← Chapters

အခန်း ၇၅၀

Vol. 50 Ch. 750

အခန်း ၇၅၀

Vol. 50 Ch. 750

အခန်း ( ၇၅၀ ) အချိန်အတော်ကြာပြီးနောက် ပန်းတစ်ပွင့်ကို ပေးလိုက်သည်၊ ရင်ထုမနာဖြစ်သွားသော ချင်ဝူတောက်။

"ဒါက သူပဲ ထပ်ဖြစ်ပြန်ပြီ..."

ကျွင်းရှောင်ယောက်ဟာ ထိုသရဲမျက်နှာနှင့် အမျိုးသမီးကို အလွန်ရင်းနှီးသည်။

ကောင်းကင်တာအိုမျှော်စင်မှ သရဲမျက်နှာနှင့် မိန်းကလေး၊ အောက်ကမ္ဘာရှိ ယဇ်ပလ္လင်ပေါ်မှ သရဲမျက်နှာနှင့် မိန်းကလေး၊ ကြေးအင်မော်တယ်နန်းတော်မှ ယခု သူ့မျက်စိရှေ့တွင် ရှိနေသည်အထိ။

ကျွင်းရှောင်ယောက်က သူမကို၏မျက်နှာကို အမှန်တကယ် မမြင်ဖူးသော်လည်း နေရာတိုင်းမှာ ရှိနေသည်ဟုပင် ခံစားခဲ့ရသည်။

သူမ၏ ခြေရာများကို နေရာများစွာတွင် ချန်ထားခဲ့ပေသည်။

သူမက တစ်စုံတစ်ရာကို ရှာဖွေနေသကဲ့သို့ အင်မော်တယ်နယ်မြေကြီး၏ ရှေးဟောင်းသမိုင်းတွင် လှည့်လည်သွားလာနေပုံရသည်။

ဤအခိုက်တွင်၊ သူ့ကို စိုက်ကြည့်နေသော မျက်လုံးများကိုကြည့်ပြီး...

ကျွင်းရှောင်ယောက်ကဲ့သို့ သန်မာသူတစ်ယောက်ပင်လျှင် မမြင်နိုင်သလို ခံစားလိုက်ရသည်။

ဤခံစားချက်ကို သူ မကြိုက်ပေ။

'ငါက အချိန်ခရီးသွားတစ်ယောက်ပဲလေ၊ ဒီဘဝမှာ ဘာကံတရားမှ ရောထွေးနေတာ မရှိဘူး။ သူက တစ်စုံတစ်ယောက်ရဲ့ အရိပ်ကို ငါ့ဆီမှာ ရှာချင်တာဆိုရင် သူ စိတ်ပျက်သွားရလိမ့်မယ်'

ကျွင်းရှောင်ယောက်က သူ့ဘာသာသူ တွေးလိုက်သည်။

သူက ကျွင်းရှောင်ယောက်သည်သာ...

အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် အခြားမည်သူမျှ ဖြစ်မည်မဟုတ်ပေ။

သရဲမျက်နှာဖုံးနှင့် အမျိုးသမီး၏ကို သူ တစ်ခါမှ မမြင်ဖူးသော်လည်း၊ အခွင့်အလမ်းမျိုးစုံနှင့် ပတ်သက်ပြီး သူမနှင့် ကမ္မကြိုး အဆက်အသွယ် ရှိပြီးသား ဖြစ်သည်။

ကျွင်းရှောင်ယောက်ဟာ ဤအမျိုးသမီး၏ သူ့အပေါ် သဘောထားကိုတော့ ဂရုမစိုက်ပေ။

ကျွင်းမိသားစု၏ ဘီလူးကြီးများက သူ့လမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေမည့် တားမြစ်ချက်တချို့ကို ခွင့်မပြုဘူးဟု သူယုံကြည်သည်။

ထို့နောက်တွင် ကျွင်းရှောင်ယောက်၏ မျက်လုံးရှေ့မှာ ပုံရိပ်အချို့ ထွက်ပေါ်လာပြီး သူ့ကို အံ့အားသင့်စေခဲ့သည်။

ဤသည်မှာ အခွင့်အလမ်းတစ်ခု၊ လွမ်ကုဧကရာဇ် ငယ်စဉ်အခါက တွေ့ရသော အခွင့်အလမ်းတစ်ခုပင်။

သူလည်း သရဲမျက်နှာဖုံးနှင့် အမျိုးသမီးကို မြင်ဖူးပုံရသည်။

ထို့နောက်တွင်၊ နတ်သမီးကဲ့သို့ မိန်းကလေး၏ နောက်ကျောကိုသာ မြင်လိုက်ရသည်။

လွမ်ကုဧကရာဇ်မှာ အပြတ်ချေမှုန်းခံရပြီး ဒူးထောက်လုနီးပါးဖြစ်ခဲ့ရပေသည်။

ယင်းက ကျွင်းရှောင်ယောက်ကို အံ့အားသင့်စေခဲ့သည်။

နောက်ကျောကို ကြည့်ခြင်းအားဖြင့် လွမ်ကုဧကရာဇ်ကို ဒူးထောက်လုနီးပါး ဖြစ်စေသည်။

သရဲမျက်နှာနှင့် ထိုအမျိုးသမီးက အလွန်ကြောက်စရာကောင်း၏။ သူက ရှေးသမိုင်းတွင် အမှန်တကယ် တည်ရှိနေသည်မှာ သေချာသည်။

ဟုတ်ပေသည်၊ ဤသည်က လွမ်ကုဧကရာဇ်ကို အားနည်းသည်ဟု မဆိုလိုပေ။

ထိုအချိန်က လွမ်ကုဧကရာဇ်ဟာ တာအိုကိုသက်သေမပြုရသေးပေ။

သို့သော်လည်း၊ အသွင်ကူးပြောင်းရေး၏ အရေးကြီးသော အဆင့်တွင်ရှိပြီး လုံလောက်စွာ အားကောင်းနေခဲ့ပြီး ဖြစ်သည်။

"မထူးဆန်းတော့ပါဘူး၊ လွမ်ကုဧကရာဇ်က ရှေးခေတ်က သရဲမျက်နှာနဲ့အမျိုးသမီးဆီကနေ အခွင့်အလမ်းကို ရခဲ့ပြီး အသွင်ပြောင်းခဲ့တာ ဖြစ်မယ်"

ကျွင်းရှောင်ယောက်က မှန်းဆလိုက်သည်။

လွမ်ကုဧကရာဇ်၏ဘဝက ကြမ်းတမ်းသော်လည်း အခွင့်အလမ်းများစွာရှိပေသည်။

သူ့တွင် ဧကရာဇ်ဖြစ်ရန် အခွင့်အလမ်း တစ်ကြိမ်ထက်မက ရှိခဲ့သည်ဟူသော ကောလဟာလများပင် ရှိခဲ့သည်။

ထိုသို့မဟုတ်ပါက နောက်ဆုံးမှာ ကိုယ့်လမ်းကိုယ်ဖောက်ပြီး ကိုယ့်တာအိုကို ကိုယ်ဖန်တီးရန် မဖြစ်နိုင်ပေ။

သူ၏နည်းလမ်းကို ဖရိုဖရဲကောင်းကင်လျှို့ဝှက်ကျမ်းဟု ခေါ်သည်။

"ဒီလိုဆိုရင်တော့ ဒုက္ခဖြစ်လိမ့်မယ်..."

ကျွင်းရှောင်ယောက် မျက်မှောင်ကြုတ်လိုက်သည်။

ဤအဆင့်မှ အလွှာတစ်ထောင်သို့ တက်ရောက်ချင်လျှင် ဤသရဲမျက်နှာနှင့် မိန်းကလေးကို အနိုင်ယူရမည်မဟုတ်လော။

ထို့ပြင် ဤသရဲမျက်နှာနှင့် မိန်းကလေးက မည်သူနည်း။

သူက အင်မော်တယ်‌ နယ်မြေကြီး၏ ရှေးဟောင်းသမိုင်းတွင် အံ့သြဖွယ်အကောင်းဆုံးနှင့် အတောက်ပဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်ဖွယ် ရှိသည်။

ထိုကဲ့သို့သော တည်ရှိမှုမျိုးနှင့် ရင်ဆိုင်ရသောအခါ ကျွင်းရှောင်ယောက်ပင်လျှင် သတိမပေါ့လျော့နိုင်တော့ပေ။

သူဟာ ယုံကြည်မှုရှိသည်။ သို့ရာတွင် ယင်းက အောက်ခြေလွတ်နေမည်ဟု မဆိုလိုပေ။

နောက်ကျောကို ကြည့်ရုံဖြင့် လွမ်ကုဧကရာဇ်ငယ်အား ဒူးထောက်လုနီးပါး ဖြစ်စေနိုင်သည်။

သူမနှင့် ယခင် ဖရိုဖရဲကောင်းကင် သူရဲကောင်းခုနစ်ယောက်တို့က တူညီသောအဆင့်တွင် မရှိပေ။

ကျွင်းရှောင်ယောက်က တိုက်ရိုက် လှုပ်ရှားသင့်လား ဆိုတာကို စဉ်းစားနေချိန်...

သရဲမျက်နှာဖုံးနှင့် မိန်းကလေးက ရုတ်တရက် သူ့လက်ကို ဆန့်လိုက်သည်။

သူမ၏ လက်ငါးချောင်းက ကျောက်စိမ်းကဲ့သို့ ဖြူဖွေးပြီး သွယ်လျလေသည်။

ကျောက်စိမ်းလက်ချောင်းပေါ်တွင် လက်စွပ်တစ်ကွင်းလည်း ရှိသည်။

သူမလက်ထဲတွင် အလင်းစက်လုံးတစ်လုံးကို ကိုင်ထားပုံရ၏။

ကျွင်းရှောင်ယောက်လည်း အံ့အားသင့်သွားပြီးနောက် ရှေ့သို့လှမ်းကာ သူ့လက်ကို ဖြည်းညှင်းစွာ ဆန့်လိုက်သည်။

သရဲမျက်နှာနှင့် မိန်းကလေး၏လက်ကို သူ တို့ထိလိုက်၏။

ယင်းက ပုံရိပ်ယောင်တစ်ခုနှင့်အတူဘဲ နွေးထွေးပြီး နူးညံ့သော ခံစားမှုတစ်ခု ရှိနေသည်။

ကျွင်းရှောင်ယောက် အံ့အားသင့်သွားသည်။

ဒါက လူအစစ်တစ်ယောက်လား။

သို့မဟုတ်၊ အချိန်မြစ်ကြီးမှ သူ့ကို ထိတွေ့နေတာလား။

ထို့နောက်တွင် အလင်းစက်လုံးက ပျောက်ကွယ်သွားပြီး ပန်းတစ်ပွင့် ကျန်ရစ်ခဲ့သည်။

ယင်းက ထူးထူးခြားခြားမဟုတ်ဘဲ သာမန်ပန်းတစ်ပွင့် ဖြစ်၏။

ကျွင်းရှောင်ယောက်က အကြားအမြင် ဗဟုသုတ ကြွယ်ဝသော်လည်း ဤပန်းမျိုးစိတ်အား အချိန်အတော်ကြာသည်အထိ မပြောနိုင်ပေ။

သို့သော်လည်း ကျွင်းရှောင်ယောက် အံ့အားသင့်ဆုံးအရာက ထိုအရာမဟုတ်သေးပါ။

ဤပန်းပွင့်က ပုံရိပ်ယောင်မဟုတ်သလို တံဆိပ်တစ်ခုလည်း မဟုတ်ပေ။

ယင်းက အစစ်အမှန်ပန်းတစ်ပွင့် ဖြစ်သည်။

ထူးဆန်းလှပေသည်။

ဤလွမ်ကုမျှော်စင်ရှိ ရုပ်သွင်အားလုံးကို လွမ်ကုဧကရာဇ်၏ နည်းလမ်းများဖြင့် ပြုလုပ်ထားမှန်း သိထားကြရမည် ဖြစ်သည်။

အရာအားလုံးက ပုံရိပ်ယောင်များဖြစ်သင့်ပြီး လက်တွေ့တွင်တည်ရှိရန် မဖြစ်နိုင်ပေ။

သို့ရာတွင် ဤသရဲမျက်နှာနှင့်မိန်းကလေး ပေးလိုက်သော ပန်းက အစစ်အမှန် ဖြစ်သည်။

ကျွင်းရှောင်ယောက်လည်း အနည်းငယ် ထူးဆန်းသွားသလို ခံစားလိုက်ရလေသည်။

ဤနည်းလမ်းက သူ့အသိအမြင်ထက် ကျော်လွန်သွားခဲ့သည်။

အကယ်၍၊ လွမ်ကုဧကရာဇ်၏ အစီအစဉ် မဟုတ်လျှင်...

ဤသရဲမျက်နှာနှင့် အမျိုးသမီးက ရှည်လျားသော အချိန်မြစ်ကြီးမှ ဤပန်းပွင့်ကို ပေးလိုက်ခြင်း ဖြစ်နိုင်သည်။

ကျွင်းရှောင်ယောက်လည်း သရဲမျက်နှာနှင့် မိန်းကလေးကို တစ်ချက်ပြန်ကြည့်လိုက်သည်။

ထိုအချိန်တွင် သရဲမျက်နှာနှင့် မိန်းကလေးက နောက်ပြန်ဆုတ်သွား၏။

ထို့နောက်မှာတော့ မြူခိုးများဖြင့် မှုန်ဝါးလာပြီး အရာအားလုံးကို နစ်မြှုပ်သွားတော့သည်။

"ခဏလေး..."

ကျွင်းရှောင်ယောက်က သူ့လက်ကို ဆန့်ကာ ဆွဲလိုက်သော်လည်း ဘာကိုမျှ မဖမ်းမိခဲ့ပါ။

သရဲမျက်နှာနှင့် မိန်းကလေးက စကားတစ်ခွန်းမှ မပြောဘဲ ပန်းတစ်ပွင့်ပေးကာ ပျောက်သွားသည်။

ကျွင်းရှောင်ယောက်လည်း သက်ပြင်းချပြီး သူ့လက်ထဲမှ ပန်းပွင့်လေးကို ကြည့်လိုက်သည်။

ယင်းက ဖြူစင်သန့်ရှင်းပြီး အပြစ်အနာအဆာကင်းကာ တာအိုအမှတ်အသားများ ပျံ့နှံ့နေပုံရသည်။

ခဏချင်းတော့ ကျွင်းရှောင်ယောက် ဘာမျှမမြင်နိုင်သေးပေ။

ဤခေတ်က ပစ္စည်းတစ်ခုကဲ့သို့ သူ မခံစားရပါ။

ယင်းက ကမ္ဘာပေါ်တွင် ရှားပါးသော ရှေးဟောင်းဆေးဖက်ဝင် အပင်တစ်မျိုးမျိုး ဖြစ်နိုင်သည်၊ သို့မဟုတ် မျိုးသုဉ်းသွားခြင်း ဖြစ်ကောင်းဖြစ်လိမ့်မည်။

ကျွင်းရှောင်ယောက်လည်း ခေါင်းကို အနည်းငယ် ခါယမ်းပြီး သိမ်းထားလိုက်သည်။

"တိုက်ပွဲကြီးတစ်ခု ဖြစ်လာမယ်လို့ ငါထင်ခဲ့ပေမဲ့ မမျှော်လင့်ထားဘဲ..."

ကျွင်းရှောင်ယောက် အနည်းငယ် စိတ်ရှုပ်သွားသည်။

သူဟာ သရဲမျက်နှာဖုံးနှင့် မိန်းကလေးကို တိုက်ခိုက်ရန် ပြင်းထားသော်လည်း...

ရလဒ်အနေဖြင့်၊ သရဲမျက်နှာနှင့် မိန်းကလေးက သူ့ကို ပန်းတစ်ပွင့်ပဲပေးကာ ပျောက်သွားသည်။

"ဒီအဆင့်ကို ငါ မအောင်မြင်တာလား၊ အောင်မြင်တာလား"

ကျွင်းရှောင်ယောက်က မျက်ခုံးပင့်လိုက်သည်။

အမှန်လည်း ကျွင်းရှောင်ယောက် တွေးထားသည်နှင့် အတူတူပင်။

သူက ဤနေရာမှ ထွက်ခွာပြီး အထက်ကို တက်သွားခဲ့သည်။

ကျွင်းရှောင်ယောက်လည်း အလွန်အံ့အားသင့်သွားပြီး တစ်ချိန်တည်းမှာပင် သူ့မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှု အရိပ်အမြွက်တို့ ပေါ်လာခဲ့လေသည်။

သရဲမျက်နှာနှင့် မိန်းကလေးက သူ့ကို ထပ်မံကူညီပြီး ကမ္မကြိုး တည်ဆောက်ခဲ့မှန်း သူသိသည်။

မဟုတ်၍၊ ကျွင်းရှောင်ယောက်သာ သူ့အင်အားသက်သက်ဖြင့် ဖြတ်ကျော်ချင်လျှင် ဤမျှလွယ်ကူမည် မဟုတ်ပေ။

ကျွင်းရှောင်ယောက်က အလွှာတစ်ထောင်ပြည့်သို့ တက်သွားချိန်...

အလွှာ ကိုးရာကိုးဆယ့်ကိုးထပ်တွင်....

ရုပ်သွင်တစ်ခု ပေါ်လာခဲ့သည်။

"အဟွတ်... အဟွတ်...၊ ဖရိုဖရဲ သူကောင်း ခုနစ်ယောက်က တကယ်ကို အစွမ်းထက်ကြတယ်။ ဒါပေမဲ့ ငါ ဖြတ်ကျော်နိုင်တုန်းပဲ"

ထိုရုပ်သွင်က ချင်ဝူတောက်မှတပါး တခြားသူ မဟုတ်ပေ။

ယခုအချိန်တွင် သူက မောပန်းနွမ်းနယ်နေပြီး စွမ်းအင်များလည်း ကုန်သွားသည်။

သို့သော်လည်း သူ့မျက်လုံးများမှာတော့ စိတ်လှုပ်ရှားမှု မီးတောက်များ တောက်လောင်လျက်ရှိ၏။

ဖရိုရဲကောင်းကင် သူရဲကောင်း ခုနစ်ယောက်ပင်လျှင် သူ့ကို မတားဆီးနိုင်ပေ။

အလွှာတစ်ထောင်ကို မတက်နိုင်ဘဲ မည်သို့ဖြစ်မည်နည်း။

"လွမ်ကုဧကရာဇ်ရဲ့ မျိုးဆက်အနေနဲ့ ထိပ်ဆုံးကို ငါ တက်ရောက်ရမယ်"

ချင်ဝူတောက်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုနှင့် တိုက်ခိုက်ချင်စိတ်တို့ ပြည့်နေခဲ့သည်။

သို့သော်လည်း၊ နောက်အခိုက်တွင် သူ့မျက်လုံးများရှေ့မှာ မြူမှုန်များ ပေါ်လာသည်။

အလွန်လှပသော ရုပ်သွင်တစ်ခုက ဖျတ်ခနဲ ထွက်ပေါ်လာခဲ့၏။

ချင်ဝူတောက်က ရှင်းရှင်းလင်းလင်း မမြင်ရမီပင် ကြောက်မက်ဖွယ်ကောင်းပြီး အကန့်အသတ်မရှိသော စွမ်းအားတစ်ခုက သူ့ကို တိုက်ခိုက်နေသလို ခံစားလိုက်ရတော့သည်။

ဤအင်အား၏ရှေ့တွင်၊ ချင်ဝူတောက်က သူ့ကိုယ်သူ သမုဒ္ဒရာအတွင်းမှ ရေတစ်စက်ကဲ့သို့ အလွန်အရေးမပါဟု ခံစားလိုက်ရသည်။

သူ့ခမျာ တုံ့ပြန်ပန်ပင် အခွင့်အရေး မရှိခဲ့ပေ။ ပြင်းပြင်းထန်ထန် ရိုက်ခံရပြီး သွေးများအန်ထွက်လာခဲ့သည်။

သူ့ခန္ဓာကလည်း လွမ်ကုမျှော်စင်မှ တိုက်ရိုက်လွင့်စဉ်ပြီး မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပစ်ကျသွားတော့သည်။

"ဝုန်း"

ဥက္ကာခဲတစ်စင်း ကျရောက်လာသလို မြေပြင်က ပင့်ကူအိမ်ကဲ့သို့ ကြီးမားသော အက်ကွဲကြောင်းများ ပြန့်ကျဲသွားခဲ့သည်။

အလယ်မှာတော့ ချင်ဝူတောက်က သွေးအလူးလူးဖြင့် အရှက်တကွဲ အကျိုးနည်းအသွင် ဖြစ်နေခဲ့ပေသည်။

"ဒါက..."

အရပ်ရပ်မှ ပါရမီရှင်များလည်း ခဏချင်း မတုံ့ပြန်နိုင်ဘဲ ကြက်သေသေသွားခဲ့ကြသည်။

"ဒါက ချင်မိသားစုရဲ့ နတ်ဘုရားသားတော်ပဲ"

အကြည့်အားလုံးနီးပါးက ချင်ဝူတောက်အပေါ် ကျရောက်လာခဲ့သည်။ သူတို့၏ မျက်လုံးများက စာနာသနားမှုအရိပ်အမြွက်များ ပေါ်လွင်နေသေးသည်။

ချင်ဝူတောက်၏အသွင်မှာ အနည်းငယ် သနားစရာ ဖြစ်နေခဲ့သည်။

"သူလည်း အောင်မြင်ဘူးထင်တယ်..."

ယွီယွင်ရှန့်နှင့် ဗြဟ္မာလည်း ကြည့်လိုက်သည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ၊ ဘယ်လိုဖြစ်နိုင်မှာလဲ။ နည်းနည်းလေးပဲ၊ ငါ အပေါ်ဆုံးကို ရောက်တော့မှာ...

တွင်းထဲမှ ချင်ဝူတောက် ပြန်ထရပ်လိုက်သည်။ သူ့ရင်ထဲမှာတော့ အနည်းငယ် ဟာလာဟင်းလင်း ဖြစ်သွား၏။

သူက လွမ်ကုဧကရာဇ်၏ မျိုးဆက်မဟုတ်လော။

သူ၏ အင်အားနှင့် အရည်အချင်းကလည်း အားနည်းမှုမရှိပေ။

ယုတ္တိဗေဒအရ အလွှာတစ်ထောင်သို့တက်ပြီး လွမ်ကုဧကရာဇ်၏အမွေကို ရယူရန် သေချာနေသင့်သည်။

ယခုမူကား ဘယ်လိုလုပ်ပြီး ဤကဲ့သို့ဖြစ်သနည်း။

အကယ်၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးမှ ရှုံးနိမ့်ခဲ့ပါက ချင်ဝူတောက်တွင် ပြောစရာမရှိပါ။ သူ့အရည်အချင်းက တစ်ဖက်လူထက် အားနည်း၍ဟုသာ ပြောနိုင်သည်။

သို့ရာတွင်၊ ပြဿနာက...

သူဟာ အလွှာကိုးရာကိုးဆယ့်ကိုးပေါ်သို့ ခြေချရုံသာ ဖြစ်ခဲ့သည်။ သူ့ပြိုင်ဘက်၏ ရုပ်ကိုပင် ရှင်းရှင်းလင်းလင်း မမြင်ရသေးမီ အရှက်တကွဲဖြစ်ပြီး ကန်ချခံခဲ့ရလေသည်။

သူခံစားရသည်မှာ...

အလွန်တရာလှပသော ရုပ်သွင်က သူ့ကို စမ်းသပ်မှု မအောင်မြင်စေရန် တမင်တကာ တားမြစ်ခဲ့သလိုပင် ဖြစ်သည်။

All Chapters