← Chapters

အခန်း ၇၅၃

Vol. 51 Ch. 753

အခန်း ၇၅၃

Vol. 51 Ch. 753

အခန်း ( ၇၅၃ ) လွမ်ကု နှလုံးသားနတ်ဆိုးကို ဆန့်ကျင်တိုက်ခိုက်ခြင်း၊ အဆုံးမဲ့ နည်းလမ်းများ၊ သူ့ကို မထီမဲ့မြင်ပြုတာလား။

ကျွင်းရှောင်ယောက်၏ စကားဆုံးသောအခါ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

ဤလောကထဲတွင် ကျွင်းရှောင်ယောက်က လွမ်ကုဧကရာဇ်ကို ထိုသို့ပြောဆိုဝံ့သည့် တစ်ဦးတည်းသော မျိုးဆက်သစ်ပါရမီရှင် ဖြစ်လိမ့်မည်။

အခြား ပါရမီရှင်သာဖြစ်လျှင်၊ လွမ်ကုဧကရာဇ်၏အမွေကို မရရှိမှာစိုး၍ နှိမ့်ချပြောဆိုကြရမည် ဖြစ်သည်။

သို့ရာတွင် ကျွင်းရှောင်ယောက်ကတော့ လုံးဝ ဂရုမစိုက်ပေ။

သူက ဤသည်ကို လေ့ကျင့်ခန်းတစ်ခုအဖြစ်သာ မှတ်ယူသည်။

လွမ်ကုဧကရာဇ်၏အမွေကို ရယူနိုင်ပါက သဘာဝအတိုင်း ကောင်းမွန်သည်။

သို့ရာတွင်၊ မရရှိလျှင်လည်း ဘာမျှမဖြစ်ပေ။

သူ့အတွက် မဟာဧကရာဇ်နယ်ပယ်ပင်လျှင် အဆုံးသတ်မဟုတ်ပါ။ သို့ဖြစ်ပေရာ ဧကရာဇ်တစ်ပါး၏အမွေကို အဘယ်ကြောင့် စွဲလမ်းနေရပါမည်နည်း။

ထိုစကားကိုကြားတော့ လွမ်ကုနှလုံးသားနတ်ဆိုး တိတ်ဆိတ်သွားခဲ့သည်။

အချိန်အတော်ကြာပြီးနောက် ကောင်းကင်ကို မော့ကြည့်ကာ ရယ်မောလိုက်၏။

"ဟားဟားဟား၊ စိတ်ဝင်စားစရာပဲ။ အနာဂတ်မှာ မင်းလိုလူတွေရှိလာဖို့ ငါ မမျှော်လင့်ထားဘူး။ အခွင့်အရေးရရင် အခုလို အပြိုင်ခေတ်ကြီးမှာ ငါတကယ်မွေးချင်မိတယ်"

"ဒါဆိုရင် အကြီးအကဲက ဒုတိယနေရာမှာပဲ ရှိနေမှာ ကြောက်တယ်"

ကျွင်းရှောင်ယောက်လည်း ပြုံးလိုက်သည်။

သူက ကြွားဝါပြောဆိုနေခြင်း မဟုတ်ပါ။

အကယ်၍၊ လွမ်ကုဧကရာဇ်သာ ဤခေတ်တွင် မွေးဖွားလာပါက သူ့ကိုလည်း ဖိနှိပ်နိုင်မည်ဟု ကျွင်းရှောင်ယောက်ဟာ ယုံကြည်မှုရှိသည်။

သူ ဧကရာဇ်ဖြစ်လာသောအခါ ဧကရာဇ်မင်းအပေါင်းတို့ လက်အောက်ခံကြရမည်။

သူ အင်မော်တယ်ဖြစ်လာလျှင်တော့ မိုးနှင့်မြေကို ပြန်လည်ရေးသားရလိမ့်မည်။

"လာပါ၊ ငါ့ကို တိုက်ခိုက်လှည့်။ ရှုံးနိမ့်မှုတစ်ထောင်ကတောင် ငါ့ရည်မှန်းချက်ကို ဘယ်တော့မှ မဖျက်ဆီးနိုင်ခဲ့ဘူး။ ဒီတစ်ကြိမ် ရှုံးနိမ့်တာက ဘာဖြစ်မှာမို့လို့လဲ"

လွမ်ကုနှလုံးသားနတ်ဆိုးက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"အပြစ်ပြုမိပါပြီ"

ကျွင်းရှောင်ယောက်လည်း စကားသိပ်မပြောတော့ဘဲ တိုက်ရိုက် တိုက်ခိုက်လိုက်၏။

သူ လှုပ်ရှားလိုက်သည်နှင့် သူ့ခြေဖဝါးအောက်မှ လျှို့ဝှက်ဆန်းကြယ်သော တာအိုအမှတ်အသားများစွာ ထွက်ပေါ်လာတော့သည်။

အကြွင်းမဲ့ခွန်ပန်အမြန်နှုန်း ဖြစ်သည်။

တခဏချင်း၊ ကျွင်းရှောင်ယောက်က လွမ်ကုနှလုံးသားနတ်ဆိုးရှေ့သို့ ရောက်လာကာ လက်သီးဖြင့် ထိုးချလိုက်သည်။

ကြီးမားကျယ်ပြန့်သော ရွှေရောင်အလင်းများက ကမ္ဘာကြီးကို လင်းထိန်သွားစေခဲ့၏။ အားကောင်းသော စွမ်းအင်များက မီးတောင်ကဲ့သို့ ပေါက်ကွဲထွက်ကာ သွေးစွမ်းအင် နဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"ခွန်ပန်နည်းလမ်းနဲ့... ရှေးဟောင်းမြင့်မြတ်ခန္ဓာ..."

လွမ်ကုနှလုံးသားနတ်ဆိုး၏ မြင်နိုင်စွမ်းက အမှန်တကယ် မြင့်မားပေသည်။ တစ်ချက်ကြည့်ရုံဖြင့် ကျွင်းရှောင်ယောက်၏ အချက်အလက်များကို မြင်နိုင်သည်။

သူက လက်ဝါးကို ဆန့်ထုတ်လိုက်သည်။ သူ့လက်ချောင်း ငါးချောင်းက ကောင်းကင်ထောက်တိုင်ကဲ့သို့ ဖြစ်၏။

ထိုစွမ်းအားက ရှေးဟောင်းကြယ်တစ်လုံးကို တိုက်ရိုက် ဖြိုခွဲနိုင်သည်။

သို့ရာတွင်၊ ဤသည်က လွမ်ကုဧကရာဇ် အသွင်ပြောင်းကာစမှ နှလုံးသားနတ်ဆိုးဖြစ်မှန်း သိထားကြရလိမ့်မည်။

၎င်းက လွမ်ကုဧကရာဇ် ချန်ထားခဲ့သော အမှတ်အသားတစ်ခုဖြစ်သည့်တိုင် ဤမျှ အားကောင်းသော စွမ်းအားမျိုး ရှိသည်။

လွမ်ကုဧကရာဇ် အစစ်အမှန်က မည်မျှ အားကောင်းမလဲဆိုတာ တွေးကြည့်ရန်ပင် မလွယ်ပေ။

လွမ်ကုဧကရာဇ် ချန်ထားခဲ့သော လွမ်ကုနှလုံးသားနတ်ဆိုးက ခေတ်သစ် တားမြစ်ပါရမီရှင်အများစုကို အနိုင်ယူနိုင်သည်ဟု ဆိုနိုင်သည်။

ထိပ်သီး တားမြစ်ပါရမီရှင် အများစုဖြစ်လျှင်ပင် လွမ်ကုနှလုံးသားနတ်ဆိုး၏ရှေ့တွင် ခေါင်းမဖော်နိုင်အောင် ဖိနှိပ်ခံရလိမ့်မည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ကို သာမန်အသိအမြင်နှင့် တိုင်းတာမရပါ။

ကျွင်းရှောင်ယောက်က လက်သီးချက် ထုတ်ဖော်လိုက်သည်။ မဟာတာအိုအမှတ်အသားများ ရောယှက်နေသော ခွန်ပန်ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။

သူ့အမြီးကို ခတ်လိုက်ရုံဖြင့် ထောင်ချီသော ကမ္ပည်းများ ထွက်ပေါ်လာတော့သည်။

အကန့်သတ်မဲ့ ခွန်ပန် နတ်လက်သီး။

လက်သီးအင်အားက အကန့်သတ်မဲ့ပင်လယ်ပြင်ကဲ့သို့ လေဟာပြင်ကို ဖြိုချပစ်လိုက်သည်။

"ဝုန်း"

လက်သီးနှင့် လက်ဝါးက ရှေးဟောင်းကြယ်နှစ်စင်း တိုက်မိသွားသကဲ့သို့ ပြင်းပြင်းထန်ထန် တိုက်မိသွားခဲ့သည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့် အဆုံးမဲ့ စွမ်းအင်လှိုင်းများက မုန်တိုင်းတစ်ခုလို ဖြာထွက်သွား၏။

ကျွင်းရှောင်ယောက်က ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားပြီး သူ့လက်ကိုဝှေ့ယမ်းကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ဖယ်ရှားလိုက်တော့သည်။

လွမ်ကုနှလုံးသားနတ်ဆိုး၏ မျက်လုံးများက အံ့အားသင့်နေသည့် အကြည့်များ လှစ်ဟလာခဲ့သည်။

ကျွင်းရှောင်ယောက်၏ စွမ်းဆောင်မှုက သူ့မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့ပြီ။

အမှန်တော့ လွမ်ကုဧကရာဇ်သည် ဤအလွှာတစ်ထောင်ကို ဖြတ်ကျော်နိုင်သော ပါရမီရှင်ရှိမည်ဟု မထင်ပေ။

နှလုံးသားနတ်ဆိုးကို သူ ချန်ထားခဲ့ရခြင်းက ဆက်ခံသူများကို ရွေးချယ်ရန်အတွက်သာ ဖြစ်သည်။

အကယ်၍ ချင်ဝူတောက်သာ ထိပ်ဆုံးသို့ တက်ရောက်နိုင်ခဲ့ပါက လွမ်ကုနှလုံးသားနတ်ဆိုးဟာ သူ့ကို စမ်းသပ်မှုအချို့ ပေးလိမ့်မည်ဖြစ်သည်။ ထိုစမ်းသပ်မှုကို သူ အောင်မြင်ပါက အခွင့်အရေး ရလိမ့်မည်။

သို့ရာတွင်၊ လွမ်ကုနှလုံးသားနတ်ဆိုးက ကျွင်းရှောင်ယောက်ကို စိတ်ဝင်စားလာသောကြောင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကျွင်းရှောင်ယောက်က သူ့ကို ရှုံးနိမ့်ခဲ့လျှင်ပင် အမွေဆက်ခံရန် အခွင့်အရေးတစ်ခု ပေးလိမ့်မည်။

ယခုမူ၊ ကျွင်းရှောင်ယောက်က သူ၏မျှော်လင့်ချက်များကို ကျော်လွန်သွားပုံ ရသည်။

'မဟာဧကရာဇ်တစ်ပါး ချန်ရစ်ခဲ့တဲ့ အမှတ်အသားက မျှော်လင့်ထားသလိုပါပဲ။ ငါ့ရဲ့ခွန်အားကို ဖုံးကွယ်ထားလို့ မရတော့ဘူး'

ကျွင်းရှောင်ယောက်က သူ့ဘာသာသူ တွေးလိုက်သည်။

လွမ်ကုနှလုံးသားနတ်ဆိုးသာ ထိုစကားကိုကြားလျှင် ဆွံ့အသွားလိမ့်မည်။

မဟာဧကရာဇ် ချန်ထားခဲ့သော အမှတ်အသားနှင့် ရင်ဆိုင်ရချိန်မှာပင် သူ့ကိုယ်သူ ကန့်သတ်ထားဆဲ ဖြစ်သည်။

ကျွင်းရှောင်ယောက်သာလျှင် ထိုသို့လုပ်နိုင်လိမ့်မည်။

"အင်မော်တယ်သတ်ဓား"

ကျွင်းရှောင်ယောက်က လက်ညိုးတစ်ချက်ညွှန်လိုက်ရာ တောက်ပသော ဓားအလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဤအခိုက်တွင်၊ သူက အင်မော်တယ်သတ်ဓားအဖြစ်သို့ ပြောင်းလဲသွားပုံရ၏။ သူ၏ အဖြူရောင်အဝတ်အစားများက တဖျပ်ဖျပ်ဖျပ်ခတ်ပြီး ဓားအလင်းက ကောင်းကင်ကို ခွဲထွက်သွားတော့သည်။

လွမ်ကုနှလုံးသားနတ်ဆိုးကလည်း လက်ဝါးကို လက်သီးအဖြစ်ပြောင်းပြီး ပြန်လည် ထိုးနှက်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲမြင်ကွင်းတစ်ခု ပေါ်လာခဲ့၏။

တစ်ချိန်တည်းမှာပင် ဘုရင်တစ်ရာကျော်က စကြဝဠာကြီးကို ဖြိုခွင်းလိုက်သကဲ့သို့ပင်။

စစ်ဘုရင်တစ်ရာလက်သီး။

ယင်းက လွမ်ကုဧကရာဇ်၏ အကြွင်းမဲ့နည်းလမ်းများထဲမှ တစ်ခု ဖြစ်သည်။ လက်သီးတစ်ချက်က ပြိုင်ဘက်ကို ခြောက်လှန့်ပြီး ရှေးဦးဝိညာဉ်ကို ဖြိုခွဲပစ်ရန် လုံလောက်ပေသည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်က မကြောက်ပါ။ သူ၏ ရှေးဦးဝိညာဉ်က အလွန်အားကောင်းနေပြီဖြစ်သောကြောင့် ဤတိုက်ခိုက်မှုကြောင့် သွေးပျက်နေမည် မဟုတ်ပေ။

ကျွင်းရှောင်ယောက်က လက်ညိုးညွှန်လိုက်သည်။ ဓားအလင်းက ကြယ်တစ်သောင်းကို ဖျက်ဆီးနိုင်သကဲ့သို့ ထွက်ပေါ်လာခဲ့၏။

ဓားအလင်းနှင့် လက်သီး ထိပ်တိုက်တွေ့သောအခါ အကန့်အသတ်မဲ့စွမ်းအင်များ ဖြာထွက်လာတော့သည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။ သူ့မျက်ခုံးနှစ်ခုကြားမှ နတ်အမိန့်ချိန်းက ရုတ်တရက် ထွက်ပေါ်လာပြီး ရွှေရောင်ဓားမြှောင်အဖြစ်သို့ ပြောင်းလဲသွား၏။

ယင်းက မူလတာအိုအုပ်ချုပ်သူဓား ဖြစ်သည်။

ထို့ပြင်၊ ကျွင်းရှောင်ယောက်၏ တိုက်ခိုက်မှုက အလွန်ပါးနပ်ပေသည်။ သူတို့နှစ်ဦးသား ထိပ်တိုက်ရင်ဆိုင်၍ စွမ်းအင်များ ရှုပ်ထွေးနေချိန်တွင် ဖြစ်သည်။

ထိုအချိန်မျိုးတွင် ရုတ်တရက် တိုက်ခိုက်ခံရပါက ရှောင်တိမ်းရန် မလွယ်ပေ။

"အိုး... မဆိုးပါဘူး"

လွမ်ကုနှလုံးသားနတ်ဆိုးက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူက နောက်လက်တစ်ဖက်ဖြင့် မူလတာအိုအုပ်ချုပ်သူဓားကို လက်ဗလာချည်း တိုက်ရိုက်ပိတ်ဆို့လိုက်၏။

"မပြီးသေးဘူး"

ကျွင်းရှောင်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

လွမ်ကုနှလုံးသားနတ်ဆိုး၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။

သူ့ပတ်ဝန်းကျင်တွင် မြက်ပင်ကလေးများ ရုတ်တရက် ပေါ်လာခဲ့၏။

မြက်ပင်တစ်ပင်စီတွင် အရွက်ကိုးရွက်ပါရှိသည်။ မြက်ရွက်တစ်ခုစီက အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ရှုပ်ထွေးသော အမှတ်အသားများဖြင့် ပုံဖော်ထားလေသည်။

မြက်သစ်ရွက်များက လှုပ်ရှားလာသည်နှင့် တောက်ပသော ‌ဓားအလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ရွက်လွှာကိုးခုမြက် ဓားသိုင်း။

ထို့ပြင် ဓားအလင်းတစ်ခုတည်း မဟုတ်ပေ။

ကျွင်းရှောင်ယောက်၏ နားလည်နိုင်စွမ်းအရ ရွက်လွှာကိုးခုမြက်ဓားသိုင်းကို ပြီးပြည့်စုံစွာ ကျွမ်းကျင်နေပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်က ရွက်လွှာကိုးခုမြက်ဓားသိုင်းကို လေဟာပြင်ထဲတွင် ထုတ်ဖော်ထားခဲ့သည်။ ဤအခိုက်တွင် ရွက်လွှာကိုးခုမြက်ပင်များက လွမ်ကုနှလုံးသားနတ်ဆိုးကို ဝန်းရံကာ ပေါက်ရောက်လာတော့သည်။

ဓားအလင်းများစွာက လွမ်ကုနှလုံးသားနတ်ဆိုးဆီသို့ ဖြတ်သန်းသွားကြသည်။

ရွက်လွှာကိုးခု မြက် ဓားသိုင်းက အလွန်အစွမ်းထက်ပေသည်။ မြက်တစ်ပင်တည်းက နေ၊ လနှင့် ကြယ်များကို ဖြတ်တောက်နိုင်သည်ဟု ဆိုကြသည်။

အင်မော်တယ်သတ်ဓားသိုင်း၊ မူလတာအိုအုပ်ချုပ်သူဓား၊ ရွက်လွှာကိုးခု မြက် ဓားသိုင်း။

အချိန်တိုလေးအတွင်းမှာပင် ကျွင်းရှောင်ယောက်က မဟာနတ်ဘုရားသိုင်း ငါးခုထဲမှ သုံးခုကို ထုတ်ဖော်ပြခဲ့သည်။

"မရွေ့လျားနိုင်တဲ့ ဘုရင်"

လွမ်ကုနှလုံးသားနတ်ဆိုး၏ ခန္ဓာကိုယ်အပေါ်တွင် ဖင်းဂေါ့နတ်ဆိုးအသွင် ထွက်ပေါ်လာပြီး ဓားအလင်းများကို တားဆီးသွား၏။

မဟာဧကရာဇ် တန်ခိုးရှင်များတွင် နည်းလမ်းများစွာ အမှန်တကယ် ရှိသည်။ ဤသည်က လွမ်ကုဧကရာဇ်၏ နှလုံးသားနတ်ဆိုးမျှသာဖြစ်သော်လည်း ထူးကဲသော နည်းလမ်းများကို အသုံးပြုနိုင်ပေသည်။

ယခုပြသနေသည့်အရာက အလွန်သေးငယ်သော အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်။

"တာအိုတစ်သောင်း အရိပ်အသွင်ပြောင်းခြင်း၊ ဖရိုဖရဲ ပြောင်းပြန်လှန်ခြင်း"

လွမ်ကုနှလုံးသားနတ်ဆိုးက နတ်ဘုရားသိုင်းတစ်ခုကို ထပ်မံထုတ်ဖော်လိုက်သည်။

သူ့ပတ်ဝန်းကျင်တွင် ပုံရိပ်များစွာတို့ ရုတ်တရက် ပေါ်လာခဲ့၏။ တစ်ခုချင်းစီက အလွန်အစွမ်းထက်သည်။ အစစ်အမှန်နဂါး၏ သားတော်၊ မြင့်မြတ်ဝိညာဉ်နှင့် ဖရိုဖရဲသူရဲကောင်းခုနစ်ယောက်၏ ရုပ်ပုံများပင် ပါဝင်ပေသည်။

'ဒါက အတော်ထူးကဲတဲ့ နည်းလမ်းပဲ။ အရင်က ကြုံဖူးတဲ့ ရန်သူအားလုံးကို အမှတ်အသားပြုပြီး တိုက်ခိုက်မှုနည်းလမ်းအဖြစ် ပြောင်းလဲလိုက်တာ'

ဤမြင်ကွင်းကို မြင်သောအခါ ကျွင်းရှောင်ယောက် အနည်းငယ် အံ့အားသင့်သွားသည်။

ရန်သူပုံရိပ်များကို တိုက်ခိုက်မှုနည်းလမ်းအဖြစ် ပြောင်းလဲခြင်းက အနည်းငယ် အထင်ကြီးစရာကောင်းသည်။

"ဝုန်း"

အစစ်အမှန်နဂါး၏သားတော်က ရွှေရောင်နဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

မြင့်မြတ်ဝိညာဉ်ကတော့ အရာအားလုံးကို ချေမှုန်းနိုင်‌သော နတ်ရွှေကဲ့သို့ ရှေ့ကို တိုးလာခဲ့၏။

ဖရိုဖရဲ သူရဲကောင်း ခုနစ်ယောက်ကလည်း ကျွင်းရှောင်ယောက်ကို ဝိုင်းထားကြတော့သည်။

"အချိန်ကျပြီ"

ဤမြင်ကွင်းကိုမြင်တော့ လွမ်ကုနှလုံးသားနတ်ဆိုးက ရေရွတ်လိုက်သည်။

သူက ကျွင်းရှောင်ယောက်အတွက် ခက်ခဲသောအရာများကို တမင်လုပ်ထားခြင်း ဖြစ်၏။ ခေတ်ပြိုင် ပါရမီရှင်များက သူ့ကို ခုခံချင်လျှင် ခက်ခဲသည်။

'ဒါက နည်းလမ်းကောင်းတစ်ခုပါပဲ၊ ဒါပေမဲ့... ငါ့ရဲ့ အကန့်အသတ်နဲ့တော့ ဝေးနေသေးတယ်"

ကျွင်းရှောင်ယောက်က သူ့ခန္ဓာထဲမှ မေယုကမ္ဘာ သုံးဆယ့်ခြောက်ခုစွမ်းအားကို အသက်သွင်းလိုက်သည်။

တခဏအတွင်းမှာပင်၊ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းအားက သူ့ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို တိုက်ရိုက်ကွဲအက်သွားခဲ့၏။

ဤနေရာမှ ဟင်းလင်းပြင်က သူ့ခန္ဓာကိုယ်အတွင်းမှ ပြည့်လျှံနေသော နတ်ဘုရားစွမ်းအင်များ၏ ဖိအားကို မခံနိုင်ပေ။

"လမ်းကြောင်းခြောက်သွယ်... ဆမ်ဆာရာလက်သီး"

ကျွင်းရှောင်ယောက်က လက်သီးချက် ထုတ်ဖော်လိုက်သည်။ ပြန်လည်ဝင်စားခြင်း လမ်းကြောင်းကြီးခြောက်ခုက သူ့လက်သီးကို လှည့်ပတ်နေသကဲ့သို့ ထွက်ပေါ်လာခဲ့၏။

"ဝုန်း"

ကျွင်းရှောင်ယောက်၏ လက်သီးချက်ကြောင့် ပုံရိပ်အားလုံး တခဏချင်း ကြေကွဲပျက်သုဉ်းသွားတော့သည်။

"အကြီးအကဲ၊ ခင်ဗျားရဲ့ စွမ်းရည်အမှန်ကို မထုတ်ဖော်ဘူးဆိုရင် ဒီဂျူနီယာကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး"

ကျွင်းရှောင်ယောက်က သူ့လက်ကို ပြန်ရုတ်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်လိုက်သည်။

သူ့အသွင်မှာ ကမ္ဘာကို အပေါ်စီးမှကြည့်နေသော နတ်တစ်ပါးကဲ့သို့ပင်။

လွမ်ကုနှလုံးသားနတ်ဆိုးပင်လျှင် ခဏတာမျှ စိတ်ကသိကအောက်ဖြစ်သွားသည်။

သူ့ကို မထီမဲ့မြင်ပြုခဲ့တာလား။

All Chapters