အခန်း ၇၆၃
Vol. 51 Ch. 763
အခန်း ( ၇၆၃ ) နတ်ဘုရားသားတော်က သတ်ဖြတ်ဖို့အတွက် ရောက်လာတာ။
သတ်ဖြတ်ခြင်း အစီရင်ထဲတွင် သတ်ဖြတ်မှုအလင်းများ ပြည့်သွားသည်။
ပစ်မှတ်ထားကာ တိုက်ခိုက်ခံရသော ကျွင်းလန်ရှီလည်း ဤအခိုက်တွင် မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်သွား၏။
သူမ မထိန်းနိုင်တော့သလို့ ခံစားလိုက်ရသည်။
သူ့ကို ကယ်တင်ရန်လည်း မည်သူမျှ မတတ်နိုင်ကြပေ။
"ဝှစ်... ရွှစ်"
ချွန်ထက်သော ဓားသွားကဲ့သို့ သတ်ဖြတ်မှုအလင်းများက လေထုကိုဖြတ်သန်းကာ ကျွင်းလန်ရှီဆီသို့ တိုးဝင်လာခဲ့သည်။
မျှော်လင့်ချက်မရှိသော်လည်း အစွမ်းကုန်ခုခံရန် ကျွင်းလန်ရှီ အံကိုတင်းတင်းကြိတ်လိုက်၏။
သူ၏ မျိုးရိုးနာမည်က ကျွင်း ဖြစ်သည်။
ကျွင်းမိသားစု၏ ပါရမီရှင်တစ်ဦးအနေဖြင့် ဦးညွတ်ကာ သေဆုံးမည့်အစား တိုက်ခိုက်ရင်း သေဆုံးရမည်ကို ပို၍ နှစ်သက်သည်။
ကျွင်းလန်ရှီက သူ့ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်အားလုံးကို စုစည်းပြီး သေသည်အထိ တိုက်ခိုက်တော့မည့်အချိန်တွင်...
အဝေးက ကောင်းကင်ယံမှ ဆူညံသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
မီတာတစ်ထောင်ရှည်လျားသော ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ထို့နောက်မှာတော့...
"ဂျိန်း..."
မိုးကြိုး ပစ်ခွင်းသံနှင့် ကောင်းကင်ထောက်တိုင်ကဲ့သို့ ဧရာမ မိုးကြိးတစ်ခုက ကျဆင်းလာတော့သည်။
ကောင်းကင်တစ်ခွင်လုံး လျှပ်စီးရောင် တဖျတ်ဖျတ် လက်သွားသည်။
ကြီးမားသော တောင်ထွတ်တစ်ခုလည်း မိုးကြိုးကြောင့် ကွဲကြေသွားကာ အမှုန်ဖြစ်သွား၏။
မိုးကြိုးဧကရာဇ်၏ လက်ချောင်း ဖြစ်သည်။
ဤလက်ချောင်းက သတ်ဖြတ်ခြင်းအစီရင်ပေါ်သို့ တိုက်ရိုက် ကျရောက်လာခဲ့၏။
ကျွင်းလန်ရှီနှင့် အခြားသူများ မဖြတ်ကျော်နိုင်သော သတ်ဖြတ်ခြင်းအစီရင်က ဤလက်ချောင်းအောက်တွင် တစ်လက်မချင်း ပြိုကျသွားတော့သည်။
သတ်ဖြတ်ခြင်းအစီရင်မှ ထုတ်ဖော်ခဲ့သော သတ်ဖြတ်မှုအလင်းအားလုံးလည်း ကြေမှုန့်ပြီး ပျောက်ကွယ်သွားခဲ့သည်။
ရုတ်တရက်ဆန်သော ဤမြင်ကွင်းက စောင့်ကြည့်နေသော ပါရမီရှင်များကို အံ့အားသင့်စေခဲ့ပေသည်။
ဤဝင်္ကပါကို ရွှေကျီးကန်း ဒသမမင်းသားနှင့် အခြားသူများက ကိုယ်တိုင်ကိုယ်ကျ တည်ထောင်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်း၏အင်အားကို အထူးပြောရန် မလိုပေ။
ယခုမူကား လက်တစ်ချောင်းတည်းဖြင့် အမှန်တကယ် ပျက်သုဉ်းသွားခဲ့ပြီ ဖြစ်သည်။
"အစ်ကိုရင်ဟွမ် ရောက်လာတာများ ဖြစ်မလား"
ကျွင်းရွယ်မင်၏ မျက်လုံးများက ကြီးစွာသော အံ့သြခြင်းတို့ ပြည့်သွားသည်။
သေခြင်းတရားမှ လက်မတင် လွတ်မြောက်ခြင်း၏ ခံစားချက်က တကယ့်ကို စိတ်လှုပ်ရှားစရာပါပင်။
ကျွင်းလန်ရှီလည်း ဤတော့မှ သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။
သို့သော်လည်း သူ့စိတ်ထဲမှာတော့ သံသယတို့ ရှိဆဲပင်။ ပုံမှန်အားဖြင့်၊ သူတို့လုစုဟာ တိတ်တဆိတ် ထွက်လာခြင်းဖြစ်၍ ကျွင်းရင်ဟွမ်နှင့် အခြားသူများမှ ဤမျှမြန်မြန် သတင်းမရသင့်ပေ။
“သူ ဖြစ်နိုင်မလား…”
တစ်ခုခုကို တွေးမိဟန်ဖြင့် ဟင်းလင်းပြင်အက်ကြောင်းကိုကြည့်ရင်း သူမ၏ မျက်လုံးများမှာ တလက်လက် တောက်ပသွားခဲ့သည်။
"အိုး၊ သူရောက်လာပြီလား"
ရွှေကျီးကန်း ဒသမမင်းသား၊ ရှန့်ထျန်းရီနှင့် နဂါးဘုရင်လေး ရွယ်ယဲ့တို့လည်း တစ်ယောက်ကိုတစ်ယောက် ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။
ထိုအချိန်တွင်၊ ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှ လက်နှစ်ဖက်ကိုနောက်ပစ်ထားသော အဖြူရောင်ဝတ် ရုပ်သွင်တစ်ခု တည်ငြိမ်စွာ ထွက်ပေါ်လာခဲ့သည်။
ခြေတစ်လှမ်းဖြင့် အားကောင်းသောဖိအားက အရပ်ရပ်ကို လွှမ်းမိုးသွား၏။
သူ့ခြေဖဝါးအောက်တွင် တောင်နှင့်မြစ်တို့ ပြိုကျသွားရသည်။
ဤအရှိန်အဝါကြောင့် အားလုံး ဖြုံသွားကြလေသည်။
သူ၏ လှုပ်ရှားမှုတိုင်းက ကောင်းကင်နှင့်မြေပြင်၏ နိယာမကို သက်ရောက်မှုရှိပုံရသည်။
ဤအရှိန်အဝါကို ခံစားမိပြီးနောက် မူလက အမူအရာမပြောင်းသော ထိပ်သီး တားမြစ်ပါရမီရှင် သုံးဦးစလုံး လေးနက်တည်ကြည်သွားတော့သည်။
"ငါ့ရဲ့ ကျွင်းမိသားစုကို တိုက်ခိုက်ဝံ့တယ်လား။ မင်းတို့ အသက်ရှင်ရတာကို ငြီးငွေ့နေပြီ ထင်တယ်"
သူ၏ အေးစက်စက် စကားသံက လျစ်လျူရှုမှု အရိပ်အယောင်တို့ကို သယ်ဆောင်လာခဲ့သည်။
ထိပ်တန်း တားမြစ်ပါရမီရှင်သုံးဦးကို ရင်ဆိုင်နေရသော်လည်း သူ့သဘောထားက သာလွန်နေဆဲပင်။
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် ရောက်လာပြီ"
နတ်အလင်းများနှင့် ရုပ်သွင်ကို မြင်ရပြီးနောက် ပါရမီရှင်အားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားကာ အော်ပြောလိုက်ကြသည်။
ယင်းမှာ အိုင်ဒေါတစ်ဦးက ကိုယ့်မျက်စိရှေ့တွင် ရုတ်တရက် မြင်လိုက်ကြရသလိုပင်။
လွန်စွာ အံ့အားသင့်ရသည့် ခံစားချက်တစ်ခု ဖြစ်ခဲ့သည်။
ထိုအချိန်တွင် အဝေးမှ ယွီယွင်ရှန့်၊ ဗြဟ္မာနှင့် အခြားသူများ အပြေးအလွှား ရောက်လာခဲ့ကြသည်။
ဤနေ့ပွဲကို သူတို့ လက်လွတ်မခံနိုင်ပေ။
"မျိုးရိုးတူ အစ်ကိုရှောင်ယောက်"
ထိုရုပ်သွင်ကို ရှင်းရှင်းလင်းလင်း မြင်ရသောအခါ ကျွင်းလန်ရှီ လွန်စွာ စိတ်လှုပ်ရှားသွားသည်။
သူတို့ကို ကယ်တင်ခဲ့သူက ကျွင်းရင်ဟွမ်မဟုတ်သလို ကျွင်းချင်းရန်လည်း မဟုတ်ပေ။
ယင်းမှာ ပင်မသွေးကြောမှ စီကွမ်သုည၊ တစ်ဦးတည်းသော ဘုရားသားတော် ကျွင်းရှောင်ယောက် ဖြစ်သည်။
သူတို့ လျှို့ဝှက်သွေးကြောက ကမ္ဘာကြီးနှင့် အဆက်အသွယ်ဖြတ်နေသော်လည်း ကျွင်းရှောင်ယောက်နှင့်ပတ်သက်သည့် သတင်းများကိုတော့ အားလုံးသိပေသည်။
ကျွင်းလန်ရှီဟာ သတင်းအမျိုးမျိုးဖြင့် ဤမျိုးရိုးအစ်ကို၏ အသွင်အပြင်ကို စိတ်ကူးကြည့်ဖူးသည်။
ယခုတော့ သူမ၏ စိတ်ကူးယဉ်နိုင်မှုထက် ကျော်လွန်သွားပုံပင်။
စကားလုံးနှစ်လုံးသာ ဆိုနိုင်သည်။
အံ့ဖွယ်။
သူတို့၏ လျှို့ဝှက်သွေးကြောများထဲတွင်လည်း ထူးချွန်သော ပါရမီရှင်များစွာ ရှိသည်။
ကျွင်းရင်ဟွမ်ကဲ့သို့ ထိပ်တန်း ပါရမီရှင်များပင် ရှိသေး၏။
သို့သော်လည်း သူ့ရှေ့မှ အဖြူရောင်ဝတ် ကျွင်းရှောင်ယောက်နှင့်ယှဉ်လျှင် ဘာမှဟုတ်ပုံမရပေ။
ကပ်ဘေးမှ အသက်ရှင်ကျန်ခဲ့သော လျှို့ဝှက်သွေးကြော၏ ကျန်ပါရမီရှင်များလည်း ပျော်ရွှင်ဝမ်းမြောက်မှုတို့ ပေါ်လာခဲ့ကြသည်။
ကျွင်းရွယ်မင်တစ်ဦးသာ မျက်မှောင်ကြုတ်လိုက်၏။
"ဒါတွေအားလုံးက သူ့ကြောင့်ဖြစ်တာပဲ၊ သူ ငါတို့ကို လာပြီး ကယ်တင်သင့်တယ်။ ဒါတောင် မင်းတို့က သူ့ကို ဒီအတိုင်း ကျေးဇူးတင်နေကြတုန်းပဲလား"
ကျွင်းရွယ်မင်က ရေရွတ်လိုက်သည်။
ကျွင်းလန်ရှီနှင့် အခြားသူများကတော့ ကျွင်းရှောင်ယောက်ကို အာရုံစိုက်နေကာ သူ့စကားများကို မကြားတော့ပေ။
ကျွင်းရှောင်ယောက်က ကျွင်းလန်ရှီနှင့် အခြားသူများကို ကြည့်လိုက်သည်။
ဤသည်က လျှို့ဝှက်သွေးကြော၏ ပါရမီရှင်များကို ပထမဆုံး တွေ့ရခြင်းပင်။
သူတို့၏နယ်ပယ်က အားမနည်းဘဲ ကျွင်းကျွမ်းကျန့်နှင့် အခြားသူများအဆင့်တွင် ရှိနိုင်သည်။
ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ ထိပ်တန်းပါရမီရှင်များက ကျွင်းလုံခန်းအဆင့်ကို ရောက်နိုင်မည်ဟု သူ ခန့်မှန်းမိလေသည်။
သူ့အဆင့်ကတော့...
ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောတစ်ခုလုံးတွင် သူ့ကို တိုက်ခိုက်နိုင်သော ပါရမီရှင် မရှိဘူးဟု ယုံကြည်သည်။
"မင်းရဲ့ကိုယ်ကို အရင်ကုသလိုက်ပါ။ ငါ့ ကျွင်းမိသားစုရဲ့ သွေးတွေက အချည်းနှီးကျရမှာ မဟုတ်ဘူး"
သေဆုံးသွားသော ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ ပါရမီရှင်များ၏ အရိုးများကိုကြည့်ကာ ကျွင်းရှောင်ယောက်၏လေသံက အလွန်အေးစက်ပြီး သတ်ဖြတ်လိုစိတ်တို့ ပြည့်သွားသည်။
ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောက နှိမ့်ချပြီး ပြင်ပကမ္ဘာနှင့်ယှဉ်ပြိုင်ရန် စိတ်ကူးမရှိပေ။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်ကတော့ မဟုတ်ပါ။
အသက်အတွက် သတ်ဖြတ်ခြင်းဖြင့် ပေးဆပ်ရစေမည် ဖြစ်သည်။
ထိုမျှသာမကဘဲ ကျွင်းမိသားစု၏ ပင်မသွေးကြောကလည်း မိသားစုများစွာကို ဖျက်ဆီးပစ်ခဲ့၏။
စကားတစ်ခွန်းနှင့် ပြီးပြတ်သွားနိုင်သည်။
ကျွင်းရှောင်ယောက်၏ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စကားသံကိုကြားရသောအခါ ကျွင်းလန်ရှီနှင့် အခြားသူများ၏ မျက်လုံးများက ပို၍ တောက်ပလာခဲ့သည်။
ဤသို့ ကြမ်းတမ်းသော နည်းလမ်းမျိုးကို သူ မြင်တွေ့ချင်မိ၏။
ကျွင်းမိသားစု၏ နတ်ဘုရားသားတော်က သူ့နာမည်ဂုဏ်သတင်းအတိုင်း အမှန်တကယ် နေထိုင်သည်။
'ဟမ့်၊ သူက ငါတို့ကို ဒုက္ခပေးပြီးမှ လွှမ်းမိုးပြနေတယ်။ အံ့သြစရာ မရှိပါဘူး'
ကျွင်းရွယ်မင်ကတော့ သူ့နှလုံးသားထဲမှ ရေရွတ်လိုက်၏။
"ကျွင်းရှောင်ယောက်၊ နောက်ဆုံးတော့ မင်းဒီကိုရောက်လာပြီ"
ရွှေကျီးကန်းဒသမမင်းသားထံမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဓမ္မခန္ဓာကို ထည့်မပေါင်းလျှင် ဤသည်က ရွှေကျီးကန်းဒသမမင်းသားနှင့် ကျွင်းရှောင်ယောက်တို့ ပထမဆုံး ဆုံဖူးခြင်း ဖြစ်သည်။
သို့သော်လည်း သူတို့ကြားမှ မုန်းတီးမှုများကတော့ လုံးဝ ရင်ကြားစေ့၍မရနိုင်သော အဆင့်ကို ရောက်နေခဲ့ကြပြီ။
ကျွင်းရှောင်ယောက်က ယွိချန်ကျွမ့်ကို ကယ်တင်ပြီး ရွှေကျီးကန်းဒသမမင်းသား၏ ဖရိုဖရဲခန္ဓာ မွေးဖွားရန် ရည်ရွယ်ချက်ကို ဖျက်ဆီးခဲ့သည်။
ရွှေကျီးကန်း မင်းသားဆယ်ယောက်မှာလည်း ငါးယောက်ဟာ ကျွင်းရှောင်ယောက်၏ လက်ထဲတွင် တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍တစ်ဖုံ သေဆုံးခဲ့ရ၏။
သူ၏ ဓမ္မခန္ဓာကိုပင် ကျွင်းရှောင်ယောက်က နင်းချေခဲ့သေးသည်။
ရန်ငြိုးဟောင်းနှင့် အသစ်ပေါင်းစပ်မှုဖြင့် သူနှင့် ကျွင်းရှောင်ယောက်ကြားတွင် ပြေလည်စရာမရှိ ဖြစ်နေတော့သည်။
သူတို့နှစ်ဦးကြားတွင် တစ်ဦးသာ ရှင်သန်နိုင်သည်၊ မဟုတ်ပါက ဤပြဿနာများမှာ ပြီးဆုံးမည်မဟုတ်ပေ။
"မင်းက ဒီလို နိမ့်ကျတဲ့ နည်းလမ်းကို အကောင်အထည်ဖော်နိုင်တဲ့ တစ်ဦးတည်းသော သူပဲ"
ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်သည်။
"ဒါပေမဲ့ မင်းရောက်လာရတာပဲ မဟုတ်လား"
ရွှေကျီးကန်း ဒသမမင်းသား၏ မျက်လုံးများကြားမှ အစစ်အမှန် နေမီးတောက်များ စတင်လောင်ကျွမ်းလာသည်။
"မှားတယ်၊ မင်းရဲ့နည်းလမ်းကြောင့် ငါလာရတာ မဟုတ်ဘူး။ လူသတ်ဖို့အတွက် ငါ ရောက်လာခဲ့တာ"
ကျွင်းရှောင်ယောက်က ပြောလိုက်၏။ သူ့လေသံက တည်ငြိမ်သော်လည်း သတ်ဖြတ်ချင်သော စိတ်ဆန္ဒက ကမ္ဘာကြီးကို အရောင်ပြောင်းသွားစေသည်။
ထိုစကားကိုကြားတော့ ပတ်ဝန်းကျင်မှ လူများအားလုံး သက်ပြင်းချလိုက်မိသည်။
သူက ယခင်အတိုင်း လွှမ်းမိုးနေဆဲပင်။
"ကျွင်းရှောင်ယောက်၊ မင်းရဲ့ မောက်မာမှုက တကယ်ကို ကောလာဟလအတိုင်းပါပဲ"
ရှန့်ထျန်းရီကလည်း ပြောလိုက်သည်။ ယုံကြည်ခြင်း စွမ်းအားကလည်း သူ့ခန္ဓာတစ်ဝိုက်တွင် ရစ်ပတ်လာခဲ့၏။
နဂါးဘုရင်ခန်းမမှ နဂါးဘုရင်လေး ရွယ်ယဲ့၏ နှုတ်ခမ်းထောင့်မှာတော့ ဆိုးညစ်သော အပြုံးတစ်ခု ပေါ်လာတော့သည်။
"ကျွင်းရှောင်ယောက်၊ ငါတို့သုံးယောက်ရှေ့မှာတောင် အရမ်းမောက်မာနေသေးတယ်။ မင်း မျက်စိကန်းနေပြီထင်တယ်"