← Chapters

အခန်း ၇၅၂

Vol. 51 Ch. 752

အခန်း ၇၅၂

Vol. 51 Ch. 752

အခန်း ( ၇၅၂ ) တစ်ယောက်ရဲ့ အကြီးမားဆုံး ပြိုင်ဘက်က ကိုယ်တိုင်ပါပဲ၊ လွမ်ကု နှလုံးသားနတ်ဆိုးနှင့် စကားပြောခြင်း၊ ကောင်းကင်က ကျုပ်အထက်မှာ နေစရာမရှိဘူး။

"လွမ်ကု" ဟူသော စကားလုံး ထွက်ပေါ်လာသည်နှင့် တပြိုင်နက်၊ အဆုံးမဲ့ တိုက်ခိုက်ချင်စိတ်တို့က နေရာတစ်ခုလုံးကို ဖြတ်သန်းသွားခဲ့သည်။

ထိုတိုက်ခိုက်ချင်စိတ်က ကောင်းကင်ကို တုန်လှုပ်စေခဲ့၏။

ထိုတိုက်ခိုက်ရေးစိတ်က စကြဝဠာကြီးကိုပင် တုန်လှုပ်စေတော့သည်။

ယင်းက ကံကြမ္မာကို လက်မခံလိုဘဲ ကြွေးကြော်သံ ဖြစ်သည်။

ဓား၊ လှံ၊ လက်နက်များက သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်းခဲ့ပြီး ရှုံးနိမ့်မှုတစ်ထောင် ရှိခဲ့သော်လည်း သူ၏ရည်မှန်းချက်ကို မဖျက်ဆီးနိုင်ခဲ့ပေ။

ဤအခိုက်တွင်၊ ထိုဒဏ္ဍာရီဆန်ဆန် တည်ရှိမှုက ကျွင်းရှောင်ယောက်၏ရှေ့တွင် ပေါ်လာပြီ ဖြစ်သည်။

ယင်းက အမှတ်အသားတစ်ခုမျှသာဖြစ်သော်လည်း ဖိနှိပ်နေသည့် အရှိန်အဝါက ပါရမီရှင်များစွာကို ဦးညွတ်စေရန် လုံလောက်သည်။

ကျွင်းရှောင်ယောက်သည်ပင် စစ်နတ်ဘုရားတစ်ပါးကို ရင်ဆိုင်ရသကဲ့သို့ ပြင်းထန်သောဖိအားကို ခံစားခဲ့ရပေသည်။

'သေချာတာပေါ့၊ ငါမှန်းဆထားတဲ့အတိုင်းပဲ။ လွမ်ကုဧကရာဇ်ရဲ့ အဆုံးစွန်ပြိုင်ဘက်က သူကိုယ်တိုင်ပဲ'

ကျွင်းရှောင်ယောက်၏ မျက်လုံးများက နက်နဲသွားခဲ့သည်။

သူက သိပ်တော့ မအံ့ဩပါ။

နောက်ဆုံးတွင် ဤစကားက အသုံးများသည်။

လူတစ်ယောက်၏ ဘဝတစ်လျှောက်မှ အကြီးမားဆုံး ပြိုင်ဘက်က သူ့ကိုယ်တိုင်သာ။

အခြားသူကို အနိုင်ယူရန်က လွယ်ကူသောလည်း ကိုယ့်ကိုကိုယ် အနိုင်ယူရန် ခက်ခဲသည်။

အစပိုင်းတွင်၊ လွမ်ကုဧကရာဇ်ဟာ မရေမတွက်နိုင်သော ရှုံးနိမ့်မှုများနှင့် ရုန်းကန်မှုများကို ကြုံတွေ့ခဲ့ရပြီး သူ၏ တာအိုနှလုံးသားသည်ပင် ပြိုလဲသွားရသည်။

နောက်ဆုံးမှာတော့၊ သူဟာ မိမိကိုယ်ကို အနိုင်ယူပြီး နတ်ဆိုးသန္ဓေသားကို မွေးဖွားခဲ့ကာ ပိုးအိမ်ကိုဖောက်ထွပ်၍ သူ့ကံကြမ္မာအား သူ့လက်ဖြင့် ပြန်လည်ရေးသားခဲ့သည်။

ဤလူမျိုးကို ကျွင်းရှောင်ယောက် သဘောကျပေသည်။

"ဒီနောက်ဆုံးအတားအဆီးက အကြီးအကဲကို အနိုင်ယူဖို့ပေါ့"

ကျွင်းရှောင်ယောက်က အနည်းငယ်ပြုံးကာ ပြောလိုက်သည်။

သူ့ရှေ့မှလူက လွမ်ကုဧကရာဇ်ဖြစ်သော်လည်း ယခုအချိန်တွင် မဟာဧကရာဇ်လွမ်ကု မဖြစ်သေးပေ။

အတိအကျပြောရလျှင် ၎င်းက၊ လွမ်ကုဧကရာဇ် ပိုးအိမ်မှ ပြန်လည်မွေးဖွားပြီး နတ်ဆိုးသန္ဓေအဖြစ် ပြောင်းလဲကာစ နှလုံးသားနတ်ဆိုး ဖြစ်သည်။

ယင်းကို လွမ်ကုဧကရာဇ်၏ အမှောင်ဘက်ခြမ်းဟုလည်း ဆို၍ရပေသည်။

လွမ်ကုဧကရာဇ်က ဤနှလုံးသားနတ်ဆိုးကို အနိုင်ယူပြီး နောက်ဆုံး နိဗ္ဗာန်သို့ ရောက်ခဲ့သည်။

ကျွင်းရှောင်ယောက်ကတော့ လွမ်ကုဧကရာဇ်၏ အခွင့်အလမ်းကို ရရှိရန်အတွက် သူ့ကိုအနိုင်ယူရလိမ့်မည်။

"မင်း... ထွက်သွားပါ"

နှလုံးသားနတ်ဆိုးက ကျွင်းရှောင်ယောက်ကို လှည့်မကြည့်ဘဲ လျစ်လျူရှုစွာ ပြောလိုက်သည်။

သူသည် လွမ်ကုဧကရာဇ်၏ နှလုံးသားနတ်ဆိုးတစ်ဦးမျှသာဖြစ်၍ သူ၏ခွန်အားက တကယ့်လွမ်ကုဧကရာဇ်နှင့် နှိုင်းယှဉ်ရန် မဖြစ်နိုင်ပေ။

သို့သော်လည်း ယင်းက ခေတ်ပြိုင်ပါရမီရှင်များ မည်သူမဆို ကျော်လွှားနိုင်တာ မဟုတ်ပါ။

လွမ်ကုဧကရာဇ်၏ နှလုံးသားနတ်ဆိုးက ခေတ်သစ် တားမြစ်ပါရမီရှင်အားလုံးကို ဖယ်ရှားပစ်ရန် လုံလောက်သည်။

"ဘာဖြစ်လို့လဲ"

ကျွင်းရှောင်ယောက်က ကြိုတင်မျှော်လင့်ထားဟန်ဖြင့် တည်ငြိမ်စွာ တုံ့ပြန်လိုက်၏။

"မင်းရဲ့လမ်းက ငါနဲ့ မလိုက်ဖက်ဘူး၊ မင်းက ငါ့ရဲ့ဆက်ခံသူ မဖြစ်နိုင်ဘူး"

လွမ်ကုဧကရာဇ် နှလုံးသားနတ်ဆိုးက ပြောသည်။

ကျွင်းရှောင်ယောက်က မအံ့ဩဘဲ ရယ်ရုံသာ ရယ်နေလိုက်၏။

လွမ်ကုဧကရာဇ်က သူကဲ့သို့ တစ်စုံတစ်ဦးကို အမွေပေးရန် လိုလားမည်မဟုတ်ကြောင့် ယခင်ကပင် မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်။

အကြောင်းမှာ၊ ကျွင်းရှောင်ယောက်နှင့် လွမ်ကုဧကရာဇ်တို့၏ ကံကြမ္မာလမ်းကြောင်းက ဆန့်ကျင်ဘက် အစွန်းနှစ်ပါးကဲ့သို့ အလွန်ကွဲပြားသောကြောင့်ပင်။

တစ်ယောက်က သေမျိုးများကြားမှ နောက်တစ်ယောက်ကတော့ မြင့်မားသော မိသားစုကြီးမှ မွေးဖွားလာခဲ့သည်။

တစ်ယောက်က သူ့ဘဝ၏ ပထမတစ်ဝက်မှာ အခက်အခဲမျိုးစုံကို ခံစားခဲ့ရပြီး နောက်တစ်ယောက်ကတော့ မွေးစကတည်းက ကမ္ဘာကြီးကို လွှမ်းမိုးခဲ့၏။

ကျွင်းရှောင်ယောက်က လွမ်ကုဧကရာဇ်၏ အမွေဆက်ခံသူ စံနှုန်းများနှင့် မလိုက်ဖက်ဆုံးဟုပင် ဆိုနိုင်သည်။

"အကြီးအကဲရဲ့ လမ်းက ဘာလဲ"

ကျွင်းရှောင်ယောက်က အေးအေးဆေးဆေး မေးလိုက်သည်။

"ငါ့လမ်းစဉ်က ကောင်းကင်ကို ဆန့်ကျင်ဖို့ပဲ"

လွမ်ကု နှလုံးသားနတ်ဆိုးက ပြောလိုက်၏။

"အကြီးအကဲရဲ့ လမ်းစဉ်ကို ဒီဂျူနီယာက လေးစားပ်တယ်။ ဒါပေမဲ့..."

ကျွင်းရှောင်ယောက်က ခဏရပ်ပြီးမှ ပြောလိုက်သည်။

"ကောင်းကင်ကို ဆန့်ကျင်တာက အသစ်အဆန်း မဟုတ်တော့ဘူး"

ထိုစကားများထွက်လာသည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ် ဖိအားတစ်ခုက ကျွင်းရှောင်ယောက်ကို လွှမ်းခြုံသွား၏။

"ဂျူနီယာ၊ မင်း နောင်တရဖို့ အခွင့်အရေးပေးမယ်”

လွမ်ကု နှလုံးသားနတ်ဆိုး၏ အသံက ယခင်ကထက် အေးစက်သွားခဲ့သည်။

ဧကရာဇ်တစ်ပါး မဟုတ်လျှင်ပင်၊ လူတိုင်း၏တာအိုကို ပေါ့ပေါ့တန်တန် ရှုတ်ချ၍မရပါ။

ကျွင်းရှောင်ယောက်၏ စကားများက အနည်းငယ်ရိုင်းသွားသည်။

"ကောင်းကင်ကို ဆန့်ကျင်တဲ့ စကားလုံးကို ဂျူနီယာ နားလည်သဘောပေါက်ပါတယ်"

ကျွင်းရှောင်ယောက်က လက်နှစ်ဖက်ကိုနောက်ပစ်ပြီး ပြုံးလိုက်သည်။

သူက လွမ်ကုဧကရာဇ်ကို လေးစားသော်လည်း၊ ယင်းက နှိမ့်ချသောသဘောထားဖြင့် ရင်ဆိုင်မည်ဟု မဆိုလိုပေ။

"အိုး"

လွမ်ကုဧကရာဇ်က‌လည်း ကျွင်းရှောင်ယောက်ကို လျစ်လျူရှုထားဆဲပင်။ သို့သော်လည်း၊ သူ့အသံက စူးစမ်းလိုစိတ် အရိပ်အမြွက်တို့ လှစ်ဟလာခဲ့သည်။

ဤလူငယ်က အခြားသူများနှင့် သိပ်မတူပေ။

ကျွင်းရှောင်ယောက်က ဆက်ပြောလိုက်သည်။

"ကောင်းကင်ကို ဆန့်ကျင်တယ် ဆိုတာက ကောင်းကင်အောက်မှာ ကိုယ့်ကိုကိုယ် လုံခြုံအောင်ထားဖို့ပဲ"

"ခင်ဗျားက ကောင်းကင်ထက် အားနည်းရင် ကောင်းကင်ရဲ့ ဖိနှိပ်ခံရလိမ့်မယ်။ ဒီလိုမှပဲ ခင်ဗျားက ကောင်းကင်ကို ဆန့်ကျင်ဖို့ ရွေးချယ်မှာ၊ ဒါပေမဲ့... "

ကျွင်းရှောင်ယောက်က စကားကို ဆက်မပြောဘဲ ခေတ္တ ရပ်လိုက်သည်။

ထို့နောက်၊ ကျွင်းရှောင်ယောက်က ကောင်းကင်ကို ရုတ်တရက် လက်ညိုးညွှန်ပြလိုက်၏။

"ကျုပ်က လူသားအဖြစ် မွေးဖွားလာပေမဲ့ ကောင်းကင်နဲ့အတူ ရှင်သန်နိုင်တယ်"

"ကျုပ်တို့က တန်းတူညီမျှ ရှိနေမှတော့၊ ကောင်းကင်က ဘာဖြစ်လို့ ကျုပ်အပေါ်မှာ ရှိနေသင့်မှာလဲ"

ကျွင်းရှောင်ယောက်၏ စကားများက ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့သည်။

သူသည် ကောင်းကင်နှင့် အဆင့်အတန်း တူညီသောကြောင့် အဘယ်ကြောင့် သူ့အထက်တွင် ရှိနိုင်ပါသနည်း။

သူ၏ ရိုးရှင်းသော စကားများက တောင်နှင့်မြစ်ကို ဝါးမျိုသွားစေနိုင်သည်။

သူ၏မာန်မာနက လွမ်ကု နှလုံးသားနတ်ဆိုး၏ အမူအရာကို ပြောင်းလဲသွားစေခဲ့သည်။ သူက ဓားသွားကဲ့သို့ စူးရှသော မျက်လုံးများနှင့် ကျွင်းရှောင်ယောက်ကို စူးစိုက်ကြည့်လိုက်၏။

ဤလူငယ်က သူ့ကိုယ်သူ မိုးကောင်းကင်နှင့် နှိုင်းယှဥ်ဝံ့သည်။

"ဂျူနီယာ၊ မင်းရဲ့စကားတွေက မောက်မာလွန်းတယ်၊ ဒါက မင်းရဲ့ လမ်းစဉ်လား"

လွမ်ကု နှလုံးသားနတ်ဆိုးက လေးနက်သော မျက်လုံးများနှင့် ကြည့်လိုက်သည်။

"ဟားဟားဟား၊ ဒါက မောက်မာလွန်းတာလား။ ကျုပ်ကတော့ ဒီလိုမထင်ဘူး။ ကျုပ် အင်မော်တယ်ဖြစ်လာရင် ကမ္ဘာကြီးကို ပြောင်းလဲမယ်။ တောင်တွေနဲ့ မြစ်တွေကို ပြန်လည်ပုံဖော်ပြီး ကျုပ်အမိန့်ကို ချမှတ်မယ်"

ကျွင်းရှောင်ယောက်၏ ဤစကားလုံးများက လွမ်ကု နှလုံးသားနတ်ဆိုးကို ပို၍ အံ့သြစေခဲ့ပေသည်။

ဤစကားများက ပြောချင်တိုင်း ပြော၍မရမှန်း သိရှိထားရမည် ဖြစ်သည်။

အမှောင်ထဲတွင် အကြောင်းနှင့် အကျိုး သက်ရောက်မှုများ ရှိ၏။

မမြင်နိုင်သော အမှောင်ထဲမှ တည်ရှိမှုကို စော်ကားမိပါက မထင်မှတ်ထားသော ကံဆိုးများနှင့် ကြုံတွေ့ရနိုင်သည်။

သို့ရာတွင်၊ သူ့ရှေ့မှ လူငယ်လေးကတော့ ထိုသို့သော စကားမျိုးကို သတ္တိရှိရှိ ပြောဝံ့သည်။ ယင်းက သူ့ကိုယ်သူ မည်မျှယုံကြည်မှုရှိကြောင်း သက်သေပြနိုင်လောက်အောင်ပင်။

"ဂျူနီယာ၊ မင်းရဲ့နာမည်က ဘယ်လိုခေါ်လဲ"

လွမ်ကု နှလုံးသားနတ်ဆိုးက ပို၍လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

သူက ကျွင်းရှောင်ယောက်ကို သူနှင့်အဆင့်တူမှာပင် ထားခဲ့၏။

ကျွင်းရှောင်ယောက်က သူ့အင်္ကျီတွေကို ခါယမ်းပြီး ပြောလိုက်သည်။

"ကျွင်းမိသားစု၊ ကျွင်းရှောင်ယောက်"

"ကျွင်းမိသားစု... ကျွင်းမိသားစု၊ မထူးဆန်းပါဘူး..."

လွမ်ကု နှလုံးသားနတ်ဆိုး ရုတ်တရက် နားလည်သွားခဲ့သည်။

ထိုမိသားစုမှ ကောင်းကင်ဘုံကို ဆန့်ကျင်သော မကောင်းဆိုးရွားအချို့ မကြာခဏ ထွက်ပေါ်လာတတ်သည်။

လွမ်ကုဧကရာဇ်က သူ၏အထွတ်အထိပ်သို့ ရောက်ရှိချိန်တွင် အင်မော်တယ်နယ်မြေကြီးမှာ အချုပ်အနှောင်ကင်းမဲ့ခဲ့သည်။

သို့တိုင်၊ ကျွင်းမိသားစုကိုတော့ ဘယ်တုန်းကမှ မနှောင့်ယှက်ဖူးပါ။

ကျွင်းမိသားစု၏ အဆင့်အတန်းက ဧကရာဇ်တစ်ပါး ကိုင်လှုပ်နိုင်တာ မဟုတ်ပေ။

ဧကရာဇ်တစ်ပါးဖြစ်လျှင်ပင် ကျွင်းမိသားစုကို ရန်စဝံ့ပါက စိတ်ကူးမယဉ်နိုင်သော ဘေးဆိုးအန္တရာယ်များအား ကြုံတွေ့ရနိုင်သည်။

"အဲဒီမိသားစုမှာ မကောင်းဆိုးရွားတွေ အများကြီးရှိပါတယ်၊ ဒါပေမဲ့ နောင်လာနောက်သားတွေမှာ ဒီလို ကွဲလွဲမှုမျိုး ပေါ်လာမယ်လို့ ငါ မမျှော်လင့်ထားဘူး..."

လွမ်ကု နှလုံးသားနတ်ဆိုးဟာ သူ့ရှေ့မှ အဖြူရောင်ဝတ် လူငယ်လေးက၊ ဤခေတ်ကာလမှ အကြီးမားဆုံး ကွဲလွဲမှုဖြစ်ကြောင်း ခံစားခဲ့ရသည်။

သို့ဆိုလျှင်၊ သူက သူ၏အမွေကို အမှန်တကယ်ရရှိရန် အရည်အချင်းပြည့်မီပေသည်။

နောက်ဆုံးတွင်၊ လွမ်ကုဧကရာဇ်က သူ့ဘဝတစ်လျှောက်လုံး မိုးကောင်းကင်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။

သူ၏ အမွေခံက ထာဝရကွဲလွဲမှုဖြစ်လျှင်ပင်၊ မိုးနှင့်မြေကို ဆန့်ကျင်သောကြောင့် သူ့ဆန္ဒကို အမွေဆက်ခံခြင်းဟု မှတ်ယူနိုင်သည်။

"မင်း အခွင့်အလမ်းကို ရချင်ရင် ငါ့ကို အနိုင်ယူလိုက်ပါ"

လွမ်ကု နှလုံးသားနတ်ဆိုးက လက်နှစ်ဖက်ကိုနောက်ပစ်ကာ ပြောလိုက်သည်။

သူက ကိုးရာကိုးဆယ့်ကိုးထပ်မှ သရဲမျက်နှာနှင့် မိန်းကလေးကဲ့သို့ ကျွင်းရှောင်ယောက်ကို အလွယ်တကူ အမွေဆက်ခံခွင့်ပေးမည် မဟုတ်ပါ။

ထို့ပြင်၊ ကျွင်းမိသားစု၏ ဤထာဝရကွဲလွဲမှုက ဘယ်လောက်ထိ စွမ်းဆောင်နိုင်မလဲ သူ သိချင်မိသည်။

"အကြီးအကဲ၊ ခင်ဗျား စမ်းသပ်ချင်တာ သေချာရဲ့လား"

ကျွင်းရှောင်ယောက်က မျက်ခုံးပင့်လိုက်သည်။

"ဘာလဲ၊ ကြောက်နေတာလား"

လွမ်ကု နှလုံးသားနတ်ဆိုးက ပြောသည်။

"မဟုတ်ပါဘူး၊ အကြီးအကဲ၊ မမှတ်မိချင်တဲ့ အမှတ်တရတချို့ကို ပြန်မှတ်မိသွားမှာကိုပဲ ကြောက်တာ"

ကျွင်းရှောင်ယောက်က ပြုံးလိုက်၏။

"ငါမမှတ်မိချင်တဲ့ အမှတ်တရတွေလား"

လွမ်ကု နှလုံးသားနတ်ဆိုး၏ မျက်လုံးများက နက်နဲသွားခဲ့သည်။

"ဟုတ်ပါတယ်၊ ဥပမာ... ရှုံးနိမ့်မှုကို နောက်တစ်ကြိမ် မြည်းစမ်းရတာပေါ့"

All Chapters