အသားတစ်ခု ဟုတ်ပုံမရပေ။
ထိုအစား၊ အတိတ်မှာ အမှန်တကယ်ရပ်ပြီး ရှည်လျားသော အချိန်မြစ်ကြီးကိုဖြတ်ကာ သူ့ကိုငေးကြည့်နေသော သက်ရှိတစ်ဦးကဲ့သို့ပင် ဖြစ်သည်။