← Chapters

အခန်း ၇၅၆

Vol. 51 Ch. 756

အခန်း ၇၅၆

Vol. 51 Ch. 756

အခန်း ( ၇၅၆ ) လွမ်ထျန်းလျှို့ဝှက်ကျင့်စဉ်ကို အမွေဆက်ခံခြင်း၊ ဧကရာဇ် လက်နက်၏ အမှတ်အသား၊ လွမ်ကုပုဆိန်၏ တည်နေရာ။

'ခင်ဗျားရှုံးပြီ'

လွမ်ကုနှလုံးသားနတ်ဆိုးဟာ ဤစကားလုံးများကို ကြားလိုက်ရုံသာဖြစ်သည်။

ထို့နောက် သူ့ခန္ဓာကိုယ်မှ အမှတ်အသား စွမ်းအားများ သိသိသာသာ ကျဆင်းလာတာကို ခံစားလိုက်ရ၏။

ဤအရာက မဟာဧကရာဇ်တစ်ပါး ချန်ထားခဲ့သော အမှတ်အသားဆိုတာ သိရှိထားရမည် ဖြစ်သည်။

ယခုအခါမှာတော့ သူ့ခန္ဓာဟာ တဖြည်းဖြည်း ပြိုကွဲလာခဲ့ပြီ။

ယင်းက မယုံနိုင်စရာကောင်းလွန်းသည်။

အကြောင်းမှာ၊ ဤအမှတ်အသားကို ပြိုကွဲအောင် ပြုလုပ်သူက မဟာသူတော်စင်တစ်ပါးသာ ဖြစ်နေ‌သောကြောင့်ပင်။

အချိန်ကြာလာသည်နှင့်အမျှ အပျက်သဘောဆောင်သော အဖျက်စွမ်းအားများက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

လွမ်ကုနှလုံးသားနတ်ဆိုးကတော့ လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။

သို့သော်လည်း သိပ်ပြီး ကောင်းမွန်ခြင်း မရှိတော့ပါ။

ဤအခိုက်အတန့်တွင်၊ သူ၏ရုပ်သွင်က စွမ်းအင်အားလုံး ကုန်သွားသကဲ့သို့ ထင်ယောင်ထင်မှားသဖွယ် ဖြစ်လာခဲ့သည်။

သို့သော်လည်း လွမ်ကုနှလုံးသားနတ်ဆိုးက နာကြည်းခြင်း သို့မဟုတ် ဒေါသတစ်စုံတစ်ရာ မရှိခဲ့ပေ။ သူ့မျက်လုံးများတွင် အံ့ဩခြင်းသာ ရှိခဲ့သည်။

ဤထာဝရကွဲလွဲမှုက သူ့ကိုများသည် အမှန်တကယ်ပင် အမြင်ကျယ်စေခဲ့ပေသည်။

"ဒါက မင်းကိုယ်တိုင် ဖန်တီးထားတဲ့ နည်းလမ်းပဲလား"

လွမ်ကုနှလုံးသားနတ်ဆိုးက မေးလိုက်သည်။

ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်၏။

"ဟုတ်ပါတယ်၊ ဒီနည်းလမ်းကို ကမ္ဘာဦးကျမ်းလို့ ခေါ်တယ်"

"ကမ္ဘာဦး..."

လွမ်ကုနှလုံးသားနတ်ဆိုး ရေရွတ်လိုက်လေသည်။

ကမ္ဘာတစ်ခုကို မည်သူက ဖန်တီးနိုင်မည်နည်း။

သံသယမရှိဘဲ နတ်ဘုရားသာလျှင် ဖြစ်နိုင်သည်။

ကျွင်းရှောင်ယောက်ကိုတော့ "ရူးသွပ်သူ" ဟူသော စကားလုံးဖြင့်သာ လွန်ကဲစွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။

သို့ရာတွင် သူ၏ ရူးသွပ်မှုက တစ်နေကုန် ပေါက်ကရလေးဆယ် လျှောက်ပြောနေတတ်သည့် ရူးသွပ်မှုမျိုး မဟုတ်ပါ။

သူ၏ လှုပ်ရှားမှုတိုင်း၊ သူ၏ အရည်အချင်းနှင့် သူ၏ ခွန်အားတွေကို သက်သေပြလိုက်ခြင်း ဖြစ်သည်။

သူ့တွင် ထိုသို့ရူးသွပ်ရန် အရည်အချင်းရှိပေသည်။

"ဒီနည်းလမ်းသာ ဆက်လက် ပြီးပြည့်စုံအောင် တိုးတက်နေမယ်ဆိုရင် အနာဂတ်မှာ လွမ်ထျန်းလျှို့ဝှက်ကျင့်စဉ်ထက် အားနည်းမှာမဟုတ်ပါဘူး"

လွမ်ကုနှလုံးသားနတ်ဆိုးက ပြောလိုက်သည်။

ဤအကဲဖြတ်မှုက အလွန်မြင့်ပေသည်။

ဤသည်မှာ မဟာဧကရာဇ်တစ်ပါး၏ အကဲဖြတ်မှုဆိုတာ သိထားကြရမည် ဖြစ်သည်။

ဤလောကကြီးမှာ ပါရမီရှင် ဘယ်လောက်များများက ဤသို့ ဂုဏ်ယူနိုင်မှာလဲ။

ကျွင်းရှောင်ယောက်က ပြုံးရုံသာပြုံးပြီး ဘာမှ မပြောတော့ပေ။

သဘာဝအတိုင်း၊ သူဖန်တီးထားသောနည်းလမ်းက လွမ်ထျန်းလျှို့ဝှက်ကျင့်စဉ်နှင့် ယှဉ်နိုင်ရုံသာမက၊ သာလွန်မှုပါရှိမည်ဟုတော့ သူပြောမည်မဟုတ်ပါ။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်၏ ရည်မှန်းချက်က သူဧကရာဇ်ဖြစ်ချိန်၌ အတိတ်နှင့် ပစ္စုပ္ပန်မှ မဟာဧကရာဇ်များအားလုံးကို ကျော်လွန်ရန် ဖြစ်သည်။

ကမ္ဘာကြီးသည် သူ့နာမည်ကိုသာ ချီးမွမ်းရလိမ့်မည်။

"ငါတကယ်ပဲ ရှုံးနိမ့်သွားပုံရတယ်"

လွမ်ကုနှလုံးသားနတ်ဆိုးက အနည်းငယ်ပြုံးလိုက်သည်။

ကျွင်းရှောင်ယောက်အပေါ် သူ့ စမ်းသပ်မှုက အလွန်ကြမ်းတမ်းသည်။

ကျွင်းရှောင်ယောက်သာ သူ၏နည်းလမ်းကို တွန်းလှန်နိုင်သရွေ့ အောင်မြင်သည်ဟု ရှေ့တွင် သူ ပြောထားခဲ့သည်။

ယခုတော့...

ခံနိုင်ရည်ရှိခြင်း မရှိခြင်းက မေးခွန်းထုတ်စရာ မဟုတ်တော့ပါ။

ကျွင်းရှောင်ယောက်က သူ့ကို အနိုင်ယူပြီး သူ့အမှတ်အသားကိုပင် ဖျက်ပစ်လုနီး ဖြစ်ခဲ့သည်။

ကျွင်းရှောင်ယောက်၏ စွမ်းဆောင်ရည်က စမ်းသပ်မှု အဆင့်ထက် များစွာ ကျော်လွန်နေခဲ့ပြီ။

"မင်း စမ်းသပ်မှုကို အောင်မြင်မှတော့ ငါ့ကတိကို ငါဖျက်မှာမဟုတ်ဘူး"

လွမ်ကုနှလုံးသားနတ်ဆိုးက ပြောလိုက်သည်။ သူ့စကားဆုံးသည်နှင့် တပြိုင်နက်၊ ကျွင်းရှောင်ယောက်ဟာ သူ့ပတ်ဝန်းကျင်မှာ လျှို့ဝှက်ဆန်းကြယ်သော စာလုံးများစွာ ပေါ်လာတာကို မထင်မှတ်ဘဲ သတိထားမိခဲ့၏။

"ဒါက..."

ကျွင်းရှောင်ယောက်၏ မျက်လုံးများ ဝင်းလက်သွားခဲ့သည်။

"တကယ်တော့ ငါတို့ အခုလေးတင် တိုက်ခိုက်ကတည်းက လွမ်ထျန်းလျှို့ဝှက်ကျင့်စဉ်ကို မင်းရဲ့ ခန္ဓာကိုယ်ထဲ လွှဲပြောင်းပြီးပါပြီ"

လွမ်ကုနှလုံးသားနတ်ဆိုးက ပြုံးကာ ပြောလိုက်သည်။

ကျွင်းရှောင်ယောက် ရုတ်တရက် နားလည်သွားလေသည်။

လွမ်ကုနှလုံးသားနတ်ဆိုးက လွမ်ထျန်းလျှို့ဝှက်ကျင့်စဉ်ကို သူ့ထံသို့ လွှဲပြောင်းပေးရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။

ဤသည်ကား မဟာဧကရာဇ်တစ်ပါး ဖန်တီးထားသော တားမြစ်ကျင့်စဉ်တည်း။

သူ့စွမ်းအားအကြောင်းက အထူး ပြောနေစရာပင် မလိုတော့ပေ။ ကျွင်းရှောင်ယောက်ကိုယ်တိုင် တွေ့ကြုံဖူးပြီးပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ ထူးကဲသော ကိုယ်ပိုင်နည်းလမ်းကြောင့်သာ မဟုတ်ပါက ထာဝရပြည်နှင်ခြင်းမှ လွတ်မြောက်ရန် အခွင့်အလမ်းသည် အလွန်နည်းပါးသည်ဟု ဆိုနိုင်သည်။

အခြား ပါရမီရှင်များဖြစ်ပါက ပို၍ပင် မဖြစ်နိုင်တော့ပေ။

လွမ်ထျန်းလျှို့ဝှက်ကျင့်စဉ်က ရရှိပြီးသည်နှင့် သာမာန် ပါရမီရှင်သည်ပင် ရန်သူများအားလုံးကို သုတ်သင်ရှင်းလင်းနိုင်သွားမည် ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ"

ကျွင်းရှောင်ယောက်က လက်ယှက်ပြီး ပြောလိုက်သည်။

မဟာဧကရာဇ်၏ တားမြစ်ကျင့်စဉ်ကို ရယူနိုင်ပါက အလွန်ကောင်းသည်။

ကျွင်းရှောင်ယောက်က ယခုအခါ အလွန်အားကောင်းနေခဲ့ပြီ။ အကယ်၍၊ လွမ်ထျန်းလျှို့ဝှက်ကျင့်စဉ်ကို ရရှိပါက သူ့အင်အားမှာ ပို၍ အားကောင်းလာခဲ့မည် ဖြစ်သည်။

"ငါ့အမွေက လွမ်ထျန်းလျှို့ဝှက်ကျင့်စဉ် တစ်ခုတည်းဖြစ်မယ်လို့ မင်းထင်နေလို့လား"

လွမ်ကုနှလုံးသားနတ်ဆိုးက ရုတ်တရက် ပြောလိုက်သည်။

"အိုး၊ ဖြစ်နိုင်တာက..."

တစ်ခုခုကို တွေးနေမိသောကြောင့် ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာသည်။

သူ တစ်ခုခုကို တွေးလိုက်မိ၏။

ယင်းက လူတိုင်းကို နှလုံးခုန်မြန်လာစေနိုင်သော အရာတစ်ခု ဖြစ်သည်။

ယင်းကိုမြင်တော့ လွမ်ကုနှလုံးသားနတ်ဆိုးက အနည်းငယ်ပြုံးပြီး ပြောလိုက်သည်။

"မင်းဘာတွေတွေးနေတာလဲ ငါသိပါတယ်၊ ဒါပေမဲ့... ကံမကောင်းချင်တော့ မင်း စဉ်းစားနေတာ ဒီမှာမရှိဘူး"

ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက် မျက်ခုံးပင့်လိုက်၏။

"ဒါဆို၊ အကြီးအကဲက ရည်ညွှန်းတာက..."

လွမ်ကုနှလုံးသားနတ်ဆိုးက သူ့လက်ကိုဆန့်ပြီး လေထဲကို ဖမ်းဆုပ်လိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သော တံဆိပ်ပြားတစ်ခု ပေါ်လာသည်။

ထို့နောက်တွင် တံဆိပ်ပြားက စစ်ပုဆိန်အဖြစ်သို့ ပြောင်းလဲသွား၏။

ဒဏ္ဍာရီထဲမှ ကမ္ဘာကိုဖန်တီးခဲ့သော ပန်ဂု၏ပုဆိန်ကဲ့သို့ ဤပုဆိန်၏အငွေ့အသက်များက ကောင်းကင်ကို လွှမ်းခြုံသွားတော့သည်။

ယင်းက တံဆိပ်ပြားတစ်ခုမျှသာဖြစ်သော်လည်း ဧကရာဇ်တစ်ပါး၏ အဆုံးမဲ့ဖိနှိပ်မှု အငွေ့အသက်တို့ ရှိသည်။

ယင်းက လွမ်ကုဧကရာဇ်၏ ဧကရာဇ်လက်နက် နှစ်ခုအနက်မှ တစ်ခုဖြစ်သော လွမ်ကုပုဆိန်ပင်။

ကျွင်းရှောင်ယောက် အံ့သြသွားမိသည်။

ဤသည်က အမှန်ပင် လွမ်ကုပုဆိန်၏ အသွင်အပြင်ဖြစ်သော်လည်း သူ့ရှေ့မှ ပုဆိန်က လွမ်ကုပုဆိန်အစစ် မဟုတ်ပါ။

အတိအကျပြောရလျှင်၊ ၎င်းက လွမ်ကုပုဆိန်၏ အငွေ့အသက်ကို အတုယူထားခြင်းသာ ဖြစ်သည်။

"အကြီးအကဲ၊ ဒါက..."

ကျွင်းရှောင်ယောက် အံ့အားသင့်သွားသည်။

လွမ်ကုနှလုံးသားနတ်ဆိုးက ခေါင်းညိတ်ပြီး ပြောလေသည်။

"ဒါက လွမ်ကုပုဆိန်ရဲ့ အမှတ်အသားပါ။ ဒီအမှတ်အသားကို ထိန်းချုပ်နိုင်ရင် လွမ်ကုပုဆိန်ရဲ့ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ဆွဲယူအသုံးပြုနိုင်လိမ့်မယ်"

ကျွင်းရှောင်ယောက် အနည်းငယ် ခေါင်းညိတ်လိုက်သည်။

သူက တစ်ခုခုမေးရန် ဟန်ပြင်လိုက်ချိန်တွင် လွမ်ကုနှလုံးသားနတ်ဆိုးကပင် ဆက်ပြောလိုက်၏။

"မင်းမေးချင်တာကို ငါသိပါတယ်၊ တကယ့် လွမ်ကုပုဆိန်က ကောင်းကင်ကိုးခုမှာ မဟုတ်ဘူး၊ အဲဒီအစား... အသက်တားမြစ်နယ်မြေထဲမှာပဲ"

"အသက်တားမြစ်နယ်မြေလား"

ကျွင်းရှောင်ယောက် အတော်ကလေး အံ့အားသင့်သွားသည်။

တကယ့် လွမ်ကုပုဆိန်က အသက်တားမြစ်နယ်မြေကဲ့သို့ နေရာမျိုးမှာ ရှိနေမည်ဟု သူမထင်ထားခဲ့ပေ။

လွမ်ကုနှလုံးသားနတ်ဆိုး၏ မျက်လုံးများက တစ်စုံတစ်ခုကို သတိရသွားသည့် အရိပ်အမြွက်တို့ ဖြစ်ပေါ်လာကာ ပြောလိုက်သည်။

"လွမ်ကုပုဆိန်က အသက်တားမြစ်နယ်မြေကို လွန်ခဲ့တဲ့ အနှစ်တစ်သောင်းလောက်က ဖြိုခွင်းလိုက်တာ..."

ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

ဤအထဲတွင် လျှို့ဝှက်ချက်တစ်ခု ရှိနေပုံရ၏။

လွမ်ကုဧကရာဇ်က အသက်တားမြစ်နယ်မြေကို တစ်ချိန်က ဝင်ရောက်သွားခြင်း ဖြစ်နိုင်ပါမည်လော။

ထို့ပြင်၊ ရှေးဟောင်းမြင့်မြတ်ခန္ဓာကျိန်စာက အသက်တားမြစ်နယ်မြေနှင့် ပတ်သက်သည်။

အနာဂတ်တွင်၊ ကျွင်းရှောင်ယောက်က အသက်တားမြစ်နယ်မြေကို အမှန်တကယ် ဆန့်ကျင်တိုက်ခိုက်ရတော့မည့်ပုံပင်။

အသက်တားမြစ်နယ်မြေက လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သည်။ ယင်းက ရှည်လျားသောသမိုင်းကြောင်းရှိပြီး မည်သူမျှ ခြေမချနိုင်သော တားမြစ်နယ်မြေတစ်ခု ဖြစ်၏။

သို့သော်လည်း ကျွင်းမိသားစုနောက်ခံဖြင့် သူ့တွင် ကြောက်စရာ ဘာမှ မရှိပါ။

"ဒါပေမဲ့ မင်း စိတ်ပျက်စရာမလိုပါဘူး။ မင်းမှာ လွမ်ကုပုဆိန် ဧကရာဇ်လက်နက်ရဲ့ အမှတ်အသား ရှိတယ်။ ဒီအမှတ်အသားနဲ့ လွမ်ကုပုဆိန်ရဲ့စွမ်းအားကို ငှားယူနိုင်သလို လွမ်ကုပုဆိန်အစစ်ကို ရှာဖွေဖို့လည်း ဒီအမှတ်အသားကို သုံးလို့ရတယ်"

လွမ်ကုနှလုံးသားနတ်ဆိုးက ပြောလိုက်သည်။

ကျွင်းရှောင်ယောက် အနည်းငယ် ခေါင်းညိတ်လိုက်၏။ သူ စိတ်မပျက်ပေ။

ဧကရာဇ်လက်နက်များက ရှားပါးသော်လည်း ကျွင်းရှောင်ယောက် ဆန္ဒရှိလျှင် ပြတ်လပ်နေမည် မဟုတ်ပေ။

ကျွင်းမိသားစုနှင့် ကျွင်းဧကရာဇ်ခုံရုံး၏ ဧကရာဇ်လက်နက်များကို ဘေးဖယ်ထားလျှင်ပင်…

ရှေးဟောင်းပျက်စီးခြင်းနန်းတော်ရှိ ပျက်စီးခြင်း နတ်ဘုရားချပ်ဝတ်က ကျွင်းရှောင်ယောက်အပိုင် ဖြစ်သည်။ သူက ဝူဟူကို ယာယီ ပေးထားခဲ့ခြင်း ဖြစ်ချေသည်။

ကျွင်းရှောင်ယောက်လည်း လွမ်ကုပုဆိန် ဧကရာဇ်လက်နက်၏ အမှတ်အသားကို လက်ခံခဲ့သည်။

"အခြား ဧကရာဇ်လက်နက်ဖြစ်တဲ့ လွမ်ကုဧကရာဇ်အဆောင်ရဲ့ တစ်ဝက်က မင်းနဲ့ ရှိပြီးသားပါ။ ကျန်တစ်ပိုင်းကတော့ ဘယ်မှာမှန်း ငါပြောနေစရာ လိုမယ်မထင်ဘူး"

လွမ်ကုနှလုံးသားနတ်ဆိုးက ပြောလိုက်သည်။

ကျွင်းရှောင်ယောက် အနည်းငယ် ခေါင်းညိတ်လိုက်၏။

သူဟာ ချင်ဝူတောက်ထံမှ လွမ်ကုဧကရာဇ်အဆောင်၏ ကျန်တစ်ပိုင်းကို သဘာဝအတိုင်း ရယူမည် ဖြစ်သည်။

လွမ်ကုပုဆိန်က လွမ်ကုဧကရာဇ်၏ တိုက်ခိုက်ရေးလက်နက်ဖြစ်သော်လည်း ကျွင်းရှောင်ယောက်ဟာ ယင်းကိုရယူရန် အလျင်မလိုပေ။

သို့ရာတွင်၊ ဤလွမ်ကုဧကရာဇ်အဆောင်ကတော့ အသက်ကယ်ရတနာ ဖြစ်သည်။

ယင်းက တစ်ဝက်သာဖြစ်သော်လည်း ကျွင်းရှောင်ယောက်ကို အန္တရာယ်မှ အကြိမ်ကြိမ် ကူညီပေးခဲ့ပေသည်။

သဘာဝအတိုင်း၊ သူက အလွတ်ပေးမှာ မဟုတ်ပါ။

လွမ်ကုပုဆိန်၊ လွမ်ကုဧကရာဇ်အဆောင်၊ လွမ်ထျန်းလျှို့ဝှက်ကျင့်စဉ်။

ဤသည်က လွမ်ကုဧကရာဇ်၏ အဓိက အမွေခံ သုံးခုပင်။

ကျွင်းရှောင်ယောက်သာ ချင်ဝူတောက်ထံမှ လွမ်ကုဧကရာဇ်အဆောင်တစ်ပိုင်းကို ရရှိပါက အမွေနှစ်ခု ပြည့်စုံပြီ ဖြစ်သည်။ အနာဂတ်တွင်

လွမ်ကုပုဆိန်ကို ရှာဖွေရန်လည်း ဤလွမ်ကုပုဆိန် အမှတ်အသားကို အသုံးပြုနိုင်သေးသည်။

ဤနည်းဖြင့်၊ ကျွင်းရှောင်ယောက်ဟာ လွမ်ကုဧကရာဇ်၏ မျိုးရိုးမှ

ဆင်းသက်သူနီးနီး ဖြစ်သွားသည်။

"ကောင်းပြီလေ၊ မင်း ဒီကနေ ထွက်မသွားခင် လွမ်ထျန်းလျှို့ဝှက်ကျင့်စဉ်ကို သေချာ မှတ်သားထားလိုက်ပါ။ အနာဂတ်မှာ ဒီလွမ်ကုမျှော်စင်က ရှိဦးတော့မှာ မဟုတ်ဘူး"

လွမ်ကုနှလုံးသားနတ်ဆိုးက ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ"

ကျွင်းရှောင်ယောက် လေးလေးနက် လက်ယှက်ပြီး စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကား ပြောလိုက်၏။

သမားရိုးကျမဟုတ်သော ဤဧကရာဇ်ကြီးကို ကျွင်းရှောင်ယောက် အလွန်ပင် သဘောကျသည်။

တိုက်ပွဲတစ်ထောင် ရှုံးပြီးသည့်တိုင် တာအိုကို သက်သေပြခြင်းက ဒဏ္ဍာရီဟု အမှန်တကယ် ခေါ်ဆိုထိုက်ပေသည်။

All Chapters